သဲတစ်ယောက်အခန်းထဲကမထွက်တာ
ရက်တော်တော်ကြာနေပြီမို့ ဒေါ်နွေမင်း
ဒီကလေးကိုစိတ်ပူသည်။
အမြဲတမ်းသူမတို့ကိုပြန်ခံပက်နေပေမဲ့
ဒီတစ်ခါတော့ သူမဟုတ်သလိုငြိမ်လွန်းတာမို့
အခြေအနေကမဟန်!!
တိတ်တဆိတ်တောင်းယူထားခဲ့တဲ့
အောင်သူဆိုသူရဲ့နံပါတ်ကိုခေါ်ရင်းမှ
ဒေါ်နွေမင်း ခြံထဲဆင်းလာခဲ့၏။
“ဟယ်လို...."
တစ်ဖက်ကအသံကရိုရိုသေသေပဲမို့
ဒေါ်နွေမင်းပြုံးလိုက်ကာဖြင့်
“သဲလေးအမေလေ ဒေါ်နွေမင်းပါ...."
“အော် အန်တီ ဘာကိစ္စရှိလို့လဲဟင်.....”
တစ်ဖက်ကလမ်းခင်းပေးနေပြီမို့ ဒေါ်နွေမင်း
တွေဝေမနေပဲနဲ့....
“သဲလေးက သားလာပြီးတဲ့နေ့ကထဲက
အခန်းထဲကနေအပြင်မထွက်ဘူး...
အန်တီတို့ချော့မော့ပြီးဖြောင့်ဖြပေမဲ့လဲ
သူတစ်ယောက်ထဲနေမယ်ပဲပြောနေတယ်ကွယ် အဲ့တာ သားကသူ့နဲ့ပိုရင်းနှီးတော့
နည်းနည်းလောက်လာပြီးဖြောင့်ဖြပေးပါလား??...."
တစ်ဖက်ကလမ်းခင်းပေးနေတာမို့
အောင်သူ့အတွက် အခွင့်အရေးကတစ်ဝက်
ရပြီဖြစ်ရာ အောင်သူ ကျေနပ်ပြုံးမျိုး
ပြုံးလိုက်မိကာဖြင့်
“ကောင်းပါပြီအန်တီ ကျွန်တော်အလုပ်ချိန်
ပြီးရင်လာခဲ့ပါမယ်....."
ဖုန်းချသွားတာနဲ့ ဒေါ်နွေမင်း
စိတ်ထဲကြိတ်တွေးထားမိတဲ့အကြံတို့ကြောင့်
သဘောတကျရယ်လိုက်မိရင်းမှ....
/////
အောင်သူရောက်လာပြီးအိမ်ထဲဝင်တာနဲ့
ဒေါ်နွေမင်း မျက်နှာလုပ်ကာအအေးတစ်ခွက်
ကမ်းလင့်ပေးကာဖြင့်
“သား လာရတာပင်ပန်းနေမှာပဲ
သောက်လိုက်ပါဦး....."
အောင်သူလဲ အမှန်တကယ်အပြေးတစ်ပိုင်း
အလုပ်တွေလက်စသတ်ခဲ့ပြီးလာရတာမို့
ပေးတဲ့အအေးကိုမငြင်းမိပဲ ယူသောက်တော့
အန်တီကနောက်ထဲဝင်သွားကာ ပြန်လာတော့
လက်ထဲမှာ ကြွေဇလုံတစ်ခုနဲ့သော့တစ်ချောင်းယူလာကာ သူ့လက်ထဲထည့်ပေး၍
“သား ဒါကသဲလေးရဲ့အခန်းသော့
ဒါထက် သူ့ကိုဒီဆန်ပြုတ်လေးဝင်အောင်
တိုက်ပေးပါနော် အားပြတ်နေတော့
အားလေးဝင်သွားအောင်လို့.....”
