Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၁၅

ခါး ဒီနေ့ဈေးရောင်းနေပေမဲ့

စိက်ကတော့ မယုဆီပဲရောက်နေကာ

အခုပဲအဲ့ကိစ္စကိုစာရင်းရှင်းချင်နေ၏။

သူမကခပ်တည်တည်နဲ့အိမ်ငှားစာချုပ်

ချုပ်ထားတဲ့အပြင် လခကိုလဲယူထားသေးတာမို့ ခါးသည်းမခံ!!

ဒါ့ထက် စပေါ်ငွေ ၂၀ထဲကလဲ သူမဟာ

၂% ယူထားတာမို့ ၁၈သိန်းပဲခါးလက်ထဲ

ရောက်လာလေသည်။

ဒါဟာလဲ အဒေါ်ရှိစဉ်ထဲက ဒီလိုပဲ

လုပ်နေကျလားမသိတာမို့ ထူးပြီးလဲ

ပြောမနေချင်တော့!!

ဒီတိုင်းတောင်ပေးကျွေးရမဲ့လူတွေမို့

ခါးအပြစ်မမြင်ပဲနေမိတော့ အခုဟာက

လူပါးဝလွန်းသွားပြီ....၊

တစ်လခကြီးတောင်သူကယူထားပြီး

သူ့အိမ်လိုသဘောထားနေတော့ ပိုင်ရှင်ဖြစ်တဲ့

ခါးကသူ့ဖို့ ပိုက်ဆံရှာပေးနေတာမို့လို့လား??

တနုံ့နုံ့နဲ့ ဒီနေ့စိတ်ကမကြည်!!

သို့ပေမဲ့ ခါးကိုအကူအညီတောင်းထားတဲ့

သူ့မျက်ဝန်းတွေကိုပြန်မြင်ယောင်မိတာမို့

သူ့ကိုမကြည်တာတွေကိုခဏပြန်လျော့ကာ

ခါး ကုန်ကျစရိတ်ကိုဘောပင်နဲ့အကြမ်းဖျဉ်း

ချရေးနေမိ၏။

ညကသူပြောတာကတော့ အုန်းထမင်းနဲ့

ကြက်သားဟင်းပဲ မြို့ဆန်ဆန်ကျွေးချင်သည်တဲ့!!

ဒါဆို အကြမ်းဖျဉ်းဆန်၊အုန်းနို့.....

အုန်းနို့အတွက် အုန်းသီးလိုတာမို့ ဘယ်နှစ်လုံး

ဝယ်ရမလဲအဓိကစဉ်းစားစရာ!

ဒါပြီးတော့ ဘာလချောင်ကြော်လေးကလဲ

ပါလိုက်ဦးမှ!!

ဘာလချောင်ကြော်ဆို ငါးခြောက်နဲ့

ဆိုတာမို့ ငါးခြောက် ၊ကြက်သွန်နီ ၊ဖြူ ၊

ငရုတ်သီးခြောက်၊

အအီပြေ အချဉ်သုပ်ရမည်မို့ သခွားသီး ၊

ကြက်သွန်နီ ၊ ဒိန်ချဉ် ၊ ကလော်သီးစိမ်း၊

စားရင်း အအေးလဲပါမည်မို့

ဖျော်ရည်အဆီပုလင်းကဝယ်ရမည်။

လိုတာအကြမ်းဖျဉ်းရေးရင်းမှ

ဘယ်လောက်ဖိုးစီဝယ်ရင် ဘယ်လောက်

ကုန်မယ်ဆိုတာတွက်ကြည့်တော့

ဆယ်သိန်းနားမရောက်တရောက်!!

မလုပ်ပေးဘူးငြင်းရင်ရပေမဲ့

အသနားခံတဲ့မျက်နှာငယ်ကို မြင်လိုက်ရချိန်

ကိုယ့်ကိုအားကိုးတယ်ဆိုတာသတိရတာမို့

သက်ပြင်းတစ်ချက်နဲ့အတူ အမြဲတမ်း

စိတ်လျော့လိုက်ရသည်။

🏠🏠🏠🏠

ဆိုင်သိမ်းပြီးပြန်လာတာနဲ့ သူ့အတွက်နဲ့ခါးအတွက် နေ့လည်စာချက်ကာ သူ့ဘက်ကို

သွားပေးလိုက်၏။

လူတွေကြည့်လာတာသိပေမဲ့ရိုးနေပြီမို့

ခါး ပေးစရာရှိတာပေးကာပြန်လာခဲ့သည်။

ရေမိုးချိုး ထမင်းစားရင်းမှ ခါး

ထီးလေးယူကာ အိမ်ထဲကထွက်တော့

သူကလဲအိမ်ထဲကပြေးထွက်လာကာ

ခြံစည်းရိုးနားရောက်နေတဲ့ ခါးဆီကို

တိုးလာကာဖြင့်

“ခါး ဘယ်သွားဖို့လဲ??....မယုဆီလား??"

