ဒီနေ့တော့ စေ့စပ်ပွဲရက်ကိုရောက်လာလို့
မနက်ခင်းထဲက ခါးတို့ပြင်ဆင်ကြရ၏။
သူကအမြဲတမ်း စတိုင်ပင်န်တွေ
ရှော့ပင်န်တွေပဲအဝတ်များတာမို့ အခုလို
ပုဆိုးနဲ့တိုက်ပုံနဲ့မြန်မာဆန်ဆန်
ဝတ်ထားချိန် ခါးမျက်ဝန်းထဲ
တစ်မျိုးတော့ဖြစ်နေလေသည်။
တိတိကျကျပြောရမယ်ဆိုရင်တော့
ခန့်ညားတယ်ပေါ့!!
သန့်ပြန့်နေတဲ့သူ့ဆီကအကြည့်မလွှဲမိတာမို့
ခါး အသိပြန်ဝင်ကာ မျက်ဝန်းတွေလွှဲဖယ်၍
မှန်ထဲမြင်နေရတဲ့ကိုယ့်ပုံကိုကြည့်မိ၏။
ခါးနဲ့သူကအဝေးကနေကြည့်ရင်
ဆင်တူမလိုလိုနဲ့ တကယ်တော့နှစ်ယောက်
အရောင်ကွာခြားနေလေသည်။
ခါးက ကြက်သွေးရောင်ချိတ်ဝမ်းဆက်ပေါ်မှာ ရွှေရောင်အလှကွပ်ထားတာမို့
သူဝတ်ထားတဲ့ ရွှေရောင်သမ်းသမ်း
သတို့သားဝတ်စုံနဲ့ စုံတွဲထင်ရပေမဲ့
အနီးကပ်ကြည့်ရင်တော့မအပ်စက်!!
ဒါကလဲ လူကြီးတွေပဲစီစဉ်ပေးတာမို့
ဘာစိတ်ကူးနဲ့မှန်းတော့ခါးနားမလည်....၊
အဓိကက ခါးတို့ရဲ့စေ့စပ်ပွဲလေးအမြန်
အထမြောက်သွားဖို့ပဲရည်ရွယ်၏။
နှစ်ယောက်သားမှန်ရှေ့ရပ်ရင်းမှ
သူကခါးရဲ့ပုခုံးလေးကိုဆတ်ခနဲဆွဲဖက်၍
“ချစ်လိုက်တာဗျာ ခါးနဲ့ဒီလိုပုံလေး
အရမ်းကျက်သရေရှိတယ်....."
“သိပါတယ်....."
တမင်ဘုတောလိုက်တော့ သူ့မျက်နှာ
တည်သွားတာမို့ ခါး သူ့ပါးပြင်ကို
ဖွဖွဆွဲ၍
“သာမညလဲကြည့်ကောင်းနေပါတယ်နော်....."
ပြောပြီးတာနဲ့တန်းထွက်သွားတဲ့သူမကြောင့်
သူ့မှာသာအားမလိုအားမရနဲ့ကျန်ခဲ့ရလေသည်။
အစောပိုင်းလေးပဲကျင်းပဖြစ်တာမို့
တော်တော်များများရောက်နေကြပြီဖြစ်သလို
နောက်နည်းနည်းနေရင် ဘုန်းကြီးတွေကြွလာကြမည်။
ဈေးထဲကလူတွေကလဲ အံ့ဩဝမ်းသာနဲ့
ခါးကိုမထင်ထားတာမို့ ရုတ်တရက်ဆန်ဆန်
မေးခွန်းတွေမေးနေကြလေ၏။
ခါးမှာကြည့်ကောင်းအောင်ပြောနေရင်း
မြန်မာဆန်ဆန်ဝမ်းဆက်နဲ့အိမ်ထဲ
လှမ်းဝင်လာတဲ့ မသိမ့်ကိုမြင်လိုက်တာမို့
ခါး မျက်နှာလေးတည်သွားရလေသည်။
ဘေးနားမှာတူမလေးကိုတွဲရင်း
အိမ်ကိုလှမ်းဝင်လာတဲ့မသိမ့်က ထိုနေ့က
ပုံရိပ်နဲ့မတူ တည်ငြိမ်သွား၍ ခါးနားကို
ရောက်တာနဲ့ခေါင်းစခြေဆုံးကြည့်ကာ
“လှလိုက်ဝာာခါးရယ် ဒါကြောင့်
မောင်လေးကခါးကိုရွေးသွားတာထင်တယ်...."
“အဟင်း....."
ဘာပြောရမှန်းမသိတာမို့ ခါးဟင်းခနဲရယ်မိတော့ မသိမ့်ကပြုံးနေရက်သားနဲ့ပဲ
“အဲ့တုန်းကလဲဒီလိုပဲရယ်ခဲ့မှာပဲနော်....."
