Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၂၃

“နွေသဲမာ မင်းနဲ့ငါခဏတွေ့ရအောင်...."တဲ့

သူနဲ့ကိုယ်ဘာအကြောင်းကြောင့်ပဲတွေ့ရ

တွေ့ရ သူ့ဘက်ကနေစပြီးဒီလိုစကားမျိုး

ပြောလာတာမို့ သဲအပျော်ကြီးပျော်နေမိ၏။

အလှဆုံးပြင်ဆင်ရင်းမှ အနီရောင်

ပိုးသားဂါဝန်ကို ကိုယ်လုံးနဲ့ fitting ဖြစ်အောင်ဝတ်လိုက်ကာ သဲ စလင်းဘတ်အဖြူလေးလွယ်ရင်းမှ ကိုယ့်ကိုကိုယ်ကျေနပ်သလို

မှန်ထဲမှာပြန်ကြည့်ရင်း မာန်ပါပါပြုံးလိုက်သည်။

သဲ လှလှလေးနဲ့ကျော့ကျော့လေး

အောက်ကိုဆင်းလာခဲ့တော့ ဒေါ်နွေမင်းက

သမီးရဲ့ကိုယ်လုံးသွယ်သွယ်လေးကို

သဘောတကျကြည့်လာရင်းမှ

“မာမီ့သမီးဦး,လေးက လှရက်လိုက်တာ

ငါ့သမီး ဒီရက်ပိုင်းစိတ်ရှုပ်နေတာနဲ့

မလှမပဖြစ်နေတာ အခု‌တော့ သာမညက

တစ်ခွန်းလေးခေါ်တာနဲ့ကို ငါ့သမီးက

မင်းသမီးလေးလိုလန်းဆန်းတက်ကြွတာကို

ကြည့်ပါဦး....."

“ဟွန်း ဒါတောင် ခေါ်ရုံလေးနဲ့မို့နော်

အရင်လို သဲအနားမှာပဲရှိရင်သဲကအမြဲတမ်း

လှလှလေးဖြစ်နေမှာ ဒါကြောင့်မာမီတို့က

သဲနဲ့ကိုကို့ကိုအမြန်ဆုံး အတူရှိရအောင်

စီစဉ်ပေးရမယ်နော်....."

“အွန်းပါ ငါ့သ‌မီးဆန္ဒအတိုင်းဖြစ်အောင်

မာမီပွဲပေးထားပါတယ်...."

သဲ သဘောတကျပြုံးရင်းမှ အနားကနေ

ရမ်းခါစွာထွက်လာခဲ့၏။

______

ကိုကိုချိန်းတဲ့ဆိုင်ထဲကိုလှမ်းဝင်ခဲ့တဲ့သဲက

energy အပြည့်နှင့်ပင်!!

ပုရိသတစ်ချို့ရဲ့မျက်ဝန်းတွေကပ်ပါလာပေမဲ့ သဲမသိချင်!!

ကိုကို့တစ်ယောက်ထဲသာ သဲသိလေသည်။

သဲ သီးသန့်အခန်းထဲဝင်လာခဲ့တော့

စောင့်နှင့်နေတဲ့ကိုကိုက ဖုန်းကြည့်နေတာမို့

သဲအနားကိုရောက်သွားကာဖျက်ခနဲ

ကြည့်လိုက်မိတော့ ဖုန်းစကားပြောနေတဲ့

မိန်းမတစ်ယောက်ရဲ့ပုံ!!!

ပုံကိုတစိုက်မတ်မတ်အကြာကြီးကြည့်ပေမဲ့

လျင်တဲ့ကိုကိုက ဘေးနားမှာအရိပ်

မြင်လိုက်တာနဲ့ဖုန်းကိုပိတ်ပြီးသားပင်!!

ဟိုမိန်းမလို့စိတ်ထဲထင်မိတာမို့

စိတ်ထဲမကျေမလည်ဖြစ်သွားရပေမဲ့

သဲရဲ့အလှကို ကိုကို့ကိုအပြည့်အဝ

ခံစားစေချင်တာမို့ မျက်နှာမပျက်

အပြုံးလေးနဲ့ပဲတုန့်ပြန်လိုက်ရင်းမှ

“‌ကိုကို စောင့်ရတာကြာသွားပြီထင်တယ်....”

