ဦးပိုင်တဲ့ရစ်လုံးလေး
တေး ဦးရဲ့ ကုမ္မဏီကို လိုက်သွားပေမယ့် အလုပ်နဲ့ဆို တေးကိုတောင် ဂရုမစိုက်နိုင်တော့တဲ့ ဦးကြောင့်
“ဦး တေး ဗိုက်ဆာတယ်”
“အွန်း ဝန်းရံကို ခေါ်လိုက်မယ်”
“ဟာ မရဘူး ဦးလိုက်ဝယ်ကျွေး”
ချက်ချင်းဆိုသလို ခန့်ရဲ့ ပေါင်ပေါ်ကို ကောက်ထိုင်လိုက်ကာ ချွဲနေပြန်တဲ့ တေးကြောင့်
“ဦး ခနနေ အရေးကြီး meetingရှိလို့ လိမ္မာတယ် ဝန်းရံကို…”
“ဟာ တော်ပြီ မစားတော့ဘူး”
“ဂျစ်လိုက်တာ ကလေးဟာ”
“ဦးက တေးကို ငြိုငြင်နေတာလား”
တေးချစ်တဲ့သူတွေဆီက လေသံမာတာမျိုးဆို လုံးဝမကြိုက်ဘူး အထူးသဖြင့် ဦး ဆီကပေါ့
အိမ်ရောက်ပြီဆို တေးကို အနားက အခွါမခံတဲ့ ဦးက company မှာဆို လက်မထပ်ခင်တုန်းက စိမ်းကားသလိုမျိုးကို စိမ်းကားနေတာ
“လိမ္မာတယ် ဒီနေ့တော့ ဝန်းရံလိုက်ဝယ်ကျွေးလိမ့်မယ် မနက်ဖြန်တော့…”
“တော်ပြီ ဦး ဝယ်ကျွေးတာလဲ မစားချင်တော့ဘူး ပြန်တော့တယ်”
ဦးပေါင်ပေါ်ကနေဆင်းကာ ပြန်မယ်လုပ်လိုက်ပေမယ့် ဦး လိုက်ချော့မယ်တော့ ထင်ခဲ့တာမို့
တေးခြေလှန်းတွေ နဂိုကထက် နှေးခဲ့ပေမယ့် ဦးကတော့ တကယ်ကို လိုက်မချော့ဘူး
“လူယုတ်မာ ညကျရင်တစ်မျိုး နေ့ကျတစ်မျိုးနဲ့ တွေ့ကျသေးတာပေါ့ ညကျမှ”
ဓာတ်လှေကားထဲမှာ တစ်ယောက်ထဲ ဒေါသသံနဲ့ပြောဆိုရင်း ဓာတ်လှေကား တံခါးပွင့်သွားတဲ့အချိန်
တွေ့လိုက်ရတာက
“သံသာတေး”
တေးနာမည်ခေါ်လိုက်လို့ ဘယ်သူလဲဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်မိတော့ ဦး ရည်းစားဟောင်း မမြတ် ဖြစ်နေတာမို့
“ကျွန်မ နာမည်ကို ခနခန မခေါ်နဲ့ ”
“ချေလှကြည့်လား CEOကတော်ဖြစ်သွားတော့ ချေမှာပေါ့”
တေး ဦးကြောင့် တော်တော်လေး စိတ်ရှုပ်နေတာက တစ်မျိုး ဒီမိန်းမက အာရုံလာစားနေတာက တစ်မျိုး
ပြသာနာမဖြစ်ချင်လို့ ဘာမှမပြောဘဲ ရှောင်ထွက်ခဲ့ပေမယ့်
“ပြန်တော့မလို့လား ဒီနေ့ တို့နဲ့ ကို က Meeting ရှိတယ်နော်”
ထိုစကားကြောင့် တေး အသက်ရှုသံအချို့ မြန်သွားသလို တုန်လှုပ်သွားမိတာတော့အမှန်
ဦးဆီ ပြန်သွားချင်ပေမယ့် ဦးတောင် လိုက်မချော့တာ တေးက ပြန်သွားရင် ၂ခါ အရှက်ကွဲမှာမို့ ကျောခိုင်းပြီးအိမ်ကိုသာ ပြန်လာခဲ့လိုက်တော့သည်။
*********
“မမလေး နေ့လယ်စာ စားတော့မလား”
“တော်ပြီ”
“မမလေး ညနေစာ စားချိန်ရောက်ပါပြီ”
“မဆာသေးဘူး”
“မမလေး ညရောက်နေပြီ တစ်ခုခု စားလိုက်ပါဦး”
“ဦး ပြန်မလာသေးဘူးလား”
“ဟုတ်ကဲ့ ပြန်မလာသေးပါဘူး”
အိမ်ဝန်းထမ်းလေးတွေ တစ်နေကုန် တေး ထမင်းစားဖို့အရေး အခေါက်ခေါက် အခါခါ လာခေါ်ပေမယ့် တေးက လုံးဝ ထမင်းမစားတာမို့
“ဥက္ကဌ ပြန်လာရင် ငါတို့တော့ ဆူခံရတော့မှာထင်
တယ်”
ဇနီးဖြစ်သူကို အိမ်မှာဆို နည်းနည်းလေးတောင် အထိမခံနဲ့ ခန့်အကြောင်းကို သိတာမို့
တစ်နေကုန် ဘာမှမစားဖူးဆိုတာသာသိရင် မစားတဲ့ တေးထက် အပြစ်က သူတို့အပေါ် ကျလာမယ်ဆိုတာ သိနေပြီးသား
“မမလေးကို ထမင်းစားဖို့ ကြိုးစားခေါ်ကြည့်ရအောင်”
“မရဘူး ဘယ်လိုခေါ်ခေါ်ကို မရတာ ဥက္ကဌနဲ့များ စိတ်ဆိုးနေတာလားမသိဘူး”
“ဟုတ်တယ် ခါတိုင်းဆို ဒီချိန် ဥက္ကဌ ပြန်လာနေကျနော်”
တစ်ယောက် တစ်ပေါက်ပြောနေကြတဲ့ ဝန်ထမ်းတွေကို
“ကောင်မလေးတွေ ကိုယ့်အလုပ်ကို မလုပ်ကြဘူးလား”
“လုပ်မှာပါ ကြီးကြီး”
အိမ်တော်ထိန်း ခေါင်းဆောင် ဟောက်လိုက်တော့မှ ငြိမ်သွားတဲ့ချိန်
“ဘယ်သူမှပြန်မလာကြသေးဘူးလား”
“ဟုတ်တယ် မမလေး”
“ဦးစိုးကို ပြောလိုက်ပါ ကားအသင့်ပြင်ထားလို့ အပြင်သွားရအောင်”
“ဟုတ်ကဲ့”
ခါတိုင်းပြန်နေလာနေကျ ဦးက ဒီနေ့ သာမာန်ထက်ကို နောက်ကျ နေတာ တစ်ခုခုဘဲ ရှိနေလို့ဘဲ ဆိုတာ သေချာနေပြီ
အခန်းမှတ်ချက်များ (0)