“နင်ဘာလို့အခုလိုတွေလုပ်နေတာလဲ သဲ??...."
အောင်သူ ကားမောင်းနေရက်သားကနေ
မေးလိုက်တော့ သူမကမျက်နှာလှည့်လာကာ
သူ့ကိုပါမကျေမလည်ကြည့်လာ၍
“ဘာလဲ ငါကဘာတွေလုပ်နေလို့လဲ??...."
“နင် ဟိုအိမ်မှာ သာ့ရဲ့အိမ်ရှင်အစ်မကို
တမင် ဒိန်ချဉ်အိုးနဲ့လောင်းလိုက်တဲ့ကိစ္စလေ....."
“ကျစ် နင်ကတစ်မျိုး အာရုံနောက်ရတဲ့ကြားထဲ အိမ်ပြန်မှာဆိုလဲ မြန်မြန်မောင်းစမ်းပါ.."
“ငါ့အပိုင်းကိုငါသိတယ် နင်သာငါ့မေးခွန်းရဲ့
အဖြေကိုဖြေစမ်းပါ.....နွေသဲမာဆိုတာ
ဒီလို ပြသနာကနေရှောင်ပြေးတတ်တဲ့
လူမျိုးမဟုတ်ဘူးမလား??...."
အကြည့်စူးစူးတစ်ချက်သူ့ပေါ်
ရောက်လာပေမဲ့ အောင်သူလဲပြန်ကြည့်ရင်း
ကားကိုဘိီးလှိမ့်ရုံအရှိန်လျော့လိုက်သည်။
“မဟုတ်သေးပါဘူး နင်ကငါ့ကိစ္စကို
ဘာလို့ဝင်ပါချင်နေတာလဲ အောင်သူ....."
“ဘာလို့ဆို နင့်ကိုဒီခေါ်လာတဲ့လူက
ငါဖြစ်နေလို့ပေါ့ နွေသဲမာ ......"
အောင်သူပြောတော့ သူမကညိမ်ကျသွားကာ
အရှေ့ကိုမျက်နှာမူသွား၏။
အောင်သူ အားမလိုအားမရ ကားကို
ဘေးထိုးရပ်လိုက်ကာ ခါးပတ်ဖြုတ်၍
မထီမဲ့မြင်နဲ့ဆိုးသွမ်းတဲ့ကလေးလို
လုပ်နေတဲ့သူမပုခုံးကိုဆွဲလှည့်ကာဖြင့်
သူနဲ့မျက်နှာချင်းဆိုင်ဖြစ်စေလျက်ကမှ
“နင်နဲ့သာမညအကြောင်း သူကိုယ်တိုင်
ပါးစပ်ကထုတ်ပြောလို့ငါသိပြီးသွားပြီ....
အဲ့တုန်းကရော နင်တကယ်ရည်ရွယ်ချက်
ရှိရှိလုပ်ခဲ့တာလား??"
သူမကိုဖြေခိုင်းနေပေမဲ့ တကယ်တမ်း
ဟုတ်တယ်လို့ပြောလာမှာတော့
အောင်သူမခံနိုင်ပါ!!
သို့ပေမဲ့ သူမကတော့ထုံးစံအတိုင်း
သူ့ကိုအကြည့်တွေကျော်ရင်းမှ
ခပ်တင်းတင်း နှုတ်ဆိတ်နေလေ၏။
“ပြောလေဟာ နင်အရင်ကနွေသဲမာမှ
ဟုတ်ရဲ့လား?? နင်အရမ်းပြောင်းလဲသွားတယ်....."
“အဲ့တော့ဘာဖြစ်လဲ နင်ကပါငါ့ကို
သူငယ်ချင်းအဖြစ်ကနေ စွန့်လွှတ်ချင်တာလား?? ရတယ်လေ လုပ် ငါကဘာကိုမှ
စိတ်မဝင်စားဘူး....."
ပြောပြီး သူ့လက်တွေကိုဖယ်ချကာ
ကားပေါ်ကဆင်းသွားတာမို့ အောင်သူ
တံခါးဖွင့်ကာအမြန်လိုက်ရသည်။
“ဟေ့ နေဦးလေ နင်တစ်ယောက်ထဲ
ဘယ်လိုပြန်မှာလဲ??...."
