“ဝမ်းသာတယ်ကွာ.....နောက်ဆုံးတော့
ငါတို့ဘဲကြီး မမတစ်ယောက်ရဲ့ရင်ခွင်ထဲ
ပြစ်ဝင်သွားခဲ့ပြီပဲ......”
အောင်သူက ကိစ္စတွေများနေတာမို့
လူစုံတဲ့နေ့က မလာဖြစ်လိုက်သည်ဖြစ်ရာ
ဒီနေ့တော့သတင်းရရချင်းရောက်လာပြီး
သူ့ကိုဂုဏ်ပြုနေ၏။
သာ အိမ်ရှေ့မှာ သူ့မိဘတွေနဲ့စကားပြောနေတဲ့သူမကိုလှမ်းငဲ့ကြည့်၍
“အေးပေါ့ကွာ ကံမသာတော့လဲ
ကိုယ့်ဘာသာကိုယ်ဖန်တီးယူရတော့တာပေါ့...."
“ဟင် ဘယ်လို....."
တစ်ခြားကောင်တွေကတော့သိပြီးသားမို့
ပြုံးစေ့စေ့တွေသာဖြစ်ကုန်ကြပေမဲ့
အဖွဲ့ထဲမှာ အမြဲတမ်းနောက်ကောက်ကျနေတဲ့ အောင်သူကတော့ အခုလဲအံ့သြနေဟန်!
“ဟုတ်တယ် ကိစ္စတွေကအဲ့လိုပဲရှိတယ်....”
အတိအကျမဟုတ်ပေမဲ့ရေးရေးတော့
သဘောပေါက်လိုက်တာမို့ အောင်သူ
သာ့ကိုအထင်ကြီးသလိုကြည့်နေတုန်း
ကောင်းချစ်ကသူ့ကျောပြင်ကိုထုကာ
“မင်းစေ့စပ်ပွဲထဲက ပါးစပ်အာစေးမိနေတာနော် အခုလိုလူစုံတုန်းမင်းနဲ့ဟိုတစ်ယောက်
ဘယ်လိုဖြစ်သွားလဲငါတို့ကိုပြော....."
ဒီကိစ္စကိုသာကိုယ်တိုင်လဲမသိ!!
နွေသဲမာလဲ သူတို့ပွဲပျက်ပြီးထဲက
ညိမ်သွားသလို နောက်ပိုင်းပိုပြီးအနေစိပ်သွားတာမို့ အနည်းငယ်တော့ထူးဆန်းစရာ....၊
အောင်သူက သက်ပြင်းချရင်းမှ
ဘီယာဘူးဖောက်ကာတစ်ငုံမော့၍
“သဲကကျောင်းမှာထဲကမင်းကိုပဲ ပိုတာ
မင်းလဲသိတယ်မလား သာမည....”
သူ့ဘက်ကိုစဦးတည်လာတာမို့
သာ မျက်နှာပျက်သွားရတော့ အောင်သူက
စကားကိုဆက်၍
“ငါကကျောင်းမှာထဲက မင်းကိုပဲ
ဦးတည်နေတဲ့နွေသဲမာကို မြတ်နိုးခဲ့ရတာ
သူကတော့ငါ့ကိုနည်းနည်းလေးမှ
ငဲ့မကြည့်ခဲ့ပဲ နှစ်တွေဖြတ်သန်းခဲ့ပြီး
ပထမဆုံးထပ်ဆက်သွယ်လာခဲ့တာက
ဘာအကြောင်းလဲသိလား??.....".
အဖြစ်အပျက်ကသူ့ကိုသာဦးတည်နေသလို
အောင်သူ့ရဲ့အနည်းငယ်မာသယောင်
မျက်ဝန်းတွေကလဲ သာ့ကိုပဲဦးတည်ကာ
မေးခွန်းထုတ်နေ၏။
မတရားတာသိပေမဲ့ နွေသဲမာအပေါ်ကို
မျှော်လင့်ချက်ပေးမိတဲ့အရိပ်အယောင်
တစ်ခုမှပြမထားခဲ့တဲ့သာ့အဖို့ ကိုယ့်ကိုကိုယ်
အပြစ်ကင်းတဲ့ယုံကြည်ချက်ရှိနေကာ
သာ အောင်သူ့ကိုပဲခပ်တင်းတင်းပဲ
ပြန်ကြည့်ပေးလိုက်သည်။
“သာမည ဘယ်ကိုပြောင်းသွားလဲတဲ့!!.....
