"ခင်ဦး...''
သူခေါ်တာနှင့်အပြိုင် ခင်ဦးက ကိုယ်လုံးလေးတုန်တက်သွားသလို နှုတ်ခမ်းတစ်စုံဟာလည်းတစ်ဆတ်ဆတ်နဲ့ တုန်ယင်နေသည်။အရင်က သူ့ကို ကြောက်သည်ထက်ပိုကြောက်သွားဟန်တူသည်။သူ ချစ်တာအထွေး သူလက်ထက်မည့် မိန်းကလေးက အထွေးသာဖြစ်တာကြောင့် ဒီအမှားအတွက်နဲ့ ခင်ဦးကို တာဝန်မယူနိုင်ပါ။
"ဒီအကြောင်းတွေကို ဘယ်သူ့မှမသိစေနဲ့ကြားလား...''
ကိုကြီးဇေယျာ ပြောကနေ ခေါင်းညိတ်ပြလိုက်သည်။ခင်ဦးက သူလိုချင်တဲ့ အဖြေရလို့နဲ့တူသည်...သုတ်ခြေတင်ပြီး အိမ်ကနေ ထွက်သွားတော့သည်။ကိုကိုသာ အိမ်မှာရှိရင် ခင်ဦး အခုအခြေအနေနဲ့ ကြုံရမှာ မဟုတ်လောက်ဘူး.။ကိုကိုက ခင်ဦးအတွက် နည်းနည်းလေးတောင် အားကိုးလို့မရတာပါလား တွေးပြီး မယ့်ပြုံးကလေး ပြုံးလိုက်မိရဲ့..။
ထိုနေ့ကစလို့ ကိုကြီးဇေယျာဟာ ခင်ဦးတို့အိမ်ကို ခြေဦးတောင်မသန်းတော့ပေ။ခင်ဦး ကိုကြီးဇေယျာတို့ အိမ်ကို အမေလွတ်လို့ စျေးလာဝယ်ရတဲ့အခါ ကိုကြီးဇေယျာကို မြင်ရင်တောင် မျက်လုံးဆွေပြီးတောင် မကြည့်ရဲပါ..။
ဒီရက်ထဲ ခေါင်မူးလိုက် သတွေးတစ်ပြစ်ပြစ်ဖြစ်နေပြီး နေရတာအဆင်မပြေပါ..။လေးလံ ထိုင်းမှိုင်းနေတဲ့ ကိုယ့်ကိုယ်ကို အားမရသလို အမေကလည်း အလုပ်မလုပ်လို့ မူလချီမာလချီများတယ်ဆိုပြီး ဆူလာသည်။စိတ်မရှည်တဲ့အခါ ရိုက်ပါရိုက်သည်။ခင်ဦး တကယ်နေမကောင်းဖြစ်နေတာကို ခင်ဦးသာ သိသည်။ကောင်းသာဆိုရင် ခင်ဦး နေမကောင်းဘူးလို့ ပြောတာကို ယုံပေးမှာ...။နေ့တိုင်းလိုလို ခံစားရလို့ ခင်ဦး သေမှာကို ကြောက်မိတယ်..။အမေ့ရှေ့မှာဆို မူးဝေနေလည်း အလုပ်လုပ်ရတယ်..။သတွေးထွေးချင်ရင်တောင် မထွေးရဲပေ။
"ခင်ဦး ကြီးကြီးနေမကောင်းဖြစ်နေလို့ ညည်းအစ်ကို အဝတ်အစားတွေကို မီးပူတိုက်ပေးစမ်းပါအေ...''
"ဟုတ်...''
ခင်ဦး ရင်ထဲမကောင်းလို့ လျက်ဆားသွားဝယ်ကာမှ ကြီးကြီးဝင့်ဝါက ကိုကြီးဇေယျာရဲ့ အကျီလုံချည်တွေကို မီးပူတိုက်ခိုင်းတာကြောင့် အားနာနာနဲ့ပဲ ခေါင်ငြိမ့်လိုက်မိသည်။မီးပူတိုက်ပြီးတာနဲ့ အဝတ်အစားတွေ စားပွးခုံပေါ်မှာ စီစီညီညီ တင်ထားလိုက်ပြီး နောက်ကိုကိုယ်လေး လှည့်ချိန်မှာ မတ်တက်ရပ်လျက်ရှိနေသည့် ကိုကြီးဇေယျာကို မြင်လိုက်ရတော့ ကိုယ်လေးတောင့်သွားရသည်။
"ပိန်သွားတယ်...နေမကောင်းဘူးလား...''
