ဦးပိုင်တဲ့ရစ်လုံးလေး
“ဥက္ကဌ အိမ်ရှေ့မှာ ဥက္ကဌကြီးတို့ ရောက်နေပါတယ်”
ခန့်အိမ်ပေါ်တက်ပြီး တေးဆီသွားမယ်အလုပ် ဝန်းရံဆီက အဖေနဲ့အမေ လာတယ်ဆိုတဲ့ အသံကြောင့်
“ဘာကိစ္စပါလိမ့်”
“ပြီးတော့ ပြီးတော့”
“ပြီးတော့ဘာဖြစ်လဲ ပြော”
“မမလေးတေးရဲ့ အဘိုးနဲ့အစ်ကိုပါ နောက်ကနေပါလာပါတယ်”
အခုမှ ခန့်သဘောပေါက်လိုက်တာက တေးသံသာလေး မွှေထားပြီ ဆိုတာကိုပေါ့
“ကျွီ..”
ဟော အိမ်ရှေ့မှာကားသံတွေ ဆက်တိုက်ကြားတာနဲ့ စာကြည့်ခန်းထဲကနေ ထွက်လာတဲ့ တေး
လှေကားရင်းမှာ ခန့်ကို တွေ့ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်သွားတာမို့
“ဟိတ် ဘာတွေမွှေထားတာလဲ”
“ဘာလုပ်တာလဲ လွှတ်နော်”
ခန့် တေးရဲ့အကျီ လေးကို ထားတာမို့ အတင်းရုန်းနေတဲ့ တေးလေးက မျက်နှာလေးက တအားကို ဆူပုပ်နေတာက တအားသိသာပါတယ်
“မလွှတ်ဘူး ဘာလို့ လူကြီးတွေကို ခေါ်ထားတာလဲ”
“ကွာမလို့”
“ဘာ!!!”
ချစ်လို့ယူထားတာမဟုတ်ပေမယ့် သူကိုယ်တိုင် လက်ခံတည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကို လုံးဝကွာရှင်းမပေးနိုင်တဲ့ ခန့်
“မင်း ကလေးဆန်လှချည်လား”
“ကလေးဆန်ရင် ကွာလေ”
“ဟာ တကွာကွာနဲ့ ဘာဖြစ်နေတာလဲ”
“ကွာချင်နေတာ ကွာချင်နေတာ”
မျက်လုံးလေးပြူးကာ ခန့်ကို ပြန်အော်နေတဲ့ လုံးလုံးကစ်ကစ်နဲ့ အကောင်ပေါက်လေးကို ကိုင်ပေါက်ပြစ်ချင်စိတ်ကအပြည့်
“လာခဲ့”
ခန့် တေးကို လက်ကို ဆွဲကာ ဧည့်ခန်းထဲ ရောက်နေပြီဖြစ်တဲ့ မိဘတွေ ရှေ့သို့
“သမီးလေး”
“မေမေ”
ဟော အမေတို့များ အကဲပိုလိုက်တာဆိုတာ ချွေးမလား သမီးအရင်းလား ဆိုတာတောင် မသဲကွဲချင်တော့
အခုလည်း တေးကို တွေ့တာနဲ့ အတင်းဖက်ငိုနေကြတာ မသိရင် ကိုယ်ကဘဲ နှိက်စက်ထားမိတဲ့အတိုင်း
“မေ့ သမီးလေး ဘာဖြစ်တာလဲပြော ဖုန်းထဲမှာ ငိုသံကြားထဲက မေမေရင်တွေပူနေလိုက်တာ သမီးရယ်”
“ဟင့် ဟင့် ဟီးးအီးးး”
ငိုချင်ရဲ့လက်တို့ဆိုသလို ယောက္ခမရင်ခွင်ထဲကို ဝင်ကာ ငိုနေတဲ့ တေးကြောင့်
“ဟာ တေး ဘာဖြစ်တာလဲ”
“မင်းအသံမထွက်နဲ့”
“ကိုယ့်မိန်းမကိုယ် ဘာဖြစ်တာလဲ မေးတာလေ မေမေရယ်”
“အေး ဘာဖြစ်တာလဲ မင်းသာ ဂရုစိုက်တက်ခဲ့ရင် ငါတို့ ဒီအိမ်တောင် ရောက်လာစရာမလိုဘူး”
“တေး ဘာဖြစ်တာလဲ အခုထိကို မသိရသေးတာ”
“မေမေ အဲ့လူကြီးအသံ တေး မကြားချင်ဘူး”
အမေ့ ရင်ခွင်ထဲကနေ ခန့်ကို လက်ညိုးထိုးကာ စွာနေတဲ့ တေး
