သူ့ဖောက်သည်တွေလာပြီမို့ တိတ်ဆိတ်နေတဲ့
သူ့အိမ်ထဲမှာ gym ဆော့သံတွေ
တသီသီကြားနေရလေပြီ!!
training ပေးနေရပေမဲ့ သူ့စိတ်ထဲမှာ
အရင်ကလို တက်တက်ကြွကြွမဟုတ်ပဲ
တစ်ယောက်သောသူကိုသာ
မျှော်နေမိလေ၏။
၂နာရီခွဲမို့ ကံကောင်းရင်တော့
သူမသိမ်းလာနိုင်ပါသည်။
မဟုတ်မှ သူတစ်ခေါက်လောက်
သူမဆိုင်ကိုသွားကြည့်ရင်ကောင်းမလား??
သင်တန်းသားတွေရှိနေသည်မို့ သူ့စိတ်ကို
ပြန်ထိန်းကာဖြင့် training ပေးလိုက်
အိမ်ရှေ့ထွက်လာလိုက်နဲ့ သူမအိမ်ဘက်ကို
မျှော်ကြည့်မျှော်ကြည့်လုပ်နေချိန်
နောက်ဆုံးတော့ ဘေးအိတ်လေးလွယ်ထားတဲ့
ကိုယ်လုံးလှလှလေးက တည်ငြိမ်စွာ
အိမ်ထဲလှမ်းဝင်လာလေ၏။
သာ အခုမှပဲရင်ထဲပျော်သွားရင်းမှ
အိမ်ထဲပြန်ဝင်လာကာ အားလုံးကို
တစ်ချက်ဝေ့ကြည့်၍ သူ့အိမ်သော့ယူကာ
သူမဘက်ကိုထွက်လာခဲ့သည်။
သူမကတော့ ခပ်တည်တည်ပင်
သူ့သော့သူထုတ်ရင်း ဖွင့်နေကာဖြင့်
အလိုမကျသလိုကျစ်တသပ်သပ်!!
သာအနားရောက်လာတော့ ငဲ့ကြည့်လာရင်းမှ
မျက်နှာမကြည်မသာနဲ့ပြန်လှည့်သွားကာ
“သော့ကဖွင့်လို့မရဘူး....."
“ဘယ်ရမှာလဲ အဲ့တာခါးသော့မှမဟုတ်တာ
ကျွန်တော့ဟာလေ....."
သူပြောတော့မှ သော့အိမ်ကိုသေချာ
ပြန်ကြည့်မိတဲ့အခါ ခါးဟာမဟုတ်ပဲ
သော့အိမ်တစ်မျိုးဖြစ်နေလေ၏။
“ဘယ်လိုဖြစ်လို့မင်းသော့က ဒို့အိမ်မှာ
ရောက်နေရတာလဲ??....”
သာ သူမကိုယ်ဘေးကိုတိုးကပ်တော့
အနားကနည်းနည်းခွာသွားတာမို့
သော့ဖွင့်ပေးကာဖြင့်
“ခါးကမနက်က ကျွန်တော့ကိုအိမ်
ကြည့်ခိုင်းခဲ့ပြီး ဆိုင်ထွက်သွားတာလေ
ကျွန်တော့ကိုခါးသော့ ပေးခဲ့တာမှမဟုတ်တာ အဲ့တော့မရှိရှိတဲ့ကျွန်တော့သော့နဲ့ပဲ
ခတ်ပေးခဲ့ရတာပေါ့....."
အခုမှပြန်စဉ်းစားမိတဲ့ခါး....၊
ဟုတ်သည်လေ မနက်ကကိုနိုင်အထုပ်
လာသယ်ဖို့အတွက် ဒီတိုင်းပဲထားခဲ့တဲ့ခါးက
သူ့ကိုအိမ်သော့ပေးခဲ့မိတာမှမဟုတ်!!
သူအခုလို လုပ်ပေးထားတော့လဲ
ကျေးဇူးတော့တင်မိသား!!
“မေ့ခဲ့တာပဲ ကျေးဇူးပဲနော်....."
“ရပါတယ် ကျွန်တော်ကလဲခါးကို
သော့ဖွင့်ပေးဖို့ ဘယ်အချိန်အိမ်ပြန်လာမလဲ
စောင့်နေတာ တော်တော်ကြာပြီ....."
ဟုတ်သည်လေ ဒီနေ့ရောင်းရတာမို့
ညကရောက်ထားတဲ့ပစ္စည်းတွေပြန်စီတာ
ဈေးရောင်းတာနဲ့ ဒီနေ့နည်းနည်း
နောက်ကျသွားလေသည်။
နေ့လည်စာလဲ မနက်ကပါသွားတဲ့ထမင်း
နည်းနည်းပဲစားထားရသေးတာမို့ အခုနေ
ဗိုက်ဆာနေလေ၏။
သူမအခုနေ အမြန်ထမင်းချက်ပြီး
ထမင်းပူပူလေးစားလိုက်ရရင်ဖြင့်
ညစာတော့လွတ်ပြီ!!
သော့ဖွင့်ပြီး သော့ကိုသူ့ကိုပြန်ပေးတော့
ခါးကိုကြည့်လာတာမို့ ကြောင်အမ်းအမ်းလေး
ဖြစ်သွားတဲ့အခါ သူကခါးကိုခပ်တည်တည်ပဲ
စိုက်ကြည့်နေကာဖြင့်
“ဟိုဟာ ကျွန်တော် ခါးဆီကပြန်လာပြီးထဲက
ဘာမှမစားရသေးဘူး အဲ့တာဒီနေ့လဲ
ထမင်းစားလို့ရလား??......"
ဒီလိုဇယားတွေမကြိုက်ပေမဲ့ သူကခါးအပေါ်
ကျေးဇူးတွေရှိတဲ့အပြင် ဟိုစပ်စပ်ဒီစပ်စပ်
ဝင်ကူညီထားတာလေးတွေလဲရှိတာမို့
ခါး မငြင်းသာပေမဲ့ မျက်နှာတော့
မရွှင်လန်းတော့ပဲနဲ့!!
