ဘီလီယံတာ သူဌေးလေးရဲ့အသဲ
ခရာ့ဘက်က ငြင်းတဲ့သူဆိုရင် ဒီလိုစကားတွေ မမေးသင့်တာ သိပေမယ့် ဒီအခြေအနေ အေးစက်စက်ကြီးကို ခရာလုံးဝမကြိုက်ဘူး
“မင်းအတွက် စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့လေ ငါမင်းကို ဖွင့်ပြောတာလေးနဲ့ မနေ့က ငိုတယ်ဆို နောက်ထပ်မင်းကို ငိုရအောင် စိတ်ဆင်းရဲအောင် လုပ်တဲ့သူ မဖြစ်ချင်ဘူး အဲ့တော့ ဒီလို အကွာအဝေးလေးနဲ့ နေတာ မင်း စိတ်အဆင်ပြေမယ် ထင်လို့”
“မပြေဘူး”
“ဘာကို မပြေတာလဲ”
“ရှင် ဒီလိုတွေ နေနေတာကိုလေ လူကို မသိတာလိုလို မရှိတာလိုလို ဆက်ဆံနေတာလေ”
“ခနက ငါပြောသလို အကွာအဝေးထားနေတာလေ”
ဇွဲကို မကျေနပ်တဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး ကားပေါ်ကနေဆင်းကာ ကားတံခါးကိုလည်း အသံမြည်အောင် ပိတ်သွားသေးတာ
မင်းဘယ်လောက်ထိ ဆိုးနိုင်မလဲကိုယ်စောင့်ကြည့်ဦးမယ် ခရာလေး
“တီတီလေး ပြန်လာပြီ”
“သမီးလေး”
ဦးမဟာနဲ့မမရွှန်းတို့ရဲ့ သမီးအချောလေးကလည်း ဒီအိမ်ကို စရောက်ထဲက ခရာ့ကိုလည်း အရမ်းချစ်ပေးတဲ့သူလေးပေါ့
အခုလည်း ခရာ့ဝင်လာတာနဲ့ သောက်နေတဲ့ရေဗူးလေးကို စာပွဲပေါ်တင်ပြီး ပြေးလာဖက်တော့တာဘဲ
“မေမေရော တီတီ”
“မေမေက သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့dateနေကြတယ် သမီးရော တီတီနဲ့ မုန့်စားရင်း dateမလား”
“အင်း”
“ဟုတ်ပီ ခနနေဦး တီတီ ကားပေါ်မှာ မုန့်တွေ ကျန်နေခဲ့ပြီ”
“လေးဇွဲ သယ်လာနေပြီ တီတီ”
ခရာ့အလှည့်မှာ ပစ္စည်းထုပ်တွေ သယ်လာပြီး အိမ်ထဲ ဝင်လာတဲ့သူကြောင့် ခရာလည်း သမီးလေးကို ခေါ်ပြီး မီးဖိုချောင်ထဲ ဝင်လိုက်တော့သည်။
“သမီး ဒီနေ့ ဘာစားချင်လဲ”
“တီတီ စားတာ မီး စားမယ်”
“ဟုတ်ပီ အဲ့တာဆို ဂျပန် ကြက်ဥ ခေါက်ဆွဲ လိပ်လေး လုပ်ကျွးမယ်”
“ဟုတ်”
ခရာ ခေါက်ဆွဲ လုပ်ဖို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးတာနဲ့ အပေါ်ကနေ အကျီလဲပြီး ဆင်းလာတဲ့ ဇွဲကတော့ သူ့တူမလေးကို တစ်ရွှတ်ရွှတ်နမ်းပြီး စနေလေရဲ့
“ဘာကူပေးရဦးမလဲ”
“ရတယ် မလိုဘူး”
“ဟ လေသံက မာလှချည်လား”
“ဒါပုံမှန် အသံဘဲ MDထင်လို့ပါ”
MDတွေ ဘာတွေ ခေါ်နေတာ အရမ်းတွေ ပြတ်သားနေတဲ့သဘောပေါ့ ရတယ်လေ မင်းက တစ်ဆင့်တက်ရင် ကိုယ်ကလည်း တက်ပြရဦးမှာပေါ့ အဟက်
“ဟုတ်ပါပြီ ကူစရာမရှိဘူးဆိုလည်း ပြီးတာဘဲလေ”
“သမီး ရပြီ စားကြစို့ “
“ဟုတ် တီတီ”
သမီးလေးအတွက် လုပ်ပေးထားတာတဲ့ ခေါက်ဆွဲပေါ်က ကြက်ဥလေးပေါ်မှာ ကြောင်ပုံလေး ဒီကောင်မလေးက ဒါတွေလည်း တက်တာဘဲ
တစ်ဖြေးဖြေး နီးကပ်လာလေ သူမလေးရဲ့ အမူအရာလေးတွေ အကျင့်လေးတွေ ဆိုးတာလေးတွေကို တစ်ရက်ထက်တစ်ရက် ပိုပြီး သဘောကျလာပြီ ထင်ပါရဲ့
“ဒါက MDအတွက်ပါ”
ခေါက်ဆွဲပန်းကန်တွေ ချပေးပြီးတာနဲ့
“ဒါက Matcha tea🍵”
“ကိုယ် Matcha tea ကြိုက်တာ ဘယ်လိုသိလဲ”
“ဒီတိုင်းဘဲ သတိထားမိတာ”
ရွာတုန်းကရော ဒီရောက်ထဲကရော ကော်ဖီဗူးမဟုတ်ဘဲ အစိမ်းရောင် Matcha tea ဗူးလေးတွေဘဲ ကိုင်သောက်နေထဲက အကြိုက်ဆုံးဆိုတာ သတိထားမိတာပေါ့
“အင်း ကျေးဇူးဘဲ”
ဒီလိုကောင်မလေးကိုမှ မကြွေရင် ဘယ်သူ့ကိုယ် ကြွေရမလဲ မချစ်ဘူးသာ ငြင်းနေတာ အရမ်းဂရုစိုက်တက်တဲ့ ကျွန်တော်ရဲ့အနာဂတ်ချစ်သူလေး…
“မင်းလုပ်ထားတာ အရမ်းစားကောင်းတယ်”
“ဟုတ်တယ် တီတီ So Good “
“ကြိုက်ရင်ဘဲ ကျေနပ်နေပါပြီ နောက်ခါ အများကြီး လုပ်ကျွေးမယ်နော် သမီးလေး”
“ကိုယ်ကရော”
“တစ်ခါတစ်လေ ကြုံရင်စားပေါ့”
~~~~~~~~
“မင်းက ဆိုင်လာပြီး ငါတွေ့ချင်တာ ဘာလုပ်ဖို့လဲ”
“မောင့် မျက်နှာလေးကြည့်ပြီး ဆွေးနွေးချင်တာလေ”
“ဟ အထည်ဝယ်တာဘဲ ဆွေးနွေးစရာလ်ုသေးလား”
စင်ကာပူကျောင်းတုန်းက ဇွဲကို အတင်းကပ်ခဲ့တဲ့ ငုဝါက အခုမြန်မာနိုင်ငံပြန်ရောက်တာနဲ့ ဖုန်းဆက်ပြီး အီနေပြီ
အခန်းမှတ်ချက်များ (0)