Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း ၄၀

ဆောင်းနှင်းတွေ တဖြူးဖြူးဝေပြီး အေးစိမ့်တဲ့ဥတုဖြစ်သော်လည်း ခင်ဦးရင်ထဲမှာတော့ ပူလောင်နေခဲ့သည်။

အေးစက်သော ဆောင်းလေညင်းက ပါးပြင်ကို လာရောက်ရိုက်ခတ်သွားသော်လည်း ရင်ထဲက အပူကိုတော့ စိမ့်ဝင်အေးမြသွားစေခြင်း မရှိခဲ့ပါ။ခင်ဦး ကွက်ပျစ်မှာ ထိုင်ရင်း နှင်းတွေကြောင့်မမြင်နိုင်သည့် ကောင်းကင်ကို အဓိပ္ပာယ်မဲ့ ငေးမောကြည့်နေမိသည်။

စိတ်ထဲတွင်လွမ်းဆွတ်စိတ်တွေက မျက်ဝန်းအစုံမှ မျက်ရည်ကို ကျလာစေသည်။

ဒီရက်တွေထဲ ထမင်းစားချင်စိတ်မရှိပေမယ့် ကလေးအတွက် အားတင်းပြီး မြိုချရသည်။အမေနဲ့အလုပ်တွေ ဝိုင်းလုပ်ချင်ပေမယ့် မောလာသည့်ဝေဒနါကြောင့် မလုပ်ပေးနိုင်ပါ။ကိုက္ကုပင်ကြီးအောက်ကို သွားချင်ပေမယ်လည်း ကိုကြီးဇေယျာတို့အိမ်ကို ကျော်သွားရမှ သွားလို့ရတာကြောင့် ခင်ဦး မသွားတော့ပေ။ဇီးကွက်ကြီးကတော့ ခင်ဦးမလာလို့ မျှော်တော်ယောင် ဖြစ်နေမလားမသိပါ။

ဖိုးသား နေ့လည်ဘက်ဆို အမြဲလာတာကြောင့် ခင်ဦးအနား ကောင်းရှိနေသလို ခံစားရသည်။ဖိုးသားက ခင်ဦးအတွက် ကောင်းအသေးစားလေး ဖြစ်ခဲ့သည်။အခုလည်း ခင်ဦးနာမည်ကို တကျော်ကျော် ခေါ်ပြီး ရောက်လာခဲ့ပြန်သည်။ထို့ကြောင့် အတွေးတွေကို လက်စသတ် မျက်ရည်တို့ကို သုတ်ပြီး ဖိုးသားကို ပြုံးပြလိုက်၏။

"မကြီးခင်ဦး..''

"သား မကြီးခင်ဦးကို မာကာလာသီးလာကျွေးတာ..''

"အင်းဒါနဲ့ဖိုးသားက ကိုကြီးဇေယျာ မင်္ဂလာဆောင်မှာ မရှိဘူးဆိုဟုတ်လား...ဘယ်သွားမှာ မို့လို့လဲ..''

"ပဲခူးကိုပါ မကြီးခင်ဦး...သားပြန်လာရင် မကြီးခင်ဦး ကလေးလေးအတွက် အိုးပုတ်လေးတွေ ဝယ်လာခဲ့မယ်..''

"အင်း.''

"ကိုကြီးကောင်းက မကြီးခင်ဦးကို ဂရုစိုက်ပေးပို့ သားကို မှာသွားတာ..သားလည်း သွားရင် မကြီးတစ်ယောက်ထဲ ကျန်ခဲ့မှာ

မကြီးခင်ဦး သားနဲ့ ပဲခူးကိုလိုက်မလား..''

"ပိုက်ပိုက် ရှိပါသေးတယ်.''

ဟုတ်သားပဲ..ဒါနဲ့ ကြီးကြီးဝင့်ဝါက မကြီးအထွေးကို အရမ်းချစ်တာပဲ..မကြီးခင်ဦးတုန်းက အလုပ်ခိုင်းတယ်ဆူတယ်..ရိုက်တယ်..မကြီးအထွေးကျတော့ ဘာမှမခိုင်းဘူး.. မကြီးနှင်းပဲ အကုန်လုပ်ရတယ်...''

