အပိုင်းပို.....
“ဝှါး!!......"
အိပ်ယာပြောင်းရပေမဲ့ ပင်ပန်းထားတာမို့
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမိသလို
တစ်ကိုယ်လုံးသက်တောင့်သက်သာ
မဖြစ်တာမို့ ငဲ့ကြည့်လိုက်တော့
အနောက်တိုင်းဝတ်ဆုံမလဲရသေးတဲ့သူက
ခါးကိုဖက်လျက်အိပ်ပျော်နေလေသည်။
ခါးလဲကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်မိတော့
သတို့သမီးဂါဝန်နဲ့ပဲအိပ်ပျော်သွားခဲ့ရလေ၏။
ကိုယ့်ကိုကိုယ်ရယ်ချင်တာမို့ ခါး
ပြုံးစေ့စေ့နဲ့ညကအကြောင်းကို
ပြန်တွေးမိရင်းမှ လက်လျော့လိုက်ရတဲ့
သူ့မျက်နှာကိုပြန်မြင်ယောင်ကာ ခစ်ခနဲ
ရယ်လိုက်မိသည်။
“ဘယ်လောက်များစိတ်တိုလိုက်မလဲ??....."
“ပြောတောင်မပြတတ်ဘူး......"
“ဟင်....."
တစ်ကိုယ်တည်းပြောနေပေမဲ့ သူ့ဆီက
တုန့်ပြန်သံကြားလိုက်ရတာမို့ ခါး
အလန့်တကြားကြည့်မိတော့ သူက
မျက်လုံးတွေပွင့်လာကာ ခါးကို
မှင်သေသေစိုက်ကြည့်၍
“တမင်လုပ်တာမလား??.....”
“ဟို ဘာကိုလဲ??...."
သူမေးတာကိုသိပေမဲ့ ခါးမထုံတတ်တေး
လေးနဲ့ပြန်မေးလိုက်မိတော့ သူက
မျက်နှာကြောလျော့မသွားပဲနဲ့ ခါးကို
ဆတ်ခနဲဆွဲဖက်လိုက်တာမို့ လူက
သူ့ရင်ဘတ်ပေါ်ထပ်လျက်ကျသွားရ၏။
“မနက်စောစောကို ဖယ်ပါ....."
“မေးတာကိုအရင်ဖြေ....."
သူကကျောပြင်ကိုလက်တစ်ဖက်နဲ့
ဖိနှိပ်ထားတာမို့ ခါး ထလို့လဲမရပဲ
သူ့လက်ထဲကို့ယို့ကားယားနှင့်ပင်!!
“မဟုတ်ပါဘူး စောင့်တော့စောင့်ပါတယ်
ဒါပေမဲ့ သာကကြာနေတာနဲ့ခါးလဲ
အိပ်ချင်တာမထိန်းနိုင်ပဲ မထင်ထားပဲ
အိပ်ပျော်သွားတာ.....”
“မထင်ထားတာလား တမင်ပဲအိပ်ပျော်သွားတာလား?? ဒေါ်ခါးလွန်းနွယ်......”
ခါး သူ့ရင်ဘတ်ကိုအတင်းတွန်းထိုးရင်း
မသက်မသာနဲ့သက်တောင့်သက်သာ
မဖြစ်တဲ့ဂါဝန်ကိုမကာ ထရန်ပြင်၍
ဒူးထောက်လျက်သားအနေအထားနဲ့ကို
သူကဆွဲလှဲရင်းအပေါ်ကနေအုပ်မိုးလိုက်တာမို့ ခါးမျက်ဝန်းလေးပြူးသွားရလေသည်။
“သာမည....."
“အသက်ကြီးပြီးရိုင်းလိုက်တာ
ကိုယ့်ယောင်္ကျားကိုနာမည်တပ်ခေါ်စရာလား??....”
မျက်နှာကိုအပေါ်ကတည့်တည့်ကြည့်ရင်း
ပြောတဲ့သူ့စကားကြောင့် ခါးမျက်နှာလေး
လွှဲလိုက်တော့ သူကပြန်လှည့်ယူ၍
“သေချာပြန်ခေါ်....."
“သာမည....."
“မိန်းမနော်......"
