ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
“ကျီ”
ချက်ချင်းဆိုသလို ကားပေါ်ကဆင်းလိုက်ပြီး
“ရွှန်းလဲ့ကြည်လင်”
ရွှန်းနာမည်ခေါ်သံကြားလိုက်တာမို့ ကြည့်လိုက်တော့
Mercedes G63 AMGအဖြူကားလေးရှေ့မှာ လက်ကြီးပိုက်ရပ်နေပြီး မျက်နှာကလည်း ရေခဲရိုက်ထားလို အေးစက်မာကြောမှုကအပြည့်
“ရွှန်း နင့်ကို ခေါ်လိုက်တာထင်တယ်”
“အင်း ငါသွားတော့မယ်”
“မိုက်လိုက်တာရွှန်းရာ G63 AMGကားက အခုချိန်စျေးဆို သိန်း၃သိန်း၃သောင်းကျော်တယ်”
ရွှန်း သူငယ်ချင်းဘုန်းခန့် ပြောတော့မှ ရွှန်း အံ့ဩသွားရပြီးစျေးကြီး ကားတွေအမျိုးမျိုးပြောင်းစီးနေတဲ့သူကြီးက ကားတွေကြိုက်တယ်ထင်ပါရဲ့
“ငါသွားပြီနော်”
“မင်း ငါရပ်စောင့်နေတာကို မြင်လား”
“မြင်လို့ ပြေးလာတာလေ”
ချက်ချင်းမလာဘဲ ဘေးကကောင်နဲ့စကားပေါ်နေတာကို ချက်ချင်းလာတယ် ပြောနေတယ် ဟာမလေးကို ကိုက်ပေါက်ပစ်လိုက်ချင်ပေမယ့်
“တက် ကားပေါ်”
“ဟုတ်”
”မင်းနောက်ခါ ငါ စောစော လာကြိုမယ် ဝိုက်မနေနဲ့ ကြားလား”
“မဝိုက်ပါဘူး ပြီးတာနဲ့ တန်းဆင်းတာဘဲကို”
ကြည့်ဦး တစ်လုံးတစ်လုံး ပြန်ပြောနေတာ ဟုတ်ဆိုရင် ပြီးနေတာကို
အလိုမကျတဲ့ မျက်နှာကြီးနဲ့ ခနထဲက ရွှန်းလေး ယောကျာ်းလေးတွေနဲ့ စကားပြောတာကို ဖင်တကြွကြွဖြစ်နေတဲ့ ဥက္ကဌကို နောက်ကြည့်မှန်ထဲက ကြည့်ပြီး ရဲ့ရင့် ရီချင်တာကို မနည်းအောင့်ထားရသည်။
“အဘွားကြိုခိုင်းလို့ ငါကလာကြိုရတာ အားနေတယ် ထင်မနေနဲ့ မင်းသူငယ်ချင်းတွေနဲ့စကားပြော နှုတ်ဆက်နေတဲ့ချိန်ထိ ငါမစောင့်နိုင်ဘူး”
စွာလိုက်တဲ့ လူကြီး ကောင်းကောင်းမွနိမွန် ပြောလည်းရတာကို အရမ်းလာဆူနေတာမို့
“ရွှန်းကို မဆူပါနဲ့ ဦးလာမကြိုလည်း ရတယ် ရွှန်း အဘွားကို ပြောလိုက်မယ်”
ပြောရင် တစ်လုံးမှ နားမထောင် အခု ဆူလည်းမဆူဘဲ အသံမာတာကို ဆူတာနဲ့ အဘွားနဲ့က ပြောဦးမယ်
ဒီပေါက်စလေးနဲ့တော့
“ဟာ ဟိတ် အဘွားကို တိုင်မှတော့ ငါဆူခံရမှာပေါ့ မင်းငါ့ကို ဆူခံစေချင်နေတာလား”
