Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၁၀

‌ခါး မနက်ခင်းနိုးတဲ့အခါပုံမှန်အတိုင်းပဲ

ထလိုက်ပေမဲ့ အိမ်ရှေ့ကိုထွက်အလာ

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ညက

အခြေအနေတစ်ချို့ကိုဇဝေဇဝါဖြစ်သွားမိလေသည်။

ခါးဟာညက ဘယ်လိုများအိပ်ပျော်သွားသည်မသိပဲ အခုလိုအိပ်ယာထဲကနေ

နိုးလာတဲ့အဖြစ်!!

ပြီးဝောာ့ အထုပ်တွေလဲအိတ်ထဲမှာ

ထည့်ပြီးသားဖြစ်နေတာက ခါးတော့မဟုတ်!!

ဒါဆိုသူထည့်ပေးသွားတာပဲဖြစ်မည်။

အတွေးတို့နဲ့ မတင်မကျဖြစ်နေပေမဲ့လဲ

နာရီကိုကြည့်တော့ လေးနာရီခွဲပြီးပြီမို့

ခါး ‌လက်ဆေးသန့်စင်ကာထမင်းအိုးတစ်လုံး

တည်၍ ရေချိုးရန်ပြင်လိုက်လေ၏။

ပုံမှန်ဆို ညကချက်ထားတဲ့ထမင်းနဲ့ဟင်းကို

တစ်နေကုန်စားလို့ရပေမဲ့ ညကသူ့ကိုလဲ

ဧည့်ခံကျွေးမွေးလိုက်တာမို့ ထမင်းလဲနည်းနည်းပဲကျန်သည်ဖြစ်ရာ ခါးမှာမနက်ခင်း

ထမင်းချိုင့်ထည့်သွားဖို့အခက်တွေ့လေသည်။

ရေမိုးချိုးပြီး ခါးအဝတ်လဲကာ ကြက်ဉပဲ

ခပ်သွက်သွက်ကြော်၍ထမင်းချိုင့်ထဲ

ထမင်းနဲ့အဲ့တာပဲထည့်လိုက်ရလေ၏။

မတတ်နိုင် ဆိုင်ရောက်မှပဲ တို့ဖူးသုတ်လေး

ဝယ်စားရပေတော့မည်။

“ဟယ်လို ကိုနိုင် ခါးအိမ်လာပြီး

ပစ္စည်းထုပ်လေးဆိုင်သယ်ပေးဦးလေ....”

“......."

“ဟုတ် ဟုတ် ကျေးဇူးပဲ....."

ခါးဖုန်းချရင်းမှ သနပ်ခါးလိမ်းပြင်ဆင်ကာ

ဆံပင်ကိုဆံထုံးလေးလျော့လျော့

ထုံးဖွဲ့ကာဖြင့် ဘေးအိတ်လေးလွယ်၍

ဟိုဘက်အိမ်ကိုထွက်လာခဲ့သည်။

နာမည်လဲမသိပေ!! ဘယ်လိုများ

ခေါ်ရမှာပါလိမ့်!!

သူ့ကိုတွေ့ရင် မင်းနဲ့ဒို့ပဲရင့်ရင့်သီးသီး

ပြောဖြစ်ခဲ့တာမို့ နာမည်ကိုမသိရိုးအမှန်!!

ထို့ကြောင့် တံခါးကိုပဲဖွဖွခေါက်ရင်းမှ

“ကောင်လေး....ကောင်လေး....."

အသံကျယ်ကြီးလဲမခေါ်ရဲပေ!

မတော်လို့သူများအိပ်နေရင်မကောင်း!!

နည်းနည်းလေးဆက်စောင့်ကြည့်နေတုန်း

တံခါးလာဖွင့်တဲ့သူက ခါးထင်သလို

အိပ်မှုန်စုန်ဖွားမဟုတ်ပဲနဲ့ ရေမိုးချိုးပြီး

သပ်သပ်ရပ်ရပ်ဖြစ်နေလေ၏။

သူကခါးကိုကြည့်လာရင်းမှ

“ခါး ဘာပြောမလို့လဲ??...."

