ဘီလီယံနာလေးရဲ့အသဲ
“နင်ဘာစကားပြောတာလဲ”
“လူစကားဘဲလေ နားမလည်ဘူးလား”
“နင်ကများ လူပါးဝလို့”
ပြောပြောဆိုဆိုဖြင့် ဘေးနားက ခရာတို့ အအေးခွက်ကို ကိုင်ကာ ခရာမျက်နှာကို ပတ်လိုက်တာကြောင့်
“အားး”
ဖျော်ရည်တွေ စိုသွားတဲ့ချိန် ခရာ့မှာ ပုံပျက်ပန်းပျက်ဖြင့် ခါနေတုန်း
“နင်တို့လို ေ:ာက်တန်းစားတွေနဲ့တန်တဲ့အရာကို ပြလိုက်တာလေ”
“အဟွန်းးး ဟုတ်လား ဒါဆို အဲ့ဒီအောက်တန်းစားတွေက ဘာလုပ်တက်လဲ ဆိုတာပြရသေးတာပေါ့”
ခရာ ရှေ့ကို ခြေနှစ်လှန်းတိုးပြီးတာနဲ့ ငုဝါရဲ့ပါးနှစ်ဖက်ကို
“ဖြန်းးးးးဖြန်းးးးးး”
ဘယ်ပြန်ညာပြန်ချလိုက်တာကြောင့် ပူထူပြီး ဘေးပတ်ဝဲယာကို ကြည့်ပြီး ရှက်နေတဲ့ ငုဝါကို
“ရှက်နေတာလား အခုမှ ငါကတော့မရှက်ဘူးနော်”
“နင့်ကို နင့်ကို ငါ့အဖေနဲ့တိုင်ပြောမယ်”
“ကျစ် ငါ၃နှစ်သမီးမဟုတ်ဘူး ကြိုက်တဲ့လူခေါ်ခဲ့”
ဆိုင်ထဲကနေ ပါးပြင်ကို ကိုင်ကာ ဒေါသတကြီး ပြေးထွက်သွားတဲ့ ငုဝါကိုကြည့်ပြီး ခရာ ခေါင်းခါလိုက်တော့သည်။
“ဘာဖြစ်တာလဲ ဟမ် ဘာဖြစ်တာလဲ”
ခရာ တစ်ရှူးတွေနဲ့ ခန္တာကိုယ်ကို သုတ်နေတုန်း အနောက်က ရောက်လာတဲ့ ကိုကိုကြောင့်
“လန့်လိုက်တာ ကိုကိုရယ်”
“ကိုယ်က ပိုလန့်တယ် ဘယ်သူလုပ်သွားတာလဲ ပြောစမ်း”
“ကိုကို ရည်းစားဟောင်းပါ”
“ဘာ တောက်”
ခရာ ဖျော်ရည်တွေ စိုနေတဲ့ ဆံပင်လေးတွေကို သပ်ပေးရင်း တစ်ရူးတွေနဲ့ လက်လေးတွေကိုသုတ်ပေးရင်း ကိုကို လက်တွေက တုန်နေတာမို့
ကိုကို ဘယ်လောက်ထိ ဒေါသထွက်နေမလဲ ဆိုတာ ခရာသိတာပေါ့
“ကိုကို အဲ့လောက် စိတ်မတိုပါနဲ့ သူက ခရာ့ကို ဖျော်ရည်နဲ့ဘဲ ပတ်တာ ခရာက ပါးကို ဘယ်ပြန်ညာပြန် ရိုက်လိုက်ရတယ်”
“ဟင်”
“ဟုတ်တယ် အဲ့တာကြောင့် အရမ်း စိတ်မတိုနဲ့လို့ ကိုကိုရဲ့ ကောင်မလေးက ငြိမ်ခံတက်တဲ့ အေးတိအေးစက်သူမှမဟုတ်တာ လုပ်ထည့်လိုက်တာဘဲ”
သူ့ကောင်မလေးက စော်လိုက်တယ်ပြောမှ သဘောကျနေတဲ့ ဇွဲမဟာသွေးရယ်ပါ
“ဟုတ်ပါပြီဗျာ အဟက် ဒါပေမယ့် ကိုယ့်အသဲလေးကို ဒီလို လုပ်သွားတာတော့ ကိုကို မကြိုက်ဘူးနော်”
“ထားလိုက်ပါ သူမှတ်လောက်ပါပြီ ရိုက်ချက်က ပြင်းတယ်လေ”
“ဟုတ်ပါပြီ သံလက်ဝါးပိုင်ရှင်ကြီးရယ် ကဲ အခု မုန့်ကို ပါဆယ်ဝယ်ပြီး အိမ်ကျမှ စားကြစို့ မြန်မြန်ပြန်ရအောင်”
