"စိန်နားကပ်လေးက ငါ့ချွေးမလေးနဲ့မှ ပိုလိုက်ဖက်သွားတာပဲ...လက်စွပ်လေးက နည်းနည်းချောင်ပေမယ့် အခုမှ ပိုင်ရှင်အစစ်တွေ့သွားတဲ့အတိုင်းပဲ ..လက်လေးမှာ လှရက်နေလိုက်တာကွယ်..ဆံထိုးလည်း ထိုးကြည့်လိုက်ပါဦး.. ဘယ်လောက်တောင် လိုက်ဖက်သလဲလို့လေ...''
"ဟုတ်ကဲ့..''
အထွေး တစ်ခါမျှ ဆံထုံးမထုံးဖူးသော်လည်း ဆံထိုးလေးက အရမ်လှလွန်းနေတာကြောင့် ထုံးဖွဲ့ ပန်ဆင်လိုက်ပြီး မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုကြည့်ပြီး ပီတိဖြာနေတော့သည်။မှန်ထဲမှာ စိန်နားကပ်လေးက တဖျတ်ဖျတ်နဲ့ရယ်လက်ချောင်းလေးက ရောင်ပြန်ထင်ဟပ်နေသည့် ပတ္တမြားလက်စွပ်လေးရယ်နက်မှောင်နေသည့်ဆံပင်ထက်မှာ ရွှေရောင်ဆံလေးရဲ့ တင့်တယ်မှုတို့ကြောင့် အထွေး နှစ်လိုဖွယ် ပြုံးလိုက်သည်။
"အထွေး..''
ဇေယျာ အပေါ်တက်လာချိန် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒေါသထွက်ပြီး အော်လိုက်မိသည်။ခြေထောက်တွေကလည် အလျှင်အမြန်ပင် သူမအနား ရောက်သွားခဲ့သည်။လက်ကလည်း အထွေးခေါင်းမှာ ရှိနေတဲ့ဆံထိုးကို ဆွဲဲဖြုတ်ယူလိုက်တော့သည်။ထို့နောက် ခင်ဦးအတွက် သူဝယ်ပေးပြီး သူကိုယ်တိုင် ဝတ်ဆင်ပေးသည့် စိန်နားကပ်လေးနဲ့ သူမလေးရဲ့ သွယ်လျလျ လက်လှလှလေးမှာ သူကိုယ်တိုင်ဝတ်ပေးသည့် လက်စွပ်လေးက အထွေးဆီမှာ ရှိနေတာကြောင့် နားထင်ကြောတွေ ထောင်တက်လာခဲ့သည်။
"အခုချက်ချင်း ချွတ်လိုက် အထွေး..မင်း ဝတ်ထားရမဲ့ ပစ္စည်းတွေ မဟုတ်ဘူး .. မင်းက ပိုင်ရှင်မဟုတ်ဘူး ..''
"ကိုကြီးအခု အထွေးက ကိုကြီးနဲ့ယူတော့မယ့် မိန်းမတစ်ယောက်ပါကိုကြီးအပိုင်က အထွေးအပိုင်ပဲ မဟုတ်ဘူးလား..''
"မဟုတ်ဘူး.. ကျန်တာတွေက မင်း အပိုင်ဖြစ်ရင်ဖြစ်လိမ့်မယ်..ဒီပစ္စည်းတွေတော့ မရဘူး...ဒါတွေက ငါ့မိန်းမတစ်ယောက်ထဲရဲ့အပိုင်ပဲ..''
အထွေး ဇေယျာ့ကို ငေးကြည့်မိသည်။
"ကိုကြီး မမကို ချစ်နေတာလား..အထွေးကို ပြောစမ်းပါ.. ကိုကြီးရယ်..''
"သိစရာမလိုဘူး..''
"နောက်တစ်ခါ ဒီပစ္စည်းတွေကို ယောင်လို့တောင် မထိပါနဲ့ အထွေး...ကိုကြီး အ
ထွေးကို မမုန်းချင်ဘူး...မေမေကိုလည်း ကျွန်တော် တစ်ခါတည်း ပြောမယ်..ခင်ဦးအပိုင်ကို လျှောက်ယူပြီး သူများကို ပေးတာ နောက်ဆုံးဖြစ်ပါစေမေမေ...မေမေ့ အကြံစည်ကို ကျွန်တော် မသိဘူးမထင်လိုက်ပါနဲ့..ကျွန်တော် နောက်တစ်ခါဆို မေမေ့ကို မုန်းရပါလိမ့်မယ်...''
