ထမင်းဝိုင်းပြင်နေပေမဲ့မျက်စိထဲ
အစောကပုံရိပ်ကမထွက်!!
လူတွေရှိနေတာကိုအဲ့လောက်ပဲ
အရှက်မဲ့ရသလား??
ဟိုဘက်ကမိန်းကလေးကရောသူ့ရဲ့
သိက္ခာကိုမငဲ့ပဲ ဒီလိုရှင်းလင်းနေတဲ့
နေရာကြီးမှာ အရေးတယူဖက်စရာလား??
တကယ်မျက်စိစပါးမွှေးစူးချင်စရာပါ!!
ထမင်းပြင်ပေးတာလဲစေတနာမပါသည်မို့
သူ့ပန်းကန်းထဲကထမင်းက ဟိုတစ်တုံး
ဒီတစ်တုံး!!
ပုဇွန်ထုပ်ကြီးတွေကိုလဲ စားမလှအောင်
ထိုးချေထားရင်းမှ ခါး ထမင်းဝိုင်းကနေထကာ ခုံမှာဝင်ထိုင်၍ မသိချင်ယောင်
ဆောင်ကာဖုန်းကြည့်နေလိုက်၏။
သို့ပေမဲ့ ကြောင်ကြာကြာရေမငုတ်ဆိုသလို
ဆာလောင်မှုကြောင့် အိမ်ကိုရောက်လာရတဲ့
သူက ခုံမှာထိုင်နေတဲ့ခါးကိုငဲ့ကြည့်ကာဖြင့်
“ကျွန်တော့ကိုစောင့်နေတာလား??...."
“မစောင့်ပါဘူး....."
တစ်ခွန်းထဲပေမဲ့ အနည်းငယ်မာထန်ထန်မို့
သာ တန့်သွားတော့ သူမကတော့ဖုန်းကို
အကြည့်ရွှေ့သွားရင်းမှ ခုံမှာ
ထိုင်မပျက်!!
ပုံမှန်ဆို သူလာတာနဲ့ တောင်းဆိုမှုကြောင့်
သူနဲ့အတူစားပေးခဲ့တဲ့သူမက အခုတော့
တစ်မျိုးဖြစ်နေတာမို့ သာ စဉ်းစားမရ
ဖြစ်သွားမိလေသည်။
ထမင်းပန်းကန်က ခါတိုင်းလိုမဟုတ်ပဲ
ထမင်းခဲကြီးတွေ အတုံးလိုက်ဖြစ်နေသလို
ပုဇွန်ဟင်းက နေ့လည်ကလိုမဟုတ်ပဲ
တစ်မျိုးဖြစ်နေလေ၏။
သူမကိုနားမလည်သလို ပြန်ကြည့်တော့လဲ
မျက်နှာကတင်းမာနေတာမို့ သာ
သက်ပြင်းချရင်းမှ မဝံ့မရဲဟန်ဖြင့်
“ဘာဖြစ်လို့လဲဟင် စိတ်ညစ်စရာ
တစ်ခုခုရှိလို့လား??...”
မေးလိုက်တော့ ဆတ်ခနဲကြည့်လာတဲ့
သူမက ဒေါသရိပ်တွေမသေသေးပုံနှင့်
“ဘာစိတ်မှရှိလို့ပြောတာမဟုတ်ပေမဲ့
အိမ်ရှင်တစ်ယောက်အနေနဲ့ ကိုယ့်အိမ်ငှားရဲ့
အနေမတတ်မှုကို မနေနိုင်လို့ပြောရအုံးမယ်
မင်းအသက်ငယ်တာသိပေမဲ့ စဉ်းစားနိုင်စွမ်း
ရှိမယ်လို့တော့ထင်တယ်သာမည
အဲ့တော့ နောက်တစ်ခါ လူမြင်ကွင်းမှာ
မသင့်တော်မဲ့လုပ်ရပ်တွေလုပ်မယ်ဆို
အိမ်ရှေ့တည့်တည့်မဟုတ်ပဲ လူမမြင်နိုင်တဲ့
အိမ်ထဲမှာသွားလုပ်ပါ.....”
