Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၅

“ဒီမှာ မင်းကိုတော့တောင်းပန်ပေမဲ့

အိမ်ငှားခပိုက်ဆံဘာညာက ငါ့ဆီ

မရောက်သေးတဲ့အတွက် အားနာနာနဲ့ပဲ

မယုရှေ့မှာတင် မင်းကိုနှင်ထုတ်ပါရစေ....

ဒီအိမ်မှာဘယ်လိုလူမျိုးကိုမှဆက်ပြီး

လက်မခံတော့ဘူးမို့ မင်းမနက်ဖြန်

ဒီအိမ်ပေါ်ကဆင်းပေးပါ.....”

ခါးပြောဝောာ့ ကောင်လေးမျက်နှာ

တင်းခနဲနေကာ အံကြိတ်လိုက်ရင်းမှ

ခုံကထရပ်၍ ခါးရှေ့ကိုတရွေ့ရွေ့

လျှောက်လာလေ၏။

လူက နောက်ကိုခြေလှမ်းမဆုတ်မိအောင်

ကြိုးစားတော့ အရပ်မြင့်မြင့်ဗလတောင့်တောင့်နဲ့သူက ခါးကိုငုံ့မိုးကြည့်ကာဖြင့်

“တစ်နှစ်စာချုပ်ချုပ်ထားပြီးတာတောင်

ကျုပ်ကိုအိမ်ပေါ်ကဆင်းခိုင်းနေတာဆိုတော့

ခင်ဗျားက အဖမ်းခံချင်လို့လား??

သာမညဆိုတဲ့ကျုပ်ကိုမလှိမ့်တပတ်လုပ်လို့

ရမယ်မထင်နဲ့နော် စာချုပ်နဲ့တကွ

ခင်ဗျားတို့နှစ်ယောက်ကို အရေးယူလိုက်မယ်

အော် ပြီးတော့ ကိုယ်ထိလက်ရောက်

ကျူးလွန်မှုနဲ့လဲ ပြစ်မှုကိုတိုးပြစ်မှာ....”

သူ့ပြောစကားတွေကြားလေ မယုကို

စိတ်တိုလေမို့ ပြင်းထန်နေတဲ့ခါးရဲ့

မျက်ဝန်းနဲ့ သူ့မျက်ဝန်းတို့ထိပ်တိုက်

ဆုံနေတဲ့အခါမှာတော့ ခါး လက်သီးလေး

ကျစ်နေအောင်ဆုပ်ထားကာဖြင့် မယုကို

လှည့်ကြည့်လိုက်တဲ့အခါမှာ မျက်နှာပျက်ယွင်းနေကာ ခါးကိုထပ်တိုးငုံ့လျှိုးရင်းမှ

“ဟုတ်တယ်ခါး ဒီကမောင်လေးနဲ့မယုက

စာချုပ်ချုပ်ပြီးနေပြီ တစ်နှစ်စာလုံးအတွက်

ပိုက်ဆံပေးထားပြီးပြီမို့ ခါးအခုနေ....."

“မယုကဘာဆိုင်လို့စာချုပ်ချုပ်ရတာလဲ??

ဒီအိမ်ကမယုအိမ်မို့လို့လား?? ခါးသဘော

မတူပါဘူးပြောရဲ့သားနဲ့ ရအောင်တောင်

စာချူပ်ချုပ်လိုက်တာတဲ့တော်....မယုစရိုက်က တော်တော်ကိုဆိုးတာပဲ...."

ထင်မထားလောက်တဲ့သူမရဲ့ဝင်ပါမှုကြောင့်

ခါး အားမနာနိုင်ပဲပြောချတဲ့အခါ မယုကလဲ

မျက်နှာမာသွားရင်းမှ

“အစ်မအိမ်မဟုတ်ပေမဲ့ မသန်းဆင့်ရှိထဲက

အစ်မကိုအပ်ထားခဲ့တာ ဒီအိမ်မှာလာနေပြီး

ငှားနေကျတဲ့လူတွေရှိတာက အစ်မကောင်းလို့ပါ...၊အစ်မဘက်ကနေလေကုန်ခံငှား‌ပေးပြီးမှ

ခါးတို့ကအဲ့ပိုက်ဆံကိုအဆင်သင့်သုံးရတာ

ဒါကိုအခုမှခါးကအစ်မကိုအပြစ်တင်နေတာလား??....."