“ဟင်....."
“ခါးနဲ့ယူတော့မဲ့လူကို ဒို့ကအီစီကလီလုပ်ဖို့
တိုင်ပင်တုန်းကလေ....."
“ဟင့်အင်း မသိမ့်....."
“ဟုတ်ပါတယ် အသက်ကြီးပြီးပိုးမသေတဲ့
မိန်းမကြီးလို့တွေးပြီး အခွင့်အရေးမရှိမဲ့
တူတူ အရှက်တော့ကွဲခိုင်းလိုက်မယ်ဆိုပြီး
ခါးဘက်ကနှုတ်ဆိတ်နေခဲ့တာမလား??....”
“မသိမ့်နားလည်မှုလွဲနေပြီ.....”
“ရပါတယ်ညီမလေးခါးရယ် မိန်းမချင်းကို
အစ်မဒီလောက်တော့နားလည်ပါတယ်.....
ဟင်းဟင်း.....”
ပြောချင်ရာပြောပြီးထွက်သွားတဲ့မသိမ့်က
ခါးတို့မင်္ဂလာကိုကောင်းချီးပေးဖို့လာတာလား??
ဒါမှမဟုတ် လာခနဲ့နေတာလား??
အဲ့တုန်းကသူနဲ့ကိုယ့်အခြေအနေဘာမှ
မသေချာသေးတာမို့ ထွေထွေထူးထူး
မပြောခဲ့တဲ့ခါးက သူ့ကိုလှောင်ဖို့များ
တမင်မပြောပဲထားတယ်ထင်နေတာလား??
သာမညဆိုတဲ့လူက သာမန်ပဲခါးရဲ့
အိမ်ငှားတစ်ယောက်ကို ဒီလူက
ခါးနဲ့ဘာညာပါ မသိမ့်နောက်ဆုတ်ပါလို့
ပြောစရာလား??
တစ်ယောက်တည်းအတွေးတို့နဲ့ငြိမ်နေတော့
သာမညက ပုခုံးကိုဖွဖွလာပုတ်၍
“ဘာစဉ်းစားနေတာလဲ??ခန့်မှန်းရသလောက်
အဲ့တစ်ယောက်က ခါးကိုမကျေနပ်နေတာမလား??...."
“ဟုတ်တယ်လေ သာမညကိုကြိုက်လွန်းလို့
ကျွန်မနဲ့တောင်ရန်သူဖြစ်သွားတာတဲ့....."
မကျေမလည်ပြောရင်း အနားကထွက်သွားတဲ့
သူမကိုပြုံးကြည့်ရင်း သာလဲသူမနောက်
လိုက်လာခဲ့သည်။
ပင့်ထားတဲ့ဘုန်းကြီးတွေရောက်လာကာ
ခါးတို့တရားနာပြီးတာနဲ့ ကျွေးမွေးရေး
ကဏ္ဍရောက်လာခဲ့၏။
ခါးနဲ့သူငြိမ်ငြိမ်လေးပဲ အိန္ဒြေမပျက်
ထိုင်နေနိုင်တာဟာ သူ့ဘော်ဒါတွေကြောင့်
ဖြစ်သည်။
သူပြောသလို သိန်း၆၀၀စုချေးပေးတဲ့
လူတွေဖြစ်သလို အခုလဲသူငယ်ချင်းရဲ့
စေ့စပ်ပွဲအတွက်ကိုအားကြိုးမာန်တက်
ကူညီးပေးနေလေရဲ့!!
သူငယ်ချင်းရှိရတာလဲ ဒီတစ်ခုတော့ကောင်းသား!!!
လူတွေတစ်စတစ်စ ပိုများလာသလို
သာမညရဲ့မိဘတွေကလဲ ခါးရဲ့အသိတွေကို
သူတို့အသိနည်းတူ မျက်နှာမပျက်ရအောင်
သေချာဂရုစိုက်ဧည့်ခံပေးနေ၏။
“နောက်ဆုံးတော့ ကျွန်တော့ရဲ့ဆန္ဒတွေ
ပြည့်ဝသွားပြီဗျာ....."
အရင်တစ်ခါလိုမဟုတ်ပဲ ဒီတစ်ခါ
သူကိုယ်တိုင်ကြည်ကြည်ဖြူဖြူစွတ်ပေးထားတဲ့ သူမလက်က စေ့စပ်လက်စွပ်လေးကို ဆွဲယူရင်းပြောလေ၏။
ခါးလဲ ကြည်နူးပီတိအပြည့်မြင်နေရတဲ့
သူ့မျက်ဝန်းတွေကို ကြည့်မိတော့
ဟန်ဆောင်မှုမပါတာမို့ ခါးကိုယ်တိုင်လဲ
သူ့နည်းတူ ပျော်ရွှင်မိလေသည်။
ဒါဆိုဒီအတောအတွင်းမှာသူဟာ
ခါးနဲ့ပေါင်းဖက်ဖို့အတွက် ဒီလောက်ထိ
ဆန္ဒပြင်းပြနေခဲ့တာပေါ့!!
