သာ အလုပ်နားထားတာလဲကြာပြီမို့
ပြန်စဖို့ရန်ရည်ရွယ်လိုက်သည်။
သူမကလဲ ဝင်ငွေမရှိဘူးဆိုကာ
ဆိုင်ပြန်ထွက်ရန်ဆိုင်းပြင်းနေတာမို့
သာ မတားနိုင်ပဲ သူလဲကိုယ့်အလုပ်ကို
ပြန်လုပ်ရလေ၏။
“သာမည....."
တစ်ယောက်ကိုထရိန်နင်ဆင်းနေတုန်း
နောက်ကခေါ်သံကြောင့် သာလှည့်ကြည့်လိုက်တော့ နွေသဲမာ!!
မျက်နှာမာသွားခြင်းနဲ့အတူသာ
မျက်နှာလွှဲလိုက်တော့ သူမက
ရှေ့တည့်တည့်ထပ်လာရပ်၍
“ဒီရက်ပိုင်းခန္ဓာကိုယ်ကအားနည်းနေလို့
ကိုယ်ခံအားကောင်းအောင် အားကစား
လာလုပ်တာ ရင်းနှီးတဲ့သူကလဲမရှိတာနဲ့
သာ့ကိုပဲရွေးလိုက်တာ စိတ်မရှိဘူးမလား??...."
သာကတော့ဘာမှပြန်မပြောမိ!!
သူမလဲသက်ဆိုင်သူနဲ့ဖြစ်သွားသလို
ကိုယ့်မှာလဲသက်ဆိုင်သူရှိနေပြီမို့
သာ ထွေထွေထူးထူးတွေးမနေတော့ပဲ
သူမဘာသာ အားကစားလာလုပ်ချင်လုပ်
မလုပ်ချင်နေလွှတ်ပေးထားလိုက်သည်။
သာ ထရိန်နင်ပေးရမဲ့လူပြီးပြီမို့
သူကိုယ်တိုင်လဲဝင်ကစားနေရက်ကမှ
သူ့ကိုလဲမမေးမြန်းပဲ ဆော့ချင်သလို
ဆော့နေတဲ့သူမရဲ့ ပုံရိပ်က ထရိန်နာဖြစ်တဲ့
သူ့မျက်ဝန်းထဲအထာမကျ!!
မျက်စိထဲဝင်နေတဲ့ဆံပင်မွှေးလိုပဲ
အမြင်ကမတော်တော့သည်မို့ သာ
ကျစ်သပ်ရင်းနဲ့ပဲ ဝိတ်တုံးကိုချ၍
သူမနားသွားကာဖြင့်
“ဘယ်လိုလုပ်ခန္ဓာကိုယ်ကြီးကို
တောင့်တောင့်ကြီးလုပ်နေတာလဲ??
တင်ပါးကအကြောတွေကိုဖြေလျှော့ထား၊
ခြေထောက်တွေကိုတင်းတင်းကြီးမထားပဲ
စိတ်ပေါ့ပါးသလိုနေပါစေ....ပြီးတော့
လက်ကြောတွေကိုလဲလျှော့ထား....ဒီကိုကြည့်...."
သူ နမူနာလုပ်ပြတာကိုသေချာကြည့်နေတဲ့
သူမမျက်ဝန်းတွေက သူ့ကိုမဟုတ်ပဲ
အားကစားလုပ်တာကိုသာ
စိတ်ဝင်စားနေတာမို့ သာ,စိတ်အေးကာ
သူမကိုသေချာထရိန်နင်ပေးနေမိ၏။
“ပထမရက်ကိုအရမ်းမဆော့နဲ့
မင်းဟိုတစ်ခါကလဲ အရမ်းပြေးပြီး
ဒူးတွေတုန်သွားတယ်မလား??
ငါတွေ့လိုက်တယ်....."
“သာကသဲကိုအဲ့ထဲကသတိထားမိနေတာလား??...."
ပေါက်ကရစကားကစလာတော့မှာမို့
သာ ပြန်မဖြေပဲနေတော့သူမက
လက်မောင်းကိုလာကိုင်၍
“သာ တကယ်ပဲသဲကို......"
“သာ!!! မ!!! ည!!!.......”
