ဘီလီယံတာ သူဌေးလေးရဲ့အသဲ
ချက်ချင်းပြန်လာမလို့ဆိုပေမယ့် ရစ်နေတဲ့ကောင်တွေကြောင့် အချိန်ကြာသွားတာ ရှစ်နာရီလောက်မှ အိမ်ပြန်ရောက်ခဲ့သည်။
စောင့်မနေလောက်တော့ဘူးလို့ ထင်ထားတဲ့သူလေးက ဧည့်ခန်းထဲမှာ Laptop လေးကြည့်ပြီး ထိုင်စောင့်
နေတာမို့
“စောင့်နေတာလား”
“ဟုတ်ကဲ့”
“အဲ့တာဆို ခနလေးနော် ကိုယ် အကျီလေး ခနတက်လဲလိုက်ဦးမယ်”
ကိုယ်မသောက်ထားဘူး ဆိုပေမယ့်လဲ အနံပါလာမှာ စိုးတာကြောင့် အမြန် အပေါ်တက် အကျီလဲပြီးမှ ဆင်းလာခဲ့သည်။
“ဘယ်နေရာလေး ပြင်ချင်လဲ MD”
“ဒီနေရာလေး အဲ့ဒီနေရာကို စိန်မဟုတ်ဘဲ မြထည့်ရင်ရော”
ခရာ ဆိုဖာပေါ် ထိုင်နေရာကနေ လက်တော့ကို ကုန်းကြည့်နေရတာမို့ အောက်မှာပြောင်းထိုင်လိုက်ပြီး
“ဘာလို့လဲ အပေါ်ထိုင်လေ”
“ရတယ် ကုန်းကြည့်နေရလို့”
အပေါ်ကို မော့ကြည့်ပြီး မျက်ဝန်း လှလှလေးတွေနဲ့ အကြည့်ကို ဇွဲ မခံနိုင်တာကြောင့် အမြန် အကြည့်လွှဲပြီး
“အင်း အင်း”
“အဲ့ဒါဆို ဒီနေရာမှာ…………….”
ဟိုနေရာလေးပြင် ဒီနေရာလေးဖြည့်ရင်းနဲ့ ခရာတို့ ၁၀နာရီကျော်နေပြီး
“ပြင်ဦးမှာလား”
“ဟ အိပ်ချင်နေပြီလား လေသံကလည်း မာလိုက်တာ”
ဒီကောင်မလေးက သူစိတ်မတိုရင် နူးနူးညံ့လေးရှိသလောက် စိတ်တိုရင် အချိုးတွေက တန်းပြောင်းတာ သူအကျင့်လိုပင်
“မာမှာပေါ့ ကြာနေပြီလေ မနက်ကျ MDက နောက်ကျမှ ထလည်း ဘာမှမဖြစ်ဘူးလေ ခရာတို့က ၅နာရီကျော်ရင်ထရတာ”
“ဘယ်သူက ထခိုင်းလို့လဲ”
“အလုပ်လုပ်နေတာလဲ အချိန်မတိကျ အလုပ်ထွက်ရမှာပေါ့ ပြီးတော့ သူများအိမ်နေနေတာလေ ကိုယ်အိမ် ကိုယ့်ဆိုင် ဆိုလို့ကတော့ ၁၂နာရီမကဘူး ၂၄နာရီထိ ပြန်အိပ်လို့ရတယ်”
“ကိုယ့်အိမ် ကိုယ့်ဆိုင် ဖြစ်ချင်နေတာလား”
ခရာ ဒီအတိုင်း အနိုင်လုပြီး ပြောလိုက်ပေမယ့် စကားအထအနကောက်ပြီး လာမေးနေတဲ့ ဇွဲကြောင့်
“MDနော် ခရာက ဥပမာ ပြောပြနေတာ”
“အော် ကိုယ်က တကယ်များ ဖြစ်ချင်နေတာလားလို့”
“ဘာဖြစ်ချင်ရမှာလဲ”
“ဆိုင်ရှင်လေ”
“ကျစ် တော်ပြီ ခရာ တက်တော့မယ်”
Laptop လေးကို ယူပြီး အိမ်ပေါ်ကို ဘောက်ဆက်ဆက်နဲ့တက်သွားတဲ့ ဝဝပုပုလုံးလုံးလေးကို ကြည့်ပြီး ဇွဲမှာ တစ်ပြုံးပြုံးနဲ့
