Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၃၀

သူမအခန်းထဲမှာထပ်ပြီးနမ်းမိပြီးချိန်

ကနေစပြီး သူ့ကိုစကားမပြောပေ!!

ဒီနေ့နဲ့ဆို တစ်ပတ်လောက်ရှိတော့မှာမို့

သာ စိတ်ရှိတိုင်းဆိုထင်တိုင်းကျဲချင်ပေမဲ့

သူမမွေးနေ့ ဒီနေ့မှာကျရောက်မှာ

ဖြစ်တဲ့အတွက် တိတ်တိတ်လေးပြင်ဆင်

နေရတာနဲ့တင်သူ့မှာမအား!!

သူမကတော့ ဆိုင်ကပြန်လာတာနဲ့

သော့ခတ်ပြီးသာနေနေလေသည်။

သာ သူမထွက်သွားပြီးထဲက အရင်ရက်တွေထဲကပြင်ဆင်ထားတဲ့ ဖဲကြိုးတွေ

ပူဖောင်းတွေကိုအစောကြီးထဲက

အလှဆင်ထားရင်းမှ သူမဆိုင်သိမ်းရင်

အသင့်ဖြစ်ရန်ကြိုးပမ်းနေမိ၏။

ဒါဆိုရင်တော့ သူမခွင့်လွှတ်နိုင်လောက်တယ်မလား??

သူ့ဘော်ဒါတွေအားလုံးလဲဝိုင်းဝန်းကူညီရင်း

သူမဆိုင်သိမ်းလာမဲ့အချိန်ကိုသာစောင့်၍

သာကိိုယ်တိုင်ဖိတ်ထားတဲ့လူနဲ့ ကျွေးမွေးမဲ့

အစားအသောက်ကိုပြန်တွက်ကာ အကုန်လုံး

အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေမိသည်။

.......

“မလာသေးဘူးပဲ....."

သုံးနာရီကျော်တဲ့အထိပြန်မလာသေး!!

မွေးနေ့က ၅နာရီစမှာမို့ အကုန်လုံးပြီးစီးပြီး

တစ်ခြံလုံးလင်းလင်းထိန်နေဖို့ ပြင်ထားပြီးဖြစ်သလို သူမကိုပြင်ဆင်ခြယ်သပေးမဲ့

လူတွေလဲရောက်နှင့်နေလေ၏။

သာ နာရီကြည့်လိုက် ခြံဝကိုကြည့်လိုက်နဲ့

စောင့်နေရင်းမှ ခြံဝမှာမြင်လိုက်တာနဲ့

သူမဆီအပြေးသွားကာ မျက်ဝန်းတွေကို

လက်နဲ့အုပ်လိုက်တော့ ဆတ်ဆတ်ကြဲလေးက

သူ့လက်တွေကိုဖယ်ချရန်ပြင်လေသည်။

“ဘာလုပ်ဖို့ကြိုးစားပြန်ပြီလဲ သာမည....."

အဲ့နေ့ကသူစနောက်ပြောဆိုပြီးထဲက

စကားတောင်အပြောမခံတဲ့သူမက အနားကိုလဲ အကပ်မခံ!!

အခုလဲသူ့ကို မသတီသလိုပင်အတင်း

ဖယ်ချဖို့ပြင်နေတာမို့ သာ သူမကို

မဖိမိစေရန် သတိထားအုပ်ရင်းကနေပဲ

သူမအိမ်ရှေ့ကိုရောက်အောင်ခေါ်လာ၏။

“ကောင်းချစ် သူ့အိတ်ထဲကသော့နဲ့

တံခါးဖွင့်လိုက်....."

သူပြောတာတွေကြားပေမဲ့ မြင်လဲမမြင်ရတာမို့ အိတ်ဆွဲယူသွားတာကိုပဲသိကာ ခါး

အတင်းရုန်းကန်နေတော့ သူကမျက်လုံး

ဖိအုပ်ထားဆဲကနေ ခါးရဲ့ခေါင်းကိုလှန်၍

နှုတ်ခမ်းကိုတစ်ချက်ဖိနမ်းလိုက်တာမို့

ဆူညံသွားတဲ့လူအုပ်အသံကိုကြားလျက်

တစ်ကိုယ်လုံးပူထူရှက်ရွံ့သွားရသည်။

“လူတွေရှိနေတာလား?? မင်းဘာလုပ်နေတာလဲ??....ငါ့ကိုအခုလွှတ်....."