ငါ့ရင်ထဲနာကျင်သွားပေမဲ့လဲ စေတနာမေတ္တာအမှန်နဲ့ပြောပြပြီး ကိုယ်တိုင်တောင်
လိုက်ပို့ပေးခဲ့တယ် အဲ့တာတွေကြောင့်ထင်ပါတယ် မေတ္တာမှန်တော့ ငါ့လက်ထဲ
ရောက်လာတာပါပဲ....."
“အသာတကြည်နဲ့လား??....."
သူ့ကိုစကားနဲ့စကားထည့်နေတာမို့
သာ မေးလိုက်တော့အောင်သူ့မျက်နှာ
ဖျက်ခနဲပျက်သွားကာ
“မင်းကြောင့်မွကြေသွားတဲ့သူ့နှလုံးသားကို နှစ်သိမ့်ပေးတဲ့ငါ့ရဲ့စိတ်ဓာတ်ကို သူ့အမေကသဘောကျသွားတယ်လေ ဒါကြောင့်
သူကိုယ်တိုင်ပဲ သူ့သမီးနဲ့ငါ့ကို......"
“ဘာလုပ်လိုက်တာလဲ မင်းတို့ကို
ဆေးခပ်ပြီး ပေါင်းပေးလိုက်တာလား??...."
သာမညအဖြေမှန်ပြောလာချိန် အောင်သူ့
မျက်နှာကြီးရဲရင်းမှ သာ့ကိုရန်လိုစွာ
ကြည့်လာ၍
“အဲ့တာဘာဖြစ်လဲ မင်းရဲ့စော်ကားတာကို
ခံထားရတဲ့ သူ့အမေကလဲငါ့ရင်ခွင်ထဲမှာ
သူ့သမီးအေးချမ်းမယ်ထင်လို့ သူ့လက်နဲ့
ကိုယ်တိုင်အပ်နှံလိုက်တာ အဲ့တာဟာသလား??....မင်းတောင် မင်းရဲ့ညဏ်နဲ့ပဲ
ဟိုအစ်မကိုအတင်းယူထားတာမဟုတ်ဘူးလား??"
သူ့ကိုချည်းအတင်းလူယုတ်မာဇာတ်သွင်းနေတဲ့အောင်သူဟာ သူနဲ့ဘော်ဒါအကန့်၊
ကျေးဇူးအကန့်သာမရှိရင် သူ့လက်စာမိနေပြီ!!
အတွေးတို့နဲ့ကျစ်ကျစ်ဆုပ်လိုက်မိတဲ့
သာမညရဲ့လက်သီးဆုပ်ကိုကောင်းကြီးက
မြင်လိုက်တာမို့ ကြားထဲဝင်၍
“တော်ပါပြီငါ့ကောင်တို့ရာ မိန်းမတစ်ယောက်
အတွက်နဲ့ညီကိုတွေရဲ့ခံစားချက်ရေစီးကြောင်းကို ပိတ်ဆို့မခံစမ်းပါနဲ့....
သာလဲတော်တော့ ဘယ်လိုပဲမဆို
အောင်သူက မင်းရဲ့အခက်အခဲထဲမှာ
သူကိုယ်တိုင်ငွေအင်အားအများဆုံး
စိုက်ထုတ်ပေးထားတဲ့လူမလား??
ဘော်ဒါတွေရဲ့အကန့်ထဲကို မဟုတ်တဲ့
ခံစားချက်တွေမထည့်နဲ့ အခုကမင်္ဂလာရှိတဲ့အချိန် ဘယ်လိုအကြောင်းအရာမျိုးကြောင့်ပဲဖြစ်ဖြစ် မကောင်းတဲ့အငွေ့အသက်လေးတောင် မထပ်ဟပ်စေနဲ့.....နော်...."