အကဲခတ်နေတဲ့သူက ခါးမယုဆီသွားမယ်ဆိုတာ ခန့်မှန်းမိတာမို့ ခေါင်းညိမ့်လိုက်တော့

သူကအိမ်ထဲဝေ့ကြည့်ရင်းမှ

“ဒါဆိုခဏစောင့် ဒီကိစ္စကကျွန်တော်နဲ့လဲ

ဆိုင်တယ်ဆိုတော့ ကျွန်တော်ပါလိုက်ခဲ့ပေးမယ်...."

“အို မလိုပါဘူး ဒို့အဲ့လောက်တော့

သတ္တိရှိပါတယ် သူ့များကြောက်နေရင်

အခုနေ ဒို့အိမ်ထဲကနေထွက်မှာမဟုတ်ဘူး...."

“ခါးမကြောက်တတ်မှန်းတော့သိပါတယ်

ဒါပေမဲ့ သူ့စရိုက်ကပြောလို့မရတာမို့

ခါးကိုတစ်ခုခုအန္တရာယ်ပြုလိုက်ရင်ရော၊

ဒါကြောင့် ကျွန်တော့ကိုစောင့်ပါ အခုချက်ချင်းပြန်လာခဲ့မယ်....."

စွပ်ကျယ်ဂျိုင်းပြတ်နဲ့အောက်ကအားကစား

ဘောင်းဘီတိုဝတ်ထားတဲ့သူက အိမ်ထဲကို

ပြေးဝင်သွားကာ အထဲကတစ်ယောက်ကို

ဘာတွေပြောနေတယ်မသိပဲ ပြန်ထွက်လာတော့ အပေါ်ထပ်အပါးတစ်ထည်ပါလာသည်။

“ဟိုတစ်ယောက်ကိုအကူအညီတောင်းပြီး

ခဏကြည့်ခိုင်းခဲ့တယ် အဲ့တော့

သွားကြရအောင်...."

ငြင်းလဲမရသည်မို့ ခါးထီးဖွင့်တော့

သူကထီးကိုလက်လွှဲယူကာ ခါးဘက်ကို

ပိုမိုးပေးလေ၏။

နေပူထဲနှစ်ယောက်သားထီးတစ်ချောင်းနဲ့

အသားချင်းမထိမိအောင်ကြိုးစားပေမဲ့

သူများအမြင်မှာတော့ တကယ့်ကိုအတွဲတွေလိုပင်!!

ခါး အနေခက်ခက်နဲ့ပဲမယုရဲ့အိမ်ရှေ့

ရောက်လာခဲ့တော့ ခြံတံခါးသော့ခတ်ထားသည်။

ဖုန်းလဲပါမလာသည်မို့ လှမ်းမေးဖို့ကလဲ

ခက်သည်ဖြစ်ရာ စိတ်ပျက်လက်ပျက်

ကျစ်တစ်ချက်သာသပ်လိုက်မိ၏။

“မရှိဘူးဘယ်လိုလုပ်မလဲ??...."

မေးသံကသူ့ဆီကထွက်လာတာမို့

ခါး အံလေးတကြိတ်ကြိတ်နဲ့သာ

“ခဏလေးဆက်စောင့်ကြည့်မယ်

မဟုတ်ရင် စိတ်တ်ုလွန်းလို့ထိန်းထားနိုင်မှာ

မဟုတ်တော့ဘူး...."

သူမမျက်နှာလေးက ဒေါသရှိန်ကြောင့်

တကယ်ကိုတင်းတင်းလေးနဲ့ ရဲရဲလေး

ဖြစ်နေတာကို သဘောတကျကြည့်ကာ

သာ ပြုံးလိုက်မိသည်။

သူမဒီလိုဖြစ်နေတဲ့ပုံလေးက အသည်းယားစရာကောင်းလိုက်တာ!!

