“အဲ့တာဆိုဘယ်လိုလုပ်မလဲ??....”
“ဘယ်လိုမှမလုပ်တတ်ဘူး ဒီနေ့ညတော့
အဲ့ဘက်မှာလာအိပ်မယ်......"
“ဟင် ဘယ်လို....."
“ဟုတ်တယ်လေ အိမ်ရှင်တစ်ယောက်အနေနဲ့
ဒီလောက်တော့ တာဝန်ယူမှု တာဝန်ခံမှု
ရှိရမယ်မလား မခါးလွန်းနွယ်......"
သူ့အပြောကြောင့် ခါးမှာပြောစရာ
စကားပျောက်ရှကာ ပါးစပ်လေး
ပွင့်ဟလျက်သာရှိနေရတော့သည်။
“ဘယ်လိုလဲ?? လက်ခံမယ်မလား??....."
“အဲ့လိုကြီးကတော့မဖြစ်သေးဘူးလေ
အပိုလူလဲမရှိတဲ့အိမ်ထဲမှာ ယောင်္ကျားနဲ့မိန်းမ
နှစ်ယောက်ထဲအတူရှိနေမှာ မသင့်တော်ပါဘူး....”
“ယောင်္ကျားနဲ့မိန်းမမလား?? ဒါဆို
ပိုပြီးတော့တောင်သင့်တော်တာပေါ့....”
အစကတော့ သဘောမပေါက်ပေမဲ့
ချဉ်ပြုံးပြုံးဖြစ်နေတဲ့သူ့မျက်နှာကြောင့်
ခါး သဘောပေါက်ကာ စကားမှားသွားပြီမှန်း
သိလိုက်တာမို့ လက်တကာကာဖြင့်
“အဲ့လိုသဘောပြောတာမဟုတ်ဘူး
လိင်မတူတဲ့လူနှစ်ယောက်အတူ မနေသင့်ဘူးပြောတာ.....”
ခါးပြောလိုက်တော့ သူကမျက်နှာ
တည်သွားကာဖြင့်
“အတူနေတယ်ဆိုတော့ရော ခါးအိပ်ယာမှာ
ကျွန်တော်လာတက်အိပ်တာမှမဟုတ်တာဗျာ
ဒီတိုင်း အဆင်ပြေမဲ့နေရာတစ်ခုခုမှာ....."
“ဒါဆို သာမညရဲ့အိမ်ရှေ့မှာလဲ
အိပ်လို့ရတာပဲ!!....."
သူမကအထအနကောက်နေတာမို့
သာ မပျော်တော့ကာ
“မအိပ်ချင်လို့ပေါ့ဗျာ gymပစ္စည်းတွေနဲ့
ရှုပ်ရှက်ခတ်နေတာကိုကျွန်တော်က
ဘယ်နားမှာအိပ်ရမှာလဲ?? ပြေးစက်ပေါ်
တက်အိပ်ရမှာလား??......”
အဲ့လောက်ကြီးလဲမဆိုးပေမဲ့ သူ့အသံက
အနည်းငယ်စိတ်မရှည်သံဖြစ်လာတာမို့
ခါး ဆက်မပြောနေတော့ပဲဒီတိုင်း
ကြည့်နေတော့ သူက မွေ့ယာကိုထားကာ
ခေါင်းအုံးနဲ့ သူ့စောင်ကိုယူနေသည်။
“မိုးကမွေ့ယာတစ်ခုထဲကွက်စိုတာနော်....."
“ခေါင်းအုံးပေါ်ကျမှမကျတာ စောင်ကလဲ
ဟိုးအဝေးကြီး ဘယ်လိုလုပ်စိုမှာလဲ??
အပေါက်ကမွေ့ယာတည့်တည့်မှာ
ဖြစ်နေတဲ့ဟာကို.....”
သူ့ဟာနဲ့သူတော့လဲဟုတ်နေတာပဲမို့
ခါး သက်ပြင်းသာချရင်းအနေခက်ခက်နဲ့ပဲ
အရှေ့ကနေဦးဆောင်သွားရင်းနောက်က
သူ့ကိုလဲငဲ့ကြည့်ကာဖြင့်
“သယ်ပေးစရာရှိသေးလား??...."