“ကြာတာပေါ့ ငါ့အချိန်တွေအဲ့လောက်ထိ

ပေါနေတယ်လို့မင်းထင်လား??....."

“ကိုကိုကလဲ......”

ငြူငြူစူစူလေးပြောရင်းနှုတ်ခမ်းဆူပြပုံကို

စိတ်ပျက်သလိုအကြည့်လွှဲသွားတာမို့

သဲ နည်းနည်းတော့ရှက်ကိုးရှက်ကန်း!!

သာကတော့ မျက်နှာမာမာနဲ့ပဲသူမကို

ကြည့်လာရင်းမှ မျက်နှာလှလှကို

အားမနာစတမ်းပေါက်ထွက်မတတ်

စိုက်ကြည့်ကာဖြင့်

“ငါတို့စေ့စပ်ပွကိုဖျက်သိမ်းကြရအောင်

နွေသဲမာ....."

“ဟင်....."

ကြားလိုက်ရတဲ့စကားအပေါ် သဲဟာ

ရင်တဖိဖိဖြစ်သွားရလေသည်။

သဲထင်တာဟာ ဟိုမိန်းမဆီကိုသဲတို့ရဲ့

အကြောင်းတွေသွားပြောခဲ့လို့အနည်းငယ်

ဆူရုံငေါက်ရုံလောက်ပဲထင်ထားခဲ့တာ!!

အခုလို စေ့စပ်ပွဲဖျက်ကြရအောင်ဆိုတဲ့

စကားအဆုံးမှာတော့ သဲမျက်နှာလေးက

အံ့ဩတကြီးဟန်လေးအပြင် မျက်ရည်တစ်ချို့ရစ်ဝဲသွားရလေ၏။

“ဟုတ်တယ်‌ နွေသဲမာ ဒီလိုအဓိပ္ပါယ်မရှိတဲ့

ချည်နှောင်မှုကြီးထဲငါ‌မနေချင်တော့ဘူး

ပြီးတော့ မင်းအပေါ်ကိုလဲငါလိုလိုလားလား

ဆန္ဒမရှိဘူးနွေသဲမာ မင်းလိုချင်တဲ့

ဂရုစိုက်ကြင်နာမှုတွေကို ငါမပေးနိုင်မှတော့

ငါတို့ရဲ့ဆက်ဆံရေးကိုအမြန်ဆုံးပဲ

ဖြတ်တောက်လိုက်ကြတာပေါ့....."

“ဟင့်အင်း သဲမလိုချင်ဘူး ကိုကို့ဘက်က

အတင်းပေးရမဲ့ ဂရုစိုက်ကြင်နာမှုတွေ

သဲမလိုချင်ဘူး သဲအဓိကလိုချင်ဝာာက

ကိုကိုနဲ့အနီးကပ်နေရဖို့လေး

တစ်ခုပါပဲ မာမီတို့ကတောင်လက်ထပ်ပွဲကို

အမြန်ဆုံးစီစဉ်ပေးမယ်ပြောနေတာ

ကိုကိုဘာလို့အဲ့လိုလုပ်မှာလဲ??...."

“ဟ မင်းကိုမှငါမချစ်တာ အဲ့နေ့ညက

မင်းဘာအချိုးချိုးပြီးငါ့ကို

ဂွင်ဖမ်းတယ်ဆိုတာငါသိတယ် ဒါပေမဲ့

လူကြီးတွေရှေ့မှာမင်းရဲ့အရှက်နဲ့သိက္ခာကို

အမြင်မကျဉ်းသွားအောင်လို့ ငါ့ဘက်က

အောင့်သက်သက်နဲ့လိုက်လျောပေးခဲ့ရတာ

ဒါကိုမင်းကိုယ်မင်းဟုတ်လှပြီထင်မနေနဲ့....."

