ဦးပိုင်တဲ့ရစ်လုံးလေး
မမြတ်ဆိုတဲ့ ဦးရဲ့ အချစ်ဦးနာမည်ကြားတာနဲ့ မျက်နှာက တော်တ်ောလေး ပျက်ယွန်သွားတဲ့ တေး
“ဟက် တေး ကို ဘာတွေသွားပြောနေတာလဲ”
“ဟုတ်တယ်လေ တေး သူ့အပေါ် ဒီလောက်ချစ်တာ သိရက်နဲ့ ယူပြီးတာတောင် မမြတ်လောက် တေးကို ဂရုစိုက်လို့လား”
စုစုနဲ့ ယမင်း က တေး ဘက်က နာလို့ပြောနေပေမယ့် တေးအတွေး တွေ လွန်တော့မယ်ဆိုတာ သိနေတဲ့ ပိုးအိကတော့
“နင်တို့ နှစ်ယောက် တော်ကြတော့ တေး ဘာမှမဟုတ်တာတွေ လျှောက်တွေးမနေနဲ့ ဦးခန့်က နင့်ကို ချစ်လို့သာ လက်ထပ်ခဲ့တာ”
“ပိုးရယ် နင်ထင်လို့ပါ စုစုနဲ့ယမင်းပြောသလိုဘဲ မမြတ်ကို ချစ်သလောက် ငါအပေါ်ကို မချစ်ဘူး”
“အခု မမြတ်က ဘယ်မှာလဲ နင်သိလား တေး”
“ဟင့်အင် မသိဘူး ဦးနဲ့ပြသာနာတက်တဲ့နေ့က မမြတ်ကို နောက်ဆုံး တွေ့ခဲ့တာ”
ဦးနဲ့ပြသာနာတက်အောင် ဖန်တီးတဲ့သူက တေးဆိုတော့ ခန့်နဲ့မြတ် ပြသာနာ တက်နေတဲ့ တစ်ချိန်လုံး
တေး ခိုးနားထောင်နေခဲ့တာ
“နင်တို့ မင်္ဂလာဆောင်ကိုတောင် အရိပ်အယောင်လာမပြတာ မမြတ်တော်တ်ောလေး အသဲမာတယ်နော်”
“ဦးရော မမြတ်ရော ငါကို ကျေမှာမဟုတ်ဘူး သူတို့ ပြတ်ရတာ ငါ့ကြောင့်ဆိုပြီး”
“အဲ့လိုလဲ မဟုတ်ပါဘူး တေးရယ်”
သူငယ်ချင်းတွေ ဘယ်လိုဘဲ နှစ်သိမ့်နှစ်သိမ့် သူတို့ချစ်သူအတွဲ ပြတ်တဲ့အဓိက တရားခံက တေးလေ
“ဦးကို အပိုင်လိုချင်လို့ မမြတ်ကို ချောက်ချပြီး
ပြတ်အောင်လုပ်ခဲ့တာ ခုထိ ငါ လိပ်ပြာမလုံဘူး”
“ပြီးတာတွေလည်း ပြီးပြီလေ တေးရဲ့ ခုနင်တို့က အကြင်လင်မယားတွေ တစ်ယောက်နဲ့တစ်ယောက်ညှိယူရတော့မှာ အရင်က ကိစ္စတွေ ပြန်ပြောနေရမယ့်အချိန်မဟုတ်ဘူး”
“အင်း ငါ ပြန်တော့မယ်”
“ဟက် အတန်းချိန်ရှိသေးတယ်လေ”
“မတက်တော့ဘူး ငါ ဦးဆီသွားလိုက်ဦးမယ်”
ဆိုကာ ပိုက်ဆံအိတ်လေး ကောက်လွယ်ပြီး ချက်ချင်းထထွက်သွားတဲ့ တေးကြောင့်
“သွားချင်တော့လည်း ချက်ချင်း”
~~~~~~~~~~~~
“ငါက ဥက္ကဌကတော်နော် ခုချက်ချင်း ဖယ်ပေး”
“ဖယ်လို့ မရလို့ပါ မမလေး”
ကုမ္မဏီအောက်ထပ်မှာတင် ဧည်ကြို ဝန်ထမ်းတွေနဲ့ ရန်ဖြစ်နေတဲ့ တေး
“ဘာကိစ္စ ဖယ်မရတာလဲ ငါ ဦးနဲ့တိုင်ပြောမှာနော် နင်တို့ အကုန် ပြုတ်စော်နံချင်နေတာလား”
ဝန်ထမ်းတွေလည်း ဥက္ကဌနဲ့ကတော်ကြား ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲ ခေါင်းရှုပ်နေကြကာ
ဥက္ကဌအတွင်းရေးမှူးခန်းကို ဖုန်းဆက်တော့လည်း ဥက္ကဌကတော်ကို တက်မလာခိုင်းတာကြောင့် တားနေကြရပြန်သည်။
“အရေးကြီး meeting လုပ်နေလို့ပါ မမလေး”
“ရတယ် လုပ်လုပ် ငါ ဥက္ကဌအခန်းထဲက စောင့်မယ်”
“အဲ့အခန်းကိုလည်း သွားလို့မရလို့ပါ”
“ဘာသဘောလဲ”
တေးနားမလည်နိုင်တော့တာကြောင့် ဦးဆီ ဖုန်းဆက်တော့ ဖုန်းမကိုင် ဝန်းရံဆီ ဖုန်းဆက်တော့လည်း လုံးဝမကိုင်