အတွေးလေးနဲ့ကြည်နူးနေတုန်း အိမ်ထဲ
လှမ်းဝင်လာတဲ့ နွေသဲမာကိုမြင်လိုက်တာမို့
ခါးမျက်နှာကအပျော်တွေဟာ
ကြက်ပျောက်ငှက်ပျောက်!!
သာလဲ သူမကိုငဲ့ကြည့်မိတော့ နွေသဲမာကို
ကျောက်ရုပ်ကိုကြည့်နေတဲ့သူမကို
မြင်လိုက်ရ၏။
အောင်သူ့ကိုတောင်သူမဖိတ်မိတာက
မအားမှာဆိုးတာမို့သာ!!
မကျေနပ်ချက်ပါပေမဲ့လဲ သူကအားလုံးထဲ
ရာကျော်ထုတ်ပေးထားတဲ့ငယ်ပေါင်း
ဘော်ဒါမို့ မုန်းတော့မမုန်းပါ!!
ဒါကြောင့် လက်ထပ်ပွဲမှပဲသေချာဖိတ်မယ်
လုပ်ထားပေမဲ့ မနေနိုင်တဲ့လူက
တက်ရောက်ပေးတဲ့အခါ ဘေးနားက
တစ်ယောက်ကိုပါထပ်ခေါ်လာလေသည်။
နွေသဲမာကိုငဲ့ကြည့်လိုက်မိတဲ့
ဒေါ်ဉမ္မာနဲ့ဦးမြတ်သာလဲ နှုတ်ခမ်းထက်က
အပြုံးတွေပျောက်ကွယ်သွားရလေ၏။
သူမကတော့ အားလုံးကိုအသက်မပါတဲ့
အပြုံးနဲ့ပဲပြုံးပြရင်းမှ ခြေလှမ်းတွေက
ခါးဆီကိုဦးတည်လာနေလေသည်။
လင်မယားနှစ်ယောက်လုံးဘယ်လို
တားရမလဲစဉ်းစားပေမဲ့ သာကနေဆိုပုံနဲ့
မျက်ရိပ်ပြတာမို့ မိဘတွေဖြစ်တဲ့သူတို့က
လာတဲ့ဧည့်သည်တွေကို ခါးနဲ့မိဘတွေကိုယ်စား နှစ်ဆဧည့်ခံပေးမိ၏။
ဘာပဲဖြစ်ဖြစ် သူမသားလေးလဲဒီက
လူတွေနဲ့မျက်စိဖွင့်ပြီးသားဖြစ်တာပေါ့!!
ခါး ရင်ထဲကအပျော်တွေပျောက်ရင်း
မျက်နှာတည်သွားတော့ အနားရောက်လာတဲ့
နွေသဲမာကအရယ်အပြုံးမရှိတဲ့
မျက်နှာထားမျိုးနဲ့ခါးကိုကြည့်လာ၍
“စေ့စပ်ပွဲနေ့မှာတောင် မပြုံးနေဘူးနော်....."
“ပြုံးတာရယ်တာက နှလုံးသားနဲ့ဆိုင်တဲ့
ကိစ္စလေ ဒို့ကဘယ်အရာကိုမဆို
ဟန်မဆောင်တတ်တော့ မပျော်ပဲနဲ့လဲ
မပြုံးတတ်ဘူး..….”
“အဟွန်း သာရွေးလိုက်တဲ့မိန်းမက
ဒီလိုအကြောတင်းတင်းပုံမျိုးပဲ
ဘာကများစွဲမက်စရာကောင်းနေလို့
သာက တန်းတန်းစွဲနေတာပါလိမ့်!!
အတွင်းပညာတွေထုတ်သုံးထားပုံရတယ်....."
လေသံကတိုးတိုးပေမဲ့ပြောလိုက်တဲ့
စကားတွေက ပဲ့တင်ထပ်သွားလောက်အောင်ကို ခါးရဲ့နားထဲကျယ်လောင်နေသလိုပါပဲ!!
သာလဲကြားလိုက်ရတဲ့စကားကြောင့်
ခါးရဲ့လက်ကိုဆုပ်ကိုင်၍
“ညကြီးမင်းကြီးငါ့ဆီရောက်လာပြီး
ရော့ပါယူပါဆိုပြီးထိုးကျွေးတဲ့လူမျိုး
မဟုတ်တာသေချာတယ်နွေသဲမာ....