မကျယ်ပေမဲ့ တိုးလဲမတိုးတဲ့သူမရဲ့
ခေါ်သံကြောင့် သာ ပုခုံးတစ်ချက်
တုန်သွားရင်းလှည့်ကြည့်လိုက်တော့
ဆိုင်သိမ်းလာပြီဖြစ်တဲ့သူမက ထမင်းဆွဲခြင်းနဲ့အတူ တစ်ဖက်ကထမိန်စမကာ
သူတို့နှစ်ယောက်ကို တရားခံကြည့်ကြည့်
နေတာမို့ သာ သူမနားကခွာသွားကာဖြင့်
ခါးနားကိုအပြေးသွား၍
“ခါးထင်သလိုမဟုတ်ပါဘူး သူနဲ့
ကျွန်တော်က....."
“အသံထပ်မထွက်ပဲနဲ့ ဟိုဘက်အိမ်လိုက်ခဲ့....."
ပြောပြီး ခပ်ဆတ်ဆတ်ထွက်သွားတဲ့
သူမကြောင့် သာအိမ်ထဲမှာရှိနေတဲ့
နွေသဲမာကိုစိတ်ပျက်သလိုလှည့်ကြည့်တော့
သင်တန်းသားတွေက သူ့ကို (မယက)ရာထူးနဲ့
တွဲပြီးရိသဲ့သဲ့ကြည့်နေပေမဲ့လဲ သူ့မှာ
ထူးပြီးမရှက်နိုင်ပဲ အားလုံးကိုလက်ပြကာ
ဟိုဘက်ကိုအပြေးရောက်သွားရလေသည်။
“ခါး.....”
သူမကခုံမှာထိုင်ရင်း မျက်နှာလေးက
တင်းမာနေတာမို့ သာ သူမဘေးကို
အသာသွားကာ ပိုက်ထားတဲ့လက်ကို
အသာဆွဲယူတော့ရုန်းထွက်သွား၍
“ရှင်းရှင်းပြောမယ်သာမည အချစ်တွေအနှစ်တွေခဏဘေးဖယ်ထားပြီး လက်ရှိမှာ
မင်းကဒို့ရဲ့စေ့စပ်သူဖြစ်သလို ဒို့ကလဲ
မင်းလိုလိုလားလားနဲ့စေ့စပ်ထားတဲ့လူနော်....”
“ဟုတ်ပါတယ်....."
အားကိုးမရှိတဲ့ကြောင်ပေါက်လေးလို
ဖြစ်နေတဲ့သာမညရဲ့မျက်နှာကိုကြည့်ကာ
စိတ်တို့ကပြေလျော့ချင်နေပေမဲ့ ခါး
မျက်နှာကြောကိုတင်းထားလျက်
“ရှင်းရှင်းပြောမယ်သာ မင်းနဲ့အဲ့ဒီ့
ကောင်မလေး တပူးတွဲတွဲမပြောနဲ့
မျက်နှာချင်းဆိုင်နေတာတောင်မကြိုက်ဘူး
မင်းရဲ့သက်ဆိုင်သူနေရာကနေဒို့
သတိပေးနေတာနော်.....သူဒို့အပေါ်
ဘယ်လိုဆက်ဆံထားခဲ့လဲမင်းသိမှာပါ....."
“ကျွန်တော်သိပါတယ် ဒါပေမဲ့သူက
ဒီရက်ပိုင်းကိုယ်ခံအားနည်းနေလို့အဲ့တာ
အားကစားလုပ်မယ်ဆိုတာနဲ့......"
“တော်လိုက်တော့!! မင်းသူ့အစား
ဖြေရှင်းချက်ပေးနေတာကို
အရမ်းမုန်းတယ်သာမည ....မင်းဘက်က
သူ့ကိုဖာထေးပေးမနေနဲ့ ဘာနေနေ
သူ့ကိုဟိုဘက်အိမ်မှာရှိနေတာ ဒို့မမြင်ချင်ဘူး...."
“ကျွန်တော်သိပါပြီ....."
“ဒါပဲလား??.....”
မျက်နှာတည်နဲ့ပဲမေးလာသေးတဲ့
သူမကြောင့် သာလဲအမှားမခံရဲပဲ
ဘာကျန်သေးလဲစဉ်းစားတဲ့အခါ
ခေါင်းထဲဖျက်ခနဲရောက်လာတဲ့အတွေးကြောင့်
“သိပြီ ကျွန်တော်အခုသူ့ကို
ပြန်ခိုင်းလိုက်ပါမယ်..….."
“ပြန်ခိုင်းပြီးတော့....."
