Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၃

“မသန်းဆင့်ကြီးသေသွားတာလဲ

တမျိုးကောင်းတာပဲနှော့...အမြဲတမ်း

သူများအပူစာကိုစားနေတဲ့အဲ့မိန်းမကြီး

အခုလိုစောစောသေသွားတော့လဲ

မရှိတဲ့လူတွေအဖို့ကတော့ တကယ့်

မင်္ဂလာပဲပေါ့......”

“ဒါတော့ဒါပေါ့ ဒါပေမဲ့ ငါတို့လို

လူတွေကလဲလိုအပ်လို့သူ့ဆီက

ယူထားတာပဲမဟုတ်လား?? သူအတိုးစားတယ်ဆိုပေမဲ့ တို့ဘက်ကကြည်ဖြူလို့

သူလဲအတိုးပိုက်ဆံကိုယူထားတာလေ

အဲ့လိုတစ်ဖက်သတ်လဲပြောလို့မရဘူး....."

“သိပါတယ်အေ့ သိပါတယ် ငါတို့ယူလို့

သူပေးတယ်ဆိုတာမှန်ပေမဲ့ လူရယ်လို့

ဖြစ်လာရင်တော့ စာနာစိတ်နဲ့ကိုယ်ချင်းစာစိတ်ရှိရမှာပဲပေါ့ အခုလိုတစ်ဖက်သတ်ကြီး

သူများဒုက္ခကိုထည့်မတွေးပေးလို့တော့ ရမလား?? နဂိုကမှမရှိလို့ သူ့ဆီကအတိုးနဲ့

ယူပါတယ်ဆိုမှ မပေးနိုင်သေးဘူးဆိုရင်

တစ်ရက်တစ်မနက်တော့လျော်ပေးနိုင်ရမှာပေါ့ မဟုတ်ဘူးလား??...."

သူပြောတာလဲဟုတ်နေတာပဲမို့ မဝင်းခိုင်

ညိမ်ကျသွားမိလေသည်။

မရှိလို့အတိုးနဲ့ဆွဲမိဆွဲရာဆွဲမိတဲ့လူတွေကို

လူဘုံလယ်အရှက်ခွဲပြီး အတိုးကိုမရရအောင် တောင်းတတ်တဲ့ မသန်းဆင့်ဟာ ဈေးထဲမှာ

နာမည်ကြီးလေ၏။

ကောင်းတဲ့အကြောင်းနဲ့တော့မဟုတ်ပေ!

သူ့ရဲ့မကောင်းသတင်း မောက်မာတဲ့

သတင်းများသာနာမည်ကြီးလေသည်။

“သူ့တူမလေးက မသန်းဆင့်နဲ့တစ်အိမ်ထဲ

နေပေမဲ့ စရိုက်ကတော့ တော်တော်ကွာခြားတယ်နော် သူ့အဒေါ်လိုမဟုတ်ပဲ ရည်ရည်မွန်မွန်လေးရှိတယ် အတိုးပေးစရာမရှိဘူးဆိုပြီး

တောင်းပန်ရင် သူကစာနာပေးတတ်တယ်....

အဒေါ်နဲ့များတော့ကွာပနော်....."

“အဲ့တာတော့ဟုတ်တယ်နော် ခါးလေးက

ဘာပဲဖြစ်ဖြစ်တော်ပါတယ် ပတ်ဝန်းကျင်နဲ့

တည့်တယ် မသန်းဆင့်အသုဘတောင်

ငါတို့က ခါးမျက်နှာနဲ့သွားတာ မဟုတ်ရင်

အဲ့မိန်းမအသုဘသွားတောင်မသွားနေဘူး...."

တစ်ချိန်တစ်ခါအဆင်မပြေတုန်းက

မသန်းဆင့်နဲ့သူမ နှောင်ချိန်ချဖူးတာမို့

မခင်အေးကတော့ ပြေလည်စရာ

စကားတစ်ခွန်းမှမပြောမိပေ!!

