လယ်ထဲ မျိုးကြဲဖို့အတွက် ခင်ဦး ကိုကို့ကို တစ်ရွှာလုံးအနှံ့ပတ်ရှာလည်း မတွေ့ပါ။ထန်းတောကိုတော့ ခင်ဦးက မိန်းကလေးဖြစ်လို့ မသွားချင်တာနဲ့ မသွားခဲ့ပေ။ရှေ့က ကိုကြီးဇေယျာနဲ့မြို့က ကိုကြီးဇေယျာရဲ့သူငယ်ချင်း ကျောင်းဆရာကို တွေ့လိုက်တာကြောင့် ခင်ဦး အားတက်သရော မေးလိုက်မိသည်။
"ကိုကြီးဇေယျာ..ကိုကို့ကို တွေ့မိလားဟင်...''
"မတွေ့မိဘူး ခင်ဦးလေး...''
ပြန်ဖြေလာသူက ကိုကြီးဇေယျာမဟုတ်ဘဲ မြို့ကကျောင်းဆရာလေး ဖြစ်သည်။ခင်ဦးကို ခင်ဦးလေးလို့ ခေါ်တာကို မကြိုက်သော်လည်း ဆရာဆိုတော့လည်း ခင်ဦး ပြုံးပြလိုက်ရင်း ကိုယ့်လမ်းအတိုင်း ရှေ့ဆက်လျောက်လာခဲ့သည်။
ကျောင်းပိတ်ရက်တွေဆိုရင် ထိုဆရာလေးက တစ်ဖက်ရွာကနေ ကိုကြီးဇေယျာတို့အိမ်ကို အမြဲလာလေ့ရှိသည်။ကိုကြီးဇေယျာ ခင်ဦးတို့အိမ်ကို လာရင်လည်း ပါပါလာတက်သည်။ခင်ဦးကိုလည်း ရိသဲ့သဲ့နဲ့ ပြောဆိုတာကြောင့် ထိုဆရာလေးကို ခင်ဦးမကြိုဆိုချင်ပေ။ကိုကိုနဲ့ကိုကြီးဇေယျာကို ကြောက်လို့သာ အလိုက်ထိုက်ဆက်ဆံနေရသည်။အခုလည်း ကြည့် ခေါ်လိုက်တာ ခင်ဦးလေးတဲ့ မုန်းဖို့ကောင်းလိုက်တာ.. ဟူး..ကောင်းသာ ထိုအကြောင်းတွေကို သိရင် တအားဒေါသထွက်မှာသေချာတယ်..။
"အမေရေ.. ကိုကို့ကို ဘယ်မှမတွေးဘူး...ထန်းတောထဲတော့ သမီးမသွားချင်လို့ အဲ့ကိုတော့ မသွားခဲ့ဘူး...''
အမေက ခင်ဦးပြောလိုက်တာနဲ့ ရွာထဲထွက်သည်။ကိုကို့ကို ထန်းတောထဲ သွားခေါ်သလားမသိ..။ဆူတာ မခံရတော့ ပျော်မိပါရဲ့..။
"ပိုက်ပိုက်...ဘဲတွေလွတ်ပြီးသွားပြီလား...''
"မလွတ်ရသေးဘူး မခင်...''
"ကဲ..ဘဲလွတ်လိုက်တော့ ပိုက်ပိုက်.. မခင်နဲ့ ဘဲဥကောက်ကြမယ်...''
"ဟုတ် မခင်...''
အပေါက်ဖွင့်လိုက်တာနဲ့ ဘဲတွေက ဝေါခနဲ့ ခြံထဲက ပြေးထွက်သွားသည်။ဘဲခြံထဲမှာတော့ ဘဲဥတွေက ဖွေးလို့...ပိုက်ပိုက်ကတော့ ဘဲဥတွေ အများကြီး ဥထားတာကြောင့် သဘောတွေကျလေရဲ့..။ခင်ဦးနဲ့ ပိုက်ပိုက် ဘဲဥကောက်နေတုန်း အိမ်ရှေ့က ကိုကြီးဇေယျာနဲ့ ဟိုဆရာရဲ့ အသံကြားလိုက်တာကြောင့် စိတ်ညစ်ရပြန်သည်။ခင်ဦး ဘဲဥကောက်ပြီး အိမ်ရှေ့ကို ရောက်လာတော့ ထိုဆရာလေးက ပြုံးပြတာကြောင့် စိတ်ထဲကမပါဘဲ ပြန်ပြုံးပြရလေသည်။
"ပိုက်ပိုက်...မင်းသူငယ်ချင်းတွေ မင်းမလာသေးလို့ မျှော်နေတယ် မသွားဘူးလား...''