ဒီနေ့ညမှ ဘာဖြစ်နေလဲ မသိဘူး သူကိုယ်သူလည်း တကိုယ်ကိုယ်နဲ့ ခရာသူ့အပြောကြောင့် ရင်တွေဒီလောက်ခုန်နေတာ ချစ်မိနေပြီဆိုရင် သူက တာဝန်ယူပေးမှာကြလို့
~~~~~~~~~~
“ဟိတ် ကားပေါ်တက်”
ခါတိုင်းဆို ဆိုင်ကို ၉နာရီကျော်မှ လာတဲ့သူက ၇နာရီရှိသေးတယ် ကားပေါ်ရောက်နေတာမို့ ခရာ ကြောင်ကြည့်နေတုန်း
“မင်းအဲ့လောက်ကြည့်နေရင် ငါရှက်နေပြီ မနေတက်တော့ဘူး”
“ဒီတိုင်း အံ့ဩလို့ ကြည့်တာပါ ယောင်ပြီးတော့ လမ်းထလျှောက်ပြီး ကားပေါ် ရောက်နေတာလားလို့”
“နိုးပါ လူအစစ် မင်းဘဲ ငါက စောမနိုးဘူးဆို အဲ့တာကြောင့် စောထပြတာလေ ကဲပါ ကားပေါ်တက်”
“ခရာ မမရွှန်းကိုဘဲ စောင့်တော့မယ်”
“တက်ပါ သူက သမီးကို ကျောင်းဝင်ပို့ဦးမှာ ငါနဲ့တူတူ အကြမ်းထည် အပ်မယ့်နေရာ လိုက်ခဲ့”
“အတူတူ”
“ဟုတ်တယ် လိုက်ခဲ့ တက်ပါတော့ဆို”
“အဲ့ဒါဆို မမကို ပြောလိုက်ဦးမယ်”
“မပြောနဲ့တော့ လမ်းရောက်မှ ငါဖုန်းဆက်လိုက်မယ် တက်ပါတော့ဆို”
သူမှာ မရီးဆီကနေ သူလေးကို အလစ်တိုက်ပြီး ဆွဲခေါ်ရပါတယ်ဆိုမှ ဒင်းလေးက ကားပေါ်မတက်ဘဲ ရစ်နေသေးတယ်………
“တီ တီ တီ”
သူခန့်မှန်းထားတဲ့အတိုင်း ခရာနဲ့သူ လမ်းတစ်ဝက်ရောက်တာနဲ့ ဖုန်းဆက်လာတဲ့ မရီးကြောင့်
“ဟလို ဟဲဟဲ အခုဘဲ ဖုန်းဆက်တော့မလို့”
“နင် ငါ့သမီး ကို ဘာတွေ ခိုင်းသွားတာလဲ”
“ဘာမှ မခိုင်းရပါဘူး”
“ဘာကို ဘာမှမခိုင်းတာလဲ ကလေးကို စင်ကာပူကနေ သမီးလိုချင်နေတဲ့ ဘာဘီရုပ် ဝယ်ပေးမယ် မေမေကို ၇နာရီခွဲထိ အောက်မဆင်းစေနဲ့လို့ ဆိုပြီး မှာသွားတယ်ဆို”
“ကျစ် ဒီတူမလေးကတော့လေ အပြီအပြင်ကို သရုပ်မဆောင်ဘူး”
“ဘာကို သရုပ်မဆောင်ရမှာလဲ အိမ်သာထဲက ထွက်မလာလို့ အိမ်ကလူတွေ အကုန် ဂယက်ရိုက်ကုန်တာသိလား အဲ့ဒီထဲ ဦးတောင်ပါတယ် အခုအကြောင်း ဦးကို ပြောလိုက်ရမလား”
သမီးဖြစ်သူက အိမ်သာထဲကနေ ဗိုက်နာလို့ ဆိုပြီးထွက်မလာလို့ အရေးပေါသော့တွေနဲ့ဖွင့်မှ စနေတာပါဆိုပြီး ပြော့တော့
ဦးက သမီးလေးကို နောက်မလုပ်ဖို့ သတ်ပေးသွားတာကို ဝမ်းနည်းသွားတဲ့ သမီးဖြစ်သူကို ချော့မော့မေးရင်း အကြောင်းစုံ သိရတော့ ဒင်းကို ဖုန်းဆက်ရပြီလေ
“နိုးနိုးနိုးနော် မရီးရာ မရီးကြိုက်တဲ့ Doirတစ်ဆက် လက်ဆောင်ပေးမယ်နော်”
“မရဘူး”
အခန်းမှတ်ချက်များ (0)