ညကထမင်းလဲမစားပဲအိပ်သွားတဲ့ခါးအဖို့
အခုနိုးဝောာ့ ဗိုက်ဆာနေလေ၏။
သို့ပေမဲ့ ပထမဆုံးခေါင်းထဲဝင်လာတာက
သူ့အကြောင်းပါပဲ!!
အမြဲတမ်းမနက်စာလုပ်ပေးနေကျမို့
အခုလဲသူ့အတွက်ဘာလုပ်ရမလဲခေါင်းထဲ
အရင်ရောက်လာပြီးကာမှ ကျန်တဲ့ပိုက်ဆံ
ပြန်ပြေးပြီး ဇယားဖျက်ပြီးတာကိုသတိရကာ
ကိုယ့်ကိုကိုယ်အားမလိုအားမရဟန်နှင့်
ကျစ်သပ်လိုက်၍ ခါးအိပ်ယာကထလိုက်သည်။
ခါးဆိုတဲ့မိန်းမက တစ်ခြားတစ်ယောက်ကြောင့်နဲ့ ဝမ်းသာဝမ်းသာမဖြစ်ဖူးပေမဲ့
သာမညကြောင့် ခါးစိတ်တွေဂယောက်ဂယက်
ဖြစ်နေတာမို့ ကိုယ့်ကိုကိုယ်စ်တ်ပျက်မိ၏။
ခါးဘဝမှာ သာမညဆိုတဲ့လူက
အဲ့လိုအရေးပါတဲ့နေရာကိုရောက်နေတာ
ခါးမလိုလားပါဘူး!!
အတွေးတို့နဲ့ရေမိုးချိုး ခေါင်းလျှော်၍
ခါး ညကကျန်တဲ့ထမင်းကြမ်းသာထည့်ရင်း
အိတ်လွယ်၍ ဆိုင်သွားရန်ပြင်လိုက်သည်။
မျက်ဝန်းတွေကဖျက်ခနဲဟိုဘက်ကို
ငဲ့ကြည့်လိုက်တဲ့အခါ ထူးထူးဆန်းဆန်း
အပြင်ကနေသော့ခတ်ထားကာ တံခါးမှာ
စာရွက်နဲ့ချိတ်ဆွဲထားတာက ဒီနေ့နားသည်တဲ့!!
ဘာကြောင့်လဲမတွေးချင်တာမို့ ခါး
ပုံမှန်ပဲလျှောက်လာကာ သူမရှိဘူးမို့
ခြံတံခါးကိုသော့ပြန်ခတ်ရင်း သော့က်ု
ခါးဆီသာယူလာခဲ့လိုက်၏။
သူ့မှာလဲရှိရင်ရှိမှာပေါ့!!
အိတ်ကြိုးကိုကိုင်ရင်း လျှောက်လာကာ
ခေါင်းထဲလဲအတွေးတစ်ချို့စိုးမိုးနေသည်။
သူများတွေကြားရှုပ်ဖို့မပြောနဲ့ ကိုယ့်ကို
ရှုပ်မှာတောင် မကြိုက်တတ်သူမို့
ဘယ်သူနဲ့မှမရောခဲ့တဲ့ခါးက အခုတော့
ဆိုင်တိုင်ရာရောက်ကို စားကျက်နဲ့နှိုင်းယှဉ်ခံလိုက်ရ၏။
ကိုယ့်ဘက်ကရေရာတဲ့အဖြေနဲ့ပလူးပလဲ
လုပ်နေရင်လဲတစ်မျိုး!!
အခုက သူနဲ့ကိုယ့်ကြားဘာမှတောင်
မရှိထားတဲ့အခြေအနေမှာ အငယ်အနှောင်းလို့ပါ ပြောခံထားရတာမို့ ခါးရဲ့စိတ်မှာ
ပွန်းပဲ့ဒဏ်ရာဖြစ်လို့နေသည်။
ခါးတစ်သက်လုံးစိတ်တောင်မကူးမိတဲ့
အဲ့ဒီ့နာမ်စား!!