“ရတယ် အဲ့တာငါ့ကိစ္စပါ...."
ပြောပြီး အတင်းသွားရန်ပြင်နေတာမို့
အောင်သူကပဲစိတ်လျော့ကာ သူမကို
ကားနားပြန်ဆွဲခေါ်လာ၍ လက်တွေကို
လွှတ်ပေးလိုက်လျက်..
“ငါနင့်ကိုသူများတွေထက်ပိုပြီး
သံယောဇဉ်ရှိလို့ အခုလိုတွေမေးနေရတာ
နင်ကငါ့ကိုတောင်ပြောပြဖို့ နာတယ်ထင်နေတာလား??...."
“အေ ဟုတ်တယ်ဟေ ဟုတ်တယ်
နင်အရမ်းသိချင်နေရင်လဲ ငါပြောမယ်
ငါ သာမညကိုအဲ့နေ့ညကရည်ရွယ်ချက်ရှိရှိ
သိမ်းပိုက်ခဲ့တာ.....ဘယ်လိုမှလက်မလွှတ်ချင်လို့ သူ့မိဘတွေရောငါ့မိဘတွေကိုရော
အဲ့အိမ်ကိုခေါ်ပြီးဂွင်ဆင်ခဲ့တာ....ရပြီလား??...."
“ဘာလို့လုပ်ခဲ့တာလဲဟာ ဒီလို
မျက်နှာပျက်စရာကိစ္စကြီးကိုနင်ဘာလို့
လုပ်ခဲ့တာလဲ??...."
“ချစ်လို့လေ သူ့ကိုချစ်လို့ ဒါပေမဲ့
သူကအခုငါ့ကိုတွန်းထုတ်နေသေးတာ
အဲ့တာ ဟိုမိန်းမမရှိတော့ရင်တော့ငါ့ဆီကို
သူပြန်လာနိုင်သေးတယ် ဒါပေမဲ့သူနဲ့ငါက
စေ့စပ်ထားတယ်ဆိုတော့အဲ့မိန်းမထက်တော့
တစ်ဗန်းသာတာပေါ့ အခုနေတော့အဲ့မိန်းမ
အငယ်အနှောင်းနေရာမှာပဲနေရမှာ....."
သူမရဲ့တစ်ဖက်သတ်စကားတွေကြောင့်
အောင်သူ မျက်ခုံးကျုံ့သွားရင်းမှ
“နင်သူများကိုအဲ့လိုတော့မပြောသင့်ပါဘူး
ဟိုက သာမညကိုစိတ်တောင်မဝင်စားဘူး
နင့်လိုပဲလေ သူလဲ အဲ့အစ်မကိုလိုက်ကပ်နေတာ....."
“အို မယုံပါဘူး အဲ့မိန်းမကသိုးရေခြုံထားတဲ့
ဝံပုလွေ သာ့အရှေ့မှာအဲ့လိုနေပြနေတာ...
ဟိုကတန်းတန်းစွဲဖြစ်နေအောင်လေ အဟွန်း
မိန်းမတွေအကြောင်းကိုနင့်ထက်ငါပိုသိပါတယ်....."
“နင်မှားနေပြီ နွေသဲမာ...."
“ကျစ် ဟုတ်တယ်ဟာ မှားတယ်
ကမ္ဘာပေါ်မှာနင်အမှန်ဆုံး အခုသွားလို့
ရပြီလား??...."
ပြောပြီး မီးညှောင့်ရိုးနားကိုကိုင်ကာ
ကားထဲဝင်သွားတဲ့သူမကြောင့်အောင်သူလဲ
လိုက်ဝင်ရင်းမှ သူမကိုငဲ့ကြည့်ကာ
“ဘာဖြစ်တာလဲ အစောကနာသွားတာလား??...."
“နာရုံနဲ့မသေပါဘူး နင့်ဘာသာနင်သာ
ကားမောင်းစမ်းပါ....."
