Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၃၂

မသိမ့် သွေးပူသင်ပေးနေတဲ့ကောင်လေးကို

ကျော်ရင်းမှ ရှေ့မှာရှိနေတဲ့ ပိုင်ရှင်ကိုသာ

မျက်လုံးကတဝဲလည်လည်!!

၃၀ကျော်ပေမဲ့ မတည်ငြိမ်နိုင်သေးတဲ့

သူမအဖို့ ဒီကောင်လေးကိုမြင်လိုက်ရချိန်

ရင်ထဲဖိုးသိုးဖတ်သတ်နဲ့အပျိုဖျန်းလေး

အတိုင်းပါပဲ!!

“မောင်လေး သွေးပူရုံမကဘူး

တစ်ကိုယ်လုံးပါပူနေပြီ မောင်လေးရယ်

မမကိုကိုယ်ဖိရင်ဖိသင်ပေးပါတော့.....”

ကောင်းကြီး သာ့ရဲ့ဖြစ်ပျက်နေတဲ့

မျက်နှာထားကိုရယ်ချင်လွန်းလို့

မျက်နှာကထိန်းမရအောင် ပြုံးစေ့စေ့

ဖြစ်နေလေ၏။

သာကတော့ သင်တန်းသားတစ်ယောက်ကို

သင်ပေးနေရက်မှ ‌ဇွတ်ပြောနေတာမို့

မတတ်နိုင်တဲ့အဆုံး ဘယ်လိုလုပ်ရမယ်သာ

ဆက်ပြောခဲ့ကာ အနားကိုရောက်လာ၍

“အရင်ဆုံး အပြေးကနေအရင်ကျင့်မယ်

အစ်မအမောခံနိုင်ပါ့မလား??....."

“အဟိ မောင်လေးနဲ့ဆိုခံနိုင်ပါတယ်.....”

“အဟားဟား......ဟားဟား........"

ဒီတစ်ခါတော့ထိန်းမထားနိုင်တဲ့အကုန်လုံး

ဝိုင်းရယ်ကြတာမို့ သာတောင်အနည်းငယ်

အို့တို့အန်းတန်းဖြစ်သွားရသည်။

ခန့်မှန်းခြေ ၁၇၀လောက်ရှိနိုင်တဲ့

ခန္ဓာကိုယ်ပြည့်ပြည့်မို့ ကျန်းမာရေးကို

စိုးရိမ်စွာမေးလိုက်မိပေမဲ့ ပြန်ဖြေပုံက

တကယ့်ရိုက်ပေါက်!!

သူမဘက်က ‌မြင်း၁ကောင်အားနဲ့

ညီမျှတယ် အားကျယ်ထားတာမို့ သူ့ကို

အရှက်ခွဲထားတာနဲ့ပေါင်းကာ သာ

ခပ်ညစ်ညစ်ပြုံးလိုက်ရင်းမှ ပြေးစက်ကို

ဖွင့်လိုက်၍

“ကောင်းပြီ ဒါဆိုတက်......"

“အဟွန်း မောင်လေးသေချာစောင့်ကြည့်

နေပေးရမယ်နော်.....”

“ကောင်းပြီ ရတယ် အစ်မဒီစက်ပေါ်က

မဆင်းရမချင်း ကျွန်တော်အပါအဝင်

အားလုံးကသေချာကိုစောင့်ကြည့်နေပေးမယ်...."

အကုန်လုံးအာရုံစိုက်နေတယ်ဆိုတာသိတာမို့

မသိမ့် သူ့အထင်ကြီးမှုကိုရယူရန်ဆုံးဖြတ်ကာ

လေပူမှုတ်ထုတ်လျက် အားတင်လိုက်ရင်း

“စတော့ မောင်လေး......"

တတီတီအသံထွက်လာပြီးနောက်မှာ

စတင်လှုပ်ရှားလာတဲ့စက်ကြောင့်

မသိမ့်လဲ စပြေးရတော့လေသည်။

“စက်က ပြေးတယ်လို့တောင်မထင်ရဘူးနော်

အဟွန်းဟွန်း......"

