Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၄

သူ့ဘော်ဒါတွေအကုန်လုံးဝိုင်းဝန်းပြီး

နေရာချပေးသွားတာမို့ အကုန်လုံးအဆင်ပြေပြေနဲ့ပြီးဆုံးသွားပေမဲ့ တစ်ရက်သာကုန်ဆုံးသွားတယ် တိုတိုထွာထွာနေရာချတာကမပြီး!!

အိမ်ပိုင်ရှင်မရှိလို့တော်သေးလေသည်။

မဟုတ်ရင် သူ့ရဲ့ပစ္စည်း‌တွေမြင်ပြီးလန့်မှာ

မလွဲမသွေ!!

ဒါတောင် သူ့ရဲ့gymပစ္စည်းတွေမပါသေး....၊

နောက်မှနေရာအတည်အကျဖြစ်ရင်

ဒီကိုရွှေ့လာဖို့စဉ်းစားထား၏။

ဖာတွေနဲ့အစီအရီထည့်ထားတာမို့ အဲ့ထဲက

တိုတိုထွာထွာတွေထုတ်ရတာတင် အချိန်က

တော်တော်ကြာနေလေပြီ!!

သူလဲတစ်နေကုန်မနားရသေးသလို

အခုတောင် ည၇နာရီကထိုးနေသည်။

မှောင်စပြုလာပေမဲ့ မီးရနေတဲ့အိမ်ကြောင့်

လင်းလင်းထိန်ထိန်တော့ရှိလေသည်။

ထမင်းလဲမစားရသေးသလို အကုန်ပြီးရင်

အပြင်ထွက်ပြီးတစ်ခုခုစားချင်ပြီမို့

သူအမြန်နေရာချကာ ‌ဖာတွေကိုသေချာ

စီရီနေတာဖြစ်၏။

တစ်ယောက်ထဲနေတာပေမဲ့အ်မ်ပြောင်းရတာ

မလွယ်ကြောင်း သူဟာပထမအခေါက်ထဲက

သိထားလေသည်။

ဖျက်.….

“ဟာ သေစမ်းကွာ မီးပျက်သွားပြီ....."

သူသတိမေ့နေတာကတစ်ခုက ဒါဟာ

သူ့အရင်အိမ်မဟုတ်ဘူးဆိုတာပါပဲ!!

ဟိုမှာတုန်းကမီးပျက်ရင်တောင် inverter နဲ့

တစ်ခါထဲချိတ်ဆက်ပြီးသားမို့ မီးကတစ်နေကုန်ရနေတတ်တာမျိုး!

အခုဝောာ့ တစ်အိမ်လုံးမှောင်မှဲကျသွားသည်မို့

သာ စိတ်ပျက်လက်ပျက်ညည်းညူရင်း

ဖုန်းကိုစမ်းကြည့်တဲ့အခါမှာ သူအစောက

ကောင်းကြီးနဲ့ဖုန်းဆက်ပြီး အရှေ့နားက

စားပွဲခုံမှာထားခဲ့တာကိုသတိရ၏။

နှစ်ခါစိတ်ညစ်မိရင်းမှ အမှောင်ထဲ

စမ်းတဝါးဝါးသွားတဲ့အခါ အသေအချာ

နေရာတကျမဖြစ်သေးတဲ့သူ့ရဲ့ပစ္စည်းတွေနဲ့ကိုပြန်ပြီးခလုတ်တိုက်မိလေသည်။

စမ်းတဝါးဝါးသွားရင်းနဲ့နောက်ဆုံးတော့

စားပွဲခုံက်ုစမ်းမိတာမို့ အဲ့ပေါ်မှာရှိနေမဲ့သူ့ရဲ့

ဖုန်းကို လက်နဲ့စမ်းယူကာ ဖွင့်လိုက်၍

မီးထွန်းလိုက်ကာမှအဆင်ပြေသွားခဲ့၏။

“မီးကလဲကွာ ဒီအချိန်ကျမှ....."

စိတ်ပျက်လက်ပျက်ညည်းညူရင်းအစောက

တို့လို့တန်းလန်းလေးကိုအမြန်အပြီးသတ်ကာ

အပြင်မှာတစ်ခုခုသွားစားတော့မည်

ဆုံးဖြတ်လိုက်သည်။

သာ ကိုယ့်အတွေးနဲ့ကိုယ်မို့ ခြံတံခါးဖွင့်ပြီး

ဝင်လာပြီဖြစ်တဲ့ ရင်တထိတ်ထိတ်နဲ့ခါးကို

သတိမထားမိ!

