ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး
“ပိုး ပိုး”
တစ်အိမ်လုံးအနှံ လိုက်ရှာတာတောင် အရိပ်အယောင်တောင် မတွေ့ တာကြောင့်
ဂုဏ် စိုးရိမ်ပူပန်လာတာက သူမလေးထွက်သွားမှာပင်
တွေးမိတဲ့ အတွေးနဲ့တင်ဘဲ ရင်ထဲ နစ်ကနဲ့ပင် အမှားလုပ်မိထားပေမယ့် သေချာလည်း မတောင်းပန်ရသေး
“ကျစ် ကွာ”
သူမလေးထွက်သွားပြီလား ထွက်သွားပြီဆိုတာသေချာတယ် အိမ်တံခါးကလည်း ပွင့်နေတာမို့ မနေ့ညထဲက သေချာမချော့လိုက်မိတာကို နောင်တရသလို
ဒီကောင်မလေးသာ သူဘေးမှာ မရှိတော့ရင် ဘယ်လိုနေရမှာလဲ အတွေးတွေနဲ့ ချာချာလည်နေတုန်း
“ချလောက်”
ဂုဏ် ဧည့်ခန်းထဲမှာ ရင်တွေပူလွန်းလို့ ဆောက်တည်ရမရဘဲ မျက်နှာကို လက်နဲ့အုပ်ကာ စိတ်တွေထွေနေတုန်းမှာဘဲ
တံခါးဖွင့်သံကြားလိုက်တာမို့ ဂုဏ်တစ်ချက်မော့ကြည့်လိုက်တော့ လက်ထဲမှာ မုန့်ထုတ်လေးတွေနဲ့ ဝင်လာတဲ့ ပိုး
“ပိုး ဘယ်တွေ သွားနေတာလဲကွာ”
“လွှတ်ပါဦး”
အိမ်ထဲ ဝင်ဝင်ချင်း အဖက်ခံလိုက်ရတာကြောင့် ပိုး လန့်သွားသလို
ဒီလူကြီး ဒီနေ့မှ ဘာလို့ ထူးထူးဆန်းဆန်းတွေ လုပ်နေတာပါလိမ့် ဖက်ထားတာ တ၊င်းကြ၊ပ်လွန်းလို့ အသ၊က်ရှူ ကြ၊ပ်လာတာမို့
“ဖယ် လွှတ်”
“ခနလေး ဒီတိုင်းလေး ခနလေးဘဲ နေပေးပါ”
ပိုး ပခုံးလေးပေါ် မျက်နှာလေး အပ်ပြီး ဖက်ထားလိုက်တာက လေဝင်ပေါက်တောင် မရှိ
“ဘာဖြစ်နေတာလဲ စောစောစီးစီး”
“မင်းထွက်သွားပြီ ထင်နေတာ”
“ပျော်သွားရောပေါ့”
“ပျော်နေတဲ့ပုံပေါက်နေလို့လား”
“မသိဘူး ဖယ်တော့ မုန့်တွေ အေးကုန်လိမ့်မယ်”
ထိုအခါမှ ပိုးကို လွှတ်ပေးလိုက်ကာ လက်ထဲက မုန့်ထုတ်လေးတွေသယ်ပေးကာ မီးဖိုခန်းထဲမှာ မုန့်တွေ ပြင်ပေးနေတဲ့ ဦး
“ဖယ် ပိုးဘာသာ လုပ်မယ်”
“ဒီဘက် မလာခဲ့နဲ့ ပန်းကန်အကွဲတွေ အများကြီးဘဲ အဲ့ဒီမှာဘဲနေ ကိုယ် မုန့်တွေ သယ်လာခဲ့မယ်”
ပိုးအိမ်ရှေ့ခန်းလေးမှာ ရပ်နေပြီး ပစ္စည်းတွေ ပျ၊က်စီးတာများ ရစရာမရှိ အသစ်တွေသာပြန်ဝယ်ရရင် ငွေတော်တော်ကုန်မှာ ပန်ကန်ကအစ tvအဆုံး ရို၊က်ချိုးထားတာ
မနေ့ညက တော်တော်လေးကို စိတ်လွတ်ခဲ့တာ ဦးများ ငါ့ကို အရူးမလို့ ထင်သွားမလားဘဲ
“လာ စားကြစို့”
မုန့်ပန်ကန်တွေ သယ်လာတဲ့ဦးက ပိုးသယ်ပေးမယ်ဆိုတော့လည်း လက်မခံ သူကိုယ်တိုင်ဘဲ သယ်ပေးသည်။
“ဟိုလေ ဟို ပိုး ပစ္စည်း….”