“လွှတ်တာကလွှတ်မယ် မငြိမ်ရင်တော့

အဲ့လိုပဲဆက်‌နမ်းမှာနော် လူတွေအများကြီး

ကြည့်နေတာ မရှက်ရင်တော့လုပ်......"

သူပြောတော့မှ သူမငြိမ်သွားတာမို့

ဖွင့်ပြီးသွားတဲ့ တံခါးထဲသူမကိုအတင်း

တွန်းထည့်ကာ နောက်ကပြင်ဆင်မဲ့လူ

နှစ်ယောက်ကိုလဲတွန်းထည့်၍ တံခါးကို

မြန်မြန်ပိတ်လိုက်၏။

“ဟူး လူသတ်ရတဲ့အတိုင်းပါပဲလား??

ငါ့မိန်းကလေးကတော့အားကိုသန်တယ်....."

ဟန်လုပ်ပြောနေတဲ့သာမညကို ဘော်ဒါတွေ

မဲ့ရွဲ့ကြည့်ရင်း စောက်မြင်ကပ်ကုန်သည်။

အပိုတွေ!!

သာလဲ ဟွန့်ခနဲရယ်ရင်း သူမနဲ့ဆင်တူ

ဖြစ်နေမဲ့သူ့ရဲ့ရှပ်အင်္ကျီကိုပြန်ငုံ့ကြည့်လျက်

သဘောတကျရယ်လိုက်မိသည်။

.......

အထဲရောက်သွားပြီးတဲ့ခါးလဲ လိုက်ဝင်လာတဲ့

မိန်းကလေးနှစ်ယောက်ကြောင့် စိတ်ထဲ

လက်ခံလို့မရကာ ကြောင်ကြည့်နေတုန်း

အပြင်ကနေတံခါးပိတ်သွားလေ၏။

“ညီမတို့ကဘယ်သူတွေလဲ??...."

လေသံနဲ့ပဲခပ်မာမာမေးလိုက်မိတော့

ကောင်မလေးနှစ်ယောက်ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းမှ ခါးကို

ပြန်ပြုံးပြကာဖြင့်

“ဒီကမမလှလှကို ပြင်ဆင်ပေးမဲ့

makeup artist တွေပါရှင့် ကိုသာမည

ငှားထားတာမို့ ညီမတို့အစွမ်းကုန်

ကြိုးစားပေးမှာပါ....."

ဘာတွေမှန်းနားမလည်ပေမဲ့လဲ ကောင်မလေး

ထဲကတစ်ယောက်က ပြုံးလျက်သားကနေခပ်သွက်သွက်ပင်ခါးနားရောက်လာကာ

ပုခုံးလေးကနေခုံမှာထိုင်စေလျက်တစ်ယောက်က ဖုန်းထဲကနေသီချင်းဖွင့်သည်။

အင်္ဂလိပ်သီချင်းမြူးမြူးထွက်လာရင်းမှ

နှစ်ယောက်လုံးအားအပြည့်ရှိနေသလို

သွက်သွက်လက်လက် ပြင်ဆင်နေတာမို့

ခါး အခုထိစိတ်ရှုပ်ရှုပ်နဲ့ပဲဖြစ်နေကာ

“ဘာလို့ အခုလိုလုပ်နေတာလဲ??....."

“ဒါက စပရိုက်မို့လို့မကြာခင်သိရမှာပါ....."

ပြောပြီးတာနဲ့ဖွင့်ထားတဲ့သီချင်းကို

နှစ်ယောက်လုံးကီးဝင်အောင်လိုက်ဆိုကာ

ခါးကို သူ့တာဝန်နဲ့သူပြင်ဆင်ခြယ်သပေးနေ၏။

ပြီးတာနဲ့ ဝတ်စုံတစ်ခုယူလာတာမို့

ခါးဒီတိုင်းပဲကြည့်နေတော့ လက်ထဲ

ထည့်ပေးလာကာဖြင့်

“မမဝတ်ကြည့်နော် ကျန်တာညီမတို့

ကူညီပေးမယ်....."