သူ့ဘက်ကဒီလိုပြောလာတော့ ခါး

မျက်နှာတင်းသွားကာဖြင့် မယုကိုခပ်မာမာ

စိုက်ကြည့်ကာ

“အဲ့ဝာာအစ်မဘက်ကအကျိုးအမြတ်ရလို့

လုပ်တာလေ အိမ်ငှားစပေါ်ရရင် အစ်မပဲ

ဦးဦးဖျားဖျားသုံးခဲ့ရတဲ့ဟာကို အစ်မလဲကိုယ်သာလို့ လေကုန်ခံလုပ်တာ ဘယ်သူမှ

ကိုယ့်အကျိုးအမြတ်မရှိရင် သူတစ်ပါးကို

ရေတစ်ပေါက်မတိုက်ဘူး တိုက်ခဲ့ရင်လဲ

အဲ့အကျိုးကို သူကသိသိသာသာလိုချင်နေလို့ပဲ....”

မိန်းမနှစ်ယောက်ရဲ့စကားအားပြိုင်မှုကြားထဲ

ငြိမ်နေတဲ့သာ နှစ်ယောက်ရဲ့အခြေအနေကို

နားလည်သွားလေသည်။

စိတ်တိုမှုကြောင့် အသက်ရှုသံပြင်းနေတဲ့

ခါးဆိုတဲ့အမျိုးသမီးရဲ့နှုတ်ခမ်းထက်က

ချွေးစတွေနဲ့အတူ မျက်နှာပြင်က

နီမြန်းမြန်းလေးနဲ့ တစ်မျိုးတော့ကြည့်ကောင်း၏။

မယုပြန်မပြောတော့ဝာာမို့ ခါး

အခြေအနေကိုဒီမှာတင်ပဲ‌ပြီးစေကာ

စိတ်ကိုလျော့ချလိုက်ရင်းမှ

“ပြီးပြီ ‌ဒီကိစ္စကိုဒီမှာတင်ပဲ ခါး

ကျေအေးပေးလိုက်မယ် အဲ့ဝောာ့မယု

သူပေးထားတဲ့ပိုက်ဆံကိုတစ်ပြားတစ်ချပ်မှ

မလျော့ပဲနဲ့သူ့ကိုပြန်ပေးလိုက်ပါ ကျန်ဝာာကို

မနက်ဖြန်မှဆက်ရှင်းကြတာပေါ့....."

ပြောချင်ရာပြောပြီး ဟိုဘက်အိမ်ကို

ကူးရန်ပြင်နေတာမို့ သာ သူမလက်မောင်းကို

လှမ်းဆွဲထားကာ လှည့်ကြည့်လာတဲ့

မျက်နှာနုနုကိုပေါက်ထွက်မတတ် ခပ်တင်းတင်း စိုက်ကြည့်ပေးလိုက်ရင်းမှ

“ဒီမှာ ကျုပ်ကဒီအိမ်အတွက် စပေါ်ငွေတင်

သိန်း ၂၀ထုတ်ပေးပြီးသွားပြီ အဲ့တာထက်

စာချုပ်မှာအနှစ်ချုပ်အနေနဲ့ထည့်ရေးထားတဲ့အချက်က တစ်နှစ်မပြည့်မချင်း

တစ်နည်းနည်းနဲ့ ကျုပ်ဒီအိမ်ပေါ်က

ဆင်းရသည်ရှိသော် စပေါ်ငွေနဲ့အတူ

လျော်ကြေးထပ်တိုး၂၀ကိုခင်ဗျားတို့ဘက်က

ပေးရမှာ မပေးနိုင်ရင် ကျုပ်ဘက်က

တရားစွဲပိုင်ခွင့်ရှိတယ် ဘာလို့လဲဆိုဝောာ့

စာချုပ်မှာခင်ဗျားဘက်ကလဲ လက်ခံ

သဘောတူထားလို့ပဲ....."