ကောင်းကြီးကသူ့ရဲ့မင်္ဂလာကိစ္စကို
အတော်ပူပန်နေသူမို့ သာစိတ်လျော့ရင်း
ဘီယာယူသောက်ရန်ပြင်ပြီးကာမှ
အိမ်ထဲငဲ့ကြည့်တဲ့သူမရဲ့မျက်ဝန်းကြောင့်
လက်ပြန်ရုတ်ကာ ဘီယာဘူးပြန်ချတော့
ကောင်းကြီးကကျောကုန်းကိုလက်ပြားနဲ့
ရိုက်ချ၍
“ယူတောင်မယူရသေးဘူး မမမျက်နှာ
တစ်ကမ္ဘာလုပ်နေပြန်ပြီ ဟိုက
ဒီလောက်တော့ လက်ခံမှာပါကွ....."
“ကျစ် ငါ့ဘာသာငါမသောက်ချင်လို့ကွာ
မင်းတို့ဘာသာ အေးဆေးသောက်ကြ...."
ပြောပြီး အာလူးကြော်ဖောက်ဝါးတဲ့
သာ့မျက်ဝန်းတွေက ခါးဆိုတဲ့တစ်ယောက်
ဆီမှာသာ ဝေ့နေတာမို့ သူတို့အားလုံး
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
အထာပါပါရယ်လိုက်ကြသည်။
ဗလကြီးမှအားမနာ သူ့မမကိုကြည့်နေတဲ့
မျက်နှာထားက စိုးရိမ်သောကတွေဝေ့လို့!!
အေးပေါ့လေ ညဏ်ဆင်ပြီးယူထားတဲ့
လူဆိုတော့လဲ စိတ်မအေးတာမဆန်းပါဘူး!!
🏠🏠🏠🏠
ခါးကအေးဆေးပဲဆုံးဖြတ်ချင်ပေမဲ့
လူကြီးတွေကတော့စေ့စပ်ဖို့ကိစ္စကိုအမြန်ဆုံး
စီစဉ်ချင်သည်ဆိုတာမို့ တစ်ဦးတည်းဖြစ်နေတဲ့ခါးမှာ စကားမနိုင်!!
ဘာပဲဖြစ်ဖြစ် ဒီလောက်ထိဖြစ်လာပြီမို့
ခါးစိတ်လျော့ကာ ကိစ္စတိုင်းကိုအကောင်းဆုံးပဲဖြစ်ရန် ရည်ရွယ်ထားမိသည်။
ပြီးတော့ မိဘလူကြီးမရှိတဲ့ခါးအတွက်
ကိုယ့်ဘဝကိုယ် တာဝန်ယူရမှာမို့
ခါးလိုချင်တဲ့အကြောင်းတွေကိုတစ်ခါထဲ
တောင်းဆိုထားမိ၏။
“ခါးမှာလူကြီးတွေမရှိတော့ဘူးအန်တီ
ပြီးတော့ဒီခြံကြီးကလဲ ခါးမိဘတွေရဲ့
ခေါင်းချရာဖြစ်သလို ခါးအတွက်လဲ
ငယ်ဘဝရဲ့အမှတ်တရတွေရှိနေခဲ့တဲ့
နေရာမို့လို့ ခါးဒီအိမ်ကြီးကိုထားမသွားနိုင်ဘူး
ပြီးတော့ ခါးမှာသူများကိုအားကိုးစရာ
မလိုတဲ့ကိုယ်တိုင်စီးပွားရေးလဲရှိနေတာမို့
ခါး အိမ်ပါချွေးမတော့မလုပ်နိုင်ဘူးရှင့်
အန်တီနဲ့အန်ကယ်လဲ ရှိနေတဲ့အတွက်
ဒါတစ်ခါထဲပွင့်ပွင့်လင်းလင်း ခါးဘက်က
ဖြစ်န်ုင်တာကိုပြောပြတာပါ......"
