အဝတ်ဝတ်ပြီးပေမဲ့လဲအစောကအကြောင်း
ပြန်တွေးမိတာနဲ့ကို လူကပူထူနေတာမို့
ရေစိုဆံပင်တွေကိုသာ အားရှိပါးရှိ
ဆွဲနေမိလေ၏။
ထမိန်ကလဲအဲ့အချိန်မှလျော့ရသလား??
တော်သေးတယ် ခါးလက်မြန်လို့!!
မဟုတ်ရင် အမလေး မတွေးရဲစရာ!
ပြောသလောက်ပေါ်မသွားပေမဲ့လဲ
အဓိကနေရာဖုံးရုံလောက်လေးပဲ
အခြေအနေဆိုးသွားတာမို့ ခါး
တွေးမိတိုင်း ပူထူရှက်ရွံ့စိတ်ကပဲမပျောက်ကာ မျက်ရည်ပါဝဲလာရသည်။
အရှက်အကြောက်ကြီးသူမို့ အခုလို
ယောင်္ကျားတစ်ယောက်ရှေ့ အရှက်သိက္ခာ
ပဲ့သွားရတဲ့အခြေအနေမှာခါးဟာ
အပြင်တောင်မထွက်ချင်!!
မထွက်ရဲတာဆိုပိုမှန်ပေမည်။
ပြီးတော့ သူဖြစ်နေကာမှ!!
တကယ်ဆို စတွေ့တွေ့ချင်းခါးရင်ထဲ
ဝမ်းသာသွားသလို တဆက်တည်းလဲ
တဒိန်းဒိန်းခုန်လာတဲ့နှလုံးသားကြောင့်
သတိလက်လွတ်နဲ့ လက်ထဲကပစ္စည်းတွေတောင် သူ့ရှေ့မှာတွေဝေခြင်းမရှိ
ပြစ်ချမိခဲ့သေး၏။
တစ်လလောက်ဆိုပေမဲ့ တကယ်တမ်း
ပြန်တွေ့ရချိန်မှာ သူနဲ့ခွဲရတာတစ်နှစ်လောက်
ရှိနေသလိုခံစားရတာမို့ ကိုယ့်ကိုကိုယ်တောင်
အံ့ဩသွားရလေသည်။
ခါး ခါးစိတ်တွေဘယ်လိူဖြစ်တာလဲ??
သာမညအပေါ်ပြောင်းလဲနေတာများလား??
“အို မဖြစ်နိုင်ပါဘူး....."
ကိုယ့်ကိုကိုယ်သတိပေးရင်းမှ တဂွီဂွီ
မြည်လာတဲ့ဗိုက်ကြောင့် ငုံ့ကြည့်ရင်း
ခါးစိတ်ညစ်ရလေ၏။
ဒီအချိန်မှဗိုက်ဆာရလားဟ??
“ခါး ....."
တံခါးလာခေါက်ရင်းခါးအမည်ကို
ခေါ်လိုက်တာမို့ ဒီလိုခေါ်သံမကြားရတာကြာတဲ့ခါးအဖို့ ဒိန်းခနဲဖြစ်ကာ တစ်ကိုယ်လုံး
ကတုန်ကယင်ဖြစ်လာရပြန်သည်။
“ခါး နင့်ကိုယ်နင်ထိန်းစမ်း....နင်ဘာဖြစ်နေတာလဲ??...."
ကိုယ့်ကိုကိုယ်သတိပေးပေမဲ့လဲ တဒိန်းဒိန်း
ခုန်ပေါက်နေတဲ့နှလုံးသားနဲ့အတူ
အခန်းတွင်းအပူချိန်မြင့်တက်လာသလို
ခါးရဲ့နှဖူးနဲ့လည်တိုင်တစ်လျှောက်မှာ
ချွေးစတွေသိပ်သည်းလာရလေ၏။
“ခါး ခါးအဆင်ပြေရဲ့လား??....."
တံခါးထပ်ခေါက်ရင်းမှ ခေါ်လာတာမို့
ခါး တုန်ယင်ချင်နေတဲ့အသံကိုထိန်းကာ
“ဘာကိစ္စ ဟင်....."