ကိုယ့်အာရုံနဲ့ကိုယ်မြန်မြန်အပြီးသတ်ကာ

ကျန်တာကိုနောက်မှဆက်ရှင်းမည်အတွေးနှင့်

ဖုန်းမီးလေးကိုင်ရက်သားနဲ့ အိမ်ထဲက

ထွက်ရန်တံခါးအဖွင့်

“အ‌မလေး သူခိုး သူခိုး ခါးအိမ်မှာသူခိုးကြီး...."

အလိုလိုနေရင်းသူခိုးဖြစ်သွားတာမို့

သူလဲထိတ်လန့်သွားတာမို့ အရှေ့က

မိန်းမရဲ့မျက်နှာကိုမီးနဲ့ကြည့်ရန်ပြင်လိုက်ပေမဲ့ ဘယ်ချိန်ထဲကလက်ရွယ်ထားတယ်

မသိတဲ့ထိုမိန်းမက သူ့ခေါင်းကိုမှထိထိမိမိ

ရိုက်ချလိုက်တာမို့ ပူထူသွားရလေ၏။

“အား ကျစ် သေပါပြီ.....”

ညည်းညူသံကြားတာနဲ့တစ်ပြိုင်နက်

ခါးလဲပြစ်လဲကျသွားတဲ့သူ့မျက်နှာကို

ဖုန်းမီးနဲ့ထိုးကြည့်တဲ့အခါ ရုတ်တရက်တော့

မှင်သက်သွားမိလေသည်။

ဘယ်သူခိုးကဒီလောက်ထိများချောနိုင်သလဲပေါ့!!

သို့ပေမဲ့ ကြာကြာတွေးချိန်မရပဲနဲ့

ခါး ပြစ်လဲကျနေတဲ့ထိုလူကိုကြည့်ကာဖြင့်

ဘာဆက်လုပ်ရမှန်းမသိ!!

သူက လဲကျကာ ညည်းညူနေတာမို့

‌သူခိုး‌ သူခိုးအော်စရာတော့မလို!!

ဒါဆိုဘာဆက်လုပ်သင့်လဲ? မတော်လို့

သူပြန်ထလာတဲ့အချိန် ခါးကိုအန္တရာယ်ပြုပြီး ထွက်ပြေးသွားရင်ရော....၊

အတွေးတွေနဲ့ရှုက်ယှက်ခတ်နေတဲ့ခါး

သတိမထားမိခင် ထလာပြီဖြစ်တဲ့သာက

ခါးလက်ထဲရှိနေတဲ့တုတ်ကိုဆွဲယူကာ

အဝေးကိုလွှင့်ပြစ်၍ မူးဝေသွားတဲ့ခေါင်းကို

ဖိကိုင်ထားလျက်သားဖြင့်

“နေပါဦး ကျုပ်ကိုသူခိုးစွတ်စွဲပြီး

ရိုက်ရအောင်ခင်ဗျားကဘယ်သူမို့လို့လဲ??....."

သာ ရုတ်တရက်စိတ်လဲတိုသွားတာမို့

ခပ်မာမာအသံနဲ့မေးလိုက်တော့ မျက်နှာကို

သဲသဲကွဲကွဲမမြင်ရသေးတဲ့သူမက ဖုန်းမီးနဲ့

သူ့မျက်နှာကိုအတင်းထိုးကြည့်ကာဖြင့်

“အောင်မာ သူခိုးကများလူဟစ်လို့

မင်းလိုလူမျိုးက လူသူမရှိတဲ့အချိန်

သော့ဖျက် သူများအိမ်ထဲဝင်လာပြီးတော့

ဟင်....."

ရုတ်တရက် ရန်ပွဲကိုငြှိမ်းသက်လိုက်တာက

ဖျက်ခနဲပြန်လာတဲ့မီးကြောင့်!!