ခင်ဦး ခေါင်းညိတ်လိုက်၏။
"ဟိုအကြောင်းကို ဘယ်သူ့ကို ပြောသေးလဲ...''
ခင်ဦး ခေါင်းရမ်းလိုက်၏။ခင်ဦး ကိုကြီးဇေယျာနားကနေ မြန်မြန်ထွက်သွားချင်တာကြောင့် လက်ကလေးနှစ်ဖက်ကို ယှက်ထက်ပြီး မျက်အစုံ မှိတ်တာလိုက်ပြီး တုန်ယင်နေသော အသံလေး ထစ်ထစ်ငေါ့ငေါ့ အားယူပြီး ပြောလိုက်သည်။
"ဟို..ဟို...ခင်ဦး ပြန်တော့မလို့...''
"အင်း...''
သုတ်သုတ်နဲ့ ခေါင်းလေးငုံ့ကာ ထွက်သွားသည့် ခင်ဦးကို ကြည့်ပြီး ဇေယျာ့နှုတ်ခမ်းလေး ကွေးတက်သွားသည်။အခုလို သူ့ကို ခင်ဦးကြောက်နေတဲ့ ပုံစံကို ကောင်းသုတသာ မြင်ရင် ဘယ်လောက်ဒေါသထွက်နေလိုက်မလဲ...ကောင်းသုတ မြတ်နိုးရတဲ့ ပန်းလေးကို ကိုယ် နင်းခြေလိုက်တာကိုသိရင် ဘယ်လောက်များ ရင်ခံနေလိုက်မလဲ..။
သူ ကလေးတွေအတွက် စာစဥ်စာမေးပွဲအတွက် မေးခွန်းတွေ ထုတ်ပြီးတာနဲ့ အောက်ကိုဆင်းလာခဲ့သည်။အောက်ထပ်မှာ မေမေနဲ့ဒေါ်လေးက ကောင်းကောင်းနဲ့ခင်ဦးအကြောင်းကို ပြောနေတာကြောင့် နားစွင့်နေမိသည်။ဒေါ်လေးက ကောင်းကောင်းကျောင်းပြီးရင် ခင်ဦးကို ကောင်းကောင်းအတွက် တောင်းပေးချင်လို့တဲ့..။မေမေကတော့ သူ့တူပညာတက်လေးနဲ့ သဘောမတူနိုင်ပါတဲ့...။သူနဲ့ခင်ဦးနဲ့ အကြောင်းကိုသာ သိရင် ..တွေးတောင်မရဲပေ။
လေးငါးရက်လောက်နေတော့ ခင်ဦးမှာ ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့ စကားက တစ်ရွှာလုံး ပြန့်လာခဲ့သည်။သူ ကြားကြားခြင်းခြင်းမှာ ပူထူသွားခဲ့သည်။သူ ခင်ဦးတို့ အိမ်ကို ရောက်လာခဲ့သည်။ဒေါ်ဒေါ်က ခင်ဦးကို ကလေးအဖေက ဘယ်သူလည်းလို့ မေးမေးပြီး ရိုက်နေသည်။
"ခင်ဦး ညည်းဗိုက်ထဲက ကလေးအဖေက ဘယ်သူလဲ....''
"မသိဘူး အမေ...''
"ဘာပြောတယ်...ကိုယ်နဲ့အိပ်တဲ့သူကိုတောင် ညည်းက မသိဘူး ဟုတ်လား...''
"ဖြန်း...ဖြန်း...''
"တော်တော့ အမေ...ဒီကောင်မက ဒီလိုမေးလို့ ရမှာမဟုတ်ဘူး....''
