Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၉

မနက်အတွက် ထမင်းကြမ်းပါရအောင်

တည်ထားနေကျမို့ နှစ်ယောက်စာ

ထမင်းဟင်းကလုံလောက်လေသည်။

ခါး အခုပဲချက်ထားပြီးတဲ့

ဘဲဉချဉ်ဟင်းနဲ့ ငါးခြောက်ဖုတ်ကို

စားပွဲ‌ပေါ်မှာချကာ ဘေးနားက

ငရုတ်သီးထောင်းစပ်စပ်လေးကို

အရံသင့်ချပေးလိုက်လေ၏။

လက်ဆေးရေအသင့်နဲ့သူ့အတွက်

ထမင်းပန်ကန်ပါအပိုယူခဲ့ကာ ခါးလဲ

အနေခက်ခက်နဲ့ပဲစားပွဲဝိုင်းသေးလေးမှာ

ဝင်ထိုင်လိုက်ရလေသည်။

မဟုတ်ရင် သူ့အတွက်လဲမကောင်း!

ထမင်းခူးခပ်ထည့်ပေးနေတဲ့သူမရဲ့

ပုံရိပ်လေးကိုကြည့်ရင်းမှ သာ

သဘောတကျကျဖြစ်နေရလေ၏။

ဝေ့ဝဲကျနေတဲ့ဆံနွယ်တွေတယိမ်းယိမ်းနဲ့

သူမရဲ့ကပိုကရိုပုံစံလေးက သူ့မျက်စိထဲ

အလှတိုးနေလေသည်။

ထမင်းပန်းကန်သူ့ရှေ့ချပေးတာမို့

ယူလိုက်ကာ လက်ဆေး၍ သူမဟင်း

ထည့်အပေးကိုစောင့်နေလိုက်လေ၏။

“ရော် ကိုယ့်ဘာသာထည့်စားလို့ရပါတယ်

ထည့်ပါ....."

“နေပါစေ ခါးကိုယ်တိုင်ပဲထည့်ပေးပါ

အိမ်ရှင်ကထည့်ပေးမှ ကျွန်ဝောာ်ကစားတတ်တာမို့....."

ခါး အနေခက်နေပေမဲ့လဲသူကတကူးတက

တောင်းဆိုနေတာမို့ သက်ပြင်းတစ်ချက်နဲ့အတူ ဘဲဉချဉ်ဟင်းကိုအရည်နဲ့ဘဲဉလုံး

သေချာထည့်ပေးကာ ငါးခြောက်နှစ်တိုလောက်ဘေးနားပုံပေးလိုက်သည်။

“ငရုတ်သီးထောင်းကြိုက်တတ်ရင်ထည့်စား

ဒို့ကအစပ်ကြိုက်ဝောာ့ စပ်တော့စပ်တယ်နော်....."

”အင်း....."

အခြေအနေတွေလျော့ပါးသွားပြီမို့

သာ ရင်ထဲမှာမြူးနေရင်းမှ သူမရဲ့လက်ရာ

စွဲမက်ဖွယ်ကောင်းတဲ့ဟင်းကို မြိန်ရေရှက်ရည် စားမိရလေ၏။

“ထမင်းထည့်အုံးလေ....."

တစ်ခါမှတစိမ်းယောင်္ကျားနဲ့ထမင်းလက်စုံ

မစားဖူးတာမို့ နေရကျပ်နေပေမဲ့လဲ

အခုနေ သူကကိုယ့်ရဲ့ကျေးဇူးရှင်

ဖြစ်နေပြီမို့ ခါး အခြေအနေကို

ရေလိုက်ငါးလိုက်ပဲနေကာ လောကွတ်တော့

အားနာဟန် တွေဝေပြီးမှ ပန်းကန်မြှောက်၍

“နည်းနည်းပဲထည့်ပေးပါ.....”

ခါး ထမင်းထည့်ပေးတော့ ပြုံးတုံ့တုံ့နဲ့

သဘောတွေကျနေလေသည်။

အဒေါ်ဆိုခါးချက်တာကို ဘယ်တော့မှ

မြိန်ရေရှက်ရည်လဲမစားသလို

မျက်နှာကြောကလဲမလျော့သည်မို့

ကိုယ့်ဟင်းကောင်းမကောင်းခါး မသိပေ!!

သို့ပေမဲ့ ဒီကောင်လေးကတော့သဘောတွေ

ကျကာ အားရပါးရစားနေတာမို့ ခါးရင်ထဲ

ပီတိတော့ဖြစ်ရလေ၏။

ဟင်းခပ်ထည့်ပေးရင်းက ငါးခြောက်တစ်တို

ထပ်ထည့်ပေးတော့ ခေါင်းငုံ့ရင်း

အားရပါးရစားပြန်လေသည်။

“အား အရသာကိုရှိသွားတာပဲဗျာ

အိမ်နဲ့ခွဲနေတာဆိုတော့ မိဘချက်ကျွေးတာ

မစားရတာတော်တော်ကြာပြီ အခုလို

အားရပါးရစားလိုက်ရတာ ကျွန်တော့အတွက်

တော်တော်တန်တာပဲ....ခါးကလက်ရာ

အရမ်းကောင်းတယ်....."

စားပြီးပြီးချင်းမျက်နှာကြည့်ပြီး

ချီးကျူးလာတာဆိုတော့ ခါးမျက်နှာ

ထားစရာနေရာမရှိ!!

အရှက်ပြေရယ်ရင်းသာထရပ်လိုက်တော့

သူကလဲပန်းကန်ကိုင်ရင်းထရပ်လာလေ၏။

“နေပါစေ ပန်းကန်ဒီကိုပေး လက်ကိုက

အိမ်ရှေ့ကလက်ဆေးတဲ့နေရာလေးမှာ

ပြေးဆေးလိုက်လဲရတယ်.....”

“မရပါဘူးဗျာ ကျွန်တော်ကအဲ့လောက်ထိ

ကျေးဇူးတရားနားမလည်တဲ့လူတော့

မဟုတ်ပါဘူး ချက်ပြုတ်ကျွေးမွေးတဲ့လူက

အကုန်တာဝန်ကျေရင် ကျွန်တော်လဲ

ကိုယ့်တာဝန်ကိုယ်တော့ယူရမှာပေါ့...နေပါ...."

“အို အဲ့လိုဘယ်ဟုတ်မလဲ မင်းကဒို့အထုပ်ကို

မရရအောင်လိုက်ပေးထားတဲ့လူပဲ

ဒို့ကဒီလောက်တော့လုပ်ပေးရမှာပေါ့

အားနာစရာမလိုပါဘူး....."

ခါးပြောလိုက်တော့ သူကခေါင်းယမ်းကာ

ပန်းကန်ကိုင်ရင်း နောက်ထဲကိုအရင်

ဝင်သွားတာမို့ နောက်ကနေလိုက်ရလေသည်။

စားပြီးသားပန်းကန်ကိုသေချာဆေးနေတဲ့

သူ့ရဲ့ဗလတွေကိုနောက်ကနေကြည့်ရင်း

ကြက်သီးတစ်ချို့ထမိလေ၏။

အထည်မှာပါတဲ့ကြော်ငြာစာရွက်တွေမှာသာ

မြင်ခဲ့ရတဲ့ ဗလမျိုးတွေကိုအခုလို

မျက်ဝါးထင်ထင်တွေ့ရတော့တစ်မျိုးတော့

ခံစားမိလေသည်။

ကြောက်တာလိုလို ရှက်တာလိုလို!!