စာစစ်နေတဲ့ဆရာမလို မျက်ခုံးတစ်ဖက်
ဟန်ပါပါပင့်ရင်းမေးတဲ့သူမကြောင့်
သာ ထပ်ပြီးစဉ်းစားရကျပ်သွားပြန်ကာ
အကြာကြီးတွေးပြီးမှ
“နောက်ဘယ်တော့မှ ထပ်မလာနဲ့လို့
သတိပေးလိုက်မယ်......"
“ကောင်းပြီ တော်တယ်......"
စာမေးပွဲအောင်သွားတဲ့ကလေးလို
သူ့ရင်ထဲကအလုံးကြီးကျသွားရင်းမှ
သူမကလဲ ဟန်ပါပါထထွက်သွားတာမို့
သာ ဟိုဘက်အိမ်ပြန်ရောက်လာကာ
လေ့ကျင့်ခန်းလုပ်နေသေးတဲ့နွေသဲမာကို
ကြည့်ကာဖြင့်
“ငါ့အမျိုးသမီးက မင်းဒီမှာ
အားကစားလာလုပ်တာကိုမကြိုက်ဘူး
နွေသဲမာ....."
“သာကရော ....သာကိုယ်တိုင်ရအလုပ်နဲ့ကိုယ်ရေးကိုယ်တာ၊
လူနေမှုဘဝကို ရောထွေးထားလို့လား??..."
မေးခွန်းသတ်နေတာမို့ သာ
မျက်နှာလွှဲလိုက်ရင်းမှ
“မရောထားဘူး တစ်ကန့်ဆီထားတယ်
ဒါပေမဲ့ ငါ့ရဲ့အနာဂတ်ဇနီးလောင်းက
ဘယ်သူ့ကိုမကြိုက်ဘူး ဘယ်သူ့ကို
မနှစ်သက်ဘူးဆိုရင်တော့ ငါ့ဘက်က
ရှောင်ဖို့အသင့်ပဲ....."
သာ့စကားကြောင့် နွေသဲမာလက်ကို
ခပ်တင်းတင်းဆုပ်လိုက်ကာ သာ့ကို
ဝမ်းနည်းနာကျင်စွာကြည့်၍
“အဲ့လောက်တောင်ပဲသူကထိန်းချုပ်ထားတာလား???..."
“သူမထိန်းချုပ်ပါဘူး တောင်းဆိုရုံပဲ
ဒါပေမဲ့ ငါကကိုသူ့အလိုလိုက်ပေးတာ
ချစ်တာကိုး!!....."
သိပ်ချစ်ရတဲ့သူမကိုတည့်တည့်ကြည့်ရင်း
တခြားတစ်ယောက်ကို ချစ်ကြောင်း
နင့်နင့်နဲနဲဖွဲ့နွဲ့ပြနေတာမို့ သဲ အံကိုပါ
တင်းတင်းကြိတ်လိုက်မိကာ သူမရဲ့
ပစ္စည်းတွေယူ၍
“ကောင်းပြီ သူငယ်ချင်းသံယောဇဉ်တောင်
မထောက်ပဲဘာမဟုတ်တဲ့လူအတွက်နဲ့
သာ့ခံစားချက်တွေကိုအမှောင်ဖုံးထားရင်
သဲလဲဆက်မနေဘူး ဒါပေမဲ့ ရင်ထဲက
ခံစားချက်တွေကိုတော့မသွားခင်
ဖွင့်ထုတ်သွားခဲ့မယ်...."
ဘာပြောတာမှန်းမသိပေမဲ့လဲ သူမက
ကြည်ကြည်ဖြူဖြူပဲလက်ခံတာမို့
သာ အများကြီးတွေးမနေပဲကြည့်နေတော့
သူမပစ္စည်းတွေယူကာအိမ်ထဲကထွက်သွား၏။
.......
ခါး ထမင်းအိုးတည်ထားရင်းမှ
ရေမိုးချိုးကာ အပြင်ပြန်ထွက်လာတော့
ဧည့်ခန်းထဲထိုင်နေတဲ့ နွေသဲမာကို
မြင်လိုက်တာကြောင့် လူကဆတ်ခနဲ
ဒေါသခေါင်းပြူလာလေသည်။
“နင်သူများအိမ်ကိုဘာလာလုပ်တာလဲ??...."
“ငါ့သူငယ်ချင်းက နင်မှနင်ဖြစ်နေတာနဲ့
နင်လိုဟာမက ဘယ်လိုအောက်လမ်းတွေနဲ့
သူ့ကိုပြုစားထားလဲဆိုတာ ငါလာကြည့်တာလေ....."
