Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၁၈

“အို အမေရေ လုပ်ပါဦး မနိုင်တော့ဘူးတော့...."

“အမလေး....."

မမိုးဘေးနားမှာ ခါးကနယ်ကူဖို့

ထိုင်နေတာမို့ သတိမထားမိလိုက်ပေမဲ့

သူမကရည်ရွယ်ချက်ရှိရှိ ခါးထိုင်နေတဲ့

ဘက်ကနေ ပတ်လာရင်း အနားရောက်မှ

လက်ချော်သွားဟန်နဲ့ လွှတ်ချတဲ့အခါ

အချဉ်သုပ်နယ်ဖို့ထားထားတဲ့ဒိန်ချဉ်တွေ

ခါးကိုယ်ပေါ်ကို ဝေါခနဲမှောက်ကျကုန်၏။

ဆတ်ခနဲထရပ်လိုက်မိရင်းမှ ထိုမိန်းကလေးကို ကြည့်လိုက်မိတဲ့အခါ ကျေနပ်သလို

အပြုံးမျိုးပန်ဆင်လိုက်ပေမဲ့ နောက်မှ

ဟန်လုပ်ဝမ်းနည်းပြရင်းမှ တစ်ဝက်ကျော်လောက်ပဲကျန်တော့တဲ့ဒိန်ချဉ်အိုးကိုငုံ့ကြည့်၍

“ဒီကအစ်မကြီးကိုတောင်းပန်ပါတယ်နော်....

သဲ ကူညီပေးချင်ဇောနဲ့ဖြစ်သွားတာမို့ပါ

သဲကိုအပြစ်မမြင်ဘူးမလားဟင်....."

လူတွေအများကြီးနဲ့မို့ ခါးပူထူသွားပေမဲ့

ဒီလိုအဆင့်နဲ့လူမျိုးကို တုမဖြစ်ချင်တဲ့အခါ

ဘာစကားမှမဆိုပဲ လှည့်ထွက်ရန်အလုပ်

သာမည သဲနားကိုရောက်လာကာ နောက်ကနေ

ပုခုံးကိုခပ်ဆတ်ဆတ်တွန်းထုတ်လိုက်၍

“ပြန်တောင်းပန်လိုက်စမ်း နွေသဲမာ

မင်းကြောင့်သူများအရှက်ရသွားပြီ....”

“အို ကိုကိုကလဲ သဲကတမင်လုပ်တာမှ

မဟုတ်တာ ပြီးတော့ ဒီအစ်မကြီးကလဲ

သဲမနိုင်မနင်းမလာတာမြင်ရင်

နည်းနည်းဖယ်ပေးမှပေါ့....."

ကိုယ့်ကိုပါအပြစ်ဖို့လာတာမို့ စိတ်ထဲ

ထောင်းခနဲဖြစ်သွားပေမဲ့ ခါးဒေါသထွက်ရင်

ကိုယ့်ကိုကိုယ်မထိန်းနိုင်ပဲ အားလုံး

ပြင်ဆင်ထားတဲ့ ဖွင့်ပွဲပါ ကမောက်ကမ

ဖြစ်ကုန်မှာဆိုးတာမို့ စိတ်လျော့ကာ

ထွက်သွားရန်အလုပ် သာမညကခါးနား

တိုးလာကာ ခါးပုခုံးလေးကိုဆွဲယူရင်း

နွေသဲမာရှေ့ပိုမိုတိုးပေးလိုက်၍

“အခုတောင်းပန်လိုက်နွေသဲမာ.....

မင်းလုပ်ရပ်ကတရားလွန်တယ်နော်....."