“ထွေထွေထူးထူးမဟုတ်ပါဘူး ဒို့ဆိုင်သွားတော့မှာ အဲ့တာအဲ့ဒီ့အထုပ်ကြီးကို

ကိုနိုင်ဆိုတဲ့လူလာသယ်ပေးလိမ့်မယ်

ဒါကြောင့် သူလာသယ်ပြီးသွားရင်

ဒို့ဘက်ကအိမ်တံခါးကို စေ့တာပဲဖြစ်ဖြစ်

လုပ်ပေးထားဦးနော်.....ဒီတိုင်းကြီး

ထားခဲ့ရမှာကျတော့စိတ်မချလို့....."

တန်ဖိုးရှိစရာဘာမှမရှိပေမဲ့ အဲ့မရှိတာလေးကိုပဲ မျက်စိကျနေသူတွေရှိ‌တာမို့

ခါးသတိပေးတော့ ကောင်လေးကပြုံးပြရင်းမှ

“ဟုတ်ကဲ့ ကျွန်တော်သေချာကြည့်ပြီး

လုပ်ပေးထားပါမယ်....."

အခုဆိုသူ့ကိုတယုံတကြည်နဲ့အိမ်ပါအပ်လာပြီမို့ သာ အပျော်ကြီးပျော်ကာဖြင့်

သူမထွက်သွားတဲ့နောက်ကိုအလွမ်းတသသ

လိုက်ကြည့်ရလေသည်။

သွားတော့မယ် မနက်ငါးခွဲကနေသွားရင်

ညနေငါးခွဲမှပြန်လာတတ်၏။

သို့ပေမဲ့သူနဲ့နည်းနည်းရင်းနှီးသွားတဲ့နောက်

ပိုပြီးဝောာ့ စောပြန်လာတတ်လေ၏။

၄နာရီကနေ ၃နာရီ အခုဆိုပုံမှန်ချိန်ဖြစ်တဲ့

၂ချက်ခွဲလောက်တော့ သူမအိမ်ပြန်

ရောက်လာတတ်သည်။

သာ ဒီနေ့gymကို သူ့ဖောက်သည်တွေ

လာကြမှာမို့ ကိုယ်တိုင်လဲပြင်ဆင်ကာ

လိုအပ်တာတွေအကုန်လုပ်ထား၏။

အိမ်ရှေ့ကနေသုံးဘီးသံကြားတာမို့

သာ လုပ်လက်စတွေခဏ‌ထားကာ

ထွက်ကြည့်တော့ သူမပြောတဲ့လူဖြစ်ကာ

ဟိုဘက်အိမ်ထဲဝင်သွားရင်းမှ

အထုပ်ကြီးကိုမပြီးသုံးဘီးပေါ်တင်ရန်

ပြင်နေလေသည်။

သို့ပေမဲ့ ကြီးတာမို့သူတစ်ယောက်ထဲ

မရလောက်ဘူးထင်ကာ သာ အိမ်ထဲက

အမြန်ပြေးဆင်းရင်းမှ ဟိုဘက်အိမ်ထဲ

ဝင်သွားလိုက်၏။

“လာ ကျွန်တော်မကူမယ်....."

သူ,မကူတော့မှ နှစ်ယောက်သားအင့်ခနဲ

ပင့်မကာ ရှေ့ကသုံးဘိန်းပေါ်အထုပ်

ရောက်သွားလေသည်။

“မင်းကဒီမှာငှားနေတာလား??...."

“ဟုတ်တယ်ဗျ...."

“အော် မတွေ့မိလို့....."

“ကျွန်တော်ငှားတာသိပ်မကြာသေးပါဘူး

ကျွန်တော့အိမ်မှာလေ့ကျင့်ခန်းလုပ်လို့

ရတာမို့ အစ်ကိုတို့ညနေနေ့ခင်း အားရင်

အကြောလျော့ဘာညာလာခဲ့လေ

အလကားကျွန်တော်လုပ်ပေးမယ်....."

“ဟာ တကယ်လား??..."

“ဒါပေါ့ဗျာ.....”