“ဘာလဲ ကိုကို့ကိုဟိုမိန်းမက စေ့စပ်ပွဲ

ဖျက်ခိုင်းလို့လား?? သဲသွားပြတာက

သူ့ကိုသတိပေးချင်ရုံသက်သက်ကို သူက

ကိုကို့ကိုဘယ်လိုနည်းတွေနဲ့များစကားနာ

ထိုးလိုက်တာမို့ ကိုကိုကအခုလိုသဲကို

ရန်လုပ်နေရတာလဲ??....."

တစ်ခါမှလဲကိုယ့်အပေါ်မချိုသာခဲ့ဘူးပါ!!

လူပျိုဖော်စဝင်ထဲကသဲကိုစကားနဲ့တောင်

အဖက်မလုပ်တော့တဲ့သု့ကိုဒီစကားပြောရတာ

နည်းနည်းတော့ရယ်စရာပါ!!

သဲပြောလိုက်တော့သူ့မျက်နှာကတဖြေးဖြေး

တည်တင်းလာရင်းမှ သဲကိုပေါက်ထွက်မတတ်စိုက်ကြည့်လာ၍

“မင်းသူများကိုအဲ့လိုလက်လွတ်စပယ်မပြောလို့ရမလား နွေသဲမာ မင်းတစ်ခုခုပြောတိုင်း

သူ့ကိုပုတ်ခတ်ပြောဆိုပြီးမှမင်းစိတ်ထဲ

နေသားကျတာထင်တယ် ပြီးတော့မင်းတကယ်ပဲ သူ့ဆိုင်ကိုသွားပြီးမဟုတ်တယုတ်

စကားတွေသွားပြောခဲ့တာအမှန်ပေါ့....."

“ဟုတ်တယ် သွားပြောခဲ့တယ် ရုပ်ရည်နဲ့

အိမ်ရှင်ဆိုတာကိုအကြောင်းပြပြီး

အဲ့မိန်းမက ကိုကို့ကိုတနည်းနည်းနဲ့

မြှူဆွယ်နေတာလေ လူရှေ့မှာမခုတ်တတ်တဲ့

ကြောင်လိုနဲ့ ကိုကို့ရှေ့ရောက်မှသူ့ရဲ့မူယာမာယာ....”

“မင်းစောက်ပါးစပ်ကိုပိတ်ထား....မင်းပါးစပ်ကနေ သူ့မကောင်းကြောင်းမပြောနဲ့

သူ့နာမည်လေးတစ်လုံးခေါ်ဖို့တောင်

မတန်တဲ့ဟာကို ပုတ်ခတ်ပြီးတောင်

ပြောဆိုနေလိုက်သေးတာ မင်းကိုအဲ့တာတွေကြောင့်ငါမုန်းတာ အမြဲတမ်းသူများကို

မကောင်းတဲ့အမြင်နဲ့ပဲကြည့်တယ် ဒါကြောင့်

မင်းဘေးနားမှာစစ်မှန်တဲ့လူဆိုတာက

ခပ်ရှားရှားမဟုတ်လား???....”

မျက်နှာတည့်တည့်ကြည့်ရင်းပြစ်ပြစ်နှစ်နှစ်

ပြောခံနေရတော့ သဲ မျက်နှာလေး

တဖြေးဖြေးပျက်ယွင်းလာရင်းမှ သူ့ကို

ဝမ်းပမ်းတနည်းကြည့်လိုက်ကာ

“ကိုကိုကသဲကိုဘာလို့ဒီလောက်ထိ

မုန်းနေတာလဲ??...."

“မချစ်လို့ပေါ့ဟ စကထဲကငါ့အပေါ်

မရိုးမသားကြံစည်ခဲ့တဲ့မင်းက ချစ်စရာလို့

ကိုယ့်ကိုကိုယ်ထင်နေတာလား?....."

ပြောပြီးတာနဲ့ လက်စွပ်နှစ်ကွင်းကို

သဲရှေ့ဘတ်ခနဲချပေးကာ ခုံကနေ

ထရပ်၍ အင်္ကျီကိုပြုပြင်ကာဖြင့်

“မင်းနဲ့ငါနှစ်ယောက်ပဲအေးဆေးရှင်းလို့

ပြီးတယ်‌နွေသဲမာ အဲ့တော့ ငါတို့နှစ်ယောက်ကြားဘာမှမရှိတော့ဘူးလို့သဘောထားလိုက်တော့.....လူကြီးတွေကိုတော့ငါလာပြီးရှင်းပြလိုက်မယ်....."