အရောက်ပို့နေပေမဲ့လဲ အခုချိန်သူမကို
အားပေးမဲ့လူလိုနေတာမို့ အောင်သူမငြင်းပဲ
အပေါ်တက်ခဲ့ကာ သူမအခန်းတံခါးကို
သော့ဖွင့်ရင်းဝင်တော့ အထဲမှာ ငူငူလေး
ထိုင်နေတဲ့သူမကိုမြင်လိုက်ရ၏။
“သဲ....."
ခေါ်လိုက်တော့ လှည့်ကြည့်လာပြီးမှ
ဟိုဘက်ပြန်လှည့်ကာ တိတ်ဆိတ်နေပြန်သည်။
အောင်သူ သူမနားတိုးသွားရင်းမှ
လက်ထဲပါလာတဲ့ ဆန်ပြုတ်ပန်းကန်လေးကို
သူမရှေ့ထိုးပေး၍
“အန်တီစိတ်ချမ်းသာအောင်ဆန်ပြုတ်လေး
သောက်လိုက်ပါဦးလား??...."
“မသောက်ချင်ဘူး....."
သဲပုံကရန်လိုနေတာမဟုတ်ပဲ တစ်ခုခုကို
စိတ်ပိုင်းဖြတ်နေဟန် အေးဆေးတည်ငြိမ်
နေတာမို့ ဒီအခြေအနေတော့လေပြေအေး
သွင်းလို့ရမည်ထင်ကာ အောင်သူ
သူမဘေးဝင်ထိုင်၍ ဆန်ပြုတ်ကို
တစ်ဇွန်းခပ်လိုက်ကာဖြင့်
“ဒါလေးတော့သောက်လိုက်ဦးနော်
သဲအခုနေ စိတ်ညစ်နေမယ်ဆိုတာသိပေမဲ့
အခုလိုလုပ်တာ ကိုယ့်ကိုကိုယ်
ညှင်းဆဲနေသလိုပဲ အဲ့တော့ စိတ်ညစ်ခံမယ်
ဆိုရင်တောင်ကိုယ့်ဟာကိုယ်အားဖြည့်ပြီးမှ
စိတ်ညစ်ခံတာပိုကောင်းမယ်မထင်ဘူးလား??....”
လေပြေအေးနဲ့ချော့မော့နေပေမဲ့လဲ
သူမက တစ်ဖက်ကိုပိုမိုစောင်းငဲ့သွားတာမို့
အောင်သူ သက်ပြင်းသာချလိုက်မိရင်းမှ
“သဲ......"
“ငါအခုအေးဆေးနေချင်တယ်အောင်သူရာ
နင့်အိမ်နင်ပြန်ပါတော့.....”
“အဲ့လိုမလုပ်နဲ့လေ စိတ်ညစ်တယ်ဆိုရင်တောင် ကိုယ့်ကိုတကူးတကလာကြည့်တဲ့
လူကိုတော့နည်းနည်း လေးစားပေးအုံးမှပေါ့....အလုပ်မအားတဲ့ကြားကသဲကို
တွေ့ချင်လွန်းလို့ ငယ်သံယောဇဉ်တွေကို
ထောက်မပြီးလာခဲ့တာ.....ဒါကြောင့်
နည်းနည်းလောက်ပဲဖြစ်ဖြစ်ဆန်ပြုတ်လေးသောက်လိုက်ပါဦးလား??"
သာ့အတွက်ကြောင့်ဒီလိုဖြစ်နေတာသိပေမဲ့
တစ်ဖက်သတ်ချစ်နေသူက သူဖြစ်နေတာမို့
အောင်သူ မနာနိုင်ပဲချော့မော့ရင်းတိုက်တော့
သူမက မအီမလည်နဲ့ပန်းကန်ယူသောက်၏။
“တော်လိုက်တာသဲလေးက....”
ကလေးငယ်လိုခေါင်းပုတ်ရင်းပြောတာမို့
သဲ ငေးငိုင်ငိုင်လေးဖြစ်သွားတော့
အောင်သူကဆန်ပြုတ်ပန်းကန်ဘေးထားကာ
သူမဘက်ကိုပိုမိုလှည့်လိုက်၍
ထူးထူးဆန်းဆန်းသမ်းလိုက်မိလျက်ကမှ
“ဟိုတစ်နေ့ကကိုယ်ပြောခဲ့တာကို
ဘယ်လိုထင်လဲဟင်....."