အသံမအက်အောင် သေချာကြိုးစားရင်း
တည်ငြိမ်ပြီဆိုမှ ခါးလှမ်းပြောတော့
စကားတောင်မဆုံးသေးအထဲကိုစိုးရိမ်တကြီး
လှမ်းဝင်လာတဲ့သူ့ကြောင့် ပြေးပေါက်ပိတ်သွားတဲ့ယုန်လေးလို ခါး ထရပ်မိရင်းမှ
ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည်။
သေစမ်း!! ခါးတံခါးကိုလော့မချထားမိတာပဲ!
“အဆင်ပြေရဲ့လား??...."
သူကတော့သူ့ပုံစံအတိုင်းမပြောင်းမလဲပဲနဲ့
ရဲရဲတင်းတင်းပင် ခါးရပ်နေတဲ့ကုတင်နားကို
တိုးလာကာ ချွေးစတွေဝေ့သီနေတဲ့မျက်နှာလေးကိုသူ့လက်နှစ်ဖက်နဲ့ညှပ်ကိုင်လျက်ဖြင့်
“ချွေးတွေအရမ်းထွက်နေတယ်....."
“ဖယ်ပါ မကိုင်နဲ့....."
ပိုမိုမြန်ဆန်လာတဲ့ရင်ခုန်သံတွေဟာ
အနီးကပ်မြင်လိုက်ရတဲ့သူ့မျက်နှာ၊သူ့အသံနဲ့အတူ နီးနီးကပ်ကပ်ရနေတဲ့သူ့ရဲ့
ကိုယ်သင်းနံ့ကြောင့်မို့ ခါးသူ့လက်တွေကို
ဖြုတ်ချကာဖြင့် နောက်ကိုခြေလှမ်းဆုတ်တော့ သူကဒီတိုင်းပဲငြိမ်သွားရင်းမှ
ရယ်သံသဲ့သဲ့နဲ့ခါးကိုယ်လုံးလေးကို
ရုတ်တရက်ဆွဲဖက်လိုက်တာမို့ တစ်ကိုယ်လုံး
တောင့်တင်းသွားရလေ၏။
သာ သင်းပျံ့နေတဲ့သူမရဲ့ကိုယ်နံ့နဲ့အတူ
အခုမှလျှော်ထားပြီးတဲ့စိုသဲ့သဲ့ဆံကေသာက
ရှန်ပူနံ့မွှေးမွှေးကိုရှုရှိုက်ကာဖြင့် နီးနီးလေး
ရှိနေတဲ့ချွေးစတင်နေသောသူမရဲ့နားထင်ကို
ဖွဖွလေးနမ်းလိုက်မိလျက်ကမှ
“ခါးရဲ့ငြင်းဆန်သံလေးတွေနဲ့
ဒီလိုလေးလုပ်ရဖို့ကိုတစ်လလောက်
စောင့်လိုက်ရတာဗျာ.....ဒီအတောအတွင်း
ကျွန်တော်ဘယ်လောက်တောင်မှခါးကို
လွမ်းနေရလဲဆိုတာ ခါးသိရဲ့လား??...."
ပိုတင်းတင်းဖိဖက်လာတာမို့ ခါးက
သူ့ခန္ဓာကိုယ်တောင့်တောင့်ကြီးကြားမှာ
စိစိညက်ညက်ကျေတော့မတတ်!!
မသိရင်ပဲအရမ်းချစ်ခဲ့ကြတဲ့ချစ်သူတွေ
ဖြစ်ခဲ့ပြီးမှ ခွဲခွာရသလိုဖြစ်နေတာမို့
အတင်းအလွမ်းသယ်နေတဲ့သူ့ခန္ဓာကိုယ်ကြား
ရင်ခုန်သံတွေမြန်လာတဲ့ကိုယ့်ကိုကိုယ်
ပိုစိုးရိမ်မိတဲ့အခါ ခါးသူ့လက်တွေကို
အတင်းရုန်းဖယ်လျက် ဘေးထွက်ရပ်၍
“မင်းနဲ့ဒို့ကဘာမှမဆိုင်ဘူးသာမည....
