မနက်ခင်း နေခြည်နုနုအောက်မှာ အပျိုကြီးတို့ခြံဝန်းထဲမှာ လူတွေနဲ့ စည်ကားလို့နေရဲ့..။ကျေးလက်ရဲ့ ထုံးစံအတိုင်း လူငယ်လူရွယ် ဝါသနာအိုးတွေ စုမိကြပြီဆိုရင် ကြက်တိုက်ပွဲက. နေ့တိုင်းနီး...။ဇေယျာကတော့ သူဝယ်ထားတာ မကြာသေးသည့် ကြက်နီဖကြီးကို ပေါင်ပေါ်တင်ပြီး အမွှေးသက်ပေးရင်း ပြုံးနေသည်။
"ဖေ့သားကြီးရေ.. ဒီနေ့လည်း မင်းလက်စွမ်းပြလိုက်ပါဦးကွာ...ကျောင်းဆရာတိုက်တဲ့ ကြက်ပွဲဆိုတော့ လူစည်သလား ဇိမ်းနဲ့ရစ်နှစ်ကောင်တိုက်တဲ့ ပွဲဖြစ်လို့ လူစည်သလားပဲ...အဟင်း...''
ဇေယျာ ခပ်မယ့်မယ့်လေး အသက်မယ့်စွာ ရယ်လိုက်ပြီး ခနဲ့သလိုနဲ့ ပြောလိုက်၏။ အရင်ကကြက်တိုက်တယ်တာ ဘာမှန်းမသိပေမယ့် ဇေယျာ ခင်ဦးကို ယူလိုက်ရချိန်ထဲက သူငယ်ချင်းတွေနဲ့တစ်ခါတစ်လေမှ သောက်ဖြစ်တဲ့သူက အရက်လည်းနေ့တိုင်းသောက်လာတယ်...။ ကြက်တိုက်တာ ဖဲရိုက်တာတွေ မလုပ်ဖူးတဲ့အရာတွေမှန်သမျှကို လုပ်လာခဲ့သည်။
"ပညာတက်တွေ သိပ်ကြောက်စရာကောင်းတာပဲ..ခြေတော်တင်ပြီး ဗိုက်ကြီးတာတောင်မယူဘူး..ကောင်မလေးက အိမ်ပေါ် တက်လာလို့ မဟုတ်ရင် လင်ကောင်မပေါ်ပဲ ကလေးမွေးရမယ့် အဖြစ်ပါတော်...''
"ဘာကြောင့် ငါ့ကို ထိုးသလဲဆိုတာ စဥ်းစားရခက်နေတာ..လက်စသတ်တော့ သူမလေးက မင်းအပိုင်လေးဖြစ်နေတာကိုး...''
"ခင်ဦးရဲ့ ကလေးအဖေက သူကြီးသားတဲ့တော်..မထင်ရဘူးနော်...အထွေးလေးနဲ့ ကွိုကျနတောမဟုတျလား...''
"သူကြီးသားက ငယ်ငယ်ထဲက ခင်ဦးကို အမြဲအနိုင်ကျင့်နေကျမဟုတ်လားအေ..အခုလည်း အနိုင်ကျင့်တာနေမှာပေါ့...''
သူ့သိက္ခာ မာနတွေကို ရစရာမရှိအောင် ထိပါးလာတဲ့ ပတ်ဝန်းကျင်ရဲ့ရှုတ်ချတဲ့စကားတွေကို မေ့ပျောက်ချင်တာကြောင့် ထိုအရာတွေ လုပ်ပြီးတစ်နေ့တာအချိန်တွေကို ကုန်းဆုံးသည်။မေမေကတော့ သူလုပ်နေတာကို တစ်ခုမှ မနှစ်မြို့ချေ။
ဇေယျာ ကြက်ကြီးပိုက်ပြီး အိမ်ထဲဝင်လာတော့ ဆန်ပြာနေတဲ့ ခင်ဦးကို ငေးကြည့်မိသည်။သနပ်ခါးပါးကွက်ကြားနဲ့ ဆံပင်ရှည်တွေကိုနှစ်ပတ်ရွှေထုံးထားသည်က သူ့မျက်လုံးထဲမှာ တစ်မျိုးလေးကြည့်ကောင်းနေသည်။ကြာကြာလေး ငေးကြည့်ရာကနေ မျက်ခုံးနှစ်သွယ့် ထိဆပ်သွားသည်အထိ မျက်မှောင်ကျုံ့ပြီး အလိုမကသြညျ့ပုံစံနဲ့ အိမ်ထဲဝင်လာခဲ့သည်။
"ကိုကြီးဇေယျာ ရေချိုးတော့မလို့လား...ခင်ဦး ရေလဲပုဆိုးယူပေးမယ်နော်..''