“ဟင့်အင်း သဲလက်မခံပါဘူး ကိုကိုကိုယ်တိုင်

စေ့စပ်ဖို့ခေါင်းမခါခဲ့တာကို အခုမှ

ဖျက်ချင်လို့ရမလား?? သဲလုံးဝ

လက်မခံဘူးနော်....."

အနောက်ကနေအော်ကြီးဟစ်ကျယ်

ပြောနေပေမဲ့ သာ စိတ်ပျက်လွန်းတဲ့

မျက်နှာနဲ့သာထိုနေရာကနေထွက်လာခဲ့၏။

ဒီလောက်မျက်နှာပြောင်တိုက်တဲ့မိန်းမ

တစ်ခါမှလဲမတွေ့ဖူးပါဘူး!

ခါးနဲ့များကွာခြားလိုက်တာ.....။

🏠🏠🏠🏠

နှစ်ဖက်မိဘတွေ ဆုံနေကြပေမဲ့

သူမတို့ဘက်ကအခြေအနေက

အောက်မှာမို့ ဒေါ်ဉမ္မာ ခေါင်းကိုငုံ့ထားရလေသည်။

ခင်ပွန်းဖြစ်သူကလဲသဘောမတူပေမဲ့

သားကအိမ်ပြန်ရောက်တာနဲ့ပွဲကြမ်းထားတာမို့ နွေသဲမာနဲ့စေ့စပ်ပွဲဖျက်သိမ်းဖို့ကိစ္စကို

သဘောတူလိုက်ကြရ၏။

“အဲ့ဝောာ့ အခုကျွန်မတို့အိမ်ပေါ်ကို

ရောက်လာတဲ့ကိစ္စက နှစ်ဦးနှစ်ဖက်

သဘောတူထားတဲ့ဒီစေ့စပ်ပွဲကို

ဖျက်ချင်လို့ပေါ့လေ ဟုတ်လား??....."

စကားစပြောလိုက်သူက ဒေါ်နွေမင်း!!

အသိမိတ်ဆွေတွေပေမဲ့ သမီးနဲ့ပတ်သတ်လာရင် သူမဟာသည်းမခံတတ်သူမို့

အခုလဲအသံမာမာနဲ့မေးလိုက်တဲ့အခါ

ခင်ပွန်းဖြစ်သူကမျက်နှာမကောင်း!!!

သူဟာအစထဲက လူငယ်တွေကိုအတင်း

ဖိအားပေးခဲ့သူမဟုတ်တာမို့

မကျေလည်ကြတဲ့ လူငယ်နှစ်ယောက်

ရှေ့ဆက်ဖို့ဘယ်လိုမှမဖြစ်နိုင်တာ

သူရိပ်မိခဲ့သည်။

သမီးဘက်ကသာလိုလိုလားလားဖြစ်နေပေမဲ့

သာမညက လုံးဝဉပေက္ခာပြုထားတယ်ဆိုတာ

သူသိပါ၏။

ဒါလဲအပြစ်မပြောပါဘူး!!

မကြိုက်ရင်မကြိုက်ဘူးပြောပြီး

ခပ်ခွာခွာနေတာက သူများကိုမျှော်လင့်ချက်ပေးရာမရောက်တော့ဘူးပေါ့!

မဟုတ်ရင် အိမ်ထောင်ရေးကြာလာပေမဲ့လဲ

ရင်ထဲအစိုင်အခဲတွေနဲ့ဆိုရင် အဲ့ဒီ့

အိမ်ထောင်ရေးဟာမည်သောအခါမျှ

မတည်မြဲနိုင်!!!

“ဟုတ်ပါတယ်ရှင် မနွေမင်းတို့မိသားစုကို

ကျွန်မတို့ဘက်ကနေအနူးအညွှတ်

တောင်းပန်ပါတယ် ကျွန်မတို့

လူကြီး‌တွေကဘယ်လိုမဆိုလက်ခံနိုင်‌ပေမဲ့

ကျွန်မတို့သားလေးကသဲလေးကို

ဘယ်လိုမှလက်မခံနိုင်လို့ပါ....