“ရပါတယ် အပြောနဲ့တင်ကျေးဇူး
တင်နေပါပြီ....."
သူ့မျက်နှာကအစောကလိုမဟုတ်ပဲ
အနည်းငယ်ရွှင်လန်းလန်း!!
ခါးတို့နှစ်ယောက်လုံးပြန်ထွက်လာကာ
သူကတံခါးစေ့နေတာမို့ ခါးထီးဖွင့်ရင်း
သူ့ဘက်ကိုပိုဆောင်းပေးလိုက်သည်။
“ကျွန်တော်ကရပါတယ်....."
“ကျွန်တော့ကိုစောင်းပေးတာမဟုတ်ဘူး
ခေါင်းအုံးနဲ့စောင်တွေပါ ထပ်စိုရင်
ပိုပြီးအလုပ်ရှုပ်မှာဆိုးလို့ သူတို့မစိုအောင်
စောင်းပေးတာ....အတွေးမများပါနဲ့.....”
သူမကတစ်ခါထဲပြောတာမို့ သူ့မှာ
ကြည်နူးချိန်တောင်မရ!!
နှစ်ယောက်သား သူမအိမ်ဘက်ရောက်တော့
အနည်းငယ်လဲစိုစွတ်သွားပြီဖြစ်ရာ
ခါး တစ်ကိုယ်လုံးရွှဲနေတဲ့သူ့ကိုကြည့်၍
“ဟုတ်သားပဲ အစောကထဲကစိုနေတာမလား??
အင်္ကျီတွေတစ်ခါပြန်သွားယူလိုက်ဦးလေ
ဒို့လဲအဝတ်လဲလိုက်ဦးမယ်....."
သွားတာကတော့ခဏလေးပေမဲ့ မိုးက
တော်တော်များနေတာမို့ ခါးလဲထမိန်
အနားတွေနဲ့အတူ အင်္ကျီကျောပြင်တွေလဲ
စိုနေသည်ဖြစ်ရာ လဲရန်ပြင်တော့
သူကထီးဆောင်းရင်း သူ့အဝတ်တွေ
သွားယူလေ၏။
ခါးမှာ လဲကျင်းပြီးပြန်ထွက်လာတော့
အိမ်ထဲမှာစိုနေတဲ့ရေကွက်တွေကို
တစ်ခါသုတ်ရသေးသည်။
ခါးသတိမထားမိပဲနဲ့ရေသုတ်နေရင်း
တံတောင်စစ်က အသားတစ်ခုကို
သွားထိမိတာမို့ မှောင်နဲ့မဲမဲထဲ
လူကလန့်ဖျန့်ကာပြစ်လဲကျမလိုပင်!!
သို့ပေမဲ့ လှမ်းထိမ်းပေးထားတာမို့
ခါးကိုယ်လေးကပြုတ်ကျအံ့ဆဲဆဲမှာ
တန်းလန်းလေးတင်နေခြင်းနဲ့အတူ
ဖျက်ခနဲမီးပြန်လာတော့မှ အဝတ်မပါတဲ့
သူ့ကိုမြင်လိုက်ရ၏။
“ဘာလုပ်နေတာလဲ?? လန့်သွားတာပဲ...."
အနားကပ်ရင်းနေတာမို့လန့်သွား၍
ပြောတော့ သူက ရေသုတ်ရင်းမှ
အင်္ကျီကောက်စွတ်ကာ
“လာအိပ်ပါမယ်ပြောထားတာကို
လန့်နေသေးတယ် ကျွန်တော့ကိုသရဲများ
အောင့်မေ့နေတာလား??...."
ပြောတော့သူမက နှုတ်ခမ်းထော်၍
“ပုံမှန်ဆိုဒီအချိန်တစ်ယောက်ထဲနေနေကျလေ
ရုတ်တရက် တစ်ယောက်ယောက်
ရောက်လာတော့လန့်တာ ဆန်းလား??....."
“ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်မှားတာပါ....."