ဖိုးသားက ခင်ဦးကို ကြည့်ပြီး ဆူပုတ်နေတဲ့ မျက်နှာနဲ့ အကြောင်းကို ပြောလာသည်။ဖိုးသား မပြောလည်း အထွေးအပေါ် ကြီးကြီးဝင့်ဝါရဲ့ စိတ်ကို သိနေတာကြောင့် ကြီးကြီးဝင့်ဝါ အကြောင်း ပြောပြတဲ့အခါ ခင်ဦး ပြုံးသည်။အမေတောင် အဲ့မှာ ရှိနေတယ်ဆို၍ ရယ်မိသည်။

ထိုအခါ ဖိုးသားက ခင်ဦးကို ကြောင်ပြီးကြည့်ရာမှ

"မကြီးခင်ဦး... ဘာလို့ ပြုံးရယ်နေတာလဲ..ဒေါသထွက်ရမှာလေဗျာ..''

"မကြီးကြောင့် သူတို့တွေ စိတ်သောက ရောက်ခဲ့တာလေ..အခုလို ကြားရလို့ မကြီးပြုံးရယ်မိတာပါ ဖိုးသားရယ်...မကြီးက အခုဆို ကြီးကြီးဝင့်ဝါ ဆူတာ ရိုက်တာ မခံရတော့တာ ဝမ်းမသာဘူးလား..ပြောပါဦး..''

"မကြီးပျော်နေရင်တော့ သား ဝမ်းသာပါတယ်..''

"အခု မကြီး ပျော်နေတယ်လေပျော်နေလို့ ပြုံးရယ်နေတာပေါ့ ဖိုးသားရဲ့..''

ဖိုးသား ပြန်သွားတဲ့အခါ ဟန်ဆောင်ကာ ပြုံးထားသော မျက်နှာကလေး ငြိုးလာတော့သည်။ခင်ဦး လေးလကျော်လောက် အဲ့အိမ်မှာ နေခဲ့တဲ့အချိန် အမေက တစ်ခေါက်တောင် ခင်ဦး ဆီကို မလာခဲ့ဘူးအခု အထွေး အဲ့အိမ်မှာ ရှိနေတာ ရက်ပိုင်းသာ ရှိသေးသည်။အမေက အဲ့အိမ်ကို သွားသည်တဲ့လား။

"အင်းပေါ့လေ.. ခင်ဦးက အမေ့အတွက် မွေးထားလို့ သားသမီးဆိုတဲ့ သံယောဇဥ်ပဲရှိတာ..ချစ်မေတ္ထာမှမရှိခဲ့ပဲ..

မောင်နှမ ဆိုတာ... သွေးအရင်းအချာမို့ ချစ်ရတယ်လို့ ဆိုကြတယ်..သွေးကလည်း ရေထက်ပျစ်တယ်လို့ဆိုကြပေမယ့် ခင်ဦးအတွက်တော့ သွေးနှောမှုက ကျိန်စာတစ်ခုလိုပါပဲလား...

နောက်နောင်ဘဝတွေမှာ သွေးသားမတော်စပ်ပါရစေနဲ့လို့..ခင်ဦး ဆုတောင်းပါတယ်..ရင်ထဲက လာတဲ့ နာနာကျင်ကျင် ဆုတောင်းတဲ့ စကားသံလေးပါ...''

ခင်ဦး ခပ်တိုးတိုး ရေရွတ်ရင်း ကွက်ပျစ်ပေါ်မှ အားယူထလိုက်သည်။ ခေါင်းထဲမှာ မူးခနဲ မိုက်သွားတာကြောင့် အသာလေး ပြန်ထိုင်လိုက်ရ၏။ ဝမ်းဗိုက်ထဲမှ ကလေးလေးက လှုပ်ရှားလာသလို ခံစားလိုက်ရသဖြင့် ခင်ဦး လက်ဖဝါးလေးဖြင့် ဝမ်းဗိုက်ကို အသာအယာ ပွတ်သပ်ပေးလိုက်မိသည်။

"ကလေးလေးက ဒီနေ့လည်း ကန်တယ်သိလား..ကိုကြီးဇေယျာကို လွမ်းလို့ဖြစ်မယ်..ညဖက်ဘက်သူ ကန်ကန်နေလို့ ခင်ဦး မအိပ်ရဘူး ကိုကြီးဇေယျာရယ်..''