ဝဝဖိုင့်ဖိုင့်ကိုယ်လုံးပြည့်တာမို့

သူပြောတာကိုသဘောတကျရယ်တဲ့အခါ

ကိုနိုင် ဆိုသူရဲ့ဗိုက်ကတလှုပ်လှုပ်ဖြစ်သွားလေ၏။

သုံးဘိန်းစက်နှိုးကာသွားခါနီး သာ

သတိရသွားသည်မို့ သူ့အိမ်ကသော့ကို

သူမဘက်ကိုအပြေးခတ်ကာ သူ့အိမ်တံခါးကို

သေချာဆွဲပိတ်ရင်းမှ ထွက်သွားတဲ့ကိုနိုင်နောက်လိုက်၍ ခြံတံခါးကိုသော့ခတ်လိုက်သည်။

“ကျွန်တော်လိုက်မယ်နော်....."

“အော် ခါးဆိုင်ကိုလိုက်မှာလား.....”

“ဟုတ်တယ်ဗျ....."

“အေးပေါ့ကွာ သွားကြတာပေါ့....."

ခြံဝန်းကိုစိတ်ချလက်ချပြန်ကြည့်ရင်း

ကိုနိုင်ခေါ်သော ခါးရဲ့ဆိုင်ကိုရင်ခုန်စွာ

လိုက်ပါသွားခဲ့လေ၏။

......

“သမီး ကိုနိုင်လာပြီ အထုပ်ဖိုး

ဘယ်လောက်လဲသွားမေးပါဦး....."

ညကဘယ်လိုအိပ်ပျော်သွားတယ်မသိတာမို့

မပြီးပြတ်တဲ့စာရင်းကို ပြန်စစ်ကာ

ပိုက်ဆံကိုက်မကိုက် သေချာပြန်ပြီး

ပေါင်းနေရလေသည်။

ခါး ပြောတော့ ဝန်ထမ်းမလေးပြေးသွားကာ

ခဏနေပြန်ရောက်လာလေ၏။

“၂၀၀၀ပဲတောင်းတယ်မမ....."

“အေအေ ရော့....."

အံဆွဲထဲက ၁၀၀၀တန်နှစ်ရွက်ယူရင်းပေးတော့ ကောင်မလေးကခါးကိုပြုံးစေ့စေ့နဲ့

ကြည့်နေတာမို့ ဘာလဲဆိုပုံမေးငေါ့ပြလိုက်တဲ့အခါ

“ဦးကိုနိုင်နဲ့အတူ အစ်ကိုကြီးတစ်ယောက်

ပါလာတယ်မမ တော်တော်တော့ချောတယ်

ဦးကိုနိုင်ရဲ့ဆွေမျိုးများလားပဲ....."

ကောင်မလေးအပြောကြောင့် ခါးမျက်စိတွေ

ဆိုင်ပေါက်၀ကိုရောက်သွားတဲ့အခါ

ကိုနိုင်နဲ့အထည်ထုပ်ကြီးမကူရင်းဆိုင်ထဲ

ဝင်လာတဲ့သူ့ကိုမြင်လိုက်ရတာမို့ ခါး

ပါးစပ်လေးအဟောင်းသားဖြစ်သွားရလေသည်။

ဒီကောင်လေးဘာကိစ္စဆိုင်ကိုလာရတာလဲ??

ကိုနိုင်ကအထုပ်ချပြီးထွက်သွားတာမို့

မောဟိုက်သလိုအသက်ရှုသံပြင်းပြင်းနဲ့

သူက ခါးထိုင်နေတဲ့ကောင်ဝာာနားကို

လာထိုင်ကာ တစ်ဆိုင်လုံးကိုဝေ့ဝဲကြည့်၍

“မိုက်ဝာာပဲ ယောင်္ကျားလေးဝတ်အင်္ကျီတွေလဲရှိတယ်.....ကျွန်တော်တော့ခါးကို

အားပေးဦးမှပါ....."