အကုန်လုံး နွေသဲမာတောင်းပန်တာကို

လိုလားနေကြတာမို့ သူမကိုပဲစုပြုံပြီး

ကြည့်နေတဲ့အခါ နွေသဲမာ ရှက်ကိုးရှက်ကန်း

ပူထူလာရင်းမှ ကိုကို့ကိုအမြင်ကပ်သလို

သူ့ဘေးနားကသဲ စကားကိုစောင့်နေတဲ့

ထိုမိန်းမကိုလဲမုန်းမိစွာဖြင့်မျက်စောင်းထိုး၍

ဆိတ်ဆိတ်နေလိုက်သည်။

သာ အံကြိတ်ထားရင်း နွေသဲမာကို

ဆွဲဆောင့်ပြစ်ချင်တဲ့စိတ်ကိုမနည်း

မြိုချလိုက်ရင်းမှ သူမနားသွားကာ

လက်ကောက်ဝတ်ကိုဆွဲကိုင်ရင်း ခါးရှေ့

ပိုမိုဆွဲခေါ်လာလျက်

“အခုတောင်းပန် မင်းတမင်သက်သက်

ပြသနာရှာတာငါသိတယ် တကယ်လို့

မင်းဘက်က မရည်ရွယ်ဘူးဆိုရင်တောင်

မင်းကြောင့်ဖြစ်သွားတဲ့ကိစ္စမို့လို့ကို

မင်းပိုတောင်းပန်သင့်တယ်......"

သူမကိုချည်းဖိအားပေးနေတာမို့

နွေသဲမာ သာ့ကိုဆတ်ခနဲကြည့်လိုက်ကာ

အံကိုလဲကြိတ်ထားကာဖြင့်

“မတောင်းပန်နိုင်ပါဘူး သူကကိုကို့

အငယ်အနှောင်းမို့လို့ ကိုကိုကနာနေတာလား??...."

“ဖြောင်း........"

ဒီတစ်ခါမှာ ဖြောင်းခနဲရိုက်ချလိုက်သူက

ခါးရယ်သာ!!

“အောက်တန်းကျလိုက်တဲ့မိန်းကလေး.....

နင့်လိုစိတ်ဓာတ်မျိုးနဲ့ငါ့ကိုလာနှိုင်းနေတာလား?? အိမ်ရှေ့မှာတောင်အရှက်မရှိ

ဖက်လိုက်နမ်းလိုက်လုပ်နေတဲ့လူကများ

ငါ့ကိုအငယ်အနှောင်းဆိုပဲ.....

နင်နဲ့နင့်လူကြား ဝင်ဖို့လောက်အထိ

နင်တို့အဆင့်ကငါ့ကိုမမှီသေးဘူးနော်??

နင့်ဘာသာနင်သူ့ကိုပိုင်တယ်ဆိုရင်

ဘေးလူကိုအခုလိုပုတ်ခတ်စရာတောင်မလိုဘူး....နောက်ဆို ကိုယ့်လူကိုယ်မထိန်းပဲ

ဘေးလူကိုပုတ်ခတ်တတ်တဲ့မင်းရဲ့ဗီဇကို

ရေသန့်သန့်နဲ့ဆေးချလိုက်အုံး....."

တစ်ကိုယ်လုံးဒိန်ချဉ်စော်တွေနံနေကာ

လူကဒေါသမီး ပေါက်ကွဲချင်နေပြီမို့

ရိုင်းဆိုင်းတဲ့စကားတွေထွက်မလာစေပဲ

ဒီလောက်ထိပဲပြောရင်း ကျန်တာမြိုသိပ်ကာ

ခါး အိမ်ဘက်ထွက်လာခဲ့လိုက်၏။

“တွေ့လား ကိုကို့ဟာမက သူခိုးလူ

ပြန်ဟစ်သွားတာတွေ့လား?? လူရှေ့မို့

ကြားကောင်းအောင်ပြောနေတာ သူ့အကြည့်

သူ့ပုံဘယ်လိုလဲဆိုတာ သဲသိတာပေါ့....."

“တောက် မင်းတော့သေတော့မယ်....."

“အာ့ ကိုကို!!!!......”

သာ သူမစကားတွေကိုသည်းမခံနိုင်တော့သည်မို့ ဆောင့်တွန်းချလိုက်တော့

အောက်ကိုပြစ်စလတ်ခတ်ပြုတ်ကျသွားသည်။

အောင်သူလဲ ဖြစ်ပျက်သမျှကြည့်ရင်း

သူ့အပြစ်မကင်းတာမို့ သက်ပြင်းချကာ

နှုတ်ဆိတ်နေလိုက်ရ၏။

တကယ်ဆို သူမတမင်လုပ်တာ

အောင်သူလဲမြင်သားပဲ!!

“အောင်သူ မင်းရှုပ်လာတဲ့စောက်ဇယားကို

မင်းဘာသာရှင်းနော် သူ့ကိုဒီခြံထဲမှာထပ်ပြီး

မမြင်ချင်ဘူး....အခုပဲပြန်ခေါ်သွား....”