သိတယ်မလား ကလေးတွေ

စိတ်မချမ်းသာပဲနဲ့‌လဲ ကိစ္စ‌တွေကို

အတင်းကြီးမစီစဉ်ချင်ဘူးလေ

တကယ်တမ်းတစ်ဘဝလုံး

ပေါင်းဖက်သွားကြရမှာကသူတို့‌ဆိုတော့”

ဒေါ်‌ဉမ္မာက စကားကိုကြည့်ကောင်းအောင်

ပြောလိုက်ပေမဲ့ မျက်နှာလျော့မသွားတဲ့

ဒေါ်နွေမင်းကတော့ သာ့ကိုအကြည့်တွေ

ဝေ့ဝဲလာရင်းမှ

“သာမညဘက်က ကျွန်မတို့ကလေးကို

လက်မခံနိုင်ဘူးဆိုရအောင် သဲကဘာတွေ

ချို့ယွင်းနေလို့လဲ သူနဲ့ယှဉ်ရင်သဲလေးက

‌ဘယ်နားတွေများနောက်ကောက်ကျခဲ့လို့လဲ??

နွေသဲမာဆိုတာက သူ့အဆင့်သူ့ဂုဏ်တွေ

သာမန်လူတွေလိုက်မမှီနိုင်တဲ့နေရာမှာ

ရှိ‌နှင့်ပြီးသားလူတစ်ယောက် သူ့ဘက်က

သဲကိုမတူမတန်ဘူးပြောနေရအောင်

မဉမ္မာတို့သားကရွှေကွပ်ထားလို့လား??...."

ကြားလိုက်ရတဲ့စကားကြောင့်သာကိုယ်တိုင်

ဆတ်ခနဲဖြစ်သွားကာ ဝင်မပြောဘူး

ဆုံးဖြတ်ထားပေမဲ့ စိတ်တိုသွားတာမို့

“ရွှေတော့မကွပ်ထားပေမဲ့ စိတ်ထားမှာတော့

အန်တီတို့မိသားစုထက်သာတယ်.....

ဟုတ်တယ် အန်တီပြောသလို အန်တီ့သမီးနဲ့

အန်တီတို့မိသားစုကသူများတွေမျှော်မကြည့်နိုင်တဲ့နေရာမှာရှိနေတာမို့ ကျွန်တော်လဲရှိန်ပြီး

သူ့ကိုမယူရဲတာပါ ဒါကြောင့်အန်တီတို့က

ပြန်ပြီးမော်ကြည့်ရမဲ့လူကိုပဲသူ့အတွက်

ရှာပေးလိုက်နော်....."

ကြားလိုက်ရတဲ့စကားကြောင့် ‌‌ေဒါ်နွေမင်း

ဆွေ့ဆွေ့ခုန်သွားကာ သာ့ကိုပဲမုန်တိုင်း

ဦးတည်ကျရောက်လာ၍

“မိုက်ရိုင်းလိုက်တာ ဉမ္မာကကိုယ့်သားကိုယ်

စကားပြောတတ်အောင်သင်မထားဘူးပဲ....."

“သင်တယ် ကျွန်တော့အမေကအကုန်သင်ထားတယ် ကိုယ့်ကိုမလိုချင်တဲ့လူဆီမှာ

ကပ်မတွယ်တတ်အောင်လဲသင်ပေးတယ်

သူများတကာကိုချိုးနှိမ်ပြီးမပြောဆိုင်အောင်လဲသင်ပေးတယ် အန်တီ့သမီးလိုအတွင်းယုတ်

မဖြစ်အောင်လဲသင်ပေးထားတယ် အစုံပဲလေ

အန်တီတောင်သူ့ကိုသင်ပေးမထားတဲ့

အရာတွေအထိ ကျွန်တော့ကိုအမေက

သင်ပေးထားတာ....."

“သား....."