“ရတာကရပါတယ် ဒို့တောင်
ညကမင်းကိုပြန်ဧည့်ခံလိုက်တာနဲ့
ထမင်းမလောက်လို့ အခုမှတည်ရမှာ
နည်းနည်းတော့စောင့်လို့ရတယ်မလား??...."
“ရတာပေါ့ဗျာ တူတူစားချင်နေတာ...
ကျွန်တော်တစ်ယောက်ထဲဆို အဖော်လဲ
မရှိလို့....."
ပုံမှန်ဆိုဝယ်စားတဲ့ သာ အခုနေအားမနာတမ်း
ပြောလိုက်တော့ သူမမျက်နှာက
အို့တို့အမ်းတမ်းတော့ဖြစ်သွားလေသည်။
“အင်း အခုနေချက်ပြီးတော့ရရင်
မင်းဘက်ကိုပို့ပေးမယ်....."
သိသိသာသာ စကားထည့်နေပေမဲ့
သာ မကြားချင်ယောင်ဆောင်ကာ
ခေါင်းညိမ့်ပြုံးပြကာဖြင့် သူ့ဘက်ကိုပြန်
ထွက်လာခဲ့လေ၏။
“ဆရာက ဘယ်ရောက်သွားတာလဲဗျာ.....”
“အော် ဟိုဘက်ကအိမ်ရှင်နဲ့နည်းနည်း
စကားလေးသွားပြောတာပါဗျာ
ဆက် ပြေးကြတာပေါ့....."
သိနှင့်ပြီးသားလူတွေမို့ တရင်းတနှီးရှိနေကာ
အထွေအထူးသင်စရာတော့မလိုတော့!!
ဒီနေ့ကစဖွင့်တဲ့ရက်မို့ လူတွေတော့
သိပ်မစုံပေမဲ့ မနက်ကသူနဲ့အတူဆိုင်သွားတဲ့
ကိုနိုင်ဆိုတဲ့လူကတော့ သုံးဘီးနဲ့မဟုတ်ပဲ
ခြေလျင်လျှောက်ကာ သူ့အိမ်ထဲကို
ဝင်လာလေသည်။
“ငါ့ညီ မင်းခေါ်လို့အစ်ကိုကတော့
လာပြီနော်....."
“ဟာ လာဗျာ လာမှလာပါ့မလားလို့
ကျွန်တော်ကစောင့်နေတာ အခုလိုလာတော့
ငါ့အစ်ကိုကျန်းမာရေးလေးကောင်းသွားတာပေါ့....."
နှစ်ယောက်သားရင်းနှီးမှုယူရင်းမှ
သာ သွေးပူအရင်ကျင့်ကာ ကိုယ်လုံးဝဖိုင့်ဖိုင့်ကြီး အရမ်းမောမသွားစေရန် ခပ်ဖြေးဖြေး
lesson လေးတွေပဲပေးလိုက်၏။
“ဒါနဲ့ ဟိုဘက်အိမ်ကခါးကလေ
ဒီရပ်ကွက်ထဲမှာ ဟိုလိုဒီလိုသတင်း
မရှိဘူးလားဟင်....."
လေ့ကျင့်ခန်းလုပ်တာကိုရပ်ကြည့်ရင်း
မေးတော့ လုပ်နေတဲ့ကိုနိုင်က အရှိန်
လျော့သွားကာ သူ့ကိုပြုံးသဲ့သဲ့
ကြည့်လာကာဖြင့်
“ဘာလို့လဲ ငါ့ညီကသူ့ကိုကြိုက်လို့လား??....."
ဒီလိူကြီးဒဲ့မေးလာတော့ သာမျက်နှာ
နွေးခနဲဖြစ်သွားခြင်းနဲ့အတူ ဘေးဘီကို
ငဲ့ကြည့်တော့ ပြုံးစေ့စေ့ဖြစ်သွားကြတဲ့
သူ့ရဲ့သင်တန်းသားတွေကြောင့် ခေါင်းကို
ခပ်ဖွဖွကိုင်လိုက်မိ၍
“အဲ့လိုရယ်မဟုတ်ပါဘူး သူကကျွန်တော့ရဲ့
အိမ်ရှင်ဖြစ်တဲ့အပြင် အမြဲတမ်းတသီးတသန့်ပဲနေတတ်တော့ သိချင်လို့....."
ကိုနိုင်ကအထာပါပါပြုံးရင်းမှ
ရှေ့ကိုပြန်လှည့်သွားကာဖြင့်
“သူကသနားစရာလေးပါ ဒီအိမ်က
အမှန်ဆို သူ့မိဘနှစ်ပါးရဲ့အိမ်လေ
ဟိုဘက်ကသူ့အဒေါ်အိမ် ဒါပေမဲ့သူ့မိဘတွေ
သေပြီးထဲက ဒီကလေးကိုဟိုဘက်အိမ်မှာပဲ
ခေါ်ထားပြီး သူ့အဒေါ်ကဒီအိမ်ကိုဆက်တိုက်
အိမ်ငှားတွေပဲတင်နေတာ သူ့အတွက်ပိုက်ဆံ
ပိုရအောင်ပေါ့ကွာ သူကိုယ်တိုင်ကအတိုး
ပေးနေပေမဲ့ ကြမ်းကြားကနေပိုက်ဆံထွက်ရင်တောင် အဲ့ကြားကနေမရရအောင်
ယူမဲ့လူမျိုးကွ အဲ့တော့ဒီကလေးကိုလဲ
မျိုးစုံခိုင်းတာ နောက်ဆုံးသူ့ရဲ့ကိုယ်ပိုင်အားလေးနဲ့ဆိုင်ဖွင့်ပြီး ဟိုတလောကမှသူ့အဒေါ်
သေသွားတာလေ အမှန်ဆိုဒီအိမ်ကိုသူငှားမှာ
မဟုတ်ဘူး ဒါကမင်းနဲ့တစ်ခုခုရင်းနှီးလို့
ငှားတာဖြစ်မယ် .....”
မယုဆိုတဲ့အမျိုးသမီးကြောင့်ဆိုတာတော့
သာ မပြောတော့ပါ!!