ဆိုင်ရောက်တော့ ဝတီကအသင့်စောင့်နေတာမို့
သော့ဖွင့်ကာ ဆိုင်ထဲဝင်၍ ကောင်တာမှာပဲ
အရုပ်ကျိုးပြတ်ထိုင်နေမိ၏။
ခါးဘဝကြီးက ဘာလို့ဒီလိုစိတ်ရှုပ်စရာတွေ
ရှိလာရတာလဲ??
အဒေါ်မရှိလို့အေးဆေးနေရမယ်ထင်တဲ့
ခါးဘဝမှာ ဘာကြောင့်ဒီလိုကြီးတွေ
လာဖြစ်ရတာများလဲ??
အဓိကရင်းမြစ်ကမယုပဲမို့ ပေးထားတဲ့
အချိန်တစ်ပတ်ပြည့်ပြီဆိုတာသတိရကာ
ဒီနေ့တော့သူမအိမ်ကိုတစ်ခါထပ်သွားရန်
တွေးထားမိသည်။
သို့ပေမဲ့ တစ်ခုကွာခြားတာကတော့
ဒီတစ်ခါ ခါးကိုကာကွယ်ပေးမဲ့ကျောတစ်စုံ
မရှိတော့တာပါပဲ!!!
🏠🏠🏠🏠
သာ ဒီနေ့ကောင်းကြီးကိုလာခေါ်ခိုင်းပြီး
အိမ်ကိုရောက်လာခဲ့၏။
အိမ်မှာမာမီပဲရှိတာမို့ ပြောရတာ
ပိုအဆင်ပြေသည်ဖြစ်ရာ သာအိမ်ထဲ
ဝင်လာတော့ မာမီကဝမ်းသာအားရ
ကြည့်လာရင်းမှ သူ့လက်ကိုဆွဲကာ
ခုံမှာထိုင်စေ၍
“အမလေး ကိုယ်တော်ချောရယ်
ထွက်သွားလိုက်ထဲက မအေကိုတစ်ခါနှစ်ခါပဲ ဖုန်းဆက်တယ် တစိမ်းကျနေတာပဲ
ငါ့သားလေးကိုအခုမှပဲတွေ့ရတော့တယ်...."
သာ အပေါ်ထပ်ကိုချွတ်လိုက်ရင်းမှ
ကျောမှီမှာသေချာမှီ၍ မာမီ့ကိုအလေးအနက်
ကြည့်လိုက်၍
“ကျွန်တော်ဒီနေ့လာတာပြောစရာရှိလို့မာမီ
ပြောစရာဆိုတာထက် တောင်းဆိုစရာဆိုလဲ
မှန်မယ်ထင်တယ်....."
သာက ကျောင်းထွက်ပြီးထဲက
သူ့ဘာသာသူ gymဖွင့်ပြီးသူ့ပိုက်ဆံသူ
ရှာနေတဲ့ ငယ်ငယ်ရွယ်ရွယ်စီးပွားရေး
သမားလေးမို့ အခုလိုတောင်းဆိုစရာဆိုတဲ့
စကားလုံးကိုကြားလိုက်ရတော့ အနည်းငယ်
အံ့ဩမိလေသည်။
သူမသားပါးစပ်ကဒီလိုစကားမျိုးထွက်တာ
ရှားမှရှားပဲကိုး!!
“ဘာများလဲ ပြောလေ မာမီတတ်နိုင်တာဆို
သားကိုလိုက်လျောပေးမှာပါ.....”
နွေသဲမာဘက်မှာမာမီရှိတာမို့ သူပြောတာ
ဖြစ်မဖြစ်မသိပေမဲ့ သာ ပြောမှဖြစ်မှာမို့
မာမီ့ကိုသေချာကြည့်လိုက်၍
“ကျွန်တော် နွေသဲမာနဲ့စေ့စပ်ထားတာကို
ဖျက်ချင်တယ်မာမီ...."
“ဟယ် သားရယ်....ဘာဖြစ်လို့လဲကွယ်
မာမီရင်တုန်လိုက်တာ....."
မတွေ့မဲ့သာမတွေ့ရတာ တွေ့လိုက်တော့လဲ
တကယ့်အကြောင်းကြီးမှစလာတာမို့
ဒေါ်ဉမ္မာ ရင်တမမနဲ့ပြောလိုက်တော့သာက
မျက်နှာတည်နဲ့ကြည့်လာကာဖြင့်
“ဟုတ်တယ် ကျွန်တော်ထပ်ပြီးတော့
ဒီကွန်ရက်ကြီးထဲမှာ မရစ်ဝဲချင်တော့ဘူး
ပြီးတော့ ကျွန်တော်သူ့ကိုမှမချစ်တာ...."