ဒေါ်ဉမ္မာ သားကိုလက်တို့ပေမဲ့သာကတော့

အားလုံးကိုရင်ဆိုင်ရန်ဆုံးဖြတ်ပြီးပြီမို့

မျက်နှာကိုမာထားရင်းမှ အဆုံးထိသွားရန်

အားတင်းနေတဲ့အခါ ဒေါ်နွေမင်း

မျက်နှာတစ်ခွင်လုံးရဲသွားလျက် ခုံကနေပါ

ဆတ်ခနဲထရပ်လိုက်မိ၍

“အကုန်သင်ပေးထားတယ်ဆိုရင်

သူများသားသမီးကို မဖွယ်မရာလုပ်ပြီး

တာဝန်ယူရတယ်ဆိုတာသင်မပေးထားဘူးလား....ဟမ်"

သဲ မေမေ့လက်ကိုလှမ်းကိုင်လိုက်တာဟာ

ကိုကို့ပါးစပ်ကဒီအကြောင်းတွေထပ်ပြီး

ထွက်လာမှာဆိုးလို့ပါ၊ သို့ပေမဲ့မေမေက

သူမလက်ကိုပုတ်ထုတ်လိုက်တာမို့

သဲ ရင်ထဲပူပြင်းသွားရတဲ့အခါ

“မဖွယ်မရာလုပ်ရအောင် ညကြီးမင်းကြီး

ကျွန်တော့အိမ်ကိုဘယ်သူလာတာလဲဆိုတာ

အရင်စဉ်းစား.....သူ့ကိုစိတ်တောင်မဝင်စားလို့ အတင်းပြန်လွှတ်တာကို သူ့မိဘတွေက

သင်မပေးထားတော့ သူစိမ်းယောင်္ကျားနဲ့

အတူနေမယ်ချည်းပြောပြီးပေကပ်နေတာလေ ကျွန်တော်တွန်းထုတ်ရင်းအင်္ကျီပြဲ

ဖရိုဖရဲဖြစ်နေတဲ့အချိန်မှအားလုံးကွက်တိ

ရောက်လာကြတာ တစ်ချို့ဆိုအဲ့လိုဖြစ်မဲ့

အချိန်ကိုပဲစောင့်နေတာနေမှာပေါ့......”

သူမကိုတည့်တည့်ကြည့်ပြောလာတာမို့

ဒေါ်နွေမင်း မလုံမလဲဖြစ်သွားပေမဲ့

မာန်ချီထားကာ

“မင်းကလူကြီးတွေကိုထပ်ထပ်ပြီး

စော်ကားနေတာပဲ.....”

“စော်ကားတာမဟုတ်ဘူး အမှန်ပြောတာ

သူကိုယ်တိုင်ရောက်လာပြီး ကျွန်တော့ကို

တရားခံဝင်လုပ်တာ အများနဲ့တစ်ယောက်

မျက်ရည်ခံထိုးတဲ့လူတွေလဲရှိနေလို့

အနှုတ်ပြခဲ့ရပေမဲ့ အခုတော့မရတော့ဘူး

စေ့စပ်ပွဲကိုကာယကံရှင်ဖြစ်တဲ့ကျွန်တော့

ဘက်ကဖျက်သိမ်းတယ် ကျန်တာအားလုံး

ကျွန်တော်တို့ဘက်ကတာဝန်ယူထားတဲ့အတွက် အဲ့ဘက်ကပေးထားတဲ့လက်စွပ်

နှစ်ကွင်းကိုပြန်ပေးပြီးပြီ အဲ့တော့ကိစ္စကို

ဒီမှာတင်ပဲပြီးကြတာပေါ့....."

ပြောပြီး သာ မျက်နှာအပျက်ပျက်ဖြစ်နေတဲ့

အမေနဲ့ အဖေ့ကိုထခိုင်း၍ ပြန်ရန်ပြင်တော့

ဒေါ်နွေမင်း ခါးထောက်လိုက်ကာ

“ဘယ်လိုဖြစ်ဖြစ် ငါတို့ကတော့ပျက်စီးသွားတဲ့ ငါ့သမီးရဲ့နာမည်နဲ့သိက္ခာအတွက်

ဒီကိစ္စကိုလွယ်လွယ်နဲ့ကျေအေးမပေးနိုင်ဘူး

အဲ့တော့ မင်းတို့စောင့်ကြည့်နေပါ.....”