နွေသဲမာကတကယ့်ကိုလူတစ်မျိုးဖြစ်သွားတာမို့ အောင်သူ သက်ပြင်းတစ်ချက်နဲ့သာ
ကားမောင်းထွက်ခဲ့လိုက်ရလေသည်။
🏠🏠🏠🏠
သဲ ညကြီးမင်းကြီးအိမ်ပြန်ရောက်တာနဲ့
တစ်အိမ်လုံးကို ဘာစကားမှမဆိုမိပဲ
သူမအိပ်ခန်းထဲသာဝင်လာခဲ့၏။
“သမီး သဲလေး တစ်နေကုန်လျှောက်သွားပြီး
အခုမှပြန်လာတာကို မိဘတွေကို
မျက်နှာလေးလာပြပါအုံလား??...."
“ကျစ် နေပါမာမီရာ သဲဒီ့နေ့တင်းနေတာနော်
မာမီတို့ပါ ရောပါသွားမယ်....."
ပြောပြီး မွေ့ယာပေါ်ဝုန်းခနဲလှဲချလိုက်ပေမဲ့
ပြစ်ကျတဲ့ဒဏ်ကြောင့် မီးညှောင့်ရိုး
တစ်လျှောက်နာနေတဲ့အတွက်
သဲ အားခနဲညီးညူလိုက်မိသည်။
“သမီး ဘာဖြစ်တာလဲ ထိခိုက်သွားတာလား??...."
တစ်ဦးတည်းရှိတဲ့သမီးလေးမို့
ဘာမှအထိခိုကိမခံသလို လက်ညှိုးညွှန်ရာ
အကုန်ဖြစ်အောင်လဲ သူမတို့အလိုလိုက်ထား၏။
တစ်ခါတစ်ခါ သမီးကဆိုးပေမဲ့ သူမတို့
တယုတယမွေးခဲ့ရတဲ့ ၅ပေါင်ကလေးလေးမို့
အကြင်နာပို ခွင့်လွှတ်ခဲ့ရလေသည်။
ပြန်ဖြေသံမကြားရ!
သူမကစိတ်ပူတတ်တာမို့ သမီးမကြိုက်မှန်း
သိပေမဲ့လဲ အမြဲဆောင်ထားနေကြ
သော့အပိုနဲ့ဖွင့်ကာဝင်လိုက်တော့ ကုတင်ပေါ်
မှောက်ခုံမှောက်အိပ်နေတဲ့သမီးကိုမြင်လိုက်ရ၏။
“မာမီတို့က privacy ကိုတကယ်
နားမလည်ဘူးပဲ သူများအခန်းကို
ခွင့်ပြုချက်မရှိအဲ့လိုဝင်ဝင်လာတာ
သဲလုံးဝမကြိုက်ဘူးနော်....”
“အော် မာမီ့သဲလေးရယ် မာမီကသဲလေးကို
စိတ်ပူလွန်းလို့ဝင်လာခဲ့တာပါ ငါ့သမီးလေး
ဒီနေ့စိတ်မကြည်ဘူးနော် ဘာလို့လဲသမီး!!
သာ့အကြောင်းစုံစမ်းမရလို့လား??...."
“......"
“မာမီ့သမီးကတကယ့်ငဆိုးလေးပဲ...."
ဘာမှပြန်မဖြေတာမို့ သူမရဲ့တင်ပါးကို
ချစ်စန်ုးနဲ့ဖက်ခနဲရိုက်လိုက်တော့
တစ်ချက်တွန့်သွားတာမို့ ငြိမ်သွားမိရင်း
အဲ့နေရာကို တစ်ချက်ဖိလိုက်တဲ့အခါ
နွေသဲမာ လူးလွန့်သွားသည်။
“သမီး မာမီ့သဲလေးဘာဖြစ်တာလဲ??...."
“ဘာမှမဖြစ်ဘူး...."
“ကျစ် အဲ့လက်ကိုဖယ်စမ်းပါ မာမီညည်းအကြောင်းသိပါတယ်....."
အတင်းဆွဲကာနေတဲ့လက်ကိုဖယ်ရင်း
တင်ပါးနားကဘောင်းဘီစကို ကလေးလို
ဆွဲဖယ်ချလိုက်တော့ ညိုမဲနေတာ
မြင်လို့တောင်မကောင်း!!