သူပဲအလျော့ပေးရင်းပြောတော့မှ
မျက်နှာတော်ကပြုံးတော်မူရင်းအနားက
ထွက်သွားသည်။
ထိုအခါမှ သာ ပြုံးလိုက်ကာဖြင့်
သူ့ခေါင်းအုံးနဲ့စောင်ကို အကြံအတိုင်း
သူမအခန်းထဲသွားထည့်ထားလိုက်၏။
ပြီးတာနဲ့ပုံမပျက်ပြန်လာထိုင်ကာ
သာ ဖုန်းကြည့်နေတော့သူမက ထမင်းခူးရန်
ပြင်နေတာမို့ သာဖုန်းချကာသူမနဲ့အတူ
ထမင်းခူးပေးလိုက်သည်။
“ကျွန်တော်ရောစားရမှာလား??...."
“ပုံမှန်လဲစားနေကျပဲမဟုတ်ဘူးလား??...."
ဟုတ်သည်။ သူမနေ့တိုင်းခေါ်ကျွေးနေတာမို့
စားကောင်းကောင်းနဲ့စားရင်း ဝမ်းဗိုက်က
အဆီပိုတွေတောင်အနည်းငယ်ထွက်လာတဲ့
သူ့ကို သူမကမျက်စောင်းခဲရင်းပြော၏။
ချစ်မဝစွာမျက်နှာလေးကိုအနီးကပ်စိုက်ကြည့်ရင်း သူ့အကြံအတိုင်းမျက်နှာက
ပြုံးဖြီးလို့!!
နှစ်ယောက်သားထမင်းအတူစားရင်းမှ
ပြီးစီးချိန် ပန်းကန်တွေကိုသူဆေးပေးလိုက်သည်။
အပြင်ပြန်ထွက်လာတော့သူမက
ခုံမှာထိုင်ရင်း သူ့ကိုအနေခက်စွာ
လှမ်းကြည့်လေ၏။
သာလဲတမင်ပင်မျက်နှာတည်ထားရင်း
သူမဘေးဝင်ထိုင်တော့ ကိုယ်လုံးက
အလန့်တကြားနဲ့ဘေးရွှေ့သွားသည်။
“ဘာဖြစ်တာလဲ ကျွန်တော်က
ကိုက်မစားပါဘူး.....”
“ဘာမှမဖြစ်ဘူးလေ ဟိုမှာခုံရှိတာပဲ
ဟိုဘက်မှာသွားထိုင်ပါလား??...."
“မထိုင်ချင်ပါဘူး....မကြာခင်ပဲ
နီးစပ်ရတော့မှာကို အဲ့လိုစိမ်းစိမ်းကားကား
တွေမဆက်ဆံစမ်းပါနဲ့....."
အပိုင်ကိုပြောနေတာမို့ခါးမှာ အနည်းငယ်
လန့်လာရလေ၏။
ဒီကောင်လေးပြောလို့ရတာမဟုတ်!!
မထင်ရင်မထင်သလိုပြုမူတတ်တာမို့
ခါးမှာသူ့ကိုဆိုလန့်နေရလေသည်။
ပြောလဲမရတာမို့ခါး သူနဲ့တော့နဲနဲခွာကာ
အနေခက်တာဖြေဖျောက်ရန် တီဗီကြည့်ရန်
ပြင်လိုက်၏။
သူကတော့ဖုန်းကြည့်နေရင်း
တိတ်ဆိတ်နေတာမို့ ခါး အသက်ရှုချောင်ရင်း
အချိန်တွေကုန်ဆုံးစေလိုက်သည်။
........
ဇာတ်ကားတွေလဲပြီးနေသလိုအချိန်ကလဲ
တဖြေးဖြေး ၉နာရီထိုးပြီးနေပြီမို့
ခါး အိပ်ချင်နေရ၏။
ပြီးသွားပြီမို့ တီဗီကိုလှမ်းပိတ်ရင်းမှ
ခါး ခုံကနေထရပ်တော့ တစ်ချိန်လုံး
ငြိမ်နေတဲ့သူက ငဲ့ကြည့်လာကာဖြင့်
“အိပ်တော့မလို့လား??...."