"ပြန်လျှော်ထားလား...''
"ဟင့်အင်း...ခင်ဦး အခုလျှော်လိုက်ပါမယ်...နောက်တစ်ထည်သွားယူပေးမယ်..ခဏလေးစောင့်နော် ကိုကြီးဇေယျာ...''
"နေနေ..ဒါနဲ့ပဲ လုပ်လိုက်မယ်...နောက်တစ်ခါ သုံးပြီးသွားရင် ပြန်လျှော်ကြားလား...ငါ မရိုက်ချင်ဘူး...''
"ဟုတ်''
အိမ်မှာတုန်းကတော့ ကိုကို့ရေလဲပုဆိုးကို ခေါင်းသုတ်ပြီး ပြန်မလျှော်ဘဲ ပြန်လွှားနေကြဆိုတော့ မလျှော်ဘဲ ထားလိုက်မိသည်။တစ်ခါတည်း မရိုက်တာ တော်သေးရဲ့..။ကြီးကြီးဝင့်ဝါက ခေါင်းတွေခေါက်ထားလို့ တစ်ခေါင်းလုံးလည်း ပူထူနေပြီ..ကိုကြီးဇေယျာပါ ရိုက်ရင် ခင်ဦး အရမ်းနာမှာ..အခုမရိုက်တဲ့ ကိုကြီးဇေယျာကို ကျေးဇူးတင်မိသည်။
"မငေးနဲ့...ပုဆိုးပေးတော့...''
"ဟုတ်...''
ခင်ဦး ကိုကြီးဇေယျာကို ပုဆိုးပေးပြီး ကိုကြီးဇေယျာရဲ့ အဝတ်အစားတွေကို တစ်ခါတည်းလျှော်လိုက်သည်။လျှော်ပြီးလို့ လှန်းပြီးတာနဲ့ အိမ်ထဲအမြန်ဝင်လာရသည်။ကြီးကြီးဝင့်ဝါက ကြည့်လာတဲ့အခါ ခေါင်းငုံ့ကာ ကိုယ်လေးကျုံ့ပြီး အပေါ်လိုက်တော့သည်။
"ကိုကြီးဇေယျာ ထမင်းစားတော့မလား...ကြီးကြီးနဲ့ဘဘက ကိုကြီးဇေယျာကို ထမင်းစားဖို့ စောင့်နေတယ်...ခင်ဦး ပြင်လိုက်ရတော့မလား...''
"အင်း...''
ခင်ဦး အောက်ထပ်ကိုဆင်းလာပြီး ထမင်းခုံဝိုင်းပြင်လိုက်ပြီး မီးဖိုထဲဝင်ကာ ထမင်းဟင်းထည့်ထားတဲ့ ပန်းကန်တွေကို ယူပြီး ခုံဝိုင်းမှာ နေရာချလိုက်တော့သည်။ဒီထမင်းဝိုင်းမှာ ခင်ဦးစားခွင့်မရှိပေ။ခင်ဦးက ကိုကြီးဇေယျာတို့ မိသားစုတွေ စားပြီးမှ မိုးသားနဲ့အတူတူ မီးဖိုချောင်ထဲမှာ စားရသည်။
"ကြက်သားဆီပြန်လေးကို ငါးပိရည်စပ်စပ်လေးနဲ့ စားချင်လိုက်တာ ဖိုးသားရယ်...ကိုကြီးဇေယျာ စားနေတာ မြိန်စရာကြီး သိလား..''