ပြီးတော့မင်းက စေ့စပ်ထားတဲ့လူတစ်ယောက်
အဲ့တာကိုဒို့နဲ့ဒီလို ရှုပ်ရှုပ်ရှက်ရှက်တွေ
လာမလုပ်ပါနဲ့ ဒို့မကြိုက်သလို
ဒို့သိက္ခာကိုလဲစော်ကားရာကျတယ်.....”
တဒို့ဒို့နဲ့ ဘဲပေါက်လေးလိုနှုတ်ခမ်း
တစ်ထော်ထော်ဖြစ်နေတဲ့သူမကြောင့်
သာ ပြုံးလိုက်ရင်းမှ ဖုန်းထုတ်ကာ
ရိုက်ယူထားတဲ့ဓာတ်ပုံတွေကိုသူမရှေ့
မြင်သာအောင်တွန်းရွှေ့ပြတော့
မျက်နှာလေးကတစ်မျိုးတော့အရောင်
ပြောင်းသွားလေ၏။
“ဒို့ကိုအဲ့တာလာပြတော့ဘာလုပ်ရမှာလဲ??...."
ရှက်ကိုးရှက်ကန်းနဲ့ဖြစ်သွားတာမို့
လွှဲဖယ်သွားတဲ့သူမမျက်ဝန်းတွေထဲ
တည့်တည့်လိုက်စိုက်ကြည့်ကာ
“စေ့စပ်ပွဲဖျက်လိုက်တာကိုပြတာလေ.....
ဒါဆိုကျွန်တော်ကစေ့စပ်ထားတဲ့လူ
မဟုတ်တော့ဘူးဆိုတဲ့သဘောပေါ့....
အခု ကျွန်တော်ကလူလွတ်တစ်ယောက်
ဖြစ်သွားပြီမို့ ဒီလောက်ဆိုရင်တော့ ခါးနဲ့
ရှုပ်ရှုပ်ရှက်ရှက်ကိစ္စတွေလုပ်လို့ရတယ်မလား??...."
“အို အဲ့လိုဆိုတောင်.....အွန့်.....”
သူဘာပြောချင်လဲဆိုတာရိပ်မိလိုက်ပြီမို့
ခါး အလန့်တကြားနဲ့သူ့နားကနေခြေလှမ်း
ရွှေ့ရင်းပြောတော့ ဖုန်းကိုမွေ့ယာပေါ်
ပြစ်တင်လိုက်တဲ့သူက ခါးဆီကိုဦးတည်လာကာ ဦးခေါင်းကိုထိန်းကိုင်ထားရင်းမှ
အနည်းငယ်အေးစက်စက်ဖြစ်နေသေးတဲ့
ခါးရဲ့နှုတ်ခမ်းတွေကိုစုပ်နမ်းလာလေသည်။
သူ့ရဲ့စကားအတိုင်းနောက်တစ်ကြိမ်
ရှိလာရင်တော့ ဒီတိုင်းထိကပ်ရုံနဲ့ပဲ
ပြီးမသွားဘူးဆိုတာ သူ့လုပ်ရပ်တွေက
သက်သေပင်ဖြစ်၏။
သို့ပေမဲ့လူငယ်ပီပီကျွမ်းကျင်တဲ့သူက
တဖြေးဖြေးနဲ့မြန်ဆန်လာသလို
အနမ်းတွေက နက်နဲလာတာမို့
အတွေးနဲ့တောင် လိုက်မမှီတော့တဲ့,ခါး
အသက်ရှုပင်ကျပ်လာရလေသည်။
အခုချိန် ဒူးတွေညွတ်ကျချင်နေပြီမို့
ခါး ဦးခေါင်းတစ်ခုလုံးကိုချုပ်ကိုင်ထားတဲ့
သူ့လက်တွေကိုဖယ်ရှားနေပေမဲ့ ခါးရဲ့အားက
သူဆော့နေကျဝိတ်တုန်းတွေလောက်
အားမပါဘူးထင်ပါရဲ့!!
နည်းနည်းတောင်မရွေ့.....၊
သည်းကြီးမည်းကြီးရွာချနေတဲ့မိုးလို
တစ်စက္ကန့်တောင်လစ်ဟင်းမှုမရှိအောင်
စွမ်းဆောင်နေတဲ့သူ့နှုတ်ခမ်းတွေက
ခါးရဲ့တုန်ယင်နေမှုကိုများ သဘောတွေ့နေသလား??