ပြောပြီးအနားကထွက်သွားတာမို့

အောင်သူ သဲကိုဆွဲထူတဲ့အခါ သူမက

ရှိုက်ကြီးတငင်ငိုရင်းမှ အောင်သူ့လက်

တွေကိုပုတ်ထုတ်၍

”မသွားဘူး ငါမပြန်ဘူး....."

“လာပါသဲရယ် သာ့အကြောင်းနင်လဲ

သိရဲ့သားနဲ့.....”

သူမမကောင်းတာသိပေမဲ့လဲ သူချစ်တဲ့သူမို့

အများသူငှာရဲ့ မလိုတဲ့အကြည့်တွေကို

မကြည့်စေချင်ကာ သူမကိုအတင်းပင်

ခြံပြင်ဆွဲခေါ်လာ၍ သူ့ပစ္စည်းတွေ

အကုန်ယူရင်း ထိုနေရာကနေထွက်လာခဲ့သည်။

🏠🏠🏠🏠

“ခါး......"

“ဖြောင်း...."

ဟန်မပျက် လျှောက်လှမ်းသွားတဲ့သူမဆီ

အတင်းလိုက်ရင်းမှ မျက်နှာလေးကို

ဆွဲလှညိ့တော့ ဒိန်ချဉ်တွေပေနေတဲ့

ကိုယ်လုံးကသူ့လက်လှည့်လာကာ

လက်ဖဝါးတစ်ချက်ကလဲ သူ့ပါးပြင်ပေါ်

ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာ၏။

သာ စိတ်မဆိုးမိပဲနဲ့သူမကိုပြန်ကြည့်လိုက်မိတဲ့အခါ ဒေါသတွေနဲ့အတူ သူ,မမြင်ဖူးတဲ့

မျက်ရည်ကြည်တွေ သူမမျက်ဝန်းမှာ

နေရာယူထားလေသည်။

“အောက်တန်းကျတယ် မင်းရောသူရော

နှစ်ယောက်လုံးအောက်တန်းကျတယ်

သူကပါးစပ်အောက်တန်းကျတာ မင်းက

စိတ်ဓာတ်အောက်တန်းကျတာ.....

ငါ့ဘက်ကရှင်းအောင်နေပါရက်နဲ့

မင်းကချစ်သူရှိရက်တန်းလန်း

ငါ့ကိုအီစီကလီလာလုပ်တာ....

သူ့မျက်လုံးထဲငါ့ကိုဒီလိုမျိုးထင်စေတာက

မင်းရဲ့လုပ်ရပ်တွေကြောင့်ပဲသာမည....."

ပြောပြီး စိတ်တိုမှုကြောင့်ပေါက်ခနဲကျတဲ့

မျက်ရည်စက်ကို သာ မသုတ်ပေးနိုင်ပါ!!

“ငါ့မျက်ရည်ကဝမ်းနည်းလို့ကျတာ

မဟုတ်ဘူး သာမည စိတ်တိုလွန်းလို့ကျဝာာ

ငါ့အနေအထားနဲ့ အဲ့လိုမိန်းမမျိုးဆီက

အငယ်အနှောင်းဆိုတဲ့စကားမျိုးကို

ကြားလိုက်ရတဲ့အတွက် ငါနာတာ.....

ငါ့တစ်ဘဝလုံး စောင့်တည်လာခဲ့တဲ့

သိက္ခာက မင်းနဲ့တွေ့မှပဲပျက်စီးတော့တာပဲ..

မင်းကငါ့အတွက်တော့ တကယ့်ဂြိုလ်ဆိုးပဲသာမည....."

“ ခါး ‌စိတ်ပြေတဲ့အထိကျွန်တော့ကို

ကြိုက်သလောက်ပြောပါဗျာ ဒါပေမဲ့

ကျွန်တော်ရှင်းပြတာလေးတော့နားထောင်ပါဦး.....သူနဲ့ကျွန်တော်က....."

“ပါးစပ်ပိတ်ထား ငါ့လက်ဝါးမင်းပါးပေါ်

ထပ်မရောက်စေချင်ရင် မင်းဘက်ကို

မင်းသွားလိုက်တော့....."

“နေပါဦး ခါး ခါး....."

တံခါးပိတ်ပြီးအထဲဝင်သွားတာမို့

အိမ်ပြင်က သာမည ကျစ်တသပ်သပ်နဲ့

ဘာလုပ်ရမှန်းမသိ!!

ဟိုအမွှေမလာတာမို့ သူ့အခြေအနေ

ဒီလိုဖြစ်တာ!!