သူက ဆေးပြီးတဲ့ပန်းကန်ကိုဘယ်နားမှာ

ထားရမှန်းမသိတာမို့ ခါးလက်တစ်ဖက်နဲ့

လှမ်းယူလိုက်ကာ ဘေစင်ပေါ်က

ဗီဒိုထဲယူထည့်လိုက်၏။

သူဖယ်တော့မှ ခါးလဲကိုယ့်ပန်းကန်ကိုယ်

ဆေးကာ အစောကဟင်းချက်ထားတဲ့

ဒယ်အိုးကိုပါဆေးနေတော့ သူကအနားက

မသွားသေးပဲနဲ့ ခါးဆေးပြီးသားပန်းကန်ကို

ဗီဒိုထဲလှမ်းထည့်တာမို့ အနားကိုနီးကပ်လာလေသည်။

ရုတ်တရက်ရလိုက်မိတဲ့ကိုယ်သင်းနံ့နဲ့အတူ

သူ ခါးအနောက်မှာနီးကပ်နေမှန်း

ခံစားမိတာမို့ တစ်ကိုယ်လုံးတောင့်တင်းသွားကာ နောက်မလှည့်မိအောင်သေချာ

ကြိုးစားလိုက်မိ၏။

သူကအနားကပြန်ခွာသွားပေမဲ့ ခါးကတော့

ခုထိ ရင်တွေတုန်နေဆဲဖြစ်ကာ

ဒယ်ပိုင်းဆေးတာ အယောင်ယောင်အမှားမှား!

သူကဘေးကနေအဲ့လိုလာကြည့်နေတော့

ပိုဆိုးလေသည်။

ကျန်တာတွေဆေးစရာရှိသေးပေမဲ့

ဒီလိုဆိုမလွယ်သည်မို့ ခါး မြန်မြန်‌လတ်စသတ်ကာ ကျန်တာကိုထားခဲ့ရင်း လက်သုတ်၍အရှေ့ကိုထွက်လာခဲ့၏။

မိုးလဲချုပ်တော့မည်မို့ သူ့ကိုနှင်ထုတ်

ချင်ပေမဲ့လဲ မကောင်းသည်မို့ခါး

ဘာမှမပြောပဲနဲ့ မြင်နေရတဲ့အထုပ်ကြီးကို

သတိဝင်ကာ ခပ်တည်တည်ခုံမှာဝင်ထိုင်တဲ့

သူ့ကိုငဲ့ကြည့်ကာဖြင့်

“ဒါနဲ့ဒီအထုပ်ကိုဘယ်ကနေဘယ်လို

ချိတ်ဆက်မိပြီးပြန်ရခဲ့တာလဲ??....”

အိမ်ဘက်မပြန်ချင်သေးသည်မို့

သူမဘက်ကစကားကိုစောင့်နေတဲ့သာ,

အခုလိုမေးလာတော့ သဘောတကျ

ဖြစ်သွားပေမဲ့မျက်နှာကိုတော့ပုံမှန်ပဲနေကာ

“ခါး‌ ပြတဲ့ဆိုင်ရဲ့ဖုန်းနံပါတ်လိပ်စာကို

ဆက်သွယ်ပြီး မေးကြည့်တာလေ

သူတို့ဘယ်ကားကိုတင်လိုက်လဲဆိုတော့

တင်တဲ့လူကိုပြန်မေးပြီး ကားနာမည်

သိရတာနဲ့ အဲ့ဂိတ်ကိုလှမ်းအကြောင်းကြားပြီး

အထုပ်ပျောက်တဲ့ရက်ကိုခန့်မှန်းပြောပြီးတော့

ဘယ်ကားအဲ့အချိန်ထွက်လဲမေးတော့

သူတို့ပြောတဲ့ကားနဲ့ ကားသမားရဲ့ဖုန်းနံပါတ်

ရခဲ့တာပဲ.....

ရလိုရငြားဖုန်းဆက်ကြည့်တော့

ကားသမားက စပါယ်ယာကိုသေချာ

ပြန်မေးပြီးတော့ ရွှေမြို့တော်ဂိတ်ကို

ချခဲ့ဝာာတဲ့ အဲ့တာနဲ့ကျွန်တော်လဲတစ်ခါ

ရွှေမြို့တော်ဂိတ်ခွဲ‌တွေရော ရှိသမျှဂိတ်ကိုဆက်သွယ်ပြီး နောက်ဆုံးတော့မှ အဲ့မြို့က

ဂိတ်မှာအထုပ်ရောက်နေမှန်းသိရတာ

ဒါမို့ကျွန်တော်လဲဒီနေ့သွားပြီးတော့

အဲ့အထုပ်ကိုလူကိုယ်တိုင်သွားယူခဲ့တာလေ

တော်သေးတာပေါ့ ဂိတ်ကလူကဒီအထုပ်

နှစ်ပတ်ထက်ကျော်ရင်တာဝန်မယူတော့ဘူးတဲ့

ကျွန်ဝောာ်သွားတာစောသွားပေလို့ မဟုတ်ရင်

ပိုင်ရှင်မဲ့ဖြစ်တော့မှာ......"

သူပြောပြတာတွေနားထောင်ရင်းကိုယ်က

ပိုပြီးမျက်နှာပူရလေသည်။

သူများကခေါင်းအေးအေးထားပြီး

လုပ်ပေးပေမဲ့ ခါးကတော့ပူထူနေတာနဲ့ကို

ဆိုင်ကိုလှမ်းငေါက်လိုက် ဂိတ်ကိုလှမ်းငေါက်လိုက်နဲ့ လူရိုင်းကြီးကိုဖြစ်လို့!!

သူများကတော့ညဏ်ရှိရှိနဲ့ကိစ္စတွေကို

အကောင်းဆုံးဖြေရှင်းသွားလေ၏။

အဆင့်ဆင့်ချိတ်ဆက်သွားပုံတွေက

တော်ရုံလူဆိုမတွေးနိုင်တာမို့ ခါး

သူ့ကိုအထင်တော့ကြီးမိရလေသည်။

“ဒါဆိုဖုန်းတွေအဆင့်ဆင့်ဖြစ်သွားတာပေါ့နော် လူကိုယ်တိုင်လဲသွားယူပေးတာဆိုတော့

အားနာလိုက်တာ မဆီမဆိုင်ပဲနဲ့သက်သက်မဲ့ အပင်ပန်းခံရတယ်....."

“မလိုပါဘူးဗျာ ရပါတယ် ခါးအတွက်ဆို

ပင်ပန်းတယ်လို့တောင်မထင်ပါဘူး....”

သူကတော့ပေါ့ပေါ့ပါးပါးပြောလိုက်လား

မသိပေမဲ့ ခါးကတော့ထပ်ပြီးတစ်ကိုယ်လုံး

တောင့်တင်းသွားရပြန်လေ၏။

“အဓိကကဆိုင်ကလူတွေမှားတာ.....အမှန်ဆို

အိတ်မှာခါးရဲ့ဖုန်းနံပါတ်ဖြစ်ဖြစ်

မြို့ဖြစ်ဖြစ်ရေးပေးလိုက်ရမှာ အဲ့တာမှ

သူတို့လဲတနည်းနည်းနဲ့ဆက်သွယ်လို့ရမှာလေ

အခုက နာမည်နဲ့ဂိတ်ကလွဲရင်ကျန်တာမပါတော့ ဂိတ်တွေအပြစ်လဲမဟုတ်ပါဘူး....."