"မခင် သားခဏလေးဆော့ပြီး ပြန်လာခဲ့မယ်နော်...တကယ် ခဏလေးပဲ...''
"အင်းအင်း...''
အဆော့နဲ့မျှားကြီး ပိုက်ပိုက်ကို ပထုတ်လိုက်တာ ခင်ဦး သိတာပေါ့။အိမ်မှာ အမေလည်းမရှိတော့ ခင်ဦး ဘယ်လိုလုပ်ရပါ့မလဲ..။ပိုက်ပိုက်လည်းမရှိ အမေလည်း မရှိပါဘူးဆိုမှ ကိုကြီးဇေယျာကပါ ထိုဆရာလေးကို ထားခဲ့ပြီး သူ့ကိုခဏပြန်မယ်ဆိုပြီး ပြန်သွားသည်။
"ခင်ဦးလေး...ဇေယျာ့ရဲ့ညီနဲ့ သူငယ်ချင်းတွေဆို ဟုတ်လား..''
"ဟုတ်..ဟုတ်ပါတယ်...''
"တော်သေးတာပေါ့ဗျာ...''
"ရှန်...''
"ကိုယ်တကယ်ပြောတာ ခင်ဦးလေးရဲ့..ကိုယ် ခင်ဦးလေးကို မြင်မြင်ခြင်းမှာ ချစ်မိသွားတာ...ကိုယ် ခင်ဦးလေးကို ချစ်တယ်...''
"ဟင့်အင်း...ခင်ဦး ဆရာလေးကို မချစ်ဘူး...နောက်ပြီး ဆရာလေးပြောတဲ့ အချစ်ကိုလည်း ခင်ဦး မသိဘူး...''
ခင်ဦး အာလည်းမနာနိုင်ပါ။မျက်နှာကိုပင့်ချီပြီး ခက်ပြတ်ပြတ်သာ ပြောလိုက်၏။ဘဲဥခြင်းလေးကို ကိုင်ထားပြီး စကားရပ်ပြောနေရာကနေ အိမ်ထဲဝင်ဖို့ ကိုယ်လေးလှည့်ချိန်မှာ ခင်ဦးကိုယ်လေးကို အတင်းဖက်လာတာကြောင့် လက်ထဲက ခြင်းကအောက်ကျသွားပြီး ဘဲဥတွေလည်း ကွဲကုန်သည်။
"ကိုယ်ကတော့ ခင်ဦးကို ချစ်တယ်...''
"လွတ်ပါ....ခင်ဦးကို လွတ်...ကိုကြီးဇေယျာရေ ခင်ဦးကို ကယ်ပါဦး... ''
"ခွပ်...ခွပ်...''
"ဟင်...''
ခင်ဦးကို နှောက်ယှက်နေသည့် ဆရာလေးကို တစ်ယောက်ယောက်က ဆွဲထိုးလိုက်သူက ကိုကိုလို့ ထင်ခဲ့ပေမယ့် မော့လိုက်တဲ့အခါ ကိုကိုဟုတ်မနေဘဲ ကိုကြီးဇေယျာဖြစ်နေခဲ့သည်။ခင်ဦး မျက်ရည်တွေကြားကနေ အံ့သြစွာ အကြာကြီး ငေးကြည့်နေမိသည်။
ကြာကြာလည်း မကြည့်ရဲပါ။ဆရာလေးဆီကနေ ခင်ဦးဘက်ကို လှည့်လာမှာ ကြောက်မိသည်။မျက်နှာလေး အောက်စိုက်လိုက်တော့ မြေပြင်မှာ ကွဲနေသော ဘဲဥတွေကို မြင်ပြီး အမေရိုက်တော့မယ်အသိက ဝင်လာပြီး ဝမ်းနည်လာရပြန်တယ်။
ဇေယျာ လက်ရဲဇက်ရဲနိုင်တဲ့ မင်းသော်နဲ့ ခင်ဦးကို စိတ်မချတာကြောင့် လမ်းတစ်ဝက်ကနေ ပြန်လှည့်လာခဲ့ခြင်းဖြစ်သည်။ခင်ဦး သူ့နာမည်ကို အသံနက်ကြီးနဲ့ ခေါ်လိုက်တာကြောင့် သူ့ပြေးလာခဲ့သည်။ခင်ဦး ဖက်ထားသည့် မြင်ကွင်းကို မြင်လိုက်ရ၍ ဇေယျာ လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်ပြီး မင်းသော်ကို ဂုတ်ကနေဆွဲလှည့်လိုက်ပြီး ပါးသောင်ထက်ကို ဒေါသတကြီး ဆင့်ထိုးလိုက်သည်။
"မင်းပြန်လိုက်တော့ မင်းသော်...''
