“မခါးတို့များနော် အိမ်ဘေးရောက်လာတာ
ဘယ် လောက်မှတောင်မကြာသေးဘူး
တန်းပြီးဆွဲစိလိုက်တာပဲ မိုက်တယ်ဟေ့....."
“ဟုတ်ပါ့ဆို ငါလဲနောက်ဆိုအိမ်ငှားစားအုံးမယ်....."
“ကောင်လေးကလဲတောင့်တောင့်ဖြောင့်ဖြောင့်နဲ့ အချောလေးဆိုတော့
ငါတို့ခါးနဲ့လိုက်ဖက်လိုက်တာ နေနဲ့လ ရွှေနဲ့မြလိုပဲ.....”
စေ့စပ်ပွဲပြီးပြီမို့ ဈေးမထွက်ပဲအိမ်မှာပဲ
နားအုံးမဲ့ခါး ဒီနေ့ဈေးဝယ်မို့ဟာ
သူ့ကိုမလိုက်နဲ့တားပေမဲ့ လက်မခံတဲ့သူက
အတင်းလိုက်လာလေ၏။
ပုခုံးဖက်ဖက် ခါးဖက်ဖက်နဲ့သူ့ရဲ့
ပိုင်ဆိုင်သူမှန်းသိရအောင်ကြွားနေတာမို့
ခါး အမြင်ကပ်ကပ်နဲ့သူ့ဗိုက်ကိုဆွဲဆိတ်
နေပေမဲ့လဲ သူကတော့ပြုံးပြုံးနဲ့ပဲ
ခါးကိုသူနဲ့မနီးနီးအောင် ဆွဲကပ်နေလေသည်။
အခုလဲ အကုန်လုံးဝိုင်းစကုန်တာမို့
ခါး ရှက်နေပေမဲ့သူကတော့သဘောတကျ
ပြုံးပြုံးကြီးရယ်နေတာ သွားကြီးဖြီးလို့!!
ဒီနေ့ အဖေနဲ့အမေရဲ့ ၁၂နှစ်ပြည့်မို့
ခါး ဘုန်းကြီးကျောင်းကိုဆွမ်းကပ်ကာ
အဖေနဲ့အမေအတွက်ရည်စူး၍
ကောင်းမှုကူသိုလ်လုပ်ရန် ဈေးဝယ်လာခြင်းဖြစ်၏။
“ဟယ် မိခါး ညည်းလေးအခုတော့
ချစ်ချစ်နဲ့အတူဈေးဝယ်ထွက်နေပြီပေါ့....”
“မဟုတ်ပါဘူးအစ်မကလဲ....."
မမျိုးပက ခပ်ပြုံးပြုံးနဲ့ပြောတာမို့
ခါး ရှက်ပြုံးလေးနဲ့တုန့်ပြန်တော့
သူမက အမလေးဆိုပုံနဲ့မျက်နှာပြောင်ကာ
“ဘာရှက်နေတာလဲ အင်္ကျီတောင်
ဆင်တူနဲ့စုံတွဲခုတ်လာပြီးတော့မှ
အခုမှဘူးပေါ်ကြောင်ပေါ်ငြင်းမနေပါနဲ့....”
အခုမှ ခါးလဲသတိထားပြီးသူ့ကိုငဲ့ကြည့်တော့
ခါးနဲ့ အရောင်ဆင်တူနေလေသည်။
ခါးက ချိတ်ဝမ်းဆက် ဆင်စွယ်ရောင်ကို
ဝတ်ဆင်ကာ ဆံပင်လေးတစ်ဝက်လျော့
ထုံးလျှိုထားရင်း မြန်မာဆန်ဆန်လှနေသလို
သူကလဲဆင်စွယ်ရောင် အကောင်းစား
ရှပ်အင်္ကျီလက်တံတောင်နဲ့ အောက်က
ဂျင်းဘောင်းဘီတွဲဖက်ဝတ်ဆင်ထားပြီး
လူငယ်ဆန်ဆန် ချောမောခန့်ညားနေ၏။
သူ့ကိုငဲ့ကြည့်တော့ ခါးကိုမျက်စိတစ်ဖက်
မှိတ်ပြတာမို့ ခါးလဲမနိုင်ဘူးဆိုပုံနဲ့
ခေါင်းလေးသာယမ်းကာ ဘုန်းကြီး၅ပါးအတွက် လုံလောက်မဲ့ဟင်းစားကိုဝယ်၍
ဆွဲခြင်းကတော့သူဆွဲပေးလေသည်။
ခါးလွန်းနွယ်ကိုမသိတဲ့လူမရှိတာမို့
တစ်ဈေးလုံးခါးကို စကြနောက်ကြနှင့်
တစ်ချို့ဆိုင်တွေမှာ မေးတာဖြေနေရသေးကာ ဈေးဝယ်ထွက်လာတဲ့ခါးတို့ရဲ့
ခရီးစဉ်က နာရီများများကြာသွား၏။
အပြန်လမ်းမှာ နေကခေါင်းပေါ်
ရောက်နေပြီမို့ ခါး ဖုန်းနာရီကြည့်တော့
၁၁တောင်ထိုးနေပြီ!!