ဘာကိုပြောချင်မှန်းအခုမှနားလည်သွားတာမို့
သာ့နှုတ်ခမ်းတွေ ရုတ်တရက်ပြုံးသွားရတော့ သူမကမျက်နှာတင်းသွားကာ
ဖုန်းကိုအောက်ချလိုက်၍ သူ့ကိုတည့်တည့်ပဲ
ကြည့်လာကာဖြင့်
“မင်းနဲ့အသက်သိပ်မကွာလို့ ဒို့စကားကို
ပေါ့ပျက်ပျက်မလုပ်နဲ့သာမည မင်းပြောတဲ့
ကိစ္စတွေအကုန်လိုက်လျောတာက မင်းရဲ့
ရုပ်ရည်တွေ ဂုဏ်ဒြပ်တွေကြောင့်မဟုတ်ပဲ
ဒို့ကိုကူညီထားတဲ့မျက်နှာတွေကြောင့်ဆိုတာ
သတိရပေးပါ အဲ့တာကြောင့် ဒီမိန်းမ
ငါဘာလုပ်လုပ်သည်းခံတယ်ဆိုတဲ့
အချိုးမျိုးတော့လာမလုပ်နဲ့.....ဒီခြံထဲမှာ
နဂိုထဲကအပိုလူထားချင်တာမဟုတ်ဘူး....
အဲ့တော့ နောက်တစ်ခုခုလုပ်မယ်ဆို
ရှေ့နောက်အကုန်ကြည့်ပြီးမှလုပ်ပါ....."
စိတ်တွေဆိုးရင်း အနားကထွက်သွားတဲ့
သူမရဲ့မာနကိုမြင်လိုက်တာမို့ ပြုံးလိုက်မိတဲ့
ပါးစပ်တွေတည်သွားရကာ ရင်ထဲတော့
အနည်းငယ်ဝေခွဲမရဖြစ်သွားမိသည်။
အခုနေ သူမကသူ့ကိုသဝန်တိုတာလား??
အဲ့လိုတော့မထင်!! သူမကဘယ်အရာမဆို
ဂုဏ်သိက္ခာနဲ့တွေးတတ်တဲ့လူမို့လို့
သူနဲ့ နွေသဲမာရဲ့ပုံရိပ်ကို ရွံစရာတစ်ခုလို
ထင်သွားတာဖြစ်နိုင်၏။
တကယ်တော့ အဲ့တုန်းကသူမမြင်သွားခဲ့တဲ့
ပုံရိပ်တွေက သူမအထင်အတိုင်းမဟုတ်ခဲ့ပဲဆိုတာ သူမသိခဲ့ရင်!!
......
“မင်း ထပ်လာပြန်ပြီလား??....."
မနေ့ကတော့ထွေထွေထူးထူးမပြောချင်တော့သည်မို့ နာရီပိုင်းအထိနေခဲ့တဲ့သူ
အခုတော့ အိမ်ထဲကိုနွေသဲမာခပ်တည်တည်
ဝင်လာတာမြင်လိုက်တာနဲ့ အိမ်ထဲကနေ
အမြန်ထွက်ရင်း အိမ်ပေါက်ဝမှာကပ်ရပ်ကာ
သူမကိုပိတ်ရင်းမှ မေးလိုက်တော့
မျက်နှာတစ်ချက်ငယ်မသွားတဲ့သူမက
ပိုင်ဆိုင်သူလိုမျက်နှာထားနဲ့သူ့ကို
ခပ်တည်တည်ကြည့်လာကာဖြင့်
“လာမှာပေါ့ သာကသဲဆီကထွက်ပြေးမှတော့
မနေနိုင်တဲ့သဲက လိုက်လာရတာပေါ့.....
ဟွန်း အခုလို သာ,သာဒီမှာနေနေတာ
အန်ကယ့်ကိုပြောလိုက်ရင် သာအခုချက်ချင်း
အိမ်ကိုပြန်လိုက်ရမှာနော် အခုတောင်သာ့ကို
ပိုက်စိတ်တိုက်ရှာနေကြတာ သဲက သာအေးဆေးစိတ်ပျော်အောင်နေပါစေဦးဆိုပြီး မပြောပဲနဲ့နေတာ သဲကိုမပြောရဲဘူး
ထင်မနေနဲ့....."