ခါးအပြောကိုနားလည်ဟန်နဲ့အန်တီက
ခေါင်းညိမ့်ပြကာဖြင့်
“အန်တီနားလည်ပါတယ်.....သားလေးကလဲ
အရွယ်ရောက်ပြီးထဲက သူ့အားသူကိုးပြီး
သူ့ခြေထောက်ပေါ်သူရပ်တည်လာတဲ့လူပါ
နဂိုထဲက အန်တီတို့နဲ့လဲတစ်အိမ်ထဲ
အတူမနေတဲ့လူမို့ အဲ့ကိစ္စအတွက်ကတော့
သမီးတို့နှစ်ယောက်အဆင်ပြေသလို
ညှိနှိုင်းယူလို့ရပါတယ် အန်တီတို့လူကြီးတွေက လူငယ်တွေရဲ့နေထိုင်ရေးကိစ္စအထိတော့
ဝင်မပါတော့ပါဘူး....."
“အဲ့တာတော့ဟုတ်တယ်သမီး.....အန်ကယ်တို့က ပထမတစ်ခါခံစားပြီးပြီမို့
အန်ကယ်တို့သားကို အပေါ်ယံမဟုတ်ပဲ
စိတ်ဓာတ်ကောင်းတဲ့မိန်းကလေးနဲ့ပဲ
ဘဝကိုဖြတ်သန်းစေချင်တာပါ....
အခုလိုသမီးနဲ့ဆိုတော့ အန်ကယ်တို့သားကို
စိတ်ချပါတယ် ကြည့်ရတာသူလဲနည်းနည်း
ပြောင်းလဲလာတယ်လို့အန်ကယ်တွေးမိတယ်...."
ဒီလိုစကားကြားရတော့လဲခါးအတွက်
ပီတိဖြစ်စရာပါ!!
ဘာပဲဖြစ်ဖြစ် ခါးကြောင့်သူနည်းနည်း
ပိုကောင်းလာတယ်ဆိုတာကြားရုံနဲ့တင်
ကြက်သီးထမိလေသည်။
ခါးတို့စကားပြောတာကို ခဏခဏ
ကြည့်နေတဲ့သူ့မျက်နှာကိုစိတ်ထဲသေချာ
အဖြေထုတ်မိ၏။
ခါးသူ့ကိုလက်ခံနိုင်တာသေချာရဲ့လား??
ခါးသူ့ကိုလက်ခံနိုင်တာသေချာရဲ့လား??
တစိမ့်စိမ့်မေးလေ အဖြေကတစ်ခုထဲ
ထွက်လာတာဟာ လက်ခံနိုင်တယ်ဆိုတာပါပဲ!!
မထင်မှတ်ထားတဲ့အခြေအနေမှာ
ပြင်ဆင်ချိန်မရှိဘဲကိစ္စတွေဖြစ်သွားပေမဲ့
သူ့ကိုယူရမယ်ဆိုတော့လဲ ခါးမငြင်း
မိပြန်ပါဘူး!!
ခါးကိုယ်တိုင်ကရော သူ့အပေါ်ကို
စိတ်ပြောင်းနေတာများလား??
ဒီတစ်လျှောက်လုံးမရေရာခဲ့တဲ့
ခါးရဲ့နှလုံးသားက အခုအချိန်မှာ
သေချာသွားတာများလား??
အတွေးတို့နဲ့ အနည်းငယ်တော့ကြည်နူး
ပီတိဖြစ်မိလေသည်။
ခါးတောင်မထင်ထားမိတဲ့ခါးရဲ့
အိမ်ထောင်ရေးက ဒီလောက်မြန်မြန်
ဖြစ်သွားခဲ့လို့လေ!!
“ဖေဖေနဲ့မေမေ ခါးကိုယ်တိုင်ထက်
ကံကြမ္မာကပါ လိုလိုလားလားဖန်တီးပေးခဲ့တဲ့
ဒီအိမ်ထောင်ရေးကို နွေးထွေးသာယာမှုရအောင်ဆုပေးပါ....”