သူ့ဘက်ကမိန်းမဆိုတဲ့နာမ်စားပီပီပြင်ပြင်
ထွက်လာတာမို့ ခါး မျက်နှာလေးနွေးခနဲ
နေသွားတော့ ခါးရဲ့နားရွက်ကိုဖွဖွပွတ်ကာ
“လိမ္မာတယ် သေချာပြန်ခေါ်ကြည့်....”
“သာမည....."
“ဒေါ်ခါးလွန်းနွယ်.....ကျွန်တော့စိတ်ကို
လာမဆွနဲ့နော်....."
မျက်နှာတည်နဲ့အတူအသံမာသွားတာမို့
ခါးလဲမျက်နှာလေးတည်သွားရကာဖြင့်
“ယောက် ယောင်္ကျား......"
“ဗျာ....."
သူထူးလိုက်ချိန် ခါးရှက်လွန်းလို့
မျက်နှာလေးကိုသူ့ရင်ခွင်ထဲ
ထည့်ဝှက်ထားမိတော့ သူကလဲသဘောတကျ
ခါးရဲ့ဆံနွယ်တွေထဲမွှေးနမ်း၍
နှစ်ယောက်သား ကြင်စဦးအငွေ့အသက်တို့နဲ့အတူ ကြည်နူးနေရလေသည်။
~~~~~
“ထိုင်ကြ.....ညကပင်ပန်းထားမှာနဲ့ဆိုတော့ တက်နှိုးမနေတော့ဘူးဆိုပြီး
ဒီတိုင်းပဲမာမီကနှစ်ယောက်လုံးကို
စောင့်နေတာ...."
ယောက်ခမစကားကြောင့်ခါးတစ်ယောက်
မျက်နှာလေးဖျင်းခနဲဖြစ်သွားပေမဲ့
သူကတော့သဘောတကျရယ်နေနိုင်သေး၏။
“စားကြ သမီးလဲထည့်စား အားရှိအောင်
နို့လေးလဲသောက်....."
အားပြတ်ထားလို့အားရှိမဲ့အရာတွေချည်း
ရွေးကျွေးထားတဲ့ထမင်းဝိုင်းမှာ
ခါးကတော့စားမဝင်!!
သူနဲ့ကိုယ်တောင်အဲ့ကိစ္စကဖြစ်သေးတာမဟုတ်ပဲနဲ့အခုလို ဒါတွေစားနေရတော့
ခါးအဆင်မပြေ!!
“စားထား ညကျရင်အားမရှိပဲနေမယ်......"
နားနားကပ်ရင်းသူပြောတာမို့ ခါးမှာ
မျက်နှာပျက်သွားပေမဲ့ အန်တီက
တစ်တီတူးနေတဲ့ခါးတို့ကိုအမြတ်တနိုး
ကြည့်နေတာမို့ မျက်နှာထားကို
ထိန်းထားလိုက်ရလေသည်။
“စားပြီးရင် သမီးကို ဒီကနေရာတွေ
သေချာခေါ်သွားပေးလိုက် ဒါပြီးရင်
ပြန်ကြမှာဆိုတော့ ငါ့ချွေးမလေး
အလုပ်တစ်ဖက်နဲ့နောက်တစ်ခေါက်လာဖို့
မလွယ်လှဘူး....."
မပြန်စေချင်တာသိပေမဲ့ ခါးလဲဆိုင်တွေ
ပိတ်ထားရတာကြာပြီမို့ ဖောက်သည်တွေ
ပျက်ကုန်မည်ဆိုးရာ စီးပွားရေးလေးတော့
ပြန်လှည့်ချင်၏။
သူကလဲအမေစကားနာခံလိုက်နာရင်း
စားပြီးသောက်ပြီးတာနဲ့ ခါးကိုရှိသမျှ
ဆိုင်တွေ နေလို့ကောင်းမဲ့နေရာကောင်း
လေးတွေကို တကူးတကဆိုင်ကယ်နဲ့
ခေါ်လာပေးလေသည်။
ခါးဘဝမှာ စီးပွားရေးနဲ့အိမ်
အိမ်နဲ့စီးပွားရေးပဲလည်ပတ်နေရတာမို့
အခုလိုစိတ်ပြေလက်ပျောက်သွားရတော့လဲ
တကယ်ပျော်စရာပါ!!
