Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၂၀)

ဘီလီယံတာသူဌေးလေးရဲ့အသဲ

“မင်းက ဆိုင်လာပြီး ငါတွေ့ချင်တာ ဘာလုပ်ဖို့လဲ”

“မောင့် မျက်နှာလေးကြည့်ပြီး ဆွေးနွေးချင်တာလေ”

“ဟ အထည်ဝယ်တာဘဲ ဆွေးနွေးစရာလ်ုသေးလား”

စင်ကာပူကျောင်းတုန်းက ဇွဲကို အတင်းကပ်ခဲ့တဲ့ ငုဝါက အခုမြန်မာနိုင်ငံပြန်ရောက်တာနဲ့ ဖုန်းဆက်ပြီး အီနေပြီ

“မသိဘူးမောင်ရယ် ဘယ်ရတနာဖြစ်ဖြစ် ဘယ် စိန်ဖြစ်ဖြစ် မောင်ပြတာ အကုန်ယူမယ်”

“ငါပြောထားမယ်နော် တမောင်မောင် ငါ့လာမခေါ်နဲ့ မင်းနဲ့ငါ ဘာမှဆိုင်တော့တာမဟုတ်ဘူး”

“အိုကေပါအဲ့ဒါဆို ဇွဲပေါ့ တို့ဆိုင်နားရောက်ခံနီးနေပြီ ဆိုင်ကနေ စောင့်နေပေးနော်”

“တီိ…တီ…တီ”

ဇွဲလည်း ထပ်မပြောချင်တော့တာကြောင့် ဖုန်းချလိုက်တော့သည်။

စင်ကာပူနေတုန်းက ပွေခဲ့ရှုပ်ခဲ့တာရော ရန်ကုန်မှာတုန်းက ပွေခဲ့တာတွေရောကို မိန်းမတွေက အမြစ်

တွယ်ပြီး ကပ်နေတဲ့အချိန်ဆို နောင်တရလို့မဆုံး……

အခုလည်းဆိုင်ကို လာရှုပ်ဦးမှာ ဒီနေ့ဆိုင်မှာ အပ်ထည်တွေရောက်မှာမို့ စစ်ရမှာက ဘယ်မှထွက်လို့မရနဲ့တော့ ဒီမိန်းမနဲ့က တည့်တည့်တိုးရဦးမယ်

“တို့ ဇွဲမဟာသွေးနဲ့တွေ့ချင်လို့ ခနက သူနဲ့ဖုန်းဆက်ချိန်းပြီးသား”

ခရာ ဧည်သည်ကို စိန်နားကပ်လေးတွေ ပြပေးရင်း ဇွဲမဟာသွေးဆိုတဲ့ နံမည်ကို ကြားလိုက်တာနဲ့ လှည့်ကြည့်မိတော့

အမိုက်စားခန္တာကိုယ် ဝတ်ပုံစားပုံ အသားအရည် ဘာမှပြောစရာမရှိလောက်တဲ့အပြင် ယောကျာ်လေးမပြောနဲ့ မိန်းကလေးအချင်းချင်းတောင် ငေးလို့ မဝနေတဲ့ပုံစံမျိုး…….

“ဟုတ်ကဲ့ MDကို ဖုန်းဆက်ပေးပါ့မယ်”

“အင်း”

“MDနဲ့တွေ့ဖို့ လိုက်ခဲ့ပါနော်”

ဝန်ထမ်းလေးက VVIP ဧည်သည်တွေဘဲ သီးသန့်ဧည့်ခံနဲ့အခန်းထဲကို ခေါ်သွားတာကြောင့်

ဘာလဲ သူက တွေ့ဖို့ သဘောတူလိုက်တာလား အွန်းပေါ့ သဘောတူဆိုလည်း တူချင်စရာဘဲလေ ကောင်မလေးက ချောတာကိုးးးးးး

“ခရာလေး ကျန်တာ မမဆက်လုပ်လိုက်မယ် MDက ဧည်သည်ကို ပြဖို့ နောက်ဆုံးထွက်တဲ့ စိန်setလေးတွေ ယူခဲ့ပေးပါတဲ့”

“ဟုတ်ကဲ့ ဂျာကြီး”

နောက်ဆုံးထွက် တဇိုင်းမျိုးစုံကို ယူပြီး VVIP အခန်းထဲကို စဝင်တာနဲ့

“ဟင်!! Sorry”

ခရာ ဖွင့်လိုက်တဲ့ တံခါးကို ပြန်ပိတ်ဖို့ လုပ်နေတုန်း ဇွဲလည်း ငုဝါကို တွန်းထုတ်ပြီး

“ဝင်ခဲ့”

“ဟုတ်ကဲ့”

မြင်လိုက်ရတဲ့ မြင်ကွင်းက ခရာရင်ထဲ ဆစ်ကနဲ့ဘဲ ဟိုကောင်မလေးက ဇွဲ လည်ပင်းကို ဖက်ပြီး နမ်းဖို့ လုပ်နေတဲ့ အနေအထား