လက်တွေရဲ့အားကမဖြစ်တော့ပြီမို့
သတိကပ်ရင်းမှ သူ့ရဲ့ခြေထောက်ကို
အားနဲ့တက်နင်းလိုက်တော့ ခဏလေးသာ
တွန့်သွားပေမဲ့ ခါးရဲ့နှုတ်ခမ်းကြား
ပြန်လည်ဝင်ရောက်လာရင်းမှ တစ်ဖန်
နမ်းရှိုက်နေပေမဲ့ အစောကလိုတော့
သည်းသည်းမဲမဲမဟုတ်ပဲ အရှိန်လျော့ကာ
ခြေလှမ်းရွှေ့လိုက်တဲ့သူက ခါးကို
တဖြေးဖြေးနဲ့နံရံမှာကျောကပ်အောင်
စွမ်းဆောင်လိုက်လေ၏။
တစ်ချက်တစ်ချက်လွတ်ထွက်သွားချင်တဲ့
စိတ်တို့ကြောင့် အသိနဲ့သတိအမြန်ကပ်ကာ
သူ့လက်တွေကိုရသလောက်ရုန်းနေပေမဲ့
မတွေ့ရတဲ့အချိန်တွေအတွင်းအလွမ်းချနေတဲ့
သူကနည်းနည်းတောင်မတွန့်ဆုတ်!!
အခုနေ သူနဲ့ကိုယ့်ရဲ့အနေအထားကို
ပြန်ပြီးသတိရလိုက်သည်မို့ ခါး
မျက်နှာကိုရသလောက်လွှဲထားရင်းမှ
သူ့တစ်ကိုယ်လုံးကိုအားနဲ့တွန်းထုတ်လိုက်လျက်
“မင်း အတင့်ရဲလှချည်လား??...."
စိုစွတ်သွားတဲ့သူ့နှုတ်ခမ်းသူသုတ်နေသလို
အနည်းငယ် ဖူးယောင်သွားသယောင်
ဖြစ်သွားတဲ့ခါးရဲ့နှုတ်ခမ်းကိုလဲလက်မနဲ့
ပွတ်ဆွဲသုတ်ပေးလိုက်ရင်းမှ
“ချစ်လို့နမ်းတာလေဗျာ....ကလေးတွေကိုလဲ
ချစ်ရင်နမ်းကြတာပဲမဟုတ်ဘူးလား??..."
ကလေးနဲ့ဥပမာ လာနှိုင်းနေတာမို့
ခါး သူ့ကိုခပ်မာမာကြည့်လိုက်ကာဖြင့်
“ကလေးနဲ့နှိုင်းရအောင်ဒို့က ကလေးလား??
မင်းအမြင်မှာ ဒို့ကိုမင်းထက်အငယ်လို့ထင်ပြီး
မလေးမစားဆက်ဆံနေတာလား သာမည....”
သူမအပြောကြောင့် သာ ခပ်ပြုံးပြုံးဖြစ်သွားရင်းမှ
“လွမ်းလို့လေ တစ်လကျော်လောက်ကြီးတောင် မတွေ့ရတာကိုအလွမ်းတွေစုပြီး
ချစ်လို့နမ်းလိုက်မိတာလေ....ဘာလို့လဲ??
ခါးမကြိုက်ဘူးလား??....”
ဒါကိုစကားလုပ်ပြီးမေးလာတာမို့
ခါး ဖျဉ်းခနဲရှက်သွားကာ စပ်ဖြဲဖြဲဖြစ်နေတဲ့
သူ့မျက်နှာကိုသာလက်သည်းနဲ့ဆွဲကုတ်ချင်စိတ်ဖြစ်လာတာမို့ မို့မောက်နေတဲ့
သူ့ရင်ဘတ်ကိုလက်နဲ့တွန်း၍
အခန်းထဲကနေအပြင်ကိုတွန်းထုတ်နေ၏။
သူကအသာတကြည်လိုက်လို့ထင်သည်
ခြေလှမ်းရွေ့ပေမဲ့ တံခါးဝနားအရောက်
ရပ်သွားတာမို့ ခါးပါတုန့်ခနဲဖြစ်သွားတော့
သူက ခါးရဲ့နီရဲနေတဲ့ရှက်သွေးဖြာမျက်နှာကို
ငုံ့ကြည့်ကာဖြင့်
“ဆောရီး အခုနည်းနည်းကြမ်းသွားမိတယ်နဲ့တူတယ် နောက်တစ်ခါနည်းနည်းအရှိန်လျော့ပြီး.....ဒုန်း....."