ဇေယျာ နားကပ်လေးနဲ့ လက်စွပ်လေးကို ကတ္တီပါဗူးလေးထဲ ထည့်သိမ်းလိုက်တော့သည်။ဆံထိုးလေးကို လက်လေးနဲ့အသာကိုင်တွယ်ချိန် မျက်ရည်ပေါက်ဟာ ဆံထိုးလေးပေါ် ကျလာခဲ့တော့သည်။
"ကိုယ် မင်းကြောင့် မျက်ရည်ကျနေပြီ..
ကိုယ် ညကလည်း အိပ်မပျော်ဘူး ကိုယ့် သက်လျာရယ်..ကိုယ် ကလေးလေးနဲ့မင်းကို လွမ်းတယ်..မင်း အပြုံးကိုလည်း လွမ်းတယ်.ကိုယ် ဒီညလည်း မင်းမရှိဘဲ အိပ်စက်ရဦးမယ်...''
သူ့ရင်ထဲမှာ ဝေဒနါတွေ တစ်ပုံတစ်ပင်ကြီး ခံစားနေရတာကို သူကြိတ်မှိတ်ခံစားနေရသည်။အလွမ်းဒဏ်တွေကလည်း သူ့ကိုနှိပ်စက်နေသလို သူ့အပေါ် မယုံကြည်ပေးတဲ့ ခင်ဦးရဲ့အကြည့်သူတို့ကြားမှာ အချစ်မရှိဘူးလို့ ပြောသည့်စကားတွေကသူ့နှလုံးသားကို နာကျင်စေသည်။ငယ်ငယ်က သူမလေးအပေါ် အမြဲနိုင်ခဲ့တာကြောင့် သူမေလးကို တောင်းပန်ဖို့ သူ့မာနက ခွင့်မပြုပေ။သူ့ဆီကနေ ထွက်သွားဖို့ပြင်သည့် သူမေလးကို ဒေါသထွက်ပြီး အေထြးကို လက်ထပ်ယူဖို့ ဒေါသအလျောက် ပြောလိုက်မိသည်။အခုတော့ ထိုစကားက ပြန်ပြင်ဆင်ချိန် မရှိတော့ချေ။ ဇေယျာ ထိုနေ့ကအကြောင်းကို ဘယ်ကနေဘယ်လို ဖြစ်သွားတာလည်းဆိုတာ ကို သူဘယ်လိုပဲစဉ်းစားစဉ်းစား စဉ်းစားလို့မရဖြစ်ရလေသည်။အလွမ်းဒဏ်ကြောင့် တစ်ညလုံး သူ့မှာ အိပ်မပျော်ခဲ့ပါ။
ဇေယျာ သူထလာတဲ့အခါ အမျိုးတချို့က ရောက်နေကြသည်။သူ့ကို ပြုံးပြသည့်အခါ သူ့ဝေဒနါနဲ့သူ ပြန်မပြုံးနိုင်ပါ..ခေါင်းညိတ်ပြပြီးသာ ရေချိုးဖို့ ရေချိုးတဲ့နေရာကို ထွက်လာခဲ့လိုက်သည်။အလှူတုန်းက မေမေက အထွေးကို မိတ်ဆက်ပေးထားဖူးသားဖြစ်တော့ သူတို့တွေ သိနှင့်ပြီးသားဖြစ်သည်။အထွေးကို ချီးမွမ်းစကားတွေ ပြောနေကြတာကိုလည်း အတိုင်းသား ကြားရသည်။
"ဝင့်ဝါရယ်..ညည်းချွေးမလေးက ချောပါ့အေ..ပညာတက်လေးလည်း ဖြစ်တော့ ငါတူနဲ့ လိုက်ဖက်ပါ့အေ..ရွာသူတွေကတောင် မေးနေကျတာ အလှူလာတုန်းက မိန်းကလေးလေးယောက်ထဲက ဆံထိုးလေးနဲ့ မိန်းကလေးလားတဲ့ငါလည်း မဟုတ်ကြောင်း တစ်ယောက်ပြီးတစ်ယောက်ကို မေးတိုင်းပြောနေရတာ မောလိုက်တာမှ ဖြေကိုမဖြေချင်တော့အထိပဲ...''