ခြိမ်းခြောက်မှုတွေပါဝင်လာပြီမို့
နဂိုမကြည်တဲ့ သာ့မျက်နှာကတင်းမာသွားကာ
သူမပုခုံးကိုခပ်ဆတ်ဆတ်ဆုပ်ကိုင်၍
“မင်းဘက်ကပဲငါ့ကိုအခက်တွေ့အောင်
လုပ်လို့ရတယ်မထင်နဲ့နွေသဲမာ....
မင်းကမိန်းကလေးတစ်ယောက်မို့
မင်းလုပ်ခဲ့တဲ့ရုပ်ညံ့တဲ့ကိစ္စတွေကိုငါက
လူကြီးတွေကိုမပြောခဲ့တာပဲရှိတာ....
အခုနေ မင်းမိဘတွေရော ငါ့မ်ဘတွေကိုရော
အဲ့နေ့ညကမင်းအရှက်မရှိ ငါ့အိမ်ထဲလာပြီး
ငါ့ကိုလူယုတ်မာဇာတ်သွင်းတာသာ
ပြောလိုက်ရင် မင်းဘာဖြစ်မယ်ထင်လဲ??
ညကြီးမင်းကြီး မိဘတွေအိမ်မသွားပဲ
တစိမ်းယောင်္ကျားအိမ်လာခဲ့တဲ့မင်းကိုပဲ
အကုန်လုံးရွံကြမှာ....."
ပိုပိုလိုလိုပြောလိုက်တော့ မျက်နှာ
ထားစရာနေရာမရှိအောင်ပျက်သွားတဲ့
သူမကဟန်ဆောင်တောင်မပြုံးနိုင်ပဲနဲ့
ငိုမဲ့မဲ့ဖြစ်သွားကာ သူ့လက်ကိုလာဆုပ်ကိုင်၍
“သဲ တောင်းပန်ပါတယ်ကိုကိုရယ်
အဲ့လိုလုပ်ခဲ့တယ်ဆိုတာကလဲ သဲကိုကို့ကို
ချစ်လို့ သဲဘက်ကအဆုံးရှုံးမခံနိုင်လို့ပါ
ကိုကို့ကိုငယ်ငယ်လေးထဲကချစ်ခဲ့ရတဲ့သဲကို
နည်းနည်းလေးတောင်မျက်နှာသာပေးဖို့
အစီအစဉ်မရှိဘူးလားဟင် ကိုကို.....”
သနားစဖွယ်ငိုပြနေပေမဲ့ အခုနေသာလဲ
စိတ်ညစ်လွန်းလို့ သူမလိုပဲငိုပြလိုက်ချင်၏။
သိူ့ပေမဲ့ လောလောဆယ်တော့ သူ့လက်ကို
ဆုပ်ကိုင်ထားတဲ့သူမလက်ကိုခပ်ဆတ်ဆတ်
ဆွဲဖြုတ်ချလိုက်ကာ မျက်နှာကိုသေချာ
စိုက်ကြည့်လိုက်၍
“မရှိဘူးနွေသဲမာ အစီအစဉ်လဲမရှိဘူး
အဲ့လိုပဲ မင်းကိုလဲငါ့ရင်ထဲမှာမရှိဘူး
ဟိုးကထဲကရော အခုရောမရှိဘူး နောက်လဲ
မင်းအတွက် ငါ့ရင်ထဲမှာနေရာဆိုတာ
ရှိလာမှာမဟုတ်ဘူး အဲ့တော့မင်းရဲ့အချိန်တွေကိုငါ့ဆီမှာ အလဟဿအဖြစ်မခံပဲနဲ့
မင်းကိုချစ်တဲ့လူဆီမှာပဲမြှုပ်နှံထားလိုက်ပါ...."
ပြောချင်ရာပြောပြီးအိမ်ထဲဝင်ရန်
ပြင်နေတဲ့သူမရဲ့ကိုကို!!