တယုတယပိုးမွေးသလိုမွေးထားရတာမို့
ယခုလိုမြင်လိုက်ချိန် ဒေါ်နွေမင်းရဲ့ရင်ဘတ်တွေ အခုန်မြန်လာရင်းမှ မျက်ရည်ကအစ
ဝဲတက်လာရကာ
“သဲလေးရယ် တင်ပါးတစ်ခုလုံးလဲ
ညိုပုတ်နေတာပဲ ဘာဖြစ်ခဲ့လဲ
မာမီ့ကိုပြောပါဦး....."
အသားဖြူနုနေသူမို့ ဖွေးဉနေတဲ့
တင်ပါးမှာ တကယ်ကိုလန့်စဖွယ်
ရှိနေတဲ့ ဒဏ်ရာကြီး!!
သဲကတော့ သက်ပြင်းချရင်းမှ
ဘောင်းဘီစကိုပြန်ဆွဲတင်ကာဖြင့်
“ကိုကိုနေတဲ့နေရာကိုသွားရင်းနဲ့
ထိခိုက်လာတာ...."
“ဟယ် ဒါဆိုသူရောမသိဘူးလား??
သမီးကိုဒီတိုင်းပဲပြန်လွှတ်လိုက်တာလား??..."
“မဟုတ်ပါဘူး သူမသိဘူး သဲဘာသာသဲ
အပြန်တစ်နေရာမှာချော်လဲတာ ရပြီမာမီ
သဲအိပ်တော့မှာမို့ ထွက်သွားပေးပါတော့...."
“အိုမရပါဘူး မာမီသမီးကိုဆေးလိမ်းပေးမယ်
...."
တားလဲမရတာမို့ သဲ မာမီလိမ်းပေးတဲ့
ဆေးကိုခံယူရင်း တစ်ချက်ညည်းညူမိတိုင်း
ရင်ထဲမှာအမုန်းတွေပိုမိုပေါက်ဖွားရသည်။
“ရတယ်ကိုကို ခဏအပျော်ရှာချင်တာကို
သဲခွင့်လွှတ်ပါတယ် ဘာလို့ဆိုအချိန်တန်ရင်
ကိုယ့်ခြံစည်းရိုးထဲပဲပြန်လာရမှာမို့.....”
ဟွန့်ခနဲမဲ့လိုက်ရင်း သဲမျက်ဝန်းမှာတော့
မျက်ရည်ကြည်တစ်ချို့နေရာယူထား၏။
🏠🏠🏠🏠
ညက သူတို့သီချင်းဆိုတာ ညနက်သွားတာမို့
အကုန်လုံးတော်တော်နဲ့မထနိုင်ကာ
သာနိုးတော့ မနက် ၆နာရီထိုးနေပြီ!!
ဟာခနဲညည်းညူရင်းမှ ပြေးထကာ
သူမအိမ်ဘက်သွားကြည့်တဲ့အခါ
သော့ပိတ်ရင်းထွက်သွားလေသည်။
သူ့အတွက် မနက်စာမချန်ထားခဲ့တာထက်
သူ့ကိုထားပြီး ဒီလိုကြီးထွက်သွားတော့
မကျေနပ်တာလိုလို စိတ်ထဲဖော်ပြရခက်၏။
သာ အိမ်ထဲပြန်ဝင်ကာ ရေမိုးချိုးရင်း
တစ်ယောက်ပြီးတစ်ယောက်နှိုးကာ
ကိုယ်လက်သန့်စင်ခိုင်းလိုက်သည်။
သူတို့မှာအဝတ်မပါတာမို့ ဒီတိုင်းပဲ
ခြေလက်သန့်စင်ကာဖြင့် အောက်မှာ
အစီအရီထိုင်စောင့်နေကြ၏။
“မပြန်ကြသေးဘူးလား??...."
“ပြန်ကြစရာလားကွ ညကငါတို့
သေမတတ်လုပ်ပေးထားတာ
မနက်စာလေးတော့ ဧည့်ခံအုံးပေါ့...."
“ညကထမင်းတွေကုန်သွားတယ်လေကွာ...."