ဒီအချိန်က ကိုကြီဇေယျာ ကျောင်းသွားတိုင်း နမ်းနမ်းသွားတာလေအဲ့ဒါကိူ ကလေးလေးက အကျင့်ဖြစ်သွားတယ် ထင်ရဲ့..ဒီအချိန်ဆိုကန်နေတာ ရက်နှစ်ဆယ်ကျော်ပြီညဖက်တွေလည်း ဒီအတိုင်းပဲ..ကလေးလေးက ခင်ဦးကို ပိုခံစားရအောင် လုပ်နေသလိုပဲခင်ဦး မခံစားနိုင်တော့တဲ့အဆုံး ဟီးတိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိတော့သည်။

"ခင်ဦး ဘာဖြစ်လို့လဲ..''

"ကိုကို..''

မျက်ရည်တွေ ရွဲနေသည့်မျက်နှာကလေးနဲ့ကြည့်ပြီး ရှိုက်သံတွေကြား မညီညာတော့တဲ့ အသံလေးနဲ့ နှုတ်ကနေ ခေါ်လိုက်သည်။

"နင် ဘာဖြစ်လို့လဲ ခင်ဦး ..ဗိုက်နာလို့လား ငါ အမေ့ကို သွားခေါ်လိုက်မယ်..''

"ဟင့်အင်း မခေါ်ပါနဲ့..''

ခင်ဦး တစ်ခါမှ မဖက်ခဲ့ဘူးတဲ့ ကိုကို့ကို ပထမဆုံးအကြိမ် အားကိုးတကြီး ဖက်ပြီး ငိုကြွေးမိသည်။ကိုကိုဟာ ခင်ဦး ပုခုံးကို ပုတ်ပေးတဲ့အခါ ပို၍ ငိုကြွေးမိသည်။ခင်ဦး အသက်ရှူသံတွေ မမှန်တော့တာကို ကိုကိုက သတိခါးမိသွားဟန်တူသည်။ခင်ဦးကိုယ်လေးကို ဖယ်ပြီး

"ခင်ဦး နေမကောင်းဘူးလား..ငါ့ကို ပြောစမ်း.ရင်ထဲမှာ နေလို့မကောင်းမလား..ဘယ်လိုဖြစ်နေလဲ ငါ့ကို ပြောစမ်း.''

"မောမောရုံပါပဲ...ခဏခဏဖြစ်နေကျမို့လို့ ဘာမှမဖြစ်ဘူး..''

"အေးလို့လား..''

"ဟုတ်..''

"ကောက်ရိုး မီးလှုံမလား..''

"ဟုတ်..''

ကိုကိုနဲ့ခင်ဦး မီးလှုံနေခိုက် အမေပြန်ရောက်လာသည်။ခင်ဦး အမေ့ကို ကြည့်ပြီးနောက် ပြာဖြစ်သွားသည့် မီးပုံကို ကြည့်ပြီး ပြုံးလိုက်သည်။

*************** ***************

ဇေယျာ သူ့အတွက် မနက်ဖြန်တိုင်း အဓိပ်ပါယျမဲ့နခေဲ့သညျ။သူမရဲ့ ဗိုက်ပူကလေးကိုလည်း မနမ်းရတော့သလို သူမရဲ့သနပ်ခါးနဲ့သင်းတဲ့ ပါးပြင်လေးကိုလည်း မနမ်းရှိုက်တော့တာကြောင့်ပင် ဖြစ်သည်။လန်းဆန်းခြင်းမရှိတဲ့ ခြေလှမ်းတွေနဲ့ ကျောင်းကို ယောက်လာခဲ့သည်။

သူ့အလွမ်းတွေက ကျောင်းအထိတောင် ပါခဲ့သည်။သူ စာသင်ချိန်တွေမှာ သူမနဲ့ကလေးတွေ ရယ်မောနေသည့် ပုံရိပ်ကလေးကို မြင်ယောင်လာပြီး လွမ်းသည်။သူမလေးနဲ့တူတူ တစ်ချိုင့်ထဲ အတူတူစားခဲ့ရတာကိုလည်း လွမ်းသည်။