အကြောတင်းတင်းအပြုံးအရယ်မရှိတဲ့
သူ့ပုံကပဲ ငါ့အတွက် တမ်းတမ်းစွဲစရာ
ဖြစ်လာတာမို့ သူများမင်္ဂလာယူနေတဲ့ရက်မှာ
စကားဆင်ခြင်ပေးတာကောင်းမယ်.....”
အောင်သူလဲကြားကနေ သဲရဲ့လက်ကိုတို့ရင်း
ဝိုင်းတစ်ဝိုင်းသွားရန်ပြောပေမဲ့ သဲက
ခေါင်းကြောမာနေတာမို့ နားနားကပ်ကာ
“သဲ အခုနေကိုယ်ကမင်းရဲ့တရားဝင်
စေ့စပ်ထားပြီးတဲ့လူတစ်ယောက်နော်
ကိုယ့်စကားကမင်းအတွက်အရာဝင်တာမို့
အခုချက်ချင်းဝိုင်းဆီသွားမယ်.....”
သဲ အောင်သူ့ကိုမျက်ဝန်းမာမာနဲ့
ကြည့်လ်ုကပေမဲ့ အခုနေအောင်သူ့ရဲ့
အကြည့်တွေက ပိုင်ဆိုင်သူဆိုတဲ့
အကြည့်တွေနဲ့ သဲနည်းတူမာနေတာမို့
အံကြိတ်ရင်း သူဆွဲခေါ်ရာနောက်ကို
ယက်ကန်ကန်နဲ့ပဲပါလာရသည်။
သဲမကျေနပ်!! ဒီမိန်းမနဲ့ကျမှ
တန်းတန်းစွဲဖြစ်နေတဲ့ကိုကို့ကိုရော၊
မလိုချင်ဘူး စိတ်မဝင်စားဘူးပြောပြီး
လူကွယ်ရာမှာ ဆွဲစိပြီးအရယူလိုက်တဲ့
ဟိုမိန်းမကိုရော!!
သူ့ကြည့်တော့ မခုတ်တတ်တဲ့ကြောင်လိုနဲ့
လူကိုကြည့်လာရင် မျက်ဝန်းတောက်တောက်တွေနဲ့မို့ သဲအမုန်းကြီးမုန်းမိတဲ့ဒီမိန်းမ!!
လာချတဲ့ထမင်းပန်းကန်ကိုဇွန်းတွေနဲ့
ထိုးမွှနေတော့ ဘေးဝိုင်းတွေကြည့်နေသလို
သာ့ရဲ့မိဘတွေကလဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း စိတ်ပျက်နေရ၏။
အောင်သူလဲသူမရဲ့အမူအရာကြောင့်
ပတ်ဝန်းကျင်ကိုအားနာကာ လက်ထဲက
ဇွန်းကိုဆွဲယူလိုက်၍
“ကောင်းကောင်းစားစမ်း သဲ ဘေးလူတွေ
ကြည့်နေတာကို မြင်မကောင်းအောင်
မလုပ်နဲ့......"
သဲ အမိန့်တွေပြည့်နေတဲ့သူ့မျက်ဝန်းတွေကို
တည့်တည့်စိုက်ကြည့်လိုက်၍
“မတတ်သာလို့စေ့စပ်လိုက်ရတဲ့အနေအထားမှာ ငါ့ကိုပိုင်သလိုလို နိုင်သလိုလို
လာမလုပ်နဲ့ အောင်သူ နင်ကငါ့အတွက်
ဘာမှမဟုတ်တာနင့်ကိုယ်နင်သိမှာပါ....."
သူမမျက်ဝန်းထဲကိုယ်ကမြူတစ်မှုန်လောက်တောင်တန်ဖိုးမရှိတာသိပေမဲ့ အခုလို
ပြောခံလိုက်ရတော့လဲရင်ထဲနင့်ခနဲပင်!!
သို့ပေမဲ့ သူမကိုချစ်လွန်းတာမို့
ကိုယ့်လက်ထဲရောက်လာမှတော့
ပိုင်ဆိုးချင်တဲ့စိတ်လေးအနည်းငယ်
ကြီးစိုးကာ အောင်သူ လူမမြင်နိုင်တဲ့
စားပွဲခုံအောက်က သဲရဲ့ပေါင်စိုင်ကို
လက်ဝါးနဲ့ဖျစ်ညှစ်လိုက်၍
“ကိုယ်ကမင်းကိုပိုင်လားမပိုင်လား
မကြာခင်သိရတော့မှာပါ နွေသဲမာ
ဒါကြောင့် လူအများကြီးကြားမှာ
ကိုယ့်ရဲ့စိတ်ရိုင်းကိုမကြွစေချင်ရင်
သူများပွဲမဖျက်ပဲအေးဆေးစားလိုက်....."