“ကဲပါအစ်မရယ် သေတဲ့လူလဲ

သေပြီးနေပါပြီ အစ်မအခုလိုပြောနေလဲ

ငရဲကြီးရုံအပြင်ဘာမှရမှာမဟုတ်ဘူး

ပြီးတာတွေကိုထားလိုက်ပါတော့....."

“အေးပါ သိပါတယ် ဒါပေမဲ့ အဲ့မိန်းမကိုငါက

ဘယ်လိုမှကိုချစ်တဲ့မျက်စိနဲ့ကြည့်လို့

မရတာ.....”

“အစ်မ အစ်မ....."

စိတ်ကြိုက်ပြောဆိုနေပေမဲ့ တူမဖြစ်သူ

ခါးက မခင်အေးတို့ဆိုင်ရှေ့မှာ

ဈေးဝယ်နေတာမို့ ဝင်းခိုင်သတိပေးချိန်

မခင်အေးလဲစကားကြောဖြတ်လိုက်တော့

သတိထားမိဟန်တူတဲ့သူမက

လှည့်ကြည့်လေ၏။

မခင်အေးကဒိုင်ခံပြောနေတာမို့ ပိုပြီး

မျက်နှာပူသွားရကာ မချိပြုံးပြုံးပြလိုက်တဲ့အခါ ခါးကလဲမပွင့်တပွင့်လေးပြန်ပြုံးရင်း

ဈေးခြင်းနဲ့အတူထွက်သွားလေပြီ!!

”အစ်မကလဲ စွတ်ကိုပြောနေတော့တာ

နေ့ပြောနောက်ကြည့် ညပြောအောက်ကြည့်တဲ့ စရိုက်မတူဘူးဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် မသန်းဆင့်ကသူ့အဒေါ်အရင်းဆိုတော့

အခုလိုဘေးပြောဝာာကြိုက်မှာမဟုတ်ဘူး...”

ဝင်းခိုင်‌အပြောကြောင့် မခင်အေးလဲ

အို့တို့အန်းတန်းနှင့်ပင်!!

“သိပါတယ်အေ ဒါပေမဲ့ငါပြောတဲ့ထဲလဲ

မှားတာတစ်ခုမှမပါဘူး သူ့အ‌ဒေါ်အကြောင်း

သူလဲသိမှာပေါ့ ဒါကြောင့်တစ်ခွန်းမှတောင်

ဝင်ပြောသွားတာမှမဟုတ်တာ....."

အရှက်ပြေပြောလိုက်ရပေမဲ့ ခါးဟာ

ဘယ်အချိန်ထဲကသူမတို့ပြောတာကို

ကြားနေသည်မသိပေ!!

ထွက်လာမိတဲ့ခါးလဲ အကြောင်းတွေကို

အစဆုံးကြားမိပေမဲ့ အမှန်တရားတွေပဲမို့

ဘာမှမချေပပဲထွက်လာခဲ့လိုက်သည်။

ဟုတ်တယ်လေ ခါးလဲဘာမှမလုပ်တတ်!!

လူဆိုတာကိုယ့်သမိုင်းကိုယ်ရေးခဲ့တာပဲမို့

သေပြီးတာတောင်အဒေါ်ဟာအခုလို

မကောင်းပြောခံရဝာာဟာ သူ့ရဲ့လုပ်ရပ်တွေကြောင့်ပဲဖြစ်လေ၏။

🏠🏠🏠🏠

“အေ အဆင်ပြေတယ်တဲ့လား ကောင်းကြီး...."

အိမ်ရဖို့သူကိုယ်တိုင်လဲရက်ကြာကြာ

စုံစမ်းနေသလို အခုလို ကောင်းကြီးဘက်က

စပြီးဆက်သွယ်လာတော့ သူရင်ထဲ

အပူကျသွားလေသည်။

“အေ ပြေတယ်သားကြီး ဒါပေမဲ့တစ်ခု

ရှိဝာာက အဲ့အိမ်ကခြံတစ်ခုထဲနှစ်အိမ်

ဆက်ဆောက်ထားတာမို့ မင်းနဲ့ဘေးကပ်ရပ်မှာတော့ အိမ်ပိုင်ရှင်နေတယ်တဲ့ကွ

အဆင်ပြေနိုင်ပါ့မလား??....."