ဘယ်သူ့ဟာလဲ ခါးနဲ့တော်နိုင်မလား

မမေးနိုင်ခင်မှာတင် ခါးဝတ်ထားတဲ့

အင်္ကျီကဇစ်ကိုဆွဲဖြုတ်လိုက်တာမို့

ကျောပြင်လေးလစ်ဟာသွားတာနဲ့

တစ်ပြိုင်နက် ခါးမှာ သူတို့ပေးတဲ့အဝတ်ကို

ဝတ်လိုက်ရလေသည်။

အံ့ဩဖို့ကောင်းတာက ခါးရဲ့ကိုယ်လုံးနဲ့

ချပ်ကပ်နေသလို ပုံစံကလဲဆန်းဆန်းလေးနဲ့လှလေ၏။

အရောင်ကလှလှလေးမို့ အပြစ်ပြောစရာ

မရှိပဲ ခါးသဘောတော့ကျသွားမိသည်။

ဒါပေမဲ့ ဒါတွေလုပ်တာဘာအတွက်လဲ??

သူတို့က ပြီးစီးသွားတဲ့ခါးကိုတစ်ချက်ကြည့်ကာ ခါးရဲ့မှန်တင်ခုံပေါ်ကရေမွှေးယူရင်း

တစ်ကိုယ်လုံးနှံ့အောင်ဖျန်းပေး၍

အိမ်ထဲကနေခေါ်ထုတ်လာကြသည်။

ငါးနာရီထိုးဖို့ ၁၅မိနစ်အလိုမှာ အကုန်လုံး

ပြီးစီးလို့တံခါးဖွင့်လာတဲ့နောက်မှာ

သူမက တကယ့်ကိုလှလှပပနဲ့ထွက်လာပေမဲ့

တစ်ခြံလုံးပြောင်းလဲနေပုံတွေကို

နားမလည်သလိုကြည့်၍

“ဒါတွေကဘာတွေလဲ ဒို့ကိုရောဘာလို့

ဒီလိုတွေပြင်ပေးထားတာလဲ??...."

ခါးရှေ့တည့်တည့်မှာသူကရပ်ရင်းမှ

သဘောတကျပြုံးကြည့်နေတာမို့

ခပ်တည်တည်ပဲမေးလိုက်မိ၏။

သူမအပြောကြောင့် သာ ကိုယ်လုံးကို

ဘေးထွက်ရပ်ပေးလိုက်တော့ တစ်ထပ်ကိတ်

ရိုးရိုးရှင်းရှင်းလေးက သူမကိုဆွဲဆောင်သွားကာ အနားကိုတိုးကပ်နေတာမို့ သာ

သူမလက်လေးကိုဆွဲကိုင်၍

“မွေးနေ့မှာဂုဏ်ပြုပါတယ်.....အနာဂတ်မှာ

ကျွန်တော့ရဲ့အမျိုးသမီးလေးဖြစ်ပြီး

ပျော်ပျော်နေသွားပေးမယ်မလားဟင်....”

အခုမှ ခါးရဲ့မွေးနေ့မှန်းသတိရမိသလို

တစ်ခြံလုံးပြင်ဆင်ထားပေးတဲ့

အပြင်အဆင်တွေကိုကြည့်ရင်း

ကိုယ့်ကြောင့်ဆိုတဲ့အသိနဲ့

မျက်ရည်ဝဲတော့ သူက

ခါးရဲ့မျက်နှာလေးကိုညှပ်ကိုင်ကာဖြင့်

“စကားမပြောတာတစ်ပတ်လောက်ရှိပြီ...

ဒီ‌လောက်ဆိုကျွန်တော့ကို

ခွင့်လွှတ်ပေးမယ်မလား??....”

“ခွင့်လွှတ်ပေးလိုက်ပါ....."

“ခွင့်လွှတ်ပေးလိုက်ပါ....."

“ခွင့်လွှတ်ပေးလိုက်ပါ....."

အကုန်လုံးဝိုင်းပြီးတောင်းဆိုပေးတာမို့

ရှက်သလို ခါး မတတ်သာတဲ့ပုံနဲ့

သူ့ကို ရှက်ကိုးရှက်ကန်းကြည့်လိုက်မိ၍

“အင်း ခွင့်လွှတ်တယ်....."

သာလဲ ပျော်သွားရင်းမှ ကိတ်မုန့်ခွဲကာ

သူမလက်ထဲထည့်ပေး၍

“ကျွန်တော့ကိုအရင်ခွံ့.....”

