Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၁၅)

ဘီလီယံတာ သူဌေးလေးရဲ့အသဲ

“ဆိုင်သွားရမှာလေ အခု ဘယ်ခေါ်လာတာလဲ”

ကန်တော်ကျွန်းဆိုတဲ့ နေရာလေးကို ကွေ့ဝင်လိုက်တာနဲ့ လူချေတိတ်ဆိတ်လွန်းတဲ့နေရာလေး

ဘာလုပ်ဖို့ ခရာက်ို ခေါ်လာတာလဲ ဆိုတာ သိချင်တယ်

“ဆင်းပါ ရောက်ရင်သိမှာပေါ့”

“မဆင်းပါဘူး ကြည့်ဦး လူတွေလည်း မရှိဘူး ဘယ်လိုနေရာခေါ်လာတာလဲ ရှင်နော်”

ဇွဲကို မယုံင်္သကာမျက်လုံးလေးနဲ့ကြည့်ပြီး ပိုက်ဆံအိတ်ကို ကျစ်နေအောင် ဖက်ထားတဲ့ကောင်မလေးကြောင့် ပြုံးမိသွားကာ

“ဦးနှောက်သေးသေးလေးနဲ့ ဘာတွေတွေးနေတာလဲ ကိုယ် တစ်ခုခု လုပ်ချင်မှတော့ ဒီကို အကြာကြီးခေါ်လာမနေဘူး ကဲ ဆင်းပါ”

“မဆင်းဘူး”

နားလည်းအောင်ရှင်းပြထားတာကို အကန်တွေကြည့် ဆက်တိုက်ပြောနေတဲ့ သူလေးကို ဇွဲကားပေါ်က ဆင်းပြီး သူမလေးဘက်က ကားတံခါးဖွင့်ကာ

“ဆင်းမှာလား ပွေ့ချီသွားရမှာလား”

“ဟင် ရပြီ ရပြီ ဆင်းမယ် ဆင်းမယ်”

ချက်ချင်းဆိုသလို ဆင်းလာတဲ့ကောင်မလေးကြောင့်

အဟက် ဘာတက်နိုင်သေးလဲ ခန္တာကိုယ်လေး ဝနေလို့ မင်းလေးကို မနိုင်ဘူး ထင်နေရင် မှားသွားမယ် ကလေးလေး ကိုယ် လေ့ကျင့်ခန်းတွေ လုပ်ထားတာ မနည်းဘူးလေ

“ကဲ သွားမယ်”

ခွင့်ပြုချက်လည်း မတောင်း ဘာမှလည်း မပြောမဆိုနဲ့ ပိုင်စိုးပိုင်နက်လုပ်ပြီး ခရာလက်ကို လာဆွဲတာမို့

“လွှတ်ပါ”

“ငြိမ်ငြိမ်လိုက်ခဲ့နော် မဟုတ်ရင် ခနကဘာပြောထားလဲ”

လွှတ်ပါပြောမှ ပိုပြီး လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်နေတာ ကြားထဲ လူကို ခြိမ်း-ခြောက်နေသေးတယ်

ချက်ချင်းဆိုသလို ဇွဲခြေလှန်းတွေက ရပ်တန့်လိုက်တာမို့ ခရာပါ ရပ်တန့်လိုက်ရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့

စိမ်းစိုနေတဲ့ မြက်ခင်းတွေပေါ်မှာ သူနဲ့ခရာ ရပ်နေတာ မီးဆိုင်းလေးမှာ စာတန်းလေးက

I LOVE KA YAR PHYU တဲ့

ထိုစာတန်းလေးကြောင့်ဘဲ ခရာ့အံ့ဩသွားတဲ့အချိန်မှာဘဲ ခရာ့နောက်ကျောကနေ လည်ပင်းကို တစ်ခုခု လာဆွဲပေးနေတဲ့ သူ

“ဘာလုပ်တာလဲ ဖယ်ပါ”

“ငြိမ်ငြိမ်နေ”

“ဘာလုပ်တာလဲ လို့ ပြောလေ”

ဆွဲကြိုးလေးဆွဲပြီးသွားတော့မှ ခရာ့ရှေ့မှာ လာရပ်ပြီး

“ကိုယ်မင်းကို ချစ်တယ် ခရာဖြူ”

“ရှင်”

ခရာနဲ့သူနဲ့တွေ့တာ ၁လတောင် မရှိသေးဘူးလေ ဘာကို ချစ်တာလဲ ပြီးတော့ ခရာလို ဖက်တီးမကို သူလို ပြစ်ချက်ဆိုတာ အပ်တာတောင်မရှိတဲ့သူက ချစ်တယ်ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးတယ် ငါ့ကို လာကစားချင်နေတာလား

သူ့ကို အံ့ဩမှုများစွာနဲ့ကြည့်နေတဲ့ ကောင်မလေးရဲ့နှာတံလေးကို လက်ညိုးလေးနဲ့ ထိလိုက်ပြီး

“ချစ်တယ် သိလား ကိုယ် အရမ်းချစ်တယ် သိလားလို့”

ပြောချင်ရာပြောနေတဲ့ ဇွဲက မသိပေမယ့် ခရာတစ်ယောက်ရဲ့နှလုံးသားလေးကတော့ ဇွဲရဲ့စကားသံတွေကြောင့် အပြင်ကို ထွက်ကျလာမတက်ခုန်နေသည်။