ခါးရဲ့အကြည့်တွေကသူ့ကိုကျော်ကာ

နောက်မှာနေရာတကျရှိနေပြီဖြစ်တဲ့

ပစ္စည်းအများအပြားဆီကိုရောက်သွားချိန်

မှင်သက်သွားမိသလို တဆက်တည်း

ဒေါသကပါငယ်ထိပ်ရောက်သွားတာမို့

လက်ထဲကဖုန်းကိုလွှတ်ချကာ ဗလဝောာင့်တောင့်ဖြစ်နေတဲ့သူ့ရဲ့ရင်အုပ်ကို သတိမထားမိခင် အရှိန်ပြင်းပြင်းပြေးထုရင်းမှ

“သူခိုးကများ ငါ့မိဘတွေအိမ်ကို

ပိုင်ဆိုးပိုင်နင်းတက်နေတာတဲ့တော်

ငါမရှိတဲ့နှစ်ရက်အတွင်းမှာ ငါ့မိဘတွေရဲ့

အိမ်ကသူခိုးရဲ့လက်ထဲမှာ....အာ့...”

စိတ်တိုတိုနဲ့ပြောကာဖြင့် သူ့ရင်ဘတ်ကိုလဲ

အမှတိတမဲ့ပင်စိတ်တိုတိုနဲ့တဘုန်းဘုန်း

ဆက်တိုက်ထုနေတဲ့အခါမှာ ရိုက်ခံရလိုက်

သူခိုးခေါ်ခံရလိုက်ဖြစ်နေရတဲ့သာဟာ

စိတ်မထိန်းနိုင်ပဲ သူမလက်တွေကိုဆွဲချုပ်ကာ

နောက်မှာနီးနီးလေးရှိနေတဲ့တံခါးဘောင်နဲ့

သူမကျောပြင်ကိုခပ်ပြင်းပြင်းဖိကပ်လိုက်၏။

နာသွားမယ်ဆိုတာသိပေမဲ့ တမင်ပင်

နာအောင်လုပ်တာမို့ သူမဆီကညည်းညူသံ

ကြားသွားရတဲ့အခါမှ သူ့စိတ်ထဲနည်းနည်း

ပြေလျော့သွားလေသည်။

“ဒီမှာ ခင်ဗျားလွန်နေပြီနော်....."

“လွန်တော့ဘာဖြစ်လဲ ငါကဒီအိမ်ရဲ့

လက်ရှိပိုင်ရှင်ပဲ မင်းကငါ့ခွင့်ပြုချက်

မရှိပဲနဲ့ ငါ့အိမ်မှာပိုင်ဆိုးပိုင်နင်း‌တက်နေတာ

သူခိုးပဲပေါ့....”

အခုမှသာလဲ ငြိမ်ကျသွားရင်းမှ

သူမကိုစေ့စေ့ကြည့်မိလေ၏။

တီရှပ်အင်္ကျီကိုယ်ကျပ်နဲ့အောက်က

ထမိန်ကိုတွဲဖက်ဝတ်ဆင်ထားတဲ့ ကိုယ်လုံးလှလှနဲ့အမျိုးသမီးဆီက မွှေးပျံ့တဲ့ကိုယ်ရနံ့ကိုရနေလေသည်။

ရုပ်ရည်က ချစ်စရာထက်တည်ငြိမ်တဲ့ဘက်ကိုပိုသွားကာ အေးချမ်းတဲ့အလှမျိုးတော့

ရှိလေ၏။

ကိုယ်လုံးကသေးသေးမို့သူအခုလို

ဖိချုပ်ထားချိန် သူ့ရဲ့ဗလတွေကြားမှာ

သူမဟာ သေးနုပ်ပျောက်ကွယ်တော့မတတ်!!

မျက်ခုံးတွေကျုံ့ရင်းမှ ကြောက်စိတ်နဲ့

မကျေနပ်စိတ်တွေရောပြွန်းနေတဲ့ သူမရဲ့

မျက်ဝန်းတွေကိုမြင်လိုက်ချိန် သာ

သတိဝင်ရင်းမှ သူမလက်တွေကိုဖြေလွှတ်ကာ

နာနေဆဲခေါင်းကိုအသာဖိကိုင်ထားကာဖြင့်

“ခင်ဗျားကအိမ်ရှင်ဆိုပေမဲ့ ကျုပ်ကလဲ

ခင်ဗျားကို‌ပိုက်ဆံပေးပြီး အိမ်ငှားထားတဲ့လူလေဗျာ ခင်ဗျားကိုယ်တိုင်ပြောင်းလာလို့

ရပြီဆိုပြီးသဘောတူလို့ ပြောင်းလာတဲ့လူကို

ရိုက်နှက်လိုက် သူခိုးခေါ်လိုက်နဲ့ကျတော့

ခင်ဗျားလိုအိမ်ရှင်ဘက်က နည်းနည်းတော့

ရိုင်းရာမကျဘူးလား??.....”