ဘာလို့ဆို သူကိုယ်တိုင်တောင်မယုရဲ့
စာရိတ္တကိုရိပ်စားမိလို့ဖြစ်လေ၏။
မမောမပန်းပြောပြတဲ့ကိုနိုင်ရဲ့စကားတို့ကြောင့် သူမကိုပိုပြီး ကရုဏာပိုမိတဲ့အခါ!!
🏠🏠🏠🏠
“ကောင်လေး.....”
သာ ရေမိုးချိုးအပြီး ခေါင်းရေသုတ်
လက်စနဲ့ အိမ်ရှေ့ကခေါ်သံကြောင့်
အခန်းထဲကနေထွက်လာခဲ့သည်။
သူမက ရေချိုးပြီးစကြည်လင်နေတဲ့
မျက်နှာထားလေးနဲ့ လက်ထဲမှာလဲ
လင်ဗန်းလေးကိုင်လာကာ ထွက်လာတဲ့
သူ့ကိုစုံဆန်တစ်ချက်ဝေ့ကြည့်ရင်းမှ
“ဗိုက်ဆာနေပြီနဲ့တူတယ် ဒို့လဲ
ချက်ထားပြီးတစ်ခါထဲရေချိုးနေတာနဲ့
ဟင်းအကျက်လာပို့လိုက်တာ အရမ်းတော့
နောက်မကျသွားဘူးမလား??....”
သူမဘက်ကချက်ပြုတ်ပြီးကျွေးမွေးရပေမဲ့
အခုလို တကူးတကမေးလာတော့
သာ နည်းနည်းတော့အားနာမိသွားရလေ၏။
“ရပါတယ် ကျွန်တော်လဲgymဆော့သူတွေ
မရှိတော့လို့အခုမှနားပြီးရေချိုးရတာ
နောက်မကျပါဘူး....."
“ဝောာ်သေးတာပေါ့ နေ့လည်ထဲကဆိုတော့
ဗိုက်ဆာနေမှာဆိုးလို့....."
ပကတိရိုးစင်းနေတဲ့မျက်နှာလေးကို
ကြည့်မဝသလို တစိမ့်စိမ့်ကြည့်နေမိတော့
သူမက လည်ပင်းတစ်ချက်ပွတ်ရင်းမှ
ဘေးဘီကိုဝေ့ဝဲကြည့်ကာ
“အဲ့ဝာာဆို ဒို့သွားတော့မယ်နော်.....”
“ကောင်းပါပြီ.....ထမင်းနဲ့ဟင်းအတွက်
ကျေးဇူးပဲနော်....."
အပြုံးလေးဖြင့်တုန့်ပြန်သွားတဲ့သူမကြောင့်
သူ့ရင်ထဲ အေးခနဲဖြစ်သွားသလို
တလှပ်လှပ်ခံစားချက်ကလဲ ရင်ထဲကို
တိုးဝင်လာလေသည်။
သူမဘက်ကိုသွားမလို့ပေမဲ့ သူနဲ့အတူ
ထပ်စားဖို့ အဆင်သင့်မဖြစ်သေးဘူးထင်တာမို့ သာ မသွားတော့ပဲနဲ့ သူ့ဘက်သူပဲနေကာ
သူမပေးတဲ့လင်ဗန်းပေါ်ကအုပ်စောင်းလေးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာအငွေ့
တထောင်းထောင်းထနေတဲ့ ထမင်းပန်းကန်နဲ့အတူ ဘေးနားမှာနီရဲရဲစားချင်စဖွယ်ဖြစ်နေတဲ့
ဆီပြန်ငါးဟင်းတစ်ခွက် ဘေးနားမှာ
သရက်သီးသုပ်စိမ်းစိမ်းလေးနဲ့အတူ
အမဲခြောက်စီစိမ်ထားတဲ့ဘူးလေးပါပါ၏။
အသေးစိတ်ကအစလုပ်ပေးတာမို့
သာ့နှုတ်ခမ်းတွေကပြုံးသွားရကာဖြင့်
လက်ဆေး၍ ထမင်းနဲ့ဟင်းကို
မြိန်ရေရှက်ရေစားလိုက်မိသည်။
တော်တော်ကိုဟင်းချက်ကောင်းတဲ့
သူမလက်ရာပါ!!
အကုန်လုံးစားသောက်ပြီးသွားတာနဲ့
စားသောက်ပြီးသားပန်းကန်တွေကိုဆေးကာ
လင်ဗန်းလေးထဲပြန်ထည့်၍ သူမကို
သွားပေးတော့ တစ်အိမ်လုံး
တိတ်ဆိတ်နေခြင်းနဲ့အတူ ဘုရားစင်ရှေ့
အေးချမ်းစွာပုတီးစိပ်နေတဲ့သူမကို
မြင်လိုက်ရလေ၏။
နောက်ကနေမြင်ရတဲ့ကိုယ်လုံးသေးသေးလေးကိုကြည့်ရင်း ဘာသာတရားကိုင်းရှိုင်းတာမို့
စိတ်ထဲအထင်ကြီးသလို သူ့အားကြီးနဲ့
အားရှိပါးရှိဖျစ်ညှစ်ပြစ်လိုက်ချင်သည်။
သာ ခြေသံမထွက်အောင်အနောက်ကို
ဖွဖွသွားရင်း ပန်းကန်တွေကိုသူ့နေရာသူ
ထားကာ ငရုတ်သီးထောင်းနဲ့ အမဲခြောက်
စီစိမ်ကို စားပွဲခုံအုပ်ဆောင်းထဲထည့်ပေး၍
ပြန်ထွက်လာတဲ့အထိ သူမကပကတိ
ငြိမ်သက်ကာဖြင့် ပုတီးစိပ်မပျက်!
သူ့ကိုမို့လို့စိတ်ချတာပဲလားဆိုတာ
တွေးရင်းမှ သူမအကြည်ညိုမပျက်စေရန်
တိတ်တိတ်လေးပင်အိမ်ထဲကထွက်လာခဲ့၏။
ထိုနေ့ညက သာလဲသူမပုံရိပ်လေးကိုကြည့်ကာ ဘုရားရှစ်ခိုးရင်း ဆုတောင်းကောင်းမှု
ပြု၍အိပ်ရာဝင်လိုက်သည်။
ဖြစ်နိုင်ရင် အခြေအနေတွေကိုဒီထက်ပို
တိုးတက်ချင်တယ်!!