ငြူတူတူပြောတဲ့သူမမျက်နှာကိုကြည့်ရင်း

သာ ပြုံးလိုက်ကာဖြင့်

“လာမယ်လေ အခုမှအစပဲရှိသေးတာ

အစ်မအရင်အားယူထားပါအုံး....."

“အွန်းပါ မောင်လေးသဘော!!

မောင်လေးသဘော!!.....”

သာ အံကြိတ်ရင်း မဲ့ပြုံးတစ်ချက်နဲ့အတူ

သူမရဲ့ပြေးစက်ကို နံပါတ်တစ်ခုချင်း

အရှိန်တင်ပေး‌လိုက်တော့ အစပိုင်းမှာ

ဟန်ဆောင်မပျက် အထာပေးနေတဲ့

မျက်နှာထားက တဖြေးဖြေးပျက်လာကာ

ဟောဟဲသံထွက်လာလေ၏။

“ဟူး..…မပြေးတာကြာလို့ထင်ပါရဲ့....

ချွေးတောင်နည်းနည်းပျံလာတယ်.....”

စကားထည့်နေပေမဲ့ သာ နောက်တစ်ဆင့်

ထပ်တင်ပေးတော့ သူမချွေးသီးချွေးပေါက်

ကျအောင်အထိကြိုးစားပြီး‌ပြေးနေဆဲ!!

အားလုံးလဲရယ်ကျဲကျဲတွေဖြစ်နေတာမို့

မသိမ့် အရှက်တော့အကွဲမခံနိုင်ကာ

ဝပြည့်ပြည့်ကိုယ်လုံးနဲ့ရအောင်တော့

ပြေးပြနေရသေးသည်။

အထင်ကြီးအောင်သာပြောထားရပေမဲ့

တကယ်တမ်းသူမ ဒီလိုတွေမခံနိုင်ပါ!!

ရွယ်တူတစ်ချို့နဲ့ရောဂ ဆော့ရင်တောင်

ခဏနဲ့အနားယူရတာချည်း!!

အခုတော့ မောင်လေးချောချောအပါအဝင်

တခြားကလေးတွေလဲကြည့်နေတာမို့

သူမအားတင်းပြီး ပြေး ပြေး!!!!

အတွေးတို့ကသာလှုပ်ရှားနေပေမဲ့

လက်တွေ့မှာ မျက်ဝန်းထဲပြာဝေလာတဲ့သူမ

ပြေးစက်ပေါ်ခွေခနဲလဲကျတော့ သာ

အမြန်စက်ပိတ်ဖို့ပြင်လိုက်တဲ့အခါ

ဘယ်လိုမှထင်မထားတာကြောင့် လူက

လဲကျပြီးနေပြီ.....။

ပြေးစက်ကအရှိန်မသေသေးတာမို့

အဝေးကိုလွင့်ထွက်သွားပေမဲ့ ကောင်းကြီးနဲ့

ကောင်းချစ်က အခြေအနေကို

ရိပ်စားထားတဲ့လူတွေမို့ လက်မနှေးခင်

အမြန်ကာထားတဲ့အခါ ခန္ဓာကိုယ်ကြီးက

သူတို့ဆီကိုအားနဲ့ပြစ်ဝင်လာလေ၏။

ပုံမှန်ဆိုသူတို့နှစ်ယောက်လုံး

လွင့်ထွက်သွားမှာပေမဲ့ တော်သေးတာက

gym ဆော့ထားတဲ့ခန္ဓာကိုယ်တွေ

ဖြစ်သောကြောင့် တောင့်ခံနိုင်တာဖြစ်သည်။

သာလဲစယုံသက်သက်လုပ်လိုက်ပေမဲ့

အခုလိုဖြစ်သွားတာမို့အနည်းငယ်တော့

လန့်သွားလေ၏။

ပြေးစက်ပိတ်ရင်းမှ စမ်းကြည့်ကြည့်တော့

နှလုံးခုန်ကမြန်နေတာမို့ သာ

ကောင်းကြီးကိုငဲ့ကြည့်ကာဖြင့်

“ဆေးရုံကားဖုန်းခေါ်ပေးဦး ငါခါးကို

သွားပြောလိုက်ဦးမယ်....."