ခုကျတော့လည်း သူမဟုတ်တဲ့အတိုင်း မျက်နှာငယ်လေးနဲ့
“မဟုတ်ပါဘူး”
“အဲ့တာဆို မပြောနဲ့ ငါလာကြိုမယ် မင်းသူငယ်ချင်းတွေနဲ့လည်းပြော ဒါပေမယ့် မကြာနဲ့”
“ဟုတ်”
ငါဘာလို့ ဒီလိုတွေ ပြောမိနေတာပါလိမ့် ငါလည်း မအားဘူး မင်းအဘွားကို ပြောလိုက်တော့ ပိုကောင်းသွားတာပေါ့လို့ ပြောရမှာလေ ကျစ် ဒီလို လက်တောက်လောက်လေးနဲ့မှ ဘာဖြစ်နေမှန်းကို မသိဘူး
~~~~~~~~~~~~~~~~
“ဘွားရေ ဘွားရေ”
“ဟိတ် ဖြေးဖြေး ချော်လဲမယ်လေ ဒီကောင်မလေးနဲ့တော့”
ကားပေါ်က ဆင်းပီး အိမ်ထဲကို ကလေးပေါက်စလေးကို အပြေးအလွှားသူ့နောက်ကဆင်းပြီး ချော်လဲမှာစိုးလို့ ပြောနေရသည်။
ဒီကောင်မလေးနဲ့တော့ ငါ့အဘွားကို သူအဘွားကျနေတာဘဲ အပိုင်များသိမ်းမလားထင်ရတယ် အဘွားနဲ့တစ်ရက်တောင် ဒီလိုရင်းနှီးနေတာ ရွယ်တူသူငယ်ချင်းတွေနဲ့ ပထမဆုံးရက်သင်တန်းအချိန် ၃နာရီလေးကို ရင်းနှီးတာမစမ်းတော့ဘူး
”မြေးလေး ရောက်ပီလား”
“ဟုတ် ဘွား ဟီး”
“ပင်ပန်းသွားပြီလား သင်တန်းတက်ရတာ”
“အခု အဘွားကို တွေ့လို့ အမောပြေသွားပြီ မပင်းပန်းတော့ဘူး”
“ဟာ အတက်ကလေး”
အဖွားကို ဖက်ပြီး ချွဲနေတာများ အဘွားက ပျော်နေတာ တစ်ခါမှမမြင်ဖူးပါဘူး အမြဲတမ်း ဩဇာအာဏာကြီးမားလွန်းတဲ့အဘွားရဲ့ ဒီလိုပုံကို မြင်ရအောင် လုပ်ပေးတဲ့သူလေးကို မဟာကြည့်ပြီး ပြုံးနေသည်။
“မြေးလေး လာနေ နေ့လည်စာစားရအောင်”
“ကျွန်တော်ကို သတိတော့ရသေးသားဘဲ”
“လာပါ သမီးရဲ့အစ်ကို ကောက်နေတာ ကြည့်ဦး”
“ဟုတ်ပအဘွားရယ် ဟား…”
“မင်းငါ့ကို ရီလိုက်တာလား”
“မရီပါဘူး”
“မင်းနော် မင်း ငါလက်တစ်စုတ်စာလေးဘဲ ရှိတာ လူကြီးကို ပမာမခန့်နဲ့”
“မင်းငါ့မြေးကို ဘာမှပြောစရာမလိုဘူး”
ရွှန်းရဲ့ရှေ့မှာ အဘွားကကာပြီး ဦးကို ဆူတော့ ဦးက စိတ်ဆိုးသွားတယ်ထင်ပါရဲ့ ခုံမှာ ထိုင်ပြီး ဘာမှမပြောတော့ဘူး ဒီလူကြီး အသက်က ရွှန်းထက် ၈နှစ်လောက် ကြီးတာကို ကောက်ပြနေတာ
“ဦး ထည့်စားလေ”