နောက်ဆက်တွဲစကားကြောင့် အပျော်က

တစ်ဝက်ပျောက်ဆုံးရလေ၏။

သူဟာရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်ပါဘူး

ဆိုနေမှတစ်ခုပြီးတစ်ခုကို အာရုံနှောက်စရာ

ချည်းပါပဲလား??

“အဲ့လိုကြီးဆိုငါမနေချင်ဘူး....."

“အေသိတယ် အဲ့တာကြောင့်ငါလဲတစ်ခါထဲ

အန်တီယုကိုပြောကြည့်ပေးတော့

ရတယ်တဲ့ အိမ်ပိုင်ရှင်ကတစ်ကိုယ်တည်း

တစ်ကောင်ကြွက်တဲ့.....ဈေးဆိုင်ဖွင့်ထားတော့ တစ်နေကုန်လုံးအိမ်မှာမရှိတာမို့

အဲ့ခြံထဲမှာ မင်းဘက်မင်းအေးဆေးနေလို့

ရတယ်တဲ့ကွ.....”

“ဟုတ်လား ဇယားရှုပ်စရာတော့

သိပ်မရှိဘူးမလား??...."

“မရှိဘူးတဲ့ကွ ဟိုကတို့ထက်အသက်ကြီးကြီး

အမျိုးသမီးတစ်ယောက်အပြင် အနေလဲ

အေးတယ်တဲ့ကွ ဘာပဲဖြစ်ဖြစ် မင်းအဆင်

ပြေမယ်လို့ငါကတော့ထင်တယ်ကွာ.....”

“အေးကွာ မပြောတတ်သေးဘူး

အဲ့တော့ အားလုံးအိုကေရင် ငါတို့တစ်ရက်

အဲ့အိမ်ကိုသွားကြည့်ရအောင် မင်းရဲ့

အန်တီယုကိုတစ်ချက်လောက်ပြောပေးထားလေ ငါတို့ဘယ်နေ့လောက်လာလို့

အဆင်ပြေမလဲဆိုတာ....."

တစ်ဖက်က ကောင်းကြီးလဲ သာပြောတာ

ဟုတ်တာမို့ ခေါင်းညိမ့်လိုက်ကာဖြင့်

“ဟုတ်ပြီ ငါအန်တီယုကိုပြန်မေးပြီးရင်

ငါတို့သွားမဲ့နေ့ကျ လာခေါ်လိုက်မယ်.....”

“အိုကေ......”

🏠🏠🏠🏠

နေရာကိုသိမထားတာမို့ ကောင်းကြီးက

ကားနဲ့လာခေါ်တဲ့နောက် သာတက်လိုက်သွားလိုက်သည်။

သူ့ရဲ့တည်နေရာနဲ့တော်တော်တော့ဝေးတာမို့

အဆင်ပြေ၏။

လောလောဆယ် အိမ်ကဟာတွေနဲ့

ခဏဝေးနေရလေကောင်းလေပါပဲ!!

“ရောက်ပြီလား ဒီခြံလား??....."

ကောင်းကြီး ကားရပ်လိုက်တဲ့ခြံဝန်းက

သေးသေးအပြင် အိမ်ကဖရိုဖရဲမို့

သာ ဟန်မဆောင်နိုင်စွာပင် နှာခေါင်းရှုံ့လိုက်မိတဲ့အဖြစ်!!

ကြီးကျယ်တယ်ပဲဆိုဆို သူဟာအိမ်ငှားပြီး

နေရမယ်ဆိုရင်တောင် သေသေသပ်သပ်

ဖြစ်နေတဲ့အိမ်မျိုးမှာပဲ နေချင်လေသည်။

‌သူငယ်ချင်းဖြစ်သူကလဲသူ့အခြေအနေကို

ရိပ်မိတာမို့ ခပ်သဲ့သဲ့ပြုံးလိုက်ကာ

ဘာမှပြန်မပြောတော့ပဲနဲ့ အိမ်ရှေ့သွားရပ်ကာဖြင့်

“အန်တီယု အန်တီယု......”