သဲက ခြံစည်းရိုးဘက်မျက်နှာမူထားတာမို့
ခြံဝန်းထဲလှမ်းဝင်လာတဲ့ ဟိုဘက်အိမ်က
အမျိုးသမီးကို ယဉ်စစနဲ့လှမ်းမြင်လိုက်ရတဲ့အခါ လက်သီးကိုခပ်တင်းတင်းဆုပ်လိုက်ရင်းမှ ကိုကို့ကိုလှမ်းဖက်လိုက်ကာဖြင့်
“ကိုကိုသဲကိုအခုလိုတွေ အဝေးကိုတွန်းပို့နေတာ ဟိုဘက်အိမ်ကမိန်းမကြောင့်မလား??
ကိုကို သူ့ကိုကြိုက်နေတာလား ဟမ်....."
ရုတ်တရက်မေးလာတဲ့ နွေသဲမာ သူမအကြောင်းကိုဘယ်လိုသိလဲမတွေးနိုင်ခင်
သာ အဖြေကိုတိတိကျကျပေးဖို့အတွက်
သေချာစဉ်းစားလိုက်ကာဖြင့် သူမကိုယ်ကို
ခပ်ပြင်းပြင်းတွန်းထုတ်လိုက်ရင်းမှ
ဆံပင်တွေကိုသိမ်းလှန်လိုက်၍
“ဟုတ်တယ် မင်းပြောတာမှန်တယ်
သူ့ကိုငါသဘောကျတယ် အဲ့တော့
သူနဲ့ငါနဲ့အိုကေသွားရင် လူကြီးတွေကို
အသိပေးပြီး မင်းနဲ့ကိစ္စကိုအပြီးသတ်ဖြတ်မှာ အဲ့တော့ ငါ့အပေါ်တွယ်ကပ်နေတာတွေ
ဖယ်လိုက်တော့ နွေသဲမာ....ငါအကြီးအကျယ် စိတ်မပျက်ခင်အထိပေါ့....."
ပြောပြီး အိမ်ထဲကိုလှမ်းဝင်သွားတဲ့
သာမညကြောင့် နွေသဲမာ ဝမ်းနည်းလျက်ကနေ အောင်နိုင်သူလိုမဲ့ပြုံးလိုက်မိသည်။
“ဟွန်း!! နင်ချစ်တဲ့ဟာမက နင့်ကိုပြန်ပြီး
ချစ်နိုင်ပါ့မလားသာမည သူကဒို့နှစ်ယောက်
လက်ကိုင်တာကနေ ဖက်နေတာအထိ
အကုန်လုံးမြင်သွားတော့လေ အဟွန်း!!...."
မျက်ရည်တွေကြားကနေ မဲ့ပြုံးတစ်ခုတက်ရင်း နွေသဲမာထိုနားကလှမ်းထွက်လာခဲ့၏။
အဲ့လိုလွယ်နေရင် လောကကြီးက
ပျင်းစရာကောင်းနေမှာပေါ့ ကိုကို!!
သဲတို့စိတ်လှုပ်ရှားစရာလေးတွေတော့
နည်းနည်းဖန်တီးဖို့လိုတယ်.....။
ခြံဝန်းထဲကခပ်ဆတ်ဆတ်လှမ်းထွက်သွားရင်း ကားကိုအကြမ်းပတမ်းမောင်းသွားတဲ့အထိ မြင်လိုက်ရတဲ့သာ့အဖို့ အတော်ကို
ခေါင်းကြီးနေရသည်။
သူမကခါးကိုသိသွားပြီဆိုတော့ ဘာတွေများ
ဖြစ်လာနိုင်သလဲ??
......
အတွေးတို့နဲ့ ထမင်းလဲသေးသေးတစ်ပန်းကန်ပဲစားနိုင်ကာဖြင့် သာ ပန်းကန်တွေဆေးကာ
စားပွဲပေါ်ကဟင်းပွဲတွေကိုစုစည်းရင်း
အုပ်ဆောင်းပြန်အုပ်ပေးခဲ့လိုက်၏။
တစ်အိမ်လုံးတိတ်ဆိတ်နေပေမဲ့လဲ
သူမအခန်းရှေ့သွားကာ သက်ပြင်းတစ်ချက်ချ၍
“ကျွန်တော်စားပြီးပြီမို့ သွားတော့မယ်နော်
ဒီနေ့ညအတွက်လဲကျေးဇူးတင်တယ်....."