အပျော်ကနေအပျက်ဖြစ်သွားတာမို့

သူ့တာဝန်လဲမကင်းကာ သာ

သူမအိမ်ထဲဝင်လာခဲ့တော့ ထမင်းအိုး

ကိုင်ရင်း အရှေ့ပြန်ထွက်လာတဲ့သူမက

သူ့ကိုမတည်မတင်းမျက်နှာနဲ့ကြည့်လာ၍

“ဘယ်လိုလဲ အပျိုကြီးမမကိုတစ်ကိုယ်လုံး

ဖိပြီးသင်ပေးလိုက်ရဲ့လား??...."

“အဲ့တာနောက်မှ ကျွန်တော်အစလွန်ပြီး

သူမေ့လဲသွားလို့ သူ့မိသားစုကိုဆက်သွယ်ရမဲ့

နံပါတ်လေးဖြစ်ဖြစ်......"

သူ့မျက်နှာကနောက်နေတဲ့ပုံလဲ

မဟုတ်တာမို့ ခါး ဖုန်းထုတ်ရင်းမှ

သူ့တူမလေးနံပါတ်များရှိမလား

ရှာကြည့်မိသည်။

အရင်ကတော့ တစ်ခါနှစ်ခါခေါ်ဖူးထားတာမို့

ရှိနေနိုင်မလားကြည့်တော့ ကံကောင်းစွာနဲ့

နာမည်လေးတွေ့၏။

ခါး ခေါ်ရင်းမှ သူ့လက်ထဲထည့်ပေးတော့

သူကအကျိုးအကြောင်းပြောကာ

ခါးလက်ထဲဖုန်းပြန်ထည့်၍ အနေခက်တဲ့

မျက်နှာမျိုးနဲ့ကြည့်လာလျက်ကမှ

“တစ်ခုခုဖြစ်ရင်တော့ ကျွန်တော်အမှုပတ်မယ်

ထင်တယ်....."

အခုမှကြောက်ဟန်ပြနေတာမို့ ခါး

သူ့ကိုမျက်စောင်းထိုး၍

“ဘယ်လောက်တောင်ပလူးနေကြလို့လူက

မေ့လဲသွားတဲ့အထိဖြစ်ရတာလဲ??....”

“ဟာ!! ဘာကိုပလူးရမှာလဲဗျာ သူက

အားလုံးရှေ့မှာ လေကြီးနေလို့လေ

သူပြေးတာ မြင်းတစ်ကောင်အားနဲ့

ညီမျှတယ်ဆိုပြီးအပိုလုပ်လို့ ကျွန်တော်က

အမြင်ကပ်ကပ်နဲ့ပညာပေးထည့်လိုက်တာ

နည်းနည်းများသွားတယ်ထင်တယ်....."

သူမရဲ့မဲ့မဲ့ရွဲ့ရွဲ့အ‌မေးကြောင့် သာ

ပြာပြာသလဲဖြစ်သွားကာဖြင့်ဖြေမိတော့

မျက်စောင်းလေးထိုးသွားလေသည်။

“ဟွန်း ပြောလို့မရဘူး အပျိုကြီးဆိုတော့

ပျော်ပြီးသင်ပေးလွန်ရင်းနဲ့ဖြစ်သွားတာလဲ

ဖြစ်နိုင်တာပဲ....."

အစကတော့ဖြေရှင်းမလို့ပေမဲ့ အနည်းငယ်

စူပုတ်ပုတ်ဖြစ်သွားတဲ့သူမရဲ့

မျက်နှာလေးကြောင့် သာ မချိုမချဉ်ဖြစ်သွားကာ လက်ပိုက်လျက်သူမကိုငုံ့ကြည့်၍

“သဝန်တိုနေတာလား??....."