ခါး တစ်ခါမှ ဒီလောက်ထိစည်စည်ကားကားနဲ့

မွေးနေ့ပွဲကိုမဖြတ်သန်းဖူးတာမို့

သူလုပ်ပေးတဲ့ ဒီပွဲမှာ ပီတိတွေနဲ့အတူ

တစ်ယောက်ပြီးတစ်ယောက်ကိုပျော်ရွှင်စွာနဲ့ ကိတ်မုန့်တွေလိုက်ခွံ့နေမိလေသည်။

ပြီးတာနဲ့အားလုံးကို‌ကျွေးမွေးရန်အတွက်လဲ

သူကပြင်ဆင်ထားတာမို့ ခါးသူ့ကိုတော့

ဩချရလောက်၏။

“ဘယ်လိုလဲ ခါးသဘောကျရဲ့လား??...."

မြိန်ရေရှက်ရေစားနေကြတဲ့လူတွေက

ခါးရဲ့မွေးနေ့ကိုလာရောက်ဂုဏ်ပြုတယ်ဆိုတဲ့အတွေးကြောင့်မို့ သူ့ကိုစိတ်ဆိုးမိတာကိုမေ့ကာ ကြည်နူးစွာပဲပြုံးလိုက်မိ၍

“အင်း သဘောကျတယ်.....ကျေးဇူးပဲနော်....."

“အွန်း ဒါဆိုကျွန်တော့နှလုံးသားကိုလက်ခံပေး.....”

ခါး သူ့စကားကြောင့်ရုပ်တည်သွားရင်းမှ

သူ့ကိုစေ့စေ့ကြည့်မိတော့ အခုမှ

သတိထားမိတဲ့ သူနဲ့ခါးရဲ့အင်္ကျီအရောင်ကဆင်တူဖြစ်နေလေသည်။

“မင်းနဲ့ဒို့က....."

“ဟုတ်တယ် ဒါကြောင့်အားလုံးကတောင်

ခါးနဲ့ကျွန်တော့ကိုအတွဲတွေထင်နေကြတာ...."

သူပြောမှ စားနေတဲ့လူတွေကိုလှည့်ကြည့်တော့ သူနဲ့ခါးကိုကြည့်ရင်းတစ်ချို့က

တီးတိုးပြောနေကြလေ၏။

သူတို့တင်မဟုတ်ပဲသာမညရဲ့

သူငယ်ချင်းတွေကလဲမျက်နှာတွေက

ပြုံးစပ်စပ်မို့သူနဲ့ခါးကိုတစ်မျိုးတွေးပြီးသဘောကျတာဖြစ်နိုင်သည်။

ခါး ရှက်ကိုးရှက်ကန်းဖြစ်သွားတာမို့

အတင်းလောကွပ်ပြီးဧည့်ခံရေးလုပ်မိ၏။

ဒါပေမဲ့ ဒီအခိုက်အတန့်မှာတော့ခါးရဲ့စိတ်ထဲ

သူ့ကိုထူးခြားနေတယ်ဆိုတာ ပိုပြီး

သေချာသွားမိလေသည်။

အားလုံးပြီးတာနဲ့သူ့ဘော်ဒါတွေနဲ့ခါးတို့

အတူစားသောက်ကြကာ အကုန်လုံးက

ခါးကိုသီးသန့်လက်ဆောင်ပေးကြလေ၏။

ကိုယ့်အတွက်တကူးတကတွေ

လုပ်လာပေးတာမို့ခါး ပီတိဖြစ်ရင်းမှ

အားလုံး‌ကိုဝေ့ကြည့်ကာ

“အခုကဒို့မသိခင်ပွဲဖြစ်သွား‌တာဆိုတော့

မင်းတို့အားလုံးကိုနောက်မှပဲသေချာ

ဧည့်ခံကျွေးမွေးတော့မယ်....."

“ကျစ် မလိုပါဘူးဗျာ သာ့ရဲ့ဆိုင်သူဖြစ်နေတာနဲ့တင် ကျွန်တော်တို့ပေးရမှာတာဝန်ပါ....."

ဘာဆက်ပြောရမှန်းမသိ!!

သူ့ကိုကြည့်လိုက်တော့ ခါးနဲ့ဆင်တူဝတ်ပြီး

ဘော်ဒါတွေပြောတာကိုကျေနပ်နေဟန်

မျက်နှာပြုံးဖြီးလို့!!