အဘိုးနဲ့အစ်ကိုဖြစ်သူကတော့ သံသာတေးအကြောင်းသိတာမို့ ပြုံးနေကြသည်။
“မင်း အပေါက်ပိတ်ထား မြတ်ရှိန်ဝါခန့်”
“ဟာ မေမေ သူ ရစ်နေတာ”
“တေးက ရစ်တယ်ဆို ဦးကရော ရည်းစားဟောင်းနဲ့ပလူးပလဲနေတာလေ”
“ဟိတ် ဘာကို ပလူးပလဲနေတာလဲ မင်းမြင်လို့လား”
“မေမေ မြင်လို့လားလို့မေးနေတယ်”
တကယ်ရစ်တဲ့ ငရစ်ကလေးပါ သူမနိုင်တော့ရင် အမေကို ဆွဲထည့်တော့ ခန့်မှာ ဘာမှကို မပြောနိုင်
“မြတ်ရှိန်ဝါခန့် မင်းလေသံနဲ့အချိုးကိုပြင်စမ်းပါ မြင်မှလား မင်း အချိုးကမဟုတ်သေးဘူး သမီးလေး ဘာလုပ်ချင်လဲပြော”
“ကွာရှင်းချင်တယ် မေမေ”
“ဟာ”
“သမီး”
“မြေးလေး”
“ညီမလေး”
အကုန်လုံးဆီက အသံတွေစုံနေအောင် ထွက်လာသလို
“လုံးဝကွာရှင်းမပေးနိုင်ဘူး”
ခန့်ဆီကနေတော့ ပြတ်သားတဲ့ စကားထွက်လာခဲ့သည်။
“ကွာမှာဘဲ”
“ကိုယ်ကတော့ မကွာရှင်းပေးနိုင်ဘူး မင်းကို လွယ်
လွယ်နဲ့ ကိုယ် လက်ထပ်ခဲ့တာမဟုတ်ဘူး”
“ကွာမှာ”
“တေး ကိုယ်နဲ့မြတ်က အလုပ်ကိစ္စပြောနေတာ မင်းအစ်ကိုလည်းသိတယ် ပြောပြလိုက် မင်းဆက်”
ခန့် ဒီလိုပြသာနာတွေ ဖြစ်လာမယ်ဆိုတာကို ကြိုတွေးမိတာမို့ လုပ်ငန်းရှယ်ယာစုထဲ မင်းဆက်ကိုပါ ဆွဲခေါ်ထားတာ
ဇနီးလေး သံသယကင်းအောင်လို့ဆိုတာ
အခုမှသဘောပေါက်လိုက်တဲ့ မင်းဆက်ကတော့ ပြုံးနေကာ
“ဟုတ်တယ် ညီမလေး အဲ့ချိန် vedio cellနဲ့ meeting ထိုင်တဲ့ထဲ ကိုကိုလည်းပါတယ်”
အိမ်မှာရှိသမျှလူတွေကို ခန့် စစ်ကူတောင်းကာ တေးခေါ်ထားသမျှလူတွေက ခန့်ရဲ့ စစ်ကူဖြစ်သွားတာမို့
နောက်ဆုံးတော့ တေး လက်လျော့လိုက်ရကာ
“မြေးလေး ဘိုးဘိုးပြောမယ် မြေးလေးက အိမ်ထောင်သည်ဖြစ်သွားပြီနော် ဘာမှမဟုတ်တာလေးနဲ့ ကွာမယ်တွေဘာတွေပြောတာ ဘိုးဘိုးမကြိုက်ဘူး”
“တေးလည်း မကြိုက်ပါဘူး ဘိုးဘိုး”
“မကြိုက်ဘူးဆို ဘာလို့ပြောတာလဲ မြေးက”
“အချို့သူတွေမှတ်သွားအောင်လို့လေ”
ခန့်ဘက်ကို မျက်စောင်းလေးထိုးကာ ပြောနေတဲ့တေးရဲ့ပုံလေးကြောင့် လူကြီးတွေ သဘောကျနေကြတာ အချိန်တော်တော်လေးလင့်မှ အိမ်ပြန်သွားကြသည်။
~~~~~~~~~~~~~
“ဟိတ် ဘယ်ပြေးမလို့လဲ”
ခန့် အိပ်ယာပေါ်တက်လာတဲ့အချိန် အိပ်ယာပေါ်က ဆင်းပြေးဖို့လုပ်နေတဲ့ တေး
“ဖယ်နော် လက်ကိုလွှတ်”
ခါးကို ဖတ်ထားတဲ့ ခန်ရဲ့လက်တွေကို ဖယ်ခိုင်းလေ အတင်းဖက်ထားလေ လုပ်နေတဲ့ အိမ်ဦးနတ်ကြီးကြောင့်
“ဦးမြတ်ရှိန်ဝါခန့် ဒီလောက်ဖက်ချင်နေရင် ရည်းစားဟောင်းကို သွားဖက်လေ”
အခန်းမှတ်ချက်များ (0)