“ဟင်....."

“သဝန်တိုနေတာလားလို့??.....”

ပြီတီတီမျက်နှာမျိုးနဲ့မေးလာတာမို့

ခါး မျက်နှာတည်သွားရကာ

“ဘာကိုသဝန်တိုရမှာလဲ?? သူနဲ့အဆင်ပြေလဲ

ကောင်းတာပဲ အဲ့တာမှဒို့ကိုလိုက်ပြီး

မနှောင့်ယှက်တော့မှာ အဟွန်း......"

“အာ့......”

ဟန်လုပ်ရယ်ရင်း ဟိုဘက်လှည့်ရန်

ပြင်နေတာမို့ သူမလက်မောင်းနှစ်ဖက်ကို

ပြန်ဆွဲထားကာ လက်ကျန်နှုတ်ခမ်းနီ

ဖျော့ဖျော့လေးတင်နေဆဲနှုတ်ခမ်းဖူးဖူးကို

သွားချွန်နဲ့ဖိကိုက်လိုက်ကာဖြင့်

“စိတ်ထဲပါတဲ့စကားပဲပြော ခါးဘယ်လောက်

မဟုတ်ကြောင်းပြောပြော ခါးစိတ်ထဲ

အဲ့လိုမဟုတ်တာ ကိုယ်တိုင်ပဲသိတယ်မလား??...."

လူကို ပဟေဠိပေးရင်းထွက်သွားတဲ့

သူ့ကျောပြင်ကိုကြည့်ကာ ခါးစိတ်ထဲ

ရလိုက်တဲ့အဖြေကြောင့် ဖျဉ်းခနဲ

ဖြစ်သွားရလေသည်။

ခါးတော့ သူပြောသလိုဖြစ်နေတယ်နဲ့

တူပါရဲ့!!

🏠🏠🏠🏠

ခါး ရေမိုးချိုး အဝတ်လျှော်ကာ

ပြင်ဆင်ပြီးစီးတာနဲ့

နာရီတစ်ချက်မော့ကြည့်တော့ ၅နာရီလောက်

ဖြစ်သွားလေ၏။

သူခေါက်ဆွဲမစားတတ်ရင်လဲ ထမင်းပဲ

စားဖို့အတွက် အကုန်ပြင်ဆင်ထားပြီးပြီမို့

ခေါက်ဆွဲပြုတ်ထားခဲ့ကာ ခါး

အပိုမလုပ်ဖူးပဲ ဒီနေ့ကာမှ ရေမွှေးဆွတ်ရင်း

မှန်ထဲမှာပြန်ကြည့်မိပြန်သည်။

ဒါနဲ့ဆို ခါးကိုယ်ခါးပြန်ကြည့်တာ

ဘယ်နှစ်ခါမှန်းတောင်မဝေခွဲတတ်တော့ပါ!!

ကိုယ်လုံးကိုသေချာအောင်ပြုပြင်ရင်းမှ

တစ်မျှင်စနှစ်မျှင်စထွက်နေတဲ့ ဆံပင်တွေကို

နားနောက်ညှပ်သိမ်းလိုက်ကာဖြင့်

“အဟမ်း..... သူပြီးလောက်မှာပါ.....”

သူ့အချိန်ဇယားတွေကိုလဲမမှတ်တတ်တော့တာမို့ ခါး ကိုယ့်ကိုကိုယ်အားပေးရင်း

ဟိုဘက်အိမ်ကိုလှမ်းလာခဲ့တော့

လူတစ်ယောက်နှစ်ယောက်သာရှိတော့ပေမဲ့

သူ့သူငယ်ချင်းနှစ်ယောက်က ဘီယာတစ်ယောက်တစ်ဘူးနဲ့ အမောဖြေနေဟန်!!

“ဟာ မမ သာ့ကိုလာရှာတာလား??....."

“နေပါစေ သူမရှိဘူးနဲ့တူတယ်....”

