Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိုင်း(၄)

ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ

“မင်းတို့အိမ်က ဒီလမ်းထဲလား”

“ဟုတ်”

မဟာ ရွှန်းကို ကြည့်ပြီး ဒီကောင်းမလေးက မျိုးရိုးကောင်းကလာတာထင်တယ် အငြိမ်းစားတွေနေတဲ့ အိမ်ယာဘက်ကဘဲ

“ရောက်ပြီ”

“အဲ့တာလား မင်းတို့အိမ်က”

“ဟုတ်”

“မင်းက ဦးကြွယ်ဝရဲ့ မြေးလား”

“ဦးက ဘိုးဘိုးကို သိတယ်လား”

တစ်ချိန်လုံး ဦးလေးကြီးလို့ ခေါ်ပြီး အခုမှ ဦးဆိုတဲ့အသံလေးနဲ့ ခေါ်ခံလိုက်ရတာမို့ မဟာစိတ်ထဲ ကျေနပ်နေသလို

“အင်း သိတယ် ဦးကြွယ်ဝက အငြိမ်းစား အရာရှိလေ သူမြေးတွေရှိတယ် ဆိုတာ သိတယ် တစ်ခါတစ်လေ ပွဲတွေမှာလည်း တွေ့ဖူးတယ် မင်းတော့မဟုတ်ဘူး”

မဟာတို့ ပွဲအခမ်းအနားတွေ စီစဉ်တိုင်း ဖတ်ကြားခဲ့တဲ့ သူတွေထဲ ဦးကြွယ်ဝ ပါတာမို့ ပွဲတက်ရောက်တိုင်းလည်း မြေးနှစ်ယောက်နဲ့ပင် ဒီကောင်မလေးတော့ မမြင်ဖူးတာမို့

“ဦးက ဘိုးဘိုး မြေးဆိုတာ မယုံဘူး ထင်တယ် ရွှန်းက နယ်မှာ နေတာ အခုက ဘိုးဘိုးခေါ်လို့ လာတာ ဘိုးဘိုးနဲ့ပါလာတဲ့ မြေးတွေက ဘိုးဘိုးနဲ့ အနေနီးတယ်လေ မေမေ ညီမနှစ်ယောက်ရဲ့ သားနဲ့သမီး ရွှန်းရဲ့ မောင်နဲ့ညီမလေးတွေပါ”

မျက်လုံးလေးအရောင်းတောက်တောက်လေးတွေ နှုတ်ခမ်းဖူးဖူးလေးနဲ့ရှင်းပြနေတဲ့သူလေးက မမောနိုင်အောင်

မဟာ သူများစကားပြောရင် ကြာကြာနားမထောင်တက်သလို သူကိုယ်တိုင်ကလည်း တစ်ခါတစ်ရံလိုအပ်မှ ပြောပေမယ့် ဒီမနိုင်စိန်လေးလေရှည်နေတာကို ဘာလို့ နားထောင်နေမိတာပါလိမ့်

“ဟုတ်ပါပြီ”

“ဟီး ရွှန်း ပြန်ပြီနော် မနေ့ဖြန်မှတွေ့မယ်”

“အင်း”

ကောင်မလေးကားပေါ်ကဆင်းပြီး အိမ်ထဲဝင်သွားတော့မှာ

ကျစ် ငါဘာလို့ မနေ့ဖြန်လာမယ်ပြောတာကို အေးလို့ ပြောလိုက်မိတာပါလိမ့် မလာနဲ့လို့ ပြောရမယ့်ကိစ္စကို