မင်းသော်ပြန်သွားသည့်တိုင် သူမက ဘဲဥကွဲတွေကိုကြည့်ပြီး ငိုတုန်း...။
"ဘာလို့ ငါ့နာမည်ခေါ်တာလဲ...''
"ဟို..ဟို...ကိုကြီးဇေယျာကို မြင်ယောင်မိလို့ပါ...''
"အရမ်းကြောက်သွားလား...''
"ဟုတ်...''
"နောက်တစ်ခါ မင်းသော် မင်းအနားကိုမလာစေရဘူး...မငိုနဲ့တော့...''
"ဟုတ်...''
ကိုကြီးဇေယျာက မငိုနဲ့တော့ဆို၍ ခင်ဦး မျက်နှာကို လက်ဖိုးနဲ့ သုတ်လိုက်၏။
"ရေချိုးလိုက်...''
"ခင်ဦး မနက်ထဲက ချိုးပြီးသွားပြီ...''
"ပြန်ချိုးလိုက်...ဟိုကောင် မင်းကိုဖက်ထားတာ မဟုတ်လား...''
"ဟုတ်...''
ကိုကြီးဇေယျာ ရေချိုးဆိုတာနဲ့ ရေချိုးပြီးသားကို ခင်ဦးပြန်ချိုးလိုက်ရသည်။ခင်ဦး ရေချိုးနေတုန်း ပိုက်ပိုက်လာသည်ထင်ရဲ.. ။ကိုကြီးဇေယျာက ပိုက်ပိုက်ကို စာသင်ပေးနေသည်။ထိုမြင်ကွင်းကို ကြည့်ပြီး ခင်ဦးပြုံးလိုက်မိတယ်..။အိမ်ရှေ့မြေကြီးပေါ်မှာ အခွံအဖြူအနှစ်အဝါကို မြင်ရပြန်တော့ ကြောက်စိတ်ဝင်လာပြန်သည်။
"ကိုကြီးဇေယျာ မပြန်သေးဘူးလား...''
"အင်း...''
ဇေယျာ အထွေးဆီက မရတဲ့ ခင်ဦးဆီက သနပ်ခါးနံ့လေး ရတာကြောင့် ပြုံးလိုက်သည်။ အိမ်ရှေ့မှာ သနပ်ခါးပန်းတွေပွင့်နေတာတောင် မပန်ဆင်ထားတာကြောင့် ဇေယျာ ပိုက်ပိုက်ကို စာသင်နေရာကနေ ထလိုက်ပြီး အစုံအလင်မပွင့်တော့တဲ့ သနပ်ခါးပန်းလေးကို ခူးလိုက်ပြီး အိမ်ထဲပြန်ဝင်လာပြီး ပိုက်ပိုက်နားမှာ မိုင်ပြီး ငိုင်နေသော ခင်ဦးရဲ့ ခေါင်းမှာ ပန်ဆင်ပေးလိုက်သည်။
"ကိုကြီးဇေယျာ...ခင်ဦးဘာသာခင်ဦးပန်လိုက်ပါ့မယ်...''
"ငြိမ်ငြိမ်နေ...''
"ဟုတ်...''