“ဒါဝောာ့ဒါပေါ့သားရယ် ဒါပေမဲ့
သားတို့နှစ်ယောက်ကအနေအထားလွန်ကျူး...."
“လွန်ကျူးတယ်ပြောရအောင်သူနဲ့ကျွန်တော်
အတူအိပ်ထားဝာာမှမဟုတ်တာမာမီရာ....
အဲ့နေ့ညကအခြေအနေကို မာမီတို့မြင်ရုံနဲ့
ကျွန်တော့ကိုဇွတ်ကြီး လိုချင်တဲ့
အခြေအနေထဲသွတ်သွင်းကြတာလေ ကျွန်တော် အများနဲ့တစ်ယောက်မို့မပြောတာ
ပြီးတော့ သူအမေကလဲသူ့သမီးပဲ
သူများတံတွေးခွက်ထဲပက်လက်မြောရမဲ့
အနေအထားလို မျက်ရည်စီးကြောင်းနဲ့
ဟန်လုပ်ပြနေလို့ ကျွန်တော်နောက်ဆုတ်
ခဲ့ရတာချည်းပဲ အခုတော့အဲ့လိုမလုပ်ချင်တော့ဘူး....."
သားပြောတာတွေနားထောင်ရင်းသူမလဲ
ရင်ထဲမကောင်း!!
မိဘတွေကရင်းနှီးထားကြတာမို့
လူငယ်ချင်းကို ရင်းနှီးစေချင်တာမှန်ပေမဲ့
သူမတို့လုပ်ရပ်ကြောင့်သားအခုလို
စိတ်ဆင်းရဲနေတော့လဲ မိခင်တစ်ယောက်
အနေနဲ့မကြည့်ချင်ပါ!!
တကယ်ဆို လူငယ်ချင်းစေ့စပ်ပြီး
ရင်းနှီးသွားရင် အဆင့်တက်နိုင်မယ်ထင်တာ
သားကတော့ တစ်ခါထဲအိမ်ပါပြောင်းသွားတဲ့အပြင် အခုတော့စေ့စပ်ပွဲပါဖျက်ချင်သည်တဲ့!!
လူသိရှင်ကြားစေ့စပ်ပေးထားတာမို့
ဖျက်ရင်လဲလူသိရှင်ကြားပဲလုပ်ရပေမည်။
ဒါဆိုရင်တော့ သူမတို့သိက္ခာတွေ
အရှက်တွေ ဗြန်းဗြန်းကွဲနိုင်၏။
အတွေးတိုနဲ့ငြိမ်နေမိတော့ သာက
ဆံပင်တွေကိုသပ်တင်လိုက်ရင်းမှ
သူမကိုမျက်ဝန်းနက်တွေနဲ့ကြည့်လာ၍
“သူက သူ့ချစ်သူအဓ္ဓမပြုမှာဆိုးလို့
ကျွန်တော့ဆီထွက်လာပြီးအကူညီတောင်းတာ
ညကြီးမင်းကြီး ယောင်္ကျားနဲ့မိန်းမ
အတူရှိနေတာမကောင်းတာမို့ ကျွန်တော်
သူ့အိမ်ကိုသွားပြီးကိစ္စတွေကိုအကောင်းဆုံး
ဖြေရှင်းပေးမလို့ပေမဲ့ သူကလုံးဝကို
အိမ်ထဲကပြန်မထွက်တော့ဘူး မာမီ
သူ့ရင်ဘတ်ကကြယ်သီးတွေပြုတ်တာလဲ ကျွန်တော်သူ့ကိုအိမ်ထဲကနေအတင်း
ဆွဲထုတ်လို့ဖြစ်တာ.....အဲ့တာကိုသူက
မာမီတို့ကို ကျွန်တော့အိမ်အချိန်ကိုက်
ရောက်အောင် ဘယ်လိုများစည်းရုံးထားတာလဲ??...."