"အဲ့ကလေးမလေးကလည်း ချောတာကိုး မကြီးလှမြိုင်ရယ်.. ကျွန်မမှာသာ သားရှိရင် အဲ့ကလေးမကို ချွေးမတော်ပစ်ပါ့တော်.ဒါနဲ့ မကြီးဝင့်ဝါ အဲ့ကေလးမ အိမ်ထောင်ရက်သားကျပြီးသွားပြီးလား..''
"ဟုတ်ကဲ့ အရီး..''
ဒေါ်ဝင့်ဝါ မဖြေခင် အထွေးကအရင်ဖြေလိုက်သည်။ဇေယျာကတော့ အပြင်ကနေ အံကိုကြိတ်လက်သီးကို ကျစ်အောင်ဆုပ်ကိုင်ထားလိုက်သည်။
*************** ****************
"ခင်ဦး ခဏလောက် ဟိုဘက်တန်းကို သွားနေလိုက်ပါလား...နေ့လည် ငါ ပြန်လာခေါ်မယ်လေ..''
"ဟင့်အင်း..''
"ခဏလေး သွားလိုက်ပါ..နင် ဒီမှာရှိနေရင် အဆင်ပြေမှာ မဟုတ်ဘူး..ဝမ်းနည်းရလိမ့်မယ်တစ်ယောက်တည်း မသွားချင်ရင် ငါ လိုက်ပို့ပေးမယ်လေ..
"သမီး အဆင်ပြေတယ် ကိုကို.''
ခင်ဦး နှုတ်ကနေသာ အဆင်ပြေပါတယ်လို့ဆိုလိုက်ပေမယ့် ရင်ထဲမှာတော့ ပြိုလဲချင်စိတ်တွေက သိပ်သည်းနေသည်။ကွပ်ပျစ်လေးမှာ ထိုင်ပြီး ခင်ဦးကို ပြောပြီး အိမ်ထဲဝင်သွားသည့် ကိုကို့ကို ကြည့်ပြီး ပြုံးလိုက်သည်။ထိုအပြုံးသည် ပကထိ ဖြူစင်ပါသည်။ခင်ဦးကို ပထမဆုံး သနားစိတ်ဝင်သည့် ကိုကို့ရဲ့အကြည့်တွေကြောင့်ဖြစ်သည်။
နားဖောက်လာနေကြသည့် လူသံတွေကြားတာကြောင့် ခင်ဦး ကွက်ပျစ်လေးကနေ ဆင်းလာကာ အိမ်ထဲဝင်ပြီး အိမ်ခန်းထဲကို ဝင်လိုက်တော့သည်။အိမ်ရှေ့က အသံတွေကိုသာ နားစွင့်နေမိသည်။ကိုကြီးဇေယျာရဲ့ အသံများ ကြားရမလားလည်း မျှော်လင့်မိသည်။ဒီတစ်ကြိမ်ဘဲ ခင်ဦးကြားရတော့မှာ မဟုတ်ပါလား။နောက်ဆို
ကြားနိုင်မည်မဟုတ်တော့ပါ။
ခင်ဦး အပေါ်ကနေ ခေါင်းလေးပြူပြီး ကြည်မိသည်။ယှဉ်လျက်သား ထိုင်နေတဲ့ နောက်ကျောလေးကိုသာ မြင်ရသည်။ကိုကြီးဇေယျာရဲ့ ကြီးကြီးက ခင်ဦးကို မေးလိုက်သံကို ကြားရပါသည်။
"ခင်ဦးဆိုတဲ့ ကေလးမေလးကို မတွေ့ပါလား..နားဖောက်ကို မလာဘူးလား..
အိမ်ထောင်ကျသွားပြီဆို
ကောင်လေးက ဘယ်ကလဲ..ဒီရွာကပဲလား..''
"သမီးက သူ့အမေကြီး အိမ်ကိုသွားတယ်...''
