Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၂

“သာ.....”

အသံကိုတော့ကြားလိုက်ပေမဲ့ မသိချင်ယောင်

ဆောင်ကာဖြင့် သာမည ကြည့်လက်စဖုန်းကို

ဆက်ကြည့်နေလိုက်လေသည်။

“သာ,လို့ဆို.....”

ချွဲချွဲနွှဲနွှဲဆိုသံနဲ့အတူ အနားကိုအိခနဲ

ဝင်ထိုင်လိုက်တဲ့‌သူမဆီက ရေမွှေးနံ့

အီအီကိုရလိုက်ရလေ၏။

“သဲကိုနည်းနည်းအဖက်လုပ်ပါဦး သာကလဲ...."

ပြောပြီး နုဖက်နေတဲ့လက်တစ်ဖက်က

ခုံ လက်ရမ်းပေါ်တင်ထားတဲ့သာ့ရဲ့လက်ကို

လာရောက်ထိကိုင်လိုက်တာမို့ လူကအလိုလို

နောက်ယို့ရက်သားဖြစ်သွားရလေသည်။

“ကျစ် မင်းနည်းနည်းသိက္ခာလေးဘာလေး

ထိန်းစမ်းပါဦး နွေသဲမာ....”

ခပ်မာမာအသံကြောင့် ကြည်စင်နေတဲ့

‌သဲရဲ့မျက်နှာလေးကပျက်သွားရကာ

အလိုမကျသလိုဆူပုတ်သွားရင်းမှ

“သာက သဲကိုဆိုအမြဲအဲ့လိုပဲ.....

သာနဲ့သဲက စေ့ပဲစေ့စပ်ပြီးသွားပြီ

အခုထိသူစိမ်းဆန်ချင်တုန်းပဲလား??....."

သူမအပြောကမှန်ပေမဲ့ သာကလဲ

မျက်နှာကြောကိုတပြားမှမလျော့ပဲနဲ့

သူမကိုခပ်တင်းတင်းပင်ပြန်ကြည့်ကာ

“မင်းနဲ့ငါဘာကြောင့်စေ့စပ်ထားရလဲဆိုတာ

မင်းကောင်းကောင်းသိမှာပါ နွေသဲမာ....."

သာ့အပြောကြောင့် သဲမချင့်မရဲဖြစ်သွားရကာ လက်တို့ကအလိုလိုအားလျော့သွားရလေသည်။

လွန်ခဲ့တဲ့ နှစ်လခန့်ဆီသို့~~~~

“သာ သာရေ......"

မိုးသည်းညကြီးတစ်ညမှာ သာတစ်ယောက်

နှစ်ခြိုက်စွာအိပ်ပျော်နေပေမဲ့ အိမ်ရှေ့က

တဒုန်းဒုန်းတံခါးထုသံကြောင့် ဆတ်ခနဲ

လန့်နိုးသွားရကာ လူကခေါင်းတစ်ခုလုံး

ချာချာလည်သွားရလေ၏။

အသံက နွေသဲမာရဲ့အသံပင်!!

ဒီအချိန်ကြီးသူများနားကြားမှားသလား

ပြန်တွေးကြည့်တော့လဲအသံကတိုးသဲ့သဲ့

မဟုတ်!!

“သာ....သဲကိုကယ်ပါဦး......အထဲကို

ဝင်ခွင့်ပေးပါဦး”

ပိုပြီးပီပီသသကြားလိုက်ရတဲ့အသံက

တကယ်ကိုကြောက်ရွံထိတ်လန့်‌နေတာမို့

သာ ခေါင်းပမ်းနပမ်းကြီးသွားရကာ

ကုတင်ပေါ်ကပြေးဆင်းရင်းမှ

တစ်ထပ်အိမ်ပုလေးရဲ့တံခါးမကြီးဆီ

ပြေးသွားကာ ဖွင့်လိုက်တဲ့အချိန် မိုးရေတွေ

ရွှဲနစ်နေတဲ့နွေသဲမာက အလွန်တရာထိတ်လန့်နေတဲ့ပုံနဲ့ အထဲကိုမရမကဝင်လာကာ

တံခါးကိုအတင်းပြန်ပိတ်လေသည်။

“ကျစ် ညကြီးမင်းကြီးဘာဖြစ်လာတာလဲ

ငါ့ကိုလဲရှင်းအောင်ပြောစမ်းပါဦး....."