🏠🏠🏠🏠
မနက်အစောကြီးနိုးနေတဲ့ သာ
သူမထွက်အလာကိုအိမ်ရှေ့မှာရှိတဲ့
တန်းလျားကြီးမှာထိုင်ရင်း စောင့်နေမိ၏။
သူမကထုံးစံအတိုင်းထမိန်နဲ့အင်္ကျီကို
သေသေသပ်သပ်ဝတ်ကာ ဆံထုံးလှလှလေး
ထုံးဖွဲ့ထားရင်းမှ အိမ်တံခါးသော့ခတ်၍
ထွက်လာလေသည်။
“အစောကြီးနိုးနေတာလား??...."
သူကကိုယ့်ဘက်ကိုမျက်နှာမူနေတာမို့
မကောင်းတတ်လို့မေးလိုက်တော့ ခုံကနေ
ထလာရင်းမှ ခါးဘေးကိုလာရပ်ကာ
“ဟုတ်တယ် ခါးနဲ့အတူ ဆိုင်လိုက်ချင်လို့
တမင်အစောကြီးထဝာာ...."
သူ့အပြောကြောင့်မျက်ခုံးတွေသိသိသာသာ
တွန့်ချိုးသွားတဲ့သူမ!!
“ဘာလိုက်လုပ်မှာလဲ??....”
အားမနာနိုင်ပဲမေးလိုက်တဲ့အခါ
သူကတော့မျက်နှာမပျက်ရီနေလျက်ဖြင့်
“လိုက်ချင်လို့လေ ပြီးတော့မနက်စာလဲ
လိုက်ဝယ်ရင်းနဲ့.....”
“ဒီမှာကောင်လေး.....မင်းမနက်စာ.....”
“ကျွန်တော့ကိုကောင်လေး ကောင်လေး
မခေါ်ပါနဲ့တော့ဗျာ နားထဲကန့်လန့်ကြီး....
ကျွန်တော့နာမည်သာမည နာမည်လေးတော့
ခေါ်ပေးပါဗျ....."
“သာမညဖြစ်ဖြစ် အဓိကဖြစ်ဖြစ်
ဒို့ပြောချင်တာက မင်းနဲ့ဒို့ရဲ့ဆက်ဆံရေးကို
အခုလိုတရင်းတနှီးမဖြစ်ချင်ဘူး
မင်းကဒို့အိမ်ငှား ဒို့ကမင်းအိမ်ရှင်
မဖြစ်သာလို့တစ်ခြံထဲနေရတယ်ဆိုပေမဲ့
သူများအမြင်မှာပြောစရာဖြစ်မဲ့ကိစ္စမျိုးတွေ
ဒို့မလိုလားဘူး.....”
ဒီတစ်ခါတော့အားမနာနိုင်ပဲခါး
ပြောလိုက်မိ၏။
ဟုတ်တယ်လေ!! မနေ့ကသူ့ကိုမုန့်လိုက်ဝယ်ပေးပြီး တစ်လမ်းလုံးစပ်စုတဲ့အကြည့်တွေနဲ့
ကြည့်ခံရသလို ပြန်တော့လဲအသိတွေက
ခါးကိုစနောက်နေကြတာမို့ သူနဲ့ထပ်ပြီး
နီးကပ်နေမို့ကိုခါးမလိုလား!!
အားနာရင်လဲတစ်သက်လုံးအားနာနေရမှာမို့
အခုလိုပြောလိုက်တော့ သူကလဲခါးရဲ့
အခြေအနေကိုလက်ခံပုံရကာခေါင်းကို
တဆတ်ဆတ်ညိမ့်လိုက်၍
“ကောင်းပြီလေ ကျွန်တော်အခုလို
လိုက်လို့ခါးရဲ့ဂုဏ်သိက္ခာအတွက်
အစွန်းအထင်းဖြစ်စေတယ်ဆိုရင်
ကျွန်တော်မလိုက်တော့ဘူး ဒါပေမဲ့
ကျွန်တော် တောင်းဆိုစရာတော့ရှိတယ်.....”
ပြီးအောင်ဘာလဲဆိုပုံနဲ့ပြောလိုက်တော့
သူက စဉ်းစားဟန်ပြုပြီးမှ
“ဟိုတစ်ခါအထည်ထုပ်လိုက်ယူပေးတုန်းက
တောင်းဆိုစရာရှိတယ်လို့ပြောတာလေ
အဲ့တာ ခါးလဲလိုက်လျောမယ်လို့
ပြောပြီးသားနော် အဲ့တော့ ခါးကျွန်တော့ကို
နေ့တိုင်းညစာကျွေးရမယ် အဲ့တာကလဲ
ခါးရဲ့အိမ်မှာပဲစားမှာ ဘယ်လိုလဲရလား??...”
သူ့ကိုကိုယ်ကလိုက်လျောမယ်ပြောပြီးပြီမို့
အခုချိန်ငြင်းရင်ရောရမှာမို့လို့လား??
“ခါးသာကျွန်တော့ကိုလိုက်လျောရင်
ကျွန်တော် ခါးနောက်ကိုရော ခါးရဲ့
ဆိုင်ကိုရောမလာဝောာ့ဘူး ရမလား??....."
“အင်း ကောင်းပြီ.....”
