Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိုင်း(၂၀)

ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ

၄နှစ်ခန့်ကြာသော်

“ကလေး ဦးတို့ လက်ထပ်ကြစို့လေ”

“ဟာ ဦးကလည်း အစောကြီးရှိသေးတယ်”

အငြင်းခံလိုက်ရတဲ့ မဟာရဲ့မျက်နှာကြီးကတော့ အလိုမကျမှုဖြင့်

“ကလေးရယ် ၅နှစ်တောင် ကျော်နေပြီ ကလေးလည်း ဘွဲ့ရပြီလေ ဦး ကြာရင် အဘိုးကြီးဖြစ်တော့မယ်”

“ဟီး သူကိုယ်သူတော့ အဘိုးကြီး ဖြစ်မယ်ဆိုတာ သိသားဘဲ”

“ကလေးနော် လက်ထပ်ကြစို့ကွာနော် လုပ်ပါ အချစ်ကလေးရဲ့နော်”

မြန်မာနိုင်ငံရဲ့အကြီးဆုံး လုပ်ငန်းစုကြီး ဖြစ်တဲ့ HMလုပ်ငန်းစုကြီးရဲ့ ဥက္ကဌကြီးက လိုချင်တာဆို တစရာမလိုအောင် ပြည့်ဝနေပေမယ့်

သူတောင်းဆိုတောင်းမပြည့်တာတော့ သူရှေ့က ထိုင်နေတဲ့ ကလေးပေါက်စရဲ့ လက်ထပ်ခွင့်ဘဲ

“ဦးနော် စောသေးတယ်ဆို”

“ဟာ ကလေးကလည်း ဘွဲ့ယူပြီးပြီလေကွာ”

“ဦး ရွှန်းကို လေသံမာမာနဲ့ပြောလိုက်တာလား”

သူ့ အသံလေးမာသွားတာသိပေမယ့် စိတ်တိုလို့မဟုတ်ဘဲ တောင်းဆိုမှု မြင့်သွားတာပင်

“မဟုတ်ပါဘူး ကလေးရယ် အသံ လှိုင်းလေးတက်သွားတာပါ”

“အခုတော့ အသံလှိုင်းတောင် တက်ချင်နေကြပြီ ဒါတောင် ဖြစ်တာ ငါးနှစ်ရှိသေးတယ် ဟိန်းချင် ဟောက်ချင်နေပြီ ရလို့ကတော့ ဝါးစားမလားတောင် မသိဘူး”

သူ့အရှေ့မှာ ထိုင်ပြီး Dremaချိုးနေတဲ့ ကောင်မလေးကို အူယားလာကာ

“အဟက် ဝါးမစားပါဘူး ငုံထားမှာ ဦးရဲ့ အာဂတွင်းလေးထဲ ငုံထားမှာ”

“မငုံနဲ့”

“ငုံမှာဘဲ”

“ငုံချင်ရင် ချိုချဉ်ဝယ်”

“ဦးရှေ့မှာ ချိုချဉ်လေးထိုင်နေတာကို တန်းငုံရုံဘဲ”

“ဦးနော်”

စရင် ပိုစိတ်ဆိုးတာလေးက သူရဲ့အသည်းတွေကို လှုပ်နိုးနေသလားတောင် ထင်ရတယ် အူယားလွန်းလို့

“အဟက် လာပါဦး ချိုချဉ်လေးကို ငုံချင်လို့”

မျက်နှာလေးကို လက်ဖုဝါးလေးနဲ့အုပ်ပြီး ဆူနေတဲ့နှုတ်ခမ်းလေးကို

“ဦး ဖယ်နော် အနိုင်လာမကျင့်နဲ့ အွန့်”

တားဆီးနေပေမယ့် အကျူးကျော်ခံလိုက်ရတဲ့ နှုတ်ခမ်းလေး ချိုလွန်းလို့ လွတ်တောင် မလွှတ်ချင်ဘူး အချိန်အတော်ကြာမှ

“ဦး မကျင့်ပုတ်ကြီး”