ကောင်းကြီး ပြောတာမို့ သာမျက်နှာငယ်နဲ့
ပြောလိုက်တဲ့အခါ အကုန်လုံးလက်တကာကာနဲ့
“မကြားချင်ဘူးဟေ့ရောင် ငါတို့အားလုံး
၈ယောက်ရှိတယ် ၈ယောက်စာ မင်းမနက်စာ
ကျွေးရမယ်....."
“ဟုတ်တယ်ဟျောင့် မင်းနော်
ကျေးဇူးတရားသိတတ်စမ်း......"
အကုန်လုံးနှိပ်ကွပ်နေတာကြောင့် သာ
မနေသာတော့ပဲ ရှပ်အပါးတစ်ထည်
ကောက်စွတ်ကာ ဘာလုပ်ရင်ကောင်းမလဲ
စဉ်းစားရင်း သူတို့လူအုပ်တွေခေါက်ဆွဲပြုတ်ပဲပြုတ်စားရင်ကောင်းမယ်တွေးမိသည်။
သူမနဲ့ဆိုင်လိုက်သွားဖြစ်တဲ့အချိန်တွေမှာ
လမ်းမှာရှိတဲ့ကုန်စုံဆိုင်ကြီးကိုအမြဲ
တွေ့တွေ့နေတာမို့ အခုအဲ့ဆိုင်ကိုပဲ
ရောက်လာတဲ့အခါ......၊
“မောင်လေး ဘာယူမလဲကြည့်...."
ဆိုင်ရှင်အပျိုကြီးပြုံးစေ့စေ့နဲ့ ပြောတော့
သာလဲ မကောင်းတတ်လို့ပြန်ပြုံးပြရင်းနဲ့မှ
ခေါက်ဆွဲခြောက်တွေထားသောနားကို
လျှောက်လာခဲ့၏။
ကိုယ်ဝယ်နေကျမဟုတ်တာမို့ တစ်ဆိုင်လုံး
နှံ့အောင်လိုက်ကြည့်ပြီးမှ တွေ့လေသည်။
“မောင်လေး ဒါကမျက်စိ ဒါကလျှာ....
ဒါကတော့အစ်မနှလုံးသား အို......ဟားဟား”
“အဟင်း....”
ခေါက်ဆွဲခြောက်ထုပ်တွေကိုကြော်ငြာဝင်ရင်း သူ့ရင်ဘတ်သူဖိကာဝင်နှောင့်တာမို့
သာခပ်ပြုံးပြုံးနဲ့သဘောကျသလိုရယ်တော့ သူမကအနားကိုပိုတိုးလာရင်းမှ
“ငါ့မောင်လေးကချောလိုက်တာ အစ်မ
ဒီရပ်ကွက်ထဲမှာသိပ်မတွေ့မိပါဘူး....."
“ဟုတ်တယ်ဗျ ကျွန်တော်ကဒီမှာအခုမှ
လာငှားနေတာလေ....."
“အယ် ဒါဆို ခါးလွန်းနွယ်တို့အိမ်မှာ
ငှားနေတဲ့ကောင်လေးလား?? ဟို
အားကစားရုံဖွင့်ထားတယ်ဆိုတာလေ....."
“အွန်း ဟုတ်တယ်ဗျ....."
“အိုအေ အဲ့တာကြောင့်ငါ့မောင်လေး
ဗလတောင့်တောင့်နဲ့ချောလှပါတယ်အောင့်မေ့နေတာ လက်စသတ်တော့အဲ့ကပဲ....."
သာလဲ ပြုံးရုံပြုံးရင်းလိုတဲ့အထုပ်တွေ
ယူကာကောင်တာဆီလာတော့ အစ်မကြီးက
ပါးစပ်မစေ့တော့ပဲ သူ့ကိုပြုံးပြုံးပြနေတာမို့
သူလဲအားနာတာနဲ့ပြန်ပြုံးပြရတာ
ပါးစပ်တွေတောင်ညောင်းနေရ၏။
“ငါ့မောင်လေးက အားလုံး ၁၆၅၀၀ကျတာ
အစ်မက ၁၅၀၀၀ပဲယူလိုက်မယ်နော်
ရော့ ဒါကမမရင်ထဲက အသည်းလေး
ငါ့မောင်လေးကိုပေးလိုက်မယ်...."