ခါးလဲ အိမ်ထဲဘေစင်ဆီရောက်ကာမှ

တင်းထားသမျှစိတ်ဖြေလိုက်တော့

တဝေါဝေါနဲ့အန်ချမိ၏။

ဒီလိုချဉ်စုတ်စုတ်နဲ့ဒိန်ချဉ်ကို ဘယ်တော့မှ

မသောက်ခဲ့ဖူးတာမို့ အခုလိုတစ်ကိုယ်လုံးပေါ်

ဗရမ်းဗတာပေကျံနေတဲ့အခါ သူမရေကန်ထဲတောင် ဒိုင်ဗင်ထိုးလိုက်ချင်သည်။

အစောကရေချိုးထားပြီးပေမဲ့ အဝတ်တွေ

အကုန်ချွတ်ကာ ခေါင်းကနေအကုန်ပြန်

သန့်စင်၍ အစောကအခြေအနေကို

တနုံ့နုံ့သာဖြစ်နေရလေ၏။

.......

“အောင်သူပါပြန်မလာတော့ဘူးနဲ့တူတယ်....."

“မလာလေကောင်းလေပဲ အဲ့သတောင်းစား

မွှေလို့ ဟိုတစ်ယောက်ဒီအိမ်ရောက်လာတာ

ငါကွာ တွေးမိရင်နှစ်ယောက်လုံးကို

ကြိုးနဲ့တုတ်ပြီး ရိုက်ပြစ်လိုက်ချင်တယ်....."

သာ့မျက်နှာမှာတကယ်လုပ်ချင်စိတ်တွေ

မြင်နေရတာမို့ သူတို့နားလည်ပေမဲ့

အခုနေ ရှုပ်တာတွေရှင်းရမည်မို့ အောက်က

ဒိန်ချဉ်တွေကိုသူတို့သန့်ရှင်းနေရသည်။

တော်တော်ကြာနေပြီးနောက် ဆံပင်ဖားလျား

လေးနဲ့သူမ ဟိုဘက်အိမ်ကနေပြန်ရောက်လာလေ၏။

သူမလုံးဝမလာတော့ဘူးထင်ပေမဲ့

အခုလိုပြန်ရောက်လာတော့ သာပြုံးပျော်

သွားမိလေသည်။

သူမကတော့ မျက်နှာတည်တည်နဲ့ပဲ

သူတို့ကိုလဲမကြည့်ပဲနဲ့ အအေးဖျော်ရမဲ့

ရေဗုံးနားထိုင်ချကာ အအေးပုလင်းတွေကို

ဖွင့်ထည့်၍

“ဒီသုံးပုလင်းလုံးလား??...."

“ဟုတ်တယ်ခါး ဒါနဲ့ငါ့ညီမလေး

ခေါင်းပါပြန်လျှော်လိုက်ရတာပေါ့....."

“အင်း ခါးကဒိန်ချဉ်ကိုအရင်ထဲက

မကြိုက်ဘူး.....”

“ဟုတ်ပ အဲ့ကောင်မလေးကလဲ မနိုင်တာကို

လျှောက်မပြီး အကုန်လုံးကိုပြသနာပတ်ရှာတာ အစ်မကခါးစိတ်ဆိုးပြီး ဒီဘက်ကို

ပြန်မလာတော့ဘူးတောင်ထင်နေတာ....”

“မလုပ်ပါဘူး ခါးကအဲ့လိုကျပ်မပြည့်တဲ့

လူအတွက်နဲ့ကိုယ့်စိတ်ကိုမနှိပ်စက်ဘူး

သူ့ကိုစိတ်ဆိုးတော့ရောခါးဘာရမှာလဲ??

ရှင်းရှင်းပြောရရင် သူကခါးစိတ်ဆိုးဖို့တောင် မတန်ဘူး....."

သူမစကားကိုသာတို့လဲကြားတာမို့

တော်တော်တော့စိတ်ဆိုးနေမည်ဆိုတာ

သိကာ သူလဲသက်ပြင်းပဲချနိုင်တော့သည်။

......