"သား သွားတောင်းပေးရမလား...''
"အို..မလုပ်ပါနဲ့ဖိုးသား မကြီးရိုက်ခံရမှာကြောက်တယ်..မနက် မကြီးရိုက်ခံရတာ ဖိုးသားလည်း မြင်တာပဲလေ..အခုတောင်ခေါင်းကြိမ်းနေလို့ ခေါင်းမဖြီးနိုင်ဘူး..''
"မကြီးခင်ဦး ကလေးလေးကို မွေးပြီးတာနဲ့ သားပြောသလို ဟိုးအဝေးကြီးကို ထွက်သွားနော်...အဲ့ဆို မကြီးခင်ဦးကို ဘယ်သူ့မှ မရိုက်တော့ဘူး...''
"အင်းပါ..မကြီးတကယ်ထွက်သွားမှာ သိလား..ကိုကြီးဇေယျာကိုကလည်း မကြီးကိုကလေးလေးမွေးပြီးတာနဲ့ ထွက်သွားတဲ့..ဖိုးသားမပြောလည်း ကိုကြီးဇေယျာကို ကြောက်လို့ မကြီးက ဟိုးအဝေးကြီးကိုထွက်သွားမှာပါ ဖိုးသားရဲ့..''
"တကယ်နော် မကြီးခင်ဦး...''
"အင်း..ညကတောင် မကြီးအိပ်မက်သေးတယ် သိလား...မကြီးလေ အိပ်မက်ထဲမှာ အရမ်းပျော်တာပဲ ဖိုးသားရယ်...နောက်ပြီး အိပ်မက်ထဲက မကြီးက အရမ်ချောတာပဲ...ကတ္တီပါပိုးသားပန်းရောင်းဝမ်းဆက်ကလေးနဲ့ အရမ်းလှနေတာ ပြန်တောင်မနိုးချင်ဘူး...အဟင်း...''
ထမင်းစာချိန်ကခဏလေး ထမင်းစားပြီး ဖိုးသားနဲ့စကားပြောနေတာနဲ့ ကြာသွားတာ ကြီးကြီးဝင့်ဝါ လှမ်းခေါ်မှပဲ သတိဝင်တော့တယ်။ခင်ဦးရောက်တော့ ထမင်းဝိုင်းမှာ ကိုကြီးဇေယျာက ရှိမနေတော့ပါ..။ခင်ဦး ခုံဝိုင်းသိမ်းပြီးတာနဲ့ ပန်းကန်တွေကို ဆေးဖို့ ရေချိုးတဲ့နေရာကို ယူလာပြီး ဆေးကြောရသည်။ပန်းကန်တွေကို ပန်းကန်စဥ်မှာ ရေစစ်ထောင်ထားလိုက်ပြီး အပေါ်ထပ်ကို တက်လာခဲ့သည်။
အပေါ်ရောက်တော့ စားပွဲခုံမှာထိုင်ပြီး မီးအိမ်လေးချပြီး စားရေနေတဲ့ ကိုကြီးဇေယျာကို တွေ့ရသည်။ခင်ဦး အိပ်ယာလေးခင်းပြီး ခြင်ထောင်ထောင်လိုက်ပြီး အိပ်ယာမဝင်သေးဘဲ ခြင်ထောင်အပြင်မှာ ထိုင်ပြီး ကိုကြီးဇေယျာကို စောင့်နေလိုက်သည်။ ခင်ဦး အိပ်ချင်လာတဲ့အခါ ဒူးနှစ်လုံးပေါ် လက်လေးယှက်ပြီး မေးတင်ပြီး ခဏမှေးလိုက်သည်။
ခင်ဦးနိုးလာတဲ့အခါ မိုးလင်းနေပြီ။ခင်ဦးကိုယ်လေးကလည်း ကိုကြီးဇေယျာရဲ့ရင်ခွင်ထဲ ရောက်နေခဲ့သည်။ကုန်းထသည့်အချိန် ခေါင်းက ပေါ့ပါးသလိုခံစားလိုက်ရတာကြောင့် ခါးကိုစမ်းမိတဲ့အခါ တင်ပါးအောက်ရှည်တဲ့ ခင်ဦး၏ဆံပင်တွေဟာ ကျောလောက်သာရှိတော့တာကြောင့် ဝမ်းနည်းသွားပြီး မျက်ရည်တို့ကျလျက် ဒူးနှစ်လုံးပေါ်လက်လေးယှက်ပြီးမေးတင်၍ တရှုံ့ရှုံ့နဲ့ ငိုကြွေးလိုက်လေသည်။
"ကျစ်...''