အခွင့်အရေးကိုအမိအရဖမ်းဆုပ်လိုက်မိတာမို့
သာ ခန့်ခန့်ကြီးပြုံးလိုက်ကာ သူမရဲ့
ကျောပြင်ကိုသဘောကျသလိုကြည့်ကာဖြင့်
“ဘာပဲဖြစ်ဖြစ် ခြေလှမ်းတစ်လှမ်းတော့
ထပ်တိုးလာနေပြီ ခါး......အဲ့တော့
နောက်ဆိုကျွန်တော်တို့နှစ်ယောက်
ဒီထက်ပိုပြီးနီးစပ်တော့မယ်ထင်တယ်”
🏠🏠🏠🏠
27.4.26
~~~စိတ်ကူးတွေကိုလေလိုနှင်ပြီး
ရွက်ကြွေတွေကိုတိုးတိုက်နမ်းရှိုက်
နှလုံးသားရဲ့ပျော်ရွှင်မှုကို
ကိုယ်တိုင်ကိုယ်ကျထုဆစ်မယ်~~~
#သျှင်နှောင်း
#အိမ်ငှားကောင်လေး
သူ့ဖောက်သည်တွေလာပြီမို့ တိတ်ဆိတ်နေတဲ့
သူ့အိမ်ထဲမှာ gym ဆော့သံတွေ
တသီသီကြားနေရလေပြီ!!
training ပေးနေရပေမဲ့ သူ့စိတ်ထဲမှာ
အရင်ကလို တက်တက်ကြွကြွမဟုတ်ပဲ
တစ်ယောက်သောသူကိုသာ
မျှော်နေမိလေ၏။
၂နာရီခွဲမို့ ကံကောင်းရင်တော့
သူမသိမ်းလာနိုင်ပါသည်။
မဟုတ်မှ သူတစ်ခေါက်လောက်
သူမဆိုင်ကိုသွားကြည့်ရင်ကောင်းမလား??
သင်တန်းသားတွေရှိနေသည်မို့ သူ့စိတ်ကို
ပြန်ထိန်းကာဖြင့် training ပေးလိုက်
အိမ်ရှေ့ထွက်လာလိုက်နဲ့ သူမအိမ်ဘက်ကို
မျှော်ကြည့်မျှော်ကြည့်လုပ်နေချိန်
နောက်ဆုံးတော့ ဘေးအိတ်လေးလွယ်ထားတဲ့
ကိုယ်လုံးလှလှလေးက တည်ငြိမ်စွာ
အိမ်ထဲလှမ်းဝင်လာလေ၏။
သာ အခုမှပဲရင်ထဲပျော်သွားရင်းမှ
အိမ်ထဲပြန်ဝင်လာကာ အားလုံးကို
တစ်ချက်ဝေ့ကြည့်၍ သူ့အိမ်သော့ယူကာ
သူမဘက်ကိုထွက်လာခဲ့သည်။
သူမကတော့ ခပ်တည်တည်ပင်
သူ့သော့သူထုတ်ရင်း ဖွင့်နေကာဖြင့်
အလိုမကျသလိုကျစ်တသပ်သပ်!!
သာအနားရောက်လာတော့ ငဲ့ကြည့်လာရင်းမှ
မျက်နှာမကြည်မသာနဲ့ပြန်လှည့်သွားကာ
“သော့ကဖွင့်လို့မရဘူး....."
“ဘယ်ရမှာလဲ အဲ့တာခါးသော့မှမဟုတ်တာ
ကျွန်တော့ဟာလေ....."
သူပြောတော့မှ သော့အိမ်ကိုသေချာ
ပြန်ကြည့်မိတဲ့အခါ ခါးဟာမဟုတ်ပဲ
သော့အိမ်တစ်မျိုးဖြစ်နေလေ၏။
“ဘယ်လိုဖြစ်လို့မင်းသော့က ဒို့အိမ်မှာ
ရောက်နေရတာလဲ??....”
သာ သူမကိုယ်ဘေးကိုတိုးကပ်တော့
အနားကနည်းနည်းခွာသွားတာမို့
သော့ဖွင့်ပေးကာဖြင့်
“ခါးကမနက်က ကျွန်တော့ကိုအိမ်
ကြည့်ခိုင်းခဲ့ပြီး ဆိုင်ထွက်သွားတာလေ
ကျွန်တော့ကိုခါးသော့ ပေးခဲ့တာမှမဟုတ်တာ အဲ့တော့မရှိရှိတဲ့ကျွန်တော့သော့နဲ့ပဲ
ခတ်ပေးခဲ့ရတာပေါ့....."
အခုမှပြန်စဉ်းစားမိတဲ့ခါး....၊
ဟုတ်သည်လေ မနက်ကကိုနိုင်အထုပ်
လာသယ်ဖို့အတွက် ဒီတိုင်းပဲထားခဲ့တဲ့ခါးက
သူ့ကိုအိမ်သော့ပေးခဲ့မိတာမှမဟုတ်!!
သူအခုလို လုပ်ပေးထားတော့လဲ
ကျေးဇူးတော့တင်မိသား!!
“မေ့ခဲ့တာပဲ ကျေးဇူးပဲနော်....."
“ရပါတယ် ကျွန်တော်ကလဲခါးကို
သော့ဖွင့်ပေးဖို့ ဘယ်အချိန်အိမ်ပြန်လာမလဲ
စောင့်နေတာ တော်တော်ကြာပြီ....."
ဟုတ်သည်လေ ဒီနေ့ရောင်းရတာမို့
ညကရောက်ထားတဲ့ပစ္စည်းတွေပြန်စီတာ
ဈေးရောင်းတာနဲ့ ဒီနေ့နည်းနည်း
နောက်ကျသွားလေသည်။
နေ့လည်စာလဲ မနက်ကပါသွားတဲ့ထမင်း
နည်းနည်းပဲစားထားရသေးတာမို့ အခုနေ
ဗိုက်ဆာနေလေ၏။
သူမအခုနေ အမြန်ထမင်းချက်ပြီး
ထမင်းပူပူလေးစားလိုက်ရရင်ဖြင့်
ညစာတော့လွတ်ပြီ!!
သော့ဖွင့်ပြီး သော့ကိုသူ့ကိုပြန်ပေးတော့
ခါးကိုကြည့်လာတာမို့ ကြောင်အမ်းအမ်းလေး
ဖြစ်သွားတဲ့အခါ သူကခါးကိုခပ်တည်တည်ပဲ
စိုက်ကြည့်နေကာဖြင့်
“ဟိုဟာ ကျွန်တော် ခါးဆီကပြန်လာပြီးထဲက
ဘာမှမစားရသေးဘူး အဲ့တာဒီနေ့လဲ
ထမင်းစားလို့ရလား??......"
ဒီလိုဇယားတွေမကြိုက်ပေမဲ့ သူကခါးအပေါ်
ကျေးဇူးတွေရှိတဲ့အပြင် ဟိုစပ်စပ်ဒီစပ်စပ်
ဝင်ကူညီထားတာလေးတွေလဲရှိတာမို့
ခါး မငြင်းသာပေမဲ့ မျက်နှာတော့
မရွှင်လန်းတော့ပဲနဲ့!!