“ဟုတ် ကဲ့
ခရာနဲ့ကိုကို အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း တစ်အိမ်လုံးရဲ့ အသဲကျော်လေးက ပြေးဖက်လာတာမို့
“တီတီကို မဖက်နဲ့ဦး သမီးပေကုန်မယ်”
“ဘာဖြစ်လာကြလို့လဲ ခရာလေး”
“ဟိုလေ မမ”
“ဘာဖြစ်လာတာလဲ ပြောဦး”
“ဒေါ်မြ သမီးလေးကို ညစာကျွေးဖို့ ခေါ်သွားတော့”
“ဟုတ်ကဲ့ သခင်လေး”
အိမ်ပေါ်ကနေ တူတူဆင်းလာကြတဲ့ ဦးမဟာနဲ့ မမရွှန်းက မေးလာတာမို့ အကြောင်းစုံ အကုန်ပြောပြလိုက်ရသည်။
“အဲ့တာတွေက ဒင်းမကောင်းလို့ဖြစ်ရတာ”
ဇွဲကို မကြည့်တဲ့ မျက်နှာထားလေးနဲ့ကြည့်ပြီး ပြောလာတဲ့မမရွှန်း
“ဟာဗျာ သူစိတ်ဓာတ်က အဲ့လိုဆိုတာ မသိခဲ့လိုပါ ပြီးတော့ ပြီးပြီသားလေ”
“ခရာလေးမို့ဘာမှမပြောတာ ခရာနေရာမှာ ငါသာဆိုလို့ကတော့ နင်စတဲ့ဇာတ်ကြောင့် ငါခံနေရတာ နင်
လည်းခံ ဆိုပြီး ကျန်တဲ့ဖျော်ရည်နဲ့ နင့်ကိုထပ်ပတ်မှာ”
အားရပါးရ ပြောနေတဲ့ လေသံလေးကြောင့် ချစ်ဖို့ကောင်းနေတဲ့ ကလေးတို့ရဲ့မေမေမာမီရွှန်းကို ကြည့်ပြီး….
ရည်းစားမထားခဲ့လို့တော်သေးတာပေါ့ မဟုတ်လို့ကတော့ ဒင်းလေးလက်စနဲ့ ငါလွယ်မှာ မဟုတ်ဘူး
“အဟက် မာမီလေးလည်း စိတ်လျော့ပါဦးဗျာ ကဲ ခရာလည်း အကျီတက်လဲတော့ မုန့်စားကြမှာမလား ဇွဲလည်း ပြင်လိုက်တော့”
“ဟုတ် ကဲ့”
ဆိုကာ နှစ်ယောက်လုံး ထသွားတော့မှ
“ဦး ခရာလေးက ဒီမှာ တစ်ယောက်ထဲ မိဘတွေနဲ့ခွဲပြီး လာနေရတာ ဒီလို နှိပ်စက်ခံနေလို့မဖြစ်ဘူး သိလား”
“သိပါတယ် ဒီအချစ်ကလေး ဘာကိုပြောချင်လဲဆိုတာ ဦး သိပါတယ်”
ခရာကို နှောက်ယှက်နေတဲ့ ငုဝါကို နောက်မလုပ်ရဲအောင် သတိပေးခိုင်း တယ်ဆို တာ မဟာ သဘောပေါက်တာပေါ့
“ပြီးတော့ ဇွဲကိုလည်း ပြောရဦးမယ် ခရာလေးကို ပိုပြီး ဂရုစ်ုက်ဖို့”
“ဟောဗျာ သူတို့ဒီလောက်ချစ်နေကြတာ မသိတာလည်း မဟုတ်ဘူး”
“ပိုပို ပိုပြီး ချစ်ပေးစေချင်တာလေ”
“ချစ်ပေးမှာပေါ့ဗျာ ချစ်ပေးမှာပါ့”
မဟာ ချစ်မဝဇနီးလေးရဲ့ခါးကို ဖက်ပြီး လည်တိုင်လေးကို တစ်ရှုံရှုံနမ်းနေတာကြောင့်
“ဦးနော် ဖယ်ပါ ရွှန်းက ခရာ့အတွက်ပြောနေတဲ့ဟာကို”
“သူတို့အကြောင်း မသိချင်ဘူး ကိုယ်အကြောင်း ကိုယ်ဘဲ သိချင်တယ်”
“ဖယ်ပါ သမီးလေးကို ထမင်းစားခန်းထဲသွားခေါ်ရဦးမယ်”
အခန်းမှတ်ချက်များ (0)