သူတို့နှစ်ယောက် ထီးတစ်ချောင်းနဲ့

ဟိုကြည့်ဒီကြည့် ဗျာများနေတုန်း

မယုတစ်ယောက် ခပ်သုတ်သုတ်နဲ့

အိမ်ပြန်လာလေ၏။

အိမ်ရှေ့မှာခါးတို့နှစ်ယောက်ကိုမြင်တော့

သူမကမျက်နှာရွှင်သွားရင်းမှ ခါးတို့ကို

ဟန်လုပ်ပြုံးပြ၍

“ငါ့ညီမလေးပါလား အော် မောင်လေးလဲ

ပါလာတာပဲ ဘာဖြစ်ကြလို့လဲဟင်

အိမ်ထဲဝင်ဦးမလား?...."

ရွှန်းရွှန်းဝေနေပုံက အချိုသတ်နေတာမို့

ခါး မြင်ပြင်းကပ်စွာ ဒေါသတို့ပိုမို

မာန်တင်းသွားရင်းမှ

“အဲ့လောက်အပိုလုပ်မနေလဲရတယ်

အခုလာတဲ့ကိစ္စက မယုသူ့ဆီက

အိမ်ငှားခတစ်လခကိုယူထားတယ်ဆိုလို့

အဲ့ပိုက်ဆံကိုပြန်လာတောင်းတာ....”

“အဲ့နေ့ကခါးကိုအစ်မ အထုပ်နဲ့အကုန်

ပေးခဲ့သားပဲ....."

မျက်လုံးမျက်ဆံပြူးပြန်ပြောပုံက

အသည်းယာစရာမို့ ခါးမျက်နှာလေး

ပိုတင်းသွားရကာ

“အဲ့ထဲမှာသိန်း၂၀တောင်ပြည့်တာမှမဟုတ်တာ မပြောချင်လို့မပြောပဲနေတာကို

မယုကတရားလွန်လာလို့ ကျွန်မကအခုလို

လာပြောရတာ....."

“တိုးတိုးပြောပါအေ ပတ်ဝန်းကျင်ကြားရင်

မကောင်းပါဘူး....."

သူမကပဲသူခိုးလူဟစ်လုပ်နေတာမို့

ခါး မျက်ဝန်းထဲရဲခနဲဖြစ်သွားကာ

‌ဒေါသစိတ်တို့ပိုမိုအုံကြွလာရင်း

“ပတ်ဝန်းကျင်ကြားရင်မကောင်းတာ

မယုလေ ကျွန်မ‌ကတော့မဟုတ်တာပြောနေတာမဟုတ်တာမို့ ခပ်ကျယ်ကျယ်ပဲ

ဘယ်.....သူ့အိမ်လဲမဟုတ်ပဲတရားလွန်လွန်းတယ်...."

ခါး အသံကျယ်ကျယ်နဲ့နည်းနည်းပြောလိုက်တော့ သူမမျက်နှာပျက်သွားသလို

အိမ်နီးနားချင်းတွေ တစ်ယောက်စ

နှစ်ယောက်စခေါင်းပြူကုန်ကြ၏။

“ပြောစရာရှိရင်အိမ်ထဲမှာပြောမယ်ခါး

လာ...လမ်းလယ်ခေါင်မှာ အော်ကြီးဟစ်ကျယ်နဲ့တော့‌မကောင်းပါဘူး...."

ခါးလက်ကိုအတင်းလာဆွဲတာမို့ ခါး

ပြန်ရုန်းကာဖြင့်

“အို မလိုက်နိုင်ပါဘူး ဘာမှကြီးကြီးမားမား

ထပ်ပြီးညှိနှိုင်းစရာကိစ္စလဲမရှိတာမို့

အိမ်ငှားခပိုက်ဆံ သုံးသိန်းပဲပြန်ပေး...."

“မရှိတော့ဘူး....."

“ဘာ...."

ခပ်အေးအေးပြောရင်းမျက်လွှာချပုံက

တစ်စစီဆွဲဖြဲပြစ်ချင်စရာပါ!!

“ဟုတ်တယ် မရှိတော့ဘူး ကုန်ပြီ....."