ဒေါ်ဉမ္မာ မျက်လွှာချရင်းမှ
“သူ့အမေ မာမီ့ကိုဖုန်းလှမ်းဆက်တာ
သဲလေးနဲ့သားကတစ်ခုခုထူးဆန်းနေတယ်တဲ့
ပြီးတော့ သဲကလဲတစ်ယောက်ယောက်နဲ့
ဖုန်းပြောပြီး အခုအိမ်ကနေထွက်သွားပြီတဲ့
အဲ့တာကြောင့် မာမီတို့တွေစုပြီးတော့
သင်္ကာမကင်းတာနဲ့ လိုက်လာတဲ့အချိန်
သားအိမ်မှာ နှစ်ယောက်ရဲ့အခြေအနေကို
အဲ့လိုမြင်လိုက်ရတာပဲ...."
“အဲ့လိုဆိုရင်တောင် မာမီ့သားကို
ရှင်းပြခွင့်လေးတော့ပေးအုံးမှပေါ့.....
သူ့အမေမျက်ရည်ခံထိုးတိုင်း မာမီကပါ
ကျွန်တော့ကိုဓားခုတ်ရာ
လက်ဝင်လျှိုခိုင်းနေတာလေ အခြေအနေ
မသာတာရော နှစ်ဖက်မိဘရှေ့မှာ
နွေသဲမာပိုပြီးမျက်နှာပျက်အရှက်ရမှာဆိုးလို့ မိန်းကလေးတစ်ယောက်သိက္ခာကိုကျွန်တော်
ငဲ့ကွက်ပြီး အားလုံးဆန္ဒကိုလိုက်လျောခဲ့ရတာ...."
သားလေးစကားတွေကြောင့်ဒေါ်ဉမ္မာ
ရင်ထဲစို့နင့်သွားရလေသည်။
ငယ်သံယောဇဉ်တစ်ချို့ကြောင့်သာ
သားက သဲလေးကိုသက်ညှာနေတာ
မဟုတ်ရင်ဒီလောက်ထိသည်းခံမယ်မထင်!!
“ဒါဆိုသားကအခုသူနဲ့လုံးဝဆက်ဆံရေး
ဖျက်တောက်ချင်နေတာပေါ့.....”
“ဟုတ်တယ်မာမီ အသေချာပြောရရင်
ကျွန်တော့မှာချစ်ရမဲ့သူရှိနေပြီ ဒါကြောင့်
ကျွန်တော်နဲ့သူ့ကြားကမရေရာတဲ့
ဆက်ဆံရေးတွေကိုအမြန်ဆုံး
ရှင်းလင်းပြစ်ချင်တာ..."
သားနှုတ်ကနေချစ်ရမဲ့သူရှိနေပြီဆိုတဲ့
စကားကြောင့် ဒေါ်ဉမ္မာ အံ့ဩတကြီးနဲ့
“သားမှာချစ်သူရှိနေပြီပေါ့ ဘယ်သူလဲ
ဘယ်ကလဲဟင် ဘယ်လိုအနေအထားရှိလဲ??...."
သူ့အတွက် သူမကဘယ်လိုအခြေအနေမှာပဲ
ဖြစ်ဖြစ် ဖော်ပြနိုင်အောင်အထိမနိမ့်ကျတာမို့ သာ နှုတ်ခမ်းတွေတွန့်ပြုံးသွားမိကာ
“ကျွန်တော်အခုငှားနေတဲ့အိမ်ကအိမ်ရှင်လေ
သူ့နာမည်ကခါးလွန်းနွယ်တဲ့ ကျွန်တော့ထက်
နည်းနည်းကြီးတယ်.....ပြီးတော့ အရမ်းလဲလှတယ်....”
ပီတိအပြုံးတွေနဲ့ပြောတဲ့သားရဲ့မျက်နှာ
အမူအရာကို သူမအခုမှမြင်ဖူးတာပါ!!
သာက ခပ်ပြုံးပြုံးအနေအထားကနေ
မျက်နှာတည်သွားကာဖြင့်
“သူကကျွန်တော့ကိုအရေးမပေးဘူးဗျ
ကျွန်တော်အဲ့အိမ်စငှားထဲက သူကမကြည်ဖြူတာ ....."
