ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
ပြသာနာတွေဖြစ်ပြီးတဲ့အချိန်ကစပြီး ခရာက တဇိုင်းဆွဲတာ နည်းနည်း ဆိုင် အရောင်းပိုင်းနေရာကို ရောက်နေတာများများ
“အဲ့တာလေး က ညီမလေးနဲ့အရမ်းလိုက်တယ်”
“ဒါလေးဝတ်ရင် နည်းနည်း ညိုသွားလိမ့်မယ် ခနက ဟာလေးထပ်ဝတ်ကြည့် ဟော တွေ့လား ဒါလေးနဲ့က တော်တော်လေးကို လှတာ ညီမလေးကို မှန်ပြလိုက်ကြဦး”
“ဒီတဇိုင်းလေးက ရိုးတယ် အသစ်ထွက်ထားတာရှိတယ် ကြည့်မလား မမ ပုံက နောက်ဆုံးပေါ်နဲ့မှ လိုက်မယ် ထင်တယ်”
ဒီလိုလေးတွေ ပြောပြီး ရောင်းရတာ ခရာရဲ့ မွေးရာပါ အတက်ပညာလေးပေါ့ လူတွေကို သူတို့နဲ့လိုက်ဖက်တာလေးပြပေးရင်း ရောင်းပေးရင်း ရင်းရင်းနှီးနှီးစကားတွေပြောရင်း ခရာအတွက်
လှုမှုဆက်ဆံရေးကျယ်ပြန့်လာတယ်လို့ ခံစားရသလို
လူတိုင်းရဲ့ ပုံစံမျိုးစုံကိုလည်း မြင်တွေ့လာရတယ်
ဝယ်ယူသူလေးတွေနဲ့ စကားတစ်ပြောပြောရဲ့ ချစ်စရာကောင်းအောင်ပြုံးရွှင်နေပြီး လုပ်ငန်းမှာ တက်ကြွနေတဲ့ ကောင်မလေးကို တံခါးနောက်ကနေ ရွှန်းကြည့်ပြီး ပြုံးနေလေသည်။
“ခရာ မမရွှန်း ခေါ်ခိုင်းလိုက်တယ်”
“အွန်း လာပြီနော်”
ဧည်သည်လေးတွေကို အခြားတစ်ယောက်နဲ့ လွှဲပေးခဲ့ပြီးတာနဲ့
“မမ ခရာကို ခေါ်တယ်ဆိုလ်ု့”
“ဟုတ်ပ ခရာလေးကို ပြောစရာရှိလို့”
“ဟုတ်”
“ခရာက အရမ်းတော်တော့ မမတို့ ရောင်းအား ဒီလထဲ ၂ဆတက်လာတယ်”
“ရှင်”
“ခရာ ရွေးပေးတာတွေ ကြိုက်ကြတာရော ခရာ ရွေးပေးမှ ဆိုပြီး လာကြတာတွေရောနဲ့ အရင်ကထက် မန်းလေးဆိုင်က တော်တော်လေး ရောင်းအားတက်နေတာ အဲ့တာ မမကခေါ်ပြီး ပြောပြတာ”
“ခရာမဟုတ်ရပါဘူး မမရယ် အခြားသူလေးတွေလည်း တော်လို့ပါ အချို့ဆို တစ်ခုပြီးတစ်ခု ရှင်းပြကြတာ ခရာထက်တောင်တော်ကြသေးတယ်”
“ဟုတ်ပါပြီရှင် အကုန်လုံးတော်လို့ပါ ဒါနဲ့ တဇိုင်းက ဘယ်နေ့အပ်မလဲ”
“ညနေ အပ်မယ် မမ”
“အဲ့တာဆို ဇွဲဆီ အပ်လိုက်တော့ ခနနေ သူလာလိမ့်မယ် တဇိုင်းပိုင်းက သူကြည့်တာ”
“ဟုတ် မမ ခရာ အပ်လိုက်မယ်နော်”
မမအခန်းထဲကနေ ခရာထွက်လာလိုက်တာနဲ့ ခရာထဲ တိုးဝှေ့လာတဲ့ ကိုယ်သင်းရနံလေး
အနံလေးရရုံနဲ့ဘယ်သူဆိုတာ ကြည့်စရာမလိုပါဘူး ခရာသိပြီးသားမို့
“MD တဇိုင်းလေး ခရာနဲ့တူတူ လိုက်ကြည့်ပေးပါဦး”
“အင်း”
ခရာနေရာကို ရောက်တာနဲ့ ခရာရဲ့ တဇိုင်းတွေကို ကြည့်ပြီး
“မင်း တော်တော်လေး လက်ရည်မြှင့်တာဘဲ”
အခြားသူတွေဆီက ချီးကျူးသံကြားရင် သာမာန်လိုဆိုပေမယ့် ဇွဲဆီက ကြားရင်တော့ ထခုန်ချင်
လောက်အောင် ပျော်မိတာတော့အမှန်
“အဲ့လောက်လဲ မဟုတ်ပါဘူး”