တိတ်တဆိတ်ပြောရင်းမှ ခါးကိုကြည့်နေတဲ့
သု့မျက်ဝန်းတွေနဲ့အကြည့်ဆုံချိန်
ဂဏှာမငြိမ်ဖြစ်နေတဲ့သူ့ကိုမြင်လိုက်တာမို့
အနည်းငယ်ရယ်ချင်သွားမိ၏။
သူအခုခါးနဲ့ယူရမှာမို့လို့
စိတ်လှုပ်ရှားနေတာလား??
မဟုတ်တောင် သူ့ရဲ့ပထမဆုံးစေ့စပ်ပွဲကို
တစ်ခြားတစ်ယောက်နဲ့လုပ်ထားပြီးပြီ
မဟုတ်ဘူးလား?? အခုမှအတွေ့အကြုံမရှိတဲ့
နှပ်ချေးတွဲလောင်းကလေးလို အမူအရာ
ဖြစ်နေတာက သူဟန်ဆောင်နေတာမဟုတ်လား??
အတွေးတို့နဲ့ မျက်နှာလေးပျက်သွားတဲ့
ခါးရဲ့စိတ်ထဲ ပီတိတစ်ချို့ပျောက်ကွယ်ရင်း
အလိုမကျမှုတွေဝင်ရောက်လာရသည်။
________
စကားပြောခြင်းပြီးစီးပြီမို့ ခါးတို့အိမ်ထဲ
ပြန်ဝင်လာကာ ညစာစားသောက်ရန်
ပြင်ဆင်ကြ၏။
သာ့ရဲ့ဘော်ဒါတွေက ခါးတို့ရဲ့စေ့စပ်ပွဲအတွက် မပြန်ဖြစ်တော့သည်မို့
ဒီရက်တွေမှာခါးလဲဆိုင်မထွက်ဖြစ်ပဲ
ဝတီ့ကိုအကူအညီတောင်းရင်း အားလုံးအတွက် ချက်ပြုတ်ကျွေးမွေးရလေသည်။
ချက်ပြုတ်တာကဝါသနာပါပေမဲ့
ဈေးရောင်းနေကျ ဈေးသည်ဆိုတော့
တစ်နေကုန် ချက်လိုက်နားလိုက်နဲ့
ထွေထွေထူးထူးလုပ်စရာမရှိတော့လဲ
လူအများကြီးနဲ့ အနေခက်ရတာပါပဲ??
ဒါတောင် အိမ်ကနှစ်လုံးမို့လို့တော်ကာကျ၏။
မဟုတ်ရင်ခါးတော့ အိမ်တစ်အိမ်ထဲမှာ
လူတွေရှုပ်ပြီးနေတတ်မှာမဟုတ်!!
အခုလဲ အကုန်လုံးမနေသာပဲထမင်းဝိုင်း
ဝင်ခူးကြတာမို့ ခါးအများကြီးလုပ်စရာမလို!!
သာမညကတော့ ခါးဘေးကပ်ရင်း
ဟိုစပ်စပ် ဒီစပ်စပ်ကူပေးဖော်ရသည်။
“သခွားသီးစိတ်လိုက်မယ်နော်
ဘယ်လိုစိပ်ရမလဲ??...."
“အဆင်ပြေသလိုစိတ်လိုက် ရတယ်.....”
ပြောပြီး လူကြီးတွေအတွက်လက်ဆေးရေ
ယူပြီးသွားရန်ပြင်နေတဲ့ခါးရဲ့လက်ကို
သူကပြန်ဆွဲလိုက်တာမို့ ရေတွေက
ဇလုံကျော်ကာ ဘောင်ဘင်ခတ်ကုန်၏။
“ကျစ် မှောက်တော့မယ်....."
“မေးစရာရှိလို့ပါ ခဏလေး....."
သူ့ကိုအမြင်မကြည်တော့ပြန်တာမို့
ခါးအသံက အနည်းငယ်မာနေတော့
သူက လက်ထဲကသခွားသီးဘေးချကာ
ခါးနားကိုပိုတိုးလာ၍
“မာမီတို့နဲ့ဘာတွေပြောခဲ့တာလဲဟင်.....