လေသံနဲ့နှစ်ကိုယ်ကြားကပ်ပြောပေမဲ့
အောင်သူ့ရဲ့ဒီလိုပုံစံကို သဲမမြင်ဖူးတာမို့
အနည်းငယ်တော့ အန်းတန်းတန်းဖြစ်သွားကာ
မစားချင် စားချင်နဲ့ယူစားလိုက်ရ၏။
သူ့ကိုဘာလို့သဲကကြောက်နေမိတာလဲ??
ခါးလဲ နွေသဲမာဆိုတဲ့ကောင်မလေးကို
ရိုက်ပြစ်ချင်လောက်တဲ့အထိမုန်းပေမဲ့
သူနဲ့အောင်သူ စေ့စပ်သွားတယ်ဆိုတဲ့
တံတိုင်းကြီးကကြားခံပေးနေတာမို့
စိတ်တို့လျော့လိုက်မိသည်။
သာမညဆိုတဲ့လူကို ဘာလို့များ
တန်းတန်းစွဲနေကြတာပါလိမ့်!!
ကြာရင်ခါးဟာလဲ ပျိုတိုင်းမုန်းတဲ့
နှင်းဆီပန်းကြီးဖြစ်တော့မယ်ထင်တယ်!!
🏠🏠🏠🏠
မိသားစုတွေဖြစ်သွားပြီမို့ အခုတော့
မျက်နှာလွှဲခဲပြစ်နေလို့မရတော့ကာ
လူကြီးတွေရဲ့အနေအထားကို ခါးသေချာ
ဂရုစိုက်မိလေသည်။
သူကတော့အေးဆေးနားဖို့ပြောပေမဲ့
ဘာရယ်မသိ ခါးကတော့ အန်တီနဲ့အန်ကယ့်ဆီက မျက်နှာလိုချင်နေမိ၏။
ခါးကိုသည်းသည်းလှုပ်ချစ်ပေးနေတဲ့
သူ့မိဘတွေကိုမြင်ရင် ကိုယ့်မိဘတွေကို
ပြန်မြင်နေရသလို ခါးရင်ထဲကြည်နူးပီတိ
ဖြစ်ရလေသည်။
“ခါးအကြောဆွဲပေးပါ့မယ်......"
“အမလေး ငါ့သမီးရယ်နေပါ
အခုပဲနားတယ် အေးအေးဆေးဆေး
နေကြပါ......"
အန်တီကသွေးတိုးရှိသူမို့ အုန်းထမင်းတွေ
စားတာရော လှုပ်လှုပ်နဲ့လုပ်တာတွေရောကြောင့် သွေးတက်ကာဇက်ကြောတွေ
နှိပ်နေတာမို့ မနေနိုင်တဲ့ခါးပြောတော့
အသည်းအသန်ငြင်းရှာလေ၏။
“အားမနာပါနဲ့ ဘယ်လိုပဲဖြစ်ဖြစ်
ခါးတို့ကအခုမိသားစုတွေဖြစ်သွားပြီပဲ
အန်တီတို့ကလဲခါးရဲ့မိဘတွေလိုပဲမို့
ခါးကုသိုလ်ယူပါရစေ....."
ပြောပြောဆိုဆိုနဲ့အတင်းပင် ခါး
ထမိန်စမကာ အန်တီ့နားထိုင်ရင်း
ဇက်ကြောဆွဲပေးတော့ အန်တီကခါးကို
သဘောတကျဆုတွေပေးနေလေသည်။
ခါးရဲ့အဒေါ်တုန်းကဒီလိုတွေလုပ်ပေးခဲ့ရင်တောင် ဘယ်တော့မှအကောင်း
မပြောခဲ့ဖူးတာမို့ လုပ်ပေးရကျိုးမနပ်ခဲ့!!
အခုဝောာ့ ခါးရဲ့မိဘရင်းနဲ့မခြားတဲ့
လူတွေလက်ထဲ ခါးရဲ့တန်ဖိုးတွေဟာလဲ
မိဘတွေတုန်းကလို တဖန်တက်လာခဲ့၏။
သာလဲ သူမကိုပြုံးကြည့်ရင်းမှ
မလုပ်စဖူးဒယ်ဒီ့ကိုနှိပ်နယ်ပေးတော့
ဒယ်ဒီကလဲသူ့ကိုသဘောတကျကြည့်ရင်း
မာမီ့နည်းတူဆုပေးလေသည်။
သူဟာအရင်က မိသားစုဆိုတဲ့
နွေးထွေးမှုထဲကနေ ထွက်ခွာခဲ့သူမို့
အခုလိုပြန်ပြီးစည်းစည်းလုံးလုံးနေရတော့လဲ
ကြည်နူးဖို့ကောင်းမှန်းသိခဲ့ရလေ၏။
_______
အကုန်လုံးရှင်းလင်းပြီးစီးလို့
သူ့ဘော်ဒါတွေလဲ ပြန်ကုန်ကြသလို
တစ်အိမ်လုံးတိတ်ဆိတ်သွားသည်။
ခြံထဲနဲ့သူ့အိမ်ဘက်မှာအလှဆင်ထားတဲ့
ပန်းတွေပူဖောင်းတွေကိုတော့ သူ့ဆန္ဒနဲ့
ဒီတိုင်းပဲထားအုံးမည်ဆိုလို့ မဖြုတ်ပြစ်ပဲ
ဘာလုပ်စရာကျန်သေးလဲကြည့်မိ၏။
“သွား သွား သားနဲ့သမီးနားကြတော့
လုပ်စရာလဲရှိမှမရှိတော့တာပဲ......"