သူကခါးကိုလွှတ်ကာ ရှိနေတဲ့စာချုပ်ကို

သွားယူရင်းပြတာမို့ ခါးဖတ်ကြည့်တဲ့အခါ

သူပြောတာမလွဲ!!

အကြီးမားဆုံးတစ်ခုကဝောာ့ အိမ်ပိုင်ရှင်

ခါးနေရာမှာ လက်မှတ်ထိုးထားတာပါပဲ!!

ဒါဟာလဲ မယုလက်ချက်ပဲဖြစ်နိုင်မည်။

ခါး မီးဝင်းဝင်းတောက်တဲ့မျက်ဝန်းတွေနဲ့

မယုကိုကြည့်ဝောာ့ ပါလာတဲ့အထုပ်ကို

ခါးလက်ထဲထည့်ပေးကာ အိမ်ထဲက

ထွက်သွား၏။

ခါး ဟကြည့်ဝောာ့ပိုက်ဆံထုတ်ပင်!!

သူကခါးလက်ထဲရှိနေတဲ့စာချုပ်ကို

ဖျက်ခနဲပြန်ဆွဲယူသွားကာ သေချာ

ပြန်ခေါက်ရင်းမှ စာရွက်ကိုခါးရှေ့

ဝှေ့ယမ်းပြ၍

“သာမန်စက္ကူတစ်ရွက်ပေမဲ့ ခင်ဗျား

အကြီးအကျယ်တိုင်ပတ်သွားမယ်နော်

ကျုပ်အသိထဲမှာ ရှေ့နေတွေရှိတယ်....

ပြီးဝောာ့ အဲ့ပိုက်ဆံကကျုပ်ဘက်က

ပေးပြီးသား စပေါ်မို့ခင်ဗျားနဲ့ပဲဆိုင်တယ်

အဲ့ဝောာ့ ယူထားပြီးအိမ်ရှင်လိုအေးဆေးနေပါ....."

သူကပြန်ဟဲနေပေမဲ့ဒီအချိန်

ကိုယ်က အောက်ကမို့စကားတောင်

တစ်ခွန်းမှထပ်မပြောနိုင်ပဲ ခါးဟာ

အဲ့အိမ်ထဲကနေ ခပ်ဆတ်ဆတ်

ထွက်လာခဲ့ရသည်။

မယုဆိုတဲ့မိန်းမကတကယ့်မလည်ရှုပ်!!

ပြီးပါပြီ ခါးနဲ့သူ့ရဲ့ဇာတ်လမ်းဟာလဲ

ဒီမှာတင်ပြီးပြီ ထပ်လဲပတ်သတ်စရာ

မရှိဝောာ့ပြီမို့ လူသတ်ချင်နေတဲ့စိတ်တို့ကို

မနည်းချုပ်တီးလိုက်ရလေ၏။

🏠🏠🏠🏠

“ဒီမှာ......"

အိမ်ရှေ့ကနေခေါ်သံကြားတာမို့

ခါး ရေစိုနေတဲ့ရင်ဘတ်ကိုသဘတ်

အမြန်လွှားခြုံလိုက်ရလေသည်။

“မင်း သူများအိမ်ကိုအခုလို

လက်လွတ်စပယ်မလာပါနဲ့....."

သာ သူမအပြောကြောင့်တင်းသွားကာ

အခုမှ ခြေလှမ်းလိုက်ကာအိမ်ထဲကို

ရောက်အောင်သွားလိုက်ကာံဖြင့်

“အခုမှခင်ဗျားအိမ်ထဲကိုခွင့်မတောင်းပဲ

လက်လွတ်စပယ်ဝင်တာ ကျုပ်ကမဟုတ်တာ

ပြောဝာာလောက်အမြင်ကပ်တာမရှိဘူး...."