ဘေးနားကအသည်းပုံသကြားလုံးသုံးလုံးကို
သူ့ကိုပေးရင်း အထုပ်ကမ်းပေးတာမို့
သာယူတော့ သူမကမလွှတ်ပဲနဲ့
ရွှန်းရွှန်းစားစားစိုက်ကြည့်လာလျက်
“အစ်မ အားကစားလာလုပ်ဖြစ်ရင်
ငါ့မောင်လေးက ကိုယ်ဖိ ရင်ဖိ
အကုန်လုံးဖိပြီးသင်ပေးရမယ်နော်.....
မောင်လေးနဲ့ထပ်ကျပ်မခွာသင်ရလေ
အစ်မပိုအဆင်ပြေလေပဲ....."
“ဟုတ်ကဲ့....."
ဖြေပြီးတာနဲ့ သာအထုပ်အမြန်ယူကာ
လစ်ထွက်ခဲ့ရသည်။
သူဆိုးလားအောင့်မေ့တယ် သူ့ထက်ဆိုးတဲ့
လူနဲ့တွေ့တော့လဲ လက်မြှောက်ရတာပါပဲ!!
🏠🏠🏠🏠
ခါး သူ့အတွက်မလုပ်ပေးချင်ပေမဲ့
ကိုယ်ကစကားကျွံပြီးပြီမို့ ဟင်းချက်စရာ
ဝယ်ကာ အသားငါးတွေကိုဆိုင်မှာတင်
တစ်ခါထဲ ဟိုဟာထုတ်ဒီဟာထုတ်
သန့်စင်ရင်းမှ အိမ်ရောက်ရင်အသင့်ချက်ရန်
ပြင်ဆင်ထားလိုက်၏။
“သမီး သိမ်းမယ်လေ....."
ကလေးကိုပြောပြီး ခါးအံဆွဲထဲက
ပိုက်ဆံထုတ်ရေကာ အရောင်းစာရင်း
စာအုပ်ထဲကတစ်နေ့တာ စာရင်းနဲ့တိုက်ကြည့်တော့ မှန်နေသည်။
ခါးကအထဲကနည်းနည်းပွနေတာလေးတွေ
သူ့နေရာနဲ့သူပြန်ရှင်းရင်း သိမ်းပြီးချိန်
ကလေးမလေးကို တစ်ရက်ခရှင်းပေးပြီး
ခါးလဲအိမ်ပြန်လာခဲ့၏။
အိမ်ကိုရောက်လေ မနေ့ကကိစ္စတွေကို
ပြန်တွေးမိလေမို့ လူကပိုလို့ပင်
ဒေါသထွက်ရသည်။
“ခါးပြန်လာပြီ....."
နေ့လည်နားချိန်မို့ သာအိမ်ရှေ့ကနေ
လှမ်းနှုတ်ဆက်တဲ့အခါ သူမက
လှည့်ရုံသာလှည့်ကြည့်ရင်း အိမ်ထဲဝင်သွား၏။
သူလဲဘာမှမတတ်နိုင်သည်မို့ လက်မှိုင်ချကာ
သက်ပြင်းတစ်ချက်ပဲအဖော်ပြုနိုင်တော့သည်။
.......
သူ့ကိုထဲထဲဝင်ဝင်မဆက်ဆံတော့ပေမဲ့
နေ့လည်စာတော့ရအောင်ပို့ပေးသေး၏။
အရင်လို မျက်နှာတွေ့လာပေးတာမဟုတ်ပဲ
သူ့အိမ်ရှေ့က တန်းလျားကြီးပေါ်မှာ
အုပ်ဆောင်းလေးအုပ်ရင်းထားပေးခဲ့သည်။
မအီမလည်နဲ့ယူစားလိုက်ရရင်း
ညရောက်ချိန်မှာတော့ သာအကုန်လုံး
လက်စသတ်ကာ သူမအိမ်ဘက်ကို
ထွက်လာခဲ့၏။
“ခါး ကျွန်တော်ဒီနေ့တူတူစားမှာနော်....."