မဝံ့မရဲခေါင်းညိမ့်ရင်းမှ ခါး သူ့ကိုလဲ

မတွေ့တာမို့ သွားရန်ပြင်လိုက်တော့

“ခါး...."

သူ့ခေါ်သံကြောင့်လှမ်းကြည့်လိုက်တော့

ရေစက်လက်နဲ့နောက်ထဲကထွက်လာတဲ့သူက

ခေါင်းသုတ်တဲ့သဘတ်ကိုတန်းပေါ်

ပြစ်တင်ကာ ဘေးနားကစွပ်ကျယ်ကို

ဆွဲယူ၍ ခါးနားကိုလျှောက်လာလေသည်။

“ဘာကိစ္စရှိလို့လဲ...."

ပြောရင်းတန်းလန်းနဲ့စွပ်ကျယ်ကို

ဆွဲစွတ်လိုက်တာမို့ မြင်လိုက်ရတဲ့သူ့ရဲ့

ခန္ဓာကိုယ်အပေါ် ခါးတံတွေးမြိုချလိုက်မိ၏။

“ဟို ပြီးပြီလား??...."

“အွန်း ပြီးပြီ...."

“ထမင်းစားဖို့လာခေါ်တာ....."

“ကျွန်တော့ကိုလား??.....”

ခေါင်းသာညိမ့်ပြရင်းမှ သူမကထွက်သွား

တာကြောင့် သာ ဟိုနှစ်ကောင်ကိုလှည့်ကြည့်ကာဖြင့်

“ငါ့မမကငါ့ကိုထမင်းစားဖို့လာခေါ်တာကွ

သွားတော့မယ်နော်....."

“အေ သွားမြို....."

နှစ်ယောက်လုံးပြိုင်တူထွက်လာတာမို့

သာ ရယ်ကျဲကျဲနဲ့ဟိုဘက်အိမ်

ထွက်လာခဲ့တော့ သူမက ဇလုံထဲမှာ

ခေါက်ဆွဲကိုဇွန်းနဲ့မွှေနယ်နေလေသည်။

“ခေါက်ဆွဲစားမလို့လား??..."

“အွန်း စားတတ်လား??..."

“ခါးနဲ့ဆိုအကုန်စားတတ်တယ်.....”

အပြောကတော့ရွှေမန်းမို့ ခါး

ရယ်ချင်ရက်မျက်နှာကိုထိန်းထားကာ

ပြီးစီးသွားတဲ့ခေါက်ဆွဲကိုပန်းကန်ထဲ

ခွဲထည့်ရန်ပြင်တော့ သူကခါးလက်ကို

လှမ်းတားရင်းမှ

“ခေါက်ဆွဲကနှစ်ယောက်တစ်ပန်းကန်စားမှ

ပိုစားဝင်တာ....."

ပြောပြီးသူက ခါးနဲ့ပူးပူးကပ်ကပ်

ဝင်ထိုင်တာမို့ ခါးတောင် ကိုယ့်ကိုကိုယ်

မနည်းထိန်းလိုက်‌ရလေ၏။

သူက ပြောပြောဆိုဆို ဘေးနားက

တူယူရင်းမှခေါက်ဆွဲကို

ကျွမ်းကျွမ်းကျင်ကျင်ယူစားလိုက်ရင်းမှ

“ဟာ ကောင်းလိုက်တာ....ရှယ်ပဲ"

တော်သေးတာမို့ ခါး ပြုတ်ထားတဲ့

စလပ်တွန့်တွေနဲ့ ကြက်ဉကို အဲ့ဇလုံထဲပဲ

ထည့်ပေးတော့ သူကတကယ်ကို

မြိန်မြိန်ရှက်ရှက်စားနေလေသည်။

“စားလေဗျာ နှစ်ယောက်တစ်ပြိုင်ထဲ

စားကြမယ်လေ....."

ဒီတစ်ခါတော့ခါးလဲမငြင်းမိပဲသူနဲ့

တူတူယူရင်းစားတော့ ပုံမှန်ထက်ပို

စားကောင်းနေတာမို့ ကိုယ့်ဘာသာကိုယ်

ပြုံးလိုက်မိလေ၏။

“မိုက်တယ် ခါးကဒီလိုလဲရတာပဲ!!...."