“အင်း အပြင်မှာအိပ်လို့ရတယ်မလား??...."
“မရရင်ရော အခန်းထဲခေါ်သိပ်မလို့လား??..."
ခါးပါးစပ်ပိတ်သွားတော့ သူကပြုံးရင်း
ဖုန်းကိုပြန်ငုံ့သွားသည်။
အေ မှားတာ မေးမိတဲ့ငါကကိုမှားတာ!!
ဘေးနားရှိနေတဲ့ဖုန်းလေးကောက်ယူရင်းမှ
ခါး အခန်းထဲဝင်လာခဲ့၏။
သို့ပေမဲ့ မွေ့ယာပေါ်ရှိနေတဲ့သူ့ရဲ့
ခေါင်းအုံးနဲ့စောင်ကိုမြင်လိုက်တာမို့
ခါး နောက်ကိုပြန်ငဲ့ကြည့်တော့ ဘယ်ချိန်ထဲကရောက်နေမှန်းမသိတဲ့သူ့ကိုမြင်လိုက်ရကာ
ရင်တောင်တုန်သွားရသည်။
“သာမည....."
“ဟုတ်တယ်လေ ကျွန်တော်ပဲဘာဖြစ်လို့လဲ??..."
“ဘာကိုဘာဖြစ်ရမှာလဲ?? ဒါတွေက
ဘာတွေလဲ??...."
ခါးပြောတော့ သူကတော့ပေါ့ပေါ့ပါးပါးပင်
သူ့ပစ္စည်းတွေကိုငဲ့ကြည့်ကာပြုံးပြ၍
“အိပ်ဖို့လေ...."
“အိပ်တာကရတယ်လေ ဘာလို့ဒီမှာ
လာထားထားတာလဲ??...."
“အော် ဒီမှာလာထားထားတယ်ဆိုမှတော့
ဒီမှာအိပ်မလို့ပေါ့....."
ခပ်တည်တည်ပြောရင်းကုတင်ဆီ
လှမ်းလာတဲ့သူ့ကြောင့် ခါး ဘာလုပ်လို့
လုပ်ရမှန်းပင်မသိ!!
အိမ်ထဲပေးသိပ်တာတောင်လွန်နေပြီကို
သူက ခါးနဲ့အတူအိပ်မယ်ဆိုတာမို့
ကြံရာမရ သူ့ခေါင်းအုံးနဲ့စောင်ကိုပိုက်ရင်း
ခါးအပြင်ကို အပြေးသွားပို့တော့ သူက
လိုက်ထွက်မလာ!!
ခါး ကြောင်သွားတာမို့ အခန်းထဲပြန်ဝင်ရင်း
ကြည့်တော့ သူကကုတင်ပေါ်တစ်ခြမ်းစောင်းလှဲရင်း ခေါင်းကိုလက်ထောက်လျက်
ခါးကိုပိုင်ပိုင်နိုင်နိုင်ကြည့်နေလေသည်။
ရဲတင်းလွန်းတဲ့သူ့ကြောင့်ခါးမှာပြောစရာ
စကားတောင်ပျောက်ရှကာ အနားသွား၍
သူ့လက်တစ်ဖက်ကိုဆွဲကာ
“ဘယ်သူကဒီမှာအိပ်ခိုင်းလို့လဲ ထ
အပြင်မှာသွားအိပ်....."
“ခါးကလေ ခါးအခန်းထဲမှာအိပ်တာ
ဘာဖြစ်လို့လဲ?? ကျွန်တော်ဆိုကျွန်တော့အခန်းထဲ ခါးလာအိပ်မယ်ဆိုရင်တောင်
ကြည်ကြည်ဖြူဖြူလက်ခံပေးမှာကို....."
“အို မင်းလက်ခံရင်တောင် ဒို့လာမအိပ်ပါဘူး...."
“နောက်လဲအိပ်ရမှာကို အပိုလုပ်ပြန်ပြီ....."