ဆက်ပြောလဲကိုယ်ပဲရှုံးတော့မှာမို့

ခါး တိတ်လိုက်ရရင်းမှ ကိုယ့်ဘာသာ

စားစရာရှိတာစားနေလိုက်သည်။

အကုန်လုံးပြီးစီးတော့ သူဘော်ဒါတွေလဲ

ပြန်တော့မည်ဖြစ်ရာ တစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်ကြရင်းမှ နောက်ဆုံး

အောင်သူဆိုတဲ့ကောင်လေးကသူနဲ့ခါးကို

ဝေ့ကြည့်နေတာမို့ တစ်မျိုးတော့တစ်မျိုးပဲ!!

သာကအကင်းပါးတာမို့ အောင်သူ့ပုခုံးကို

ပုတ်ကာမေးပေါ့ပြ၍

“ဘာကိစ္စလဲ ပြောငါ့ကောင်....."

“ဟိုဟာ နောက်သုံးရက်နေရင်

ငါနဲ့သဲ စေ့စပ်ပွဲရှိတယ် အဲ့တာမင်းရော

မခါးကိုရော နှစ်ယောက်လုံးလာစေချင်လို့...."

ကြားလိုက်ရတဲ့စကားအပေါ် ခါးရောသာရော

နှစ်ယောက်လုံးအံ့ဩသွားတော့ သူက

မျက်နှာမသာမယာနဲ့ပဲအိတ်ကပ်ထဲက

ဖိတ်စာကပ်လေးနှစ်ခုကိုထုတ်ပေးလာ၍

“မင်းကိုနောက်မှရှင်းပြမယ်နော် အဲ့တော့

စေ့စပ်ပွဲကိုတော့ဆက်ဆက်လာပေး.....

ပြီးတော့ မခါးရောနော်....."

သေချာဖိတ်သွားတာမို့ မသွားရင်

မကောင်းမည်ဆိုကာ ခါး ခေါင်းညိမ့်တော့

ထိုတိုင်းပဲထွက်သွားလေသည်။

တစ်မျိုးတော့တစ်မျိုးပဲ!! သူငယ်ချင်းတွေ

ဆိုပြီး သူနဲ့နွေသဲမာကစေ့စပ်တော့မှာပေါ့!!

ဘာတွေများလဲ??

သာမညကိုကြည့်လိုက်တော့လဲ သူလဲ

မပြောတတ်ဘူးဆိုပုံနဲ့မျက်နှာလွှဲသွား၏။

ခါးတို့နှစ်ယောက်လုံးအထဲပြန်ဝင်လာတော့

သူ့အိမ်ထဲမှာခါးအတွက်ကြောင့်ရှုပ်သွားတဲ့

အမှိုက်စတွေကို အားနာစွာတွေ့လိုက်ရတာမို့

ခါး ကောက်ရင်းသိမ်းရန်ပြင်တော့ သူက

ခါးကိုပြန်ထစေကာ လက်ထဲပါလာတဲ့

တံမြက်စည်းနဲ့ သေသေသပ်သပ်လှည်းယူ၍

“နေ သက်သာသလိုနေ ကျန်တာ

ကျွန်တော်ရှင်းလိုက်မယ်......"

“အင်း ဒါဆိုပြန်တော့မယ်နော်......"

ခါးလဲသူနဲ့နှစ်ယောက်ထဲကျန်တယ်ဆိုတဲ့

အတွေးနဲ့ အနေခက်တာမို့ မသိမသာ

လစ်ထွက်ရန်ပြင်တော့ သူကတံမြက်စည်း

တစ်ဖက်နဲ့ခါးကိုပြန်ဆွဲထားကာဖြင့်

“တကူးတကပွဲကြီးစီစဉ်ပေးထားရတာကို

ကျေးဇူးတင်စကားတောင်ပြောဖို့မရှိဘူးလား

ခါးတကယ်နေနိုင်တာပဲ.....”