သူပြောမှ ခါးအထုပ်ကြီးကိုသေချာ

ပြန်ကြည့်တဲ့အခါ ဟုတ်သည်လေ!!

မခါးလွန်းနွယ် ရွှေမြို့တော်ဂိတ်ချတဲ့!!

သူတို့ပြောတော့သေချာလှပါပြီ

ရွှေမြို့ရိုးဂိတ်လို့ပဲရေးတာပါဆို....

အခုတော့ဂိတ်လဲမှားရေးတဲ့အပြင်

ခါးရဲ့ဖုန်းနံပါတ်လဲမပါ!!

ဒါနဲ့ဆိုသုံးခေါက်မြောက်မှာတာမို့

ကိုယ်ကစိတ်ချရပြီဆိုပြီးပိုက်ဆံလဲ

ကြိုလွှဲလိုက်ကာမှ ပြစ်စလတ်ခတ်

လုပ်လာတာမို့ ခါး တိကျသူပီပီအိတ်ကို

ဖုန်းနဲ့ရိုက်ကာသူတို့ရဲ့ viber အကောင့်ထဲ

ပုံပို့၍ ဖုန်းခေါ်လိုက်ကာဖြင့်

“ဟယ်လို....."

တစ်ဖက်ကအသံကကျေကျေလည်လည်

မဟုတ်တာမို့ ခါးလဲမျက်နှာကြောတင်းသွားရင်းမှ

“ကျွန်မအထုပ်ပြန်ရပြီ ရှင်တို့ပြောတော့

ရွှေမြို့ရိုးဂိတ်သေချာပြီဆို ကားသမားကို

သေချာပြောပြီးတင်တာပါဆို အဲ့ဂိတ်မှာလဲ

အထုပ်ချသွားတာသေချာလှပါပြီဆို

ကျွန်မအိမ်ဘေးကအသိသာမလိုက်ရင်

ဒီအထုပ်ကဆုံးမှာ....."

“ဟုတ်တာပဲမဟုတ်လားရှင် အခုလဲ

ရွှေမြို့ရိုးဂိတ်ကနေပဲအထုပ်ပြန်ရခဲ့တာ

မဟုတ်ဘူးလား?? ကျွန်မတို့သေချာ

ပြောရဲ့သားနဲ့....."

“ဘာကိုသေချာဝာာလဲ?? ရှင်တို့က

ပိုက်ဆံကြိုရထားပြီးတော့အေးတိအေးစက်

နေနေတာလေ ရှင်တို့လုပ်ပုံကအထုပ်မှာ

ကျွန်မဖုန်းနံပါတ်လဲမပါဘူး လိပ်စာလဲ

မပါဘူး ဂိတ်တောင်လက်ရေးစုတ်စုတ်နဲ့

ရွှေမြို့တော်ဆိုပြီးရေးထားတဲ့ဟာကို

မယုံရင်ရှင်တို့ viber ကိုကြည့်လိုက်

ကျွန်မအခုပဲပို့ထားတယ်.....”

ပြောပြီး ခါးစိတ်တိုတိုနဲ့ဖုန်းချလိုက်တော့

မိနစ်နည်းနည်းကြာတဲ့အခါဟိုဘက်က

ပြန်ခေါ်လာလေသည်။

မကိုင်ဘူးစဉ်းစားပြီးကာမှ ခါး

ကိုင်လိုက်တော့တစ်ဖက်ကခဏ

တိတ်နေပြီး

“ဟုတ်တယ်တော့ ‌တောင်းပန်ပါတယ်

ကျွန်မတို့ဆိုင်ကဝန်ထမ်းလိုသွားတာပါ

ခန့်ထားတာ တစ်ပတ်တောင်မပြည့်သေးတာဆိုဝောာ့ လိုအပ်ချက်နည်းနည်းရှိသွားတာပါ

သူကိုယ်တိုင်လဲပြောတယ် သူမှားပြီး

ရေးမိသွားတာပါတဲ့....ကျွန်မတို့အလုပ်ထုတ်မှာကြောက်လို့ သူအမှန်တိုင်းမပြောမိတာပါတဲ့...."

တစ်ဖက်ကစကားသံကြောင့် ခါး

ပိုလို့ပင်စိတ်တိုသွားကာ

“ဒါဆိုရှင်တို့ကပေါင်းလိမ်သလိုဖြစ်နေပြီ

သူကအစောကြီးထဲကသူမှားရေးတာ

သိရဲ့သားနဲ့အမှန်ကိုမပြောဘူးလေ

သူအလုပ်ထုတ်ခံရမှာကြောက်တာနဲ့ပဲ

ကျွန်မက၁၇သိန်းတန်အထုပ်ကြီးကို

ဆုံးရှုံးရတော့မှာ ဒါကျဝောာ့တရားတယ်ပေါ့ ရှင်တို့ဆိုင်ကစရိုက်တူတဲ့လူတွေကိုပဲ

ခန့်ထားတဲ့ပုံပဲနော်....."

“ပြီးတာလဲပြီးနေပါပြီညီမရယ်

လွန်ခဲ့တဲ့ရက်တွေကလဲ အမျိုးသားတစ်ယောက် သေချာဆက်မေးလို့အစ်မတို့

လက်လှမ်းမှီသလောက်ပြောပြပေးလိုက်တယ်လေ အဲ့တာကြောင့်ညီမအထုပ်လေးလဲ

အခုပြန်ရပြီမဟုတ်ဘူးလား ....."

“တော်ပါပြီ ဆက်မပြောပါနဲ့တော့

အစောထဲကအစ်မတို့ကျွန်မကိုဒီလို

ကောင်းကောင်းမွန်မွန်ပြောပြီးစုံစမ်းပေးလို့

ရရဲ့နဲ့ အကန်တွေချည်းပြောပြီး ဖုန်းကို

ဦးအောင်ချချပြစ်ခဲ့တာ ဒါကြောင့်အစ်မတို့နဲ့ရေရှည်လက်တွဲဖို့ဆိုတာ ကျွန်မအတွက်

တော်တော်ခဲယဉ်းသွားပြီ.....”

ပြောပြီး ခါးဖုန်းကိုချကာဒေါသကတော့

အရှိန်မသေသေး!!

အထုပ်ရပြီးကာမှ သူတို့ပြောလို့ပဲ

ရတာလိုလိုလာလုပ်တာမို့ ပိုပြီးစိတ်တိုသည်။

အလကား တာဝန်ယူမှုတာဝန်ခံမှု

မရှိတဲ့ဟာတွေ!!

နောက်နောင်လက်တွဲဖို့ဆိုတာဝေလာဝေးပဲ...။

ပြောချင်ရာပြောစိတ်တွေတိုပြီးကာမှ

ဘေးကိုငဲ့ကြည့်တော့ ခါးကိုစေ့စေ့ကြည့်နေတဲ့ သူ့မျက်ဝန်းတွေနဲ့တိုးပြန်တာမို့

လူကဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ!

“မပြန်သေးဘူးလား ပင်ပန်းနေတာ

နားရောပေါ့....."

အားနာပေမဲ့လဲမတတ်နိုင်တော့သည်မို့

ခါးနှင်ထုတ်တော့ သူကထိုတိုင်းလေးပဲ

ထိုင်နေရင်းမှ ခါးကိုပြုံးကြည့်ကာ

“မပင်ပန်းပါဘူး ရပါတယ် အခုပဲ

ထမင်းစားပြီးတော့ လှုပ်လှုပ်ရှားရှား

လုပ်ရမှာပျင်းနေလို့ ခဏလောက်တော့

ထပ်နေလို့ရတယ်မလား??......”