“ပျော်ရဲ့လား??....."
“ပျော်တာပေါ့....."
ဆိုင်ကယ်ရှေ့ကနေသူလှမ်းမေးတာမို့
ခါးဖြေလိုက်တော့ သူကသဘောတကျ
ပြုံးကာ ခါးလက်ကိုပိုဆွဲယူရင်း
ကြွက်သားတင်းတင်းတွေရှိတဲ့ သူ့ဗိုက်ပေါ်
တင်ပေးလေ၏။
“သေချာကိုင်ထား အရှိန်တင်လိုက်ပြီ......"
sport bike အမြင့်ကြီးနဲ့လီဗာကုန်
ကြမ်းနေတဲ့သူ့နောက်မှာ ခါးလိုက်နေရပေမဲ့
ကြောက်ရွံ့ခြင်းအစား ပျော်ရွှင်စိတ်လှုပ်ရှားခြင်းကပိုများနေရလေသည်။
တစ်ခါမှဒီလောက်လွတ်လွတ်လပ်လပ်
မသွားဖူးတာမို့ မြို့အလှနဲ့အတူ
ခါးတစ်ယောက်သွားအဖြီးသားနဲ့
ယောင်္ကျားဖြစ်သူနောက် ရွှင်မြူးနေရ၏။
🏠🏠🏠🏠
“မာမီတို့အတွက်......"
လင်မယားနှစ်ယောက်အားရပါးရ
လျှောက်လည်လျှောက်စားပြီး ညနေ
၅နာရီလောက်မှပြန်ရောက်ကြလေသည်။
ဒယ်ဒီလဲရောက်နေပြီမို့ ဒယ်ဒီနဲ့မာမီ့အတွက်
ဝယ်လာတဲ့ကြေးအိုးဆီချက်နဲ့အတူ
အကြော်ပူပူတွေကိုချပေးတော့ နှစ်ယောက်သား သဘောတကျကျနှင့်ပင်!!
“ငါ့ချွေးမလာမှပဲ ဒီကောင်မိဘအတွက်
မုန့်ပဲသရေစာဝယ်လာပေးတော့တယ်....."
“ဒယ်ဒီကလဲ ဒီမတိုင်ခင်က
အခွင့်အရေးမသာလို့ပါ......."
သာ မလုံမလဲပြောတော့ အကုန်လုံး
ဝိုင်းရယ်ကြရင်းမှ ဒယ်ဒီတို့နဲ့စကားလက်ဆုံ
ပြောကာ သူတို့နှစ်ယောက်အပေါ်ကို
တက်လာခဲ့၏။
“တစ်နေကုန်လျှောက်သွားထားရတော့
ပင်ပန်းနေလောက်ပြီ ခါး ခဏနားပြီး
တရေးတမောအိပ်ပါလား??......"
“အင်း ခြေလက်ဆေးလိုက်ဦးမယ်......"
ပြောပြီးသူမရေချိုးခန်းထဲဝင်သွားကာမှ
သာ ဘောင်းဘီအိတ်ကပ်ထဲက
condomဘူးကို အံဆွဲထဲပြောင်းထည့်ကာ နှုတ်ခမ်းတွေတွန့်ကွေးပြုံးသွားမိသည်။
“ညအတွက်ကြိုပြီးအနားယူထားအုံးပေါ့
မိန်းမရယ်......"
သာလဲ သူမအဝတ်လဲပြီးပြန်ထွက်လာတာနဲ့
သူလဲ ခြေလက်ဆေးကာ ပေါ့ပေါ့ပါးပါးဖြစ်မဲ့အဝတ်နဲ့အတူ ကုတင်ပေါ်တက်လှဲမိ၏။
“အိပ်ပါဆို ဖုန်းမကြည့်နဲ့တော့......"
ဒီရက်ပိုင်း မင်္ဂလာပွဲအတွက် အလုပ်ရှုပ်
နေတာနှင့်မို့ ဖုန်းလဲသိပ်မကြည့်ဖြစ်သည်
ဖြစ်ရာ ခါး အင်တာနက်ထဲသတင်းလေး
ရလိုရငြားကြည့်မိတော့ သူကဖုန်းဆွဲယူရင်း
ခါးကိုဖက်လျက် ရင်ခွင်ထဲချော့သိပ်နေသည်။
“ရုတ်တရက်ကျတော့အိပ်မပျော်ဘူးလေ...."