ညစာအတွက်ထွေထွေထူးထူးလုပ်စရာ
မလို!!
ကျန်တဲ့အုန်းထမင်းနဲ့ဟင်းတွေကို
နွှေးထားပြီးပြီမို့ ကိစ္စကပြီးပြီ!!
သို့ပေမဲ့ သူနဲ့အတူ ခန်းဝင်ရတော့မည်
ဆိုတာမို့ ခါးခပ်လန့်လန့်!!
နေ့ရယ်ညရယ်မရှောင်တတ်တဲ့သူ့အကျင့်က
အခုလိုပိုင်ဆိုင်ခွင့်တစ်ဝက်ရသွားတဲ့အခါမှာ
မတွေးရဲစရာ!!
ခါး တွန့်ဆုတ်ဆုတ်လေးဖြစ်နေတော့
သူက လဲဝတ်မဲ့အင်္ကျီဝတ်စုံယူရင်းမှ
ခါးရဲ့ပုခုံးလေးကိုဆွဲကိုင်ကာ ဟိုဘက်အိမ်
ခေါ်လာခဲ့လေသည်။
“ခါး ပြင်ဆင်နှင့် ကျွန်တော်ရေအရင်
ချိုးလိုက်ဦးမယ်......."
သူ့အိမ်သူ့ယာလိုဖြစ်သွားတဲ့သူက ဒီဘက်မှာ
ရေတောင်ချိုးတော့မည်မို့ ခါး
အရှက်သည်းသညိးနဲ့ပဲ အခန်းထဲဝင်၍
မှန်ရှေ့ထိုင်မိ၏။
ယောင်္ကျားရပြီးမှတော့ ရှောင်လွှဲလို့
မရတော့ပြီမို့ ရှေ့ဆက်ဖြစ်လာမဲ့
အရာတွေစဉ်းစားကာ မျက်နှာရဲလာသည်။
ဆံထုံးထုံးပေးထားပေမဲ့ ကော်ရည်
မသုံးခိုင်းထားတာမို့ သိပ်ဖြေရမခက်ပေမဲ့
ဆံထိုးတွေအများကြီးပံ့ပိုးထားရသည်ဖြစ်ကာ ဖြေရတာကကြာသွား၏။
ပြီးတာနဲ့ ခါးဆံပင်ကိုကျားညှပ်ညှပ်ကာ
မိတ်ကပ်ဖျက်ရင်းမှ ဝတ်ထားတဲ့အင်္ကျီရဲ့
နောက်ကြယ်သီးတွေကိုဖြုတ်ဖို့လက်လှမ်းလိုက်သည်။
သို့ပေမဲ့ အေးစက်စက်လက်တစ်ဖက်က
ခါးထက်အရင် ကြယ်သီးတွေကိုလှမ်းကာ
ခပ်ဆတ်ဆတ်ဖြုတ်နေတာမို့ လူက
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ!!
မှန်ထဲကနေလှမ်းကြည့်မိတော့ သူကလဲ
မှန်ထဲကနေပဲပြန်ကြည့်နေကာ အထာပါပါ
ပြုံးပြတာမို့ ခါးမှာနေစရာနေရာပျောက်ရှရ၏။
တဖြေးဖြေးလစ်ဟင်းလာတဲ့ကျောပြင်ကြောင့် ခါးရဲ့မျက်နှာကလဲလစ်မစ်မရှိ
ပူနွေးရဲတက်လာပြီဖြစ်ရာ သူ့လက်တွေကို
ဆွဲဖြုတ်ရင်းမှ ခါး အခန်းထဲကထွက်လာခဲ့သည်။
သာလဲအရှက်ပိုသွားတဲ့သူမရဲ့ မျက်နှာလေးကိုကြည့်ရင်း သဘောတကျရယ်ကာ
ရေစိုစက်လက်ဆံပင်ကိုခါထုတ်၍
မွေ့ယာကြီးပေါ်ပြစ်လှဲချလိုက်မိ၏။
အဟွန်း နောက်ဆုံးတော့ခါး ကျွန်တော့
လက်ထဲကိုရောက်လာပြီမို့ ပြေးမလွတ်တော့ပါဘူး!!