လူကိုစိတ်မတိုတိုအောင်လာစွနေတာမို့
ခါး သူ့ရင်ဘတ်ကိုဘုန်းခနဲထုချ၍
သူ့လက်ကိုအတင်းဆွဲကာထစေတော့
သူက လက်ထောက်လျက်သားကနေ
ခါးကိုကြည့်ကာ ချဉ်ပြုံးပြုံး!!
ခါး အားအင်တောင်ကုန်ချင်လာပေမဲ့
ချွေးပျံလျက်ကနေ သူ့လက်ကိုအတင်း
ဆွဲ၍ မွေ့ယာပေါ်ကဆွဲထူတော့ သူက
အပြုံးနဲ့အတူ ဆတ်ခနဲထလာတာမို့
ခါးတောင်နောက်တွန့်သွားရ၏။
“သွားနော် သာမည မောလာပြီ...."
“အဲ့တာဆိုလဲအမောမခံတော့ပဲနဲ့
အရှုံးပေးလိုက်တော့လေ.....”
“အို သာမည....."
ပြောရင်း ခါးလက်ကိုတဖန်ကိုင်ဆွဲလာတဲ့
သူက ဆတ်ခနဲဆွဲခေါ်လိုက်တာမို့ လူက
သူ့အနားကိုပြုတ်ကျတဲ့အခါ သူက
ပွေ့ချီရင်း နေရာတကျချပေးသည်။
“သာမည ဖယ်နော် ဒီလိုမအိပ်ဘူး...."
ခါး အတင်းရုန်းကန်ရင်းသူ့လက်တွေကို
ဖယ်ချနေပေမဲ့ သူကတော့ခါးကိုနောက်ကနေ
သိုင်းဖက်ထားတာမို့ လူကသူ့လက်ကြားထဲ
စုန်းစုန်းမြှုပ်နေသလို!!
“သာမည....."
“ပြောလေ....."
“ဖယ်လို့ဆို...."
“မဖယ်ဘူးဗျာ....."
“သာမညနော်....စိတ်တိုအောင်မလုပ်နဲ့...."
ခါးကသာအံကြိတ်သံနဲ့ပြောနေပေမဲ့
သူကတော့ ရယ်သံနှောလို့လူကိုစိတ်ကြိုက်
ကစားနေသလိုမို့ ခါးပိုစိတ်တိုကာ
ရုန်းဖယ်နေပေမဲ့ ခြေထောက်တွေနဲ့ပါ
ဖိဖက်ထားတာမို့ ခါးဟာမြွေတစ်ကောင်
ရစ်ပတ်တာကိုခံနေရတဲ့အတိုင်းပင်!!
“ချစ်လို့ပါဗျာ ဒီလိုလေးအိပ်ချင်လွန်းလို့...."
“မရဘူး ဖယ်....."
“ကျွန်တော့လက်တွေကိုဖြုတ်နိုင်ရင်
ဖယ်ပေးမယ်......"
သူ့အပြောကြောင့်ခါးဆွဲဖြုတ်ပေမဲ့
သူ့လက်တွေကပိုတင်းကြပ်သွားတဲ့အခါ
လူက စိစိညက်ညက်ကျေတော့မတတ်!!
“gym ထရိန်နာဆိုတာအကြောင်းမဲ့သက်သက်
ဖြစ်လာတာမဟုတ်ဘူးလေ ဟွန်းဟွန်း....."
သူ့အပြောနဲ့သူကတော့ဟုတ်နေတာမို့
ခါးမှာ အားအင်ကုန်ခမ်းရင်းသာ
အရှုံးပေးလိုက်ရလေ၏။
သာလဲ ညိမ်ကျသွားတဲ့သူမကြောင့်
သဘောတကျပြုံးကာ ဆံနွယ်ရှည်တွေထဲ
မွှေးနမ်း၍ ဆံကုတ်ကိုဖြုတ်ချပေးလိုက်သည်။
“အိပ်တော့ good night ....."
ခါးမှာတော့ အားမတန်မာန်လျော့ရင်း
ဒီအခြေအနေကြားထဲအိပ်ပျော်ရန်သာ
ကြိုးစားလိုက်ရ၏။
သာမည တော်တော်ညဏ်များတဲ့ကောင်!!