သူ့ထက်ကြီးတဲ့ခါးကို နင်နဲ့ငါနဲ့
ပြောနေတာမို့ လူကစကားဆက်ပြောချင်စိတ်ကုန်ကာ ခါး ရင်ခြားရက်နဲ့ပဲ
အခန်းထဲဝင်လာရင်းမှ အင်္ကျီထုတ်နေတော့
အခန်းထဲလိုက်ဝင်လာမယ်မထင်ထားတဲ့
သူမက ခါးနောက်ရောက်နေပြီးတော့
ခါးရဲ့ဆံညှပ်ကိုဆွဲဖြုတ်ချလိုက်တာမို့
လူကဒေါသထောင်းခနဲထ၍ သူ့ကို
မီးတဝင်းဝင်းနဲ့လှည့်ကြည့်လိုက်တဲ့အခါ
“ဖြောင်း......"
ပထမဆုံး တစ်ခြားသူတစ်ယောက်ရဲ့
လက်ဝါးက ခါးရဲ့ပါးပေါ်ကိုစတေးချတာမို့
ခါး မျက်ဝန်းထဲမဲခနဲနေရင်းမှ
သူမကိုတစ်ပြန်ပြန်ချတော့ ခါးရဲ့အားက
သူမထက်ပိုပြင်းနေလေတဲ့အခါ နွေသဲမာ
ဘေးကိုယိုင်နဲ့သွား၏။
“နင်ကများငါ့ကိုရာရာစစ....."
“လုပ်တယ် နင်လိုစုန်းမကငါ့ရဲ့အချစ်ဦးကို
လုယူသွားတဲ့အပြင် အခုလဲဘာတဲ့
ငါ့ကိုဒီအိမ်လာတာမကြိုက်ဘူးတဲ့
နင်ကဘာကောင်မမို့လို့ သာ့ရဲ့စိတ်ကို
အပိုင်သိမ်းပြီးထိန်းချုပ်ဖို့ကြိုးစားရတာလဲ??....."
ပြောလဲပြောဝင်လုံးတဲ့သူမက
ဆံညှပ်မရှိတော့တာကြောင့် ပြေကျသွားတဲ့
ခါးရဲ့ဆံပင်တွေကိုဆောင့်ဆွဲတဲ့အခါ
ခါးလဲမျက်စိထဲမမြင်တော့ပဲနဲ့
သူမရဲ့အင်္ကျီတွေ ဆံပင်တွေကိုပါ
ပြန်ပြီးဆွဲဖြဲမိလေသည်။
“လင်တရူးနေတဲ့ဟာမ နင်လဲ
နင့်ဟာနင်သူများနဲ့စေ့စပ်ပြီးတာကို
အခုထိ သူများလူကိုလိုက်လုချင်နေတုန်း
နင့်ရဲ့အောက်တန်းကျတဲ့စိတ်ဓာတ်ကြောင့်
ဟိုကနင့်ကို မြူတစ်မှုန်လောက်တောင်
တန်ဖိုးမထားတာ....."
“အဲ့တာနင်ထိန်းချုပ်နေလို့ဖြစ်တာလေ
ကောင်မစုတ်ရဲ့ သူ့ကိုယ်သူအိန္ဒြေရှင်လိုလို
ဘာလိုလိုနဲ့ ငယ်တဲ့ကောင်လေးတွေကို
အထာကျွေးတဲ့ကောင်မ သူ့အသက်အရွယ်နဲ့
သာ့ကိုများလင်တော်ချင်တယ်တဲ့......"
သူတစ်ပြန်ကိုယ်တစ်ပြန်ဆွဲရင်း
နာသမျှအော်ပြောနေမိတာမို့ အသံက
စီနေကာ နွေသဲမာကပိုကျယ်နေ၏။
“ဟဲ့ ငါ့ဘက်ကစဖြစ်တာမဟုတ်ဘူး
သူ့ဘက်ကငါ့ကိုအတင်းလိုက်ကပ်တာ
နင်လိုဟာမမျိုးတောင် မရဖူးတဲ့
အနမ်းတွေ အထိအတွေ့တွေနဲ့သူကငါ့ကို
အတင်းလိုက်တွယ်ကပ်ခဲ့တာဟဲ့.....”