“ဟင် သားပြောတာမာမီမရှင်းဘူး
ဘယ်လိုမကြည်ဖြူတာလဲ သားဆီက
ပိုက်ဆံယူပြီးမှ သူကမငှားတော့ဘူး
လုပ်တာလား??...."
“မဟုတ်ဘူး အမှန်ကျွန်တော်နေတဲ့အိမ်က
သူ့မိဘတွေအိမ် အဒေါ်သေပြီးတာနဲ့
အဲ့အိမ်ကိုမငှားတော့ဘူးလုပ်ထားတာကို
သူ့အသိပွဲစားက ကျွန်တော့ကိုတစ်ဖက်လှည့်နဲ့
အိမ်ရှင်မသိအောင် အိမ်ငှားစာချုပ်နဲ့
အိမ်ပေါ်ခေါ်တင်ပေးတာ သူကရန်ကုန်သွားနေတာနဲ့ကျွန်တော်အဲ့အိမ်မှာပြောင်းနေမှန်းမသိဘူး အဲ့တာနဲ့သူလဲရန်ကုန်ကပြန်လာရော
ကျွန်တော့ကိုအံ့အိမ်ထဲဝင်တဲ့သူခိုးလို့
အောင့်မေ့ပြီး ဒုတ်နဲ့ထုချလိုက်တာမာမီရေ
မာမီ့သားခေါင်းကွဲခါနီးလေးပဲ....."
“ဟယ် ဒါဆိုပိုင်ရှင်သဘောမတူပဲ
ပွဲစားကကြားကနေ အတင်းငှားလိုက်သလို
ဖြစ်သွားတာပေါ့နှော့....."
“ဟုတ်တယ်မာမီ ဒါထက်သူက
ကျွန်တော်တင်လိုက်တဲ့စပေါ်ထဲက
နှစ်သိန်းလဲယူသုံးသေးတယ် အဲ့တာပြီးတော့
တစ်လခကြိုပေးရတယ်ဆိုလို့ သုံးသိန်း
သူ့ကိုပဲပေးလိုက်တော့ အဲ့ပိုက်ဆံ၅သိန်းလုံးကို
ပိုင်ရှင်ကိုအသိမပေးပဲသူပဲသုံးလိုက်တာ
ကျွန်တော်အဲ့လောက်စရိုက်ကျတဲ့လူကို
အခုမှတွေ့ဖူးတာ တကယ်လက်လန်တယ်...."
လက်တွေ့ဘဝကိုအခုမှခံစားရသလို
ကြုံတွေ့ရတာတွေရင်ဖွင့်နေတဲ့သားကို
ပီတိဖြစ်မိရသည်။
သူမသားလေး ဘဝရဲ့အခက်အခဲနဲ့
အချိုးအကွေ့တစ်ချို့ကို သိသွားခဲ့တာပဲ!!
“ကောင်မလေးကအခုရောသားကို
ပြန်ပြီးသဘောကျလို့လား??....."
“သူ့ဘက်က မီးနီမပြပေမဲ့မီးစိမ်းလဲ
မပြသေးပါဘူးဗျာ အဲ့တာကိုဟိုနေ့က
မာမီ့ သဲလေးဆိုတဲ့ဟာက သူ့ဆိုင်သွားပြီး ကျွန်တော်နဲ့သူ့ရဲ့စေ့စပ်ပွဲနေ့ကပုံတွေနဲ့
လက်စွပ်တွေကိုသွားပြပြီးပြသနာ
ရှာတယ်တဲ့လေ အဲ့ပုံတွေထဲမှာကျွန်တော်ကလဲ
အလိုက်သင့်နေပေးတာကိုသူကတွေ့ပြီး
သူ့ကိုသက်သက်မဲ့အပျော်ကြံတယ်ဆိုပြီး
ကျွန်တော့်ကိုအခုစိတ်ဆိုးနေတာဗျ
သူကတော်တော်စိတ်ကြီးတာ တော်ရုံတန်ရုံ
စိတ်ပြေခဲတယ် ဒါကြောင့်ကျွန်တော်
နွေသဲမာနဲ့အပြတ်ဖြတ်ပြီးသူ့ကိုအပီလိုက်ချင်လို့.....”
“သားအဖေနဲ့ဟိုဘက်ကသူ့မိသားစုက
သဘောတူမှာမဟုတ်ဘူးထင်တယ်...."