“ဘာကိုလဲ??...."
သိလျက်နဲ့မေးတော့အောင်သူ မသိမသာ
မျက်နှာပျက်သွားရင်းမှ သဲလက်ကို
ဆုပ်ကိုင်ကာဖြင့်
“ကိုယ့်ကိုစဉ်းစားပေးခိုင်းတာလေ
ဘယ်လိုလဲ နည်းနည်းလေးတော့
နေရာပေးမယ်မလား??....ဝှါါးးးးး"
စကားပြောနေရင်းနဲ့ကိုလူက ငိုက်ချင်၏။
သမ်းလိုက်မိပြန်တော့သဲက သူ့ကို
စိတ်ညစ်ညစ်ကြည့်လာကာ
“အဲ့ကိစ္စမစဉ်းစားချင်သေးဘူးအောင်သူ
ငါအခုနေဘယ်လိုခံစားနေရလဲနင်သိမှာပါ...."
“သိပါတယ် ကိုယ်သိတယ် သဲရဲ့စိတ်ထဲ
အခုနေဘယ်လိုဖြစ်နေမယ်မှန်းကိုသိတယ်
ဒါပေမဲ့ သဲနောက်မှာကိုယ်တစ်ယောက်လုံး
ရှိနေတယ်ဆိုတာကိုသိစေချင်တာပါ....."
“အဲ့အတွက်ကတော့ခက်ခဲအုံးမယ်
ဘာလို့ဆို သာ့ကိုငါတကယ်ချစ်....."
ဆတ်ခနဲဆွဲဖက်လိုက်တဲ့အောင်သူ့ကြောင့်
သဲ ရပ်တန့်သွားရတော့အောင်သူက
အကြာကြီးနေပြီးမှသက်ပြင်းချကာ
“သိပါတယ် အဲ့တာကြောင့်ဆက်မပြောနဲ့
ဒီတိုင်းလေးနေလိုက်တာက ကိုယ့်အတွက်
နည်းနည်းအဆင်ပြေနိုင်သေးတယ်.....”
သူ့အပြောကြောင့် သဲ တိတ်သွားရရင်း
စိတ်ထဲထူးထူးဆန်းဆန်းအိပ်ချင်လာတာမို့
သမ်းမိလေသည်။
နှစ်ယောက်သားအကြာကြီးဒီတိုင်းနေရင်း
မကြာခင်ပြလာတော့မဲ့ အိပ်ဆေးတွေရဲ့
အစွမ်းကိုမသိကြပေ!!!
တံခါးဝနားကချောင်းကြည့်နေတဲ့
ဒေါ်နွေမင်း နှစ်ယောက်သားတဖြေးဖြေး
အိပ်ယာပေါ်လဲသွားတဲ့အထိ ပြုံးပြုံးကြီး
ကြည့်နေမိလေ၏။
အန်တီ့ကိုခွင့်လွှတ်ပါ မောင်အောင်သူ!!
🏠🏠🏠🏠
“ပြောတော့စိတ်မဝင်စားဘူးဆို....."
“အမလေး ဂလွမ်းဂလွမ်း......"
