Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း -၁၈

မဟာ group ရုံးချုပ်ရဲ့ အပေါ်ဆုံးထပ်က ရုံးခန်းမှာ နန်းသစ္စာ ထိုင်နေရင်း အလုပ်စားပွဲကို ကိုင်ထားတဲ့ ဘောပင်နဲ့ တစ်ဒေါက်ဒေါက်ခေါက်နေသည်။

သူမ အပြင်ပန်းပုံစံကတော့ တည်ငြိမ်နေပေမဲ့ မငြိမ်မသက်ဖြစ်‌ နေတဲ့ လက်ချောင်း တွေက သူမရဲ့ အတွင်းစိတ်ထဲမှာတစ်ခုခုကို စိုးရိမ်ပူပန်နေကြောင်း ဖော်ပြနေသည်။

သူမရဲ့ လက်ထောက် ကောင်မလေးကလည်း စာရွက်စာတမ်းများကို ကိုင်ကာခပ်လှမ်းလှမ်း

မှာ ရပ်နေသည်။

"သေချာရဲ့လား.."

"တကယ် လင်းမြတ်ပိုင်ကိုယ်တိုင် စီစဉ်ပေးတာလား"

"ဟုတ်ပါတယ် မမလေး.."

လက်ထောက်ကောင်အလေးက သတိထားပြီး ပြန်ဖြေလိုက်သည်။

"ကိုလင်းမြတ်ပိုင်က မိဘမဲ့ကလေးဂေဟာအသစ် စီစဉ်ပေးရုံတင်မဟုတ်ပဲလာမယ့်

ဆယ်နှစ်အတွက် ဂေဟာကို လည်ပတ်နိုင်အောင် အထူးရန်ပုံငွေတစ်ခုတောင် ထူထောင်ပေးထားပါတယ် "

"ဒါက CEO လွှမ်းရဲ့ ညွှန်ကြားချက်ဖြစ်မယ်လို့ထင်ပါတယ်"

လက်ထောက်က ခဏလောက်သေချာစဉ်းစားပြီးမှ စကားလုံးတွေကိုသေချာ ရွေးပြောလိုက်သည်။

"ဘာလို့ဆို ကိုလင်းမြတ်ပိုင်က လုပ်ငန်းနယ်ပယ်ထဲမှာ အဆက်အသွယ်တွေ ရှိပေမယ့် CEO လွှမ်းရဲ့ အင်အားမပါဘဲ ဒီလောက်များတဲ့ကိစ္စတွေကို ဒီအချိန်အတွင်းမှာ လုပ်နိုင်မှာ မဟုတ်ပါဘူး"

စကားအဆုံး နန်းသစ္စာရဲ့ မျက်လုံးတွေ အေးစက်သွားပြီး စားပွဲပေါ်မှာရှိတဲ့ အလှပန်းအိုး

ကို ဆွဲယူကာ နံရံကို လှမ်းပစ်လိုက်တာမို့

ပန်းအိုးကွဲသံက ရုံးခန်းတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားပြီး ဖန်ကွဲစအပိုင်းအစများကလည်း ကြမ်းပြင်အနှံ့ ပြန့်ကျဲသွားသည်။

"အသုံးမကျလိုက်တာ! အားလုံး အသုံးမကျကြဘူး..အကုန်သုံးစားမရတဲ့ဟာတွေ"

နန်းသစ္စာ ပုံမှန်ထိန်းသိမ်းထားတဲ့ ပုံရိပ်ကိုတောင် လုံးဝမထိန်းနိုင်တော့ပဲ သောင်းကျန်းနေသည်။

လက်ထောက်ကောင်မလေးက နောက်ကို အနည်းငယ်ဆုတ်လိုင်ပြီးမှ..

"မမလေးရှင့် မိဘမဲ့ဂေဟာကို ဘာလို့ ဒီလောက်အထိ စွဲလမ်းနေတာလဲ... အဲဒီမြေက ကျွန်မတို့စီမံကိန်းအတွက် မရှိမဖြစ်လိုအပ်တာမျိုးမဟုတ်ပါဘူး.."