ငြင်းလဲမကောင်းပြီမို့ ခါးအီလည်လည်

ခေါင်းညိမ့်လိုက်ရလေသည်။

သူရှိနေတာကိုဒီတိုင်းထားပြီးအခန်းထဲ

ဝင်နေလို့မကောင်းသည်မို့ ခါး နောက်ထဲက

ဓားလေးသွားယူကာ အထုပ်ကိုကြိုးဖြေတော့

သူကအနားရောက်လာရင်းမှ ခါးလက်ထဲက

ဓားကိုပြောင်းယူ၍ အထုပ်ကိုကြိုးဖြေပေး၏။

ခါး သူလုပ်နေသည်မို့ ဘေးလွယ်အိတ်ထဲက

ဆော့ပင်သွားယူကာ ပြန်ထွက်လာတော့

သူကအထုပ်တွေကိုစီစီရီရီထုပ်ပေးနေသည်။

ခါး ဘာမှပြောမနေတော့ပဲနဲ့အောက်မှာထိုင်ကာ ဘေးနားချထားပြီးတဲ့ဘောက်ချာကို

ဖွင့်၍ ပစ္စည်းစာရင်းစစ်ကာ ဈေးနှုန်းလေး

အသင့်တို့ထားရန်ပြင်လိုက်၏။

ပစ္စည်းရောက်ရင်အိမ်မှာပဲလုပ်မှအဆင်ပြေသည်။‌

မဟုတ်ရင် ‌ဆိုင်ရောက်တော့ ဈေးရောင်းရတာတစ်မျိုး ဒါကိုစစ်ပြီးဈေးရေးရတာတစ်မျိုး

တစ်နေကုန် မနားရတော့ပေ!!!

ခါး သူပုံထား‌ပေးတဲ့အတိုင်းပစ္စည်းအမျိုးကို

အရင်စစ်ကာ ဈေးရေးရန်ပြင်လိုက်၏။

ဒီကြားထဲပွဲလမ်းသဘင်တွေရှိသည်မို့

အိတ်ကြီးကကြီးကာ အထဲကအထုပ်ရေကလဲ

များလေသည်။

သူကအကုန်ပြီးတော့ အိတ်ကိုခေါက်ကာ

အနားမှာလာတိုးထိုင်ပြန်၏။

“ရလား ကျွန်တော်ဘာလုပ်ပေးရမလဲ??...."

“နေပါစေ ‌ဒီလောက်တင်တော်တော်

ကျေးဇူးတင်နေပါပြီ.....”

သူမကပြောရင်းဘောက်ချာကြည့်လိုက်

ဈေးနှုန်းရေးလိုက်နဲ့ သာကတော့သူမရဲ့

ကပိုကရိုနဲ့ ရှာမတွေ့လို့စိတ်ညစ်နေတဲ့

ပုံလေးကိုကြည့်လိုက် ဈေးနှုန်းလေး‌

ပြေးရေးလိုက်ဖြစ်နေတဲ့ပုံစံလေးကိုကြည့်ကာ တစ်ကိုယ်တည်းရင်ခုန်သဘောကျနေရလေသည်။

.....

တဖြေးဖြေးနာရီကြာလာဝာာနဲ့အမျှ

တော်တော်လဲပြီးနေသလို ခါးလဲတော်တော်

အိပ်ချင်နေ၏။

သူလဲမနေနိုင်တဲ့အဆုံး‌ ဘောက်ချာကြည့်လိုက် ခါးကိုပစ္စည်းထုပ်ရှာပေးလိုက်နဲ့

ပင်ပန်းနေပြီထင်ပါသည်။

ပြီးရန် ၁၀မျိုးလောက်ပဲကျန်တော့သည်မို့

အားတင်းကာ ခါး အဝတ်အိတ်တွေမှာ

ဈေးရေးရင်းနဲ့ ငိုက်ကျနေရ၏။

“ဟာ....."

သာ သူမအိပ်ချင်နေပြီမို့ ပစ္စည်းထုပ်

နဲ့အမျိုးအမည်တိုက်ကာရှာနေတုန်း

ပေါင်ပေါ်ကိုလေးခနဲဖြစ်သွားတာမို့

ရုတ်တရက်လန့်သွားလေသည်။

ငုံ့ကြည့်တော့ တရှုးရှုးအသက်ရှုသံလေးနဲ့

သူမဖြစ်ကာ ဟန်မဆောင်နိုင်စွာပင်

အိပ်ပျော်နေလေ၏။

နာရီကြည့်တော့ ၉နာရီခွဲပြီဖြစ်ရာ

အစောကြီးထရတဲ့သူမအဖို့ အိပ်ချင်မှာ

မလွဲမသွေ!!

သာ ဘာလုပ်ရင်ကောင်းမလဲစဉ်းစားပေမဲ့

မထူးတော့ပြီဆိုကာ သူမခေါင်းကိုဖြေးဖြေး

ဖယ်၍ ဘေးဘက်သွားရင်းကိုယ်လုံးကို

ခပ်ဖွဖွပွေ့ချီလိုက်သည်။

တော်တော်အိပ်ပျော်နေပြီမို့ သူမက

မနိုးလာတော့ကာ သူခေါ်ရာအတိုင်း

ပါလာရလေ၏။

ကုတင်ပေါ်ချပေးရင်းမှ သူမရဲ့အခန်းရှင်းရှင်းလေးကိုဝေ့ကြည့်ကာ မိနစ်နည်းနည်းကြာတော့ သူပြန်ထွက်လာခဲ့သည်။