ခင်ဦးကို အထွေးမှတ်နေသလားမသိ..။တစ်ခါမှ မကာကွယ်ပေးတဲ့သူက အခုကူညီပေးတဲ့အခါ ရင်ထဲမှာ ပျော်သလိုလိုရယ်...။ ကောင်း ပန်ပေးတုန်းကတောင် ဘာမှမခံစားရဘဲ ကိုကြီးဇေယျာ ပန်ပေးတော့မှ ရင်တွေတုန်လာသလို မျက်နှာတစ်ပြင်လုံးလည်း ပူလာသလိုပင်...။
ကိုကြီးဇေယျာက ပန်းပန်ပေးပြီးတာနဲ့ အပြုံးအရယ်မရှိ မျက်နှာတည်နဲ့ ပိုက်ပိုက်နားမှာ ပြန်ထိုင်လေသည်။ခင်ဦးလည်း မျက်နှာပူတာနဲ့ အိမ်ပေါ်ကနေဆင်ပြီး ဘဲဥအခွံတွေကို ကောက်နေလိုက်သည်။အမေကတော့ ခြံထဲဝင်ဝင်လာချင်း ဘဲဥကွဲတွေကို မြင်ပြီး အမောဆို့သွားသလားပဲ..။
"ခင်ဦး...''
"ရှန်...ဟိုလေ အ!!...အာ့...''
ခင်ဦး ပြောချိန်တောင်မရ အမေ့ရဲ့ လက်ဝါးက ကျောပြင်ကို ကျရောက်လာခဲ့သည်။အကျိုးအကြောင်းမမေးတဲ့ အမေ့ကြောင့် ခင်ဦး တော်တော်နာသည်။ဘာကြောင့်ဆိုတာသိတဲ့ ကိုကြီးဇေယျာကလည်း အမေ့ကို ဘာတစ်လုံးမှ ဝင်မပြောဘဲ ခင်ဦးရိုက်ခံနေရတာကို ကြည့်နေခဲ့သည်။
"ညည်း ဒီနေ့ ထမင်းစားရဖို့ မစဥ်းစားနဲ့...ဒီဘဲဥလေးတောင် ဖြစ်မြောက်အောင် မသယ်နိုင်ဘူးတဲ့အေ..ငါလုပ်ရင် ညည်း သေဖို့ပဲ ရှိတော့တယ် ခင်ဦး...''
ဇေယျာ သူမ ဒီမှာရှိနေရင် ဆက်ရိုက်ခံမည်သိ၍ သူ ဉာဏ်သုံးလိုက်ရသည်။
"ကျွန်တော် ခင်ဦးကို ခိုင်းစရာရှိလို့ အိမ်ခဏခေါ်သွားမလို့ ခေါ်သွားလို့ရမလား ဒေါ်ဒေါ်...''
"ရပါတယ် မောင်ဇေယျာ..မိုးမချုပ်ခင်တော့ ပြန်လွတ်လိုက်နော်..မင်းနှမက သရဲကြောက်တက်တယ်...''
"ဟုတ် ဒေါ်ဒေါ်...''
ဇေယျာ နောက်ကနေ မလှမ်းခြင်လှမ်းခြင်နဲ့ လိုက်ပါလာတဲ့ ခင်ဦးကို နောက်ပြန်လှည့်ကြီး အော်သည်။သူအော်လိုက်မှ ခင်ဦးက သုတ်သုတ်နဲ့ သူ့အနားကို ရောက်လာခဲ့သည်။မသိရင် ကြောက်နေပုံက ကိုယ်ကပဲ ကိုက်စားမှာ ကြနေတာပဲ...။
"မိုးသား မင်းကြီးကြီးနဲ့ဘဘရော မတွေ့ပါလား.. လယ်ထဲသွားသလား...''
"ဟုတ်တယ် ကိုကြီး...ဒါနဲ့ မကြီးခင်ဦး ဘာလို့ ကိုကြီးဇေယျာနဲ့လိုက်လာတာလဲ...စျေးလာဝယ်လား မကြီး..''
"ဖိုးသား မင်း လယ်သွားပြီး ပဲညွှန့်သွားခူးလာခဲ့...''
"ဘာလုပ်မလို့လဲ ကိုကြီး...''
"တို့မလို့ပေါ့ကွ...''
