ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
“ဦး ဘယ်ခေါ်လာတာလဲ”
“အပေါ်ထပ် တက်မလို့လေ”
ဦးပိုင်တဲ့ ဟော်တယ်တဲ့ အမြှင့်ဆုံးအထပ်ကို ခေါ်နေတဲ့ဦးကြောင့်
“ဦးကလည်း ဒီဖက်ရှင်လည်း ကြည့်ပါဦး ပါတီ လုပ်လို့ရမှာကြလို့”
“ဘာဖြစ်တုန်း အပေါ်မှာ ဘယ်သူမှ မရှိဘူး ဦးရှင်းခိုင်းပြီးသား ကလေးနဲ့နေဝင်ချိန် ကြည့်ချင်လို့”
“အွန်း အဲ့ဒါဆို ပြီးတာဘဲ”
ဘာမှမသိဘဲ လိုက်လာတဲ့ကောင်မလေးက ပျော်ရွှင်နေပေမယ့် ရင်ခုန်နေတဲ့ မဟာကတော့ လက်တွေတောင် အေးခဲနေလေရဲ့
“တောင်”
ဓာတ်လှေခါးလေးပွင့် လာတဲ့အချိန် ပထမဆုံး မြင်ကွင်းလေးက ပန်းခင်းလမ်းလေး
“ဟင်”
ကြောင်တောင်တောင်လေးနဲ့သူကို ပြန်ကြည့်နေတဲ့ ကလေးကို လက်လေးဆွဲပြီး
“လာ”
“ဦး”
ကျယ်ပြန့်လွန်းလှတဲ့ နေဝင်ချိန်လေးကို နောက်ခံထားပြီး Marry meဆိုတဲ့ စာကြောင်းကြီးက ပန်းတွေ ပူဖောင်းပန်းရောင်လေးတွေနဲ့
“လာ ကလေး”
“ဘာတွေ လျှောက်လုပ်နေတာလဲ”
“ချစ်လို့လေ”
ပါလေးကို တစ်ချက်နမ်းပြီး ရွှန်းလေးရှေ့ ဒူးထောက်ထိုင်ကာ
“ကလေး ဦးကို လက်ထပ်ပါနော်”
“အဟင့် အဟင့် ဟင့် အီးးးဟီးးးး”
မျက်ရည်တွေ ဝဲပြီး ရှိုက်ကြီးတငင် ငိုနေတာမို့ မဟာ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး
မဟာအတွက် ကလေးမျက်ရည်က အရေးကြီးဆုံးမို့ ကလေးစိတ်ဆန္ဒမပါဘဲ ဇွတ်လုပ်မိခဲ့လို့များလား
“ကလေး ဦးက ကလေးဆန္ဒကို ဦးစားမပေးစလို ဖြစ်သွားရင် တောင်းပန်ပါတယ် ကလေးရယ်နော် မငိုပါနဲ့ ဒါတွေမရှိခဲ့ဘူး သဘောထားလိုက် ဦး ဖျက်လိုက်မယ်”
ပျော်လို့ငိုပေမယ့် ဦးပြောလာတဲ့ စကားများကြောင့်
“ဘာတွေ ပြောနေတာလဲ ပျော်လို့ပါဆို”
“ဟောဗျာ”
“လက်စွပ် စွပ်ပေးတော့လေ”
လက်လေးရှေ့ထုပ်ပေးပြီး လက်စွပ်စွပ်ခိုင်းနေတဲ့ ကောင်မလေးကို အသဲပေါက်မတက် ချစ်နေတာကြောင့်
“အွန့်”
တင်းကြပ်စွာဖက်ပြီး နှုတ်ခမ်းလေးကို နမ်းရှိုက်နေတဲ့ ဦး
“ကိုကြီး တော်ရုံဘဲ လုပ်ပါ မနမ်းရမှာကျလို့ သူ့ကျမှ ပြောင်းပြန်လုပ်နေတာ လက်စွပ် အရင် စွပ်
ပေးလိုက်ဦး”
ဇွဲပြောတော့မှ လွတ်လေးလိုက်ပြီး ရွှန်းကလေး ရှက်နေကာ မဟာ လက်စွပ် စွပ်ပေးလိုက်ပြီး