ဘယ်သူကရောသူ့ကိုအမြင်ကြည်နေလို့လဲ??

မဖြစ်သာလို့လက်ခံလိုက်ရတာကို သူကများ!

“ဘာကိစ္စလဲ??...."

လက်ထဲမှာတစ်ခုခုကိုင်လာဝာာမို့

ခါး ကြည့်လိုက်တော့ သူကခုံမှာခပ်တည်တည်ဝင်ထိုင်ကာ သူ့လက်ထဲက

သေတ္တာသေးလေးကို ချပြ၍

“ခင်ဗျား အဝတ်မလဲတော့ဘူးလား??....."

အခုမှသတိရသွားတဲ့ခါးလဲ ရေလဲထမိန်နဲ့

ကိုယ့်ကိုကိုယ်ပြန်ငုံကြည့်ကာ အိမ်ခန်းထဲ

အမြန်ပြေးဝင်ခဲ့ရ၏။

ဘယ်လိုလူမျိုးလဲမသိ!! အမြင်ကပ်ချင်စရာ!

ခါးမြန်မြန်အဝတ်လဲကာဖြင့် ထွက်ခဲ့တော့

သူဖုန်းထိုင်ကြည့်နေပုံကစတိုင်တကျ!!

စွပ်ကျယ်အနက်ရောင်ဝတ်ထားတာမို့

တင်းရင်းနေတဲ့လက်မောင်းကြွက်သားတွေနဲ့အတူ ရင်အုပ်မို့မို့ကအတိုင်းသား!!

ဗလကြီးတွေကတော့နည်းတာမဟုတ်.....

အေးပေါ့ ဒီအရွယ်လူလတ်ပိုင်းတွေက

ဒီလိုဗလတောင့်တောင့်နဲ့မိန်းကလေးတွေရဲ့အမြင်ကိုဆွဲဆောင်ချင်နေကြတာလေ!! ဟွန်း!

မကျေမနပ်နဲ့မဲ့လိုက်မိပေမဲ့ အဲ့ထဲမှာ

ကိုယ်ပါပါနေတာကို ရေးရေးတော့

သတိထားမိလေသည်။

“ပြော မင်းဘာပြောချင်လို့လဲ....."

ညကြီးမင်းကြီးဒီလိုအချိန်မှာ

တစိမ်းတစ်ယောက်အိမ်ထဲဝင်နေတာမို့

ခါး ခပ်ဆတ်ဆတ်မေးလိုက်တော့

ဖုန်းကိုဘေးချလိုက်တဲ့သူက ခါးကိုသေချာ

စိုက်ကြည့်လာ၏။

တီရှပ်အင်္ကျီအကပ်လေးနဲ့အောက်က

ထမိန်ဗြောင်ကိုတွဲဝတ်ထားတဲ့သူမရဲ့

ခန္ဓာကိုယ်အချိုးအစားက ရေချိုးပြီးချိန်မှာ ထင်းရင်းနေလေသည်။

မျက်နှာနုနုက သန့်စင်ထားပြီးတာမို့

အစောကလို မိတ်ကပ်ပါးပါးနဲ့မဟုတ်ပဲ

ပြောင်စင်နေကာ သူမမျက်နှာကျကိုပိုမို

ထင်းရင်းနေစေ၏။

အထူးသဖြင့်တော့ ပန်းရောင်ရဲနေတဲ့

ပြောင်လဲ့လဲ့နှုတ်ခမ်းတစ်ပုံပေါ့!!

သာ အမှတ်တမဲ့နဲ့စေ့စေ့ကြည့်ပြီးကာမှ

အခြေအနေကိုသတိရကာ ချောင်းဟန်ရင်းဖြင့်

“ခင်‌ဗျားလုပ်လို့ ကျွန်တော့ခေါင်းကွဲသွားရတာ

ဆိုဝောာ့ ပြန်တောင်းပန်တဲ့အနေနဲ့

ဒီဒဏ်ရာကိုခင်ဗျားကိုယ်တိုင်ဆေးထည့်ပေးပါ....."