နှစ်ယောက်သားထွက်လာကြတာ
၈နာရီခွဲထဲက..…..၊
အချိန်တွေကဘယ်လိုကုန်လို့ကုန်မှန်း
မသိအောင်ကို ကုန်နေတာမို့အခုမှ
အိမ်ကိုသုတ်ခြေတင်ပြေးတော့ ခြင်းတစ်ဖက်နဲ့ ခါးကိုထီးဆောင်းပေးထားတဲ့သူက
အသက်ရှုသံပြင်းလာ၍
“ဖြေးဖြေးသွားပါခါးရယ် ကျွန်တော်
မောနေပြီ....."
“ဟုတ်သားပဲ နေ့ဆွမ်းကပ်ချိန်ကျော်သွားမှာ
ဆိုးလို့ လောသွားတာ.....ဟဲဟဲ....."
ခြင်းလဲဆွဲပေး ထီးလဲကိုင်ပေးထားရတာမို့
ခါး မျက်နှာချိုသွေးကာ ရယ်ပြလိုက်တော့
သူကမောနေရင်းမှ ရပါတယ်ဆိုပုံနဲ့
ခေါင်းညိမ့်ပြလေသည်။
နှစ်ယောက်သား ပြန်နေတုန်းအိမ်မှာ
ဆီမရှိတာသတိရသွားတာမို့ ခါး
ကျစ်သပ်လိုက်မိပေမဲ့ မသိမ့်ဆိုင်ကို
သတိရကာ နည်းနည်းတော့စိတ်အေးသွားရ၏။
“သာ မသိမ့်ဆီခဏဝင်မယ်နော်
ဆီဘူးဝယ်ရအုံးမယ်....."
“ရတယ် ခါးအဆင်ပြေသလိုလုပ်....."
မောလာပေမဲ့လဲ သူမထံကနေ
သူ့နာမည်အဖျားစွတ်လေးကြားလိုက်ရတာနဲ့ကို အမောပြေကာ သူ့မျက်နှာဝင်းပသွားရလေသည်။
သူတို့နှစ်ယောက် အပျိုကြီးမသိမ့်ရဲ့
ကုန်ခြောက်ဆိုင်ထဲဝင်လာတာနဲ့ မော့ကြည့်ကာပြုံးပြတော့မဲ့မသိမ့်ရဲ့မျက်နှာက
နှစ်ယောက်ကိုတွဲမြင်လိုက်ချိန်
မဲ့ကျသွားကာ ဖုန်းကိုပြန်ငုံ့သွား၏။
ဒါကိူမြင်လိုက်ပေမဲ့ ခါးလဲဘယ်လိုမှ
တွေးမနေပဲဝယ်စရာရှိတာယူကာ
သူမထိုင်နေတဲ့ကောင်တာဆီရောက်လာခဲ့သည်။
“မသိမ့် ဒါလေးတစ်ချက်လောက်
တွက်ပေးပါဦး....."
“ခါးကအတွက်အချက်တော်တယ်မလား??
ရေးထားတဲ့ဈေးနှုန်းတွေကိုကြည့်ပြီး
ကိုယ့်ဘာသာကိုယ်ပဲတွက်ပေးသွားလိုက်ပေါ့
ဈေးသည်တွေပဲကို......"