ခင်ဦးက အိမ်ထောင်ကျသွားသည်တဲ့လား။အင်းပေါ့လေ..အိမ်ထောင်ကျသွားတာပဲမဟုတ်လား..။တိတ်တဆိတ် အိမ်ထောင်သည်ဘဝကို ခဏတာရောက်သွားခဲ့တာပဲ..အခုတော့ တစ်ခုလပ်ပေါ့..။
အမေပြန်ဖြေလိုက်တဲ့ အဖြေက ရိုးရှင်းသည်။ခဏနေတော့ လူကြီးတွေက ခေါင်းရင်းခန်းမှာ နေရာယူ ထိုင်ကြတော့သည်။
ခင်ဦး မျက်မုန်းကျိုးတဲ့ ကြီးကြီးဝင့်ဝါက အခုတော့ဖြင့် ပြုံးနေလိုက်တာများ ကြည့်လို့ကောင်းသည်။ဘဘကတော့ ဒီအတိုင်းပဲ မပြောင်းလဲဘူး..။အမေရဲ့ မျက်နှာကိုတော့ ခင်ဦး မခန့်မှန်းတက်ချေ။ကိုကြီးဇေယျာနဲ့အထွေးရဲ့ မျက်နှာတွေကိုတော့ မမြင်ရပေ။မမြင်ရပေမယ့်လည်း သူတို့ပျော်နေမယ်ထင်ပါသည်။
ခင်ဦးကတော့ ငိုကြွေးနေရသည်။အကွယ်လေးကနေ ချောင်းကြည့်ရင်း မျက်ရည်တွေ စီးကျလာသည်။ရင်ထဲက နာကျင်မှုတွေ များလွန်းလို့ ရင်ဘတ်ပင် အောင့်တက်လာခဲ့၏။
ခင်ဦး ရင်တွေ ကွဲပြီနဲ့တူတယ်.. ကိုကြီးဇေယျာရယ်..တအားနာကျင်တာပဲ...ခင်ဦးလေ ကိုကြီးဇေယျာကို ချစ်မိလို့ ရင်ဘတ်တစ်ခုလုံး အဆိပ်သင့်နေပြီ သိလား...
အကွယ်ကချောင်းကြည့်နေရာကနေ အောက်ကိုခွေယိုင်ချသွားသည့်တိုင်
ငိုရှိုက်သံလေး အပြင်မထွက်မိအောင် လက်လေးနဲ့အုပ်ပိတ်ပြီး ငိုကြွေးလေ၏။ခင်ဦး ရင်ဘတ်က အရင်ကထက် အောင့်သတဲ့အောင့်လာခဲ့သည်။အသက်ရှုရတာတောင် မောလာခဲ့သည်။ဝေဒနါတွေ ခင်ဦးကို တစ်ခုပြီးတစ်ခု နှိပ်စက်နေသည်မှာ ကိုယ်ရောစိတ်ရောပါ မကျန် နာကျင်နေသည်။
ဘယ်အချိန်မှ ခင်ဦး အေးချမ်းနိုင်ပါ့မလဲ။
လူကြီးတွေချင်း မင်္ဂလာကိစ္စအကြောင်းနဲ့
မင်္ဂလာရက်မြတ် နေ့ကောင်းရက်သာ ရွေးပြီး စားသောက်ပြီးတာနဲ့ အလျိုလျို အိမ်ပေါ်က ဆင်းသွားကြသည်။အမေ့ကို နှုတ်ဆက်နေသည့် အထွေးရဲ့ အသံလေးကို ကြားရတော့ ခင်ဦး မျက်ရည်စတွေကြား ပြုံးမိပါရဲ့..။အသံကြည်ကြည်လေး ကြားလိုက်ရတော့ သူတို့ပျော်နေဟန်တူသည်။အိမ်ပေါ်က ဆင်းသွားသည့် ကိုကြီးဇေယျာနဲ့အထွေးရဲ့ နောက်ကျောပြင်နှစ်ခုကို ငေးကြည့်ရင်း ခေါင်းတညိတ့်ညိတ့်နဲ့ နာနာကျင်ကျင် ပြုံးလိုက်ပြီးနောက် မျက်နှာလွဲပြီး ပြတင်းပေါက်ဆီသို့ အကြည့်တွေလွှဲလိုက်တော့သည်။
ဇေယျာ အပြန်ခင် သူမေလးကို မြင်တွေ့ရဖို့အရေး မျက်စီတစ်ဆုံး လိုက်ပတ်ရှာမိသည်။သူမလေးကပဲ အပုန်းကောင်းနေသလား သူကပဲ အရှာမတော်လား မသိတော့ပါ။ သူမလေးရဲ့ အရိပ်ယောင်တောင် မတွေ့ရပေ။
အိမ်ရောက်တာနဲ့ စိတ်ကျဉ်းကြပ်တဲ့အဝတ်အစားတွေကို ချွတ်ပြီး အကျီတစ်ထည်ကို ယူဝတ်လိုက်ပြီးနောက် သူမလေးခေါင်းလျှော်တိုင်း ခေါင်းသုတ်တဲ့ပုဆိုးလေးကို ယူပြီး ဝတ်လိုက်သည်။ထို့နောက် အိမ်ထဲကထွက်လာပြီး သူ့ခြေလှမ်းတွေက ထန်းတောကို ဦးတည်လာခဲ့သည်။
"ကျွန်တော် မူးချင်တယ်..ထန်းရည်မဟုတ်ဘဲ အရက်ချပေးဗျာ...''