သူကသာပေါ့ပေါ့ပြောနေပေမဲ့ သူကိုယ်တိုင်

ဆိုင်ရောက်လာတာမို့ ခါးစိတ်ထဲ

ရင်တုန်တာလိုလို ရင်ခုန်တာလိုလို

ဖြစ်သွားရလေ၏။

“ဘယ်လိုကနေဆိုင်ထိရောက်လာတာလဲ??...."

“ဒီလိုပါပဲ gym ကညနေမှဖွင့်မှာဆိုတော့

အိမ်မှာတစ်ယောက်ထဲပျင်းတာနဲ့ ကိုနိုင်

အထုပ်လာသယ်တုန်းတစ်ခါထဲလိုက်ခဲ့လိုက်တာ.....”

“ဒါဆိုအိမ်ကိုဘယ်လိုလုပ်ခဲ့လဲ??...."

“မပူပါနဲ့ ခါးဘက်ကိုသော့ခတ်ခဲ့တယ်

ကျွန်တော့်ဘက်ကတော့ဒီတိုင်းစေ့ပြီး

ခြံတံခါးကိုလဲအပြင်ကနေသော့ခတ်ခဲ့တယ် ..."

သူ့အပြောကြောင့် ခါးစိတ်လျော့ရင်းမှ

“အဲ့တာဆိုလဲကောင်းပြီ ဒါနဲ့မင်းတစ်ခုခု

စားပြီးပြီလား??..."

“မစားရသေးပါဘူး ဈေးထဲတောင်

ကျွန်တော်ကအခုမှရောက်ဖူးတာလေ

အဲ့တော့ဒီမြို့ကဆိုင်တွေနဲ့မရင်းနှီးဘူး...."

“အဲ့တာဆို ဘာစားမလဲ??...."

“မသိဘူးလေ မြင်မှပဲစားချင်တာကို

သိနိုင်မှာ...."

“အဲ့တာဆို ဝတီ့ကိုမုန့်ဝယ်ဖို့

ထည့်ပေးလိုက်မယ် ရမလား??...."

“ဟာ မရင်းနှီးတဲ့လူနဲ့ကျွန်တော်မသွားချင်ပါဘူး ခါးပဲလိုက်ခဲ့ပေးလို့မရဘူးလား??...."

ခါးအပြောကြောင့်မျက်နှာကြီး

ညိုမှောင်သွားတဲ့ သာကအတင်းငြင်းတာမို့

ခါး သက်ပြင်းချလိုက်ရင်းမှ ဝတီ့ကို

ငဲ့ကြည့်ကာ

“သမီး ပစ္စည်းထုပ်တွေကိုသူ့နေရာနဲ့သူ

စီထားနှင့် မမဧည့်သည်ကိုမုန့်လိုက်ကျွေးလိုက်ဦးမယ်....."

သူမအပြောကြောင့် သာပျော်သွားကာ

ဆိုင်ပြင်ကိုအရင်ထွက်လာခဲ့လိုက်၏။

ခါးလဲ အံဆွဲကိုသော့ခတ်ကာဘေးအိတ်လေး

ကောက်လွယ်ရင်းမှ ဆိုင်ပြင်ကိုထွက်လာ၍

ဂျီတိုက်တဲ့ကောင်လေးနားကိုသွားကာ

ရှေ့ကနေဦးဆောင်ကာဖြင့်

“သွားမယ်....ဒို့နောက်ကလိုက်ခဲ့....."

သာလဲ သူမဘေးကနေခပ်ကပ်ကပ်လိုက်ရင်း

ရင်ထဲလဲကြည်နူးပီတိ ဖြစ်နေရလေသည်။

ဘာရယ်ကြောင့်မှန်းမသိ သူမနဲ့အတူနီးကပ်နေရရင်ကို သူ့စိတ်ထဲပျော်နေမိတာ!!

🏠🏠🏠🏠

သဲ သာ့ရဲ့အကြောင်းကိုစုံစမ်းလို့မရတာ

တော်တော်ကိုကြာခဲ့လေပြီ။

သူထားခဲ့တဲ့ဖုန်းနံပါတ်ကိုခေါ်ပေမဲ့

သဲရဲ့နံပါတ်ကိုသာကသိထားတာမို့

ဘယ်လိုခေါ်ခေါ်မကိုင်!!