ဇေယျာ စုတ်သပ်ပြီး အိပ်ရာကထလိုက်တာနဲ့ ငိုနေတဲ့ သူမက မျက်ရည်တွေကို အတင်းသုတ်လေ၏။သူမ ဝမ်းနည်းသွားတာကိုသ်ပေမယ့် ကောင်းကောင်းက သူမဆံပင်တွေကို နမ်းရှိုက်ရတာကိုကြိုက်လို့ အရှည်ထားတာပါဆိုတဲ့ သူမပြောလိုက်တဲ့ စကားကိုကြားပြီးထဲက ဂတုံးတောင် ဆွဲတုန်းပလိုက်ချင်တာ..။
"မင်းဆံပင်တွေ ကျောထက်ရှည်တာနဲ့ညှပ်ရမယ်...''
"ဘာလို့လဲ...''
မေးလာတဲ့လေသံလေးက တိုးတိုးလေးရယ်ပါ။
"ငါ့အပိုင်ကို သူများထိထားမလိုချင်လို့...နောက်ထပ်မမေးနဲ့...''
ကိုကြီးဇေယျာက နောက်ထပ်မမေးနဲ့ဆို၍ ခင်ဦးထပ်မမေးတော့ပေ။နှစ်နှစ်လလထားခဲ့ရတဲ့ ဆံပင်ရှည်တွေကို ညှပ်ခံလိုက်တာတော့ ရင်ထဲကဆို့နစ်လာတဲ့ ဝမ်းနည်းမှုက တားဆီးလို့မရပါ။မျက်ရည်တို့ဟာ ထိန်းထားလို့မရဘဲ တသွင်သွင် စီးကျလာသည်။ကိုကြီးဇေယျာကို ကြောက်ပေမယ့်လည်း သူ့ဘယ့်သူ မျက်ရည်တွေက ထိန်းမရအောင်ကျနေတာကိုတော့ ခင်ဦး မတက်နိုင်ခဲ့ပေ။
"မငိုနဲ့တော့ကွာ...မင်းဗိုက်ထဲက ကလေးမောနေလိမ့်မယ်...''
"ဟင်...''
မျက်ရည်တွေအတင်းသုတ်ပြီး မျက်လုံးလေးပြူးပြီး သူ့ကိုမော့ကြည့်လာသည်။သူမ၏ ထိုပုံစံကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ပြီး မျက်ရည်တွေစိုစွတ်နေသည့် ပါးပြင်ကို လက်လေးဖြင့် ပွတ်သပ်ပြီးလိုက်၏။
ဘယ်လိုကောင်မလေးမှန်းမသိဘူး.. မုန်းစရာကောင်းလိုက်တာ..ချစ်မွှေးလည်းမပါဘူး..စိတ်ထဲတွင် တီးတိုးဆိုပြီး အောက်ထပ်သို့ ခက်သွက်သွက်ဆင်းလာခဲ့သည်။
သူ့နောက်မှ လက်ကလေးယှက်လျက် ခေါင်းငုံ့ပြီး ကျုံ့ကျုံ့လေးလိုက်ပါလာပုံက ခင်ဦး သူ့ကို ဘယ်လောက်ကြောက်သလဲဆိုတာ သိသာထင်ရှားလေ၏။အောက်ထပ်ရောက်တော့ မေမေနဲ့ဖေဖေက ခင်ဦးကိုကြည့်ပြီးနောက် သူ့ကိုကြည့်လာခဲ့သည်။ဖိုးသားကတော့ ပါးစပ်အဟောင်းသားနဲ့ ခင်ဦးကိုကြည့် မျက်နှာပျက်သွားတာကို သူမြင်လိုက်ရ၍ နှုတ်ခမ်းကွေးရုံမျှ ပြုံးလိုက်သည်။
"ငါဒီနေ့မြို့တက်မယ် ဖိုးသား...မင်း ဘူတာလိုက်ပို့ရမယ်...ငါ ဟိုမှာ နှစ်ရက်သုံးရက်ကြာမှာဆိုတော့ မင်းပြန်လာရင် တစ်ယောက်တည်းဖြစ်လိမ့်..အဲ့ဒါကြောင့် တစ်ယောက်ယောက်ကို အဖော်ခေါ်ထားလိုက်...ခဏနေသွားမယ်...''