“အို မထည့်ပေးနိုင်ပါဘူး ဒို့ဘာလို့

ရိုက်လိုက်လဲ မင်းအသိဆုံးကို

ဒို့ကဘာကိစ္စမင်းဒဏ်ရာအထိလိုက်ပြီး

ဆေးထည့်ပေးရမှာလဲ....."

ဟုတ်သည်လေ!! သူ့ဟာသူချောတာချောတာ

ရုပ်ဖြောင့်ဝာာဖြောင့်တာကတစ်ကဏ္ဍ....

အခုလိုပိုင်ဆိုးပိုင်နင်းလာခိုင်းတာမျိုးကတော့

မုန်းစရာကောင်းလှသည်။

ခါးလွန်းနွယ်ဆိုတဲ့မိန်းမကိုဘယ်လိုအစားများ

အောင့်မေ့နေသလဲမသိပေ!!

ခါးပြောတော့ သူကမျက်နှာကြောတင်းသွားရင်းမှ ခါးကိုသေချာစိုက်ကြည့်လာကာ

“ခင်ဗျားစကားကိုလက်လွတ်စပယ်

မပြောနဲ့လေ ကျုပ်ကစပေါ်ပေးပြီး

ခင်ဗျားရဲ့အိမ်ကိုငှားထားတဲ့ပိုင်ရှင်တစ်ယောက် အခုချိန် ကျွန်တော်ကခင်ဗျားရဲ့

အိမ်တစ်လုံးကိုပိုင်တဲ့လူတစ်ယောက်လေ

ဒါကိုခင်ဗျားကလုပ်ချင်ရာလုပ်ပြီးမှ

ခေါင်းရှောင်လို့ရမလား?? အိမ်ရှင်ဖြစ်တဲ့

ခင်ဗျားရဲ့စရိုက်ကဒီလိုမျိုးပဲကိုး...."

သိက္ခာကိုထိပါးလာတာမို့ ခါး ဆတ်ခနဲလေး

ဖြစ်သွားတော့သူကတွန့်ပြုံးပြကာဖြင့်

ဆေးဘူးကိုမျက်စပြစ်ပြကာ အထင်မခံစေချင်ရင် ဆေးထည့်ပေးဆိုတဲ့စတိုင်မျိုးနဲ့ဖြစ်၏။

ခါး‌ဟာ ဒီလိုကပ်တီးကပ်ဖဲ့နဲ့မိန်းမတစ်ယောက်ကို စကားနဲ့အနိုင်ယူသောယောင်္ကျားမျိုးနဲ့ လာဆုံရတယ်လို့!!

နည်းတဲ့အကုသိုလ်တော့မဟုတ်!!

ဘာပဲဖြစ်ဖြစ် သူ့ဘက်ကကြည့်ရင်လဲ

ခါးအလွန်....၊

လွန်တာတွေလွန်ပြီးပြီမို့ ကိုယ်လုပ်တာကို

တာဝန်ယူစိတ်အပြည့်ရှိတဲ့ခါးဟာ အခုလို

ပေါ်ပေါ်ထင်ထင်ပြောခံရချိန်မှာ သူ့အနား

တိုးသွားရင်းမှ ခေါင်းကိုငဲ့ကြည့်တော့

သွေးစတစ်ချို့ကခြောက်တောင်နေပြီ!

“မင်းလဲအကောင်းအတိုင်းရှိတာပဲ

အစောကတောင်အေးဆေးဖုန်းကြည့်နေနိုင်သေးတာ သူများကိုအားကိုးစရာ

မလိုလောက်ပါဘူး....."

“သူများအားကိုးနေတာမဟုတ်ဘူး

ခင်ဗျားကိုတာဝန်ယူခိုင်းနေတာ ကိုယ့်ဘာသာ

ဖြစ်ရင်ကျုပ်ကဘယ်လိုလူမျိုးကိုမှ

အားကိုးတတ်တဲ့လူမျိုးမဟုတ်ဘူး

ဒါကြောင့် ၁၈ထဲကမိဘရိပ်အောက်ကထွက်ပြီး ကိုယ့်ဘဝကိုပုံဖော်လာခဲ့တာ....."