ဒါလဲဟုတ်တာပဲမို့ ခါး လည်ပင်းမှာ

ချွေးစတစ်ချို့နဲ့ကပ်နေတဲ့ဆံနွယ်တွေကို

သပ်လိုက်ကာ ဒီတိုင်းပဲရပ်‌လိုက်ရလေသည်။

သူကအမှိုက်တွေသိမ်းပြီးပြန်လာတဲ့အထိ

ခါးဒီတိုင်းလေးပဲ ရပ်နေမိတော့

စိတ်ညစ်ဟန်နဲ့သူက မျက်ခုံးခြစ်ရင်းမှ

ရုတ်တရက်ခါးကိုလှမ်းဆွဲတာမို့ သူနဲ့အတူ

ခုံမှာထိုင်မိရက်သားကျသွားရလေ၏။

သူ့ပေါင်ပေါ်လက်ထောက်မိထားတာမို့

ခါး မျက်နှာပူပူနဲ့ပဲလက်ပြန်ရုတ်တော့

သူက ခါးကိုငဲ့ကြည့်ရင်းမှ

“ဘာလို့လဲ?? ကျွန်တော်တစ်ခုခု

လုပ်မှာကြောက်လို့လား??....."

“ဘာကိုကြောက်ရမှာလဲ မကြောက်ပါဘူး...."

ဟန်လုပ်ပြောနေပေမဲ့ စိတ်ထဲမှာတော့

အနည်းငယ်စိုးရွံ့နေမိတာ ခါးကိုယ်တိုင်ပဲ

သိပေလိမ့်မည်။

သာလဲ ကြောက်တာကိုအတင်းဖုံးဖိနေတဲ့

သူမကြောင့် စချင်တာမို့ မျက်နှာကို

တည်ထားကာ ဘေးနားရှိနေတဲ့သူမခါးကို

ဆွဲဖက်ချလိုက်တော့ မျက်နှာလေးက

ထားစရာနေရာမရှိအောင်ကိုပျက်ယွင်းသွားလေ၏။

“သာမည မင်းနော်....."

သူ့ကိုအရေးမပေးသေးတာတောင်

အခုလိုလက်ရဲဆက်ရဲရှိလှတာမို့ ခါး

သတိပေးသလိုမျက်နှာတည်နဲ့ပြောလိုက်ပေမဲ့

သူကတော့ ချဉ်ပြုံးပြုံးနဲ့ပဲစိုက်ကြည့်လာကာ

“ဘာလို့လဲ ခါးလဲအပျို ကျွန်တော်လဲလူပျိုလေ လူလွတ်နှစ်ယောက်အခုလိုထိတွေ့တာ

ဘာဖြစ်လို့လဲ?? ကျွန်တော်လိုက်နေတဲ့

အမျိုးသမီးကို ဒီထက်ပိုတာတွေတောင်

လုပ်ခဲ့သေးတာကို ဒါလေးကျမှစိတ်ဆိုးတာလား??....."

သူ့အပြောကြောင့် ခါးရှက်ဒေါသလေးနဲ့

သူ့လက်တွေကိုဆွဲဖြုတ်ချကာ

“မင်းကိုအဲ့တာတွေမကြိုက်တာ အမြဲတမ်း

အပြောရဲပြီး လက်ရဲဆက်ရဲနိုင်လို့

မရောချင်တာ....."

သူမကပြောလေ သာကပိုစ‌ချင်လေမို့

စိတ်တိုနေတဲ့မျက်နှာရဲရဲလေးကိုကြည့်ကာ

သာ လျှာတသပ်သပ်လုပ်လိုက်ရင်းမှ

“ဒါကိုခါးတော့အခုကျွန်တော့ကိုအရမ်း

စိတ်ဆိုးတော့မယ်ထင်တယ်....."

သာ မျက်နှာတည်တည်ပဲအသံနက်နဲ့

ပြောတော့ ခါး မျက်နှာပိုပျက်သွားကာ

ရင်ခုန်သံတွေပါမြန်လာရလေသည်။

“မင်း မင်းဘာသဘောလဲ??....”

အလွန်အမင်းကြောက်နေတဲ့မျက်ဝန်းတွေနဲ့

အသံပါတုန်နေပေမဲ့ သူမမျက်နှာကတော့

ဟန်ဆောင်ကောင်းစွာပင်မာနေဆဲ!!

သာ သူမနားပိုတိုးလိုက်ကာ မာန်ဖီနေတဲ့

ကြောင်လေးလိုဖြစ်နေတဲ့သူမမျက်နှာကို

စူးစူးရဲရဲစိုက်ကြည့်လိုက်ကာဖြင့်.....