ပေါ်တင်ပြီးမကြည်ကြောင်းပြတာမို့
ခါး မျက်နှာပျက်ကာ တစ်မျိုးတော့
ခံစားလိုက်ရပေမဲ့ ကိုယ်ကသူ့ကိုလှောင်သလို
ဖြစ်ခဲ့တာမို့ ခါးပဲစိတ်လျှော့ကာ
ယူထားတာအကုန်ဈေးကြည့်ရင်း စိတ်နဲ့
တွက်လိုက်တော့
“၁၇၅၀၀ကျတယ် ခါးကိုအိတ်ပေးဦး...."
ပိုက်ဆံထုတ်ကာအိတ်တောင်းနေပေမဲ့
သူမက ဖုန်းကိုတမင်စိုက်ကြည့်နေတာမို့
ခါး သာ့ကိုပဲငဲ့ကြည့်မိတော့ သာကသူ့ရဲ့
ဆွဲခြင်းထဲကိုထည့်မယ်ပဲဆိုကာ
အကုန်သိမ်းကျုံးထည့်နေတာကြောင့်
ခါး စိတ်တိုသွားလျက်ကမှ
“ဒီမှာမသိမ့် ဈေးသည်ဆိုတာအလုပ်နဲ့
ကိုယ်ရေးကိုယ်တာခွဲထားရတယ်
မသိမ့်ဘယ်သူ့ကိုပဲမကျေနပ်ဖြစ်ဖြစ်
အခုချိန် ခါးတို့ကဈေးဝယ်သူတွေ
ဈေးဝယ်သူကိုကောင်းကောင်းမွန်မွန်
ဆက်ဆံပေးပါ....."
“မကျေနပ်ရင်ပြန်ထားခဲ့လိုက်
ရော့အဲ့မှာအိတ်......"
ခပ်တင်းတင်းပြောရင်း လက်ပြန်ဖြုတ်ကာ
အိတ်ကိုခါးရှေ့ပြစ်ပေးတာမို့ လူက
တော်တော်တင်းသွားပေမဲ့ သူ့ဆီမဝယ်ရင်
ဈေးအထိတစ်ခေါက်ပြန်သွားရမှာဖြစ်တဲ့အတွက် အောင့်အီးသည်းခံရင်း
ကိုယ့်ဘာသာကိုယ်ပဲယူထည့်လျက်
တစ်သောင်းတန်နှစ်ရွက်ထုတ်ပေးတော့
“အမ်းစရာမရှိဘူး....."
“အဲ့တော့....."
“၇၅၀၀ရှိမှ ရမှာပေါ့....."
“ဟ မရှိမှတော့ခင်ဗျားအမ်းပေးရမှာပေါ့
ဈေးသည်ဆိုတာ အမ်းဖို့အပိုငွေက
ဆောင်ကိုဆောင်းထားရမှာ သဘာဝပဲ.....
ဒါဆိုတခြားသူတွေကို ခင်ဗျားဘယ်လိုအမ်းလဲ??....."
သူ့ရဲ့အမျိုးသမီးကိုမှိုချိုးမျှစ်ချိုးပြောရင်း
အချိုးမပြေတော့တာမို့ တစ်ချိန်လုံး
မဆိုင်သလိုသည်းခံလာခဲ့တဲ့သာ မနေနိုင်ပဲ
ဝင်ပြောတော့ သူမကမျက်နှာမဲ့ပြ၍
“သူများအလှည့်ကျရင်တော့
ရရင်ရမှာပေါ့....."
အချိုးကမဟုတ်တော့ပြီမို့
သာရှေ့ကိုတစ်လှမ်းတိုးတော့ ခါးပဲ
သူ့ကိုလက်နဲ့ကားဆီးလိုက်ကာ
“နေ ရတယ်......"
ပြောပြီး ဟိုဘက်ကဝယ်စရာအတန်းဆီ
သွားနေတဲ့သူမကြောင့် သာဒီဘက်ပြန်လှည့်တော့ သူမကငဲ့ကြည့်လာပေမဲ့
မျက်စောင်းထိုးကာဖုန်းကိုငုံ့သွားတာမို့
သာလဲ စိတ်တိုတိုနဲ့တောက်သာ
ကြိတ်ခေါက်လိုက်သည်။
သူမကပြန်ရောက်လာတော့လက်ထဲမှာ
အအေးတစ်ဘူးကိုင်လာလေ၏။
“ဒါ ၂၅၀၀မလား ဒါယူလိုက်မယ်
ရော့အဲ့မှာ ၂၀၀၀၀....."