ရှိမယ်ထင်ထားတာတွေမတွေ့တာမို့
ဖုန်းကိုအလိုမကျသလို သဲကြီးမဲကြီး
ရှာဖွေနေတုန်း နားနားကပ်ပြောတဲ့သူ့ကြောင့်
ခါး ရင်တုန်ကာလန့်အော်မိခြင်းနဲ့အတူ
လက်ထဲက ပန်းကန်နှစ်ချပ်ကလဲ
ပြစ်စလတ်ခတ်လွတ်ကျတာမို့
ကျယ်လောင်စွာမြည်သံတွေအပြင်
သူ့ရဲ့ရယ်သံသဲ့သဲ့ကိုပါ
တစ်ဆက်တည်းကြားလိုက်ရတဲ့အခါမှာ
ခါးတစ်ကိုယ်လုံးပူထူကာ ရှက်ရွံ့သွားရလျက်.....။
သူ့ကိုလဲလှည့်မကြည့်ရဲပဲနဲ့ ဒီတိုင်းပဲ
တောင့်တောင့်လေးနေနေမိတော့ သူက
ရယ်ချင်တာကိုထိန်းထားသလို ခစ်ခနဲ
အသံထွက်သွားရင်းမှအောက်ကျနေတဲ့
ပန်းကန်နှစ်ချပ်ကိုကောက်ယူလေ၏။
ခါး ဒီတိုင်းလဲမဖြစ်သည်မို့သူ့ကိုကြည့်မိတော့
သူက ခါးကိုမချိုမချဉ်စိုက်ကြည့်နေတဲ့အခါ
ခါး မျက်နှာလေးကိုဟန်ဆောင်မာထားရရင်း
“ဟို တမင်ဖွင့်တာမဟုတ်ဘူး ဒို့ဖုန်း....."
“ဘာလဲ ဒို့ဖုန်းအောင့်မေ့လို့လို့ပြောဦးမလို့လား?? ဒါဆိုပြပါဦး ခါးဖုန်းနဲ့
ကျွန်တော့ဖုန်းဘယ်လောက်အထိတူလို့များ
ဒီလိုခဏခဏမှားနေရတာလဲဆိုတာ....”
တမင်ညစ်နေမှန်းသိတာမို့ ခါးမလုံမလဲ
လေးနဲ့ပဲ လည်ပင်းပွတ်မိကာဖြင့်
“ဟို ဖုန်းကအခုနေဘယ်နားထားမိမှန်း
မသိဘူး အဲ့တာကြောင့်ဒီနားမှာနီးနီးနားနား
တွေ့တာနဲ့ဒို့ဖုန်းထင်ပြီးဖွင့် ဟင်......"
စကားမဆုံးသေး အနားကထွက်သွားတာမို့
ခါး တစ်ကိုယ်ထဲပူထူရှက်ရွံ့စွာနဲ့ ဘာလုပ်လို့
လုပ်ရမှန်းမသိဖြစ်နေတုန်း သူကအနား
ပြန်ရောက်လာကာ လက်ထဲပါလာတဲ့ဖုန်းကို
ခါးရှေ့ထောင်ပြ၍
“ဒါ ခါးဖုန်းမလား တိုင်းကြည့်ရအောင်....."
ဘေးနားရှိနေတဲ့သူ့ဖုန်းနဲ့ယူပြီး အလျားအနံ
တိုင်းကြည့်လိုက်တော့ ဘယ်လိုကြည့်ကြည့်
မှားစရာမရှိအောင်ကိုသူ့ဖုန်းကပိုကြီးပြီး
အလျားလဲပိုရှည်၏။
cover လဲတစ်ရောင်စီပဲမို့ ခါးပိုပြီးအနေခက်သွားတော့သူက ဖုန်းနှစ်ခုလုံးကိုပြန်ချလိုက်၍
“အေးပေါ့လေ လူပဲတစ်ခါတစ်လေတော့
မှားမှာပဲလေ ခါးလဲအမြင်မှားတာနေမှာပေ့ါ...ကျွန်တော်နားလည်ပါတယ်..."
သူဖြည့်ပြောသွားတာက ပိုဆိုးတာမို့
လျှာရှည်တဲ့ကိုယ့်ကိုကိုယ်သာရိုက်သတ်ချင်စိတ်တဖွားဖွားဖြစ်ရင်းမှ ခါး စားပွဲမှာ
မအီမသာဝင်ထိုင်တော့ သူကထမင်းခူး၍
ပန်းကန်ကိုရှေ့ချပေးလေသည်။
သူလဲထမင်းထည့်ရင်းစားနေတာမို့
ခါး ဘာစကားမှမဆိုမိပဲစားတော့ နှစ်ယောက်သားအသက်ရှုသံတွေသာ အပြန်အလှန်
ကြားနေရလေ၏။
“ခါးကျွန်တော့ကိုတစ်ခုခုစိတ်ခုနေတာ
ရှိလို့လား??....."