“အရမ်းချစ်တယ် ကလေး ကလေးလေးရဲ့ ဘဝမှာ တောင်းတစရာမလိုဘဲ ပြည့်စုံစေရမယ်လို့ ဦး ဂတိပေးတယ်”
“ဟုတ်”
ဘေးကကြည့်နေတဲ့သူတွေကို အခုမှ အကုန်လုံးရွှန်းကြည့်မိတော့ မေမေရောဘိုးဘိုးရော ဘွားဘွားရော
“မေမေ ဘွားဘွား”
ရွှန်း ပြေးဖက်လိုက်ပြီး
“မေမေသမီးလေး ကံကောင်းပါတယ်ကွယ်”
“ဘွားမြေးကို စိတ်ဆိုးအောင် လုပ်ရင် ဘွားကိုတိုင်နော်”
“အဘိုး မြေးလေး လူရွေးမှန်တယ် မြေး”
~~~~~~~~~~~~~~
လက်ထပ်ခွင့် တောင်းအပြီး တောင်းရမ်းပွဲ စေ့စပ်ပွဲ မင်္ဂလာပွဲတွေကို တစ်လထဲမှာ တစ်ခါတည်း စီစဉ်ပြီး
“ဦး အရမ်းပင်ပန်းနေပြီနော်”
“အင်း ဦးတို့ပြန်ကြစို့လေ”
နောက်ဆုံး ညစာစားပွဲလေးမှာ လမ်းလျှောက်ရတာ ညောင်းလို့ ဂျီကျနေတဲ့ပေါက်စလေး
ပွဲတိုင်းမှာလည်း ဟိုဟာမလုပ်ချင်ဘူး ဒီဟာမလုပ်ချင်ဘူး နဲ့နည်းမျိုးစုံသုံးပြီး ရစ်လည်း ရစ်နိုင်တဲ့ ရစ်လုံးလေးပါ
“ရဲရင့် ငါတို့ပြန်တော့မယ် မင်းကြည့်စီစဉ်လိုက်တော့နော်”
“ဟုတ်ကဲ့ ဥက္ကဌ”
ကောင်မလေး ငါးယောက်ကို ဘေးထားပြီး ပျော်ပါးနေတဲ့ ရဲရင့်ကို မဟာတွေ့လိုက်ပြီး
“ကလေး ခန ဟိုကောင် ဆီသွားမလို့”
ဦးပြောမှကြည့်မိတယ် ဒင်းက ဘယ်လောက်ပြောပြောမရဘူး တက္ကသိုလ်တက်တော့ ပိုတောငိဆိုးလာသေးတယ် မိန်းမမှိုင်းမိနေသလေားတောင် ထင်ရတယ် ဝါသနာပါတဲ့ တက္ကသိုလ်မှာတော့ အမြဲ တစ်
ဖြစ်နေပြီး စိန်ဆိုင်တွေကို တက္ကသိုလ်တက်ရင်းပထမနှစ်နဲ့ဖွင့်လာတာ ချက်ချင်း အောင်မြင်ခဲ့တာတော့ မပြောနဲ့
ရွှန်းရဲ့လက်ထပ်လက်စွပ်နဲ့မင်္ဂလာလက်စွပ်ဆို သူကိုယ်တိုင် တဇိုင်းဖော်ပေးခဲ့တာ ရွှန်းမှာ ကြိုက်လွန်းလို့ အခု ဇွဲရဲ့တဇိုင်းတွေဆို ဆန်းသစ်လွန်းလို့ နိုင်ငံတကာက အော်ဒါတွေ တန်းစီရတဲ့ထိ အောင်မြင်နေသလို မိန်းကလေးတွေ ကြားမှာလည်း ရုပ်ရည်လေးနဲ့ပညာ ကြွယ်ဝမှုတွေကြောင့် အတော်လေး အောင်မြင်နေလေရဲ့
မသိတဲ့သူများဆို မိန်းမတွေနဲ့ ပတ်သတ်ပြီး အငြိုးရှိတယ် ထင်ကြမှာ သူကတော့ အဲ့လိုမဟုတ်ဘဲ စိတ်ထွက်ပေါက်လို ပျော်နေလေရဲ့ ဇွဲလေး တကယ်ချစ်တဲ့သူတွေ့လာရင် ဒီကိစ္စနဲ့ပြသာနာတက်ကြမှာ မြင်ယောင်သေးတယ်
အခန်းမှတ်ချက်များ (0)