“ခနနေကျ အရေးကြီး ကိစ္စလေးတစ်ခုရှိလို့ ညကျရင် ငါနဲ့တူတူ လိုတာလေးတွေ ထပ်ဖြည့်ရအောင် ပြီးရင် မနေ့ဖြန် ဒီတဇိုင်းကို အကြမ်းထည် စအပ်ကြမယ်”
“ဟုတ်ကဲ့ MD”
~~~~~~~~~~~~
“မင်းလည်း ပျောက်ချက်သားတွေကောင်းနေလိုက်တာ ဇွဲရာ”
သူငယ်ချင်းတွေ ထိုင်နေရာ barလေးမှာ လူစုံနေလို့ တဂွမ်ဂွမ် ဖုန်းဆက်ပြီး ခေါ်တာကြောင့် မလာရင်လည်း ပြောမှာစိုးလို့ လာလိုက်ရသည်။
“သွားပြောမနေနဲ့ ဟိန်း သူက ငါတို့ရွာသူလေးကို ရင်အုပ်မကွာ စောင့်ရှောက်နေတာ”
“တကယ်ကြီးလား အသဲစားလေးက ဒီခါ ရွာသူလေးကို စားတော့မှာလား”
ဝိုင်းပြီး စနောက်နေကြတဲ့ သူငယ်ချင်းတွေကို ဘုကြည့်ကြည့်ပြီး
“ဟျောင်တွေ ပေါက်ပန်းလေးဆယ်ပြောမနေကြနဲ့နော်”
“အဲ့တာဆို ပြောစမ်းပါဦး ငါတို့ရွာက ကောင်မလေးနဲ့မင်းရဲ့အခြေအနေ”
“ဘာအခြေအနေရမှာလဲ သူအလုပ်သူလုပ် ငါ့အလုပ် ငါလုပ်လေ ဘာဖြစ်ရမှာလဲ”
“ဟုတ်လို့လား ဇွဲရာ ရွာကအပြန်တုန်းကတောင် ငါနဲ့ကျော်ခန့်ကို မင်းအစ်ကိုကားနဲ့လိုက်ခိုင်းပြီးတော့”
“အပိုတွေမပြောနဲ့နော် အဲ့ဒါအတွက် စိတ်ကြိုက် မြိုပြီးပြီမလား မင်းတို့ နှစ်ကောင် ဒီကောင်တွေကိုလည်း ဖောက်သည်ချပြီးပြီမလား”
“နည်းနည်းပါ”
ကျော်ခန့်နဲ့သီဟ ဆိုတဲ့နှစ်ကောင်က ဇွဲ အကြောင်းကို အကြောင်းစုံသိနေတဲ့ သူတွေမို့ ဒီလိုနေရာမှာလဲ ဖွာပြီးပြီ ဆိုတာ သူအသိဆုံး
“ဇွဲ မင်း သောက်လေ”
“ငါမသောက်တော့ဘူး”
ခါတိုင်းဆိုရောက်တာနဲ့ ချက်ချင်း ကြွက်တွင်းလို သောက်တဲ့ကောင်က ခွက်ကို လုံးဝမထိတာမို့ မေးမိလိုက်တာ မသောက်ဘူးဆိုတဲ့အဖြေကြောင့်
“ဘာလဲ စကားတွေတောင် နားထောင်နေပြီပေါ့”
“ငါက ဘယ်သူ့စကားနားထောင်ရမှာလဲ ငါစိတ်နဲ့ငါလေ ငါစိတ်ကို ငါ့အစ်ကိုတောင် အမိန့်လာပေးလို့ မရတာ မင်းတို့သိပါတယ်”
ချက်ချင်းဆိုသလို အအေးတစ်ဘူးကို ဖောက်ပြီး သောက်နေတဲ့ ဇွဲကြောင့် တစ်ဖွဲ့လုံး ဇွဲမသောက်တာကို တအံ့တဩ
“ငါကို ဝိုင်းကြည့်မနေကြနဲ့ မြိုမှာမြိုကြ”
“မင်း သောက်မယ်ထင်လို့ ကြေးမြှင့်တာတွေ မှာထားတာ အခုတော့”
“နိုးနော် ငါရှင်းမပေးနိုင်ဘူး အရင်ကလို သုံးချင်တိုင်းသုံးလို့မရတော့ဘူး”
“ဘာ”
သူငယ်ချင်းတွေ အံ့ဩလည်း အံ့ဩချင်စရာပါ အရင်ကဆို သူစိတ်ရှုပ်တာဖြစ်ဖြစ် စိတ်ပျော်တာဖြစ်ဖြစ် ဘော်ဒါတွေကို မပြောနဲ့ barတစ်ခုလုံးကိုတောင် ငွေရှင်းပေးတာ တစ်လကို သုံးလေးခါမက
အခု တစ်ဝိုင်းလေးရှင်းဖို့တောင် တွန့်ဆုန်နေသည်။
ဘာလို့ မသောက်မိလဲ ငွေတွေ အရင်ကထက် ပိုစုမိချင်နေသလဲ ကိုယ်ကိုကိုယ်လဲ မသိသေးဘူး သေချာတာကတော့ သူ့နှလုံးသားလေး နိုးထလာတာများလားးးးးးးး
အခန်းမှတ်ချက်များ (0)