“နင်လိုကောင်မမျိုးကတော့ဒီစကားပဲ
လူကြားကောင်းအောင်ပြောမှာပေါ့
အမှန်ပြောလို့နာနေတာ နင်လွှတ်စမ်း....."
“ရိုင်းဆိုင်းတဲ့နင်ကအရင်စတာ
နင်လွှတ်ရင် ငါလွှတ်မယ်.....”
နှစ်ယောက်သားရုန်းရင်းကန်ရင်း
အခန်းထဲရှိတဲ့ပစ္စည်းတွေနဲ့တိုက်မိကာ
အကုန်လုံးဝုန်းဒိုင်းကြဲနေသလို ခါးရဲ့
ရေလဲထမိန်ဟာလဲပြေကျအံ့ဆဲဆဲ!!
“အို့အမေ လုပ်ပါဦး....."
“နွေသဲမာ မင်းလက်လွှတ်လိုက်စမ်း....."
တင်းမခံနိုင်တော့တဲ့ ခါးရဲ့ထမိန်စဟာလဲ
ဝေါခနဲပြေကျသွားပြီထင်ပေမဲ့
သူ့အသံကြားလိုက်ရခြင်းနဲ့အတူ
ပြေကျနေတဲ့ထမိန်ကို ရင်နှစ်မွှာနဲ့
ဖိကပ်ပြီးဖမ်းတော့ ခါးရဲ့ပိုင်ဆိုင်မှု
နှစ်ခုကသူ့လက်ထဲမှာ!!!
ရှက်ရွံ့ပူထူစွာနဲ့ပဲ ခါး ရှေ့ကတစ်ယောက်ကို
လွှတ်ကာ ယောင်ယမ်းပြီးဆောင့်တွန်းလိုက်တော့ သူမနောက်လန်ပြီးခါးရဲ့ကုတင်နဲ့
သွားဆောင့်လေသည်။
“သာ သာ မင်းလက်တွေလွှတ်စမ်း....."
လက်ဖဝါးနှစ်ဖက်လုံးအပြည့်
ပယ်ပယ်နယ်နယ်ကိုဖမ်းထိန်းပေးထားတဲ့
သူ့ရဲ့စေတနာကြောင့် ခါး သူ့လက်တွေကို
ဖြုတ်ချကာထမိန်စအတင်းမရင်း
ကျောပေးကာ လှည့်ဝတ်လိုက်တော့
သူက အောက်မှာပြစ်လဲကျနေတဲ့
နွေသဲမာကိုလက်မောင်းကနေဆွဲထူကာ
အခန်းပြင်ကိုတွန်းထုတ်လိုက်၍
“မင်းတော်တော်ရိုင်းတာပဲနွေသဲမာ
ဘာလို့ခါးကိုဒီလိုလုပ်တာလဲ??...."
မာန်မဲရင်းပြောတဲ့သာ့အသံက
ဟိန်းနေတာမို့ သဲလဲနာကျင်နေရက်ကြားကနေ
မျက်ရည်တွေစီးကျလာကာ
“မုန်းလို့.....အဲ့မိန်းမကိုမုန်းလွန်းလို့
သဲချစ်တဲ့သာ့ကိုလုယူသွားတဲ့အဲ့ဟာမကို
မုန်းလွန်းလို့ အီးဟီး......"
ကလေးငယ်လိုငိုနေပေမဲ့ သာ့မျက်စိထဲ
ရွံစရာလို့ပဲမြင်ကာ သူမကိုဆောင့်တွန်းလိုက်၍
“အေ ငါလဲမင်းကိုစောက်ရမ်းမုန်းတယ်
အဲ့တော့ ငါ့ဘဝကနေထွက်သွားစမ်း.....
မင်းမျက်နှာကို တစ်သက်လုံးဘယ်တော့မှ
ထပ်မမြင်ချင်ဘူး....."
ပြောပြီးတာနဲ့တံခါးကိုဆောင့်ပိတ်သွားတဲ့
သု့ကြောင့် သဲမျက်ရည်တွေနဲ့သာ
ထိုနားကနေ နာကျင်လျက်ကမှထွက်ပြေးလာခဲ့မိ၏။
သာလဲ ပွရှုပ်သွားတဲ့သူမရဲ့ဆံပင်တွေကို
သပ်ပေးရင်းမှ နီရဲနေတဲ့တစ်ကိုယ်လုံးကို
သနားသလိုကြည့်၍
“တောင်းပန်ပါတယ်နော် ကျွန်တော့ကြောင့်
ခါး နာကျင်ရတာပါ....."