“မရှိပါဘူး....."
“ဒါဆို တစ်လကျော်လောက်ပျောက်သွားတာ
အတွက်ရော သီးသန့်မေးခွန်းမရှိဘူးလား?...."
ကိုယ်ကသာမျှော်လင့်တကြီးမေးပေမဲ့
သူမက အကြာကြီးတိတ်ဆိတ်သွားပြီးမှ
“အဲ့လိုလဲမရှိဘူး.....”
အခုထိစိတ်ထဲမဖြေနိုင်သေးတာမို့
အနေခက်ခက်နဲ့ပဲ ခါးစားပြီးတော့
သူ့ကိုမစောင့်ပဲနဲ့ မီးဖိုချောင်ထဲကိုအရင်
ဝင်လာခဲ့၏။
ပန်းကန်ဆေးနေရင်းမှ ရှေ့မကြည့်နောက်မကြည့် သူ့ဖုန်းကိုကိုင်မိတဲ့ကိုယ့်ကိုကိုယ်သာ
ပြန်တွေးရင်းစိတ်တိုသည်။
ဘာမို့လို့များသူ့ဖုန်းကိုအဲ့လောက်ထိ
ခါးစိတ်ထဲ အာရုံစိုက်မိနေတာလဲ???
ဟူးခနဲသက်ပြင်းချရင်းမှ ခါး လက်က
ရေစက်တွေခါကာ ရေအိုးစင်က
ရေသောက်နေတုန်း သူအနောက်ကို
ဝင်လာတာမို့ခါး ရေကိုမြန်မြန်မြိုချရင်း
အရှေ့ထွက်လာခဲ့၏။
အရှေ့မှာရှိနေတဲ့ခါးဖုန်းကိုသွားယူရင်း
စိတ်မသက်မသာနဲ့ပဲ အခန်းထဲဝင်တော့
အနောက်ကနေလိုက်ဝင်လာတဲ့သူ့ကို
ခါး သတိမထားမိပေ!!
တံခါးပိတ်လော့ချပြီး ဟူးခနဲသက်ပြင်းချရင်း ဒီဘက်အလှည့်ခါးကိုစိုက်ကြည့်နေတဲ့
သူ့ကိုမြင်လိုက်ရတာမို့ လူကဒိန်းခနဲ
ဖြစ်သွားရသည်။
သူဘယ်လိုလုပ်အထဲရောက်နေတာလဲ??
ခါး သူ့ကိုရှက်ရွံ့နေဆဲမို့ ဟင်းခနဲ
ကျစ်သပ်ရင်း အပြင်ပြန်ထွက်ရန်ပြင်တော့
သူကခါးလက်ကိုဆွဲထားကာ ကုတင်နား
ဆွဲခေါ်လာ၍ ထိုင်စေတာမို့ ခါးအပြစ်လုပ်ထားသူတစ်ယောက်လိုငြိမ်နေမိ၏။
သူကအနားမှာဝင်ထိုင်ပေမဲ့လဲအခုနေ
သူ့ကိုမောင်းထုတ်ဖို့တောင်အားမရှိတာမို့
ခါး တိတ်နေမိတော့ သူကခါးလက်လေးကို
ဆုပ်ကိုင်ရင်းမှ
“ကျွန်တော့ကိုတစိမ်းလို့သဘောမထားပဲ
ခါးသိချင်တာကိုပွင့်ပွင့်လင်းလင်းမေးလို့ရပါတယ်...."
“ဘာမှမသိချင်ပါဘူး...."
သူမဒါပဲပြောလာမယ်သိတာမို့ သာ
ကျစ်သပ်လိုက်ရင်းမှ
“ခါးကျွန်တော့ဖုန်းကိုယူယူကြည့်နေတာ
ကျွန်တော်သိပါတယ် မနက်ကလဲကြည့်တယ်
အခုလဲဖွင့်ကြည့်လိုက်တယ်လေ
ခါးဘာသိချင်လို့လဲ
ဖုန်းထဲမှာလောက်ကတော့အသာလေးမို့
ခါးသိချင်ရင် ကျွန်တော်အကုန်ပြောပြမှာပါ...."