“မပျော်လဲမှိန်းနေ ခဏနေရင်သူ့ဟာသူ
အိပ်ပျော်သွားလိမ့်မယ်......"
ဇွတ်ကိုအိပ်ခိုင်းနေတာမို့ ခါးလဲ
မတတ်သာတော့ပဲ မျက်လုံးလေးမှိတ်ထားရင်း ခဏအကြာနှစ်ယောက်လုံး
အိပ်ပျော်သွားကြရ၏။
........
“ဟင်....."
ခဏလောက်ပဲမှိန်းမယ်ဆိုပြီးအိပ်ပေမဲ့
ဖျက်ခနဲနိုးချိန် ဘေးဘီဝဲယာကိုကြည့်တော့
မဲမဲကိုမှောင်လို့!!
တိုင်ကပ်နာရီကိုကြည့်လိုက်မိတော့လဲ
၉နာရီတောင်ခွဲခါနီးပြီမို့ ဒီလောက်ကြီး
အိပ်လိုက်မိတဲ့ကိုယ့်ကိုကိုယ်တောင်
မယုံနိုင်!!
ဘေးနားရှိနေတဲ့သူကလဲမျက်ဝန်းတွေပွင့်ရင်း
နိုးလာတာမို့ ခါး သူ့ကိုလက်နဲ့ပုတ်ကာ
“ထပြီးအောက်ခဏဆင်းရအောင်
လူကြီးတွေကိုဥပေက္ခာပြုထားသလို
ဖြစ်နေတာအားနာလိုက်တာ..….”
ပြောရင်းမှခါး မျက်နှာအမြန်ပြေးသစ်ကာ
ထွက်လာတော့ သူကဖုန်းချလိုက်၍
“မာမီတို့ကအိပ်တော့မှာတဲ့....."
အပေါ်ကနေအောက်အထိလေးတင်ကို
ဖုန်းနဲ့လှမ်းပြီးမေးနေတဲ့သူ့ကြောင့်
ခါး မျက်ခုံးပင့်တော့ သူကပြုံးပြ၍
“ ခါး ဗိုက်ဆာလား??......"
“မဆာတော့မဆာပါဘူး အစာမကျေခင်
အိပ်ပျော်သွားတာဆိုတော့......"
“အော် အဲ့တာဆိုဆင်းမနေနဲ့တော့
မာမီတို့ကရတယ်ပြောတယ်....."
ပြောပြီး သူကရေချိုးခန်းထဲဝင်သွားတာ
အေးအေးဆေးဆေး!!
သူကတော့သူ့မိဘတွေမို့မဆင်းဘူး
အေးဆေးနေလို့ရပေမဲ့ ခါးကတော့
မနေ့ကမှတင်မင်္ဂလာဆောင်ပြီး
ချွေးမဖြစ်ထားတဲ့လူတစ်ယောက်ဆိုတော့
ယောက်ခမတွေအပေါ်လေးစားသမှုတော့
ပြသင့်တယ်မလား??
အတွေးလေးနဲ့မျက်နှာမှာတင်နေတဲ့
ရေစက်တွေကိုပုဝါစနဲ့သုတ်ကာ ခါး
တံခါးဆီသွား၍ လက်ကိုင်ကိုလှည့်ကြည့်တော့ ဖွင့်လှည့်လို့မရ!!
ဟင်ခနဲကြောင်သွားရင်းဆက်လှည့်နေပေမဲ့
မပွင့်တာမို့ လူကဇဝေဇဝါ!!
“ဒီမတိုင်ခင်တုန်းကတောင်ရပါတယ်
ဘာဖြစ်တာလဲ??......"
ခါး ဇွဲမလျော့ပဲဆက်လှည့်နေလျက်မှ
နောက်မှာရောက်နေတဲ့သူ့ကိုသတိမထားမိ!!