“မတူလဲမရဘူးဗျာ ကျွန်တော်ချစ်တဲ့လူကို
နွေသဲမာ ဒိန်ချဉ်အိုးနဲ့လောင်းလိုက်တာတောင်
ကျွန်တော့မှာ ဆက်ဆံရေးတွေရှုပ်ထွေးနေတာမို့ အပြီအပြင်မကာကွယ်နိုင်ဘူး
မာမီ့သားကြာရင်ဒီအခြေအနေကြီးထဲမှာ
ရူးသွားနိုင်တယ် မာမီသိရဲ့လား??....”
“အေးပါ မာမီသိပါတယ် အတတ်နိုင်ဆုံး
မာမီစီစဉ်ပေးပါ့မယ်....."
“စီစဉ်ပေးမှပဲဖြစ်မှာ မဟုတ်ရင်
အဲ့ဒီ့မာနခဲကကျွန်တော့ကိုသူ့အိမ်ကနေပါ
နှင်ချမလားမသိဘူး....."
သားဒီလောက်သဲသဲလှုပ်ဂရုစိုက်နေတဲ့
သုမရဲ့အနာဂတ်ချွေးမ ခါးလွန်းနွယ်ဆိုတဲ့
မိန်းကလေးကို တစ်ခါလောက်တော့
တွေ့ချင်မိသည်။
🏠🏠🏠🏠
ခါးဆိုင်သိမ်းပြန်လာတဲ့အထိသူဟာရှိမနေ!!
အိမ်လဲထိုတိုင်းသော့ခတ်ထားဆဲမို့
အတွေးတစ်ချို့ဝင်မိပေမဲ့ ကိုယ်နဲ့
မဆိုင်ဘူးတွေးကာ ခါးအိမ်ထဲဝင်လာခဲ့၏။
တစ်ယောက်ထဲမို့တကူးတကဟင်းတွေ
ချက်မနေချင်ပဲ ထမင်းအိုးတစ်လုံး
မြန်မြန်ကောက်ထိုးကာ ရေမိုးချိုးလိုက်သည်။
ဒီနေ့မယုအိမ်သွားမည်မို့ ခါး ထမင်းနဲ့
အချဉ်လေးသုပ်စားကာ အပေါ်ထပ်
အင်္ကျီလေးတစ်ထည်ကောက်စွတ်လိုက်၏။
ကိုယ့်ဘက်ကတော့ အေးဆေးတောင်းချင်ပေမဲ့ သူမဘက်ကပွဲကြမ်းလာရင်ခါးကလဲ
ငြိမ်မနေတတ်တာမို့ ကိုယ့်အကြောင်းကိုယ်သိ
အပေါ်ထပ်တော့ တမင်တကာထပ်ဝတ်ကာ
ခါး ခြံတံခါးသော့ခတ်ရင်းထွက်လာခဲ့သည်။
သော့ခတ်ထားဆဲဖြစ်တဲ့ဟိုဘက်အိမ်ကို
တစ်ချက်ငဲ့ကြည့်ရင်း တစ်နေကုန်များ
သူဘယ်သွားနေလဲဆိုတာခေါင်းထဲ
တွေးမိလာရ၏။
သူနဲ့စေ့စပ်ထားတဲ့မိန်းမဆီကို
သွားတာနေမှာပေါ့!!
တစ်ကိုယ်တည်းအတွေးလေးနဲ့ ထီးဖြူလေး
ဆောင်းရင်းထွက်သွားတဲ့ခါးက ပထမ
တစ်ခေါက်တုန်းကလို အားအင်တွေ
ပြည့်မနေတာတော့ခါးကိုယ်တိုင်ပဲ
သိပေလိမ့်မည်။
....
ဖြေးဖြေးချင်းလျှောက်လာရင်းမှ
မယုရဲ့အိမ်ရှေ့ရောက်တဲ့အခါမှာ
သာမန်မဟုတ်တဲ့အနေအထားကို
ခါးသတိထားမိလေ၏။
မယုရဲ့အိမ်ကခြံတံခါးသော့ခတ်ထားသလို
အိမ်တွင်းတံခါးပါသော့ခတ်ထားသည်။
အပြင်ကနေမြင်ရတဲ့မြင်ကွင်းကလဲ
လူမနေတော့တဲ့အိမ်လိုမျိုး အနည်းငယ်
ရှင်းလင်းနေတာမို့ ဇဝေဇဝါဖြစ်နေတုန်း
ဘေးနားကိုငဲ့ကြည့်တော့ အိမ်နီးချင်းက
ခါးကိုကြည့်နေတာမို့ အနားသွားကာ
“မယုမရှိဘူးလား??...."