သာ့စိတ်ထဲမှာတော့ သူမကသူ့ကို
လူရှုပ်ထင်ပြီးဖုန်းစစ်တယ်ထင်တာမို့
ပြောလိုက်တော့ သူမကမျက်နှာလွှဲသွားရင်းမှ
“မလိုပါဘူး....ဘာမှမသိချင်ဘူး....."
“မသိချင်လို့မရဘူးလေ ကျွန်တော်ကခါးရဲ့
သက်ဆိုင်သူပဲကို....."
“အို ဘယ်သူကမင်းကိုဒို့ရဲ့သက်ဆိုင်သူလို့
သဘောတူထားလို့လဲ?.....”
“အခုပဲလေ....."
ချဉ်ပြုံးပြုံးပြောရင်းမှ ခါးကိုဆွဲဖက်၍
အနမ်းခြွေလာတာမို့ ရင်ခုန်သံတွေမြန်ရင်း
သူ့ကိုတွန်းထုတ်နေမိ၏။
မဖြစ်ဘူး ခါးသူနဲ့ဒီလိုလုပ်လို့မဖြစ်ဘူး!!
အတွေးတွေနဲ့အတူ ရင်ဘတ်ကိုထုရိုက်ရင်း
ရုန်းကန်နေတဲ့အခါ ခါးရဲ့လက်တွေကို
ဆွဲယူလိုက်တဲ့သူက ခါးကိုလှုပ်မရအောင်
သူနဲ့ခန္ဓာကိုယ်ချင်းပိုကပ်လိုက်သည်။
သူ့ရဲ့အသက်ရှုသံပြင်းပြင်းက ခါးအပေါ်
ဘယ်လောက်မက်မောတယ်ဆိုတာ
သိရတာမို့ မိန်းမသားတစ်ယောက်ရဲ့အသိအရ
ရှေ့ဆက်ဖြစ်လာမဲ့အရာတွေကိုကြိုမြင်ကာ
သူ့ကိုအမိအရရုန်းနေမိ၏။
တွန်းထိုးရုန်းကန်နေတာမို့ လွတ်တစ်ချက်
ကပ်တစ်ချက်ဖြစ်နေတဲ့ခါးရဲ့နှုတ်ခမ်းတွေကို ခပ်နက်နက်စိုက်ကြည့်ရင်း ခါးရဲ့
မျက်ဝန်းတွေထဲကြည့်လာတာမို့
အရှက်သည်းနေတဲ့ ခါး နှုတ်ခမ်းနှစ်လွှာကို
မသိမသာဖိညှစ်ရင်း သူ့ကိုမျက်နှာလွှဲလျက်
ထရပ်ရန်ပြင်လိုက်သည်။
သို့ပေမဲ့လက်ကောက်ဝတ်ကိုဖျက်ခနဲ
ဆွဲချလိုက်တဲ့သူ့ကြောင့် ပြန်ပြီးတော့
ထိုင်ရက်ကျသွားရပေမဲ့ ကုတင်ပေါ်ကို
မဟုတ်ပဲ သူ့ပေါင်ပေါ်ကိုဖြစ်လေ၏။
သူကခါးကိုကလေးတစ်ယောက်လိုပွေ့ရင်း
လည်တိုင်ကိုထိန်းကိုင်ထားတာမို့ တစ်ကိုယ်လုံးသူ့ပေါ်မှာဖြစ်ကာ ခါးရဲ့အရှက်သိပ်သည်းလွှာက ပေါက်ထွက်သွားလေသည်။
အနေအထားကိုရှက်လွန်းလို့ မျက်ရည်တွေ
ဝဲမတတ်ဖြစ်မိပေမဲ့ သူကခါးဖြစ်နေတဲ့ပုံကို
သဘောကျသလို တွန့်ရယ်ရင်းမှ ဇက်ပိုးကို
ဆွဲနှိမ့်ချ၍ ပူနွေးနေတဲ့နှုတ်ခမ်းနှစ်လွှာကြား
ပြန်လည်ဝင်ရောက်လာ၏။
လက်နှစ်ဖက်ကိုသူ့လက်တစ်ဖက်ထဲနဲ့
ပူးကပ်ချုပ်ထားတာမို့ ခါးကတစ်ကိုယ်လုံး
သူ့လက်ထဲမှာလှုပ်မရ!!