ဘာအကြောင်းကြောင့်အဲ့လောက်ထိဒေါသထွက်နေမှန်းမသိပေမဲ့ အနည်းငယ် စိတ်လျှော့သွားစေဖို့ လက်ထောက်က အားတင်းပြီး မြေကွက်က အရမ်းလိုအပ်တာမဟုတ်ကြောင်းကို တိုးတိုးလေး ပြောပြလိုက်သည်။

"တိတ်စမ်း!!..ပါးစပ်ပိတ်ထား"

ပြောရင်း ပိုဆိုးလာကာ နန်းသစ္စာရဲ့ မျက်လုံးများတွင် ရက်စက်မှုများထင်ဟပ်လာသည်။

"ဒါက မြေတစ်ကွက်တည်းအကြောင့် ငါစိတ်တိုနေတယ်လို့ ထင်နေတာလား"

"မဟုတ်ဘူး...အဲ့‌ မြေကွက်ကို စိတ်မဝင်စားဘူး ငါ စိတ်ဝင်စားတာက လွှမ်းက ငါ့အပိုင်...ငါတစ်ယောက်တည်းပဲ ပိုင်ရမယ်"

ပြောရင်း သူမအသံက တိုးသွားပြီး ပုံမှန်မဟုတ်တဲ့ စွဲလမ်းမှုတွေက သူမမျက်နှာမှာပေါ်လွင်လာသည်။

လက်ထောက်မလေးလဲ သူမရှေ့တွင်ရှိနေသော ထိုအမျိုးသမီးကို ကြည့်ရင်း ကျောထဲစိမ့်သွားသလို ခံစားလိုက်ရသည်။

နန်းသစ္စာမျက်နှာကလည်းပို ဖြူဖျော့လာပြီး သူမမျက်လုံးများကလည်း ခုနကကထက် ပိုမှောင်မိုက်လာကာ...

"ဥပဒေရေးရာဌာနက လူတစ်ယောက်ကို ငါ့ဆီလာခိုင်းလိုက်..."

ပြေပြီး သူမက ရုတ်တရက်ချက်ချင်းဆိုသလ်ု ပြန်ငြိမ်သွားသည်။လက်ထောက်ကောင်မလေး ကြည့်နေရင်းနဲ့ပင်ကြောင်သွားမိသည်...မသိရင် သူမ အခုလေးတင်မြင်ခဲ့ရတဲ့ ဖြစ်အပျက်တွေက အိပ်မက်တစ်ခုလိုပင်။

"ဟုတ်..မမလေးအခုပဲ ဆက်သွယ်လိုက်ပါမယ်"

"အင်း..လွှမ်းက ဒီလောက်တောင် ကူညီချင်နေတယ်ဆိုရင် သူမကို ဘယ်လောက်ကြာကြာ ဆက်ကူညီနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်"