နှုတ်ခမ်းတွေကပြုံးယောင်သမ်းနေတာကို

သူကိုယ်တိုင်သာသတိထားမိမည်ဖြစ်လေ၏။

အရှေ့မှာပြန့်ကျဲနေတဲ့ဈေးရေးပြီးသား

ပစ္စည်းထုပ်တွေကိုအ‌စောကအိတ်ကြီးထဲ

အကုန်ပြန်ထည့်ပေးကာ သူမမရေးရသေးတဲ့

သုံးလေးထုပ်နဲ့အတူ ဘောက်ချာနဲ့ဆော့ပင်ကို ‌တစ်နေရာတင်ထားခဲ့ပေးလိုက်သည်။

သာ မီးအကုန်ငြှိမ်းပြီးသူမအိမ်တံခါးကို

စေ့ပေးလိုက်ကာ ခြံတံခါးကိုအပြေး

သော့ခတ်ရလေ၏။

သူမဒီနေ့အိပ်နေသည်မို့ အတွင်းက

သော့မခတ်ထားရသည်ဖြစ်ကာ သူနည်းနည်း

စိတ်ပူရလေသည်။

သူလဲအိမ်ထဲဝင်ကာ သော့ခတ်ရင်း

ပင်ပန်းထားသည်မို့အိပ်ရန်ကြိုးစားလိုက်၏။

သို့ပေမဲ့ အခုထိသူမအငွေ့အသက်ရှိဆဲ

နှုတ်ခမ်းနှစ်လွှာကိုဖိပိတ်လိုက်ကာ

အိပ်ယာထက်မှာတောင် သူ့အပြုံးတွေ

သိသိသာသာဖြစ်ထွန်းသွားခဲ့လေသည်။

🏠🏠🏠🏠

7.4.26

~~~စိတ်ကူးတွေကိုလေလိုနှင်ပြီး

ရွက်ကြွေတွေကိုတိုးတိုက်နမ်းရှိုက်

နှလုံးသားရဲ့ပျော်ရွှင်မှုကို

ကိုယ်တိုင်ကိုယ်ကျထုဆစ်မယ်~~~

#သျှင်နှောင်း

#အိမ်ငှားကောင်လေး

မနက်အတွက် ထမင်းကြမ်းပါရအောင်

တည်ထားနေကျမို့ နှစ်ယောက်စာ

ထမင်းဟင်းကလုံလောက်လေသည်။

ခါး အခုပဲချက်ထားပြီးတဲ့

ဘဲဉချဉ်ဟင်းနဲ့ ငါးခြောက်ဖုတ်ကို

စားပွဲ‌ပေါ်မှာချကာ ဘေးနားက

ငရုတ်သီးထောင်းစပ်စပ်လေးကို

အရံသင့်ချပေးလိုက်လေ၏။

လက်ဆေးရေအသင့်နဲ့သူ့အတွက်

ထမင်းပန်ကန်ပါအပိုယူခဲ့ကာ ခါးလဲ

အနေခက်ခက်နဲ့ပဲစားပွဲဝိုင်းသေးလေးမှာ

ဝင်ထိုင်လိုက်ရလေသည်။

မဟုတ်ရင် သူ့အတွက်လဲမကောင်း!

ထမင်းခူးခပ်ထည့်ပေးနေတဲ့သူမရဲ့

ပုံရိပ်လေးကိုကြည့်ရင်းမှ သာ

သဘောတကျကျဖြစ်နေရလေ၏။

ဝေ့ဝဲကျနေတဲ့ဆံနွယ်တွေတယိမ်းယိမ်းနဲ့

သူမရဲ့ကပိုကရိုပုံစံလေးက သူ့မျက်စိထဲ

အလှတိုးနေလေသည်။

ထမင်းပန်းကန်သူ့ရှေ့ချပေးတာမို့

ယူလိုက်ကာ လက်ဆေး၍ သူမဟင်း

ထည့်အပေးကိုစောင့်နေလိုက်လေ၏။

“ရော် ကိုယ့်ဘာသာထည့်စားလို့ရပါတယ်

ထည့်ပါ....."

“နေပါစေ ခါးကိုယ်တိုင်ပဲထည့်ပေးပါ

အိမ်ရှင်ကထည့်ပေးမှ ကျွန်ဝောာ်ကစားတတ်တာမို့....."

ခါး အနေခက်နေပေမဲ့လဲသူကတကူးတက

တောင်းဆိုနေတာမို့ သက်ပြင်းတစ်ချက်နဲ့အတူ ဘဲဉချဉ်ဟင်းကိုအရည်နဲ့ဘဲဉလုံး

သေချာထည့်ပေးကာ ငါးခြောက်နှစ်တိုလောက်ဘေးနားပုံပေးလိုက်သည်။

“ငရုတ်သီးထောင်းကြိုက်တတ်ရင်ထည့်စား

ဒို့ကအစပ်ကြိုက်ဝောာ့ စပ်တော့စပ်တယ်နော်....."

”အင်း....."

အခြေအနေတွေလျော့ပါးသွားပြီမို့

သာ ရင်ထဲမှာမြူးနေရင်းမှ သူမရဲ့လက်ရာ

စွဲမက်ဖွယ်ကောင်းတဲ့ဟင်းကို မြိန်ရေရှက်ရည် စားမိရလေ၏။

“ထမင်းထည့်အုံးလေ....."

တစ်ခါမှတစိမ်းယောင်္ကျားနဲ့ထမင်းလက်စုံ

မစားဖူးတာမို့ နေရကျပ်နေပေမဲ့လဲ

အခုနေ သူကကိုယ့်ရဲ့ကျေးဇူးရှင်

ဖြစ်နေပြီမို့ ခါး အခြေအနေကို

ရေလိုက်ငါးလိုက်ပဲနေကာ လောကွတ်တော့

အားနာဟန် တွေဝေပြီးမှ ပန်းကန်မြှောက်၍

“နည်းနည်းပဲထည့်ပေးပါ.....”

ခါး ထမင်းထည့်ပေးတော့ ပြုံးတုံ့တုံ့နဲ့

သဘောတွေကျနေလေသည်။

အဒေါ်ဆိုခါးချက်တာကို ဘယ်တော့မှ

မြိန်ရေရှက်ရည်လဲမစားသလို

မျက်နှာကြောကလဲမလျော့သည်မို့

ကိုယ့်ဟင်းကောင်းမကောင်းခါး မသိပေ!!

သို့ပေမဲ့ ဒီကောင်လေးကတော့သဘောတွေ

ကျကာ အားရပါးရစားနေတာမို့ ခါးရင်ထဲ

ပီတိတော့ဖြစ်ရလေ၏။

ဟင်းခပ်ထည့်ပေးရင်းက ငါးခြောက်တစ်တို

ထပ်ထည့်ပေးတော့ ခေါင်းငုံ့ရင်း

အားရပါးရစားပြန်လေသည်။

“အား အရသာကိုရှိသွားတာပဲဗျာ

အိမ်နဲ့ခွဲနေတာဆိုတော့ မိဘချက်ကျွေးတာ

မစားရတာတော်တော်ကြာပြီ အခုလို

အားရပါးရစားလိုက်ရတာ ကျွန်တော့အတွက်

တော်တော်တန်တာပဲ....ခါးကလက်ရာ

အရမ်းကောင်းတယ်....."

စားပြီးပြီးချင်းမျက်နှာကြည့်ပြီး

ချီးကျူးလာတာဆိုတော့ ခါးမျက်နှာ

ထားစရာနေရာမရှိ!!

အရှက်ပြေရယ်ရင်းသာထရပ်လိုက်တော့

သူကလဲပန်းကန်ကိုင်ရင်းထရပ်လာလေ၏။

“နေပါစေ ပန်းကန်ဒီကိုပေး လက်ကိုက

အိမ်ရှေ့ကလက်ဆေးတဲ့နေရာလေးမှာ

ပြေးဆေးလိုက်လဲရတယ်.....”

“မရပါဘူးဗျာ ကျွန်တော်ကအဲ့လောက်ထိ