“ဟာ မယုအဲ့လိုစကားကိုလက်လွတ်စပယ်

ပြောလို့မရဘူးလေ ကုန်ပြီဆိုရအောင်

ကျွန်မကကြည်ကြည်ဖြူဖြူနဲ့ပေးထားတဲ့

ပိုက်ဆံမို့လို့လား?? ကိုယ့်သဘောနဲ့ကိုယ်

သူများပိုက်‌ဆံအချောင်ယူထားပြီးမှ

အခုကုန်သွားပြီဆိုတော့....."

ပိုပိုကျယ်လာတဲ့ခါးအသံကြောင့်

မယုကလဲ မထူးဇာတ်ခင်းကာ ခါးကို

မှင်သေသေပဲစိုက်ကြည့်ကာဖြင့်

“အဲ့တော့အခုဘာဖြစ်ချင်တာလဲ??...."

“တောက် ဘာဖြစ်ချင်ရမှာလဲ?

ကိုယ့်$ဆံကို ပြန်လိုချင်နေတာပေါ့

သူများအိမ်ငှားခကိုယူရအောင် နင်ကအဲ့အိမ်ကိုလေလံဆွဲထားတာမို့လို့လား? ဟမ်....."

“နင့်ကိုတစ်နှစ်ပတ်လုံးပိုက်ဆံရအောင်

ငါကလူရှာပြီးတင်ပေးထားတာလေ

ဒီတစ်လခလေးယူတာကဘာဖြစ်မှာလဲ?

နင်လဲငတ်သေမှာမို့လို့လား??...."

သူမဘက်ကပါရိုင်းလာပြီမို့ ခါးရှေ့ကို

ခြေတစ်လှမ်းတိုးတော့ ငြိမ်နေတဲ့

သာပါသူမနောက်ကိုတိုးကပ်ကာ

တစ်ခုခုဆိုကာကွယ်ဖို့အသင့်ဖြစ်နေသည်။

ဟူတ်တယ်လေ သူမကအိမ်ရှင်မို့

သူဝင်ရှင်းစရာမလိုပေမဲ့ ကိုယ်ထိလက်ရောက်

ဖြစ်လာပြီဆိုရင်တော့ သူမဘက်ကနေ

ဖြေရှင်းပေးရမည်။

“ငါ့ဘာသာငါ ငတ်သေသေမသေသေ

နင်နဲ့ဘာမှမဆိုင်ဘူး အဓိကက

နင်မတရားယူထားတဲ့ ငါ့ပိုက်ဆံသုံးသိန်းကို

ပြန်ပေးဖို့ပဲ....."

“အေ မပေးနိုင်ဘူးဟေ ရှိလဲမရှိတော့ဘူး

ရှိလဲမပေးနိုင်ပါဘူး နင်တို့အဒေါ်ရှိထဲက

ငါကအရေးပါအရာရောက်တာ ဒီလောက်က

အရင်ကဆိုယူသုံးနေကျ....”

“အဲ့တာနင့်စောက်ကြောင်းလေ နင့်ဟာနင်

အရင်ကဘယ်လိုပဲယူသုံးသုံး အဲ့တာအရင်က

အခုငါ့လက်ထဲမှာ ငါ့ပိုက်ဆံကိုငါပေးချင်သလောက်ပေးမယ် နင်လိုအချောင်သမားက

သူများပိုက်ဆံကိုအလကားစားချင်တာပဲသိတာပဲ တော်တော်အောက်တန်းကျတဲ့မိန်းမ...."

“ဟဲကောင်မ နင့်စကားတွေ

လွန်မလာနဲ့နော် ငါ့ထက်ငယ်လို့

ကြည့်နေတာ နင်လိုကောင်မကို ယုမော်တို့က

ခေါင်းထဲတောင်ထည့်မယ်ထင်လား?

တစ်ချက်ထဲဆွဲဖြဲချလိုက်မယ်.....”

“အမလေး ကြောက်လိုက်တာတဲ့တော်

ကျွန်မကို မယုမော်ကတစ်ချက်ထဲနဲ့

ဆွဲဖြဲတော့မယ်တဲ့လေ ကယ်ကြပါဦးရှင်

ကျွန်မမှာ ကြောက်လိုက်တာတုန်နေတာပဲ....”