ပြောပြီး ခါး သူ့လက်ကိုပေါ်တင်ပဲချိတ်ကာ
မသိမ့်ကိုခပ်မာမာကြည့်၍ထွက်ခဲ့တော့
သူမစွေ့စွေ့ခုန်ရင်းကျန်ခဲ့လေ၏။
“အဲ့မိန်းမတကယ်အချိုးမပြေဘူး....."
အပြန်လမ်းမှာသာတစ်ယောက်စိတ်တိုတိုနဲ့
ပြောတော့ သူမကသူ့လက်မောင်းကို
ကိုင်ထားရက်ကနေ ခပ်တင်းတင်းဖျစ်ညှစ်၍
“အဲ့တာသာလုပ်တဲ့ဟာတွေလေ သူ့ကို
ကိုယ်ဖိရင်ဖိသင်ပေးမယ်ဘာညာ
တော်ကီပြစ်ပြီး ကြွေအောင်လုပ်ခဲ့တော့
အခု ဟိုကသာ့ကိုကြွေဆင်းပြီး ဒို့ကိုပါ
ဗီလိန်ဇာတ်ထဲသွင်းနေပြီ.....”
“ဟာ အဲ့တာသူပြောတာပါဗျာ.....
ကျွန်တော်လဲမကောင်းတတ်တာနဲ့
ဒီတိုင်းစကားရောဖောရောလုပ်ခဲ့ရတာ
သူ့အရွယ်နဲ့တကယ်အဲ့လိုလုပ်မယ်မှန်း
ဘယ်သူကထင်မှာလဲ....."
ဒါလဲဟုတ်တာမို့ ခါး ပြုံးစေ့စေ့လေးသာ
ဖြစ်သွားတော့ သူလဲစိတ်ပြေလိုက်ရယ်ရင်း
ခါးတို့အိမ်ရောက်လာခဲ့သည်။
“ကယ် သာ့ကိစ္စကိုသွားလုပ်တော့
ဒီဘက်ကချက်ပြုတ်ဖို့တာဝန်က
ခါးလုပ်မယ်....."
နာမ်စားလေးတွေပြောင်းရင်းမှ
ချစ်စရာကောင်းနေတဲ့သူမပါးကို
သာဖွဖွလေးနမ်းရက်ကမှ သွားနဲ့
ဖွဖွကိုက်၍
“မသွားချင်ဘူးဗျာ ခါးနားမှာပဲ
တစ်နေကုန်နေချင်တယ် ဘယ်လိုလုပ်ရမလဲ...."
ခါး ရှက်ရှက်နဲ့ပဲသူ့ရင်ဘတ်ကို
တွန်းထုတ်၍ ခြင်းထဲနဲ့အိတ်ထဲက
ပစ္စည်းတွေကိုထုတ်နေတော့ သူက
နောက်ကနေခါးကိုသိုင်းဖက်လိုက်၏။
“ကျစ် အလုပ်လုပ်အုံးမယ်လေ ဖယ်ဦး...."
“အွန်း လုပ်လေ ကျွန်တော်ကလိုက်ပြီး
ပိတ်ပင်နေတာမှမဟုတ်တာ....."
လက်ပေါက်ကပ်ကပ်နဲ့မို့ ခါးမှာ
သူဖက်လျက်သားနဲ့ ဟိုရွှေ့ဒီရွှေ့
လုပ်နေရတာအဆင်မပြေ!!