“ဘာလို့လဲဆို ဒီညခါးကိုကျွန်တော်

အလွတ်ပေးမှာမဟုတ်တော့လို့ပဲ......"

ပြောပြီးတာနဲ့တစ်ပြိုင်နက် သာထရပ်ရင်း

အထိတ်ထိတ်အပြာပြာဖြစ်နေတဲ့သူမရဲ့

ကိုယ်လုံးလေးကိုစွေ့ခနဲပွေ့ချီတော့

ဘာဆိုတာရိပ်မိသွားဟန်သူမက အတင်းပင်

ရုန်းကန်နေတာမို့ သာသူမကျောပြင်ကိုတွန်းကာ ရှေ့တိုးလာတဲ့နှဖူးကိုအနမ်းဖွဖွခြွေ၍

“ဒီနည်းနဲ့ကျေးဇူးပြန်ဆပ်လဲရတာပဲ!!

ကျွန်တော်လက်ခံပါတယ်....."

“သာမည မင်း လွှတ်နော်....."

ပြုံးတုံ့တုံ့နဲ့သူကတော့ခါးပြောတာကို

အရေးမထားပဲ သူ့ရဲ့အိပ်ခန်းတည်နေရာကို

ဦးတည်နေတာမို့ ခါး အတင်းပင်ရုန်းကန်ရင်း

သူ့ကျောပြင်ကိုလက်သည်းနဲ့ကုတ်ပေမဲ့

သူကတော့ နာတာတောင်အပြုံးမပျက်ပဲ

ခါးကိုသူ့အခန်းထဲရောက်အောင်သွင်းဖို့

ကြိုးစားနေတာမို့ ခါး တံခါးဘောင်ကို

အားပြုကာ အထဲဝင်မရအောင်တင်းခံထားတော့ သူလဲအတင်းအထဲသွင်းဖို့ကြိုးစားရင်း

နှစ်ယောက်သားကို့ရို့ကားယားဖြစ်နေရ၏။

“စနေတာ ခါးကိုပြစရာရှိလို့....."

တကယ်ပြစရာရှိလို့သူမကိုစနေပေမဲ့

အကြောက်လွန်နေဟန်သူမကတော့

တံခါးဘောင်ကိုလက်နှစ်ဖက်နဲ့လှမ်းကုတ်ရင်း

သူ့ကိုပါရွေ့အောင်အားစိုက်နေသည်။

သူမပင်ပန်းနေမည်မို့ သာ မစတော့ပဲ

ကိုယ်လုံးလေးကိုအောက်ချပေးကာ

လက်တွေဖြေလွှတ်ပေးရင်းမှ

“ကျွန်တော်ခါးကိုတမင်......"

ပြေးစကားတောင်မဆုံးသေး ထမိန်စမရင်း

ပြေးသွားတဲ့သူမကကလေးလိုမို့

သာ ငိုရအခက်ရယ်ရအခက်ဖြစ်သွားမိ၏။

တမင်စနေတာလို့ပြောတာလေးတောင်

ဆုံးအောင်နားထောင်မသွားရှာဘူး!!

တစ်ယောက်ထဲရယ်ကျဲကျဲနဲ့ကျန်ခဲ့ရင်း

အခန်းထဲရှိနေတဲ့ သူမအတွက်ဖြစ်သော

တစ်စုံတစ်ချို့ကိုငဲ့ကြည့်မိကာ

“မင်းတို့ပိုင်ရှင်ကတော့လန့်ပြီးသွားရှာပြီ

နောက်နေ့မှပေါ့......"

ဖြစ်ပျက်သွားတဲ့သူမမျက်နှာလေးကို

ပြန်မြင်ယောင်ရင်း သာတစ်ယောက်ထဲ

သဘောတကျရယ်နေပေမဲ့ တစ်ဖက်အိမ်က

ခါးကတော့ သူ့အမူအရာကြောင့်အခုထိ

ရင်တုန်မပျက်သေးကာ ဒူးတွေပင်

ခွေကျ‌ချင်နေသည်။

ခါးသာထွက်ပြေးမလာရင် တကယ်ပဲ

သူ့သားကောင်ဖြစ်တော့မှာလား?? အမလေး!!

« ရှေ့အခန်း - အပိုင်း၂၉ နောက်အခန်း - အပိုင်း၃၁ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