ကိုကိုဟာ အမေ့ကို တော်ဖို့ပြောလိုက်တာကြောင့် ပျော်သွားမိတာအမှန်..။ကိုကိုရဲ့ လက်က ခင်ဦး လည်ပင်းကို ညှစ်လာချိန်မှာတော့ ခုနကအပျော်လေးက ကြက်ပျောက်ငှက်ပျောက်အလား...။ခင်ဦး အသက်ရှူမဝ ဖြစ်လာတာကြောင့် ကိုကိုရဲ့ လက်တွေကို အတင်းဖယ်ထုတ်လိုက်သည်။ဒေါသတကြီး ညစ်နေတာကြောင့် ခင်ဦးမျက်လုံးတွေပြာတွေလာပြီး သေပြီလို့တောင် ထင်လိုက်မိသည်။ခြံရှေ့ဝမှာ ရပ်နေသည့် ကိုကြီးဇေယျာ မြင်လိုက်ရ၏။သို့သော် ဒီတစ်ခါမှာတော့ ခင်ဦးကို ကယ်ပါဦးဆိုသည့် မျက်ဝန်းတွေနဲ့ မကြည့်ဖြစ်ခဲ့ပေ။နာကျင်မှုကို ကြိတ်ခံရင်း မျက်လုံးအစုံတို့ကို မှိတ်ချသည်။
ခင်ဦးအတွက် ရောင်နီက မရှိဘူးထင်ပါရဲ့...။
ကိုကို့ကို တားနေသည့် ကိုကိုရဲ့အသံကို အမေ့ရဲ့ကို ခင်ဦးကြားနေရသည်။ကိုကို့ရဲ့ ကျောကို တစ်ခုခုနဲ့ ရိုက်လိုက်ကိုလည်း ခင်ဦး အသံကြားလိုက်ရသည်။ကိုကို လွတ်လိုက်တော့မှ ခင်ဦး မျက်ရည်ရွဲလျက် အသက်ဝဝရှူလိုက်ရသည်။အိမ်ပေါ်မှာ ချောင်လေးကပ်ပြီး ငိုကြွေးနေတဲ့ ပိုက်ပိုက်က ခင်ဦးကို ကိုကို လည်းပင်းညစ်ရာမှာ လွတ်ပေးလိုက်တော့မှာ ပြေးဆင်းလာပြီး ခင်ဦးဖက်ပြီး ကိုကြီးဇေယျာရှိတဲ့ ခြံဝကို လက်ညိုးထိုးပြီး မခင်နဲ့အိပ်တာအဲ့ကိုကြီးဆိုပြီး မေမေတို့ကို ပြောလိုက်လေ၏။
"ကိုကြီးဇေယျာက မမကို ဒီအကြောင်းတွေကို ဘယ်သူမှမပြောရဘူးဆိုပြီး မနက်အစောကြီး သားတို့ အိမ်ကနေ ပြန်သွားတာ ...''
ပိုက်ပိုက်ရဲ့ စကားကြောင့် အမေနဲ့ကိုကိုက မျက်နှာပျက်သွားသည်။ခုနက ခင်ဦးကို ထွက်နေသည့် ဒေါသတွေ ဘယ်ရောက်သည်မသိပါ..။ခင်ဦးကို လည်းပင်းညစ်တဲ့ကိုကို ကိုကြီးဇေယျာကြတော့ ဘာမှမလုပ်ပေ။
"ပိုက်ပိုက် ဒီအကြောင်းကို ဘယ်သူ့မှမပြောရဘူးနော်...သား လူတွေကိုလိုက်ပြောရင် သားမခင်ကို အမေရိုက်မှာ...''
ကလေးအဖေမသိတုန်းကတော့ သေမတက်ရိုက်နှက်ပြီး ဘယ်သူဘယ်ဝါဆိုတာကို သိသွားတော့လည်း ပြန်ဖုံးလိုက်တာ..အထွေးရဲ့ သက်ဆိုင်သူဖြစ်လို့ထင်ပါရဲ့..။
ပတ်ဝန်းကျင်ကသာ ညီမနဲ့ယူမယ့်ယောကျာ်းက အမနဲ့ဒီအခြေအနေထိ ဖြစ်ခဲ့တာကို သိရင်.. အားလုံးရဲ့ အပြစ်က ခင်ဦးကိုဆီသာ ကျလာမှာ ကြိုလိုက်တာကြောင့် တိတ်တိတ်လေး ပြီးသွားအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။အခုချိန်မှာတော့ သမီးရဲ့ ဗိုက်ထဲကကလေးကို စူပူးမေသား ကောင်းကောင်းလို့ ထင်နေကြမှာ..။
"ကျွန်တော် မရည်ရွယ်ခဲ့ဘူး ဒေါ်ဒေါ်...''