ကျေးဇူးတရားနားမလည်တဲ့လူတော့

မဟုတ်ပါဘူး ချက်ပြုတ်ကျွေးမွေးတဲ့လူက

အကုန်တာဝန်ကျေရင် ကျွန်တော်လဲ

ကိုယ့်တာဝန်ကိုယ်တော့ယူရမှာပေါ့...နေပါ...."

“အို အဲ့လိုဘယ်ဟုတ်မလဲ မင်းကဒို့အထုပ်ကို

မရရအောင်လိုက်ပေးထားတဲ့လူပဲ

ဒို့ကဒီလောက်တော့လုပ်ပေးရမှာပေါ့

အားနာစရာမလိုပါဘူး....."

ခါးပြောလိုက်တော့ သူကခေါင်းယမ်းကာ

ပန်းကန်ကိုင်ရင်း နောက်ထဲကိုအရင်

ဝင်သွားတာမို့ နောက်ကနေလိုက်ရလေသည်။

စားပြီးသားပန်းကန်ကိုသေချာဆေးနေတဲ့

သူ့ရဲ့ဗလတွေကိုနောက်ကနေကြည့်ရင်း

ကြက်သီးတစ်ချို့ထမိလေ၏။

အထည်မှာပါတဲ့ကြော်ငြာစာရွက်တွေမှာသာ

မြင်ခဲ့ရတဲ့ ဗလမျိုးတွေကိုအခုလို

မျက်ဝါးထင်ထင်တွေ့ရတော့တစ်မျိုးတော့

ခံစားမိလေသည်။

ကြောက်တာလိုလို ရှက်တာလိုလို!!

သူက ဆေးပြီးတဲ့ပန်းကန်ကိုဘယ်နားမှာ

ထားရမှန်းမသိတာမို့ ခါးလက်တစ်ဖက်နဲ့

လှမ်းယူလိုက်ကာ ဘေစင်ပေါ်က

ဗီဒိုထဲယူထည့်လိုက်၏။

သူဖယ်တော့မှ ခါးလဲကိုယ့်ပန်းကန်ကိုယ်

ဆေးကာ အစောကဟင်းချက်ထားတဲ့

ဒယ်အိုးကိုပါဆေးနေတော့ သူကအနားက

မသွားသေးပဲနဲ့ ခါးဆေးပြီးသားပန်းကန်ကို

ဗီဒိုထဲလှမ်းထည့်တာမို့ အနားကိုနီးကပ်လာလေသည်။

ရုတ်တရက်ရလိုက်မိတဲ့ကိုယ်သင်းနံ့နဲ့အတူ

သူ ခါးအနောက်မှာနီးကပ်နေမှန်း

ခံစားမိတာမို့ တစ်ကိုယ်လုံးတောင့်တင်းသွားကာ နောက်မလှည့်မိအောင်သေချာ

ကြိုးစားလိုက်မိ၏။

သူကအနားကပြန်ခွာသွားပေမဲ့ ခါးကတော့

ခုထိ ရင်တွေတုန်နေဆဲဖြစ်ကာ

ဒယ်ပိုင်းဆေးတာ အယောင်ယောင်အမှားမှား!

သူကဘေးကနေအဲ့လိုလာကြည့်နေတော့

ပိုဆိုးလေသည်။

ကျန်တာတွေဆေးစရာရှိသေးပေမဲ့

ဒီလိုဆိုမလွယ်သည်မို့ ခါး မြန်မြန်‌လတ်စသတ်ကာ ကျန်တာကိုထားခဲ့ရင်း လက်သုတ်၍အရှေ့ကိုထွက်လာခဲ့၏။

မိုးလဲချုပ်တော့မည်မို့ သူ့ကိုနှင်ထုတ်

ချင်ပေမဲ့လဲ မကောင်းသည်မို့ခါး

ဘာမှမပြောပဲနဲ့ မြင်နေရတဲ့အထုပ်ကြီးကို

သတိဝင်ကာ ခပ်တည်တည်ခုံမှာဝင်ထိုင်တဲ့

သူ့ကိုငဲ့ကြည့်ကာဖြင့်

“ဒါနဲ့ဒီအထုပ်ကိုဘယ်ကနေဘယ်လို

ချိတ်ဆက်မိပြီးပြန်ရခဲ့တာလဲ??....”

အိမ်ဘက်မပြန်ချင်သေးသည်မို့

သူမဘက်ကစကားကိုစောင့်နေတဲ့သာ,

အခုလိုမေးလာတော့ သဘောတကျ

ဖြစ်သွားပေမဲ့မျက်နှာကိုတော့ပုံမှန်ပဲနေကာ

“ခါး‌ ပြတဲ့ဆိုင်ရဲ့ဖုန်းနံပါတ်လိပ်စာကို

ဆက်သွယ်ပြီး မေးကြည့်တာလေ

သူတို့ဘယ်ကားကိုတင်လိုက်လဲဆိုတော့

တင်တဲ့လူကိုပြန်မေးပြီး ကားနာမည်

သိရတာနဲ့ အဲ့ဂိတ်ကိုလှမ်းအကြောင်းကြားပြီး

အထုပ်ပျောက်တဲ့ရက်ကိုခန့်မှန်းပြောပြီးတော့

ဘယ်ကားအဲ့အချိန်ထွက်လဲမေးတော့

သူတို့ပြောတဲ့ကားနဲ့ ကားသမားရဲ့ဖုန်းနံပါတ်

ရခဲ့တာပဲ.....

ရလိုရငြားဖုန်းဆက်ကြည့်တော့

ကားသမားက စပါယ်ယာကိုသေချာ

ပြန်မေးပြီးတော့ ရွှေမြို့တော်ဂိတ်ကို

ချခဲ့ဝာာတဲ့ အဲ့တာနဲ့ကျွန်တော်လဲတစ်ခါ

ရွှေမြို့တော်ဂိတ်ခွဲ‌တွေရော ရှိသမျှဂိတ်ကိုဆက်သွယ်ပြီး နောက်ဆုံးတော့မှ အဲ့မြို့က

ဂိတ်မှာအထုပ်ရောက်နေမှန်းသိရတာ

ဒါမို့ကျွန်တော်လဲဒီနေ့သွားပြီးတော့

အဲ့အထုပ်ကိုလူကိုယ်တိုင်သွားယူခဲ့တာလေ

တော်သေးတာပေါ့ ဂိတ်ကလူကဒီအထုပ်

နှစ်ပတ်ထက်ကျော်ရင်တာဝန်မယူတော့ဘူးတဲ့

ကျွန်ဝောာ်သွားတာစောသွားပေလို့ မဟုတ်ရင်

ပိုင်ရှင်မဲ့ဖြစ်တော့မှာ......"

သူပြောပြတာတွေနားထောင်ရင်းကိုယ်က

ပိုပြီးမျက်နှာပူရလေသည်။

သူများကခေါင်းအေးအေးထားပြီး

လုပ်ပေးပေမဲ့ ခါးကတော့ပူထူနေတာနဲ့ကို

ဆိုင်ကိုလှမ်းငေါက်လိုက် ဂိတ်ကိုလှမ်းငေါက်လိုက်နဲ့ လူရိုင်းကြီးကိုဖြစ်လို့!!

သူများကတော့ညဏ်ရှိရှိနဲ့ကိစ္စတွေကို

အကောင်းဆုံးဖြေရှင်းသွားလေ၏။

အဆင့်ဆင့်ချိတ်ဆက်သွားပုံတွေက

တော်ရုံလူဆိုမတွေးနိုင်တာမို့ ခါး

သူ့ကိုအထင်တော့ကြီးမိရလေသည်။

“ဒါဆိုဖုန်းတွေအဆင့်ဆင့်ဖြစ်သွားတာပေါ့နော် လူကိုယ်တိုင်လဲသွားယူပေးတာဆိုတော့

အားနာလိုက်တာ မဆီမဆိုင်ပဲနဲ့သက်သက်မဲ့ အပင်ပန်းခံရတယ်....."

“မလိုပါဘူးဗျာ ရပါတယ် ခါးအတွက်ဆို

ပင်ပန်းတယ်လို့တောင်မထင်ပါဘူး....”

