Bububai ဝတ္ထု ဦးပိုင်တဲ့ရစ်လုံးလေး အခန်းစာရင်း

အပိုင်း(၁၉)

ဦးပိုင်တဲ့ရစ်လုံးလေး

ဝန်းရံကို ဖုန်းဆက်လိုက်တော့ သူက company မှာ ဥက္ကဌက VIP clubက သီးသန့်ခန်းမှာ ဆိုတာနဲ့

“ဦးစိုး တေး က ဦးနဲ့တူတူပြန်လာခဲ့မယ် ဦးစိုး အိမ်ပြန်လိုက်တော့”

“ဟုတ်ကဲ့ မမလေး”

VIP clubဆိုတာ သာမာန်သူတွေ အနားကပ်ခွင့်တောင် မရပေမယ့် ဖုန်းထဲကနေ ဝန်းရံ ပို့ပေးလာတဲ့ code လေးကို ပြလိုက်တာနဲ့

တေးကို အရေးပါတဲ့ လူလို ဆက်ဆံပေးကြသလို ဦးရှိတဲ့ အခန်းကိုလည်း တန်းနေအောင် လိုက်ပို့ပေးကြသည်။

“ဒီအခန်းပါ”

“ဟုတ်ကဲ့”

“မင်း အဲ့တာဆို မြတ်ကို မမေ့နိုင်သေးဘူးပေါ့”

တေး အခန်းတံခါးကို ဖွင့်တော့မယ့်အချိန် ကြားလိုက်ရတဲ့ စကားကြောင့်

အသံလုံစနစ်ပါတဲ့ အခန်းတွေမို့ တံခါးကို အနည်းငယ်သာ ဟထားလိုက်ကာ

“အင်း”

“ဟာ”

“M&M အတွဲလေကွာ ငါတို့ကျောင်းရဲ့ စံပြအတွဲက အမှတ်တရတွေ အများကြီးဘဲ ဒီကောင် ဘယ်လိုလုပ် လွယ်လွယ်နဲ့ မေ့နိုင်မှာလဲ”

ဦးရဲ့အဖြေက ရိုးရှင်းနေသလို သူ့သူငယ်ချင်းတွေကလည်း တစ်ပျော်တစ်ပါးကို ထောက်ခံပေးနေကြတာ

“ငါတို့ကြားတာတော့ သံသာတေးက မင်းကို ရအောင် မြတ်ထဲကနေ လုတာဆို”

“အကြောင်းအရင်းရှိလို့…”

“ဘာအကြောင်းအရင်းလဲ”

“မင်းတို့က ဘာကိစ္စသိချင်တာလဲ”

ဆက်မပြောချင်တဲ့ ခန့်ကို ဘယ်သူမှ ဆက်မမေးကြပေမယ့်

အခန်းအပြင်က တေးကတော့ မဖိတ်ခေါ်တဲ့ မျက်ရည်တွေက ပါးပြင်မှာ အပြည့်

သူ့ရည်းစားဟောင်းဖောက်ပြန်လို့ ငါ ကြားဝင်လုခဲ့တာကိုကျ မဖြေရှင်းဘူး ရှင် အရမ်းချစ်တက်တာဘဲ ဦးမြတ်ရှိန်ဝါခန့်ရယ်

“မင်း မြတ်နေရာမှာ တေးကို အစားထိုးခဲ့တာမလား”

“မထိုးပါဘူး တေးက သူ့ဘာသာသူ ရောက်လာခဲ့တာ”

“မင်းပုံစံက အေးစက်လိုက်တာကွာ မြတ်နဲ့တုန်းက သစ်လွင်နေတဲ့ မင်းပုံစံက ပျောက်နေသလိုဘဲ”

“ဒီနေ့ ဒီကောင် မြတ်နဲ့ တစ်နေကုန်တွေ့ပြီး မိုင်နေတော့တာ”

သူငယ်ချင်းတွေ ဘာပြောပြောတစ်စက်လေးမှကို မဖြေရှင်းဘဲ ပြုံးပြုံးကြီးထိုင်ပြီး အရက်သောက်နေတဲ့ ခန့်ကို ကြည့်နေမိတဲ့ တေး

“မမလေး မဝင်ဘူးလား”

အနောက်က ရောက်လာတဲ့ ဝန်းရံရဲ့ အသံကြောင့် တေး လန့်သွားသလို

အခန်းထဲက လူတွေလည်း ရောက်နေတာကို

သတိမထားမိခင်လေးမှာ

“မဝင်တော့ဘူး ပြန်နှင့်တော့မယ်”

“ဥက္ကဌကရော”

“သူနေချင် ဆက်နေခိုင်းလိုက် အိမ်ပြန်ချင်လိုက်ပို့ပေးလိုက်လေ”

ငိုထားတဲ့ တေး မျက်နှာကြောင့် ဘာဖြစ်နေလဲဆိုတာ ဝန်းရံ မေးချင်ပေမယ့် ဖြေမယ့်ပုံလည်း မပေါ်တာမို့

“ဟုတ်ကဲ့ မမလေး”

ဝန်းရံ အခန်းထဲဝင်လာတဲ့အချိန် ဥက္ကဌတို့ စကားပြောလက်စ ပြတ်သွားမှာ စိုးတာကြောင့်

မမလေး လိုက်လာတယ်ဆိုတာ ဥက္ကဌကို အသိမပေးတော့ဘဲ နေလိုက်တော့သည်။

************

“မမလေးရော”

ဥက္ကဌပြန်လာတဲ့ အချိန် တေးပါမလာတာကြောင့် မေးလိုက်တာမို့

“မမလေးက အိမ်ပြန်သွားပြီလေ”

“ဘာတွေဖြစ်နေကြတာလဲ”

ဘာမှမသိသေးတဲ့ ခန့်က ဝန်းရံကို မေးလိုက်တော့

“မမလေးက ကျွန်တော့်ကို vip QRတောင်းလို့ ပို့ပေးလိုက်တာ ဥက္ကဌဆီ လိုက်လာတယ်”

“ဘာ”

“ကျွန်တော် လာတဲ့ထိကို အခန်းဝမှာ ရှိတယ် အထဲမဝင်ဘဲ ရပ်နေတာ ကျွန်တော် ဝင်ဖို့ပြောတော့ မဝင်ဘဲ ပြန်မယ်ဆိုပြီး ပြန်သွားတာ”

ခန့် ဝန်းရံ လာတဲ့ အချိန်ကို ပြန်စဉ်းစားလိုက်တော့ မြတ်နဲ့ သူ့အကြောင်းပြောနေတဲ့ အချိန်

“တောက်!!!!!”

“အခုချက်ချင်း လူအင်အားသုံးပြီး လိုက်ရှာ တေးကို မတွေ့မချင်း လူအင်အားထပ်တိုးပြီး ရှာခဲ့”

ခန့်ရင်ထဲ သူ တေးကို ဆုံးရှုံးလိုက်ရပြီ ဆိုတဲ့ စိတ်က ကြီးစိုးနေတာမို့ အရုပ်ကြိုးပြတ် ဖြစ်နေခဲ့ကာ

“တေးရယ် ကိုယ်ရှင်းပြချင်တယ် မင်းကို ပြန်တွေ့မှ ဖြစ်မယ်”

« ရှေ့အခန်း - အပိုင်း(၁၈) နောက်အခန်း - အပိုင်း (၂၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