တစ်ခုခုအဆင်မပြေလို့လား??....."
“ပြေတယ် ဒီအခြေအနေရောက်မှတော့
မင်းကိုမလိုချင်လဲယူရတော့မှာပဲကို
ထွေထွေထူးထူးမေးနေသေးတယ်.....”
ပြောပြီးစိတ်ဆိုးဟန်နဲ့သူမအရှေ့ကို
ထွက်သွားတာမို့ သာတစ်ယောက်
နားမလည်နိုင်ပဲနဲ့ကျန်ခဲ့ရလေသည်။
သူများဘာအမှားလုပ်ထားမိပါလိမ့်??
.......
သူမဘေးထိုင်ရင်းထမင်းစားနေပေမဲ့
မာမီနဲ့ဒယ်ဒီ့ကိုတော့ဟင်းတွေပုံနေအောင်
ထည့်ပေးနေပြီး သူ့ကိုတော့
အဖက်တောင်မလုပ်!!
သာ လက်တို့ရင်းသူမရှေ့ကငါးဖယ်ဟင်း
ပန်းကန်ကိုလက်ညှိုးထိုးပြပေမဲ့
မျက်စောင်းထိုးရင်း ပန်းကန်ကိုသူ့ရှေ့
ထိုးပေးတာမို့ သာ စိတ်ထဲတော့ထင့်သွား၏။
ဒါဟာသူမသူ့ကိုတစ်ခုခုမကျေနပ်ရင်ဖြစ်ဖြစ် အလိုမကျရင်ဖြစ်ဖြစ်လုပ်နေကျပဲ!!
သူများဘာအပြစ်လုပ်ထားမိလို့လဲ??
မဟုတ်မှ သူတမင်ဖန်တီးပြီးသူမကိုယူတယ်ဆိုတာ သိသွားလို့လား??
ဇဝေဇဝါနဲ့စားသောက်ပြီး သူမလဲ
ပင်ပန်းလို့နားမည်ဆိုကာ ဟိုဘက်အိမ်ပြန်တော့ သာလဲအားလုံးကိုနှုတ်ဆက်ရင်း
သူမနောက်လိုက်လာခဲ့သည်။
“ခါး ဒေါက် ဒေါက်........"
ဒီနေ့ တံခါးကိုအတွင်းကနေလော့ချထားတာမို့
သာတစ်ယောက်အပြင်မှာ
ငေါင်တောင်တောင်နဲ့တံခါးခေါက်မိ၏။
အထဲကပြန်ဖြေသံမဲ့နေတာမို့ သာ
အရှုံးမပေးပဲထပ်ခေါက်တော့ မနေနိုင်တော့တဲ့သူမတံခါးလာဖွင့်ကာ တံခါးဝမှာ
ပေါ်လာတဲ့မျက်နှာလေးက ညှိုမှောင်လျက်
“ဘာဖြစ်နေတာလဲ??....."
“ခါးကတံခါးပိတ်ထားလို့လေ??...."
“ဒါဒို့အိမ်လေ ပြသနာရှိလို့လား??.....”
မျက်နှာကြောနဲ့ပြောတဲ့သူမစကားကြောင့်
သာတောင်စွံ့အသွားမိသည်။
“အဲ့တာသိတယ်လေ ဒါပေမဲ့ပုံမှန်ဆို
ခါးအခန်းမှာ ကျွန်တော်လာအိပ်တဲ့ဟာကို...."
“အခုပေးမသိပ်ဘူး ကျေနပ်လား??...."
“ဟာ ခါး ခါး!!....."
ပြောချင်ရာပြောပြီး တံခါးကိုပြန်ပိတ်သွားတဲ့
သူမကြောင့် သာ ကျစ်တသပ်သပ်နဲ့
ဆံပင်တွေဆွဲဖွရင်း အကြံအိုက်သွားပေမဲ့
သူမအခန်းကပြတင်းပေါက်ကိုသတိရကာ
မဲ့ပြုံးပြုံးလိုက်၏။
သာ အိမ်ထဲကထွက်ကာ တစ်ပတ်ပတ်ရင်း
သူမအခန်းကပြတင်းပေါက်ကိုကြည့်တော့
ထင်တဲ့အတိုင်းပိတ်မထား!!