ကိုကြီးဇေယျာမြို့ကိုသွားမယ်ဆို၍ အထွေးကိုသတိရလို့ သွားတွေ့ခြင်းလားလို့ ခင်ဦး တွေးလိုက်မိသည်။ကိုကြီးဇေယျာအထွေးကို ချစ်သလို ခင်ဦးကိုများ ချစ်ရင်ကောင်းမှာပဲ..မဖြစ်နိုင်တဲ့ အတွေးကိုစိတ်ကူးမိရင်း ခင်ဦးစိတ်မကောင်းဖြစ်မိသွားရပြန်သည်။ကိုကြီးဇေယျာ နှစ်ရက်သုံးရက်တောင် မြို့သွားမှာဆိုလျှင် ခင်ဦးကိုဆူမည့်သူ အနိုင်ကျင့်မည့်သူ မရှိတော့သဖြင့် ဝမ်းသားရမည်ဖြစ်သော်လည်း ခင်ဦး ရင်ထဲမှာ မပျော်နိုင်ပါ.. ။
ဇေယျာ ရေမိုးချိုးပြီး အဖြူရောင်ရှပ်အကျီနဲ့ ရိုးရိုးချည်ပုဆိုးကို သေသပ်ရပ်စွာ ဝတ်ဆင်လိုက်၏။ထို့နောက် နက်မှောင်သန်စွမ်းသည့် ဆံပင်များကို အုန်းဆီရွဲနေအောင်ထည့်ပြီး ဘေးခွဲကာ ဆံပင်များကို အပေါ်လှန်တင်လိုက်ပြီး သေသပ်စွာ ဖြီးလိုက်တော့သည်။မြို့သွားတို့အတွက် လိုအပ်တာတွေကို ထည့်ထားသည့် အိတ်ကိုယူပြီး အောက်ထပ်ကိုဆင်းဖို့ပြင်လိုက်စဥ် သူ့အနားမှာ မျက်နှာမကောင်းဘဲ သူ့အနားမှာ မျက်နှာမကောင်းဖြစ်နေတဲ့ ခင်ဦးကိုကြည့်ပြီး ထူထပ်တဲ့မျက်ခုံးနှစ်သွယ်ကို ထိပ်ဆက်လုနီး မျက်မှောင်ကျုံ့ကြည့်ပြီးနောက် ခြေလှမ်းကျဲများဖြင့် အောက်ကိုဆင်းလာခဲ့သည်။
ဖိုးသားမောင်းသည့် လှည်းနောက်မှာ ပါသွားတဲ့ ကိုကြီးဇေယျာကိုငေးကြည့်ခိုက် ကြီးကြီးဝင့်ဝါရဲ့ လက်က ခင်ဦးကျောပေါ်ကို ဖြန်းခနဲဆိုပြီး မြည်လာခဲ့သည်။ခင်ဦး ကိုကြီးဇေယျာကို ကြည့်နေရာကနေ မျက်လွှာကလေး အောက်သို့ချလိုက်၏။မျက်ရည်တို့ ဝဲရစ်တွဲခိုလာခဲ့သည်။ကြီးကြီးဝင့်ဝါ ရိုက်လို့ နာသွားလို့ ငိုချင်တာလားဆိုပြန်တော့လည်းမဟုတ် ဘာကိုဝမ်းနည်းပြီး ငိုချင်သည်မသိပါ။
အခန်းမှတ်ချက်များ (0)