ဘီလီယံနာသူဌေးလေးရဲ့အသဲ
ခရာ့ကို ကြည့်ပြီး လေသံမာမာနဲ့ထပ်ပြောတာက ဟိုမိန်းမက မှန်နေတဲ့ပုံ
“ကျွန်မကတာဝန်အရပြနေတာပါ မကြည့်ချင်ဘူး နှစ်ယောက်ထဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ဝယ်ချင်ရင် အပိုလူအခန်းထဲ ခေါ်မထားနဲ့ပေါ့”
မတ်တပ်ထရပ်လိုက်ပြီး သူတို့ကို ရန်လုပ်နေတဲ့ မိန်းကလေးကို ငုဝါ အထင်သေးတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး
“နေပါဦး မင်းက ဒီဆိုင်ရဲ့ ဝန်ထမ်းမလား ဘာအဆင့်နဲ့ လေသံမာမာ ပြောနေရတာလဲ”
“ရှင်တို့လို လူတွေက အဆင့်ဆိုတဲ့စကားအရမ်းပြောတယ်နော် အရမ်းကြိုက်ကြတယ်ထင်တယ် အဆင့်လ်ု့ပြောတဲ့ လူတွေရဲ့ပါးစပ်တွေက တစ်လုံးချိုင့်တွေ”
“နင်ဘာပြောတယ်”
တစ်လုံးမှမလျော့တဲ့ ကောင်မလေးရဲ့စကားက အနိုင်ပိုင်းနေတာ ဘာမှဝင်မပြောသေးပေမယ့် ပြသာနာကြီးလာမှာစိုးတာကြောင့်
“တော်တော့ ဒါ VVIPအခန်းနော် ရန်ဖြစ်တဲ့အခန်းမဟုတ်ဘူး ခရာဖြူ မင်းသွားတော့”
ရှင်ပြောတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ပါတယ်ဆိုတဲ့ ပုံစံက ဒါလား ဒီလိုလုပ်ရပ်တွေက ချစ်ကြောင်းပြနေတာလား နှင်ထုပ်ဖို့ အော်ဖို့ သပ်သပ်ခေါ်ထားခဲ့တာ
ခရာ အခန်းထဲက ထွက်လာပြီး ဘယ်လိုမှ သည်းမခံနိုင်တော့တာကြောင့် တစ်ယောက်ထဲ ငိုနေခဲ့မိသည်။
ခါတိုင်း ဒီလိုကိစ္စတွေဖြစ်ရင် တူတူရှိနေတဲ့ မမက ဒီနေ့မှ ဦးမဟာရဲ့လုပ်ငန်းအသစ်ဖွင့်ပွဲလိုက်သွားတာကြောင့် မမကမရှိဘူး
“ဒေါက် ဒေါက် ဒေါက်”
ငုဝါပြန်သွားပြီဆိုတာနဲ့ ခရာ MDကို တွေ့ချင်တာကြောင့်
“ခရာပါ”
“ဝင်ခဲ့”
ခရာခေါင်းကို အောင်ငုံလျှောက်လာခဲ့ပြီး ဇွဲမျက်နှာကိုလည်း လုံးဝမကြည့်
“ခရာပြောစရာလေးရှိလို့ပါ”
“ပြောလေ ဘာလဲ”
“ခရာ အလုပ်ထွက်တော့မယ်”
“ဘာ ဘယ်လို”
“အခုထွက်ချင်တာပါ”
ထိုင်နေတဲ့နေရာကနေ ထကာ သူ့ရှေ့မှာရပ်ပြီး ပြောနေတဲ့ ကောင်မလေးရဲ့မျက်နှာကို ခုမှစေ့စေ့ကြည့်မိတော့….
ခနက သွားငိုထားတာ ထင်ပါရဲ့ မျက်နှာလေးကို ရဲလို့ သဝန်တိုလားဆိုတာ စမ်းကြည့်ချင်တာမို့ လုပ်ခဲ့ပေမယ့် သူမလေး ငိုထားတယ်ဆိုတာ သိလိုက်တာမို့
ကိုယ်လွန်သွားပြီမလား
“မထွက်ရဘူး ဘာကိစ္စ ထွက်ချင်ရတာလဲ”
“ဆုံးဖြတ်ပြီးပြီ အဲ့တာကြောင့် ထွက်ပါရစေ”
“ငါကရော မင်းထွက်ချင်တိုင်း ထွက်ခွင့်ပေးမယ်ထင်နေလား”
“…………..”
“ဖြေလေ ထင်နေလားလို့”
“………..’’
နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မေးတာလည်း တစ်လုံးမှဖြေမလာတာကြောင့်
“လုံးဝထွက်ခွင့်မပေးဘူး”
“ထွက်မှာဘဲ”
“ပြန်ပြောနေတာလား”
“သိအောင်ပြောပြတာပါ”
မင်းပြန်ပြောနေတာ စိတ်တိုချင်စရာမကောင်းဘဲ ချစ်စရာကောင်းလွန်းလို့ အရမ်းတွေဆွဲပြီးဖက်နမ်းချင်စိတ်ကို မနည်းထိန်းထားရတယ်
“မရဘူး မင်းထွက်မယ်ဆို ဒီဆိုင်ပိုင်ရှင်ကတော်ဖြစ်တာလက်ခံပါ့မယ်ဆိုမှ ထွက်”
“ရှင်”
ခနတုန်းက လူကိုအောင်တုန်းက ဒီပုံစံမဟုတ်ဘူး အခု ကျတော့ သူမဟုတ်တဲ့အတိုင်း ချိုပြနေတာ ခရာဖြူကို ဒီလို လုပ်လို့ရမယ်ထင်နေလား
“ရတယ်လေ MDထွက်ခွင့်မပေးလည်း ခရာ မမရွှန်းကို အကျိုးအကြောင်းပြောပြီး ထွက်ပါ့မယ်”
“ဘာပြောတယ်”
“ကြားတဲ့အတိုင်းပါဘဲ”
“ထွက်ခွင့်မပေးဘူး ငါမင်းကို လုံးဝထွက်ခွင့်မပေးဘူး လာချင်တိုင်းလာ ထွက်ချင်တိုင်းထွက်ရအောင် ငါက ခွင့်ပြုမယ် ထင်နေတာလား”
“ထွက်မှာဘဲ”
“ဒီလောက်ဆိုးတယ်ပေါ့လေ”
“အွန့်”
ခြေလှန်းကျဲတွေနဲ့ ခရာနားကိုလျှောက်သွားပြီး ခါးလေးကို သိမ်းကျုံးဖက်ပြီးတာနဲ့ နမ်းခမ်းလေးကို ဖိကပ်နမ်းရှိုတ်နေတော့
သူလက်ထဲကကောင်မလေးက အတင်းရုန်းကန်နေပြီး သူ့ရင်ဘတ်ကိုလည်း တဘတ်ဘတ်နဲ့ရိုက်နေလေရဲ့…….
“ဖယ်….အွန်….”
အတင်းရုန်လေ အတင်းဖိကပ်နမ်းလေမို့ ခရာ့ဘက်ကဘဲ ရုန်နေတာလေးကို လျော့ပေးတော့မှ ရင်ခုန်သံတွေမြန်ဆန်အောင် ခရာ့ကို မြူဆွယ်ပြီး နမ်းနေတဲ့ နှုတ်ခမ်းသားတွေက သေသပ်လွန်းလိုက်တာ….
“မောသွားပြီလား ကလေး”
အချိန်အတော်ကြာ နမ်းရှိုက်ပြီးတော့မှ လွတ်ပေးတာကို သိရဲ့နဲ့မောသွားပြီလားမေးတဲ့ သူကို မျက်စောင်းလေးထိုးမိတော့
“ထပ်နမ်းရဦးမှာလား”
“ဟင့်အင်းနော်”
နှုတ်ခမ်းလေးကို လက်ပဝါးလေးနဲ့ကာရင်း ငြင်းနေတဲ့ကောင်မလေးကို ဆံပင်လေးတွေ သပ်ပေးရင်း
“ကိုယ်မင်းကို အရမ်းအရမ်းချစ်တာ ဘယ်လို အကြောင်းပြချက်နဲ့မှ ကိုယ့်အနားက ထွက်သွားဖို့မတွေးနဲ့ ကိုယ်မှာ မင်းမရှိလို့မဖြစ်ဘူး”
“…………”
“အရမ်းချစ်တယ်ကွာ ဒီကောင်မလေးကို”
“ဖယ်ပါ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးမလုပ်ပါနဲ့ ရှင့်ချစ်သူ ပြန်လာရင် တွေ့လိမ့်မယ်”
သူလက်ထဲကနေ အတင်းရုန်းနေတဲ့သူလေးရဲ့ ခါးလေးကို ကျစ်နေအောင် ထပ်ဖက်ပြီးတော့
“ချစ်သူက ပြန်လာစရာမလိုဘူး ဒီမှာရှိတယ်လေ အဲ့တာက ကိုယ့်ရည်းစားဟောင်းပါ မင်းကို ခနကပြောလို့ ကိုယ်နာနာလေး ပြောလိုက်လို့ စိန်တောင်မဝယ်ဘဲ ပြန်သွားပြီ သိရဲ့လား ဒီက အချစ်ကလေးကြောင့် ကိုယ့် စီးပွါးရေး အပျက်ခံလိုက်တာ အရမ်းချစ်တယ်လို့တော့ အဖြေလေး ပြန်ရသင့်တယ်မလာ”
“………”
“ပြောဦးလေ ချစ်လားလို့”
“ရှင့်ချစ်သူကို သွားတောင်းပါဆို”
“အွန်းလေ ချစ်သူလောင်းလျာကို တောင်းနေတာဘဲ”
အခန်းမှတ်ချက်များ (0)