သာ ခပ်ညစ်ညစ်ပြုံးရင်းခပ်တိုးတိုးသွားကာ
အနည်းငယ်မြင့်တဲ့သူမအခန်းကပြတင်းပေါက်ကို တွယ်ကပ်ရင်းအရင်
ချောင်းကြည့်တော့ ကုတင်ပေါ်မှာ
မှေးနေတဲ့သူမကိုမြင်လိုက်ရသည်။
ခြေသံလုံအောင်ထိန်းကာ ကိုယ့်ဖော့၍
တတ်နိုင်သလောက်အသံမထွက်အောင်
ကြိုးစား၍ အခန်းထဲခုန်ကူးတော့
သူမမျက်ဝန်းတွေဖွင့်လာကာ ကုတင်ပေါ်က
ဝုန်းခနဲထထိုင်လေ၏။
“ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ???...."
“ဒီလိုပဲလေ မကြာခင်လက်ထပ်ရတော့မဲ့
သတို့သမီးလေးက ကျွန်တော့ကိုစိတ်ဆိုးနေတော့ မရရတဲ့နည်းနဲ့တွေ့အောင်လုပ်ရတာပေါ့...."
ခါး ပေါ်လွင်နေတဲ့အမူအရာတွေကြောင့်
ကိုယ့်ကိုကိုယ်မကျေနပ်ပေမဲ့ ရှေ့က
ပြုံးစေ့စေ့နဲ့သူ့ကိုပိုမကျေနပ်ကာ
“မတွေ့ချင်ဘူး ထွက်သွား....."
“မသွားဘူး ခါးဘာဖြစ်နေလဲအရင်ပြော....."
“မပြောဘူး ထွက်သွား....."
ကုတင်ပေါ်ကဆင်းရင်း အခန်းတံခါးဆီ
သွားကာ ဖွင့်ပေးထားတဲ့သူမက
သူ့ကိုအတင်းနှင်ထုတ်နေတာမို့ သာမျက်နှာ
တည်သွား၍
“မပြောဘူးဆိုတာသေချာလား??....."
“ကျစ် ထွက်သွားဆိုတာကို...."
မာန်ဖီနေတဲ့ကြောင်ပေါက်လို
ဆတ်ဆတ်ထိမခံဖြစ်နေတဲ့သူမကြောင့်
သာ သူမနားပြေးသွားကာ ပွင့်နေတဲ့တံခါးကို
ဆောင့်ပိတ်၍ ခပ်တင်းတင်းကြည့်နေတဲ့
သူမကိုယ်လုံးကိုစွေ့ခနဲပွေ့ချီတော့
မျက်ဝန်းမာမာတွေနဲ့ကြည့်လာလျက်က
“သာမည ချနော်......"
“အခုချမှာလေ.....”
အနှောင့်အသွားမလွတ်တဲ့သူ့စကားကြောင့်
ခါး မျက်နှာလေးရဲရင်းဘာပြောရမှန်း
မသိတော့ သူကရယ်ကျဲကျဲနဲ့မွေ့ယာဆီ
လျှောက်ကာ ခါးကိုယ်လုံးကိုပြစ်ချ၍
အပေါ်ကနေအုပ်မိုးလာလေသည်။
ခါး ရင်တွေတဒုန်းဒုန်းတုန်ရင်းနေမိတော့
သူကခါးရဲ့မျက်ဝန်းတွေထဲစိုက်ကြည့်၍
“ပြော စိတ်ထဲမှာဘာတွေဖြစ်နေတာလဲ??..."
“သိစရာမလိုပါဘူး...."