တစ်ခုခုဘဲဆိုတာ ချက်ချင်း သဘောပေါက်လိုက်တာမို့
“ရတယ် ဒီနားကဘဲ ထိုင်စောင့်နေမယ် မင်းတို့လုပ်စရာရှိတာ သွားလုပ်ကြတော့”
“ဟုတ်ကဲ့ မမလေး”
ဝန်ထမ်းတွေ အခြေအနေကို ကြည့်ကာ အလစ်မှာ ကုမ္မဏီ အပေါ်ထပ်ကို ရောက်အောင်တက်သွားတဲ့ တေး
“ဟျောင်တွေ မမလေး မရှိတော့ဘူး”
တေးနောက်ကို အမြန်လိုက်ကာ ဥက္ကဌ ရုံးခန်းပေါက်ဝမှာ ရောက်နေတဲ့တေးကို
“မမလေး ဝင်လို့မရပါဘူး”
“ဖယ်ကြနော် ခုချက်ချင်း”
“မရလို့ပါ မမလေးရယ်”
ဇွတ်အတင်းဝင်ဖို့လုပ်နေတဲ့ တေးရဲ့လက်ကို ဆွဲကြတာကြောင့် တေးလက်တွေ နာလာသလို
အပြင်က ဆူညံ့သံတွေကြောင့် ချက်ချင်း ရုံးခန်းထဲက ချက်ချင်းထွက်လာတဲ့ ခန့်
“ဘာတွေဖြစ်နေကြတာလဲ”
“ဦး ဟင့် ဟင့် တေးကို သူတို့ အနိုင်ကျင့်နေကြတာ”
ခန့်ရဲ့နောက်ကို အတင်းပြေးကပ်လိုက်တာ လက်ညိုး တထိုးထိုးနဲ့ တိုင်နေတဲ့ တေး
“သံသာတေး”
အခန်းထဲက ထွက်လာတဲ့ နောက်ထပ်ကြားလိုက်ရတဲ့ မိန်းကလေးအသံကြောင့် တေး မျက်ဝန်းအိမ်လေး ကျယ်သွားကာ လှည့်ကြည့်မိတော့
“မမြတ်”
“မတွေ့တာကြာပြီနော် တေး”
“မမြတ်က ဒီကို ဘယ်လို”
ဦးကို ကြည့်ပြီး တေးမေးလိုက်ပေမယ့် ဦးက တေးကို မကြည့်ဘဲ မမြတ်ကိုဘဲ ခနခန ကြည့်နေတာကာ
“တို့က ခန့်နဲ့ လုပ်ငန်းအသစ်အတွက် ရှယ်ယာရှင်အနေနဲ့ လာတာပါ”
အခုမှ တေး နားလည်လိုက်တာက ဘာကြောင့် တေးကို ကုမ္မဏီအပေါ်မတက်ခိုင်းတာလဲ ဆိုတာကိုပေါ့
“ဟုတ်ကဲ့ တေးကြောင့် အနှောက်အယှက် ဖြစ်သွားကြပြီထင်တယ် တေးပြန်လိုက်ပါဦးမယ်”
“သံသာတေး နေဦး”
ရုတ်တရက် ခေါ်လိုက်တဲ့ ဦးအသံ ဩဩလေးကြောင့် တေးခြေလှန်းတွေ ရပ်တန့်သွားကာ
“ဟုတ် ဦး”
“ညကျ ပြန်တာနောက်ကျမယ် မစောင့်နဲ့တော့”
တေးကြားချင်တာ ဒီစကားသံမဟုတ်ဘူး တေးကို ရုံးခန်းထဲခေါ်ပြီး သူတို့ လုပ်ငန်းလုပ်နေပါတယ်ဆိုတာကို တေးရှေ့တင် သက်သေပြစေချင်တာ
အခုတော့ ထိုစကားသံကို မကြားရတဲ့အပြင် ညတောင် အိမ်ပြန်နောက်ကျဦးမယ်ဆိုဘဲ
“ဟုတ်ကဲ့ပါ”
တေးခြေလှန်းတွေက လေးလှံနေပေမယ့် တေး မရရအောင် ကြိုးစားပြီး အိမ်ပြန်လာခဲ့ရသည်။
“တေး ဝဋ်တွေ လည်နေတာလား ဦးရယ်”
~~~~~~~~~~~~
“မင်းတို့ မမလေးရော”
ခန့် အိမ်ပြန်ရောက်လာထဲက တေးကို လိုက်ရှာနေပေမယ့် မတွေ့တာကြောင့် မေးကြည့်တော့
“မမလေးက ပြန်ရောက်ထဲက စာကြည့်ခန်းထဲ ဝင်သွားတာ ခုထိထွက်မလာသေးပါဘူး”
“မင်းတို့ ကလေးကို ထမင်း ခေါ်မကျွေးဘူးလား”
“ဘယ်သူမှ လာမခေါ်နဲ့ ဝင်မလာနဲ့လို့ မှာသွားလို့ပါ”
“ဟင်”
ခန့်သိတာပေါ့ သူကို တေးလေး စိတ်ကောက်သွားတယ်ဆိုတာ
မြတ်နဲ့သူ တူတူရှိနေတာ ကို မြင်နေရရင် စိတ်မကောင်းဖြစ်မှာစိုးလို့ အခန်းထဲ ဝင်မလာအောင်တားမိတာ သူ့ကလေးက ဘယ်လိုထင်သွားလဲမသိဘူး
အခန်းမှတ်ချက်များ (0)