“ကိုယ် ခနနေ ရှင်းဖို့ လူခေါ်လိုက်မယ်”
“ဟင် မခေါ်ပါနဲ့ ပိုးဘာသာ”
“ဘယ်လိုလုပ် မင်းလုပ်လို့ ဖြစ်မှာလဲ တစ်ခုခု ဖြစ်ရင် ဘယ်လိုလုပ်မလဲ”
“အဲ့တာဆို ပိုက်ဆံက”
“ဘာစိတ်ပူနေတာလဲ ကိုယ်တစ်ယောက်လုံးရှိတယ် ကိုယ်က ဘာမှမဟုတ်တဲ့ကောင်လား အိမ်လာရှင်းတဲ့သူတွေ လာမှာမို့ မင်း တစ်ယောက်ထဲ မနေခဲ့နဲ့ ကိုယ်နဲ့တူတူ ရုံးလိုက်ခဲ့”
“အိမ်က ဒီတိုင်းပစ်ထားခဲ့လို့မရဘူးလေ”
“အန်တီမြလာလိမ့်မယ်”
ပိုးကို အနားကနေ အပျောက်လုံးဝမခံ သူ မရှိတဲ့အချိန် ခနလေးအတွင်း သူမလေး ထွက်သွားရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးက ကြီးစိုးနေပြီ
“ဟုတ်”
“ပစ္စည်းအသစ်တွေ ကြိုက်တာ လိုင်းပေါ်ကနေ ရှာထား ကိုယ် မနေ့ဖြန် အသစ်တွေ မင်းကြိုက်တာ မှန်သမျှ မှာပေးမယ်”
“ရပါတယ် ပိုး မရှာတော့ပါဘူး ဦး အဆင်ပြေတာသာ”
“ကိုယ်က မင်းကြိုက်တာ အကုန်ကြိုက်တယ်”
“ဟင်!!”
ပိုးရဲ့ကြည့်လာတဲ့ ဦးရဲ့ မျက်ဝန်းတွေက ပုံမှန်မဟုတ် အရင်ကထက် အရောင်တွေ တောက်နေတာကိုတော့ ပိုးကောင်းကောင်း သတိထားမိတယ်
ဘာလို့ ဒီနေ့မှ ပိုး စိတ်ကြိုက်တွေ ပြောပေး လုပ်ပေးနေတာလဲ
မုန့်စားပြီးတာနဲ့ ပိုးကိုခေါ်ကာ ဂုဏ် ရုံးကို ထွက်လာခဲ့သည်။
“ပိုးသားငယ်!!! အမွှေစိန်လေး”
“ဟာ ကိုသက်နော်”
“ဟုတ်တယ်လေ မွှေလိုက်တာကို အထက်လူကြီးတွေ မသိတာ ကံကောင်းတယ်မှတ်”
ဦးကတော့ ကိုသက် ပိုးကို ရုံးအပေါက်တင်စနေတာကို ပြုံးနေတာမို့ ပိုး နှုတ်ခမ်းလေး ဆူသွားကာ
“ဦး ကိုသက်ကို ပြောဦး”
ဦးလက်မောင်းလေးကို ဖက်လိုက်ကာ မျက်နှာလေးကလည်း လက်မောင်းလေးမှာကပ်ပြီး လာချွဲကာ ပြောနေတဲ့ ကောင်မလေးကြောင့်
တစ်ကိုယ်လုံးက သကြားအိုးထဲ ရော၊က်သွားသလို ပြုံးနေတဲ့ ဂုဏ်ရဲ့မျက်နှာကြီးက တစ်လောကလုံး သူ့အပိုင်လိုပင်
“တော်ပီ မင်း ငါ့ကလေးကို မစနဲ့တော့”
“ဟ မနေ့ညက ရန်ဖြစ်တာပါ ကွာကြမှာဆို”
“ဟျောင့်”
ဂုဏ် သက်ဦးပိုင်းကို အော်လိုက်တာမို့ ဌာနတစ်လုံး ဝိုင်းကြည့်နေကြပြီး ပိုး ကတော့ ရီနေကာ
“ပိုး ကွာချင်လည်း ငါက ကွာပေးမယ့်သူလား ငါ့မိန်းမကို ငါမှာ ချစ်လွန်းပြီး ထားစရာတောင်မရှိလို့ ဒီခေါ်လာတာ”
တစ်ခါမှ မကြားဖူးတဲ့ ဂုဏ်ဆီက စကားသံကြောင့် အသံတိတ်နေတဲ့ ဌာနတစ်ခုလုံး ဟေးးး ကနဲ့ အော်သံကြီးက ဟိန်းလို့ပင်
“မင်းတို့ လင်မယားကို အမျိုးမျိုး”
ပိုးကတော့ ဦးဆီက ချစ်တယ်ဆိုတဲ့စကားကို တစ်ခါမှမကြားဖူးတာကြောင့် မျက်လုံးလေး လည်နေအောင် ဦးကို ကြည့်နေကာ
တကယ်ပြောနေတာလား လူတွေရှေ့မို့ ဟန်ဆောင်ပြောနေတာလား ငါမနေ့ညက သော၊င်းကြ၊မ်းထားလို့ ကျေနပ်အောင် ပြောနေတာများလား
အခန်းမှတ်ချက်များ (0)