မနေ့ဖြန်လာမှ နောက်မလာဖို့ သေချာ ပြောပစ်ရမယ်

~~~~~~~~~~~~

“ဘိုးဘိုး ရွှန်းပြန်လာပြီ”

“မြေးလာဦး”

ဧည့်ခန်းထဲမှာ ဘိုးဘိုးအပြင် ရွှန်းနဲ့မတည့်တဲ့ ဟိုမောင်နှမ နှစ်ယောက်ပါ ထိုင်နေလေရဲ့

“ဟုတ် ဘိုးဘိုး”

“ဘယ်သူလိုက်ပို့တာလဲလို့လေ ကားသံကြားလို့”

ဘိုးဘိုးခေါ်လို့လာပေမယ့် ဝင်လျှာရှည်နေတဲ့ ခင်မေနွယ်ကြောင့် ရွှန်း သူမေးတာကို အဖက်လုပ်ပြန်မဖြေချင်ပေမယ့် ဘိုးဘိုးကလည်း သိချင်နေတဲ့ပုံမို့

“မဟာနွယ်စံအိမ်ကပါ ဦးမင်းမဟာနွယ် လာပို့တာပါ”

“ဘယ်လို”

“မဖြစ်နိုင်ဘူး”

ရွှန်းရဲ့အပြောကို အဘိုးက မျက်လုံးပြူးနေပေမယ့် ဟိုနှစ်ကောင်ကတော့ မယုံသလိုနဲ့ မယုံလည်း သူတို့လိုလူက်ု ရွှန်းက ဂရုစိုက်မယ် ထင်နေလား

“မဖြစ်နိုင်လည်း အခုဖြစ်သွားပြီလေ”

“အဲ့ဒီစံအိမ်က လူတွေက ငါတို့ ခနခန ပွဲတက်နေတဲ့သူတွေတောင် ခင်ခွင့်မရှိဘူး ပြီးတော့ အခုမှ မြို့ကိုရောက်တာ နှစ်ရက်ဘဲရှိတဲ့လူက ဟိုကပြန်လိုက်ပို့တယ်ဆို ဝေးသေး”

“ဟုတ်တယ် မမငယ် ဦးမင်းမဟာသွေးဆိုတာ မဆို ဘယ်မမှ အကပ်ခံတာမဟုတ်ဘူး သူအလုပ်တွေနဲ့သူတောင် အချိန်ရှိပါ့မလားမသ်ဘူး”

“အေးလေးဟယ် စံအိမ်နံမည်ကို သင်တန်းအပ်တုန်းက ကြားခဲ့ပြီးတော့ ဇာတ်လမ်းလာလုပ်ပြီး ပြောနေတာနေမှာပေါ့”

တစ်ယောက်တစ်ပေါက်ပြောနေတဲ့ မောင်နှမ နှစ်ယောက်က လိုက်လည်း လိုက်ပါတယ် ရုပ်တွေကိုက ရွှန်း မောင်နှမလို့ ပြောရမှာတောင်ရှက်တယ်

ယောကျာ်းလေးကလည်း အဖေတူပြီး မဲလို့ မိန်းကလေးကလည်း သွားကို ခေါလို့ ဒါတောင် အဖေမတူ အမေမတူ အမေညီအမက မွေးတာမို့လို့ပေါ့ အတူတူကများမွေးရင် ကြည့်လို့တောင် ရမှာမဟုတ်တဲ့ရုပ်တွေ

ခင်မေနွယ် သူတို့မောင်နှမနှစ်ယောက်ကို ကြည့်ပြီး

နှာခေါင်းရှုံနေတဲ့ ရွှန်းကို မြင်ပြီး

“နင်ဘာလာပြီး နှာခေါင်းရှုံနေတာလဲ”

“အော် ငါ့အဖေနဲ့အမေက ချောတယ်လို့ တွေးမိလို့ပါ

ငါက ရုပ်လေးရော စိတ်ထားလေးရော လှနေလို့လေ

နင်တို့ကို ကြည့်ပြီးမှ ကိုယ်ကိုကိုယ်ပြန်မြင်ပြီး တွေးမိလို့”

“နင်ဘာပြောတာလဲ ငါအဖေနဲ့အမေက မချောလို့ စိတ်ရင်းမကောင်းလို့ ငါတို့ကမလှဘူးပြောချင်တာလား”

“ကျွန်တော်တို့ကို အဲ့လိုပြောနေတာ မမငယ်”

“သဘောပေါက်လွယ်သားဘဲ”

“နင် နင်”

ရန်ထဖြစ်တော့မလို ဖြစ်နေကြတဲ့ မောင်နှမဖြစ်သူတွေက်ု

“ကဲတော်ကြတော့ မမက မင်းတို့ကို စနေတာပါ မြေးကြီး ဘယ်လို သိတာလဲ မဟာစံအိမ်နဲ့”

“ဒီလိုပါ ဘိုးဘိုး…………..

……………………………………”

“အော် ခင်ခွင့်ရတာ ကံကောင်းတာဘဲ မြေး အဲ့ဒီအိမ်က ဒီနိုင်ငံတင်မကဘူး မောင်မင်းမဟာသွေးက

နိုင်ငံတကာထိ ခြေဆန့်နေတဲ့ ဘီလီယံသူဌေးကြီး”

“သမီး အဲ့တာတွေတော့ တကယ်မသ်ဘူး ဘ်ုး သမီးက ဒီတိုင်း ကူညီပေးလိုက်တာပါ”

“အေးပါကွယ် မြေးက စိတ်ရင်းလေးအတိုင်း အကျိုးပေးတာဘဲပေါ့ ကဲ အဘိုး တက်ပြီး နားတော့မယ် မောင်နှမတွေ ရန်ဖြစ်မနေကြနဲ့တော့”

“ဟုတ်ဘိုး”

အဘိုး အပေါ်တက်သွားပြီး အကြာပါဘူး

“မမကြီးက သူဌေးကို အပိုင်ကြံတော့မလို့လား”

မောင်ဖြစ်သူ စစ်နိုင်ပါးစပ်က ကြားလိုက်ရတဲ့စကားကြောင့် ရွှန်း ဒေါသ ထောင်းကနဲ့ထွက်သွားပြီး

“နင့် မမငယ်နဲ့ ငါ့ကို လူမှားနေတာလား”

“ရွှန်းလဲ့ကြည်လင် နင်ဘာစကားပြောတာလဲ”

“ရှုးးးးး ဘိုးဘိုးအိပ်နေပြီနော် ငါက နင်တို့ထက် အကြီး နင်တို့ခုချိန် ဒါတွေပြောနေမယ့်အစား ၁၀တန်းကို အောင်အောင် အရင်ဖြေကြပါဦး မမလို ဂုဏ်ထူးပါဖို့ မပြောသေးဘူးနော်”

ရွှန်း ဒေါသထွက်လွန်းလို့ ဟိုမောင်နှမနှစ်ယောက်ကို တစ်ယောက်တစ်ခွန်းဆက်ပြောချင်ပေမယ့် လေကုန်လို့ သိပ်မပြောတော့ဘဲ အပေါ်သာ တက်လာလိုက်တော့သည်။