“ငါးနှစ်တိတိ ဒီချိုချဉ်လေးကို စားရတာ မဝဘူး သောက်လေ သောက်လေ အငတ်မပြေလေးဘဲ ဦးအသဲလေး”

“ဖယ်ပါ မကပ်နဲ့”

“ကပ်မှာဘဲ ချစ်လွန်းလို့ ဒီကောင်မလေးကို”

ရုန်းနေပေမယ့် အတင်းအကြပ်ကို ဖက်ထားတဲ့ဦးကြောင့် လက်လျော့ လိုက်ရတော့သည်။

~~~~~~~~~~~~~~~

“အကုန်စီစဉ်ပြီးပြီလား ရဲရင့်”

“ဟုတ်ကဲ့ ဥက္ကဌ ပန်းတွေကစ ပြင်ဆင်ပြီးပါပြီ”

ရွှန်းလေးကို လက်ထပ်ခွင့်တောင်းဖို့ ကြံစည်နေတဲ့ မင်းမဟာသွေးရယ်ပါ

“အင်း လက်စွပ်ကို ငါဝင်ယူပြီး ကလေးကို တစ်ခါတည်း ဝင်ခေါ်ခဲ့မယ် မင်းတို့အဆင်သင့်ပြင်ထား”

“ဟုတ်ကဲ့ စိတ်ချပါ ဥက္ကဌ”

ဘယ်နေရာမဆို တည်ငြိမ်စွာ ဆုံးဖြတ်ချက် ချနိုင်တဲ့ မဟာက ကလေးနဲ့ပတ်သတ်လာရင် ဘယ်အရာမဆို တုန်လှုပါနေဆဲ အခုလို လက်ထက်ခွင့်တောင်းတာမျိုးဆို ပိုဆိုးရောပေါ့

“ကလေး ဦးလာခေါ်မယ် အဆင်သင့်ဖြစ်ပြီလား”

“ဦးကလည်း ဝတ္ထုဖတ်လို့ကောင်းနေတုန်း”

ဒီဟာလေးကလေ သူမှာတော့ ရင်ခုန်လွန်းလို့ လမ်းတောင် မနဲလျှောက်နေရပေမယ့် သူလေးကတော့ ဝတ္ထုတောင် ဖတ်ကောင်းနေတုန်း

“နာရီကြည့်ဦး အချစ်ကလေး ဦး ၃နာရီ လာခေါ်မယ် ပြောတယ်လေ အဆင်သင့်မလုပ်ထားဘူး”

“ဦးကလည်း မေမေနဲ့ဘိုးဘိုးမှ မရှိတာ အိမ်စောင့်နေခဲ့ရတာလေ”

ဟုတ်သားဘဲ အဘိုးနဲ့အန်တီက သူခေါ်ထားလို့ ပွဲမှာရောက်နေတာဘဲ

“မစောင့်နဲ့တော့ အခု ဦးလာခေါ်မှာ ရောက်တော့မယ် ခနနေရင်”

“ဟုတ် ဟုတ်”

ဟော အိမ်ရှေ့မှာ ထွက်စောင့်နေတဲ့ သူရဲ့အသဲလေး ကာတွန်းအဝါရောင် ဝမ်းဆက်လေးနဲ့ဒီနေ့မှာ ဖိနပ်လဲ လဲဖို့မေ့နေတယ် ထင်ပါရဲ့ ကြက်ပေါင်ဖိနပ်အဝါလေးနဲ့

“အကျီလဲဦးမလားကလေး”

“မလဲတော့ပါဘူး မုန့်စားရုံဘဲကို ဦး ဖိနပ်ကိုကြည့် ဟီး”

ဒီကလေးလေးကတော့ကွာ ပြီးရင် သူမလှလို့ စိတိကကောက်ဦးမယ် မတက်နိုင်ဘူး ဒီပုံစံလေးက မျက်လုံးထဲမှာ ချစ်စရာအကောင်းဆုံရဘဲ

“အဟက် တက် သွားကြစို့”

“ဟုတ် ဦး”

« ရှေ့အခန်း - အပိုင်း(၁၉) နောက်အခန်း - အပိုင်း(၂၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