စကားတောင်မဆုံးသေး သူ့ကိုတွန်းရင်း
တံခါးကိုဒုန်းခနဲဆွဲပိတ်လိုက်တဲ့သူမကြောင့်
သာ ရယ်လိုက်မိကာ တံခါးလက်ကိုင်ကို
လှည့်ကြည့်တော့ ဒီတစ်ခါကတော့အထဲကနေ
လော့ချသွားလေသည်။
သာ တံခါးကိုခေါက်ရင်းမှ ရယ်ချင်စိတ်ကို
မြိုသိပ်ကာဖြင့်
“နော် နောက်တစ်ခါဆိုကျွန်တော် နည်းနည်း
ညင်ညင်သာသာ...."
“သာမည ဆက်ပြောနေမယ်ဆို ဒို့
တစ်ခုခုလုပ်မိတော့မယ်နော်....."
ဒေါသတကြီးလှမ်းအော်တာမို့ သာ
လိုချင်တာရသွားတဲ့မျက်နှာမျိုးနဲ့
ဝမ်းသာအားရ သူမအိမ်ထဲကနေထွက်လာခဲ့၏။
ဖုန်းကျန်ခဲ့တာသိပေမဲ့ တမင်ပင်
ဒီတိုင်းပဲထားခဲ့ရင်းမှ အထာပါပါပြုံးကာ
သူ့ဘက်ကိုခြေလှမ်းလာခဲ့သည်။
ကျန်နေခဲ့တဲ့ခါးမှာလဲ တံခါးနားမှာပုံခနဲ
လဲကျရင်းမှ တုန်ရီနေတဲ့ရင်ဘတ်ကိုလက်နဲ့
ဖိကိုင်ထားရင်း အငွေ့ပျံမတတ်ဖြစ်ချင်နေတဲ့
ကိုယ့်ကိုကိုယ်တည်ငြိမ်အောင် အသက်ကို
ရှုသွင်းရှုထုတ်လေ့ကျင့်နေရလေ၏။
အခုအခြေအနေကြီးကခါးကိုရူးအောင်
လုပ်နေတာပဲ!!
🏠🏠🏠🏠
လူကရင်တုန်နေတာနဲ့ကိုဗိုက်ဆာတာတောင်
ဘယ်ရောက်သွားသည်မသိတာမို့ ခါး
တော်တော်ကြာအထိ ဒီတိုင်းကြီးထိုင်နေမိတာ
အချိန်ဘယ်လောက်ကြာသွားပြီမှန်းမသိ!!!
ခါး မဖြစ်နိုင်ဘူးထင်ခဲ့တဲ့လူတစ်ယောက်!!
ပြီးတော့ ခါးစိတ်ကနေလဲဘယ်တော့မှ
လက်မခံနိုင်ဘူးထင်ထားမိပေမဲ့ သူ့ရဲ့အနမ်းတွေရနေတာတောင် ခါးဟာရင်တုန်တုန်နဲ့ပဲ
တစ်ခဏစီးမြောသွားခဲ့မိလေ၏။
ခါး ရင်ခုန်နေတာဟာအစောကလုပ်ရပ်ကိုလား?? သူ့ကိုလားမဝေခွဲတတ်ပေမဲ့
သူ့အပေါ်မှာရှိတဲ့ခါးရဲ့ခံစားချက်ကတော့
ပြောင်းလဲနေပြီဆိုတာ ကိုယ့်ဟာကိုယ်
သတိထားမိလေသည်။
နာရီကြည့်တော့ ညနေ ငါးနာရီဖြစ်နေပြီမို့
ထမင်းတော့စားသင့်ပြီထင်ကာ ခါး
အခန်းတံခါးလေးအသာဟကြည့်မိ၏။
မတော်လို့သူများရှိနေရင်ဖြင့်!!