လက်ကိုင်ကိုလှည့်နေတဲ့ခါးလက်ကို
ဖြုတ်ချရင်း သူ့ဘက်ကိုဆွဲလှည့်လိုက်တဲ့
သာမညကြောင့် ခါးရင်တုန်သွားကာ
သူ့မျက်နှာကိုအလန့်တကြားမော့ကြည့်လိုက်မိသည်။
“ဘာလုပ်ဖို့ဖွင့်မှာလဲ.??..."
“အောက်ဆင်းမလို့လေ တံခါးကဘာလို့
မရတော့တာလဲ??....."
သူ့မျက်ဝန်းတွေကစူးရဲနေတာမို့
ခါး အထိတ်ထိတ်အလန့်လန့်ဖြစ်နေပေမဲ့
ဟန်မပျက်ပြောတော့ သူက စတိုင်ကျကျ
ရယ်ကာဖြင့်
“သော့ခတ်ထားတာလေ....ခါးဘယ်ကိုမှ
ထွက်ပြေးလို့မရအောင်....."
ပြောပြီးကိုယ်လုံးလေးကိုစွေ့ခနဲပွေ့ချီလိုက်တဲ့သူ့ကြောင့် ခါးသူ့လက်ထဲအရုပ်လို
ပါသွားရလေ၏။
“သာမည....."
“ယောင်္ကျားလို့ခေါ်ဆို....."
မျက်ခုံးတွန့်ရင်းပြောတဲ့သူက ခါးကို
မွေ့ယာအိကြီးပေါ် ခပ်ဆတ်ဆတ်ပြစ်ချလိုက်တာမို့ လူကလန့်ကာအနောက်ကို
ဆုတ်မိတော့ သူကခါးခြေထောက်ကနေ
ပြန်ဆွဲယူလိုက်ကာ နီးနီးလေးပါလာတဲ့
နှုတ်ခမ်းဖူးဖူးလေးကိုဖျက်ခနဲနမ်းလိုက်ရင်း
“မနေ့ကမဖြစ်လိုက်ရတာကို ဒီနေ့
ဆက်လုပ်ကြရအောင်....."
“ဟင်...."
သူပြောမှ ညနေကဘာလို့အတင်းအိပ်ခိုင်းတာလဲသိကာ ခါးမျက်နှာလေးနီရဲသွားတော့
သူကပါးပြင်ကိုခပ်ဖွဖွပွတ်သပ်ကာဖြင့်
“အိပ်ရေးလဲဝသွားပြီမလား??....."
“အဲ့တာကြောင့်အိပ်ခိုင်းတာလား??....."
မေးလိုက်တော့လဲမဆိုင်းမငံ့ခေါင်းညိမ့်ပြတဲ့သူက ခါးအပေါ်ကိုအုပ်မိုးလာတာမို့
အလန့်တကြားလေးဖြစ်သွားရလေသည်။
“အဆင်သင့်ဖြစ်ပြီမလား??....."
“ဟင့်အင်း...."
“မဖြစ်လဲဖြစ်လိုက်တော့......"
ပြောပြီးတာနဲ့ အလန့်တကြားပွင့်ဟနေတဲ့
ခါးရဲ့နှုတ်ခမ်းနှစ်လွှာကြားကို
သူ့နှုတ်ခမ်းတွေကတိုးဝင်လာကာဖြင့်
ခပ်ဖြေးဖြေးစုပ်နမ်းနေလေ၏။
ခါး လက်သီးဆုပ်လေးနဲ့အတူ
သူ့ရင်ဘတ်ကိုဖွဖွတွန်းမိပေမဲ့
ခါးလက်တွေကိုဆွဲယူလိုက်တဲ့သူက
မွေ့ယာနဲ့ထိကပ်လိုက်ကာ လက်ချင်း
ယှက်နွယ်လာလေသည်။
တဖြေးဖြေးအချိန်ရလာလေ ပြင်းထန်လာလေဖြစ်တဲ့သူ့အနမ်းတွေနဲ့အတူ
တစ်စတစ်စပါဝင်လာတဲ့လျှာကြောင့်
ခါး မနေတတ်စွာမျက်နှာလွှဲရန်ပြင်တော့
သူကပြန်ဆွဲထားကာ အနမ်းတွေရပ်သွား၍
“ကျွန်တော့ကိုမုန်းလို့လား??....."
“ဟို မမုန်းပါဘူး....."