သူမဘက်ကလဲလက်မလျော့နိုင်တာမို့

သူမရဲ့သူငယ်ချင်းကိုအကူအညီတောင်းရန်

သူ့အိမ်ဘက်ထွက်လာခဲ့သည်။

ဒီတ်ုင်းဆိုသာဟာ သဲကိုဒီတိုင်းပဲ

အဆက်အသွယ်ဖြတ်ထားတော့မှာ!!

သူ့ဘက်ကမကြိုက်ပဲအဲ့နေ့ညကသဲရဲ့

စနက်ထဲဝင်လာခဲ့တာမို့ စေ့စပ်လိုက်ရတဲ့

အခြေအနေမှာ သူကသဲကိုခါးခါးသီးသီး.....။

အတွေးတို့နဲ့အတူ သူမရဲ့သူငယ်ချင်း

အောင်သူ ရဲ့အိမ်ကိုရောက်လာရလေ၏။

ဖုန်းဆက်ထားပြီးသားမို့အသင့်စောင့်နေတဲ့

အောင်သူကသဲကိုမြင်တာနဲ့ဝမ်းပမ်းတသာ

ပြေးကြိုလေသည်။

“လာ သဲကိုမတွေ့ရတာလဲကြာတော့

လွမ်းနေတာ အခုလိုသဲဘက်ကတွေ့ချင်တယ်

ဆိုဝောာ့ကိုယ့်မှာပျော်တာအရမ်းပဲ....”

ပကတိကင်းစင်နေတဲ့မျက်ဝန်းတွေက

အေးချမ်းနေပေမဲ့ သဲကတော့စိတ်မဝင်စားသည်မို့ အိမ်ထဲကိုဝင်ကာခုံမှာဝင်ထိုင်ရင်းမှ

“နင် သာနဲ့အဆက်သွယ်ရသေးလား??…...”

ထင်ပါသည်။

ကျောင်းမှာထဲကလဲအားနေရင်

တစ်သာထဲသာနေတဲ့သူမကြောင့်

အောင်သူ အမြဲတမ်းရင်ထဲနွမ်းခဲ့ရတဲ့အဖြစ်!!

အခုလဲအကြာကြီးနေမှကိုယ့်ကိုဆက်သွယ်ပြီး

စကားစပြောတာဟာ သာ့အကြောင်းတဲ့လား??

“ဟိုတစ်လောကတော့ရပါတယ် ဘာလို့လဲ??...."

ပုံမပျက်ပြောလိုက်ပေမဲ့သူ့ရင်ထဲမပျော်!!

သူတို့နှစ်ယောက်စေ့စပ်ထားပြီးတဲ့သတင်းကို

မကြားရသေးတာမို့ အောင်သူ့ရင်ထဲ

နည်းနည်းတော့ခံသာပေမည်။

“ဘာရယ်မဟူတ်ဘူး သူကငါတို့ကို

အဆက်သွယ်မလုပ်တော့လို့ အဲ့တာနင်နဲ့များ

အဆက်သွယ်ရှိလားမေးကြည့်တာ....."

“သူ့ရဲ့အရင် gymရုံအဟောင်းမှာတုန်းကတော့

တွေ့ဖြစ်တယ်လေ သူရွှေ့သွားပြီးထဲက

ကိုယ်တို့တွေနည်းနည်းအဆက်သွယ်ပြတ်သွားကြတာ.....”

“ကျစ် ဒုက္ခပါပဲ....."

တစ်ခုခုကိုစိတ်ညစ်နေဟန်မို့ အောင်သူလဲ

စိတ်မကောင်း!!

ငယ်ငယ်ထဲက သူမမျက်နှာတစ်ကမ္ဘာနေခဲ့ပေမဲ့ ချေလွန်းသူကသူ့ကိုဆိုအဖက်မလုပ်ခဲ့!!

အခုလဲ သူမမျက်နှာညှိုးနေတော့

အောင်သူမနေတတ်တော့ပေ!

“ဘာလို့လဲ?? သဲတို့ကြားမှာကိစ္စတစ်ခုခု

ရှိထားလို့လား??...."