ငယ်သူငယ်ချင်းအပြင် မိဘချင်းကလဲ

ရင်းနှီးပြီးသားမို့ သာနဲ့သဲကတစိမ်းတော့

မဟုတ်!

သို့ပေမဲ့ လူပျိုဖြစ်ပြီးထဲက သဲနဲ့အလိုလို

စည်းခြားသွားခဲ့တဲ့သာဟာ တော်ရုံတန်ရုံ

စကားတောင်လုပ်မပြောတော့!!

အခုလဲမဖြစ်သာလို့မေးနေရတဲ့ သူ့မျက်နှာက

စိတ်ပျက်ခြင်းတွေကြီးစိုးနေတာမို့

သဲ အပြဲပြဲဖြစ်နေတဲ့အင်္ကျီရင်ဘတ်ကို

ငုံ့ကြည့်ကာ လက်နဲ့ကာထားရင်းမှ

စိုနေတဲ့မိုးရေစတွေကိုသုတ်ဖယ်ကာဖြင့်

“ငါ့ကိုဟိုကောင်ညကြီးမင်းကြီး

လိုက်နှောင့်ယှက်နေလို့ သူ့ကိုအခွင့်အရေး

ထပ်မပေးရင် ငါ့ကိုမုဒိမ်းကျင့်ပြီးရအောင်

ယူမယ်ဆိုလို့ ထွက်ပြေးလာဝာာ...."

“ဟင် ဒါဆိုသူအခုမင်းအိမ်မှာလား??...."

သဲအပြောကြောင့် မျက်လုံးပြူးသွားတဲ့

သာကမေးလာလေ၏။

“ဟုတ်တယ် သူ့ခေါင်းကိုပန်းအိုးနဲ့

ရိုက်ပြီးထားခဲ့တာ သေတော့မသေလောက်

ပါဘူးနော်....."

“ကျစ် မင်းကဒီတိုင်းကြီးထားခဲ့မှတော့

ဟိုကတစ်ခုခုဖြစ်ရင်အမှုပတ်မှာပေါ့

လာ ငါနဲ့ဟိုအိမ်ကိုပြန်သွားကြမယ်....."

“အို မသွားပါဘူး သဲအခုနေ

သာ့အိမ်မှာပဲနေမှာ ဘယ်ကိုမှမသွားဘူး

သဲကြောက်တယ်.....”

အချိန်အားဖြင့်၁၂နာရီလောက်ကြီးမှာ

ဘာမှသွေးမတော်သားမစပ်တဲ့သူစိမ်း‌တွေ၊

ဒါ့အပြင်လိင်မတူတဲ့လူနှစ်ယောက်

တစ်အိမ်ထဲ

အ‌တူရှိနေတာဟာ ကောင်းတဲ့လုပ်ရပ်မဟုတ်!

ငယ်သူငယ်ချင်းဆိုပေမဲ့ ဖက်လှဲတကင်း

ဆက်ဆံရေးမဟုတ်တာမို့ ဒီအချိန်မှာ

သူစိမ်းလို့တောင်ပြောလို့ရမည်။

သာက သဲရဲ့အပြောကြောင့်မျက်နှာ

တင်းသွားကာ မပြန်ဘူးလုပ်နေတဲ့သဲရဲ့

လက်ကိုဆွဲကိုင်ရင်းမှ အတင်းအပြင်ကို

ထုတ်ရန်ကြိုးစားလေ၏။

“ဟင့်အင်း မသွားဘူးလို့ သာ့အိမ်မှာတစ်ညလေးနေတော့ဘာဖြစ်မှာမို့လို့လဲ??