ပြောပြီးပြုံးလိုက်တဲ့ နန်းသစ္စာရဲ့ မျက်နှာပေါ်မှာ ကောက်ကျစ်မှုတွေ အထင်းသားပေါ်လွင်နေသည်။

~~~~~

"အိမ်ပြန်လမ်း" ကို ရုပ်ရှင် စတင်ရိုက်ကူးနေသည်မှာ တစ်ပတ်ကျော်သွားပြီဖြစ်သည်။

ဒီနေ့ရိုက်မည့်အခန်းမှာ မင်းသမီးက ကြောင်လေးကို ပထမဆုံးတွေ့သည့်အခန်း ပါတာမို့

လရိပ် နှင်းလုံးလေးကို ရိုက်ကွင်းခေါ်လာခဲ့သည်။သူမရဲ့ နှင်းလုံးလေးက ရိုက်ပေးမှာပင်။

နှင်းလုံး ပါရမဲ့အခန်းမရောက်သေးတာမို့ လရိပ် သူ့ကို ရင်ခွင်ထဲ ပွေ့ထားရင်း အမွေးဖြူဖြူလေးကို နူးနူးညံ့ညံ့ ပွတ်သပ်ပေးကာထိုင်စောင့်နေလိုက်သည်။

နှင်းလုံးကလည်း သူမလက်ထဲမှာအားရပါးရနဲ့အေးအေးဆေးဆေး အိပ်ပျော်နေသည်။

ခဏနေ သူရိုက်ရမဲ့ အခန်းရောက်တော့မှ လရိပ်သူ့ကို ချီထားရကနေ ချပေးလိုက်တော့ စလိုက် မီးများ အောက်မှာ နှင်းလုံးရဲ့ အမွေးဖြူဖြူလေးများက တောက်ပနေပြီး ဇာတ်ညွှန်းထဲတွင် ဖော်ပြထားသည့်အတိုင်းလုံးဝတူနေသည်။

"ဒီကြောင်လေးက စာအုပ်ထဲကနေ ထွက်လာသလိုပဲ!..လုံးဝကွက်တိပဲ"

ဒါရိုက်တာက ဇာတ်ညွှန်းကို ကိုင်ရင်း မျက်လုံးများတောက်ပလာကာ ပြောလာသည်။

"ကြောင်ကို အရမ်းလိုက်ရှာစရာတောင်မလိုလိုက်ဘူး..."

လရိပ်ဒါရိုက်တာရဲ့စကားကြောင့် ပြုံးလိုက်ပြီး....

"ဒီဇာတ်ကောင်ကို ရေးတုန်းကလည်း နှင်းလုံးလေးကို ကြည့်ပြီးရေးထားတာလေ.. သူအိပ်ပုံ၊ စားပုံ၊ ဒေါသထွက်တဲ့အခါ အမွေးတွေထောင်သွားပုံတောင် စာအုပ်ထဲမှာ ထည့်ရေးထားပါတယ်..အဲ့တာကြောင့် လုံးဝတူနေတာ"

လက်ထောက်ဒါရိုက်တာကလည်း နှင်းလုံးကို စိတ်ဝင်တစားနဲ့ လာကိုင်ကြည့်ပေမဲ့ နှင်းလုံးကတော့ သူ့ကို သတိထားပြီး မျက်စောင်းထိုးကြည့်လိုက်သည်။

"ဝိုး... ဒီကောင်လေးက သူစိမ်းတွေဆို သတိထားတတ်သားပဲ"

လက်ထောက်ဒါရိုက်တာကရီပြီး လက်ကို ပြန်ရုပ်လိုက်သည်။

လရိပ်ပြုံးလိုက်ပြီး...

"အဲဒါ လှည့်စားခံလိုက်ရတာပါ သူက သူစိမ်းတွေရှေ့ဆို အေးဆေးနေတတ်တဲ့ပုံ ဟန်ဆောင်နေတာ.. တကယ်တော့ လူအရမ်းကပ်တတ်တယ်"

လက်ထောက်ဒါရိုက်တာကော အနားက သူတွေပါ လရိပ်စကားကြောင့် ရီလိုက်ကြသည်။

ဒါရိုက်တာက လက်ခုပ်တီးလိုက်ပြီး....

"ကောင်းပြီ.. ဒါဆို စလိုက်ကြရအောင် ပထမဆုံးအခန်းက မင်းသမီးက နှင်းလုံးလေးကို

တွေ့တဲ့အခန်းပဲ"