တဖြေးဖြေးပိုတင်းတင်းဖက်လာတာမို့
လူကကျပ်နေရကာ ခါးသူ့ကိုတွန်းထုတ်ရင်း
မလုပ်ဖို့ပြောရန်မျက်နှာချင်းဆိုင်လှည့်တော့
သူက ခါးရဲ့နှုတ်ခမ်းတစ်စုံလုံးကို
ငုံခဲလိုက်လေသည်။
ရင်ခုန်သံတွေမြန်ဆန်လာရင်း
ပြောမဲ့စကားတောင်မေ့သွားတော့ သူက
ခါးကိုစွေ့ခနဲပွေ့ချီကာ ပစ္စည်းတွေ
တင်ထားတဲ့စားပွဲပေါ်တင်ပေးလိုက်တာမို့
လူကပူထူသွားလို့မှမဆုံးသေး သူကခါးရဲ့
ဒူးနှစ်ခုကြားတိုးဝင်လာလေ၏။
မျက်နှာလေးရဲရင်းမှအရှက်သည်းနေတဲ့
ခါးရဲ့မေးစေ့ကိုဆွဲမော့ရင်းမှ သာ
ရဲရဲနီနေတဲ့နှုတ်ခမ်းလေးကိုလက်မနဲ့
ဆွဲပွတ်၍
“ပြီးပြီလား??......"
“ဘာ ဘာကိုလဲ??....."
ခပ်ရေးရေးနားလည်လိုက်ပေမဲ့
အရှက်သည်းစွာပြန်မေးလိုက်တော့
သူက နှုတ်ခမ်းတစ်ဖက်တွန့်ရင်း
နားနားကပ်ကာ
“ဧည့်သည်လာနေတယ်ဆို မပြန်သေးဘူးလား??...."
“အို....."
ခါး သူ့ရင်ဘတ်ကိုတွန်းထုတ်ရင်း
အောက်ဆင်းရန်ပြင်တော့ သူကသဘော
တကျနဲ့ပြန်ဆွဲထားကာ တို့လို့တန်းလန်းဖြစ်နေတဲ့ ခါးကိုအနေခက်အောင်လုပ်နေသည်။
“သာနော် နောက်ကျတော့မယ်ဆို....."
“အွန်း သိပါတယ်....."
သိပါတယ်ဆိုပြီးတော့ကိုဇွတ်ကဲနေတာမို့
ခါး သူ့ရင်ဘတ်ကိုအတင်းတွန်းထုတ်ရင်း
အောက်ဆင်း၍ ဘေးထွက်ရပ်ကာဖြင့်
“နေ့လည်ဆွမ်းမမှီရင် တွေ့မယ်နော်
ဒါကြောင့်လာမနှောင့်ယှက်နဲ့....."
သူမစိတ်ဆိုးတော့မဲ့အရိပ်အယောင်လေးမို့
သာ ထပ်မစတော့ပဲ သူ့ရဲ့စိတ်တို့ကို
ချုပ်တည်းကာ အနားကထွက်လာခဲ့၏။
.......
ခါး အကုန်ချက်ပြုတ်ပြီးစီးတာနဲ့
ဘုန်းကြီးကျောင်းမှာ သူနဲ့နေ့လည်ဆွမ်း
ကပ်ကာ မိဘနှစ်ပါးအတွက် တရားနာရင်း
ကောင်းမှုကုသိုလ်ပြုပေးလိုက်သည်။
သူကလဲပျော်ရွှင်ရင်းမှ ခါးနဲ့အတူ
ဘုန်းကြီးကျောင်းထဲက ငါးတွေလိပ်တွေကိုအစာကျွေးရင်းမှ ခါးတို့ဆုတောင်းကောင်းမှုပြုကာ ပြန်လာခဲ့လိုက်၏။
“ခါး မိဘတွေကိုလွမ်းနေမှာပဲနော်....."
“သေဆုံးပြီးမိဘတွေကိုမလွမ်းတဲ့
သားသမီးဆိုတာရှိလို့လား??....."
သူမကတော့ပြုံးပြုံးပဲပြန်မေးပေမဲ့
မျက်ဝန်းတွေမတောက်ပတော့တာမို့
သာ သူမခေါင်းလေးကိုရင်ခွင်ထဲ
မှီထွေးထားပေးကာ
“သိပါတယ် ဒါကြောင့် အဖေနဲ့အမေကိုယ်စား
ခါးရဲ့မိသားစုဝင်တွေကိုယ်စား ကျွန်တော်က
ခါးအပေါ်ပိုပြီးကြင်နာပေးပါ့မယ်....."
“အဟွန်း စောင့်ကြည့်ရမှာပေါ့....."
“အွန်း စောင့်ကြည့်စေဗျာ...."