အသံကမာရင်း ဟိုဘက်လှည့်သွားတာမို့
သာ ဖြူနုနေတဲ့သူမရဲ့လည်တိုင်ကို
လျှာနဲ့တို့ထိကာ ခပ်နာနာကိုက်လိုက်တော့
အောက်ကလူးလွန့်ရင်းသူ့ရင်ဘတ်ကို
တွန်းထိုးထား၍
“နာတယ်နော် ဖယ်လို့ဆို...."
“ ပြောရင်ဖယ်မယ် ပြော....."
“ဖယ်ဆို.....”
ထပ်ကိုက်တဲ့သူ့ကြောင့်ခါး မနေတတ်တော့၊
သူက လည်တိုင်တစ်လျှောက်တိုးဝှေ့ကာ
အနမ်းတွေပေးနေတာမို့ လူက တီကောင်
ဖြစ်နေရရင်း လက်တွေနဲ့အတင်းကာ၍
“အတွေ့အကြုံမရှိတဲ့ပုံဖမ်းနေတာ
မုန်းလို့...."
“ဟင်......"
သူမစကားကြောင့် သာ့ရဲ့လှုပ်ရှားမှုတွေ
ရပ်သွားရတော့ သူမကလဲလက်တွေဖယ်ကာ
သူ့ကိုမျက်နှာတည်လေးနဲ့ကြည့်လာ၍
“ဟုတ်တယ် ပထမတစ်ခါအိမ်ထောင်ရေး
စည်းဝိုင်းအဝင်ဝကို ရောက်ဖူးနေပေမဲ့
အခုမှလူပျိုဖျန်းလိုလုပ်နေတာက ဒို့ကို
ဟန်ဆောင်တယ်လို့ပဲမြင်တယ်....."
ဘာပြောချင်တာမှန်းသိသွားတာမို့
သာ ဟာခနဲဖြစ်သွားကာ သူမရဲ့ပါးပြင်ကို
ဖွဖွပွတ်သပ်၍
“အဲ့ကိစ္စက ကျွန်တော့ဆန္ဒမပါပဲဖြစ်တာ
ခါးကိုရှင်းပြထားတယ်လေဗျာ.....သူ့ကိုက
ဘာခံစားချက်မှမရှိလို့ စိတ်မလှုပ်ရှားတာ
ထူးဆန်းလို့လား?? ခါးကိုကကျွန်တော်
တကယ်ချစ်တာလေ ပြီးတော့ ကိစ္စလေးတွေကလဲ နည်းနည်းအဲ့လိုရှိတော့......'
ပြေလျော့ခါနီးမျက်နှာက နောက်ဆက်တွဲ
စကားကြောင့် ပြန်မာသွားကာ သူ့ကို
အတင်းတွန်းထိုးရုန်းကန်၍ စောင်စကြီး
ဆွဲခြုံကာ ကျောပေးသွားသည်။
သာ စောင်စထဲလိုက်ဝင်ကာ သူမရဲ့
နားရွက်ဖျားလေးကိုဖွဖွကိုက်၍
“သဝန်တိုနေတာလား??...."
“ကျစ် ဘာကိုသဝန်တိုရမှာလဲ
ပေါက်ပေါက်ရှာရှာ....."
“သဝန်တိုနေတာဟုတ်ပါတယ် နွေသဲမာနဲ့
အရင်စေ့စပ်လိုက်လို့ဒေါသထွက်နေတာမလား??......"
“နွေသဲမာမကလို့ ဘယ်ဟာနဲ့ပဲဘယ်လို
စေ့စပ်စေ့စပ် စိတ်မဝင်စားဘူး....."
“အပိုတွေ သဝန်တိုနေပြီးတော့များ!!...."
“မဟုတ်ဘူး ဖယ်လို့ဆို...."
စောင်စအောက်ကနေ သူမတစ်ကိုယ်လုံးကို
ယားအောင် ကလိထိုးနေတော့ ရယ်ချင်ပေမဲ့
အတင်းထိန်းထားတဲ့ခါး သူ့လက်တွေကို
ဖယ်ဖယ်ထုတ်ရင်းထိုညကို
ကုန်ဆုံးလိုက်ရလေသည်။
အခန်းမှတ်ချက်များ (0)