ဖိုးသား ထွက်သွားတာနဲ့ ခင်ဦးနဲ့သူသာ ရှိတော့သည်။ခင်ဦးက သူ့ကို မော့မကြည့်ဘဲ ခေါင်းလေးငုံ့ကာ မျက်လွှာကလေး ချထားပြီး လက်ကလေးတွေကို စိတ်နေသည်။ဇေယျာ အပေါ်ထပ်ကို တက်သွားပြီး ခဏနေတော့ ပိတ်အဖြူတွေနဲ့ ပြန်ဆင်းလာခဲ့သည်။
"ရှပ်အကျီ လက်ရှည် ချုပ်မယ်...''
"ဟုတ်...''
"ထမင်း စားသွား...''
"ရှန်...''
"ငါက စားဆိုစားသွားလိုက် မစားရင် ငါ့အကြောင်းသိမယ်...''
"ဟုတ်...''
ဒီနေ့တစ်နေ့လုံး ခင်ဦးအပေါ် ပြုမူတဲ့ ကိုကြီးဇေယျာကို နားမလည်တော့ပါ။ဘာကြောင့် ခင်ဦးကို သူ့အိမ်က ထမင်းတွေကျွေးနေရတာလဲ...မဟုတ်မှ အဆိပ်တွေများ..ခင်ဦး တွေးရင်း ထမင်းထည့်နေသည့် လက်ကလေးမှာ တုန်ယင်လာသည်။ခင်ဦး ယောင်းမနဲ့ နှစ်ကလော်သာ ပန်းကန်ထဲကို ခူးထည့်လိုက်သည်။
"နည်းတယ်..ထပ်ထည့်...''
"ဟုတ်...''
ခင်ဦး ကိုကြီးဇေယျာကို ကြောက်၍ နောက်ထပ် နှစ်ခါ ထပ်ထည့်လိုက်သည်။ထိုတော့မှ တည်နေသည့် ကိုကြီးဇေယျာ၏ မျက်နှာဟာ ပြုံးသွားသလို ရှိသည်။ထိုအပြုံးကို ခင်ဦး ကြောက်မိသားရယ်...။
"အသဲထည့်စားထား...ငါ မရိုက်ဘူး...''
ခင်ဦး အဆိပ်တွေပါနေသည့် ထမင်းကို စားရတော့မယ်ဆို၍ နယ်သာနယ်တယ် ပါးပစ်ထဲကို မထည့်ရဲပါ။ခင်ဦး မသေချင်သေးဘူး။ကောင်းကိုလည်း မတွေ့ရသေးဘူး ။တွေးတွေးရင်း မျက်ရည်တို့ကျလာတော့သည်။ခင်ဦးကဘဲ ကံကောင်းသလား မပြောတက်.. ကြီးကြီးဝင့်ဝါနဲ့ဖိုးသားက ရောက်လာခဲ့သည်။ထိုအခါ ကိုကြီးဇေယျာက ခင်ဦးလက်ထဲက ပန်ကန်းဆွဲလိုက်ပြီး မျက်ထောင့်နီးကြီးနဲ့ ကြည့်ပြီး ပြန်တော့လို့ ပြောတာနဲ့ ခင်ဦး လက်လေးဆေးပြီး ပိတ်စတွေယူကာ ကိုကြီးဇေယာတို့အိမ်က ထွက်လာခဲ့သည်။
"မင်းက သနားလို့မရတဲ့ မိန်းမပဲ ခင်ဦး...မကြာခင် မိသားစုဝင်ဖြစ်မှာမို့လို့ စေတနာထားပြီး သဘောကောင်းပေးတော့လည်း မရဘူး... ''
ဇေယျာ သူ့အပေါ် မယုံသလို ပြုမူသည့် ခင်ဦးကြောင့် စိတ်တိုတိုနဲ့ ထန်းတောကို ဦးတည်လာခဲ့သည်။ကျော်ကျော်ကတော့ မူးပြီးမှောက်နေတာကြောင့် သူတစ်ယောက်တည်းသာ ပြန်လာခဲ့သည်။မှောင်မဲနေသော်လည်း သူမလေးကို သတိရစိတ်တွေကြောင့် သူမလေးရဲ့ အိမ်ကို စိုက်စိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့သည်။
"ဟင်...''