မဲ့ရွဲ့ပြီးပြောလိုက်တဲ့ခါးရဲ့စကားကြောင့်

ယုမော်မျက်နှာပိုတင်းကာ

လက်တပြင်ပြင်ဖြစ်သွားလျက်

“နင်ကငါ့ကိုလာစမ်းနေတာလား မိခါး

မလုပ်ရဲဘူးထင်နေရအောင် ယုမော်ဆိုတဲ့

ငါ့ကိုဘာကောင်မအောင့်မေ့နေတာလဲ....”

“ခါးလွန်းနွယ်ဆိုတဲ့ငါ့ကိုရောနင်က

ဘာကောင်မအောင့်မေ့လို့လဲ?? ငါ့အဒေါ်

ရှိထဲက သု့ကိုတောင်အားမကိုးပဲကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လာတဲ့

မိန်းမက နင်လိုသူများထမိန်နား

ခိုစားချင်တဲ့ဟာမျိုးကိုကြောက်မယ်ထင်လား??...."

“ဟား! တော်တော်စောက်ကြောရှည်တဲ့

ကောင်မ ငါ့လက်နဲ့တွေ့ကြသေးတာပေါ့.....”

မယုကလက်ရွယ်တာကို သာကနောက်က

ဖမ်းချုပ်ထားတာမို့ မျက်လုံးထဲမီးပွင့်နေတဲ့

ခါးကဦးအောင် ရိုက်လိုက်တဲ့အခါ

မယုလန်ထွက်သွား၏။

“လင်အားကိုးနဲ့မိုက်နေတဲ့ကောင်မ

နင်နဲ့ငါ ဒီနေ့တွေ့မယ်...."

“လာလေ အခုလဲတွေ့နေရတာပဲ ....”

ပြန်ထလာတာမို့ ခါးကလဲခုခံရန်

အသင့်ဖြစ်နေတဲ့အခါ သာကသူမရှေ့

ကျောဝင်ခံတာမို့ မယုရဲ့လက်ဝါးချက်က

သာ့ပေါ်သာရောက်ရလေသည်။

“ဟွန်း မယားကိုကာကွယ်နေတာ

နှစ်ယောက်တစ်ယောက်လာပြီး ငါ့ကို

သွေးတိုးလာစမ်းချင်တဲ့ဟာတွေ

ဟိုကောင်ကလဲသူ့ဗလမှအားမနာ

မိန်းမနှစ်ယောက်ရဲ့ရန်ပွဲထဲဝင်ပါချင်သေးတယ် ဒါများသူ့ကိုယ်သူယောင်္ကျားတဲ့...."

ခါးကိုမနိုင်လို့သူ့ဘက်ကိုလှည့်လာပေမဲ့

သူဝင်ပါရင် ကိစ္စတွေကြီးသွားနိုင်သည်မို့

သူမရှေ့ကနေသာကာထားတော့

ရန်ထောင်နေတဲ့ကြောင်လေးလိုသူမကလဲ

သူ့ကိုအတင်းတွန်းလွှတ်ကာ ထိပ်တိုက်ပဲ

ဖြေရှင်းချင်နေ၏။

သို့ပေမဲ့ ပတ်ဝန်းကျင်ကမနေနိုင်ပဲ

နှစ်ဦးနှစ်ဖက်ဝင်ဆွဲတာမို့ ပွဲက

မကျေသင့်ပဲကျေသွားရတဲ့အခါ ချွေးစလေးတွေစို့နေတဲ့မျက်နှာရဲရဲလေးနဲ့သူမက

မယုကိုကြောက်စရာကောင်းအောင်ကြည့်ကာဖြင့်

“ကျန်တာစိတ်မဝင်စားဘူးမို့ တစ်ပတ်အတွင်း

အဲ့ပိုက်ဆံသုံးသိန်းပြန်ပေးနိုင်အောင်

ကြိုးစားထား မဟုတ်ရင်ဒီလိုအခြေအ‌တင်မဟုတ်ပဲ တရားရုံးအထိသွားကြတာပေါ့

ငွေအလွဲသုံးစားလုပ်မှုနဲ့ နင့်ဘဝကို

ကမောက်ကမဖြစ်အောင်လုပ်လို့ရတာ

မမေ့လိုက်နဲ့.....”

ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်ပဲထိုနားက

ခပ်ဆတ်ဆတ်လှမ်းထွက်လာတော့

သူလဲအားလုံးကိုဝေ့ဝဲကြည့်ကာ သူမနောက်က

လိုက်လာခဲ့လိုက်သည်။

🏠🏠🏠🏠

“တောက် စိတ်တိုလိုက်တာတအားပဲ....