“ကျစ် ရတယ် အဲ့ကောင်မလေးကကို
ဒို့အတွက် အကုသိုလ်ဖြစ်စရာ....."
သူ့ကိုရောပြီးစိတ်မဆိုးတာနဲ့ သာ
တော်သေးစွာသက်ပြင်းချရင်း သူမရဲ့
ထုတ်ထားပြီးသားအင်္ကျီကိုယူပေးကာ
ဆေးဘူးယူ၍ နီရဲနေတဲ့နေရာတွေကို
တို့သုတ်လိမ်းပေးတော့ အသက်ရှုသံ
ပြင်းပြင်းနဲ့ ခံယူနေလေသည်။
“နာနေမှာပဲမလား??....."
“နာတာပေါ့ ဆောင့်ဆွဲနေတဲ့ဟာ....."
မျက်နှာလေးဆူပုတ်ရင်း သူ့ကိုလဲ
မကြည့်တော့တာမို့ သာ သူမရဲ့
ပါးပြင်လေးကိုဖွဖွနမ်း၍
“ကျွန်တော်လာတာနောက်ကျသွားလို့ပါ
အသံတွေကြားပေမဲ့ မထင်မိတာမို့
အခုမှမသင်္ကာတာနဲ့ အပြေးကြည့်တော့
ထင်တဲ့အတိုင်းဖြစ်နေတာ ကျွန်တော်
လန့်သွားတာပဲ.....”
“ဒို့လဲမထင်ဘူးလေ သူပြန်မယ်ပဲ
ထင်နေတာ အခန်းထဲထိရောက်လာပြီး
ရန်ရှာမယ်လို့တွေးတောင်မတွေးမိဘူး....."
“သူကငယ်ငယ်ထဲကကျွန်တော့ကို
အရူးအမူးဖြစ်နေတာ ဒါကြောင့်
အခုလိုလုပ်တာ ကျွန်တော်ကပဲကြားကနေ
တောင်းပန်ပါတယ်....."
“ဆက်မပြောနဲ့တော့ အဲ့ဟာမအစား
တောင်းပန်ပေးနေတာကကို မင်းကိုပါ
တစ်စစီဆွဲဖြဲပြစ်ချင်တယ် သာမည....
ဒါကြောင့် ပါးစပ်လေးကိုပိတ်လိုက်တော့...."
ဖရိုဖရဲပုံကိုမြင်သွားတဲ့အပြင်
သူကပါ ခါးကိုပယ်ပယ်နယ်နယ်
ဖမ်းထိန်းလိုက်တာမို့ လူကအခုနေ
အရှက်သည်းကာ စိတ်ပဲတိုနေလေသည်။
“ဟို ကျွန်တော်အစောကကိုင်လိုက်တယ်
ဆိုတာကလဲ နှာဘူးအတွေးနဲ့မဟုတ်ပဲ
ခါးထမိန်ကျွတ်သွားမှာဆိုးပြီး ဖမ်းမိဖမ်းရာ
ဖမ်းပေးတာပါ မဟုတ်ရင် ထမိန်ကျွတ်ပြီး
အကုန် ဟောလော......"
ဆက်ပြောမဲ့စကားက ငဲ့ကြည့်လာတဲ့
သူမရဲ့မျက်နှာမာမာကြောင့် တန့်သွားရကာ
သာ တိတ်သွားရတော့သူမက အံကြိတ်၍
“အဲ့အကြောင်းထပ်ပြောရင် မင်းလက်ကို
အခုပဲဓားနဲ့ခုတ်ချင်တာနော်......"
အရှက်သည်းနေမှန်းသိသွားတာမို့
သာ စချင်တဲ့ဗီဇကပေါ်လာကာ
“ဘာမှမဖြစ်ပါဘူးခါးရယ် နောက်ဆိုရင်
ခဏခဏအကိုင်ခံရမှာကို အခုကအစမ်း
အကျင့်ရတာပေါ့ မဟုတ်ဘူးလား??.....”
“ဒေါင် ....."
“အား!!!......”
လက်မြန်တဲ့သူမရဲ့ လက်ထဲကဓာတ်မီးနဲ့
သာ့နှဖူး ခပ်ပြင်းပြင်းမိတ်ဆက်သွားတဲ့အခါမှာ!!
အခန်းမှတ်ချက်များ (0)