ဇေယျာ ကျောင်းဆင်းချိန်မှာ ခင်ဦးကိုတွေ့ချင်လွန်း၍ ခင်ဦးတို့ အိမ်ဘက်ကို လာခဲ့သည်။ကွပ်ပျစ်ကလေးမှာ ထိုင်ပြီး ပိုက်ပိုက်ကို စကားတွေပြောနေသည့် သူမလေးကို မြင်လိုက်ရ၏။သူ မြင်လိုက်ရတဲ့ သူမလေးရဲ့ မျက်နှာမှာ ဝါညက်ညက်သနပ်ခါးလေး မရှိပေ။ဆံပင်တွေကို ထုံးဖွဲ့သွားသည်ကလည်း ကပိုကယိုလေးသာ ဖြစနေ၏။

ပိုက်ပိုက်ကို ရယ်ပြလိုက်သည့်အခါ ထွက်ပေါ်လာသော ပါးချိုင့်ခွက်ကလေးကို လွမ်းပါဘိ။

သူ သူမလေးရဲ့ မျက်နှာကလေးကို ကြာကြာ

တောင်ဝအောင် မကြည့်လိုက်ရပါ..သူမလေးက ပိုက်ပိုက်နဲ့အတူ ကွပ်ပျစ်ကနေထလိုက်ပြီး အိမ်ထဲဝင်သွားခဲ့လေ၏။သူမလေးရဲ့ ကျောလေးကိုသာ အိမ်ထဲဝင်သွားတဲ့အထိ ငေးကြည့်ပြီး ပြန်လှည့်လာခဲ့သည်။အိမ်ရောက်တာနဲ့ အထွေးရဲ့ စကားကြောင့် စုတ်သတ်လိုက်၏။

"ကိုကြီး ဘယ်ကိုဝင်နေတာလဲ..ကျောင်းလွတ်တာဖြင့် ကြာလှပြီ...ထန်းတောကို ဝင်ခဲ့တာတော့ မဟုတ်ပါဘူးနော်..''

"အဲ့ဒါ ကိုကြီး ကိစ္စပါ.. အထွေး သိစရာမလိုဘူး ..''

"ကိုကြီး အထွေးကို မချစ်တော့ဘူးလားပဲ..ပြောအထွေးကို မချစ်တော့ဘူးမလား..အထွေးကို ပြောစမ်းပါ ကိုကြီးရယ်..''

"ကိုကြီး တကယ်ပြောမှာလား အထွေး...ကိုကြီး အထွေးကိုနှမလေးလို ချစ်တဲ့အချစ်ပဲရှိခဲ့တာ...

ချစ်တာနဲ့လက်ထပ်တာ မတူတာကြောင့် အထွေးကို ရွေးချယ်ခဲ့ရုံပဲ...''

"ဘာ..ကိုကြီးက အထွေးကို မချစ်ခဲ့ဘူးပေါ့လေ..အဲ့ဆိုရင် မမကို ချစ်နေခဲ့တာပေါ့လေ..ဟုတ်လား..သြော်..အခုမှ သိပါရဲ့..အထွေးပြောသလိုလို စကားလှလှလေးများက မမကို သွယ်ဝိုက်ပြီး ပြောခဲ့တာကိုး..

အလှူအတွက် ကိုကိုဝယ်တဲ့ အဝတ်အစားတွေ ဖိနပ်တွေကလည်း ကိုကြီးဝယ်ပေးခဲ့တာပဲပေါ့လေ..အဟင်း..အဟင်း..''

အထွေး ရယ်နေရာနေ မျက်နှာကလေးကိုတည်လိုက်ပြီး

"အထွေးကို လှည့်စားချစ်ခဲ့တဲ့အတွက် ကိုကြီးနောင်တရစေရမယ်..အထွေးနဲ့ သေတဲ့အထိ ပေါင်းသင်းသွားရပြီး နာကျင်မှုတွေနဲ့ လောင်မြိုက်စေရမယ် ကိုကြီး...''