ကြားလိုက်ရတဲ့စကားကြောင့်ခါးဟာ

ကိုယ့်နားကိုယ်မယုံနိုင်!!

တစ်ခါမှမတွေ့မမြင်ဖူးတဲ့လူကို

ခါးကပြောင်းပါရွှေ့ပါဆိုပြီးသဘောတူလို့

သူကလာနေတာတဲ့!!

“မဖြစ်နိုင်တာ ရှင်လိမ်နေတာ....

ကျွန်မကရှင့်ကိုဘာကိစ္စအဲ့လိုမျိုး

ပြောရမှာလဲ?? ကျွန်မဘက်ကအိမ်ကိုလုံးဝ

မငှားဘူးဆိုပြီး မယုကို ဟင် မယု မယုလား??

ရှင့်ကိုဒီအိမ်မှာနေဖို့လုပ်ပေးတာမယုလား??...."

အခုမှသတိဝင်သွားသလိုမေးလိုက်တော့

အရှေ့ကကောင်လေးက မျက်နှာမာမာနဲ့

ခေါင်းညိမ့်ပြကာဖြင့်

“ဟုတ်တယ်လေ ခင်ဗျားပဲသဘောတူလို့

အိမ်ကြည့်မဲ့နေ့က သော့ပေးလိုက်ပြီးတော့

အခုမှမသိသလိုပုံလုပ်နေတာ နည်းနည်း

ရုပ်ပေါက်တယ်....."

သူပြောတာတွေဆက်စပ်တွေးကြည့်တော့မှ

ခါးဟာ အခြေအနေကိုသဘောပေါက်ကာ

မျက်ဝန်းတွေတင်းမာသွားလျက်သားဖြင့်

ပြုတ်ကျသွားတဲ့ဖုန်းကိုကောက်ယူ၍

မယုကိုဖုန်းဆက်လိုက်သည်။

“ဟယ်လို မယု....အခုချက်ချင်းခါးအိမ်ကို

လာခဲ့ပါ....."

အသံမာမာနဲ့ဖုန်းဆက်ပြီးတာနဲ့

သူ့ကိုတစ်ချက် ဆတ်ခနဲကြည့်သွားကာ

အနားကထွက်သွားတာမို့ နာကျင်ရက်

တန်းလန်းနဲ့သာ အံတကြိတ်ကြိတ်

ဖြစ်သွားရလေ၏။

သူတော့ဘယ်လိုအခြေအနေမျိုးနဲ့များ

လာကြုံရသလဲ??

🏠🏠🏠🏠

မယုကခါးရှေ့မှာခပ်ရို့ရို့လေးထိုင်ရင်းမှ

သူ့အပြစ်သူသိတာမို့ မျက်နှာမမော့ရဲပေ!!

ဟိုလူကတော့ဟိုဘက်မှာဘာဖြစ်နေမယ်

မသိပေမဲ့ ခါးကတော့ဒီဘက်မှာဒေါသတွေ

ငယ်ထိပ်ရောက်နေလေပြီ!!

“ပြောပါဦးမယု ခါးမရှိတဲ့ရက်‌တွေမှာ

အခြေအနေတွေဘယ်လိုဖြစ်သွားတာလဲ??....."

သူ့အိမ်မဟုတ်ပဲနဲ့လိုချင်တာတွေ

ဆွဲလုပ်သွားပေမဲ့လဲ မယုဟာ

ဟိုကထဲက ခါးကိုခင်တာမို့ကိုယ့်အစ်မလို

သဘောထားဝာာ ပြစ်ပြစ်ခါခါတော့

မပြောရက်နိုင်!! ဒါကြောင့်ပြောချင်နေတဲ့

ပါးစပ်ကိုပြန်ထိန်းသိမ်းရင်းမှအေးအေးလူလူ

မေးလိုက်တော့ မယုကသူဘာမှမသိပါဘူး

ဆိုပုံနဲ့မျက်နှာကိုငယ်ချထားကာ

“အဲ့နေ့ကခါးကိုအစ်မမေးတယ်လေ

ခါးကမငှားချင်ဘူးလို့ပြောပြီး စဉ်းစားပြီးမှ

ငှားမယ်ဆိုတာအစ်မကိုပြန်ပြောတာလေ

ဒါကြောင့်အစ်မက ခါးလဲအဖော်ရှိအောင်

စေတနာနဲ့ပါ....."

“ဘာစေတနာလဲ? ခါး မယုကိုအဲ့နေ့ထဲက

မငှားပါဘူးပြောပြီးသားကို မယုရဲ့နားက

မကြားတာလား??....."