မြှောက်နေတာမို့ဘဝင်မြင့်ရင်းမှ

ခပ်ပြုံးပြုံးနဲ့ပဲယူစားတော့ ခေါက်ဆွဲဖက်က

ရှည်နေကာ တော်တော်နဲ့မပြီးတာနဲ့

ခါး ယူစားရင်းစားရင်းမှ ခေါက်ဆွဲက

ပန်းကန်ထဲကမဟုတ်ပဲဘေးနားကသူ့ဆီက

လာနေတာမို့ မျက်ဝန်းတွေကရောက်သွားတဲ့အခါ ကျန်တဲ့တစ်ဖက်က တကယ်ပဲ

သူ့ပါးစပ်ထဲရောက်နေလေသည်။

သာလဲတမင်ပင်သူမတူနဲ့ညှပ်ထားတဲ့

ခေါက်ဆွဲဖတ်ကို လိုက်ယူထားတာမို့

အခုလိုဖြစ်သွားတော့ ရှက်ကိုးရှက်ကန်း

ဖြစ်နေတဲ့သူမမျက်နှာကိုပြုံးကြည့်ကာ

ခေါက်ဆွဲမျှင်ကိုခပ်သွက်သွက်ပဲစား၍

သူမပါးစပ်နားရောက်တော့ သူမကလဲ

အထာနပ်စွာ သွားနဲ့ကိုက်ဖြတ်လိုက်၏။

အဆက်ပြတ်သွားပေမဲ့လဲ သာကုန်အောင်

စားကာ သူမနှုတ်ခမ်းကိုကပ်နမ်းတော့

မျက်ဝန်းပြူးလေးနဲ့ညိမ်သွားတာမို့

သာပြုံးလိုက်မိကာဖြင့်

“မိုက်တယ်ဗျာ စားဖူးသမျှခေါက်ဆွဲထဲ

စားလို့အထိမိဆုံးပဲ.....”

ခါးလဲ မျက်နှာရဲရဲလေးနဲ့ပဲ ခေါက်ဆွဲကို

ကုန်းရုန်းစားလိုက်ရလေသည်။

...........

အကုန်ပြီးစီးတာနဲ့ သူကဆေးကြောတာတွေ

တာဝန်ယူပေးတာမို့ ခါးမတားပဲနဲ့

သူ့ကိုလုပ်ခိုင်းလိုက်ရင်းမှ ခါးအရှေ့လာကာ

ထိုင်နေလိုက်လေ၏။

ဒီလိုစားသောက်ပြီးရင်ခါးမှာလုပ်စရာ

အလုပ်ရယ်လို့ မယ်မယ်ရရမရှိတော့!!

တီဗီကြည့်ရင်ကြည့်၊ မဟုတ်ရင်မီးပူတိုက်

အဲ့လိုမှမဟုတ်ရင်တစ်ခါတစ်ခါ

အိပ်ယာထဲမှာ ဖုန်းနဲ့အနားယူတတ်သည်။

“ခါး ကျွန်တော်ဆေးကြောပြီးပြီ....."

စပ်တာမို့ သူလဲနှုတ်ခမ်းတွေရဲနေတဲ့အခါ

ခါး ပြုံးရုံပြုံးရင်း ကြိုဝယ်ထားတဲ့

လူကြီးကြိုက်ချိုချဉ်ကိုသူ့လက်ထဲ

ကမ်းပေးကာဖြင့်

“စားလိုက် စပ်နေတယ်မလား??....."