သူကတော့ပေါ့ပေါ့ပါးပါးပြောလိုက်လား

မသိပေမဲ့ ခါးကတော့ထပ်ပြီးတစ်ကိုယ်လုံး

တောင့်တင်းသွားရပြန်လေ၏။

“အဓိကကဆိုင်ကလူတွေမှားတာ.....အမှန်ဆို

အိတ်မှာခါးရဲ့ဖုန်းနံပါတ်ဖြစ်ဖြစ်

မြို့ဖြစ်ဖြစ်ရေးပေးလိုက်ရမှာ အဲ့တာမှ

သူတို့လဲတနည်းနည်းနဲ့ဆက်သွယ်လို့ရမှာလေ

အခုက နာမည်နဲ့ဂိတ်ကလွဲရင်ကျန်တာမပါတော့ ဂိတ်တွေအပြစ်လဲမဟုတ်ပါဘူး....."

သူပြောမှ ခါးအထုပ်ကြီးကိုသေချာ

ပြန်ကြည့်တဲ့အခါ ဟုတ်သည်လေ!!

မခါးလွန်းနွယ် ရွှေမြို့တော်ဂိတ်ချတဲ့!!

သူတို့ပြောတော့သေချာလှပါပြီ

ရွှေမြို့ရိုးဂိတ်လို့ပဲရေးတာပါဆို....

အခုတော့ဂိတ်လဲမှားရေးတဲ့အပြင်

ခါးရဲ့ဖုန်းနံပါတ်လဲမပါ!!

ဒါနဲ့ဆိုသုံးခေါက်မြောက်မှာတာမို့

ကိုယ်ကစိတ်ချရပြီဆိုပြီးပိုက်ဆံလဲ

ကြိုလွှဲလိုက်ကာမှ ပြစ်စလတ်ခတ်

လုပ်လာတာမို့ ခါး တိကျသူပီပီအိတ်ကို

ဖုန်းနဲ့ရိုက်ကာသူတို့ရဲ့ viber အကောင့်ထဲ

ပုံပို့၍ ဖုန်းခေါ်လိုက်ကာဖြင့်

“ဟယ်လို....."

တစ်ဖက်ကအသံကကျေကျေလည်လည်

မဟုတ်တာမို့ ခါးလဲမျက်နှာကြောတင်းသွားရင်းမှ

“ကျွန်မအထုပ်ပြန်ရပြီ ရှင်တို့ပြောတော့

ရွှေမြို့ရိုးဂိတ်သေချာပြီဆို ကားသမားကို

သေချာပြောပြီးတင်တာပါဆို အဲ့ဂိတ်မှာလဲ

အထုပ်ချသွားတာသေချာလှပါပြီဆို

ကျွန်မအိမ်ဘေးကအသိသာမလိုက်ရင်

ဒီအထုပ်ကဆုံးမှာ....."

“ဟုတ်တာပဲမဟုတ်လားရှင် အခုလဲ

ရွှေမြို့ရိုးဂိတ်ကနေပဲအထုပ်ပြန်ရခဲ့တာ

မဟုတ်ဘူးလား?? ကျွန်မတို့သေချာ

ပြောရဲ့သားနဲ့....."

“ဘာကိုသေချာဝာာလဲ?? ရှင်တို့က

ပိုက်ဆံကြိုရထားပြီးတော့အေးတိအေးစက်

နေနေတာလေ ရှင်တို့လုပ်ပုံကအထုပ်မှာ

ကျွန်မဖုန်းနံပါတ်လဲမပါဘူး လိပ်စာလဲ

မပါဘူး ဂိတ်တောင်လက်ရေးစုတ်စုတ်နဲ့

ရွှေမြို့တော်ဆိုပြီးရေးထားတဲ့ဟာကို

မယုံရင်ရှင်တို့ viber ကိုကြည့်လိုက်

ကျွန်မအခုပဲပို့ထားတယ်.....”

ပြောပြီး ခါးစိတ်တိုတိုနဲ့ဖုန်းချလိုက်တော့

မိနစ်နည်းနည်းကြာတဲ့အခါဟိုဘက်က

ပြန်ခေါ်လာလေသည်။

မကိုင်ဘူးစဉ်းစားပြီးကာမှ ခါး

ကိုင်လိုက်တော့တစ်ဖက်ကခဏ

တိတ်နေပြီး

“ဟုတ်တယ်တော့ ‌တောင်းပန်ပါတယ်

ကျွန်မတို့ဆိုင်ကဝန်ထမ်းလိုသွားတာပါ

ခန့်ထားတာ တစ်ပတ်တောင်မပြည့်သေးတာဆိုဝောာ့ လိုအပ်ချက်နည်းနည်းရှိသွားတာပါ

သူကိုယ်တိုင်လဲပြောတယ် သူမှားပြီး

ရေးမိသွားတာပါတဲ့....ကျွန်မတို့အလုပ်ထုတ်မှာကြောက်လို့ သူအမှန်တိုင်းမပြောမိတာပါတဲ့...."

တစ်ဖက်ကစကားသံကြောင့် ခါး

ပိုလို့ပင်စိတ်တိုသွားကာ

“ဒါဆိုရှင်တို့ကပေါင်းလိမ်သလိုဖြစ်နေပြီ

သူကအစောကြီးထဲကသူမှားရေးတာ

သိရဲ့သားနဲ့အမှန်ကိုမပြောဘူးလေ

သူအလုပ်ထုတ်ခံရမှာကြောက်တာနဲ့ပဲ

ကျွန်မက၁၇သိန်းတန်အထုပ်ကြီးကို

ဆုံးရှုံးရတော့မှာ ဒါကျဝောာ့တရားတယ်ပေါ့ ရှင်တို့ဆိုင်ကစရိုက်တူတဲ့လူတွေကိုပဲ

ခန့်ထားတဲ့ပုံပဲနော်....."

“ပြီးတာလဲပြီးနေပါပြီညီမရယ်

လွန်ခဲ့တဲ့ရက်တွေကလဲ အမျိုးသားတစ်ယောက် သေချာဆက်မေးလို့အစ်မတို့

လက်လှမ်းမှီသလောက်ပြောပြပေးလိုက်တယ်လေ အဲ့တာကြောင့်ညီမအထုပ်လေးလဲ

အခုပြန်ရပြီမဟုတ်ဘူးလား ....."

“တော်ပါပြီ ဆက်မပြောပါနဲ့တော့

အစောထဲကအစ်မတို့ကျွန်မကိုဒီလို

ကောင်းကောင်းမွန်မွန်ပြောပြီးစုံစမ်းပေးလို့

ရရဲ့နဲ့ အကန်တွေချည်းပြောပြီး ဖုန်းကို

ဦးအောင်ချချပြစ်ခဲ့တာ ဒါကြောင့်အစ်မတို့နဲ့ရေရှည်လက်တွဲဖို့ဆိုတာ ကျွန်မအတွက်

တော်တော်ခဲယဉ်းသွားပြီ.....”

ပြောပြီး ခါးဖုန်းကိုချကာဒေါသကတော့

အရှိန်မသေသေး!!

အထုပ်ရပြီးကာမှ သူတို့ပြောလို့ပဲ

ရတာလိုလိုလာလုပ်တာမို့ ပိုပြီးစိတ်တိုသည်။

အလကား တာဝန်ယူမှုတာဝန်ခံမှု

မရှိတဲ့ဟာတွေ!!

နောက်နောင်လက်တွဲဖို့ဆိုတာဝေလာဝေးပဲ...။

ပြောချင်ရာပြောစိတ်တွေတိုပြီးကာမှ

ဘေးကိုငဲ့ကြည့်တော့ ခါးကိုစေ့စေ့ကြည့်နေတဲ့ သူ့မျက်ဝန်းတွေနဲ့တိုးပြန်တာမို့

လူကဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ!

“မပြန်သေးဘူးလား ပင်ပန်းနေတာ