လရိပ် ခေါင်းညိတ်ပြီး နှင်းလုံးနားကိုကပ်လိုက်ကာခေါင်းလေးကို ပွတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"လိမ္မာလိမ္မာနဲ့ အလုပ်သွားလုပ်နော်..."

နှင်းလုံးကလည်း သူ့မ ပြောတာကို နားလည်သလို ပုံစံနဲ့မျက်လုံးများကိုမှိတ်တုတ်မှိတ်တုတ်လုပ်ပြီးရိုက်မဲ့ အဖွဲ့နောက်ကို လိမ္မာစွာ လိုက်သွားသည်။

ခဏအကြာမှာတော့ နှင်းလုံးက ရိုက်ကွင်းပတ်ဝန်းကျင်နဲ့ အလျင်အမြန် အသားကျ

သွားပြီး ကင်မရာရှေ့တွင်လည်းအလွန်လိမ္မာနေပြီး...

မင်းသမီးရဲ့ လက်ထဲမှာ ခွေခွေလေး မျက်လုံးမှိတ်ကာအိပ်လိုက်လျှာလေးနဲ့ သပ်လိုက်လုပ်နေတာကြောင့် ရိုက်ကွင်းတစ်ခုလုံးကပင် သူ့ရဲ့ချစ်စရာကောင်းမှုကြောင့် အရည်ပျော်ကျသွားရသည်။

"ချစ်စရာလေး"

ကြီးကြပ်သူ မိန်းကလေးကပင် မနေနိုင်ဘဲ တိုးတိုးလေး ပြောလိုက်သည်။

နှင်းလုံးကတော့ ခေါင်းလေးစောင်းကာ အပြစ်ကင်းစွာ ပတ်ဝန်းကျင်ကို ကြည့်နေသည်။

ဒါရိုက်တာကလည်းရိုက်ရင်းပြုံးကာ အလွန်စိတ်လှုပ်ရှားနေသည်။

"ဒီမျက်လုံးတွေ၊ ဒီအမူအရာတွေ... မွေးရာပါသရုပ်ဆောင်ပဲ"

ဒါရိုက်တာက သူလိုချင်တဲ့ပုံ ကွက်တိဝင်နေတာမို့ ဝမ်းသာအားရပြောလာသည်။

နှင်းလုံးကလည်း ကင်မရာရှေ့မှာ အံ့ဩစရာကောင်းလောက်အောင် လိုက်လျောညီထွေဖြစ် နေသည်။

ဘယ်အချိန်မှာ ခွေခွေနေရမလဲဘယ်အချိန်မှာ လမ်းလျှောက်ရမလဲဆိုတာပင် သိနေသလိုပင်။

မင်းသမီးက ငိုနေသည့်အခါတွင်ပင် သူကသူမလက်လေးကိုပင် သူ့လက်လေးနဲ့ ပုတ်ပေးနေသည်။

ရိုးရှင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းသည်နှင်းလုံးရဲ့ သရုပ်ဆောင်မှုကြောင့် အလွန်အသက်ဝင်ပြီး ထိမိသွားသည်။

ခဏနားနားပြီးနေ့လယ်စာစားချိန်မှာ‌တော့

လရိပ်နှင်းလုံးကို သူမထိုင်ခုံလေးရဲ့အောက်မှာ

သူ့အိပ်ရာလေးခင်းပေးပြီး အနားပေးထားလိုက်သည်။

သူမ ဇာတ်ညွှန်းစာအုပ်ကို လှမ်းယူမယ်အလုပ်အနောက်လှည့်ကြည့်လိုက်တော့ နန်းသစ္စာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

နန်းသစ္စာရဲ့ မျက်လုံးများက နှင်းလုံးကို စူးစိုက်ကြည့်နေပြီး....

"ကြောင်လေးက တော်တော်လှတာပဲ"

နန်းသစ္စာက ပုံမှန်အတိုင်း ချိုသာနေတဲ့ အသံနဲ့ပြောပြီး အနားရောက်လာကာ နှင်းလုံးကို ထိရန် လက်အလှမ်းမှာနှင်းလုံးက နားရွက်ထောင်လိုက်ပြီး သတိထားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