"မောင်ဇေယျာပြန်လိုက်ပါ...ဒေါ်ဒေါ်တို့ ဘာသာဒီကိစ္စကို ကြည့်လုပ်လိုက်ပါမယ်...ပိုက်ပိုက် အိမ်ပေါ်တက်ပြီး စာလုပ်စရာရှိတာလုပ်...ခင်ဦး တစ်ကိုယ်လုံးပေကျံကုန်ပြီဆိုတော့ ရေချိုးတော့နော်...''
"ဟုတ်...''
ကိုကြီးဇေယျာလည်း ပြန်သွားသလို အမေကလည်း ခင်ဦးကို မရိုက်တော့ပေ။ ခင်ဦးကို ကြည့်ပြီးသာ ငိုနေသည်။ကိုကိုကတော့ မျက်နှာမှာ ဒေါသရိပ်တွေမရှိပေမယ့် လက်သီးတွေကိုတော့ ကျစ်နေအောင် ဆုပ်ထားသည်။ခင်ဦး အမေနဲ့ကိုကို့ကို ကြောက်၍ ပိုက်ပိုက်နားမှာ ထိုင်နေမိသည်။အမေနဲ့ကိုကိုရဲ့ စကားကိုသာ နားထောင်မိသည်။
"အမေ ဘာလို့ ကြီးကြီးဝင့်ဝါတို့အိမ်ကို မလိုက်သွားတာလဲဗျာ...ခင်ဦး ယူဖို့ အကြောင်းသွားမပြောဘူးလား...ဇေယျာ့ကြောင့် အမေ့သမီး ဗိုက်ကြီးနေတာကို သူ့မိဘတွေကို သွားပြောရမယ်မဟုတ်လား...''
"မင်းညီမကို လက်ခံမယ်ထင်သလား ကျော်ကျော်...ညီမကို တာဝန်မယူချင်လို့တောင် ငါပြန်ခိုင်းသွားတာကို မငြင်းဘဲ ပြန်သွားတာပဲ ကြည့်လေ...အမေတို့က သွားပြောလို့ ယူလိုက်ရတယ်ပဲထား..မင်းညီမကို ကြည်ဖြူမယ်မထင်နဲ့...အားလုံးအတွက် အဆင်ပြေမယ့် အရာကို အမေတွေးပြီးသွားပြီ...ကလေးဖျက်ချဖို့ကလွဲပြီး တခြားနည်းမရှိဘူး...ညကျရင် လက်သည်ခေါ်ပြီး ကလေးချက်ချဖို့ လုပ်ရုံပဲ ရှိတယ်...''
အပြင်တောင်မရောက်လာသေးတဲ့ ခင်ဦးရဲ့ ကလေးလေးကို သတ်မယ်ကျန်နေတဲ့ အမေစကားတွေကြောင့် မျက်ရည်တို့ တသွင်သွင် ပြိုဆင်းလာခဲ့သည်။တဖြေးဖြေးနဲ့ ညနေနီးလာတဲ့အခါ ခင်ဦး အိမ်ကနေ အမေတို့မသိအောင် ကိုကြီးဇေယျာတို့အိမ်ကို ထွက်လာခဲ့သည်။
ခင်ဦး ကိုကြီးဇေယျာအိမ်ထဲကို ဝင်လာတော့ ဖိုးသားကို တွေ့လိုက်၍ ကိုကြီးဇေယျာကို မေးလိုက်၏။ကိုကြီးဇေယျာအပေါ်မှာ ရှိတယ်ဆို၍ ခင်ဦး အပေါ်ထပ် တက်သွားလိုက်သည်။ဖိုးကတော့ ခင်ဦးကို နားမလည်သလို လိုက်ငေးကြည့်နေသည်ကို ခင်ဦး သတိမမူတော့ပေ။
"ကိုကြီးဇေယျာ...သမီးကလေးလေးကို ကယ်ပါနော်..အမေက ကလေးကို သတ်တော့မယ်...''