ညနေ ၆နာရီထိုးမှာတော့ စတင်

ကျွေးမွေးနေပြီဖြစ်၏။

သူမက ဘာမှမဖြစ်ခဲ့သလို ပကတိ

ဖြူစင်တဲ့မျက်နှာလေးနဲ့ ဟင်းထည့်တဲ့

နေရာမှာထိုင်ကာ စေတနာပါပါ အနှစ်နဲ့အတုံးကိုသေချာမျှထည့်ပေးနေသည်။

သာကတော့ သူမနားပဲဝဲနေချင်တာမို့

ထမင်းထည့်ပြီးသားပန်းကန်တွေ

သူမထည့်တဲ့ ဟင်းအိုးရှေ့ချပေးကာ

ဟင်းထည့်ပြီးသားပန်းကန်တွေကိုတော့

ကောင်းကြီးတို့ကိုလက်ဆင့်ကမ်း၍

သူကသူမနားကမထ!!

တင်းမာလွန်းတဲ့သူမကတော့ သူ့ကို

ယောင်လို့တောင်မကြည့်လာပဲနဲ့ ဟင်းကိုပဲ

သေချာထည့်ပေးနေကာ ဘာလိုအပ်လဲဆိုတာ

ခဏခဏငဲ့ငဲ့ကြည့်နေတတ်၏။

gym ပစ္စည်းတွေရှင်းထားရင်းအိမ်ထဲမှာ

ကျွေးတာမို့ သူတို့အိမ်ရှေ့ကနေ အိမ်ထဲထိကို

ပန်းကန်တွေ ယူရတာနည်းနည်းလေးတော့

လှမ်းသည်။

သူကတော့ သူမမျက်နှာကြည့်ရင်း

ရေသာခိုအချောင်လိုက်နေလိုက်၏။

သူ့ကောင်တွေကိုဒီလိုခိုင်းဖို့ခေါ်ထားတာ

လုပိကြစမ်းပါစေ!!

အချဉ်သုပ်ထည့်သူကထည့် အချိုရည်

ထည့်သူကထည့် ဘာလချောင်ကြော်ကလဲ

ခဏခဏယူဖြည့်ရလေသည်။

သူကတော့ ပန်းကန်တွေရွှေ့ပေးတာနဲ့တင်

သူ့ဖွင့်ပွဲမှာအချိန်ကုန်ဆုံးလိုက်လေ၏။

အော်...သူမမျက်နှာလေးလဲကြည့်ရင်းနဲ့ပေါ့!!

၇နာရီခွဲပြီးချိန်မှာတော့ လူလဲ

စဲသလောက်ဖြစ်သွားပြီဖြစ်ရာ

လုပ်သားတွေပဲစားဖို့ကျန်တော့လေသည်။

လူတွေ‌ကဖွင့်ပွဲဆိုတာမို့ တော်တော်ကို

လာသွားကြရာ ထမင်းကို သုံးပုံပုံ

နှစ်ပုံကျော်လောက်က ကုန်သွား၏။

အအေးကတော့ပျက်ပြီမို့ သူတို့ရေနဲ့ပဲ

နှစ်ပါးသွားရပေမည်။

“ကယ် အားလုံး လုပ်လက်စလေးတွေ

ခဏထားပြီး အားလုံးဝင်စားကြရအောင်...."

မမိုးကပဲဦးဆောင်ရင်းခေါ်တာမို့

ခါး အကုန်စားဖို့အတွက် အိုးထဲဟိုကပ်

ဒီကပ်ဖြစ်နေတဲ့ ကြက်သားဟင်းတွေကို

ဇလုံကြီးထဲပြောင်းထည့်ကာအကုန်သပ်၍

အိုးကိုဆေးမဲ့နားပြေးထားလိုက်၏။

အကုန်လုံးခေတ္တရပ်ရင်း ကျန်ဖြတ်လေး

ဖြတ်ရန်အိမ်ထဲကိုအစီအရီဝင်လာသည်။

မမိုးဘေး ခါးအသာအယာဝင်ထိုင်တော့

ခါးဘေးကိုသူရောက်လာလေ၏။

အမြင်ကပ်ပေမဲ့လဲ ခါးအဲ့လိုကလေးဆန်ဆန်တွေမလုပ်ချင်တာမို့ ဒီတိုင်းပဲထိုင်လိုက်ရင်းမှ

စားလိုက်သည်။

“အင့် ခါးအတွက်....."

ဘယ်ထဲကယူထားသည်မသိတဲ့ အအေးက

အေးနေကာ ခါးအတွက်ဆိုပြီး

ခွက်နဲ့ပေးလေ၏။

“အမယ် သာတို့များနော် ငါတို့လဲ

ပင်ပန်းထားပါတယ်ကွ ဘယ့်နှယ့်

တစ်ယောက်ထဲကိုကွက်ပြီး....."