နန်းသစ္စာက လက်မလျှော့ဘဲ ထပ်လှမ်းလိုက်ပြီး သူ့လက်ချောင်းထိပ်က နှင်းလုံးရဲ့ အမွှေးကို ရအောင်ထိလိုက်ပြီး....

"လွှမ်းက မင်းကိုဝယ် ပေးထားတာလို့ ကြားလို့

ဒီနေ့ဒီဘက်ကို လာရင်းနဲ့ဝင် ကြည့်တာပါ"

ပြောရင်း သူ့မျက်လုံးများတွေက အေးစက်သွားပေမဲ့ အသံကတော့ ချိုမြိန်နေဆဲပင်။

လရိပ် ..ဘာမှပြန်မပြောသေးဘဲ နှင်းလုံးနားကို ပိုကပ်လိုက်ပြီး လှမ်းချီဖို့လုပ်လိုက်ပေမဲ့...

"တကယ်ဂရုစိုက်ထားတာပဲနော်ကြောင်လေးက ဒီလောက်လှတာ"

ပြောပြီး နန်းသစ္စာက ရုတ်တရက် နှင်းလုံးကို ကိုင်ထားတဲ့ လက်တွေကို တင်းလိုက်ပြီး နှင်းလုံးရဲ့ အရေးပြားကို လက်သည်းနဲ့ စိုက်လုနီးပါ ဆုပ်ကိုင်လိုက်သည်။လရိပ် သူမ အမြန်ဆွဲပေမဲ့ မမှီလိုက်ပေ။

နှင်းလုံးကလည်း နာကျင်စွာ အော်လိုက်ပြီး အလိုအလျောက် ပြန်လည်ခုခံလိုက်တာမို့သူ့ခြေသည်းများနဲ့ နန်းသစ္စာရဲ့ လက်ဖမိုးကို

ခြစ်မိသွားကာအသားဖြူဖြူပေါ်တွင် သွေးနီရောင် ခြစ်ရာကြီးသုံးကြောင်း ချက်ချင်းပေါ်

လာသည်။

"အာ!"

နန်းသစ္စာအော်သံကြောင့်ရိုက်ကွင်းရှိလူများ ချက်ချင်း ဝိုင်းလာကြသည်။

လရိပ်ကတော့ ကြောက်နေရှာတဲ့ နှင်းလုံးလေးကိုသာ အမြန်ပွေ့ချီလိုက်ပြီးဂုတ်နားမှာ သွေးအနည်းငယ်စို့နေတာကို သူမနှလုံးသား နာကျင်လာသည်။

သူမ ဒေါသထွက်ပြီး ချက်ချင်းအော်လိုက်သည်။

"နန်းသစ္စာရှင် အရင် နှင်းလုံးကို ထိခိုက်အောင်လုပ်တာပါ "

သူမ ပြောလိုက်ပေမဲ့ နန်းသစ္စာ ကတော့ မျက်ခွက်‌ပြောင်ကာ သဘောထားကြီးတဲ့

ပုံစံနဲ့ ပြုံးလိုက်ပြီး....

"ရပါတယ်..စိတ်ထဲမရှိပါဘူး..တိရစ္ဆာန်လေးပဲဟာ သူတို့က ဘာမှနားမလည်ဘူးလေ"

ပြောရင်း သူမျက်လုံးများထဲတွင် အေးစက်သောအရိပ်တစ်ခု ဖြတ်ပြေးသွားကာ ဒါရိုက်တာဘက် လှည့်လိုက်ပြီး...

"ဒါပေမဲ့ လုံခြုံရေးအတွက် ဒီကြောင်လေးကို ခဏလောက် သီးခြားထားသင့်တယ် မဟုတ်ဘူးလား"

ဒါရိုက်တာကတော့ နန်းသစ္စာစကားကြောင့် အခက်တွေ့နေသည်။

"ဟိုလေ...နှင်းလုံးလေးရဲ့ ဇာတ်ဝင်ခန်းတွေ မပြီးသေးလို့ အဆင်မပြေလောက်ဘူးဗျ"

နန်းသစ္စာက ပေါ့ပေါ့ပါးပါး ဖြစ်သလို ဟန်ဆောင်ပြုံးလိုက်ပြီး ...

"ဟုတ်လား အာဆိုလဲရပါတယ် ..ဒါဆို ဆက်ရိုက်လေ..ငါက အဲလောက် အစွဲအလမ်းကြီးတဲ့လူ မဟုတ်ပါဘူး"

နန်းသစ္စာက ပြောပြီးပြန်ထွက်သွားသည်။