🏠🏠🏠🏠
မနက်ခင်းနိုးလာတော့တစ်ကိုယ်လုံး
နာကျင်ကိုက်ခဲနေတာမို့ ခါး မျက်ဝန်းတွေ
မဖွင့်ခင် အကြောဆန့်လိုက်တဲ့အခါ
လက်တွေတောင်ဆန့်ထုတ်လို့မရ!!
အခုမှသတိရသည်က ညကသူနဲ့ခါးဟာ
တကယ်ကိုပူးပူးကပ်ကပ်နဲ့အိပ်သွားကြတာပဲ!!
သာမညဆိုတဲ့ကောင် ညဏ်နီညဏ်နက်များပြီး တမင်လုပ်တာမှန်းရိပ်မိတာမို့
ခါး စိတ်ထဲသူ့ကိုအမြင်ကပ်မိ၏။
ဘာမှတောင်ခေါင်းစဉ်တပ်လို့မရသေးတဲ့
အနေအထားမှာ သူဟာခါးကိုဖက်လိုက်နမ်းလိုက်၊ အခုလဲအတူတောင်အိပ်ရဲတာမို့
နောက်ပိုင်းဆိုရင်မလွယ်!!
အတွေးတို့ကရောက်တက်ရာရာ တွေးမိရင်း
မျက်နှာလေးနွေးခနဲဖြစ်လာခြင်းနဲ့အတူ
ကိုယ်လုံးကိုလာထိနေတဲ့တစ်ခုခုကြောင့်
ခါး တစ်ကိုယ်လုံးတောင့်တင်းသွားသည်။
ပထမတစ်ခါခံစားလိုက်ဖူးတဲ့သူ့ရဲ့
အဓိကကို သတိထားမိတာမို့ ခါး
မျက်ခုံးတွေကျုံ့ကာ ကြက်သီးတဖြန်းဖြန်း
ထသွားရလေ၏။
“မဟုတ်မှ!!....."
ထပ်လျက်မကွာဖြစ်နေတဲ့ကိုယ်လုံးကြား
လေတောင်မတိုးနိုင်တဲ့အနေအထားမှာ
ခါးဟာ တစ်ခုခုကိုသတိထားမိဟန်
နောက်ကိုလည်ပြန်အတင်းငဲ့ကြည့်မိတော့
ထင်တဲ့အတိုင်း သူ့ရဲ့ပစ္စည်း!
“အား!!......"
လူကအိပ်ပျော်နေတာတောင် အိပ်မပျော်တဲ့ဟာက မပျော်တာမို့ ခါးအော်ရင်းမှ
အတင်းရုန်းထွက်ရင်း သူ့ကိုကုတင်ပေါ်က
တွန်းချပြစ်မိသည်။
သာလဲ အိပ်ကောင်းနေတုန်းမှာသူမရဲ့
အော်သံကျယ်ကြောင့် လန့်နိုးသွားခြင်းနဲ့အတူ
စက္ကန့်မခြား တွန်းချခံလိုက်ရတဲ့ခန္ဓာကိုယ်ကြောင့် စောစောစီးစီး ကြယ်တွေလတွေ
မြင်ကုန်ရ၏။
နာကျင်သွားတဲ့တံတောင်စစ်ကိုပွတ်သပ်ရင်း
သူမကိုနားမလည်သလိုငဲ့ကြည့်တော့
သူ့ရဲ့တစ်ခုခုကိုအလန့်တကြား ကြည့်နေတဲ့သူမ!!
သာလဲ အမှတ်တမဲ့သူမမျက်ဝန်း
တည်နေရာဖြစ်တဲ့ကိုယ့်ကိုကိုယ်
ငုံ့ကြည့်လိုက်တဲ့အခါမှ နိုးကြားနေတဲ့
တစ်ခုခုကို သတိထားမိကာ ဟွန့်ခနဲရယ်ရင်းမှ ဝေ့ကျနေတဲ့ဆံပင်တွေကိုသပ်တင်လိုက်ကာဖြင့်
“ဘာလဲလို့ ခါးရယ် ဒါလေးတွေ့တာကို
အလန့်တကြား.....”