"ဘာအမြည်းလိုချင်လဲ...ကြွက်သားရနေပြီကွ...အဲ့ဒါ ချလိုက်ရမလား ငါ့တူကြီး...''
"အဆင်ပြေတာ ချဗျာ...''
ဇေယျာ သူ သူမေလးကို ချစ်ပေးမယ့် သူ့အနေအထားနဲ့သူ့ပညာအဆင့်နဲ့
သူမေလးကို ယူလိုက်ရချိန်မှာ အချစ်နဲ့ လက်ထပ်မတူဘူးဆိုတဲ့ ကိုယ့်ခံယူချက်နဲ့ သူ့ဂုဏ်သိက္ခာကို ရစရာမရှိအောင် ရွာထဲမှာ အရှက်ခွဲခဲ့ရတာကြောင့် သူမလေးကို လစ်လျုရှု့ကာ နေခဲ့သည်။အတင်းဖျင်းစကားသံတွေကြောင့် အရက်သောက်..ကြက်တိုက်..ဖဲရိုက်နဲ့ သူ့ကို သူမလေးအား ကြောက်ရွံ့စေခဲ့သည်။
နောက်ဆုံးတော့ အရာအားလုံးကို သူမကြောင့်ပဲ စွန့်လွတ်ခဲ့တယ်..အခု သွေးအေးလွန်းတဲ့ သူမလေးကြောင့်ပဲ ဒီနယ်ကို သူခြေပြန်ချရတော့မည်။
ဇေယျာ အရက်ပုလင်းရှေ့ရောက်တာနဲ့ မော့လိုက်တော့သည်။သူ ဆက်တိုက် မော့နေခိုက်
"ချစ်တဲ့သူနဲ့ လက်ထပ်လိုက်ရတာကို မင်းမပျော်ဘူး ဇေယျာ...အမှန်ဆို မင်းပျော်နေရမှာလေကွာ...ဆူးညှောင့်ခလုတ်ဖြစ်တဲ့ ခင်ဦးက မင်းတို့နှစ်ယောက်ကြားမှာ မရှိတော့ဘူးလေ... ''
အဟင်း...
ဇေယျာ အက်ရှရှ အက်ကွဲသံနဲ့ ရယ်လိုက်၏။
"မင်း ငါ့ကို အဲ့လိုစကားလုံးတွေနဲ့ မထိုးနှက်သင့်ဘူး.. မင်းသော်...ငါ့စိတ်ကို မင်းအသိဆုံးပါကွာ...''
"ဒါဆို မင်း ဘာလို့ အထွေးနဲ့အိပ်လဲ...''
"အဲ့ကိစ္စကို ငါတကယ်ဘာမှ မမှတ်မိတာ မင်းသော်...ငါ့ကိုယ်ငါယုံတယ်..ငါအထွေးနဲ့ မအိပ်ခဲ့ဘူး...တကယ်မအိပ်ခဲ့ဘူး မင်းသော်...''
"ဒီအကြောင်းတွေကို မင်းသေချာ ခင်ဦးကိုပြောသင့်ခဲ့တာ...အခုတော့ အဆုံးသတ်သွားပြီ...မင်းရဲ့ မာနတွေက နောက်ဆုံး မင်းကို ဆုံးရှုံးစေခဲ့တာပဲ ဇေယျာ...''
မင်းသော်ရဲ့ စကားတွေက မြှားအဆင်းပေါင်းများစွာ စိုက်ဝင်လာသည့်နှယ် နာကျင်ခံစားရတာကြောင့် မျက်ရည်တွေ စီးကျလာသည်။
"သက်လျာရယ် ကိုယ် မင်းကို တကယ် ဆုံးရှုံးရတော့မှာလား ...''
အခန်းမှတ်ချက်များ (0)