ဘီလီယံတာသူဌေးလေးရဲ့ချစ်သူ
ကျယ်ဝန်းလှတဲ့ ဥက္ကဌရုံးခန်းကြီးထဲမှာ တစ်ယောက်ထဲ အလုပ်လုပ်နေရင်း မျက်နှာကြီးကအလိုမကျမှုအပြည့်ဖြင့် တင်းမာနေပုံက ကြောက်စရာကောင်းလွန်းနေသည်။
မဟာအလုပ်လုပ်နေရပေမယ့် ခါတိုင်းရက်တွေနဲ့မတူဘဲစိတ်က အိမ်ကိုပြန်ချင်စိတ်အပြည့်
ကျစ် ဒီနေ့မှ ဘာဖြစ်နေမှန်းကို မသိဘူး ဘာလုပ်လုပ် အဆင်မပြေဘူး အိမ်ဘဲစောပြန်တော့မယ်
“အာကာ ဝင်ခဲ့”
စာပွဲခုံပေါ်က ဖုန်းလေးကို နှိပ်ပြီး ခေါ်လိုက်တော့မှ အာကာ အခန်းထဲ ဝင်လာပြီး
“ငါတို့ အိမ်ပြန်မယ်”
“ဗျာ”
အရင်ကဆို အိမ်ပြန်ရမယ့်အချိန်တောင် ညထိ အလုပ်တွေ ဆက်လုပ်နေတဲ့ဥက္ကဌက
နေ့လည်၂နာရီထိုးရှိသေးတယ် အိမ်ပြန်မယ်ပြောနေတာ အိမ်က ရွှန်းလေးကြောင့်ကလွှဲရင် ဘယ်သူရှိမှာလဲ
“ငါက ထပ်ပြောနေရဦးမှာလား”
“မဟုတ်ပါဘူး ကားထုတ်ခဲ့လိုက်ပါ့မယ်”
“ငါ ရွှေပုဇွန် ဝင်ဦးမှာ အဲ့ဒီအရင်သွား”
“ဟုတ်ကဲ့”
မဟာ ရွှေပုဇွန်ရောက်တော့ ရွှန်း မှာတဲ့ ကွတ်ကီးနဲ့နွားနို့အပြင် အသစ်ထွက်တဲ့ မုန့်တွေ ကိတ်တွေပါ ဝယ်လာခဲ့သည်။
“တီ တီ တီ”
ရွှန်း အိမ်ရှေ့က ကားဟွန်းတီးသံ ကြားတာကြောင့်
“ဘွားဘွား ဦးပြန်လာပြီထင်တယ်”
“အစောကြီးဘဲ မြေးရဲ့ သူ ပစ္စည်းမေ့လို့ လာယူခိုင်းတာနေမှာ”
“ဦးပါရင်ပါမှာ သမီး သွားကြည့်လိုက်မယ်လေ”
“သဘောပါရှင်”
ဘွားဘွားအခန်းထဲမှာ ဇာတ်ကားကြည့်နေရာကနေ ရွှန်းပြေးဆင်းလာတော့ အိမ်ထဲ ဝင်လာနေတဲ့ဦး
“ဦး တကယ်ပြန်လာတာဘဲ”
အပေါ်ထပ်လှေကားကနေ အမြန်ခုန်ပေါက်ပြီး ဆင်းလာတဲ့ ကလေးကြောင့်
“ဟိတ် ဖြေးဖြေး ဆင်းလေ လှဲရင် ဘယ်လို လုပ်မလဲ”
ပြောတုန်းရှိသေး အောက်ဆုံးအဆင့်မှ ခြေခေါက်ပြီး လှဲကျသွားတဲ့ ရွှန်း
“အာ့”
“ကျစ် ပြောနေတဲ့ ကြားထဲကနေကိုကွာ ခိုင်းမိမှာမို့လို့ပြောနေတာကို ဘာလို့ ဒီလောက်ပြေးဆင်းလာတာလဲ”
အော်ဆူတာမျိုးမဟုတ်ပေမယ့် ကိုယ့်အသံကိုယ်ကျယ်သွားတာတော့ သိတာမို့
လှဲကျနေတဲ့ပေါက်စလေးကတော့ ဆူခံရလို့ ငိုနေပါပြီ
“ရွှန်းလဲ ဦးကိုမြင်လို့ ပျော်သွားလို့ပါ ဟီးးအီးးးး”
သူ့ကလေးလေး ငိုနေတာကို မြင်ရတော့ မဟာစိတ်ထဲမှာလည်း တဆစ်ဆစ်နဲ့နာကျင်နေသလို
ခြေထောက်လေးကိုင်ကိုင်ပြီး ငိုနေထဲက ခြေထောက်နာနေပြီ ဆိုတာသိလို့ ပွေ့ချီလိုက်ပြီး
“မငိုနဲ့တော့ ဆက်ငိုနေရင် ပါလာတဲ့မုန့်တွေ တစ်ခုမှ မကျွေးဘူး”
“ဟင် မငိုတော့ပါဘူး ဟင့်”