“တော်ပါတော့နွေမင်းရယ် မင်းကလွယ်မဲ့

ကိစ္စတွေကိုခက်အောင်လုပ်နေတာပဲ...."

“အို ဝောာ့အပေါက်ကအစောကတော့

ပိတ်နေပြီးတော့ ကျုပ်ကျမှတောင်

လာပြောနေသေးတယ် တော်...???ဝင်မပါနဲ့

ဒီကိစ္စကျွန်မနဲ့သမီးကိစ္စမို့လို့ တော်တစ်စိမှ

ဝင်ပါစရာမလိုဘူး...."

ပြောပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့သမီးကိုခေါ်ကာ

အနားကထွက်သွားတဲ့ဇနီးဖြစ်သူကြောင့်

သူ့မှာသက်ပြင်းပါချမိတဲ့အဖြစ်!!

~~~~~~~

ဒီနေ့ စိတ်ရောလူရောပင်ပန်းသွားပြီမို့

သာ သူ့အခန်းထဲဝင်ရင်းမှ ကုတင်ပေါ်

တက်လှဲတော့ ကျောအောက်မှာတစ်ခုခု

ခံနေလေသည်။

နာတာမို့ ကျစ်သပ်ရင်းသူယူကြည့်တော့

သူအစောကဖြစ်သလိုတင်ထားခဲ့တဲ့ဖုန်း!!

သူမနံပါတ်ကိုတိတ်တိတ်လေးယူထားမိပေမဲ့

ခေါ်ဖို့အထိတော့ မဝံ့မရဲ!!

သူမကသူ့ကိုအထင်လွဲနေတာဆိုတော့

သူ့ဖုန်းကိုကိုင်ဖို့စဉ်းစားမှာမဟုတ်!!

သို့ပေမဲ့ နံပါတ်စိမ်းမို့မသိပဲကိုင်ရင်

ကိုင်လိုက်နိုင်၏။

အတွေးတို့ဖြင့် သာ ဖုန်းစခရင်ပေါ်က

အသဲလေးတစ်လုံးသာမှတ်ထားသော

နံပါတ်ကိုခေါ်လိုက်တဲ့အခါ တတူတူ

မြည်သံအဆုံး ဖုန်းကဝင်သွား၏။

“ဟယ်လို....."

အသံလေးကနူးညံ့လွန်းလှသည်။

သာ မပြောပဲနေတော့သူမကဟယ်လို

ထပ်ပြောရင်းမှ ခေတ္တတိတ်သွားလေသည်။

“ဟယ်လို!!...."

သုံးခါမြောက်မှာအသံကအနည်းငယ်

မာလာပြီမို့ ပြုံးလိုက်ရင်းမှ သာ ဖုန်းကို

အနားကပ်ကာ

“လွမ်းလို့....."

“......"

အတန်ကြာတိတ်ဆိတ်သွားပြီးမှ

သူမှန်းသိသွားချိန်ဖုန်းချသွားလေ၏။

သာ အသည်းတယားယားနဲ့ပြုံးလိုက်ရင်းမှ

ဖြစ်သွားမဲ့သူမပုံလေးကိုမှန်းဆကြည့်မိကာ

အတွေးတို့သာယာနေရသည်။

အပြတ်ရှင်းပြီးမှပဲ သူမဆီပြန်သွားမည်မို့

နည်းနည်းတော့ကြာမည်ဖြစ်ကာ

မတွေ့ရမဲ့မျက်နှာလေးကိုလွမ်းသည်ဖြစ်၍

ခိုးရိုက်ထားတဲ့ပုံလေးတွေကိုထုတ်ကြည့်မိ၏။

သူမကဘယ်လိုနေနေ သူ့နှလုံးသားကို

လှုပ်ကိုင်နိုင်ပြီးသားပါ!!

ခါးကိုကျွန်တော်အရမ်းချစ်မိနေပြီ.....။

« ရှေ့အခန်း - အပိုင်း၂၂ နောက်အခန်း - အပိုင်း၂၄ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