“ဒါဆိုချစ်လား??...."
ဒီအနေအထားကြီးနဲ့အတူ အဲ့စကား
အမေးခံနေရတော့ ခါးရှက်လွန်းလို့
အငွေ့တောင်ပျံတော့မတတ်!!
“ဖြေလေ....."
“အင်း....."
“သေချာဖြေ.....”
မျက်နှာလွှဲလဲအလွှဲမခံတာမို့ ခါး
သူ့ကိုမရဲတရဲပဲကြည့်လိုက်မိ၍
“ချစ်တယ်....."
ဖြေပြီးတာနဲ့သဘောတကျရယ်တဲ့သူက
အနမ်းတွေပြန်လည်အသက်ဝင်လာကာ
ခါးရဲ့ရင်ဘတ်ကကြယ်သီးကိုဖြုတ်နေလေသည်။
တားလိုက်ဖို့ရာ အင်အားမရှိအောင်
သူ့အနမ်းတွေနဲ့မြှူဆွယ်ထားတာမို့
ခါး အလိုက်သင့်ပဲသူနဲ့အတူစီးမြောသွားမိလေ၏။
အသိနဲ့သတိလွတ်မသိအောင်ထိန်းနေရင်း
သတိရချိန် မျက်ဝန်းတွေဖွင့်ကြည့်မိတော့
သူက တစ်စုံတစ်ခုကိုဖောက်နေတာမို့
ဘာမှန်းရိပ်မိကာ ခါးမျက်နှာလေး
ရဲတက်လာရလေသည်။
“စတော့မယ်နော်....."
အသိပေးရင်းမှ ခါးရဲ့အဝတ်တွေကို
တစ်ခုစီဖယ်ပြစ်နေတဲ့သူက မယူခဲ့ရသော
အခွင့်အရေးတွေကိုအရယူနေ၏။
တအိအိနဲ့ အရှိန်မသေတဲ့မီးရထားလို
တစ်ညလုံးခုတ်မောင်းနေတာမို့
ခါးတစ်ယောက် အိပ်ချိန်တောင်အနိုင်နိုင်!!
“ပင်ပန်းနေပြီ....."
“ဒီတစ်ခါနောက်ဆုံးပါ......"
ပြောပြောပြီး အတောမသတ်နိုင်တဲ့
အလိုရမ္မက်တွေနဲ့ ခါးဟာတစ်ညလုံး
သူ့ရဲ့ဆန္ဒတွေကြားမျော့မျော့ရယ်သာ!!
“ခါး....."
ရုန်းကန်လှုပ်ရှားမှုတွေမရှိတော့တာမို့
သာ အဆုံးသတ်ကာသူမကိုကြည့်တော့
ပင်ပန်းကြီးစွာနဲ့အိပ်ပျော်သွားလေသည်။
သူမဘက်ကဘယ်လိုဆိုတာမသိတာမို့
အကာအကွယ်သုံးပေးတဲ့သူ့အဖို့
တစ်ဖာလုံးတစ်ခုသာကျန်တော့လေ၏။
ပထမဆုံးအကြိမ်နည်းနည်းလက်ဆပြင်းသွားတာမို့ မျက်ရည်စတွေမခြောက်သေးတဲ့
သူမရဲ့မျက်ဝန်းတွေကိုအနမ်းခြွေကာ
စောင်စကြီးကိုပိုဆွဲခြုံရင်း နွေးထွေးတဲ့
သူမကိုယ်လုံးလေးကိုရင်ခွင်ထဲတင်းကျပ်ကျပ်ပွေ့ဖက်ထားမိလေသည်။
“ချစ်လိုက်ရတာ ခါးရယ် နောက်ဆုံးတော့
ခါးကကျွန်တော့အပိုင်ဖြစ်လာခဲ့ရပြီ....."
ပျော်မြူးနေတဲ့သူ့အဖို့တော့ တစ်ညလုံး
သူမကိုတဖွဖွနမ်းရင်းနဲ့သာ အင်အားအပြည့်နဲ့ကုန်ဆုံးလိုက်ရလေ၏။
🏠🏠🏠🏠
နောက်ဆုံးတော့ဘာလိုက်ကြပါပြီ😐
အခန်းမှတ်ချက်များ (0)