“ထွေထွေထူးထူးမဟုတ်ပေမဲ့ ငါသူ့ကို

အဆက်အသွယ်ရမှဖြစ်မှာ သူကငါ့ဖုန်းကိုဆို

လုံးဝမကိုင်ဖူးဖြစ်နေတယ်....."

“ဒါဆို ကိုယ်ခေါ်ကြည့်ပေးမယ်....."

အောင်သူအပြောကြောင့် ညိုမဲနေတဲ့သဲရဲ့

မျက်နှာပြန်လည်ဝင်းလက်လာကာ

ခေါင်းထဲအကြံတစ်ခုတိုးဝင်လာရင်းမှ

“ဒါဆိုနင်သူ့ကိုခေါ်ကြည့် သူကပြန်ဖြေရင်

နင် gymလာဆော့ဖို့အတွက် သူ့ရဲ့အခု

တည်နေရာအသစ်ကိုမေးပြီး ငါ့ကိုပြန်ပြော...

ဟုတ်ပြီလား??....."

မျက်ဝန်းတွေလက်ပြီးပြောနေတာမို့

အောင်သူမလွန်ဆန်နိုင်ပဲဖုန်းခေါ်ကာ

သူမဆန္ဒအတိုင်းမေးကြည့်တဲ့အခါ

ကံကောင်းစွာနဲ့တည်နေရာကိုသိခဲ့ရသည်။

စပီကာလဲဖွင့်ထားသည်မို့ အကုန်လုံး

ကြားလိုက်ရတဲ့သဲကတော့ကျေနပ်ဝမ်းသာရင်းမှ ထိုင်ရာကနေဆတ်ခနဲထကာ

အိမ်ထဲကနေပြေးထွက်လာခဲ့၏။

ကျန်နေခဲ့တဲ့အောင်သူမှာသာ သူမကြောင့်

အောင့်သက်သက်နဲ့ရင်ထဲခံစား‌ရလေသည်။

သာ့အတွက်ကြောင့်သူ့ဆီကိုတကူးတကလာပြီး အခုတော့နှုတ်တောင်မဆက်ပဲထွက်သွားပြန်တယ်!!

အော် သူ့ရဲ့တစ်ဖက်သတ်အချစ်ကလဲ

အခုထိအားကောင်းဆဲပဲကိုး.....။

🏠🏠🏠🏠

သူမဆိုင်ကိုလိုက်သွားရင်း မုန့်လိုက်ဝယ်ကျွေးခိုင်းတဲ့သာ အကြာကြီးနေပြီးမှ

နေ့လည်စောင်းတော့အိမ်ပြန်လာခဲ့လိုက်၏။

ဘာပဲဖြစ်ဖြစ်သူမဆိုင်ကိုသိသွားပြီမို့

သူဟာခဏခဏသွားလို့ရသွားပေသည်။

အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်လုံး

ပျော်မြူးနေတဲ့ သာ ခြံဝန်းကျယ်ရှေ့ရပ်ရင်း

သော့ဖွင့်နေတဲ့ဘေးနား လာရပ်တဲ့ကားကို

မြင်လိုက်တာမို့ ငဲ့ကြည့်လိုက်‌တဲ့အခါ

ကားတံခါးဖွင့်သွားခြင်းနဲ့အတူ ကားပေါ်ကနေ

နွေသဲမာဆင်းလာလေသည်။

သူ့မျက်နှာကအပျော်တွေပျက်သွားသလို

ရင်ထဲ ရှုပ်ရှက်ခတ်သွားတော့သူမက

ဝမ်းသာအားရဆင်းလာရင်းမှ သူ့နားကို

ရောက်လာကာ သူ့လက်မောင်းကို

ဖက်တွယ်လိုက်ကာဖြင့်

“လွမ်းနေရတာကိုကိုရယ် ဘာလို့သဲကို

အခုလိုကြီးဉပေက္ခာပြုပြီးထားသွားတာလဲ?...."

“မမြင်ချင်လို့ပေါ့....."