ပွေ့ချီထားတော့ သူရင်ခွင်ထဲကနေ တရှုံ့ရှုံ့ငိုနေတဲ့ ကလေးက အသံလုံးဝမထွက်တော့တာကြောင့် မဟာ ပြုံးလိုက်သည်။
မုန့်နဲ့ဆို လုံးဝအသံကို မထွက်တော့ဘူး တက်လည်း တက်နိုင်တဲ့ကလေးလေး
“မြေး ဘာဖြစ်တာလဲ”
အောက်ထပ်မှာ ဆူညံ့သံတွေကြားလို့ မေးကြည့်တော့မှ
“အဘွား မြေး လှေကားပေါ်က ကျတာလေ ပြေးဆင်းလာတာ”
“ဟော်တော် မြေးရယ်”
“ဒီမှာထိုင် ကလေး အာကာ အခုချက်ချင်း ဒေါက်တာဟိန်းကမ္ဘာလင်းကို ဖုန်းဆက်လိုက်”
ဟိန်းကမ္ဘာလင်းဆိုတာ မဟာနဲ့ညီအစ်ကိုလို ခင်မင်ရင်းနှီးတဲ့အပြင် မဟာအိမ်ရဲ့ မိသာစုဆရာဝန်လိုပင်
(ဒေါက်တာ ဟိန်းကမ္ဘာလင်းက “ကိုကိုမချစ်လည်း ငယ်ကချစ်တယ်လေ “ဝတ္ထုထဲက ဇာတ်ကောင်လေးပါ)
“အစ်ကို ကျွန်တော်ရောက်ပြီ ဘာဖြစ်လို့လဲ”
“ကလေးက လှေကားပေါ်က ချော်ကျလို့”
ကလေးဆိုတဲ့ ကောင်မလေးကို ကြည့်တော့ ငိုထားတာ ထင်ပါရဲ့ မျက်နှာလေးက နီရဲလို့ မဟာကတော့ ဘေးကနေ မငိုအောင် ချော့နေတဲ့ပုံ လူပျိုကြီး ရဲ့ အသဲတုံးဖြစ်လာမယ့်သူထင်ပါရဲ့
“ညီမလေး ဘယ်နေရာ နာနေလဲ”
“ဒီနေရာ”
ခြေထောက်လေးကို လက်ညိုးထိုးပြပြီး အသံတော့ ထွက်မငိုပေမယ့် နာလို့ထင်ပါရဲ့ မျက်ရည်စလေးတွေက ဝဲလို့
“အဆစ်တော့မလွှဲဘူး အကြောလေးနာသွားတာ ဆေးလိမ်းပေးခဲ့မယ်နော်”
“နာမှာလား ဆေးလိမ်းရင်”
“နည်းနည်းပါဘဲ”
“အဲ့တာဆို မလိမ်းတော့ဘူး”
“မလိမ်းလို့ရမလား ထပ်ပြီး ဖြစ်ရင် ဘယ်လိုလုပ်မလဲ ပြေးတုန်းက ပြေးပြီးတော့”
“ရွှန်းလည်း ပြေးချင်လို့ ပြေးလာတာမှမဟုတ်တာ ဦးပြန်လာလို့လေ အမြဲတမ်းရွှန်းကို အသံအကျယ်ကြီးနဲ့ အော်နေတာဘဲ ဟီးးးအီးးး”
ဆေးလိမ်းအောင် ပြောလိုက်ကာမှ ငိုနေတဲ့ ကလေးကြောင့်
“အခု အသံတိတ် အာကာ ခနက ပါလာတဲ့ ဝတ်ဝံရုပ် ကွတ်ကီးဗူးနဲ့ နို့တစ်ဗူး ယူခဲ့”
အာကာယူလာတဲ့ ကွတ်ကီးဗူးကို ဖွင့်လိုက်ပြီး
“စားကြည့်ဦး မနက်ကပြောတော့ စားချင်တာဆို”
“အွန်း”
ရွှန်းကို ချော့မော့ပြီး မုန့်ကျွေးနေတုန်း ဟိန်းကို ဆေးလိမ်းတော့လို့ မဟာ အချက်ပြလိုက်မှ
ဟိန်း ခြေထောက်ကို ဆေးစည်းပေးပြီး
“ပြီးပြီ ညီမလေး ဒီရက်ပိုင်း အရမ်း လမ်းမလျှောက်နဲ့နော် ယောင်မှာ စိုးလို့”
“ဟုတ်”
“အစ်က်ု ကျွန်တော် ပြန်တော့မယ်”
“အေး ဟိန်း နောက်ရက်မှ ငယ်လေးနဲ့တူတူ ထမင်းလာစားကြဦး”
“ဟုတ်ကဲ့ ကျွန်တော် လာခဲ့မယ်နော်”
“အာကာ ဟိန်းကို သေချာလိုက်ပို့ပေးလိုက်ဦး”
အခန်းမှတ်ချက်များ (0)