“မြင်ဖူးတယ်ကြည့်နေတာ ဟိုတစ်ခါက
လာပြီး ပိုက်ဆံသုံးသိန်းလာတောင်းသွားတဲ့
ညီမလေးလား??......"
“ဟုတ်တယ်ရှင်....အဲ့သုံးသိန်းပြန်ယူဖို့အတွက်
သူ့ကိုစောင့်ဆိုင်းချိန်တစ်ပတ်ပေးထားတာ
အခုပြည့်လို့ ကျွန်မထပ်လာတာ
ပိုက်ဆံရမရကတော့မသေချာဘူးပေါ့....."
“ဒါဆိုရင်တော့ရမှာမဟုတ်ဘူးညီမရေ
မျှော်လင့်မနေနဲ့တော့....."
အတိအကျပြောလာတာမို့ လူက
စိတ်ပိုင်းဖြတ်လာပေမဲ့လဲ ရင်ထဲတော့
တစ်စို့စို့ခံစားလိုက်ရ၏။
မရှိတာမဟုတ်ပေမဲ့ သုံးသိန်းဆိုတာလဲ
တစ်ချို့တစ်ဝက်ရင်းနိုင်တာမို့ အခုတော့
ခါးရင်ခံကာ အာမခံပြောနေတဲ့ထိုအစ်မ
မျက်နှာကိုကြည့်လိုက်၍
“ဘာလို့လဲ အစ်မကိုသူပြောထားလို့လား??...."
“အစ်မကိုလဲ မပြောသလိုဘယ်သူ့ကိုမှလဲ
မပြောဘူး သူအခုအကြွေးတွေကနေ
ထွက်ပြေးသွားပြီလေ ညီမကိုက
သုံးသိန်းထဲပေမဲ့ ရပ်ကွက်ထဲက
အတိုးပေးတဲ့မိန်းမဆီမှာ ၇၅သိန်းတောင်
အတိုးနဲ့အရင်းတအိအိတက်နေတာ
ဒါထက် ရွှေပေါင်ပေးတဲ့ဒေါ်ငွေသိန်းဆီမှာလဲ သူ့အမေအမွေပေးခဲ့တဲ့ဆွဲကြိုးကြီး
၂၀နဲ့ပေါင်ထားပြီးအဲ့တာဆုံးပြီလေ
ပြီးတော့ သူရင်းနှီးတဲ့လူတွေဆီလဲ
၅သိန်း ၁၀သိန်းနဲ့ မွထနေအောင်
ချေးထားတာတွေ လုံးဝ
ပြန်မဆပ်နိုင်တဲ့အဆုံးသူထွက်ပြေးသွားတာပဲ....."
ပြောပြတာတွေကိုမယုံနိုင်တာမို့
ခါးရင်ဘတ်လေးဖိမိရင်းမှ
“သူကဘာတွေလုပ်လို့ဒီလောက်အကြွေးတွေ
ဝိုင်းကုန်ရတာလဲ??...."
“မပြောချင်ပါဘူးအေ လူကသာ
ပွဲစားယောင်ယောင် ဟိုဟာယောင်ယောင်
လုပ်နေတာ ဟိုရွာမှာဂေါက်ဂက်ဝိုင်းရှိ
သူထိပ်ဆုံး ဒီရွာမှာဂေါက်ဂက်ဝိုင်းရှိ
သူထိပ်ဆုံး ဒီကြားထဲဘယ်သူမှမသေနဲ့
အသုဘရဲ့ဖဲဝိုင်းမှာလဲ သူကထိပ်ဆုံးက.....၊
ရွှေရှမ်းလဲမလွတ်ဘူး ပိုကာဒေါင်းလဲ
သူမပါမဖြစ် အို စုံပါတယ်အေ ဘာမှမရှိလို့
ဒိုးဆက် လောင်းကြေးနဲ့ဆိုလဲသူပါတာပဲ
သိတယ်မလားညီမရယ် နှစ်လုံးသုံးလုံးလေးကပါ အစစ်ပါလိုက်တော့ပြီးရောပေါ့
ဘဝပါပျက်ရော.....ဒါထက် ဒီအိမ်ကြီးလဲ
ဦးချက်ကြီးဆီမှာသူပေါင်ထားတာလေ
ဆုံးမဆုံးတော့သူတို့ပဲသိမယ်......."