အဲ့လိုရိသဲ့သဲ့‌စနောက်သံထွက်လာတာနဲ့ကို

ခါးမျက်နှာတည်သွားပြီး အအေးခွက်ကို

သူ့ဘက်ပြန်တိုးပေး၍

“မသောက်ဘူး....."

တိုတုတ်တုတ်ပေမဲ့ ထပ်ပေးရင်

သူမရဲ့ဒေါသကိုသိတာမို့ သာ

စတဲ့ကောင်တွေကိုသာကြည့်လိုက်တော့

အထာသိဟန် မျက်နှာတည်ကုန်ကြသည်။

သူမကနည်းနည်းပဲစားတာမို့ အမြန်

ကုန်သွားတဲ့အခါ သာလဲခပ်သွက်သွက်

စားရင်း ပန်းကန်ဆေးရန်ထွက်သွားတဲ့

သူမနောက်ကိုလိုက်၍ အနားကပ်ကာဖြင့်

“ကျွန်တော်နဲ့နွေသဲမာက ဘာမှ

မပတ်သတ်ပါဘူး သူ့ဘက်ကအတင်း

ကပ်တွယ်နေတာပဲရှိတာ ကျွန်တော့ဘက်က

ဘယ်လိုမရိုးသားတဲ့စိတ်မျိုးမှမရှိဘူး...."

တစ်ယောက်ထဲပြောပေမဲ့ပြန်ဖြေသံ

မကြားရ!!

“ခါး ကျွန်တော့ကိုကြည့်ပါအုံး...."

“ဒို့စိတ်မဝင်စားဘူးသာမည မင်းမှမဟုတ်ဘူး

ဘယ်ယောင်္ကျားကိုမှ ဒို့စိတ်မဝင်စားဘူး

အဲ့လိုပဲ သူတို့ရဲ့ဘယ်လိုအကြောင်းအရာမျိုးကိုမှလဲစိတ်မဝင်စားဘူး မင်းကိုတောင်

မယု‌ရဲ့လိမ်ညာမှုနဲ့အိမ်ငှားထားရတာ

အဲ့တော့ ဘယ်လိုအကြောင်းအရာမျိုးကိုမှ

ဒို့ကိုမရှင်းပြနဲ့ မင်းအကြောင်းကိုရော

မင်းကိုတမ်းတမ်းစွဲနေတဲ့ဟိုတစ်ယောက်အကြောင်းရောဒို့မသိချင်ဘူး အဲ့တော့

ဘာဆိုဘာမှမရှင်းပြနဲ့ မကြာချင်ဘူး.....”

ဘာမှမပြောနိုင်အောင်ကိုပိတ်ပင်ရင်း

တာဝန်ကျေပြီးတဲ့သူမက ဟိုဘက်ကို

ထွက်သွား၏။

သာ့မှာသာ တနုံ့နုံ့နဲ့ကျန်ခဲ့ရတဲ့အခါ!!

______

အကုန်လုံးပြီးဆုံးချိန် ၉နာရီကျော်ပြီ!!

သူ့ဘက်မှာရှင်းသွားပြီမို့ ဘော်ဒါတွေနဲ့

သူ အားလုံး ၉ယောက်ပဲကျန်ခဲ့ကာ

တိတ်ဆိတ်သွားသည်။

“ဒီနေ့ တစ်ခုစိတ်အေးပေမဲ့ တစ်ခုတော့

စိတ်ညစ်တယ်ကွာ....."

သာပြောတော့ ကောင်းချစ်ကရယ်ကာ

သူ့လက်မောင်းကိုဖွဖွထိုး၍

“စိတ်ညစ်ရင်သီချင်းဆိုပေါ့ကွာ

ငါတို့လဲ ကျွေးမွေးပြီးရင်အပျော်တီးဖို့

ဂီတာယူလာတယ်ကွ....."

“ဟာ သူကအဲ့လိုဆူဆူညံညံတွေမကြိုက်ဘူး...."

ဟိုဘက်အိမ်ကိုငဲ့ကြည့်ရင်းပြောတော့

ကောင်းကြီးကပါ သူ့ခေါင်းကိုဖွဖွပုတ်ကာ

“တစ်ရက်တစ်လေပါကွာ ငါတို့ဒီလို

ဆုံဖြစ်ဖို့ကလဲရှားတယ်ကွ...."