“ရတာကရပါတယ် ဒို့တောင်
ညကမင်းကိုပြန်ဧည့်ခံလိုက်တာနဲ့
ထမင်းမလောက်လို့ အခုမှတည်ရမှာ
နည်းနည်းတော့စောင့်လို့ရတယ်မလား??...."
“ရတာပေါ့ဗျာ တူတူစားချင်နေတာ...
ကျွန်တော်တစ်ယောက်ထဲဆို အဖော်လဲ
မရှိလို့....."
ပုံမှန်ဆိုဝယ်စားတဲ့ သာ အခုနေအားမနာတမ်း
ပြောလိုက်တော့ သူမမျက်နှာက
အို့တို့အမ်းတမ်းတော့ဖြစ်သွားလေသည်။
“အင်း အခုနေချက်ပြီးတော့ရရင်
မင်းဘက်ကိုပို့ပေးမယ်....."
သိသိသာသာ စကားထည့်နေပေမဲ့
သာ မကြားချင်ယောင်ဆောင်ကာ
ခေါင်းညိမ့်ပြုံးပြကာဖြင့် သူ့ဘက်ကိုပြန်
ထွက်လာခဲ့လေ၏။
“ဆရာက ဘယ်ရောက်သွားတာလဲဗျာ.....”
“အော် ဟိုဘက်ကအိမ်ရှင်နဲ့နည်းနည်း
စကားလေးသွားပြောတာပါဗျာ
ဆက် ပြေးကြတာပေါ့....."
သိနှင့်ပြီးသားလူတွေမို့ တရင်းတနှီးရှိနေကာ
အထွေအထူးသင်စရာတော့မလိုတော့!!
ဒီနေ့ကစဖွင့်တဲ့ရက်မို့ လူတွေတော့
သိပ်မစုံပေမဲ့ မနက်ကသူနဲ့အတူဆိုင်သွားတဲ့
ကိုနိုင်ဆိုတဲ့လူကတော့ သုံးဘီးနဲ့မဟုတ်ပဲ
ခြေလျင်လျှောက်ကာ သူ့အိမ်ထဲကို
ဝင်လာလေသည်။
“ငါ့ညီ မင်းခေါ်လို့အစ်ကိုကတော့
လာပြီနော်....."
“ဟာ လာဗျာ လာမှလာပါ့မလားလို့
ကျွန်တော်ကစောင့်နေတာ အခုလိုလာတော့
ငါ့အစ်ကိုကျန်းမာရေးလေးကောင်းသွားတာပေါ့....."
နှစ်ယောက်သားရင်းနှီးမှုယူရင်းမှ
သာ သွေးပူအရင်ကျင့်ကာ ကိုယ်လုံးဝဖိုင့်ဖိုင့်ကြီး အရမ်းမောမသွားစေရန် ခပ်ဖြေးဖြေး
lesson လေးတွေပဲပေးလိုက်၏။
“ဒါနဲ့ ဟိုဘက်အိမ်ကခါးကလေ
ဒီရပ်ကွက်ထဲမှာ ဟိုလိုဒီလိုသတင်း
မရှိဘူးလားဟင်....."
လေ့ကျင့်ခန်းလုပ်တာကိုရပ်ကြည့်ရင်း
မေးတော့ လုပ်နေတဲ့ကိုနိုင်က အရှိန်
လျော့သွားကာ သူ့ကိုပြုံးသဲ့သဲ့
ကြည့်လာကာဖြင့်
“ဘာလို့လဲ ငါ့ညီကသူ့ကိုကြိုက်လို့လား??....."
ဒီလိူကြီးဒဲ့မေးလာတော့ သာမျက်နှာ
နွေးခနဲဖြစ်သွားခြင်းနဲ့အတူ ဘေးဘီကို
ငဲ့ကြည့်တော့ ပြုံးစေ့စေ့ဖြစ်သွားကြတဲ့
သူ့ရဲ့သင်တန်းသားတွေကြောင့် ခေါင်းကို
ခပ်ဖွဖွကိုင်လိုက်မိ၍
“အဲ့လိုရယ်မဟုတ်ပါဘူး သူကကျွန်တော့ရဲ့
အိမ်ရှင်ဖြစ်တဲ့အပြင် အမြဲတမ်းတသီးတသန့်ပဲနေတတ်တော့ သိချင်လို့....."
ကိုနိုင်ကအထာပါပါပြုံးရင်းမှ
ရှေ့ကိုပြန်လှည့်သွားကာဖြင့်
“သူကသနားစရာလေးပါ ဒီအိမ်က
အမှန်ဆို သူ့မိဘနှစ်ပါးရဲ့အိမ်လေ
ဟိုဘက်ကသူ့အဒေါ်အိမ် ဒါပေမဲ့သူ့မိဘတွေ
သေပြီးထဲက ဒီကလေးကိုဟိုဘက်အိမ်မှာပဲ
ခေါ်ထားပြီး သူ့အဒေါ်ကဒီအိမ်ကိုဆက်တိုက်
အိမ်ငှားတွေပဲတင်နေတာ သူ့အတွက်ပိုက်ဆံ
ပိုရအောင်ပေါ့ကွာ သူကိုယ်တိုင်ကအတိုး
ပေးနေပေမဲ့ ကြမ်းကြားကနေပိုက်ဆံထွက်ရင်တောင် အဲ့ကြားကနေမရရအောင်
ယူမဲ့လူမျိုးကွ အဲ့တော့ဒီကလေးကိုလဲ
မျိုးစုံခိုင်းတာ နောက်ဆုံးသူ့ရဲ့ကိုယ်ပိုင်အားလေးနဲ့ဆိုင်ဖွင့်ပြီး ဟိုတလောကမှသူ့အဒေါ်
သေသွားတာလေ အမှန်ဆိုဒီအိမ်ကိုသူငှားမှာ
မဟုတ်ဘူး ဒါကမင်းနဲ့တစ်ခုခုရင်းနှီးလို့
ငှားတာဖြစ်မယ် .....”
မယုဆိုတဲ့အမျိုးသမီးကြောင့်ဆိုတာတော့
သာ မပြောတော့ပါ!!