ဘယ်သူမှမရှိတာသေချာကာမှ ခါး
အပြင်ထွက်လာကာဖြင့် စားပွဲမှာထိုင်ကာ
တည်ထားပြီးသားထမင်းအိုးထဲက
ထမင်းထည့်နေတုန်း အိမ်ထဲကိုပန်းကန်ကိုင်ရင်း လှမ်းဝင်လာတဲ့သူ့ကိုမြင်တာကြောင့်
ထမင်းဇွန်းကြီးကြမ်းပြင်ပေါ်ပြစ်ချကာ
ခါး အခန်းထဲထွက်ပြေးမိသည်။
“အို့ အမေလုပ်ပါဦး....."
စွေ့ခနဲပွေ့ချီခံလိုက်ရတာက
တံခါးပိတ်တော့မယ့်ဆဲဆဲ!!
လေထဲမြောက်တက်သွားခြင်းနဲ့အတူ
ထမင်းစားပွဲဆီပြန်ရောက်လာရရင်းမှ
သူကအသာချပေး၍ ခါးဘေးမှာ
ပူးပူးကပ်ကပ်ဝင်ထိုင်၏။
ခါး အတောင့်လိုက်လေးဖြစ်နေမိတော့
သူက ဟွန့်ခနဲရယ်ရင်းမှ အောက်မှာရှိတဲ့
ထမင်းဇွန်းကိုကောက်ယူကာ နောက်ဖေးမှာ
ရေသွားဆေး၍ အိမ်ရှေ့ပြန်ရောက်လာသည်။
ဇွန်းပေးနေပေမဲ့ သူမကတွေဝေနေတာမို့
သာ ကိုယ့်ဘာသာကိုယ်ပဲထမင်းအိုးထဲက
ထမင်းကိုခူးကာ သူမပန်းကန်ထဲအရင်
ဦးချပေးတဲ့အထိလဲ ဒီတိုင်း
တောင့်တောင့်လေးထိုင်နေဆဲ!!
“စိတ်အေးအေးစားပါ ထပ်အနမ်းမခံရတော့ပါဘူး....."
“သာမည.....မင်းနော်...."
အခုမှချေပသံလေးကြားတာမို့
သာလှည့်ကြည့်တော့ သူမကမျက်နှာလေး
ရဲနေကာဖြင့် ရှက်သွေးဖြာလို့!!
“ထမင်းတူတူစားချင်လို့ ရတယ်မလား??..."
ဘာမှမပြောရသေးခင် ထမင်းအိုးထဲက
ထမင်းယူရင်းခူးနေတာမို့ ခါးတိတ်သွား၍
ရင်တွေသာတဒိတ်ဒိတ်တိုးခုန်လာရဆဲ!!
ချက်ထားတဲ့ဟင်းတွေကိုကိုယ်တိုင်
ယူထည့်ရင်းမှ စားနေတဲ့သူကခါးကို
ပြုံးရင်းမှလှမ်းကြည့်၍
“ကောင်းလိုက်တာဗျာ ခါးလက်ရာလေး
မစားရတာတောင်ကြာပြီ....ရှယ်ပဲ...."
သူမြိန်ရေရှက်ရေစားနေတော့လဲ
ခါး ဘာမှမဆိုမိပဲ ဒီတိုင်းအလိုက်သင့်
နေနေမိတော့ သူကခါးကိုတစ်ဖန်ပြန်ကြည့်၍
“မစားဘူးလား ခွံ့ကျွေးစေချင်လို့လား??...”
“မလိုပါဘူး....."
ခပ်ဆတ်ဆတ်ပြန်လည်ချေပရင်းမှ
ခါး ထမင်းစားတော့ သူကဟင်းထည့်ပေးရင်းမှ အိမ်ရှင်သဖွယ်ပြုမူနေလေ၏။
အစောကသူယမ်းကားထားတဲ့နှုတ်ခမ်းက
စပ်နေတာမို့ ခါးမှာ ကြိုထားတဲ့
ငါးပိရည်လေးတောင်မစားနိုင်!!