ဒါကြောင့် အလုပ်ရယ်လို့မယ်မယ်ရရမရှိတဲ့
မယု ဘာတွေနဲ့စားသောက်နေလဲတွေးမိတာ
ဒါတွေကြောင့်ကိုး!!
ရတုန်းကရခဲ့ပေမဲ့ ကိုယ်ပြန်ပေးရတော့
နင့်နေတာပါပဲ!!
ကြားလိုက်ရတဲ့အကြွေးစာရင်းတွေထဲ
ခါးပိုက်ဆံအမောင့်ကတောင်
မျက်နှာငယ်နေသလိုလို!!
“ညီမကိုကသူကဘာဖိုးပေးရမှာလဲ
ဟိုတစ်ခါဖြစ်နေတာတော့ကြားတယ်
အစ်မလဲ ငါ့ညီမစိတ်တိုနေတာနဲ့
မမေးဖြစ်တော့တာ....."
“ကျွန်မကိုအိမ်ငှားတင်ပေးတာလေ
ကျွန်မကမိဘတွေအိမ်မို့ ဆန္ဒအရ
လူမငှားတော့ဘူးသေချာပြောတာကို
ကျွန်မမရှိတုန်းတစ်ဖက်လှည့်နဲ့အိမ်ပေါ်တင်ပြီး စပေါ်သိန်းနှစ်ဆယ်ထဲက နှစ်သိန်း
သူယူသုံးထားတာ....ဒါလဲထားပါတော့
မပြောဘူးနေတာ သူကကျွန်မအိမ်ငှားဆီက
တစ်လခ ၃သိန်းကြိုယူထားပြီးအဲ့တာကိုပါ
သုံးပြစ်တော့ ကျွန်မစိတ်မတိုသင့်ဘူးလား...."
“ဟယ် ဟုတ်တာပေါ့ဟယ် ကိုယ့်အိမ်မှ
မဟုတ်တာ အဲ့လိုကြီးလုပ်တာတော့
လွန်ဝာာပေါ့ ငါ့ညီမပြောတာလဲမမှားပါဘူး...."
ခါးပြောဝာာကိုနားထောင်ရင်း အမှားမှန်
ခွဲခြားထောက်ခံတဲ့ အစ်မနဲ့ခါးလဲစကားတွေ
အကြာကြီးပြောရင်းပြန်ဖြစ်ခဲ့သည်။
တစ်လမ်းလုံးလဲ ခါးတွေးမိတာဟာ
သူများဉစ္စာကိုမတရားစားရင် ကိုယ်ကလဲ
မတရားပြန်ပေးရတယ်ဆိုတာပါပဲ!!
ခါးပိုက်ဆံပြန်မရပေမဲ့ စိတ်တော့မတို!!
ဘာလို့ဆို ပထမတစ်ခါလာတောင်းတုန်းက
သူသာအေးဆေးနဲ့ အစ်မတော့မပေးနိုင်
သေးဘူးဆိုရင်ခါးဟာလက်ခံမှာပါ!
အဲ့တာကိုဘီလူးဆိုင်းတီးတော့ ခါးရဲ့လက်သံနဲ့
တွေ့ပြီး ရိုင်းရိုင်းဆိုင်းဆိုင်းတွေ
ဖြစ်ကုန်ရတာပါပဲ!!!
လောင်းကစားဆိုတာမတည်မြဲတဲ့အရာမို့
ရနေတိုင်းသာ ဆက်တိုးရင်ကိုယ့်ဆီက
ရှိတဲ့ဟာပါပြောင်သွားနိုင်ကြောင်း
မဆီမဆိုင် သံဝေဃတော့ရမိသား!!
အခန်းမှတ်ချက်များ (0)