အထဲကတုန့်ပြန်သံမကြားရ!!
သာ မပြန်ချင်ပေမဲ့လဲ သူမအမြင်မကြည်တာမို့ ခပ်ဆိတ်ဆိတ်ပဲထွက်လာခဲ့လိုက်သည်။
အခန်းထဲတစ်ချိန်လူံးနေနေတဲ့ခါးလဲ
သူ့ကိုစိတ်တိုနေတာမို့ တစ်အိမ်လုံး
တိတ်ဆိတ်သွားကာမှ ထွက်ကာညစာကို
စိတ်မပါလက်မပါစားမိ၏။
သူ့ဘာသူရည်းစားထားတာစိတ်မဝင်စားပေမဲ့ ဘေးမှာနေတဲ့ ခါးကိုတော့လေးစားသမှု
ပြုသင့်တယ်မလား??
ဘယ် အခုတော့ တော်တော်ရုပ်ပေါက်တာပါ!!
ဘာကိုတင်းလို့တင်းမှန်းမသိပဲ
စိတ်တိုတာပဲသိကာ ခါးပြီးစီးတာနဲ့
ခပ်မြန်မြန်ပင်အိပ်ယာဝင်ခဲ့လိုက်သည်။
🏠🏠🏠🏠
ထိုနေ့ပြီးထဲက အနေစိမ်းသွားတဲ့သူမက
သူ့ကိုအဖက်မလုပ်တော့ပဲ လင်ဗန်းကို
အိမ်ထိအိမ်ရောက်လာချပေးသွားသလို
နေ့လည်စာစားချိန်ကျတော့လဲ သူ့အတွက်
တသီးတသန့်လာထားပေးသွားတာ
ရေချိုးနေတဲ့သူတောင်မသိလိုက်!!
ဘာကိုအဲ့လောက်ထိစိတ်ဆိုးသွားမှန်း
မသိတာမို့ ကိုယ့်ကိုကိုယ်သာအပြစ်တင်ကာ
သာ သူမကိုစကားမစရဲ!!
သို့ပေမဲ့ တိုင်ပင်စရာလေးတော့
ရှိနေသည်မို့ ဒီနေ့ညတော့သူမကိုတိုင်ပင်ကာ
အကူအညီလေးလဲတောင်းချင်လေ၏။
ညစာစားရန် သူမနဲ့မတိုးမှာဆိုးတာမို့
ခပ်စောစောပဲသွားတဲ့အခါ အခုမှထမင်းဝိုင်း
ပြင်ပေးနေတဲ့သူမကိုတွေ့လိုက်ရသည်။
သူ့ကိုလဲမြင်ရော မျက်နှာလွှဲသွားရင်းမှ
အနားကထသွားရန်ပြင်နေတာမို့ သာ
လိုက်ရပ်ရင်းမှ သူမရှေ့ပိတ်ရပ်လိုက်ကာဖြင့်
“ကျွန်တော်တိုင်ပင်စရာရှိလို့ ခဏလေးပါ....”
ထမင်းအတူမစားတော့သည်မို့
သူပြောတော့ လှည့်ကြည့်လာကာ
မြန်မြန်ပြောဆိုပုံနဲ့လုပ်ပြ၏။
“gym ဖွင့်ပွဲလေးလုပ်ချင်လို့ အခုမှ
ဆိုပေမဲ့လဲ လူပိုသိတော့ပိုကောင်းလားလို့
အဲ့တာ ကျွေးမွေးဖို့ကိစ္စ ခါးနဲ့နည်းနည်း
တိုင်ပင်ချင်တာပါ....."
“အဲ့တာဘာလုပ်ရမှာလဲ?? မင်းအကျွေးအမွေး
လုပ်တာနဲ့ဒို့နဲ့ဘာဆိုင်လို့လဲ??