ဘာလို့ဆို သူကိုယ်တိုင်တောင်မယုရဲ့
စာရိတ္တကိုရိပ်စားမိလို့ဖြစ်လေ၏။
မမောမပန်းပြောပြတဲ့ကိုနိုင်ရဲ့စကားတို့ကြောင့် သူမကိုပိုပြီး ကရုဏာပိုမိတဲ့အခါ!!
🏠🏠🏠🏠
“ကောင်လေး.....”
သာ ရေမိုးချိုးအပြီး ခေါင်းရေသုတ်
လက်စနဲ့ အိမ်ရှေ့ကခေါ်သံကြောင့်
အခန်းထဲကနေထွက်လာခဲ့သည်။
သူမက ရေချိုးပြီးစကြည်လင်နေတဲ့
မျက်နှာထားလေးနဲ့ လက်ထဲမှာလဲ
လင်ဗန်းလေးကိုင်လာကာ ထွက်လာတဲ့
သူ့ကိုစုံဆန်တစ်ချက်ဝေ့ကြည့်ရင်းမှ
“ဗိုက်ဆာနေပြီနဲ့တူတယ် ဒို့လဲ
ချက်ထားပြီးတစ်ခါထဲရေချိုးနေတာနဲ့
ဟင်းအကျက်လာပို့လိုက်တာ အရမ်းတော့
နောက်မကျသွားဘူးမလား??....”
သူမဘက်ကချက်ပြုတ်ပြီးကျွေးမွေးရပေမဲ့
အခုလို တကူးတကမေးလာတော့
သာ နည်းနည်းတော့အားနာမိသွားရလေ၏။
“ရပါတယ် ကျွန်တော်လဲgymဆော့သူတွေ
မရှိတော့လို့အခုမှနားပြီးရေချိုးရတာ
နောက်မကျပါဘူး....."
“ဝောာ်သေးတာပေါ့ နေ့လည်ထဲကဆိုတော့
ဗိုက်ဆာနေမှာဆိုးလို့....."
ပကတိရိုးစင်းနေတဲ့မျက်နှာလေးကို
ကြည့်မဝသလို တစိမ့်စိမ့်ကြည့်နေမိတော့
သူမက လည်ပင်းတစ်ချက်ပွတ်ရင်းမှ
ဘေးဘီကိုဝေ့ဝဲကြည့်ကာ
“အဲ့ဝာာဆို ဒို့သွားတော့မယ်နော်.....”
“ကောင်းပါပြီ.....ထမင်းနဲ့ဟင်းအတွက်
ကျေးဇူးပဲနော်....."
အပြုံးလေးဖြင့်တုန့်ပြန်သွားတဲ့သူမကြောင့်
သူ့ရင်ထဲ အေးခနဲဖြစ်သွားသလို
တလှပ်လှပ်ခံစားချက်ကလဲ ရင်ထဲကို
တိုးဝင်လာလေသည်။
သူမဘက်ကိုသွားမလို့ပေမဲ့ သူနဲ့အတူ
ထပ်စားဖို့ အဆင်သင့်မဖြစ်သေးဘူးထင်တာမို့ သာ မသွားတော့ပဲနဲ့ သူ့ဘက်သူပဲနေကာ
သူမပေးတဲ့လင်ဗန်းပေါ်ကအုပ်စောင်းလေးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာအငွေ့
တထောင်းထောင်းထနေတဲ့ ထမင်းပန်းကန်နဲ့အတူ ဘေးနားမှာနီရဲရဲစားချင်စဖွယ်ဖြစ်နေတဲ့
ဆီပြန်ငါးဟင်းတစ်ခွက် ဘေးနားမှာ
သရက်သီးသုပ်စိမ်းစိမ်းလေးနဲ့အတူ
အမဲခြောက်စီစိမ်ထားတဲ့ဘူးလေးပါပါ၏။
အသေးစိတ်ကအစလုပ်ပေးတာမို့
သာ့နှုတ်ခမ်းတွေကပြုံးသွားရကာဖြင့်
လက်ဆေး၍ ထမင်းနဲ့ဟင်းကို
မြိန်ရေရှက်ရေစားလိုက်မိသည်။
တော်တော်ကိုဟင်းချက်ကောင်းတဲ့
သူမလက်ရာပါ!!
အကုန်လုံးစားသောက်ပြီးသွားတာနဲ့
စားသောက်ပြီးသားပန်းကန်တွေကိုဆေးကာ
လင်ဗန်းလေးထဲပြန်ထည့်၍ သူမကို
သွားပေးတော့ တစ်အိမ်လုံး
တိတ်ဆိတ်နေခြင်းနဲ့အတူ ဘုရားစင်ရှေ့
အေးချမ်းစွာပုတီးစိပ်နေတဲ့သူမကို
မြင်လိုက်ရလေ၏။
နောက်ကနေမြင်ရတဲ့ကိုယ်လုံးသေးသေးလေးကိုကြည့်ရင်း ဘာသာတရားကိုင်းရှိုင်းတာမို့
စိတ်ထဲအထင်ကြီးသလို သူ့အားကြီးနဲ့
အားရှိပါးရှိဖျစ်ညှစ်ပြစ်လိုက်ချင်သည်။
သာ ခြေသံမထွက်အောင်အနောက်ကို
ဖွဖွသွားရင်း ပန်းကန်တွေကိုသူ့နေရာသူ
ထားကာ ငရုတ်သီးထောင်းနဲ့ အမဲခြောက်
စီစိမ်ကို စားပွဲခုံအုပ်ဆောင်းထဲထည့်ပေး၍
ပြန်ထွက်လာတဲ့အထိ သူမကပကတိ
ငြိမ်သက်ကာဖြင့် ပုတီးစိပ်မပျက်!
သူ့ကိုမို့လို့စိတ်ချတာပဲလားဆိုတာ
တွေးရင်းမှ သူမအကြည်ညိုမပျက်စေရန်
တိတ်တိတ်လေးပင်အိမ်ထဲကထွက်လာခဲ့၏။
ထိုနေ့ညက သာလဲသူမပုံရိပ်လေးကိုကြည့်ကာ ဘုရားရှစ်ခိုးရင်း ဆုတောင်းကောင်းမှု
ပြု၍အိပ်ရာဝင်လိုက်သည်။
ဖြစ်နိုင်ရင် အခြေအနေတွေကိုဒီထက်ပို
တိုးတက်ချင်တယ်!!