မင်းကဘာလို့ငါ့ရှေ့မှာ လာကွယ်ရတာလဲ

မဟုတ်ရင် အဲ့မိန်းမကိုအပြတ်ဖြဲမို့ကို"

တစ်လမ်းလုံးတောက်တခေါက်ခေါက်

ဖြစ်လာတဲ့သူမဒေါသကသူ့ဘက်ကို

ဦးတည်လာတာမို့ သာမျက်နှာချို

သွေးလိုက်ရင်းမှ

“မဟုတ်ပါဘူး ကျွန်တော်ကခါးကို

ထိခိုက်မိမှာဆိုးလို့ပါ အဲ့လိုလူမျိုးနဲ့

ခါး ရန်ဖက်ဖြစ်တော့လဲ ခါးပဲသိက္ခာကျမှာ

အဲ့တာကြောင့်ကျွန်တော်ကကာပေးထားတာ...."

ကျစ်.....

အလိုမကျသလိုခပ်ဆတ်ဆတ်လျှောက်ရင်း

အိမ်ထဲဝင်ခဲ့ကာ အမောဖြေမိသည်။

သာလဲ အခုနေဝင်ရင်သူမဒေါသကို

ဆွသလိုဖြစ်နေမှာမို့ တိတ်တိတ်လေးပဲ

သူ့အိမ်ဘက်သူသွားကာ လုပ်စရာရှိတာလုပ်ရင်း အချိန်တွေကုန်ဆုံးလိုက်၏။

.....

ညစာထမင်းစားခါနီး သူမကစိတ်မပြေပေမဲ့

သူ့ကိုတော့ကောင်းကောင်းမွန်မွန်ပဲ

ဘာတွေဝယ်ရမယ် ဘယ်လောက်ကုန်ကျမယ်ဆိုတာအသေးစိတ်ရှင်းပြနေသည်။

သူအဲ့ဝာာတွေထက် သူမမျက်နှာလေးကိုပဲ

စိတ်ဝင်တစားကြည့်နေမိတဲ့အခါ

နှုတ်ခမ်းတွေကအလိုလိုပြုံးမိသွားရ၏။

ဒီတိုင်းပဲကြည့်နေရက်သားကမှ

မျက်နှာပေါ်ဝေ့ဝဲကျနေတဲ့ဆံနွယ်လေးကို

အမှတ်တမဲ့သပ်ပေးလိုက်မိတဲ့အခါ

သူမရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားသလို

သူ့ဘက်ကိုအကြည့်စူးစူးရောက်လာတာမို့

တန့်သွားရင်းမှ သူ့မျက်နှာပါတည်သွား၍

“ဟို ခါးရှုပ်နေမှာဆိုးလို့ပါ......"

“နောက်ဆို ဒို့ခွင့်ပြုချက်မရပဲနဲ့

အဲ့လိုတွေလာမလုပ်ပါနဲ့....."

သူ့ရည်းစားနဲ့ဖက်လှဲတကင်းလုပ်နေပြီးတော့

အခုခါးကိုပါရိသဲ့သဲ့!

ဒါကြောင့်အားမနာနိုင်ပဲ ပြောလိုက်တော့

သူလဲမျက်နှာပိုးသေသွားရင်း ရှိန်သွားသည်။

ဟုတ်တယ်လေ!! အဲ့လိုလက်သရမ်းတဲ့

လူတွေကိုမကြိုက်တာမို့ တစ်ခါထဲ

warning ပြထားမှတော်ကာကြမှာ!!

ဘေးနည်းနည်းခွာသွားတဲ့သူမက

ပြောစရာရှိတာဆက်ပြောနေပေမဲ့

သာကတော့ မလန်းမဆန်းဖြစ်သွား၏။

နေပါစေ!! သူ့ကိစ္စတွေအကုန်ရှင်းပြီးမှ

သူမကိုဖွင့်ပြောပြတော့မယ်!!

သူနဲ့နွေသဲမာဆိုတဲ့မိန်းမဟာ

ဘာမှမဟုတ်ကြောင်း!!

« ရှေ့အခန်း - အပိုင်း၁၄ နောက်အခန်း - အပိုင်း၁၆ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