“ဒါလေးတွေ့တာဟုတ်လား?? အိပ်နေတာတောင် နှာဘူးကျနိုင်သေးတယ် နင်က...."
အတော်စိတ်တိုဟန်နဲ့ပြောနေတာမို့
သာ ဆံပင်တွေထပ်သပ်တင်လိုက်ရင်းမှ
ကုတင်ပေါ်တက်ကာ သူမဘေးသွား၍
“ကျစ် ပြောရမယ်ဆို ဒါကနှာဘူးကျတာ
မဟုတ်ဘူးလေ ယောင်္ကျားလေးတိုင်းရဲ့
သဘာဝ..... မနက်မိုးလင်းချိန်တိုင်းမှာ
အားအင်ပြည့်နေတဲ့ယောင်္ကျားတိုင်း
ဒီကိစ္စကဖြစ်တာသဘာဝပဲလေ
ခါးမသိဘူးလား??....”
“သိစရာလား?? ....."
ပြော၍ကုတင်ပေါ်ကဆင်းရင်း
အခန်းထဲကထွက်သွားရန်ပြင်နေတဲ့
သူမကိုယ်လုံးလေးကိုနောက်ကနေ
ဆတ်ခနဲဆွဲဖက်ကာ ဂုတ်ပိုးလေးကို
သွားနဲ့ဖွဖွကိုက်ကာဖြင့်
“ညက ကျွန်တော်တို့နှစ်ယောက်အတူ
အိပ်ခဲ့တာနော်....."
“အို သာမညနော် မဟုတ်ကဟုတ်က
စကားတွေစောစောစီးစီးမပြောနဲ့....."
“ဘာမဟုတ်ရမှာလဲ အတူအိပ်လို့တောင်
မနက်လင်းနေပြီမဟုတ်လား?? ခါးက
အဲ့လိုစားပြီးနားမလည်လုပ်ချင်နေတာပဲ...."
ပေါက်ကရတွေလျှောက်ပြောနေတာမို့
ခါး သူ့ပါးစပ်ကိုအုပ်ကိုင်ကာ
မျက်နှာလေးရဲလျက်သားကမှ
“ပေါက်ကရတွေလျှောက်ပြောနေရင်
အိမ်ထဲကနေ နှင်ထုတ်တော့မှာနော်..
စိတ်တိုအောင်လာမလုပ်နဲ့....."
သူ့လက်တွေကိုဖယ်ချရင်းအနားကထွက်သွားတဲ့ သူမကိုယ်လုံးလေးကို မချင့်မရဲကြည့်၍
သာ့ရဲ့မျက်ဝန်းတွေက တလက်လက်နဲ့
အရောင်တောက်သွားခဲ့သည်။
......
ခါးနဲ့သူ့ကြားကအခြေအနေက
တစ်ဆင့်ပြီးတစ်ဆင့် ပိုပိုတိုးလာနေတာမို့
သူနဲ့နီးနီးကပ်ကပ်နေရမှာတောင် အနည်းငယ်
ခပ်လန့်လန့်ရယ်!!
သဘောမကျဘူးရယ်မဟုတ်ပေမဲ့
လေ့လာနေဆဲအနေအထားမှာ ခံစားချက်နဲ့
အထိအတွေ့ကို မရောထွေးသွားစေချင်!!
ဒါကြောင့် ခါးဟာကိုယ့်စိတ်ကိုသေချာအောင်
အချိန်ပေးပြီး ပြင်ဆင်ချင်သေး၏။
အတွေးတို့နဲ့ပြန်လာတဲ့လမ်းတစ်လျှောက်
ငေးငေးငိုင်ငိုင်ဖြစ်နေရင်းမှ မသိမ့်ဆိုင်ကို
ရောက်တာနဲ့ ခါးဝင်ကာလိုအပ်တာဝင်ဝယ်လိုက်သည်။
“သဲတုံး တီသိမ့်မသက်သာသေးဘူးလား??...".