ငါ့ကိုများထည့်စားတဲ့ ဧည့်သည်က အိမ်ရှင်ကို ပြန်ကျွေးနေတာများ
“ငါ့လက်ပါတယ် ငါ့ဘာသာ ထည့်မယ်”
“မင်းကွယ် ကလေးက ထည့်ပေးတဲ့ကိစ္စကို မစားလည်းနေ မြေး ကိုယ့်ဘာသာစား ထည့်ပေးမနေနဲ့”
ဒီကောင်မလေးရှေ့ အဘွားက အထပ်ထပ် ဆူနေတာမို့ သူတကယ် စိတ်မကြည်တော့ပါ
ရွှန်းတို့ ထမင်းစားပြီးတော့ ဦးက ကုမ္မဏီ ပြန်သွားမလို့ ထင်ပါရဲ့ အပေါ်ထပ်ကနေ ရေချိုးပြီး ဆင်းလာတာ
မွှေးလိုက်တာ ဦးဆီက ကိုယ်သင်းနံလေးက အနားကနေတောင် မခွါချင်ဘူး ရွှန်းရင်ထဲမှာလဲ တစ်ခါမှ မခံစားရဘူးတဲ့ ရင်ခုန်ဖူးဆိုတဲ့ အရာများလား မရပ်တန့်နိုင်ဘူး
“ဦး ကုမ္မဏီ ပြန်သွားတော့မလို့လား”
“အင်း”
“ညနေ ဘယ်ချိန် ပြန်လာမှာလဲဟင်”
“ဒီနေ့ ၃နာရီကျော်လောက်ပြန်လာမှာ ဘာလို့လဲ”
“ရွှန်းလေ ရွှန်း”
ပြောမယ့်စကားကို မပြောဘဲ စဉ်းစားနေသလိုလေး လုပ်နေတဲ့ကောင်မလေးကို အူးယားနေတဲ့ မဟာ
“ပြောလေ ဘာလဲ”
“ရွှန်း ဒီကလေ ရွှေပုဇွန် ကွတ်ကီးနဲ့အဲ့ဒီက နွားနို့ စားချင်လို့ ဝယ်ခဲ့ပေးမလားဟင် ခနလေးနော် ဦး”
မှာချင်တာမှာပြီး ခနလေးဆိုတာ လွယ်အိတ်ထဲက ပိုက်ဆံအိတ် ထုတ်နေတယ် ထင်ပါရဲ့
“ဘယ်လောက်ကျမလဲတော့ ရွှန်း မသိဘူး ဒါပေမယ့်
၂သောင်းဆို လောက်လားဟင်”
ပိုက်ဆံအိတ်ထဲမှာလည်း ပိုက်ဆံများများစားစားမရှိ အကြွေတွေနဲ့ တစ်ထောင်တန်တွေကို ခုံပေါ်ချပြီး ၂သောင်းပြည့်အောင် ရီပြီးမှ သူ့ကိုပေးကာ
“ငါ့ကို အဲ့အကြွေတွေပေးပြီး မုန့်ဝယ်ခိုင်းနေတာလား”
“ရွှန်းထဲလည်း အဲ့ဒါဘဲ ရှိတာဦးရဲ့ ၁သောင်းတန်တွေမရှိဘူး”
“ထားလိုက်တော့ ငါဝယ်ခဲ့မယ် မင်းပိုက်ဆံတွေမင်းယူထား ချိုချဉ်စားတဲ့ အကြွေတွေကို ငါ့ကို လာပေးနေတယ်”
“ဟုတ် ဦး ကျေးဇူးဘဲနော် ဉီးပြန်လာတာကို မျှော်နေမယ်နော်”
မဟာနှုတ်ဆက်နေတဲ့ ကောင်မလေးက်ုကြည့်ပြီး တစ်ခါမှ မျှော်နေမယ်လို့ အပြောမခံရဖူးပေမယ့် မျှော်နေမယ့်သူလေးရှိနေတယ်ဆိုတဲ့ ခံစားချက်ကြောင့် ကုမ္မဏီတောင် မသွားချင်လောက်အောင်ပင်…….
အခန်းမှတ်ချက်များ (0)