~~~~~~~~~~~~~~~~~~

မဟာ အရေးကြီး အစည်းအဝေးလုပ်နေပါတယ်ဆိုမှ အဘွားဖြစ်သူက ဖုန်းဆက်ပြီး ဟိုငတိမလေးကို လာကြိုခိုင်းတာမို့ သူ့သင်တန်းရှေ့လာကြိုနေရသည်။

ကိုယ်အလုပ်နဲ့ကိုယ်တောင်မအားရတဲ့ကြားထဲ အခု ကလေးကျောင်း လာကြိုနေရသလိုဘဲ တကယ်ခက်တာဘဲ အဘွားနဲ့တော့ ဒီဟာမလေးလည်း လာမှတွေ့ဦးမယ်

“ဟိုမှာလာနေပြီ”

ရဲရင့်က ပြောလည်းပြော သူမလာနေတဲ့နေရာကို လက်ညိုးထိုးပြလိုက်တော့

သူငယ်ချင်းတွေထင်ပါရဲ့ ယောကျာ်းလေးမိန်းကလေးတွေနဲ့ ရီမောပြီး စကားပြောလာကြတာ ဒီနေ့မှ သင်တန်းစတက်တယ် ဒီနေ့ဘဲ အကုန်လုံးနဲ့ခင်အောင်ပေါင်းနိုင်တယ် မင်းကတော့ တကယ်ကို မနိုင်စိန်လေးဘဲ

ဘေးဆုံးကကောင်လေး က ဟိုငတိမလေး ပြုံးတာကို မျက်တောင်မခက်ဘဲ ကြည့်နေတာမို့ ဒီဟာမလေးနဲ့တော့

“ကျီ”

ချက်ချင်းဆိုသလို ကားပေါ်ကဆင်းလိုက်ပြီး

“ရွှန်းလဲ့ကြည်လင်”

« ရှေ့အခန်း - အပိုင်း(၃) နောက်အခန်း - အပိုင်း(၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