“အော် မောင်လေး လာပြီပဲ

အိမ်ထဲဝင်အုံးလေ...."

ကိုယ်ကအန်တီခေါ်ပေမဲ့ သူကမောင်လေးလို့

ပြန်သုံးနှုန်းလိုက်တာမို့ ကောင်းကြီး

သာနဲ့မျက်လုံးချင်းဆုံသွားတဲ့အခါ

အထာသိတဲ့လူအချင်းချင်းမို့ အနည်းငယ်တော့ ပြုံးစေ့စေ့ဖြစ်သွားရလေ၏။

မယုလဲ ကိုယ့်အသိရဲ့သားနဲ့အတူ

ဘေးနားမှာပါလာတဲ့ ခပ်သန့်သန့်လူတစ်ယောက်ကြောင့် မိန်းမပီပီမသိစိတ်ထဲကတော့

နည်းနည်းမရိုးမရွဖြစ်သွားရလေသည်။

“နေပါစေ မဝင်တော့ဘူး အိမ်ငှားမဲ့လူက

ဒီမှာလေ အဲ့ဝာာအိမ်ကြည့်ချင်တယ်ဆိုလို့....”

“အေးပါ အစ်မတို့သွားကြတာပေါ့နော့....”

မယုက ပြုံးပြကာဖြင့်အိမ်ကိုသော့ခတ်၍

ရှေ့ကဦးဆောင်ကာထွက်သွားလေ၏။

ထိုအခါမှ သာ သက်ပြင်းတစ်ချက်နဲ့အတူ

ကိုယ်နေရမဲ့အိမ်ကို စိတ်လှုပ်ရှားစွာနဲ့

လိုက်ကြည့်မိလေသည်။

တော်သေးတာပေါ့ ဒီအိမ်မဟုတ်လို့!!

.....

ခြံကြီးကကျယ်သလို အိမ်ကဆင်တူနှစ်လုံး!!

ပုံစံကအစတူသလို အကျယ်အဝန်းကလဲ

အတူတူပင်ဖြစ်တာမို့ အပြင်ပန်းကကြည့်ရုံနဲ့

သူသဘောတော့ကျမိလေ၏။

“အထဲဝင်ကြည့်လို့မရဘူးလား??...."

ခြံတံခါးကသော့ခတ်ထားတုန်း!!

ကိုယ်ကငှားမဲ့လူမို့ အိမ်ရဲ့အထဲကိုတော့

ထဲထဲဝင်ဝင်ကြည့်ပြီးမှ ဆူံးဖြတ်ချက်

ချချင်လေသည်။

ထို့ကြောင့်မေးလိုက်တော့ အန်တီယုက

မျက်နှာနည်းနည်းတော့ပျက်သွားတာကို

သူဟာခံစားလ်ုကမိလေ၏။

“ရဝာာကရပါတယ် အိမ်ပိုင်ရှင်ညီမက

ဒီနေ့ မောင်လေးတို့လာမယ်မှန်းကြိုမသိထားတော့ သော့ခတ်ပြီးဆိုင်သွားနေလို့ပါ

ဒီနေ့တော့ဒီတိုင်းပဲအပြင်ပန်းကနေ

ကြည့်သွားလိုက်ပါလားဟင်....အစ်မက

နောက်ရက်အဆင်ပြေရင် ဆက်သွယ်ပြီး

အိမ်ထဲကိုပြပေးပါမယ်....."

ဒါဟာအဓိပ္ပါယ်မရှိ!! အိမ်ငှားမဲ့လူကို

အိမ်ထဲကိုပေးမကြည့်ပဲ အလွယ်နည်းနဲ့

ငှားစေချင်နေတာမို့ သာ မျက်ခုံးကျုံ့သွားပေမဲ့ အိမ်ရဲ့ပုံစံလေးနဲ့ခြံဝန်းကိုသူအတော်

သဘောကျသွားတာမို့ ပွဲစားကိုငဲ့ကြည့်ကာ

“ရတယ် ပိုင်ရှင်မလာခင်အထိကျွန်ဝောာ်တို့

စောင့်နေမယ် သူလာမှတစ်ခါထဲဈေးညှိပြီး

ဘယ်နေ့လောက်ရွှေ့လို့ရမလဲဆိုတာပါ

တိုင်ပင်လိုက်မယ်....."