အထွေးရဲ့စကားအဆုံး၌ ဇေယျာ အသက်မယ့်စွာ ပြုံးလိုက်သည်။အခု သူ့အနေအထားနဲ့လည်း တစ်သက်လုံး ပေါင်းသင်းသွားရမည်ပဲမဟုတ်လား။အခုလည်း သူ့ရင်ထဲမှာ နာကျင်မှုတွေနဲ့ လောင်မြိုက်နေတာပဲ မဟုတ်လား။

အိပ်ယာဝင်တဲ့အခါ ပိုလို့ပင် လွမ်းရသည်။သူမလေးမရှိဘဲ တစ်ယောက်တည်း အိပ်စက်ရတဲ့ ညတိုင်းက ယျော့အတွက် မှောင်မိုက်သည်ထက်မှောင်မိုက်လွန်းသလို ညတာတွေလည်း ရှည်လွန်းခဲ့သည်။

"သား ဒီနေ့ကျောင်းသွားနဲ့မင်္ဂလာဆောင်အတွက် ခန်းဝင်ပစ္စည်းတွေ သွားဝယ်ရမယ်..အဝတ်အစားလည်း ဝယ်ရမယ်..တခြားဘာဒီယ ပစ္စည်းတွေလည်း ဝယ်ရမယ်..''

"ဟုတ်ကဲ့...''

လှည်းစီးနေရတဲ့ တစ်လျောက် မေမေနဲ့အထွေးကတော့ စကားတွေပြောနေသော်လည်း သူကတော့ တိတ်ဆိတ်နေခဲ့သည်။ရထားစီးတဲ့ သူမလေးနဲ့ အတူတူစီးခဲ့တာကို တွေးပြီး ပြုံးလိုက်မိသည်။နေ့လည်စာ မုန့်ဟင်းခါးဆိုင်မှာ ဝင်စားကြတော့လည်း မြို့သူတွေကို လိုက်ကြည့်တဲ့ သူမလေးကို မြင်ယောင်ပြီး ပြုံးမိပြန်၏။

"မေမေ ကျွန်တော် သူငယ်ချင်းတစ်ယောက်ဆီ ခဏသွားအုန်းမယ်..မေမေနဲ့အထွေး အဝတ်အစား အရင်သွားဝယ်လိုက်ပါ...ကျွန်တော် နောက်ကလိုက်ခဲ့မယ်..''

"မကြာစေနဲ့နော် ကိုကြီး..''

"အင်း..''

ဇေယျာ ဓာတ်ပုံဆရာဆီကို ရောက် လာခဲ့သည်။ရက်နောက်ကြသွားတဲ့အတွက်လည်း သူ အရင်တောင်းပန်လိုက်သည်။သူလက်ထဲကို ရောက်လာသည့် ဓာတ်ပုံကိုကြည့်ပြီး မျက်လုံးတို့ နီမြန်လာခဲ့သည်။

"ဒီပုံလေးကို ဘောင်သွင်းချင်လို့ ကျွန်တော့်ကို ကူညီမေးနိုင်မလားဗျာ.''

"ရပါတယ် ရပါတယ် ကိုမင်းမျိုးဇေယျာ..ကျွန်တော် အပ်ပေးပါမယ်ဗျာ...ကိုမင်းသော် မိတ်ဆွေဟာ ကျွန်တော့် မိတ်ဆွေပါပဲဗျာ..

"

ဇေယျာ သူအကြိုက်ဆုံးပုံတစ်ပုံ ဓာတ်ပုံဆရာကို ပေးခဲ့ပြီး ကျန်တဲ့နှစ်ပုံကို သူယူလာခဲ့သည်။ဓာတ်ပုံထဲမှာ လှပစွာ ပြုံးနေသည့် သူမလေးရဲ့ မျက်နှာလေးကို ကြည့်ရင်း ယောကျာ်းတန်မဲ့ မျက်ရည်တို့ ကျလာ၏။

သူမလေးနဲ့သူနဲ့ဟာ လနဲ့ကြယ်လို အတူတူနေခွင့်ရှိခဲ့ပါလျက်နဲ့ အခု နေနဲ့လလို မြင်နေရသော်လည်း အတူနေခွင့်မရှိတော့ဘဲ ဝေးကွာသွားခဲ့ပြီ။

« ရှေ့အခန်း - အပိုင်း ၃၉ နောက်အခန်း - အပိုင်း ၄၁ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