တဖြေးဖြေးပြင်းထန်လာတဲ့အနမ်းကြမ်းတွေနဲ့အတူ တစ်ချက်တစ်ချက်လှုပ်ရှားလာတဲ့
သူ့ရဲ့လျှာကိုသတိထားမိလိုက်တာမို့
ခါး ရင်ထဲတစ်မျိုးခံစားလိုက်ရသည်။
ဒါ့ထက်ပိုဆိုးတာက အောက်ဘက်ရပ်ဝန်းဆီကနေ နိုးနိုးကြားကြားဖြစ်လာပြီဖြစ်တဲ့
သူ့ရဲ့အဓိကကိုလဲ ပီပီသသခံစားမိနေတာမို့
ခါး မျက်ဝန်းထဲမီးတွေပွင့်ကုန်ကာ
သူ့နှုတ်ခမ်းကိုဖိကိုက်ချလိုက်ရင်းမှ
နာသွားလို့လက်တွေလျော့သွားချိန်မှာ
ခါး သူ့ပေါင်ပေါ်ကနေဆတ်ခနဲထ၍
ဘေးကိုထွက်ရပ်လိုက်မိ၏။
“နှာဘူးကောင်.....”
သာလဲ သူမကြောင့်သွေးစတစ်ချို့ပေသွားတဲ့
နှုတ်ခမ်းကို ပွတ်သုပ်ရင်းမှ သူမအကြည့်တစ်ချို့ဝေ့ဝဲလာတဲ့နေရာကို သူ့ဘာသူ
ငုံ့ကြည့်ရင်းလျက် သူမကိုပြန်ကြည့်၍
ဟန်ပါပါရယ်လိုက်မိလေသည်။
သာ လက်နှစ်ဖက်ကိုနောက်ပြစ်မှီရင်းမှ
ခြေထောက်နှစ်ခုကိုခြားလိုက်ကာ
နိုးထလာပြီဖြစ်တဲ့ သူ့ရဲ့ကိုယ်ပွားကို
မျက်စပြစ်ပြလိုက်ကာဖြင့်
“ခါးကိုတောင့်တနေပြီ ဘယ်လိုလုပ်မလဲ??...."
ဘာပြောလို့ပြောရမှန်းမသိအောင်ကို
ခါးစွံ့အသွားရ၏။
တစ်လကျော်လောက်ပျောက်သွားချိန်
သူဟာ ရဲတင်းမှုတွေကိုသင်လာတာလား??
အရှက်အကြောက်တွေခေါက်သိမ်းပြီး
ပါးစပ်ရဲဆေးတွေများတင်လာတာလား??
အတွေးတို့နဲ့အတူ ခါး မျက်နှာတစ်ပြင်လုံး
ပူနွေးစပ်ဖျဉ်းနေရင်းမှ အရှက်သည်းစွာ
အခန်းထဲကနေ ပြေးထွက်လာခဲ့သည်။
သာလဲ ကျန်ခဲ့ရင်းမှ သူမအငွေ့အသက်တွေ
ရှိနေသေးတဲ့ သူ့ကိုယ်သူနဲ့အတူ အဓိကနေရာကိုကြည့်ရင်း သဘောတကျရယ်မိ၏။
“မင်းအခုတော့ ကိုယ့်ပိုင်ရှင်ကိုယ်
တွေ့သွားပြီပေါ့ငါ့ကောင် ဟုတ်လား??.....
ဟွန်းဟွန်း....”
စကားပြန်မပြောပေမဲ့လဲ သာတစ်ယောက်
အဲ့ကောင်အကြောင်းကောင်းကောင်းသိ၏။
ဒါ...သူပါခါးကိုသဘောတွေ့သွားတာ!!
အခန်းမှတ်ချက်များ (0)