သူ့ရှေ့ကို ဒူးလေးထောက်လိုက်ပြီး လက်အုပ်ချီကာ ငိုကြွေးရင်း တောင်းပန်တဲ့ ခင်ဦးကို ဆွဲထူလိုက်မိသည်။ခင်ဦး ဗိုက်ထဲက ကလေးကသူ့ကလေးဖြစ်တာကြောင့် ကလေးကိုသတ်မယ်ဆိုတာကိုတော့ လက်မခံနိုင်...။ခင်ဦးနဲ့သူ့အကြောင်းကိုသာ ရွာကသူတွေ သိသွားရင် ငါ့ဂုဏ်သိက္ခာကို ထိပါးမှာကိုလည်း မခံနိုင်..။
"ဒေါ်ဒေါ်ကလေးကို ဘာမှမလုပ်စေရဘူး...ငါကတိပေးတယ်.. အခုပြန်ရအောင် ငါလိုက်ပို့ပေးမယ်.. နောက်ပြီး ဒေါ်ဒေါ်ကိုလည်း ကလေးကိုဘာမှ မလုပ်အောင် ပြောပေးမယ်...''
"ဟင့်အင်း..သမီး မပြန်ဘူး..ကိုကြီးဇေယျာ သမီးကိုယူပါနော်...အိမ်ပြန်ရင် သမီးကလေးကို သူတို့သတ်ကြမှာ..သမီးကို ယူပါနော် ကိုကြီးဇေယျာ...''
"သား...''
မေမေရဲ့ အက်သံပါတဲ့ ခေါ်သံကြောင့် ဇေယျာ သူ့ကို ဖက်တွယ်ထားသည့် ခင်ဦးလက်တွေကို ဖြုတ်ချလိုက်သည်။မေမေရဲ့အကြည့်စူးစူးတွေနဲ့ ခြေလှမ်းတွေက သူ့ဘေးနားက ခင်ဦးဆီကို ရောက်လာ၍ ခင်ဦးကို သူ့နောက်ကို ပို့လိုက်တော့သည်။
"မေမေ....''
"ညည်းက ငါ့သား ပညာတက်ကျောင်းဆရာကို အပိုင်ကြံလိုက်တယ်ပေါ့လေ...ညည်းလို ပညာမတက်တဲ့ မိန်းမက ငါ့သားမိန်းမ ဖြစ်ချင်နေတယ်ပေါ့ ဟုတ်လား...ဖိုးသား ဒီမိန်းမကို ငါ့အိမ်ပေါ်ကနေ ဆွဲထုတ်သွားစမ်း...''
"ဟင့်အင်း...သမီး မသွားဘူး...သမီး ပြန်သွားရင် သူတို့ကို သမီး ကလေးကို သတ်တော့မှာ...သမီးမသွားပါရစေနဲ့ ကြီးကြီးရယ်...အဟင့်...''
ဘဘက ခင်ဦး ငိုယိုတောင်းပန်နေတာကိုကြည့်ပြီး သနားသွားသည်ထင်ပါတယ်..ကြီးကြီးကို မင်းသားဆုံးဖြတ်လိုက်မယ်ဆိုပြီး အောက်ကိုခေါ်ဆင်းသွားသည်။အပေါ်ထပ်မှာ ကိုကြီးဇေယျာနဲ့ခင်ဦး နှစ်ယောက်ထဲရှိတော့သည်။ခင်ဦးကို ကိုကြီးဇေယျာရိုက်မှာလည်း မကြောက်တော့ပါ။
"ကိုကြီးဇေယျာ သမီး မပြန်ဘူးနော်...သမီးရိုက်လည်းခံပါ့မယ်...သမီးကို ပြန်မပို့ပါနဲ့နော်...ကိုကြီးဇေယျာရိုက်လည်း ခံပါမယ်... ပြန်မပို့ပါနဲ့..အဟင့်...အဟင့်...''
ခင်ဦး ငိုရလွန်း၍ ရှိုက်သံတွေက တသိမ့်သိမ့်နဲ့ မျက်ဝန်းအစုံမှာ မျက်ရည်မိုးတို့ပြည့်ဖြင့် ဇေယျာ့ကို ကြည့်ပြီး သနားခံနေသည့်အလား...။
"ကလေးဝမ်းကကျွတ်တာနဲ့ မင်းထွက်သွားပေး...ဘယ်လိုလဲ... လက်ခံနိုင်လား...''
"ဟုတ်...''
ခင်ဦးကလေးလေးသာ အသက်ရှင်ရင် ရပါပြီ.။မှားယွင်းစွာ မွေးဖွားလာတဲ့ ခင်ဦးဆီကို လမ်းလွဲပြီး ရောက်လာခဲ့တဲ့ ဒီကလေးကို ခင်ဦး သနားသည်။
အခန်းမှတ်ချက်များ (0)