ခင်ဦး ခန္ဓာကိုယ်ကို ထိတွေ့လာသည့် အေးစက်တဲ့ အထိတွေ့တစ်ခုကြောင့် မျက်လုံးတွေ ဆတ်ခနဲ ပွင့်သွားရ၏။နောက်ကျောကနေ သိုင်းဖက်ထားသည့် တင်းကျပ်တဲ့ တစ်စုံကြောင့် ခင်ဦးကိုယ်လေး တွန့်သွားရ၏။
ဂုတ်သားလေးကို ထိကပ်နမ်းခံလိုက်ရတာကြောင့် ခင်ကိုယ်လေးရုန်းထသည်။
"မင်းကို လွမ်းတယ်...''
"ဟင်...''
ခင်ဦး ဂုတ်သားကို နမ်းရှိုက်ရင်း မူးနေသော အသံကြောင့် လန့်သွားရသည်။သူမကို အထွေးထင်နေပါလား..။
"အင့်ဟင်း...အထွေးမဟုတ်ဘူး..ခင်...ခင်ဦးပါ...''
ခင်ဦး အလန့်တခြားနဲ့ငြင်းဆန်ပြီး ကိုကြီးဇေယျာရဲ့ ရင်ခွင်ထဲကနေ အတင်းရုန်းထွက်ရန်ကြိုးစားသော်လည်း တင်းကြပ်လွန်းစွာ ဖက်တွယ်ထားသည့် လက်တစ်စုံကြောင့် မလွတ်မြောက်နိုင်ခဲ့ပေ။ကိုကြီးဇေယျာက ခင်ဦးကိုယ်လေးကို ဆွဲလှည့်လိုက်တာကြောင့် ခင်ဦးကိုယ်လေးက ကိုကြီးဇေယျာရဲ့ ခန္ဓာကိုယ်အောက် အလိုလိုရောက်သွားတော့သည်။
"အထွေးမဟုတ်ဘူး...ခင်ဦးပါ ကိုကြီးဇေယျာရယ်...ခင်ဦးကို လွတ်ပါနော် ခင်ဦး ကြောက်လို့ပါ...''
"အဟင်း...ကိုယ့်ကို မချစ်လို့လား..မရဘူး..မင်း ကိုယ့်ကို ချစ်ရမယ်...''
"မလုပ်ပါနဲ့.. ခင်ဦး..တောင်း..အို...''
ခင်ဦး ကြောက်လန့်တကြီး အော်ရင်း ကိုကြီးဇေယျာရဲ့ လက်ထဲကနေ လွတ်အောင် ရုန်းကန်နေပေမယ့် ကိုကြီးဇေယျာက ခင်ဦး၏ နှုတ်ခမ်းတစ်စုံကို နမ်းရှိုက်လာတာကြောင့် ခင်ဦး မရင်းနှီးတဲ့ အထိအတွေ့မှာ အရမ်းကြောက်သွားရ၏။ကြောက်တဲ့စိတ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားရသည်။
အားရှိသမျှ ရုန်းဖယ်နေပေမယ့် သန်မာလွန်းတဲ့ ကိုကြီးဇေယျာရဲ့ကိုယ်ကြီး ခင်ဦးအပေါ်မှာ ရှိနေတာကြောင့် နည်းနည်းလေးတောင် ရွေ့မသွားခဲ့ချေ။ခင်ဦး ဘယ်လိုရုန်းရုန်း မလွတ်မြောက်နိုင်တော့ပေ။တဖြည်းဖြည်းနဲ့ ကြမ်းလာတဲ့ အနမ်းရှိုင်းတွေကြောင့် ကြောက်စိတ်က ခေါင်းတွေမူးဝေလာပြီး မျက်လုံးတွေပြာလာသည်အထိ ဖြစ်ရသည်။
"ကောင်း...ကယ်ပါဦး..ငါ့ကို ကယ်ပါဦးဟာ...''
စိတ်ထဲကနေ ကောင်းကိုတရင်း မျက်ရည်တို့တသွင်သွင် စီးကျလျက်။ကိုကြီးဇေယျာပြုသမျှကို ခင်ဦး ကြိတ်ခံနေရတော့သည်။ဒီဖြစ်ကြီးကို မြန်မြန်လွတ်မြောက်ရန်သာ ခင်ဦး မျော်လင့်မိသည်။ခင်ဦးရဲ့ အပျိုဘဝက ကိုကြီးဇေယျာ့ဆီမှာ ပျက်စီးသွားခဲ့ရသည်။
အခန်းမှတ်ချက်များ (0)