မပြန်ဘူးဆိုမပြန်ဘူးနော် ဟင့်အင်းလို့....."

ဇယားကရှုပ်လာတော့မှာမို့ သာ

ယောင်္ကျားအားနဲ့အတင်းဆွဲပြီးအိမ်ပြင်ကို

တွန်းပို့ရန်ပြင်ပေမဲ့ သူမကလဲခေါင်းကြောမာစွာဖြင့် နှစ်ဦးသားလွန်ဆွဲသလိုဖြစ်နေရလေသည်။

“ဟာ ....."

“အို သာ အတင်းမဆွဲနဲ့လေ......"

အင်္ကျီကိုလဲအမိအရဖမ်းထိန်းနေရတဲ့

သဲရဲ့အင်အားကသူတစ်ချက်ဆောင့်ဆွဲပြီး

အပြင်ကိုတွန်းပို့ရန်အလုပ် ဟန်ချက်ပျက်ကာ

သူ့ကိုယ်ပေါ်ကိုထပ်လျက်ကျသွားရင်းမှ

နှစ်ဦးသား အမြင်မတော်တော့ပေ!!

“ဟင် သာမည.....မင်းဒါဘာလုပ်တာလဲ??..."

သူကအောက်မှာပေမဲ့ အမေကသူ့ကိုသာ

အရင်လှမ်းအော်တာမို့ နှစ်ယောက်လုံး

ကြည့်လိုက်တဲ့အခါ သာ့ရဲ့မ်ဘတွေအပြင်

သဲရဲ့မိဘတွေကပါ ရောက်လို့နှစ်ယောက်လုံးရဲ့ မတော်မရော်ပုံကိုမြင်သွားတဲ့အခါမှာ!!!

______

တကယ်အဲ့ညက သဲကိုအရင်ရည်းစားဟောင်း

လာနှောင့်ယှက်လို့ အလန့်တကြားထွက်ပြေး

လာခဲ့ပေမဲ့ အရင်ထဲကကြိုက်ခဲ့ရတဲ့

သာနဲ့လဲပိုပြီးနီးစပ်သွားအောင် တစ်ချက်ခုတ်

နှစ်ချက်ပြတ်အစီအစဉ်ကို သဲစဉ်းစားမိသွားလေသည်။

ထို့ကြောင့်အကောင်အထည်ဖော်တဲ့အခါမှာ

လူကြီးတွေနဲ့ပက်ပင်းတိုးတာမို့ အခြေအနေက အားလုံးအိုကေသွားခဲ့လေ၏။

လူကြီးချင်းခင်မင်ရင်းနှီးထားပြီးသားမို့

နဂိုထဲက သဲကိုသဘောကျတဲ့သာ့ရဲ့မိဘတွေက နှစ်ယောက်သားကိုအတင်းပဲခပ်မြန်မြန်

စေ့စပ်ပေးလိုက်ကြလေသည်။

သဲကပျော်ပြီးရင်းပျော်ပေမဲ့ သာကတော့

လုံးဝပျော်ဟန်မပေါ်!!

နှစ်ယောက်တစ်အိမ်ထဲအတူနေမယ်ဆိုတော့လဲ သူကဘူးကန်ငြင်းလေ၏။

ဒါကြောင့်သဲ သူ့အိမ်ကိုအမြဲလာရင်လဲ

သူကပြန်ဖို့ကိုပဲတရစပ်ပြောနေတာမို့

ကြာလာတော့လဲ မာန်တင်းထားသမျှက

လျော့ချင်လာလေသည်။

ကိုယ်သူ့ကိုကြိုက်တာသိလို့များ

လုပ်နေတာလား ထင်ရလေ၏။

“မင်း လက်မထပ်ရသေးတဲ့ယောင်္ကျားတစ်ယောက်ရဲ့အိမ်ကိုခဏခဏမလာစမ်းနဲ့.....”