ပြောပြီး ဂီတာသွားယူလာလေ၏။

သာ ဂီတာကိုကမ်းယူရင်းမှ ဘာတီးရင်

ကောင်းမလဲစဉ်းစားတဲ့အခါ သူမပြောတဲ့

စကားတွေကိုပြန်ကြားယောင်ရင်း

ချိုချဉ်ချဉ်ပြုံးလိုက်၍ ဂီတာကြိုးပေါ်

လက်တင်ကာဖြင့် စတင်တီးခတ်လိုက်သည်။

ဘာတီးမယ်ဆိုတာအားလုံးရိပ်မိတာမို့

ပြုံးစေ့စေ့တွေဖြစ်ကုန်ကြ၏။

♪♪♪မညာပါနဲ့စိတ်ထဲမှာ

မင်းလဲငါ့လိုခံစားမှန်း ငါသိတယ်

အမူအရာနဲ့ လူသိလောက်ပြီ

ရှက်ရမယ့်တစိမ်းမဟုတ်ဘဲ

မပွင့်တပွင့် မျက်နာလေးနဲ့

အချိန်ဆွဲခဲ့တာ

အပျိုဟိုင်းကြီးဖြစ်တော့မယ်..♪♪♪

♪♪♪အပျိုကြီး🎵🎵 တကယ်လုပ်မှာလား

ပြောစမ်းပါရည်ရွယ်တဲ့

မင်းအကြောင်းတွေ တကယ်လို့...

မင်းနဲ့ မပေါင်းဖြစ်ရင်တော့

အားကျမခံ

လူပျိုကြီးပဲ လုပ်တော့မယ်♪♪♪

♪♪♪ခိုင်မာတဲ့အကြောင်းပြချက်

ပြဖို့မင်းမှာမရှိဘဲနဲ့ ဇွတ်ငြင်းတာ

တစ်ခါတလေတော့ စိတ်ဆိုးမိတယ်

မိန်းမတို့...အတတ်တွေနဲ့

မထိတထိ စသလိုမျိုးတော့

နောင်မလုပ်နဲ့ကွာ

အပျိုသိုးကြီးဖြစ်လိမ့်မယ်♪♪♪

♪♪♪အပျိုကြီး🎵🎵

တကယ်လုပ်မှာလား ပြောစမ်းပါ

ရည်ရွယ်တဲ့ မင်းအကြောင်းတွေ

တကယ်လို့ မင်းနဲ့

မပေါင်းဖြစ်ရင်တော့

အားကျမခံလူပျိုကြီးပဲ လုပ်တော့မယ်♪♪♪

♪♪♪အရွယ်မလွန်ခင်ချစ်ကြဖို့

ပြောလိုက်ရတာအမောပဲ

တစ်ခါ မကပါ

အကြိမ်ကြိမ်မို့အာညောင်းလှပြီ...

ရွေးလွန်းတော့ ခက်မယ်နော်

မလှုပ်တလှုပ် မသိသလိုမျိုးနဲ့

ဟန်လုပ်ကောင်းရင်

အပျိုကျန်ရစ်ကြီးဖြစ်လိမ့်မယ်♪♪♪

♪♪♪အပျိုကြီး🎵🎵

တကယ်လုပ်မှာလား ပြောစမ်းပါ

ရည်ရွယ်တဲ့ မင်းအကြောင်းတွေ

တကယ်လို့ မင်းနဲ့

မပေါင်းဖြစ်ရင်တော့

အားကျမခံ…

လူပျိုကြီးပဲ လုပ်တော့မယ်

အားကျမခံ..

လူပျိုကြီးပဲ လုပ်တော့မယ်

အားကျမခံ..

လူပျိုကြီးပဲ လုပ်တော့မယ်♪♪♪

အဖွဲ့လိုက်ဟာမိုနီလိုက်နေတာမို့

သီချင်းကမြိုင်ဆိုင်နေပေမဲ့

ဟိုဘက်အိမ်ထဲကခါးမှာလဲ တစ်ဖွဲ့လုံး

သူမကိုဆိုနေမှန်းသိတာမို့ မျက်နှာလေးရဲကာ

ပူထူနေရလေသည်။

ဒီကောင်လေး တကယ်မလွယ်တာပါ!!

« ရှေ့အခန်း - အပိုင်း၁၇ နောက်အခန်း - အပိုင်း၁၉ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