.....
ခါး ရေမိုးချိုးပြီးတာနဲ့ရင်ခြားလျက်သားလေးနဲ့ သဘတ်ကိုလွှားခြုံထားကာ
အခန်းထဲဝင်ဖို့ကိုတွန့်ဆုတ်နေမိသည်။
သူ သူခါးကိုတစ်ခုခုလုပ်ရင်ဘယ်လို
လုပ်မလဲ??
ကြောက်စိတ်နဲ့အတူ၏ ရင်ခုန်သံတွေမြန်ရင်း
ခါး အကြာကြီးရပ်နေပြီးကာမှ
မထူးတော့ပါဘူးတွေးရင်းတံခါးဆွဲဖွင့်တော့
တံခါးဝမှာလက်ပိုက်ရင်းစောင့်နေတဲ့
သူ့ကိုမြင်လိုက်ရတာမို့ ခါး တုန်တက်သွားရ၏။
“ဘာ ဘာလုပ်နေတာလဲ??....."
အသံတုန်တုန်လေးနဲ့မေးမိတော့ သူက
နှုတ်ခမ်းတွန့်ရယ်ရင်းမှ ခါးကို
အထာပါပါကြည့်လာ၍
“ဘာလုပ်ရမှာလဲ ကျွန်တော့မိန်းမကို
စောင့်နေတာလေ....."
“ဘာစောင့်တာလဲ မစောင့်ပါနဲ့
အရင်နားနှင့်လေ အိပ်ချင်နေတာမလား??..."
“မအိပ်ချင်ပါဘူး အခုမှ ညနေစောင်းပဲ
ရှိသေးတာကို ဒါအိပ်ချိန်မှမဟုတ်တာ....."
မျက်နှာတည်နဲ့ပြောတဲ့သူ့ကြောင်
မလုံမလဲဖြစ်လာတဲ့ခါး ရင်ဘတ်က
သဘတ်စကိုပိုတင်းတင်း
ဆုပ်ကိုင်ထားကာ သူ့ကိုမျက်နှာလွှဲ၍
“အော် မအိပ်ချင်သေးဘူးပဲ ဟွန်းဟွန်း
အိပ်နေလောက်ပြီတောင်အောင့်မေ့နေတာ...."
ပုံမှန်ဆိုခပ်တင်းတင်းပေမဲ့ အခုနေ
သူမမျက်နှာကတစ်ခုခုကိုကြောက်နေဟန်!!
သာသူမကို ကုတင်ပေါ်ထိုင်ရင်းမှ
မှေးစင်းကြည့်နေတော့ သူမကသူ့ကို
ငဲ့ကြည့်ငဲ့ကြည့်နဲ့ အဝတ်လဲဖို့ကို
တွန့်ဆုတ်နေလေသည်။
“ဟို အပြင်ခဏထွက်ပေးပါလား??....
အဝတ်လေးလဲချင်လို့!!....."
“ကျစ် လဲမနေပါနဲ့ကြာတယ် ခဏနေလဲ
ပြန်ချွတ်ရမှာပဲကို......"
ပြောပြောဆိုဆိုနဲ့ကုတင်ပေါ်ကထလာတဲ့သူက ခါးကိုစွေ့ခနဲပွေ့ချီရင်း ကုတင်ဆီ
ချီသွားတာမို့ သူ့ရင်ဘတ်ကအင်္ကျီစကို
ဆုပ်ကိုင်ထား၍ ရင်တုန်နေရလေ၏။
“သာ သာမည......"
“အင်း....."
ပြန်ထူးပေမဲ့ ခါးကိုမကြည့်လာပဲ
ကိုယ်လုံးကိုမွေ့ယာပေါ်ချကာ အပေါ်ကနေ
အုပ်မိုးပြီးမှ စူးရဲရဲကြည့်လာလေသည်။
“ကြောက်လို့လား??...."
“မဟုတ်ပါဘူး...."
သူကလှောင်ရယ်သလိုအနေအထား
လုပ်နေတာမို့ ခါး မာန်တင်းပြီးပြောလိုက်တော့သူကခေါင်းတဆတ်ဆတ်ညိမ့်ကာ
“ကောင်းပြီလေ ဒါဆိုစကြတာပေါ့....."
“ခ ခဏနေပါဦး....."