‌ဖျက်ခနဲပြောမိပြီးမှ အကြားအာရုံ

ချွို့ယွင်းနေတဲ့မယုကိုသတိရကာ

စကားလွန်သွားပြီမှန်းသိလိုက်ရသည်။

“ဟုတ်ပါတယ် အစ်မမှားတာပါ အဲ့နေ့က

အစ်မနားထဲ ခါးကသဘောတူလိုက်တယ်ပဲ

ထင်လို့ အားလုံးအစ်မအမှားတွေပါနော်

ခါး ခွင့်လွှတ်ပါ.....”

ကျစ်!! ကိုယ်ကဘာမှမပြောရသေးခင်

သူကဦးအောင်တောင်းပန်တာမို့ ခါးဘက်က

ဘာပြောရမှန်းတောင်မသိ!!

“အဲ့ဝာာကထားလိုက်ပါ အဓိကက

မယုဘာလို့ခါးကိုလိမ်တာလဲ?? မယု

ခရီးသွားစရာရှိလို့ ဆိုင်ကယ်ထားမယ်

ခြံသော့လာယူပြီး ညနေမသွားဖြစ်လို့

ဆိုင်ကယ်ကိုလာပြန်သိမ်းသွားတာက

ခါးဘက်ကသဘောရိုးထင်ပေမဲ့ မယုက

အဲ့အချိန်အကြီးဆုံးကိစ္စကိုလိုက်လုပ်ပြီပေါ့

ခါးကမယုကိုကိုယ့်မိသားစုဝင်လိုပဲ

သဘောထားထားတဲ့ဟာကို....."

“ဟုတ်ပါတယ် အစ်မအဲ့နေ့ကဘယ်လို

တောင်းရင်ကောင်းမလဲမသိလို့ပါ

ခါးဆီကအမှန်အတိုင်းပြောတောင်းရင်လဲ

ခါးကပေးမှာမဟုတ်လို့လေ....ဒါကြောင့်မို့ပါ...."

“ကျစ် ခါးသဘောမတူမှန်းသိရက်နဲ့ကို

ကိစ္စတွေကိုအကြီးကြီးထိ မယုလုပ်လိုက်တာ

ခါးအခုဘယ်လောက်စိတ်ရှုပ်ရလဲသိရဲ့လား??...”

တိတ်သွားပေမဲ့ မယုစိတ်ထဲတော့

အပြစ်ရှိသလိုမခံစားရပေ!!

ကိုယ်ကသူအဖော်ရအောင်လုပ်ပေးတာ

ဒါ့ထက် ကိုယ့်အတွက်လဲကိုယ်ရှာလိုက်ပြီမို့

ယခုနေ ခါးဘက်ကအပြစ်တင်တောင်

ဒီတစ်ခေါက်ကိစ္စမှာ သူမဘက်ကအရမ်း

တန်နေပါပြီ....။

“အစ်မ သိပါတယ်....."

“သိတာကိုမလိုချင်ဘူး ခါးကမယုကို

ယုံလွန်းလို့ ခရီးသွားတောင်သော့ပေးခဲ့တာ

အခုမှမဟုတ်ဘူး ဟိုကထဲက အဒေါ်ရောခါးရော မယုကိုမိသားစုလိုယုံလို့ အိမ်ကိစ္စ

အတွင်းကိစ္စအကုန်မယုကို တိုင်ပင်တာ

ဒါကြောင့် ဒီတစ်ခေါက်လဲမယုကိုယုံပြီး

ခါး သော့ထားခဲ့မိတာ အဲ့ဒါကပဲမယုကို

ပိုပြီးအားရှိ‌သွားစေတယ်ထင်တယ် ဟုတ်လား??...."