ခြောက်တိခြောက်ကပ်မြန်မြန်စားရင်းမှ
အနောက်ထဲဝင်လာခဲ့တော့ သူက
လိုက်ဝင်လာကာ ခါးပန်းကန်ကိုဆွဲယူ၍
သူဆေးနေသည်။
“ရှေ့မှာသွားထိုင်နေပါ.....ဒါမဲ့အခန်းထဲ
ဝင်မနေနဲ့အုံးနော် အရေးကြီးပြောစရာရှိလို့
အဲ့တာပြီးမှ ကျွန်တော်ပြန်မှာ.....”
တစ်ခါထဲသတိပေးလိုက်တဲ့သူက
ခါးအကြောင်းကိုများသိနေသလား??
အနေခက်ပြီးရှက်ရွံ့ပူထူနေပေမဲ့လဲ
သူသတိပေးတာကြောင့် ခါး ခုံလေးမှာ
ဝင်ထိုင်ရင်း စောင့်နေတော့ခဏအကြာ
သူရောက်လာလေ၏။
ရေစက်တွေခါရင်းမှ သူ့ဘောင်းဘီနဲ့ပဲ
တို့သုတ်ကာ ဘေးကိုဝင်ထိုင်တာမို့
ခါး မသိမသာလေးပဲ သူ့ဘေးကနေ
ခွာမိလေသည်။
ပြောလို့ရတာမဟုတ်!! ထပ်ပြီးနမ်းရင်!!
အတွေးလေးနဲ့ရှက်ရွံ့စွာ လက်ထိပ်လေးတွေ
ဆိပ်နေမိတော့ သူက ခါးကိုငဲ့ကြည့်ရင်းမှ
“အစောကလုပ်ရပ်အတွက် ခါးကျွန်တော့ကို
စိတ်ဆိုးသွားလား?....”
ဒီအကြောင်းစလာပြန်တာမို့ ခါး
သူ့ကိုကြည့်မိတော့ သူက
ခါးကိုလေးလေးနက်နက်ကြည့်လာ၍
“ကျွန်တော်ခါးကိုချစ်တယ် ဒါကြောင့်
ကျွန်တော့ဆီမှာရှိနေတဲ့အရှုပ်တွေအားလုံး
ရှင်းပြီးကျွန်တော်လာခဲ့တာ....."
သူမဆီကပြန်ဖြေသံမကြားရ!!
သာ သူမလက်လေးကိုကိုင်ရင်းမှ
သူ့ဘက်ကိုတိုးစေလိုက်၍
“နွေသဲမာအကြောင်းမကြားချင်မှန်းသိပေမဲ့
ကျွန်တော်ပြောမှရမှာမို့ပါ ခါးဘက်က
နားထောင်ပေးနောိ...."
အစောကရုပ်နဲ့ခြားနားစွာပင် မျက်နှာငယ်နဲ့
အသနားခံနေတာမို့ ခါးပြန်မဖြေမိပဲနဲ့
ဒီတိုင်းပဲကြည့်နေမိတဲ့အခါ သူကသက်ပြင်း
ချရင်းမှ
“တကယ်တော့နွေသဲမာနဲ့ကျွန်တော်က
ငယ်ပေါင်းသူငယ်ချင်းတွေပါ မိဘချင်းလဲ
ရင်းနှီးပြီးသားမို့ ကျွန်တော်တို့ဆက်ဆံရေးက
မစိမ်းသက်ပေမဲ့ သူနဲ့ကျွန်တော်ကတော့
အထက်တန်းထဲကမရင်းနှီးတော့တာပါ....
အပျိုလူပျိုအရွယ်မို့ ကျွန်တော်ရှောင်ရှားပြီး
နေခဲ့ပေမဲ့ လွန်ခဲ့တဲ့၆လလောက်တုန်းက
သူကကျွန်တော့ဆီကို ညသန်းခေါင်ကြီး
ရောက်ချလာတာ..."*$#&*!";#!+#))#$-;$)//-$!$;:"+.......”
ဖြစ်ကြောင်းကုန်စင်ပြောပြတာကို
မျက်နှာလှည့်မလာပေမဲ့ သူမနားတော့
ထောင်နေလေသည်။
“အဲ့တာ သူ့အမေမျက်ရည်ခံထိုးတာနဲ့
ကျွန်တော်တို့နှစ်ယောက် နှစ်သက်မှုမပါပဲ
စေ့စပ်လိုက်ရတာပါ ပွဲနေ့မှာအလိုက်သင့်
နေပေးတာကလဲ မိဘတွေရဲ့မျက်နှာကြောင့်မို့ပါ....ဒီအတောတွင်းကျွန်တော်သူ့ကို
သည်းခံခဲ့ပေမဲ့ အခုကျွန်တော့မှာ
ခါးရှိနေပြီဆိုတော့ ကျွန်တော်သူနဲ့ဇာတ်လမ်းကို သမာရိုးကျပဲဖြတ်လိုက်တာပါ....."