“သက်သာတယ် မမခါး ဒီတိုင်းရှက်လို့တဲ့
သဲတုံးပြောတယ်အဲ့တာကြောင့် အဲ့နေ့ထဲက
ဒီလိုတွေဝတ်မသွားပါနဲ့ အတန်တန်
တားရဲ့သားနဲ့ ဝတ်သွားပြီးသူ့အရှက်သူ
ခွဲခဲ့တယ်နဲ့တူပါရဲ့.....စိတ်ညစ်ပါတယ်...."
ကလေးကတောင် သိသေးတာမို့ခါးလဲ
ခေါင်းယမ်းရယ်ရင်းသာ ငွေရှင်းပြီး
ထွက်လာခဲ့၏။
သာမညရဲ့ရုပ်ရည်ကအန္တရယ်ရှိတာမို့
တော်ရုံမိန်းကလေးဆို ရုန်းထွက်ဖို့မလွယ်!!
ခါးတောင်တဖြေးဖြေးနဲ့သူ့ရဲ့မာယာတွေထဲ
ပျော်ဝင်မှန်းမသိ ပျော်ဝင်နေမိပြီလေ!!
......
ခါး အထုပ်ဆွဲရင်းအိမ်ထဲဝင်လာခဲ့တော့
အပြင်မှာ ရုတ်ရုတ်လုပ်နေတဲ့
သူ့ဘော်ဒါတွေနဲ့အတူ အိမ်ထဲမှာထိုင်နေတဲ့
သူ့အမေနဲ့လူကြီးတစ်ယောက်ကို
မြင်လိုက်တာမို့ အနည်းငယ်တော့
စိတ်လှုပ်ရှားသွားမိသည်။
ဘာမှလဲမဆိုင်ပေမဲ့ တစ်ကယ်ကို
လှုပ်ရှားလာတဲ့စိတ်အစဉ်ကခါးကို
သရုပ်ပျက်စေ၏။
ခါး ခြံထဲဝင်လာတာကိုမြင်တာနဲ့
သာမညက အပြေးထွက်လာကာဖြင့်
လက်ထဲကအထုပ်တွေကိုပြောင်းယူကာ
ခါးရဲ့ပုခုံးကိုပိုင်ပိုင်နိုင်နိုင်ဖက်လိုက်တာမို့
လူကတွန့်သွားရသည်။
“သွားမယ်လေ ခါးရဲ့....."
“ဘယ်ကိုသွားရမှာလဲ??...."
လူကြီးတွေရှိတာမို့ သူ့လက်တွေကို
ဖယ်ချနေပေမဲ့ သူကခါးကိုအတင်းပင်
သူ့အိမ်ထဲဆွဲခေါ်နေတာမို့ ခါးသူ့ကို
နားမလည်နိုင်သလိုငဲ့ကြည့်၍
“ဘာလို့အဲ့ဘက်အိမ်ထဲကိုသွားရမှာလဲ
ဖယ်ပါ....."
လူကြီးတွေနဲ့သူ့ဘော်ဒါတွေကလဲ
ခါးကိုကြည့်လာတာမို့ ခါး လက်ဖျားတွေ
အေးစက်လာကာ ရင်တုန်ရင်းပြောတော့
သူကခါးကိုပြုံးပြကာဖြင့်
“လူကြီးတွေက ကျွန်တော်တို့နှစ်ယောက်
ညကအတူအိပ်မိတဲ့ကိစ္စအတွက် လာပြီး
တာဝန်ယူပေးတာ....."
“ဟင် ဘယ်လို!!....."
“ဟုတ်တယ် မာမီကသားရှင်အနေနဲ့
ခါးနဲ့ကျွန်တော့ကိစ္စကိုလာပြီး စကားပြောတာ
ဒါကြောင့် ကျွန်တော့ကိုတာဝန်ယူဖို့
စဉ်းစားထားပါ ခါး!!....."
ကြားလိုက်ရတဲ့စကားတွေက နေ့ခင်းကြောင်တောင် ခေါင်းတည့်တည့်ကို
မိုးကြိုးပြစ်ချလိုက်သလို ဒိန်းခနဲ
နေတဲ့အခါမှာ!!!
အခန်းမှတ်ချက်များ (0)