ချစ်ရသူနှစ်ယောက် ပူးကပ်ယှဉ်တွဲရင်းမှ
အိမ်အပြန်လမ်းကသာယာနေလေသည်။
🏠🏠🏠🏠
“သဲ......"
စေ့စပ်ရုံစေ့စပ်ထားပေမဲ့ သဲက
သူ့အိမ်မှာအတင်းအကျပ်နေဖို့အတွက်
ဖြစ်လာတာမို့ မကြည်ဖြူပေမဲ့လဲ
မတတ်သာတော့တဲ့အခြေအနေမှာ
သဲဟာအောင့်အီးနေရလေ၏။
သာ့ကိုလုပ်ခဲ့တဲ့နည်းအတိုင်း
သူမလဲနည်းတူပြန်ခံရတာမို့
ဝဋ်လည်တာမှန်းသိတဲ့အခါ လုပ်ခဲ့တဲ့
လုပ်ရပ်တွေကိုနည်းနည်းနောင်တရသည်။
ဟုတ်တယ် သူမနေရာမှာသာ့တုန်းကလဲ
ဒီလိုပဲခံခဲ့ရမှာပဲ!!....။
အတွေးတို့နဲ့သက်ပြင်းအခါခါချနေရတဲ့သဲ
ခေါ်သံနဲ့အတူ အနားဝင်ထ်ုင်ရင်း
လူကိုနောက်ကနေဖက်လိုက်တာမို့
သဲတုန်တက်သွားရ၏။
“ဘာတွေတွေးနေတာလဲ??....”
“ဘယ်လိုလုပ်ရင် နင်နဲ့အမြန်ပြတ်စဲလို့
ရမလဲစဉ်းစားနေတာ....."
သူမအဖြေကြောင့် အောင်သု့မျက်နှာ
ပျက်သွားပေမဲ့ လိုချင်နေတဲ့သူလေး
လက်ထဲရောက်လာပြီမို့ သူမဘာပြောပြော
အောင်သူမဖြုံတော့ကာ စွာချင်နေတဲ့
နှုတ်ခမ်းလေးကိုဖိကိုက်ချလိုက်၍
“မကြာခင်ပဲလက်ထပ်ရတော့မှာကို
စိမ်းကားတဲ့စကားတွေပြောနေတုန်းပဲ
ကြည့်ရတာ သဲကကိုယ်နဲ့ကောင်းကောင်း
မနီးစပ်သေးလို့ထင်တယ်.....”
“အောင်သူနော် နင်ဘာလုပ်ဖို့ကြံနေတာလဲ??...."
“အဟွန်း ကိုယ့်ကိုတစိမ်းလိုဆက်ဆံပြီး
ကိုက်ချင်နေတဲ့ကြောင်လေးကို
သခင်ကဘယ်သူလဲသိအောင် ပြပေးမလို့လေ...."
“နင် ဖယ်နော်......"
ပြောပြီးသဲကို ဖက်လိုက်တဲ့သူ့ကြောင့်
ရင်တုန်သွားကာ ရုန်းနေပေမဲ့
သူကအားကောင်းတာမို့ သဲမလှုပ်နိုင်ပဲ
မျက်နှာလေးသာယမ်းခါမိနေတဲ့အခါ
သူကထိန်းကိုင်ထားရင်း နှုတ်ခမ်းထက်
အနမ်းတွေခြွေလာလေသည်။
“အွန့် အောင်သူ......"
သဲမလိုချင်စွာတွန့်လိမ်ရုန်းနေပေမဲ့
ချစ်ရသူကိုပိုင်ဆိုင်ရတော့မဲ့ အောင်သူ့အဖို့
နောက်ဆုတ်ဖို့လမ်းမမြင်တော့ပဲ
သူမရဲ့လည်တိုင်လေးကိုဖွဖွကိုက်လျက်
အခြေအနေတွေကို ရှေ့သာဆက်တိုးမိလေ၏။
သူ့အိမ်မှာလာနေရတာမို့ အားလုံးက
သူ့စိတ်ကြိုက်ဖြစ်နေသလို သဲဘဝကလဲ
သူ့လက်ထဲတင် ကမ်းတင်နေတဲ့အခါ!!
အခန်းမှတ်ချက်များ (0)