“ဟွန်း မင်းနဲ့သူ ရိုးသားမှုမရှိဘူးဆိုတာ
မယုံဘူး ......"
“ဟား သူနဲ့ကျွန်တော်ဘာမှမှမဟုတ်တာ
ဟိုတစ်ခါ ခါးပြောတဲ့အိမ်ရှေ့မှာဖက်နေတယ်ဆိုတာကလဲ သူ့ဘက်ကတစ်ဖက်သတ်ချည်း..
သူကကျွန်တော်ခါးကိုသဘောကျလို့
သူ့ကိုငြင်းတာလားဆိုတဲ့မေးခွန်းမေးလာလို့
ကျွန်တော်ငြိမ်စဉ်းစားပြီး သေချာတာနဲ့
သူ့ကိုတန်းပြောခဲ့တာ အဲ့တာကြောင့်သူက
ခါးကိုတမင် အရှက်ခွဲခဲ့တာ ကျွန်တော့ကိုယုံပါ....."
သေချာကိုရှင်းပြနေတာမို့ ခါး
မသိချင်ယောင်ဆောင်ကာမျက်နှာလွှဲရင်းမှ
“ဘယ်သူမှအဲ့လောက်တိတိကျကျမမေးပါဘူး.....ပြီးတော့မင်းဒီလိုတွေရှင်းပြလို့လဲ မင်းကိုဘယ်သူမှလက်ခံမယ်မပြောဘူး....”
သူမရှက်ယမ်းယမ်းပြီးဒီလိုစကားမျိုး
ထွက်လာမယ်ဆိုတာခန့်မှန်းမိတာကြောင့်
သာ နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးလိုက်၍
“အချိန်ရှိတာပဲ ကျွန်တော်မလောပါဘူး
အဲ့တာကြောင့် တဖြေးဖြေးခါးဘက်က
ကျွန်တော့ကိုချစ်လာတဲ့အထိကျွန်တော်က
ဆွဲဆောင်မှာ ဒါကြောင့်မို့လက်မခံချင်ရင်
ကိုယ့်ကိုကိုယ်အားတင်းထားဖို့တော့လိုမယ်နော်
အဓိကကတော့ ကျွန်တော်နဲ့နွေသဲမာ
အရင်ထဲကလဲဘာမှမဟုတ်ခဲ့သလို အခုဆို
ဘာမှကိုမပတ်သတ်တော့တာမို့ ခါးဘက်က
အမြင်လေးကြည်ပြီး ကျွန်တော့်ကို
နည်းနည်းပဲဖြစ်ဖြစ်အခွင့်အရေးပေးဖို့ပဲ...."
“မင်းပြောချင်တာဒါပဲမလား??
ဒို့သွားအိပ်တော့မယ်...."
ဂရုမစိုက်သလိုပုံနဲ့ထွက်လာပေမဲ့
ရင်ထဲမှာတော့ကဆုန်ပေါက်လို့ပင်!!
ခါး အခန်းထဲရောက်ခါနီးသူကလက်ကို
လှမ်းဆွဲတာမို့ ရင်တုန်တုန်နဲ့ငဲ့ကြည့်မိတော့
ခါးကို ဆွဲဆောင်မှုရှိရှိပြုံးပြ၍
“ကျွန်တော့ရဲ့ကျော့ကွင်းထဲကို
မမိသွားစေနဲ့နော် အဟွန်း....."
လက်ကိုရုန်းရင်းအခန်းထဲရောက်နေပေမဲ့
ကျော့ရဲ့ရင်ခုန်သံတွေကတော့ဝုန်းဒိုင်းကျဲဆဲ!!
ဒီပုံအတိုင်းဆို ကျော့ဘယ်လိုလုပ်ရမလဲ??
အခန်းမှတ်ချက်များ (0)