ဒီတစ်ခါဒဲ့ပြောလာပေမဲ့လဲ သဲကတော့

ခပ်မဲ့မဲ့လုပ်လိုက်ကာဖြင့်

“ဟွန်း သာ့ရဲ့မိဘတွေကတောင်

ခွင့်ပြုထားတဲ့ဟာကို ပြီးတော့ သာနဲ့သဲက

မကြာခင်လက်ထပ်ကြတော့မဲ့

လူနှစ်ယောက်မို့လို့ ဘာမှထူးပြီး

တွေးနေစရာမလိုဘူး အဲ့တော့ သာသဘောမတူတောင် သဲကတော့သာ့ဆီကိုခဏခဏ

လာနေအုံးမှာ မဟုတ်ရင်တော့ သာ့အဖေနဲ့အမေကိုတိုင်မှာနော် သဲကိုစိတ်ဆင်းရဲအောင်

လုပ်တယ်ဆိုပြီးတော့....."

ဂျက်ကောင်းကိုကိုင်လာတာမို့ သာ

ကျစ်သပ်မိရင်းမှ အတော်ကိုစိတ်ပျက်သွားမိရလေသည်။

ယောင်္ကျားကြိုက်‌တော့ဆိုက်ဆိုက်လာ ဆိုတာပဲကြားဖူးတဲ့သူ့အဖို့ အခုတော့

မိန်းမကြိုက်တော့ဆိုက်ဆိုက်လာဆိုတာပါ

လက်‌တွေ့မြင်ဖူးနေရလေ၏။

ငါကွာ.....***ပဲ......တောက်.......။

🏠🏠🏠🏠

“အဲ့ဝောာ့ မင်းဆီကို နွေသဲမာက

နေ့တိုင်းနီးပါးလာနေတယ်ပေါ့...

သူ့မိဘတွေကလဲမတားဘူးလားကွာ

ဘယ်လိုပဲစေ့စပ်ထားတယ်ဆိုဦးတော့

အခုလိုသမီးကိုတော့ လက်လွတ်စပယ်

လွှတ်မထားသင့်ပါဘူး....”

အကြံပေးက အစားငမ်းသူမို့

မုန့်တွေ အအေးတွေပလုတ်ပလောင်းစားရင်း

သူ့ကိုအကြံပေးနေလေသည်။

သာကတော့ မလှုပ်မယှက်နဲ့ အရှေ့မှာ

ချထားတဲ့ဘီယာခွက်ကိုသာ အကြောင်းမဲ့

စိုက်ကြည့်နေကာ

“အခုချိန်ငါဘူနေတာပဲသိတယ်.....

ဒယ်ဒီနဲ့မာမီက သူမှသူဖြစ်နေတာ

အခုလိုစေ့စပ်ထားတော့ပိုဆိုးတာပေါ့ကွာ

အားနေရင် မင်္ဂလာကိစ္စပဲပြောချင်နေတာ

ငါမိန်းမ မယူချင်လို့တောင်ကိုယ့်ဘာသာ

တစ်ယောက်ထဲအိမ်ခွဲနေတဲ့ဟာကို အခုဟာက

ကျစ်.....”