🏠🏠🏠🏠
မနက်အစောကြီးနိုးနေတဲ့ သာ
သူမထွက်အလာကိုအိမ်ရှေ့မှာရှိတဲ့
တန်းလျားကြီးမှာထိုင်ရင်း စောင့်နေမိ၏။
သူမကထုံးစံအတိုင်းထမိန်နဲ့အင်္ကျီကို
သေသေသပ်သပ်ဝတ်ကာ ဆံထုံးလှလှလေး
ထုံးဖွဲ့ထားရင်းမှ အိမ်တံခါးသော့ခတ်၍
ထွက်လာလေသည်။
“အစောကြီးနိုးနေတာလား??...."
သူကကိုယ့်ဘက်ကိုမျက်နှာမူနေတာမို့
မကောင်းတတ်လို့မေးလိုက်တော့ ခုံကနေ
ထလာရင်းမှ ခါးဘေးကိုလာရပ်ကာ
“ဟုတ်တယ် ခါးနဲ့အတူ ဆိုင်လိုက်ချင်လို့
တမင်အစောကြီးထဝာာ...."
သူ့အပြောကြောင့်မျက်ခုံးတွေသိသိသာသာ
တွန့်ချိုးသွားတဲ့သူမ!!
“ဘာလိုက်လုပ်မှာလဲ??....”
အားမနာနိုင်ပဲမေးလိုက်တဲ့အခါ
သူကတော့မျက်နှာမပျက်ရီနေလျက်ဖြင့်
“လိုက်ချင်လို့လေ ပြီးတော့မနက်စာလဲ
လိုက်ဝယ်ရင်းနဲ့.....”
“ဒီမှာကောင်လေး.....မင်းမနက်စာ.....”
“ကျွန်တော့ကိုကောင်လေး ကောင်လေး
မခေါ်ပါနဲ့တော့ဗျာ နားထဲကန့်လန့်ကြီး....
ကျွန်တော့နာမည်သာမည နာမည်လေးတော့
ခေါ်ပေးပါဗျ....."
“သာမညဖြစ်ဖြစ် အဓိကဖြစ်ဖြစ်
ဒို့ပြောချင်တာက မင်းနဲ့ဒို့ရဲ့ဆက်ဆံရေးကို
အခုလိုတရင်းတနှီးမဖြစ်ချင်ဘူး
မင်းကဒို့အိမ်ငှား ဒို့ကမင်းအိမ်ရှင်
မဖြစ်သာလို့တစ်ခြံထဲနေရတယ်ဆိုပေမဲ့
သူများအမြင်မှာပြောစရာဖြစ်မဲ့ကိစ္စမျိုးတွေ
ဒို့မလိုလားဘူး.....”
ဒီတစ်ခါတော့အားမနာနိုင်ပဲခါး
ပြောလိုက်မိ၏။
ဟုတ်တယ်လေ!! မနေ့ကသူ့ကိုမုန့်လိုက်ဝယ်ပေးပြီး တစ်လမ်းလုံးစပ်စုတဲ့အကြည့်တွေနဲ့
ကြည့်ခံရသလို ပြန်တော့လဲအသိတွေက
ခါးကိုစနောက်နေကြတာမို့ သူနဲ့ထပ်ပြီး
နီးကပ်နေမို့ကိုခါးမလိုလား!!
အားနာရင်လဲတစ်သက်လုံးအားနာနေရမှာမို့
အခုလိုပြောလိုက်တော့ သူကလဲခါးရဲ့
အခြေအနေကိုလက်ခံပုံရကာခေါင်းကို
တဆတ်ဆတ်ညိမ့်လိုက်၍
“ကောင်းပြီလေ ကျွန်တော်အခုလို
လိုက်လို့ခါးရဲ့ဂုဏ်သိက္ခာအတွက်
အစွန်းအထင်းဖြစ်စေတယ်ဆိုရင်
ကျွန်တော်မလိုက်တော့ဘူး ဒါပေမဲ့
ကျွန်တော် တောင်းဆိုစရာတော့ရှိတယ်.....”
ပြီးအောင်ဘာလဲဆိုပုံနဲ့ပြောလိုက်တော့
သူက စဉ်းစားဟန်ပြုပြီးမှ
“ဟိုတစ်ခါအထည်ထုပ်လိုက်ယူပေးတုန်းက
တောင်းဆိုစရာရှိတယ်လို့ပြောတာလေ
အဲ့တာ ခါးလဲလိုက်လျောမယ်လို့
ပြောပြီးသားနော် အဲ့တော့ ခါးကျွန်တော့ကို
နေ့တိုင်းညစာကျွေးရမယ် အဲ့တာကလဲ
ခါးရဲ့အိမ်မှာပဲစားမှာ ဘယ်လိုလဲရလား??...”
သူ့ကိုကိုယ်ကလိုက်လျောမယ်ပြောပြီးပြီမို့
အခုချိန်ငြင်းရင်ရောရမှာမို့လို့လား??
“ခါးသာကျွန်တော့ကိုလိုက်လျောရင်
ကျွန်တော် ခါးနောက်ကိုရော ခါးရဲ့
ဆိုင်ကိုရောမလာဝောာ့ဘူး ရမလား??....."
“အင်း ကောင်းပြီ.....”
အခွင့်အရေးကိုအမိအရဖမ်းဆုပ်လိုက်မိတာမို့
သာ ခန့်ခန့်ကြီးပြုံးလိုက်ကာ သူမရဲ့
ကျောပြင်ကိုသဘောကျသလိုကြည့်ကာဖြင့်
“ဘာပဲဖြစ်ဖြစ် ခြေလှမ်းတစ်လှမ်းတော့
ထပ်တိုးလာနေပြီ ခါး......အဲ့တော့
နောက်ဆိုကျွန်တော်တို့နှစ်ယောက်
ဒီထက်ပိုပြီးနီးစပ်တော့မယ်ထင်တယ်”
အခန်းမှတ်ချက်များ (0)