မဟုတ်မခံပြန်ပြောလိုက်တော့ သူမက

စဉ်းစားသွားဟန်နဲ့ အနားတိုးလာကာ

သက်ပြင်းကလဲချလိုက်သေးသည်။

ပြီးတာနဲ့ သူ့ရှေ့ကဆေးသေတ္တာကို

လှမ်းယူကာ မတ်တပ်ကပင်သူ့ခေါင်းကို

ဆေးထည့်ပေးလေ၏။

စိတ်ရှည်ရှည်နဲ့သေချာထည့်ပေးတာမို့

သူမဟာကိစ္စတိုင်းကို ပြီးစလွယ်မလုပ်မှန်း

သာ သတိထားမိလေသည်။

အသက်ရှုသံမျှင်းမျှင်းလေးကိုအနီးကပ်

ရနေခြင်းနဲ့အတူ သူမဆီကမွှေးရနံ့တွေကို

အနီးကပ်ရနေရတဲ့သူ့အဖို့ ရင်ထဲမှာ

ကလိကလိခံစားနေရတာထူးဆန်း၏။

အားလုံးပြီးချိန် ပတ်တီးလိပ်ကအစ

သူ့နေရာနဲ့သူပြန်ထည့်ကာ ဆေးဘူးကိုကိုင်၍

သူ့ကိုတံခါးဘက်ညွှန်ပြ၍

“ဒို့က ဒို့ကိစ္စဒို့တာဝန်ယူပေးလိုက်ပြီမို့

ကျန်တာတော့မဆိုင်တော့ဘူးနော်

ဒီကိစ္စတွေမှာ မင်းရောဒို့ရော နစ်နာသူ

ဖြစ်ခဲ့တာမို့ ဘယ်သူသာတယ် ဘယ်သူနာတယ် မတွေးပဲနဲ့အေးဆေးနေရအောင်....."

အနုနည်းနဲ့နှင်ထုတ်နေပြီမို့ သာလဲ

သူမအိမ်ထဲကနေထွက်လာခဲ့လိုက်သည်။

ဘယ်သူကရော အဲ့အိမ်ထဲမှာကြာကြာ

နေချင်နေလို့လဲ??

🏠🏠🏠🏠

သာ သူမနဲ့တရင်းတနှီးစကားပြောချင်ပေမဲ့

သူနေတဲ့တစ်ပတ်အတွင်း သူမကမနက်ခင်း

၅နာရီထဲကထွက်သွားပြီးဆိုင်သိမ်းပြန်လာချိန်ဟာ ညနေ၅နာရီအထိရှိတတ်၏။

ထို့ကြောင့် နှစ်ယောက်သားမိတ်ဖြစ်ဆွေဖြစ်

စကားပြောရတယ်ဆိုတာရှားသည်။

သူမကအိမ်ထဲရောက်တာနဲ့ သူ့ဘက်ကတံခါးကို တန်းပြီးပိတ်တတ်တာမို့ တစ်ခြံထဲ

သူပဲရှိနေသလိုခံစားရတတ်၏။

သို့ပေမဲ့ သိပ်ပြီး‌တွေးချိန်မရှိတာဟာ

သူလဲ သူ့ရဲ့gymရုံအတွက်လည်ပတ်နေရလို့ဖြစ်သည်။

gymနဲ့ဒီအိမ်နဲ့ဟာတော်တော်ကိုဝေးလှတာမို့

သူလဲသွားရတာအဆင်မပြေ!!

ထို့ကြောင့် သူတွေးမိတာဟာ သူဟာသူ့ရဲ့

ဖောက်သည်တွေကိုအကူအညီတောင်းပြီး

အခုအိမ်အသစ်မှာလာကစားပေးဖို့ပဲ

တောင်းဆိုရမည်။

ဒါဆို ဒီရပ်ကွက်ကလူတွေအတွက်လဲ

gymဆော့စရာနေရာရှိသွားပြီမို့ ကျန်းမာတဲ့

ရပ်ကွက်တစ်ခုဖြစ်လာမယ်ဆိုတာ

သူအာမခံ၏။

.....