ဟိုလူက ဘာတွေပြောနေမှန်းမသိဘူး ဘာကိစ္စ အတွင်းထဲက အကောင်က ခုန်နေတာတုန်း မဖြစ်တော့ဘူး

“ရှင် ဘာတွေ ပြောနေတာလဲရော သိရဲ့လား”

“ဟ မသိဘဲ ဒါတွေ စီစဉ်ထားမယ်လို့ ထင်လို့လား”

“မသိဘူး”

“မသိလို့ မရဘူး အခုအဖြေလိုချင်တယ်”

“ဟမ် ဘာအဖြေလဲ”

“ဟာ ကိုယ်က ချစ်တယ်ပြောမှတော့ မင်းဆီကလည်း ချစ်တယ် ပြန်ကြားချင်တယ်”

ဒီလူရူးနေလားမသိဘူး သူက ချစ်တယ်ပြောတိုင်း အဖြေချက်ချင်းပြန်ပေးရအောင် သူနဲ့က ငယ်သူငယ်ချင်းကျလို့

“မချစ်ဘူး”

ချစ်တယ် ပြောတုန်းက ပြုံးရွှင်နေတဲ့မျက်နှာကနေ လိုချင်တာမရလို့ စိတ်ဆိုးသွားတဲ့ ကလေးတစ်ယောက် မျက်နှာလို ချက်ချင်းပြောင်းလဲသွားပြီး

“ဘယ်လို”

“ဟုတ်တယ် မချစ်ဘူး”

“ဘာကိစ္စလဲ အကြောင်းတော့ ရှိရမယ်လေ”

“ဘာအကြောင်းလဲ”

“မချစ်တဲ့အကြောင်းလေ”

“ရှင်တောင် ချစ်တဲ့အကြောင်းရှိလို့လား”

“ရှိတာပေါ့ အများကြီးဘဲ ငါဆိုတဲ့ ဇွဲမဟာသွေးက မိန်းကလေးတစ်ယောက်ကို အကြောင်းမရှိဘဲ ဒီလိုပုံမျိုးနဲ့ချစ်တယ် ပြောမယ်ထင်လို့လား”

“……….”

ခနကတော့ ဆက်တိုက် စွာနေတက်သူလေးက ဖြေစရာမရှိရင် အခုလို ငြိမ်နေတက်သေးတယ်

“မင်းနဲ့နေရရင် ပျော်တယ် ကိုယ့် အနားမှာ မင်းရှိရင် ကိုယ် တော်တော်လေးပြုံးရီနိုင်တယ် စိတ်ပူပန်မှုဆိုတာ မရှိဘူး မင်းကို မြင်မြင်ချင်း ချစ်တာမဟုတ်ဘူးဆိုတာ ဝန်ခံပါတယ် မင်းအနားမှာရှိနေတာလေးတွေ မင်းနဲ့စကားပြောရတာလေးတွေကနေ စပြီး သဘောကျလာလိုက်တာ မင်းကို မတွေ့ရရင် ရှာတယ် မင်းကို မမြင်ရရင် မေးတယ်ဆိုတဲ့ အဆင့်ကနေ တစ်ဖြေးဖြေး ချစ်နေပြီဆိုတာ သိလိုက်တာ”

မနေ့ညက ကျော်ခန့်တို့နဲ့စကားပြောပြီး ပြန်ထဲက ဒီကောင်မလေးကို ချစ်နေပြီဆိုတာ ကိုယ်ကိုကိုယ် သိသွားခဲ့တာ

အိမ်ရောက်တော့ သူမလေးနဲ့စကားပြောပြီးတာနဲ့ ဒီနေ့အတွက် သူမှာ ညတွင်းချင်းပြင်ဆင်ခဲ့ရတာပေါ့

ဒါတွေကို သူသိပါ့မလား သူမလေးကို အရမ်းချစ်မိနေလို့ ဒီလိုတွေ ရူးနေခဲ့တယ် ဆိုတာကိုပေါ့

“ခရာကတော့ ရှင်ကို မချစ်ဘူး ပြီးတော့ ၁လတောင် မရှိသေးတဲ့ ဆက်ဆံရေးက အချစ်ဆိုတာ မဖြစ်

နိုင်ဘူးလို့ ခရာထင်တယ် ရှင် စိတ်ထင်တာနေမှာပါ”

ပြောရက်လိုက်တာကွာ ကိုယ်ဘက်က ကိုယ့်အချစ်တွေကို ဒီလောက် ထုတ်ပြခဲ့တာတောင် မင်းဘက်က စိတ်ထင်တာတဲ့လားးး

“ကိုယ်ဘက်က စိတ်ထင်တာ မဟုတ်တာ သေချာတယ် ကိုယ်ကိုကိုယ်လည်း အာမခံရဲတယ် အဲ့တော့ ချက်ချင်းမငြင်းဘဲ ခရာ စဉ်းစားပေးပါ အခု အဖြေမပေးသေးလည်း ကိုယ်စောင့်မယ်”

“ဟင့်အင် မစဉ်းစားချင်ဘူး ခရာ အဖြေက သေချာတယ် ရှင့်ကို ခရာ ချစ်လာမှာ မဟုတ်ဘူး ပြီးတော့ ဒီဆွဲကြ်ုးကို ပြန်ယူ”

« ရှေ့အခန်း - အပိုင်း(၁၄) နောက်အခန်း - အပိုင်း(၁၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