ဒီလိုဆိုမဖြစ် ခါးနဲ့သာထိပ်တိုက်တိုးရင်

မငှားဘူးဆိုတာသူတို့သိသွားမည်။

ထို့ကြောင့် မယုအကြံထုတ်လိုက်ရင်းမှ

“ဒါဆိုဒီလိုလုပ်လိုက်လေ အစ်မက

အခုအိမ်ပိုင်ရှင်ဆီကသော့ကိုသွားတောင်းပေးမယ် ပြီးရင်အိမ်ထဲကိုပြပေးပြီးတော့

မောင်လေးတို့အဆင်ပြေရင်တစ်ခါထဲ

စာချူပ်ပါချုပ်သွားလို့ရတယ်လေ

အစ်မက ကျန်တာအကုန်လုံးတာဝန်ယူပေးထားတာဆိုတော့ အိမ်သော့ကလွဲရင်

ကျန်တဲ့ကိစ္စအကုန်အစ်မကိုအပ်ထားလို့ရတယ်......”

သာ ကောင်းကြီးကိုငဲ့ကြည့်တော့

လုပ်လိုက်ဆိုပုံနဲ့ခေါင်းညိမ့်ပြတာမို့

ဘာမှ‌တွေးမနေပဲနဲ့ခေါင်းညိမ့်လိုက်ကာဖြင့်

“ကောင်းပြီ ကျွန်ဝောာ်တို့ဒီမှာပဲစောင့်မယ်

အစ်မသော့ယူပြီးမြန်မြန်လာခဲ့ပါ.....”

မယုခေါင်းညိမ့်ရင်းမှ ခပ်သွက်သွက်ပင်

ခါးရဲ့ဆိုင်ဆီထွက်လာခဲ့၏။

စိတ်ထဲလဲခါးဆီကအိမ်သော့ကိုဘယ်လို

ယူရင်ကောင်းမလဲစဉ်းစားနေတာမို့

တစ်လမ်းလုံး မယုအတွေးတို့နှင့်ပြည့်နှက်နေရလေသည်။

.......

“ခါးအိမ်ထဲမှာ မယုဆိုင်ကယ်ထားချင်လို့ဟုတ်လား??...."

“ဟုတ်တယ် အစ်မခရီးသွားဖြစ်ရင်

ခြံတံခါးကမလုံတော့ စိတ်မချလို့

အဲ့တာခါးရဲ့အိမ်မှာကျတော့ ခြံကျယ်ကျယ်နဲ့

ခြံတံခါးလဲအလုံ အားလုံးစိတ်ချရတော့

အစ်မအပ်ခဲ့ချင်လို့လေ.....”

“ဒါဆိုလဲခါးပြန်လာမှလာထည့်လိုက်လေ....

နောက်နှစ်နာရီလောက်နေရင်ပဲ ခါးလဲ

အထည်ဆိုင်သိမ်းတော့မဲ့ဟာကို....."

“မရဘူး အစ်မကအခုသွားဖြစ်ရင်လဲသွားဖြစ်မှာ....အဲ့ဝာာကြောင့်မို့ပါ နော် အစ်မခြံထဲပဲ

မြန်မြန်ထည့်ပြီး ခါးကိုသော့လာပြန်ပေးပါ့မယ် ကူညီပါဦးနော်.....”

တောင်းဆိုနေတာမို့ ခါး ခေါင်းညိမ့်ကာ

မတတ်သာတဲ့ပုံနဲ့သော့ထုတ်ပေးတော့

မယုက ပြုံးပြုံးနဲ့ထွက်သွားလေ၏။

သို့ပေမဲ့ ခါးစိတ်ထဲတော့တစ်ခုခုကို

ထင့်နေလေသည်။

.....

“ဒါဆို မောင်လေးတို့သဘောကျတယ်မလား??...."