ကိုယ်ကအကောင်းနဲ့ပေးပေမဲ့ သူက

ခါးကိုမချိုမချဉ်နဲ့စိုက်ကြည့်နေတာမို့

ခါး တောင့်တောင့်လေးဖြစ်သွားတဲ့အခါ

သူက အနားကိုတိုးလာရင်းမှ ခါးထိုင်နေတဲ့

ခုံမှာလက်ထောက်လိုက်တာမို့ လူက

နောက်ကခုံထဲဝင်မတတ်ဖြစ်သွားရလေ၏။

သူက ချိုချဉ်ကိုငုံ့ကြည့်ရင်းမှ ခါးကို

ပြန်ကြည့်ကာဖြင့်

“ဒီနေ့ကောင်းပေးနေတယ်လို့ထင်တယ်

ဘာလို့လဲ??....."

သိသာလွန်းနေတာမို့ သူမေးလာတဲ့အခါ

ခါး စိတ်မလှုပ်ရှားစေရန်မျက်နှာလေးတည်ထားကာဖြင့်

“ဟို ထွေထွေထူးထူးရယ်မဟုတ်ပါဘူး....

ဒို့က သာမညကိုခဏခဏ

အထင်လွဲနေတယ်မလား?? ဒို့ကို

တမင်လိုက်နှောင့်ယှက်နေတာဆိုပြီး

အမြဲတမ်းကြမ်းကြမ်းတမ်းတမ်း

ပြောမိနေပေမဲ့ တကယ်တမ်းက

အဲ့လိုမဟုတ်ဘူးထင်လို့......”

ခါးအပြောကြောင့်သူလဲသူ့ကိုယ်သူ

စဉ်းစားဟန်နဲ့ခေါင်းတညိမ့်ညိမ့်

ဖြစ်သွားကာဖြင့်

“ဒါဆို ခါးလဲကျွန်တော့်စိတ်ကို

နားလည်သွားပြီမလား??....."

“အဲ့သဘောတော့မဟုတ်ဘူးလေ....."

“မလိမ်ပါနဲ့ ကျွန်တော်စိတ်ရင်းမှန်းသိလို့

ပြောခဲ့မိတာတွေအတွက်အားနာပြီး

ခေါက်ဆွဲကနေ အခုဒီလိုတွေအထိပါ

လုပ်ပေးတာမလား??.....”

သူပြောတာမှန်နေတာမို့ ခါးလက်လေး

လိမ်ကျစ်ထားရင်းမှ ဘာမှမဖြေမိပဲနဲ့

မျက်နှာလွှဲထားမိတော့ မေးစေ့ကနေ

ပြန်ဆွဲယူကာ သူကတည်တည်ကြည်ကြည်နဲ့

ခါးမျက်ဝန်းတွေထဲစိုက်ကြည့်ကာဖြင့်

“နောက်ကိုလဲ ဒီလိုပဲနည်းနည်းချင်းစီ

ကျွန်တော့ခံစားချက်တွေကိုဖြည့်တွေးပေးပါ....”

“ဟို အဲ့တာက.....”

“နော်.....‌ကျွန်တော်တောင်းဆိုတာ......”

ပြောပြီးတာနဲ့ သူ့ကြောင့်ပေါက်သွားတဲ့

ခါးရဲ့နှုတ်ခမ်းကို ဖွဖွလေးနမ်းလာကာဖြင့်

“သွားပြီနော် ခါးရဲ့အိပ်မက်ထဲမှာ

ကျွန်တော့ကိုထည့်ပေး....."

ပေါ့ပေ့ါပါးပါးပြောရင်းအနားကနေ

ထွက်သွားပေမဲ့ ခါးမှာသာ ရင်တတုန်တုန်နဲ့

ကျန်ခဲ့ရလေသည်။

ဒီကောင်လေး လူကိုစိတ်တိုင်းကျ

ဆက်ဆံနေတော့တာပဲ!!

သို့ပေမဲ့ ခါးစိတ်ထဲ စိတ်တိုဒေါသထွက်တာ

ဘာမှမရှိပဲနဲ့ ရင်တုန်ခြင်းတွေသာ

အစားထိုးဝင်ရောက်တာကိုယ်တိုင်ပဲ

သိပေတော့မည်။

« ရှေ့အခန်း - အပိုင်း၃၁ နောက်အခန်း - အပိုင်း၃၃ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