သူမှာ ရည်းစားရှိရဲ့သားနဲ့ ငါ့ကို အဖြေလာတောင်းတာလား ဘာအချိုးလဲ ဒီလို ပုံတွေကိုကြည့်ဖို့ ငါ့ကို ရွေးခေါ်လိုက်တာလား

“ဒီ 2setက မနေ့ကမှ ထွက်တာပါ ကျန်တာလေးတွေလည်း အရမ်းလှလို့ ယူခဲ့တာပါ”

“အင်း ဇွဲ ကြည့်ပေးဦး တို့နဲ့ ဘယ်ဟာလေးက ပို လိုက်မယ်ထင်လဲ”

“မနေ့က ထွက်တဲ့ 2 setမယူနဲ့ ဟိုဘက်ဆုံးက စိန်တစ်ပွင့်ထဲ ပါတဲ့ဟာယူလိုက် အဲ့တာ မင်းနဲ့လိုက်တယ်”

“အင်း ဇွဲ လိုက်တယ်ဆို ယူလိုက်ပြီနော် တို့ကို ဒါလေး ဘောင်ချာ ဖြတ်ပေး ရော့ ကဒ်”

“ဟုတ်ကဲ့ရှင့်”

ခါတိုင်းဝယ်သူတွေကို သူ့ပြတဲ့ပစ္စည်းလေးယူရင် ချစ်စရာကောင်အောင်ပြုံးတက်တဲ့သူလေးက ဒီနေ့တင်းထားလိုက်တဲ့မျက်နှာလေးက အကြောတင်းလွန်းလို့ ပြတ်တော့မယ့်အတိုင်း…

သဝန်တိုနေတာကို အပီအပြင်ဖုံးထားနိုင်တဲ့ကောင်မလေးကို ဇွဲ ချီးကျူးမိတာတော့အမှန်……

“ဂျာကြီးကို ဘောင်ချာဖွင့်ခိုင်းဖို့ တစ်ယောက်လွှတ်

ခိုင်းလိုက် မင်းဒီမှာ စိန်စစ်ဖို့ လုပ်”

“ရပါတယ် ခရာ သွားဖွင့်လိုက်မယ်”

“နေဆိုနေလေ ဘာလို့ ပြန်ပြောနေတာလဲ”

“မဟုတ်……”

“ဘာကို မဟုတ်တာလဲ ငါနေဆိုနေပေါ့ စစ်ဖို့လုပ်”

ခါတိုင်းလိုဆို ပြန်ပြောမိမယ်ဆိုတာ ခရာကိုယ်ခရာအသိဆုံး လူကို အခြားသူရှေ့မှာ ပိတ်ဟောက်နေများ သူ့အလုပ်သမားဆိုပြီး နှိမ်ချင်နေတဲ့ပုံ….

သူတို့ ကျူးပြသဲပြကဲပြနေတာတွေကို မင်းကြည်ြစမ်း ဆိုပြီး ထိုင်ကြည့်ခိုင်းချင်နေတာ……

“အမ တစ်ချက်ကြည့်ပေးပါဦး”

Gam Microscope screen (LED monitor)နဲ့ပြနေတာကို မကြည့်ဘဲ တစ်ချိန်လုံး ဇွဲမဟာသွေးကိုဘဲကြည့်နေတာကြောင့် မှန်ပြင်ကို ကြည့်ပေးဖို့ ပြောလိုက်ပေမယ့်

“ရတယ် ဒီက စိန်တွေက စစ်တယ်ဆိုတာ ငါယုံပြီးသား ထားလိုက်”

“အဲ့လိုမရဘူးရှင့် စစ်တယ်ဆိုပေမယ့်လည်း စိန်ရဲ့အရောင် (color grade) စိန်ရဲ့အလေးချိန်ကို ကြည့်ပေးမှ ရမှာပါ”

“ရတယ် ထားလိုက်လို့ ပြောနေတယ်လေ မင်းနားမလည်ဘူးလား ငါက ပစ္စည်းကို လိုချင်လို့ ဝယ်တာမဟုတ်ဘူး ပျော်လို့ဝယ်တာ အဲ့တာတွေ အရေးမကြီးဘူး”

“ဒါပေမယ့်…..”

“ကျစ် ဇွဲရယ် ဒီကောင်မလေး တော်တော် လျှာရှည်တာဘဲ”

“ထားလိုက်တော့ သူမကြည့်ချင်ရင် မပြနဲ့ပေါ့”

ခရာ့ကို ကြည့်ပြီး လေသံမာမာနဲ့ထပ်ပြောတာက ဟိုမိန်းမက မှန်နေတဲ့ပုံ

“ကျွန်မကတာဝန်အရပြနေတာပါ မကြည့်ချင်ဘူး နှစ်ယောက်ထဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ဝယ်ချင်ရင် အပိုလူအခန်းထဲ ခေါ်မထားနဲ့ပေါ့”

« ရှေ့အခန်း - အပိုင်း(၁၉) နောက်အခန်း - အပိုင်း(၂၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