လူမတွေ့တာမို့ သတိပေးသလိုအော်ရင်း
သူ စားပွဲခုံမှာချစရာရှိတာတွေအရင်
ချထားလိုက်သည်။
ခါးလဲ ရေမိုးချိုးပြီး ခေါင်းသုတ်သဘတ်
ယူရန်အိမ်ရှေ့ထွက်လာတော့ ထမင်းဝိုင်းပြင်ပြီးစောင့်နေတဲ့သူ့ကိုမြင်လိုက်ရတာမို့
လူကရင်တုန်သွားကာ လက်နှစ်ဖက်နဲ့
ရင်ဘတ်ကိုယှက်ကာလိုက်မိ၏။
“မင်း မင်းဘယ်လိုလုပ်ပြီးငါ့အိမ်ထဲ
ရောက်နေပြန်တာလဲ??...."
“ကျွန်တော့ကိုစိတ်မဆိုးပါနဲ့ ခါးနဲ့တူတူ
ထမင်းစားချင်လို့ပါ....."
ဆက်ပြောရန်ကလဲအဝတ်မရှိတဲ့
ခန္ဓာကိုယ်ကြောင့်အခက်တွေ့နေတာမို့
ခါး သဘတ်စကိုပုခုံးပေါ်သာလွှားတင်ကာ
အခန်းထဲအမြန်ဝင်၍ အဝတ်လဲလိုက်သည်။
ဒီကောင်လေး မပြောမဆိုနဲ့ရဲတင်းလိုက်တာ!!
ရန်တွေ့ရန်အားခဲပြီးအရှေ့ထွက်လာတော့
သူက ခါးအခန်းရှေ့မှာရောက်နေပြန်တာမို့
လူကပိုပြီးရင်တုန်သွားရလေ၏။
“မင်း....."
“ကျွန်တော်ခါးကိုကျွန်တော်နဲ့နွေသဲမာအကြောင်း ရှင်းပြချင်လို့ပါဗျာ....."
“အို မရှင်းပြနဲ့ ဒို့မကြားချင်ဘူး ပြီးတော့
မင်းအတွက်ထမင်းဟင်းခွဲပြီးကိုယ့်ဘက်မှာ
ကိုယ်သွားစား....ဒို့နဲ့လာမစားနဲ့....."
ပြောပြီးထွက်သွားရန်ပြင်နေတဲ့ကိုယ်လုံးကို
မထိန်းနိုင်စွာအတင်းဆွဲဖက်လိုက်တော့
သူမကဒေါသတကြီးကုတ်ဖဲ့ရုန်းနေလေသည်။
“သာမည မင်းငါ့ကိုမိန်းမတစ်ယောက်ထဲ
ဆိုပြီးအထင်သေးတာလား ဟမ်...."
သာကတော့ အခုမှရေစိုစက်လက်နဲ့
မွှေးပျံ့နေတဲ့သူမဆံပင်တွေကိုမွှေးနမ်း၍
ကိုယ်လုံးကိုလဲခပ်တင်းတင်းဖက်ထားကာ
“ကျွန်တော်နဲ့နွေသဲမာဘာမှမပတ်သတ်ဘူး
သူ့ဘာသာတစ်ဖက်သက် ကျွန်တော့ကို
လိုက်ကပ်နေတာ မိဘချင်းရင်းနှီးလို့
သူ့စိတ်ကြိုက်ဖြစ်နေတာခါး
သူ့ကိုကျွန်တော့စိတ်ထဲ ဘယ်တုန်းကမှ
မထည့်ဖူးဘူး....."
“လွှတ်စမ်းသာမည အဲ့တာတွေ
ငါစိတ်မဝင်စားဘူး မင်းလွှတ်နော်
ငါ့ကိုဘာအောင့်မေ့နေလဲ??....."
“ချစ်စရာလေးလို့ပဲအောင့်မေ့တယ်ဗျာ
ကျွန်တော်ခါးကိုသဘောကျနေမိပြီဗျ.....”
နားထင်နားကိုဖွဖွနမ်းရင်းပြောလိုက်တဲ့
သူ့စကားတို့ကြောင့် ခါးကိုယ်လေး
ကျောက်ရုပ်လိုတောင့်တင်းသွားမိတဲ့အခါ
အခန်းမှတ်ချက်များ (0)