ရှင်းလွန်းတဲ့အဖြေဆိုပေမဲ့ သဲမျက်နှာ

မပျက်အောင်ကြိုးစားထိန်းရင်းမှ

အပြုံးလေးကိုဆက်လက်ပန်ဆင်ထားကာ

သူ့လက်မောင်းမှာမျက်နှာအပ်၍

“ဘယ်လိုနေနေ သဲကတော့ကိုကို့ကိုချစ်တယ်

အမြဲတမ်းလဲမြင်ချင်တယ် အဲ့တော့

အိမ်ထဲကိုခေါ်ပါဦး ကိုကို့ရဲ့အိမ်အသစ်

ဘယ်လိုနေလဲကြည့်ရအောင်.....”

“နွေသဲမာ မင်းထက်ပြီးမျက်နှာပြောင်

မတိုက်လို့ရမလား??.....”

“ကိုကိုကလဲ သဲကကိုကို့ကိုတွေ့ချင်လို့

ဒီအထိတောင် တကူးတကလိုက်လာရတာလေ....."

စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သာကတော့

လက်မောင်းမှာအပ်ထားတဲ့သူမမျက်နှာကို

ဆွဲခွာရင်းမှ ကိုယ်လုံးကိုတွန်းထုတ်ကာဖြင့်

“မင်းနဲ့ငါဘာကြောင့်စေ့စပ်ထားရလဲ

မင်းသိတယ်နော် နွေသဲမာ အဲ့တော့

အခြေအနေကိုဒီထက်မဆိုးစေချင်ရင်

အခုချက်ချင်း ပြန်လိုက်တော့.....”

“မပြန်ဘူး သဲ ကိုကို့ကိုတွေ့ချင်လွန်းလို့

ဒီထိ....."

“တောက် မင်းကိုဘယ်သူမှဒီထိလိုက်လာတဲ့

အတွက်ချီးကျူးမနေဘူးနွေသဲမာ

မင်းမှာဦးနှောက်ရှိရင် မမြင်ချင်လို့

ထွက်သွားတဲ့ငါ့နောက်ကိုလိုက်စရာကိုမလိုတာ

ဒီထက်ပိုပြီးအရအခြေအနေတွေ မဆိုးဝါး

စေချင်ရင် မင်းအခုချက်ချင်းဒီအိမ်ရှေ့က

ထွက်သွားလိုက်တော့......"

အမြဲတမ်းပြောခံနေကြပေမဲ့လဲ တစ်ခါ

ပြောခံရရင် တစ်ခါပိုနာကျင်တာမို့

နွေသဲမာ လက်လျော့ချင်ပေမဲ့လဲ သူမရဲ့

လက်ထဲပိုင်ဆိုင်ဖို့စရံရိုက်ထားပြီးသားလူမို့

ဇွဲမလျော့ပဲ ဝဲတက်လာတဲ့မျက်ရည်တွေကို

ပုတ်ခတ်သိမ်းဆည်းကာ

“ကောင်းပြီ ကိုကို ဒီရက်ပိုင်းစိတ်ရှုပ်နေရင်

သဲ ခဏတော့နေပေးမယ် ဒါပေမဲ့ကိုကို့ရဲ့

နေရာရောအိမ်ရောသိသွားပြီမို့ သဲဘက်က

မနေနိုင်ရင်တော့ ကိုကို့ရဲ့သက်ဆိုင်သူ

တစ်ယောက်အနေနဲ့ အချိန်မရွေး

ပြန်လာခဲ့မှာနော်....သဲသွားမယ်ကိုကို......”

ဇွဲမလျော့ပဲပြန်သွားတဲ့နွေသဲမာရဲ့

ခေါင်းမာမှုကို သာ ကျစ်သပ်မိသည်။

ပုံမှန်ဆိုဒီအိမ်ကနေပြောင်းသွားချင်ပေမဲ့

သူ့ရဲ့ဦးတည်ရာက ဒီမှာပဲရှိသည်မို့

သာတစ်ယောက် ကြောင်ပျောက်နေရ၏။

« ရှေ့အခန်း - အပိုင်း၉ နောက်အခန်း - အပိုင်း၁၁ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