အရင် gymရုံတစ်ရုံလုံးရှင်းပြီး ပစ္စည်းတွေကို

ဒီကိုသယ်လာရတာမို့ တစ်နေကုန်အချိန်ကုန်ကာ သူလာတဲ့အချိန် ၅နာရီကြီးကိုခြံတံခါးက

သော့ခတ်ထားလေပြီ!!

ခြံတံခါးသော့ကသူ့ဆီမှာလဲပွားထားပေမဲ့

သတိမေ့ပြီးယူမလာခဲ့တာမို့ ယခုနေအိမ်ထဲက

သူမကိုသာ ခေါ်ရပေမည်။

“ခါး..…ခါး....."

မရင်းနှီးသေးတာမို့ နာမည်အပြည့်အစုံတော့မသိ!!

ခါး ဆို‌တာတော့သိထားသည်မို့

သူအော်ခေါ်တဲ့အခါ အထဲကနေသူမက

ထွက်လာလေ၏။

“ဘာလို့သော့ခတ်ထားတာလဲ??....."

“ခတ်ထားတော့ဘာဖြစ်လဲ ကိုယ့်အိမ်နဲ့ကိုယ်

ခတ်ချင်တိုင်းခတ်လို့မရဘူးလား မင်းကိုလဲ

သော့တစ်စုံပေးထားတာပဲကို....”

ကပ်တွက်ပြီးမပြောချင်တော့တာမို့

သာပဲစိတ်လျော့လိုက်ရကာ

“ဟုတ်တယ် မပါလို့ခင်ဗျားပဲဖွင့်ပေး....."

ခါး မျက်စောင်းတထိုးထိုးနဲ့ပဲသူ့ကို

ခြံတံခါးဖွင့်ပေးလိုက်တဲ့အခါ အထဲကို

ခပ်သုတ်သုတ်ဝင်ရင်းမှ သူ့ဘက်ကအိမ်ထဲ

ပြေးဝင်သွားလေသည်။

ခါး ခြံသော့ပြန်ခတ်ရန်ပြင်တော့ သူက

အမြန်ပြန်ထွက်လာကာ တံခါးကိုအဆုံးထိ

တွန်းဖွင့်လိုက်ရင်းမှ

“မပိတ်နဲ့အုံး ကျွန်တော့ရဲ့gymရုံက

ပစ္စည်းတွေအခုလာတော့မှာ....”

“ဟင် ဒီကိုလာမှာလား???...."

“ဟုတ်တယ်လေ ကျွန်တော်ဒီမှာ

gymဖွင့်မှာ.....”

“အို ဒို့လက်မခံပါဘူး ရှုပ်ရှုပ်ရှက်ရှက်တွေ

မကြိုက်လို့ အေးဆေးနေနေတာ

ခြံထဲကိုလူတွေဝင်ထွက်သွားလာနဲ့

ရှုပ်ရှက်ခတ်နေမှာကို မကြိုက်ဘူး.....”

“မကြိုက်ရအောင်ကျုပ်ကအပျော်

လုပ်နေတာမဟုတ်ဘူး စီးပွားရေးလုပ်မှာမို့

ခင်ဗျားမကြိုက်ရင်တော့ ဆောရီးလို့ပဲ

ပြောနိုင်တော့မယ်.....”

ခပ်တည်တည်ပြန်ချေပတဲ့သူ့မျက်နှာကို

ခါးဟာ လက်နဲ့သာကုတ်ခြစ်ပြစ်ချင်မိသည်။

ဘယ်လိုတွေရှုပ်ရှက်ခတ်လာအုံးမလဲဆိုတာ

တွေးတောင်မတွေးချင်ဝောာ့ပေ!!

« ရှေ့အခန်း - အပိုင်း၄ နောက်အခန်း - အပိုင်း၆ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