နားရောပေါ့....."

အားနာပေမဲ့လဲမတတ်နိုင်တော့သည်မို့

ခါးနှင်ထုတ်တော့ သူကထိုတိုင်းလေးပဲ

ထိုင်နေရင်းမှ ခါးကိုပြုံးကြည့်ကာ

“မပင်ပန်းပါဘူး ရပါတယ် အခုပဲ

ထမင်းစားပြီးတော့ လှုပ်လှုပ်ရှားရှား

လုပ်ရမှာပျင်းနေလို့ ခဏလောက်တော့

ထပ်နေလို့ရတယ်မလား??......”

ငြင်းလဲမကောင်းပြီမို့ ခါးအီလည်လည်

ခေါင်းညိမ့်လိုက်ရလေသည်။

သူရှိနေတာကိုဒီတိုင်းထားပြီးအခန်းထဲ

ဝင်နေလို့မကောင်းသည်မို့ ခါး နောက်ထဲက

ဓားလေးသွားယူကာ အထုပ်ကိုကြိုးဖြေတော့

သူကအနားရောက်လာရင်းမှ ခါးလက်ထဲက

ဓားကိုပြောင်းယူ၍ အထုပ်ကိုကြိုးဖြေပေး၏။

ခါး သူလုပ်နေသည်မို့ ဘေးလွယ်အိတ်ထဲက

ဆော့ပင်သွားယူကာ ပြန်ထွက်လာတော့

သူကအထုပ်တွေကိုစီစီရီရီထုပ်ပေးနေသည်။

ခါး ဘာမှပြောမနေတော့ပဲနဲ့အောက်မှာထိုင်ကာ ဘေးနားချထားပြီးတဲ့ဘောက်ချာကို

ဖွင့်၍ ပစ္စည်းစာရင်းစစ်ကာ ဈေးနှုန်းလေး

အသင့်တို့ထားရန်ပြင်လိုက်၏။

ပစ္စည်းရောက်ရင်အိမ်မှာပဲလုပ်မှအဆင်ပြေသည်။‌

မဟုတ်ရင် ‌ဆိုင်ရောက်တော့ ဈေးရောင်းရတာတစ်မျိုး ဒါကိုစစ်ပြီးဈေးရေးရတာတစ်မျိုး

တစ်နေကုန် မနားရတော့ပေ!!!

ခါး သူပုံထား‌ပေးတဲ့အတိုင်းပစ္စည်းအမျိုးကို

အရင်စစ်ကာ ဈေးရေးရန်ပြင်လိုက်၏။

ဒီကြားထဲပွဲလမ်းသဘင်တွေရှိသည်မို့

အိတ်ကြီးကကြီးကာ အထဲကအထုပ်ရေကလဲ

များလေသည်။

သူကအကုန်ပြီးတော့ အိတ်ကိုခေါက်ကာ

အနားမှာလာတိုးထိုင်ပြန်၏။

“ရလား ကျွန်တော်ဘာလုပ်ပေးရမလဲ??...."

“နေပါစေ ‌ဒီလောက်တင်တော်တော်

ကျေးဇူးတင်နေပါပြီ.....”

သူမကပြောရင်းဘောက်ချာကြည့်လိုက်

ဈေးနှုန်းရေးလိုက်နဲ့ သာကတော့သူမရဲ့

ကပိုကရိုနဲ့ ရှာမတွေ့လို့စိတ်ညစ်နေတဲ့

ပုံလေးကိုကြည့်လိုက် ဈေးနှုန်းလေး‌

ပြေးရေးလိုက်ဖြစ်နေတဲ့ပုံစံလေးကိုကြည့်ကာ တစ်ကိုယ်တည်းရင်ခုန်သဘောကျနေရလေသည်။

.....

တဖြေးဖြေးနာရီကြာလာဝာာနဲ့အမျှ

တော်တော်လဲပြီးနေသလို ခါးလဲတော်တော်

အိပ်ချင်နေ၏။

သူလဲမနေနိုင်တဲ့အဆုံး‌ ဘောက်ချာကြည့်လိုက် ခါးကိုပစ္စည်းထုပ်ရှာပေးလိုက်နဲ့

ပင်ပန်းနေပြီထင်ပါသည်။

ပြီးရန် ၁၀မျိုးလောက်ပဲကျန်တော့သည်မို့

အားတင်းကာ ခါး အဝတ်အိတ်တွေမှာ

ဈေးရေးရင်းနဲ့ ငိုက်ကျနေရ၏။

“ဟာ....."

သာ သူမအိပ်ချင်နေပြီမို့ ပစ္စည်းထုပ်

နဲ့အမျိုးအမည်တိုက်ကာရှာနေတုန်း

ပေါင်ပေါ်ကိုလေးခနဲဖြစ်သွားတာမို့

ရုတ်တရက်လန့်သွားလေသည်။

ငုံ့ကြည့်တော့ တရှုးရှုးအသက်ရှုသံလေးနဲ့

သူမဖြစ်ကာ ဟန်မဆောင်နိုင်စွာပင်

အိပ်ပျော်နေလေ၏။

နာရီကြည့်တော့ ၉နာရီခွဲပြီဖြစ်ရာ

အစောကြီးထရတဲ့သူမအဖို့ အိပ်ချင်မှာ

မလွဲမသွေ!!

သာ ဘာလုပ်ရင်ကောင်းမလဲစဉ်းစားပေမဲ့

မထူးတော့ပြီဆိုကာ သူမခေါင်းကိုဖြေးဖြေး

ဖယ်၍ ဘေးဘက်သွားရင်းကိုယ်လုံးကို

ခပ်ဖွဖွပွေ့ချီလိုက်သည်။

တော်တော်အိပ်ပျော်နေပြီမို့ သူမက

မနိုးလာတော့ကာ သူခေါ်ရာအတိုင်း

ပါလာရလေ၏။

ကုတင်ပေါ်ချပေးရင်းမှ သူမရဲ့အခန်းရှင်းရှင်းလေးကိုဝေ့ကြည့်ကာ မိနစ်နည်းနည်းကြာတော့ သူပြန်ထွက်လာခဲ့သည်။

နှုတ်ခမ်းတွေကပြုံးယောင်သမ်းနေတာကို

သူကိုယ်တိုင်သာသတိထားမိမည်ဖြစ်လေ၏။

အရှေ့မှာပြန့်ကျဲနေတဲ့ဈေးရေးပြီးသား

ပစ္စည်းထုပ်တွေကိုအ‌စောကအိတ်ကြီးထဲ

အကုန်ပြန်ထည့်ပေးကာ သူမမရေးရသေးတဲ့

သုံးလေးထုပ်နဲ့အတူ ဘောက်ချာနဲ့ဆော့ပင်ကို ‌တစ်နေရာတင်ထားခဲ့ပေးလိုက်သည်။

သာ မီးအကုန်ငြှိမ်းပြီးသူမအိမ်တံခါးကို

စေ့ပေးလိုက်ကာ ခြံတံခါးကိုအပြေး

သော့ခတ်ရလေ၏။

သူမဒီနေ့အိပ်နေသည်မို့ အတွင်းက

သော့မခတ်ထားရသည်ဖြစ်ကာ သူနည်းနည်း

စိတ်ပူရလေသည်။

သူလဲအိမ်ထဲဝင်ကာ သော့ခတ်ရင်း

ပင်ပန်းထားသည်မို့အိပ်ရန်ကြိုးစားလိုက်၏။

သို့ပေမဲ့ အခုထိသူမအငွေ့အသက်ရှိဆဲ

နှုတ်ခမ်းနှစ်လွှာကိုဖိပိတ်လိုက်ကာ

အိပ်ယာထက်မှာတောင် သူ့အပြုံးတွေ

သိသိသာသာဖြစ်ထွန်းသွားခဲ့လေသည်။

« ရှေ့အခန်း - အပိုင်း၈ နောက်အခန်း - အပိုင်း၁၀ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