“အင်း သဘောကျတယ် ခြံဝန်းကျယ်တယ်

အပင်ရိပ်တွေနဲ့ဆိုဝောာ့ သာယာတယ်

အားလုံးအဆင်ပြေတယ်...."

သေချာဝင်ကြည့်ပြီးသဘောကျသွားတာမို့

သာကိုယ်တိုင် သဘောတူတော့ မယုက

ခေါင်းတည်ိမ့်ညိမ့် ကျေနပ်သွားကာဖြင့်

“ဒါဆို မောင်လေးတို့အစ်မအိမ်မှာ

စာချုပ်လိုက်ချုပ်လေ.....ပြီးရင်တော့

ဘယ်နေ့လောက်ပြောင်းလို့ရလဲဆိုတာ

အစ်မကပြန်ဆက်သွယ်ပေးမယ်.....”

......

တစ်ပတ်ခန့်ကြာပြီးနောက်....

ခါး အထည်ဝယ်ဖို့အတွက်နဲ့ရန်ကုန်ကို

တစ်ညအိပ်ခရီးသွားပြီးပြန်အရောက်

မယုအိမ်မှာ အိမ်သော့သွားယူတော့

သူမကိုမခို့တရို့ကြည့်နေတာမို့ လူက

ထူးဆန်းသွားလေ၏။

“အော် ခါးတောင်ပြန်လာပြီပဲ....."

သော့ကိုထုတ်ပေးရင်း ‌ခါးကိုသာ

ဆက်တိုက်ကြည့်နေတာမို့ စိတ်ရှုပ်ရှုပ်နဲ့သာ

သော့ယူရင်းအိမ်ကိုပြန်လာခဲ့သည်။

ညဘက်မို့ ခါး မြန်မြန်ပင်လျှောက်ကာ

အိမ်ရောက်ဝောာ့ ခြံတံခါးကထူးဆန်းစွာ

သော့မခတ်ထားပေ၊ ဒါ့ထက်ပိုထူးဆန်းတာက ခါးရဲ့အိမ်ဘေး ဖေဖေတို့နေခဲ့တဲ့

အိမ်ထဲကနေ အသံတစ်ချို့

ကြားနေရလေ၏။

လူကရင်ထဲဒိန်းခနဲဖြစ်သွားတာမို့

ခြံကျယ်ကြီးထဲမှာဒုတ်တစ်ခုရှာကာ

တဖြေးဖြေးလျှောက်သွားဝောာ့ တံခါးက

ဟ,နေခြင်းနဲ့အတူ အထဲမှာလဲမှိန်ပျပျ

ဖုန်းမီးရောင်ကရှိနေလေသည်။

ခါး ညခင်းမီးမှောင်မှောင်ကြားထဲမှာ

ခပ်လန့်လန့်ပင် အဲ့ဘက်အိမ်ကို

ခပ်တိုးတိုးသွားကြည့်မိ၏။

“အမလေး သူခိုး သူခိုး ခါးအိမ်မှာသူခိုးကြီး......”

“ဒုတ်....အား....ကျစ် သေပါပြီ"

ခြေသံဖွဖွလေးနဲ့လျှောက်ရင်းမှ

ဟနေတဲ့တံခါးကြားကနေချောင်းကြည့်ရန်

ပြင်လိုက်စဉ် အမှောင်ထဲကနေ

တံခါးပွင့်လာခြင်းနဲ့အတူ ထူးဆန်းတဲ့

မျက်နှာရိပ်ကိုအမှောင်ထဲမြင်လိုက်တာမို့

လန့်အော်ကာလက်ထဲအသင့်ပါလာတဲ့

ဒုတ်နဲ့ထိုလူရဲ့ခေါင်းကိုအရှိန်ပြင်းပြင်း

ထုမိရက်သား ဖြစ်သွားလေသည်။

သာလဲ အလိုလိုနေရင်းသူခိုးဖြစ်ကာ

ခေါင်းကိုပါအရှိန်ပြင်းပြင်းထုခံလိုက်ရတဲ့အခါမှာ.....

« ရှေ့အခန်း - အပိုင်း၂ နောက်အခန်း - အပိုင်း၄ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