အမှန်လဲဟုတ်ပါသည်။

စာချုပ်ချုပ်ပြီးသွားပေမဲ့ တက်မနေရသေးတော့ တစ်ဖက်ကလူတွေကိုအားနာမိ၏။

ဒါကြောင့် ဘာလုပ်ရင်ကောင်းမလဲ

စဉ်းစားတုန်း ခါးကထုံးစံအတိုင်းသူမရဲ့

ဆိုင်အတွက်ပစ္စည်းဝယ်ထည့်ဖို့ရန်ကုန်

သွားမည်ဆိုသောကြောင့် သူမအတွက်

အခွင့်အရေးရလာခဲ့သည်။

တစ်ဖက်ကမောင်လေးတွေကိုဆက်သွယ်ရင်း

အိမ်ကိုပြောင်းလို့ရပြီဆိုတာ အားချင်း

အကြောင်းကြားတာနဲ့ တစ်ဖက်ကလဲ

ဘယ်လောက်ပြောင်းချင်နေသည်မသိပဲ

ချက်ချင်းကိုရောက်ချလာ၏။

ခါးကအမြဲတမ်းနှစ်ရက်လောက်

အချိန်ကုန်နေကြမို့ သူမလဲစိတ်အေးလက်အေး အချိန်ပေးကာ ခြံသော့ကိုတော့

သူမဆီမှာပဲ ရိုးရာမပျက်ယူထားလိုက်သည်။

ကောင်လေးက သူ့ဆီပါလာတဲ့

သော့အပိုနဲ့ခတ်မည်ဆိုတာကြောင့်ပါ!!

အားလုံးအိုကေသွားပြီမို့ ခါးပြန်လာရင်

ဒီလိုကြုံရမယ်သိပေမဲ့ ပိုက်ဆံကလက်ထဲ

ရောက်ပြီးပြီမို့ ထွေထွေထူးထူးတော့

တွေးပူစရာမရှိ!!

အခုလဲ ခါးကသူမကိုစေ့စေ့ကြည့်ရင်းမှ

လက်ကိုဆွဲခေါ်ကာ ဟိုဘက်အိမ်ကို

ကူးလာခဲ့၏။

ခါးရိုက်လို့ခေါင်းထိသွားတဲ့သူကတော့

ဒဏ်ရာကိုဖိကိုင်ထားဆဲနဲ့ဖုန်းပြောနေကာ

ခါးတို့ကိုလဲမြင်ရော ဖုန်းချလိုက်လေသည်။

ခါး မယုကိုပါခါးဘေးဆွဲခေါ်ကာ

ရှေ့ကနစ်နာသူကိုပြန်ကြည့်ကာဖြင့်

“ဒီမှာ မင်းကိုတော့တောင်းပန်ပေမဲ့

အိမ်ငှားခပိုက်ဆံဘာညာက ငါ့ဆီ

မရောက်သေးတဲ့အတွက် အားနာနာနဲ့ပဲ

မယုရှေ့မှာ မင်းကိုနှင်ထုတ်ပါရစေ....

ဒီအိမ်မှာဘယ်လိုလူမျိုးကိုမှဆက်ပြီး

လက်မခံတော့ဘူးမို့ မင်းမနက်ဖြန်

ဒီအိမ်ပေါ်ကဆင်းပေးပါ.....”

ခါးပြောဝောာ့ ကောင်လေးမျက်နှာ

တင်းခနဲနေကာ အံကြိတ်လိုက်ရင်းမှ

ခုံကထရပ်၍ ခါးရှေ့ကိုတရွေ့ရွေ့

လျှောက်လာလေ၏။

လူက နောက်ကိုခြေလှမ်းမဆုတ်မိအောင်

ကြိုးစားတော့ အရပ်မြင့်မြင့်ဗလတောင့်တောင့်နဲ့သူက ခါးကိုငုံ့မိုးကြည့်ကာဖြင့်

“တစ်နှစ်စာချုပ်ချုပ်ထားပြီးတာတောင်

ကျုပ်ကိုအိမ်ပေါ်ကဆင်းခိုင်းနေတာဆိုတော့

ခင်ဗျားက အဖမ်းခံချင်လို့လား??

သာမညဆိုတဲ့ကျုပ်ကိုမလှိမ့်တပတ်လုပ်လို့

ရမယ်မထင်နဲ့နော် စာချုပ်နဲ့တကွ

ခင်ဗျားတို့နှစ်ယောက်ကို အရေးယူလိုက်မယ်

အော် ပြီးတော့ ကိုယ်ထိလက်ရောက်

ကျူးလွန်မှုနဲ့လဲ ပြစ်မှုကိုတိုးပြစ်မှာ....”

သူ့ပြောစကားတွေကြားလေ မယုကို

စိတ်တိုလေမို့ ပြင်းထန်နေတဲ့ခါးရဲ့

မျက်ဝန်းနဲ့ သူ့မျက်ဝန်းတို့ထိပ်တိုက်

ဆုံနေတဲ့အခါမှာတော့

« ရှေ့အခန်း - အပိုင်း၃ နောက်အခန်း - အပိုင်း၅ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