ဟန်မဆောင်တတ်တဲ့ သာ့မျက်နှာမှာ

အင်မတန်ဆိုးဆိုးဝါးဝါးပျက်ယွင်းနေလေတာမို့ သူငယ်ချင်းဖြစ်တဲ့ ကောင်းကြီးလဲ

စားလက်စတွေလက်စသတ်ကာ တကယ်

မုဒ်သွင်းရင်းမှ ကိုယ်စားဝင်စိတ်ညစ်ပေးကာဖြင့်

“မင်းဟာက စုပ်လဲစူး စားလဲရူးဖြစ်တော့မှာ

မထူးပါဘူးကွာ မင်းမိဘတွေနဲ့ဝေးရာပဲ

ထွက်သွားလိုက်စမ်းပါတော့.....အဲ့တာဆို

မင်းလဲစိတ်မရှုပ်ရတော့ဘူး သဲဆိုတဲ့မိန်းမလဲ

မင်းဆီလာနိုင်မှာမဟုတ်တော့ဘူး‌လေ”

ကောင်းကြီး ဟာသပြောလိုက်ပေမဲ့

တကယ်ကိုလေးနက်သွားတဲ့မျက်နှာနဲ့

သာမညကြောင့် စကားမှားပြီမှန်း

သိလိုက်ရလေသည်။

“ကောင်းတယ် အဲ့အကြံကောင်းတယ်

ငါသူတို့မသိတဲ့နေရာကိုထွက်သွားရင်

လောလောဆယ်တော့ စိတ်အေးအေး

နေရတယ်ဟျောင့် မင်းအရမ်းတော်တယ်....”

အခုမှပြုံးယောင်သမ်းသွားတဲ့မျက်နှာကြောင့် ကောင်းကြီးသက်ပြင်းတော့ချမိလေ၏။

“ဒါနဲ့ လောလောဆယ်ချက်ချင်းကြီးတော့

မင်း နေရာဘာညာရှာတွေ့မှာမဟုတ်ဘူး......."

“ဒါတော့ဒါပေါ့ ငါလဲနည်းနည်းတော့

စုံစမ်းကြည့်မယ် မင်းလဲနည်းနည်းပါးပါး

အိမ်ငှားမဲ့သတင်းဘာညာ စုံစမ်းပေးထားအုံး.... ဘာမှမတွေးရသေးခင်တော့

အိမ်တစ်အိမ်ပဲငှားနေအုံးမယ်....."

“အေးပါ ဒါနဲ့ ငါ့အဒေါ်ရဲ့အသိ

အန်တီယုဆိုတာတော့ရှိတယ် သူကအရင်က

အိမ်ခြံမြေ ဘာညာဟိုဟာဒီဟာပွဲစားကွာ

အခုတော့မသိဘူး သူဆိုရင်တော့နှံ့စပ်တယ်

ငါ့အဒေါ်ကိုမေးခိုင်းထားကြည့်မယ်.....”

“အေး သူငယ်ချင်းကျေးဇူးပဲ

လောလောဆယ်ဝောာ့ ငါလဲစိတ်အေးအောင်

ခေါင်းပဲရှောင်နေချင်တော့တယ်....."

အပူလုံးကျသွားတာမို့ သာမည

အေးချမ်းတဲ့အိမ်တစ်လုံးအမြန်ဆုံး

ငှားလို့ရဖို့ကိုသာ ဆုတောင်းလေ၏။

သူဟာဒီတိုင်းလဲ အိမ်ခွဲနေတာမို့

ယခုလိုဝေးပြီးနေရတာဟာလဲ သိပ်ပြီး

ဆန်းလှမှာတော့မဟုတ်!!

နောက်မှသာ စားဝတ်နေရေးအတွက်

တစ်ခုခုစဉ်းစားရပေတော့မည်။

အိမ်အမြန်ဆုံးငှားလို့ရပါစေ!!!

အဓိကက သူ့မိသားစုနဲ့နွေသဲမာဆိုတဲ့

မိန်းကလေးဆီကနေ ခပ်ဝေးဝေးကိုသာ

ပို့ပေးပါ ဝေးလေကောင်းလေမို့

သူတို့ရှာမတွေ့နိုင်တဲ့နေရာမျိုးမှာ

နေရတောင်ပိုကောင်းမည်။

« ရှေ့အခန်း - အပိုင်း(၁) နောက်အခန်း - အပိုင်း၃ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