လူတစ်ရာနှစ်ရာစာလောက်ထိ ဒို့ကို
ချက်ခိုင်းချင်နေတာလား?? သာမည
ဒို့က ပွဲလိုက်ချက်တဲ့
လူမဟုတ်တာသတိရအုံး.....”
“ဟာ အဲ့လိုမဟုတ်ပါဘူးဗျာ ကျွန်တော်က
နားမလည်လို့တိုင်ပင်တာပါ....လူသစ်ဆိုတော့ အဲ့လိုလုပ်ရင်ဘာတွေလိုအပ်တယ်ဆိုတာ
ကျွန်တော်မသိဘူးလေဗျာ အဲ့တော့
ချက်တဲ့လူငှားရမယ်ဆိုလဲကျွန်တော်
ငှားမှာပါ ခါးကိုတော့အဲ့လောက်ကြီးထိ
ပင်ပင်ပန်းပန်းမခိုင်းရက်ပါဘူး...."
ဒီလိုပြောလာတော့လဲ လူကတစ်မျိုး
ခံစားရပေမဲ့ မျက်နှာကိုတော့တင်းထားမိသည်။
“လူငှားဖို့ကိစ္စကိုပဲခါးကိုအပ်ချင်တာပါ
လိုအပ်တာဘာညာကိုလဲ ခါးကပဲခိုင်းပြီး
ကျွန်တော့ကိုနည်းနည်းကူညီပေးပါဦး....”
“ကူညီတာကဟုတ်တယ်လေ မင်းက
ဖွင့်ပွဲလုပ်မယ်ဆိုတော့ ပိုက်ဆံက
နည်းနည်းလေးကုန်မှာမဟုတ်ဘူး
အဲ့တော့ လောက်လောက်ငှငှရှိမှအဲ့ကိစ္စကို
ဆက်လုပ်တာကောင်းမယ် ဒို့လဲချေးငှားတာ
ဒီအချိန်မလုပ်နိုင်ဘူး....”
အပြတ်ပြောတာမို့ သာခေါင်းညိမ့်ကာဖြင့်
“ပိုက်ဆံကရှိပါတယ် ခါးကိုပုံအပ်ချင်လို့
အိမ်ငှားတစ်လခလဲပေးပြီးပြီဆိုတော့
အခုပိုနေတာနဲ့ဆို လူတစ်ရာလောက်တော့
ရလောက်မှာပါ.....”
သူပြောလိုက်တဲ့စကားကြောင့် ခါး
မျက်နှာဆတ်ခနဲဖြစ်သွားကာ သူ့စကားကို
သံယောင်လိုက်ရွတ်လိုက်တာက
“အိမ်ငှားခတစ်လခပေးပြီးပြီဟုတ်လား??...."
“ဟုတ်တယ်လေ ရေမီးအစုံ သုံးသိန်းဆိုလို့
ကျွန်တော် စာချုပ်ချုပ်ထဲကတစ်ခါထဲ
ပေးထားပြီးသားလေ....."
“ဒါဆို မယုကြိုယူထားတာပေါ့....."
ရိပ်မိလိုက်တာမို့ ခါးမေးလိုက်တော့
သူက စကားမှားပြီမှန်းသိသွားသလို
မအီမလည်ခေါငိးညိမ့်ပြ၍
“ဟုတ်တယ် သူ့ကိုကျွန်တော်ပေးထားပြီးပြီ...."
ကြားထဲကနေ ကူလီကူမာလုပ်တဲ့
မယုရဲ့ဇာတ်လမ်းကများသွားပြီမို့
ခါး သူ့ကိုစိတ်တိုတာကနေ မယုဆီကို
ဒေါသတွေကပုံသွားရလေသည်။
“ဒီမိန်းမတော်တော်လွန်နေပြီ
သူနဲ့တော့တွေ့အုံးမယ်....”
ကြုံးဝါးလိုက်တဲ့ခါးအသံက
မာထန်နေတဲ့အခါ သာလဲမတတ်သာသလို
ထမင်းသာ အေးဆေးထိုင်စားလိုက်ရ၏။
အခန်းမှတ်ချက်များ (0)