ပြောပြီးဖျက်ခနဲငုံ့မိုးကျလာတဲ့
သူ့မျက်နှာကြောင့်ရှောင်ချိန်မရပေမဲ့
ခါး သူ့ရင်ဘတ်ကို တွန်းကန်ထားတဲ့
လက်ရှိနေတာမို့ ထိုလက်နဲ့သူ့နှုတ်ခမ်းကို
ပိတ်ကာထားတော့ ဘာလဲဆိုပုံနဲ့
ကြည့်လာတာမို့ ခါးအကြောင်းပြချက်
ရှာကာ
“ဟို ဟို......."
မျက်နှာလေးရဲရင်းဖြစ်ပျက်နေတဲ့သူမကို
စချင်တာမို့ သာ လက်ကိုဆွဲဖြုတ်ကာ
သူမလည်ပင်းနားတိုးကပ်၍
အနမ်းခြွေရန်ပြင်တော့ ကိုယ်လုံးလှိမ့်လျက်
သူ့ကိုတွန်းထုတ်ရင်းမှ
“ဟို ဓမ္မတာလာနေလို့...."
“ဟင်......”
“ဟုတ်တယ် ဗိုက်တွေလဲအရမ်း
အောင့်နေတာ အဲ့တာ......"
“နမ်းလို့တော့ရတယ်မလား??....."
“အဲ့တာက......ရတာကရပါတယ် ဒါပေမဲ့....."
ဆက်ပြောချိန်မသာပဲနဲ့ ဆတ်ခနဲ
ဆွဲယူလိုက်တဲ့သူ့ကြောင့် ခါးသူ့ဘေးကို
ရောက်သွားရကာ စက္ကန့်မခြားကျလာတဲ့
သူ့နှုတ်ခမ်းတွေကြောင့် ငြင်းချိန်မရှိပဲ
ခါးရဲ့နှုတ်ခမ်းနွေးနွေးတွေက
သူ့နှုတ်ခမ်းကြားထဲရောက်သွားရသည်။
ပိပိရိရိအုပ်မိုးလိုက်တာမို့ ခါးရဲ့ကိုယ်လုံးလေး
သူ့အောက်ကိုပြန်ရောက်သွားရကာ
သူ့အနမ်းတွေကို အသာတကြည်ရော
ရုန်းကန်ရင်းနဲ့ရော လက်ခံနေရလေ၏။
ခါးအထက်မှာပွတ်သပ်ရစ်နှောင်နေတဲ့
လက်တွေက တဖြေးဖြေးပိုမို
အသက်ဝင်လာရင်းမှ ရင်ခြားထားတဲ့
သဘတ်စကို ဆွဲခွာလိုက်ချိန်အသည်းထဲ
အေးခနဲနေသွားသည်။
“သာ....."
အတိုကောက်ပဲထွက်လို့ရအောင်ကို
ထပ်ပြီးသိမ်းပိုက်လိုက်တဲ့သူ့နှုတ်ခမ်းတွေအပြင် တရွေ့ရွေ့နယ်ချဲ့လာတဲ့
လက်ဝဖါးတွေက ခါးရဲ့ရင်အုံလေးကို
ဖျစ်ညှစ်လိုက်ချိန် မျက်ဝန်းထဲ
မီးတွေပွင့်ကုန်ပြီထင်ရလေ၏။
“အွန်း နေ နေဦး....."
ဘယ်လိုမှဆက်မသွားနိုင်တော့တာမို့
ကြောက်ရုန်းရုန်းမိတဲ့ခါးကို သူကလဲ
အသာတကြည်လွှတ်ပေးရင်းမှ ရင်ခွင်ထဲ
ဆတ်ခနဲဆွဲသွင်းကာ ဦးခေါင်းလေးကို
သူ့ရင်ဘတ်နဲ့ဖိကပ်ထား၍
“မကြည့်နဲ့ ခါးရဲ့မျက်နှာကိုမြင်ရင်
ကျွန်တော်ဘယ်လိုမှထိန်းနိုင်မှာမဟုတ်ဘူး...."
သူ့ရဲ့ရင်ခုန်သံတဒိန်းဒိန်းကိုလဲအတိုင်းသား
ကြားနေရသည်ဖြစ်ရာ ခါးလဲ
သူ့စကားအတိုင်း မလှုပ်မယှက်လေးနေရင်း
သူ့ရဲ့ကိုယ်သင်းနံ့ကိုရှုရှိုက်မိ၍
ရင်ခုန်နေတာကိုထိန်းချုပ်နေရလေသည်။
“အခုလွှတ်ပေးတာက သနားလို့နော်
မင်္ဂလာဆောင်ပြီးရင်တော့ ခါးကို
ကျွန်တော်အလွတ်မပေးတော့ဘူး.....”
“အို....."
သူ့ရင်ခွင်ထဲမျက်နှာလေးပိုဝှက်ရင်းမှ
ခါး အရှက်သည်းစွာပင် ရှက်ပြုံးလေး
ပြုံးလိုက်မိတော့၏။
အခန်းမှတ်ချက်များ (0)