နေ့လယ်ပိုင်းနားချိန်ပြီးတာနဲ့ ရိုက်ကူးရေးတွေ ပြန်စခဲ့ပေမဲ့ နှင်းလုံးကတော့ ခုနက ဒဏ်ရာကြောင့် အာရုံမစိုက်နိုင်တော့ပေ။

"ဖြတ်!"

ဒါရိုက်တာက စိတ်ပျက်စွာ အော်လိုက်ပြီး....

"ခဏနားကြရအောင် နှင်းလုံးလေး စိတ်အခြေအနေမကောင်းဘူး"

လရိပ်လည်း နှင်းလုံးကို ကောက်ချီလိုက်ပြီးသူစိတ်အခြေအနေနည်းနည်းငြိမ်သွားအောင် ဆိတ်ငြိမ်တဲ့နေရာတစ်ခုသို့ ခေါ်သွားပေးဖို့ ပြင်လိုက်သည်။

သူမ ချီလိုက်ပြီးတဲ့အချိန်မှာပဲ ရိုက်ကွင်းအပြင်ဘက်က ခွေးဟောင်သံတစ်ခု ရုတ်တရက် ကြားလိုက်ရပြီးအသံက တဖြည်းဖြည်း ပိုနီးလာကာ သူမတို့နားကို ဒိုဘာမင် ခွေးကြီးရောက်လာခဲ့သည်။

ရိုက်ကွင်းကသူမတို့အားလုံး ရုတ်တရက်ကြောင်သွားရပြီး ဘာမှတောင် လုပ်ချိန် မရလိုက်ခင်မှာပဲ ထိုခွေးကြီးကအရှိန်ဖြင့် ဝင်လာပြီး နှင်းလုံးကိုချီထားတဲ့သူမရှိရာကို တန်းတန်းမတ်မတ် ပြေးလာသည်။

လရိပ်အနားကိုရောက်တာနဲ့ သူမရင်ခွင်ထဲက နှင်းလုံးကို လှမ်းဟက်တော့သည်။

မီးရောင်အောက်မှာ ဒိုဘာမင်ရဲ့ ပုံစံက ပိုကြောက်စရာကောင်းနေပေမဲ့ လရိပ် ဘာကိုမှမကြောက်နိုင်တော့ဘဲ နှင်းလုံးကို ရင်ခွင်ထဲ တင်းနေအောင်ဖက်ထားပြီး ရှောင်လိုက်မိသည်။

ပထမတစ်ခေါက်လွတ်သွားပေမဲ့ ထိုခွေးက အားမလျှော့ဘဲ သူ့ခန္ဓာကိုယ်ပြီးနဲ့ သူမကို အားကုန်

ပဒက်ရပ်လိုက်တာကြောင့် လရိပ်အရှိန်မထိန်းနိုင်တော့ဘဲ နောက်ပြန်လဲကျသွားရသည်။

ဘေးက ရိုက်ကွင်းက လူတွေကလည်း ရှိတဲ့ ပစ္စည်းတွေနဲ့ မောင်းထုတ်ကြပေမဲ့ ထိုခွေးကြီးက လုံးဝမာနမလျှော့ပဲ နှင်းလုံးကိုသာ အသည်းအသန် လိုက်နေသည်။

လရိပ် လှဲကျသွားချိန် ရင်ခွင်ထဲက နှင်းလုံးလေးကို ထိုခွေးက လှမ်းကိုက်လိုက်တာမို့သွေးများက နှင်းလုံးရဲ့အဖြူရောင်အမွေးများပေါ်သို့ စွန်းထင်းသွားသည်။

ရိုက်ကွင်းတစ်ခုလုံး ပိုပြီးပရမ်းပတာဖြစ်သွားရကာ....

"နှင်းလုံး!!!!"

လရိပ် လဲကျတဲ့ အရှိန်နဲ့ နာနေတာကိုပင် ဂရု

မစိုက်နိုင်ဘဲ အသံကုန်အော်လိုက်သည်။

လုံခြုံရေးဝန်ထမ်းတွေက အခုမှ ပြေးလာကြကာ တစ်ယောက်က တုတ်ရှည်ကို ယူလာပြီး နောက်တစ်ယောက်က အင်္ကျီကို ချွတ်ကာ ခွေးရဲ့ခေါင်းပေါ် လွှမ်းပြီးရိုက်ပြီးကြိုးစားကြသည်။

ဒိုဘာမင်ကြီး နှင်းလုံးကို ခဲထားတာကို လုံးဝမလွှတ်ပေ။

"သတိထား! ကြောင်ကို မထိခိုက်စေနဲ့!"

ဒါရိုက်တာက နောက်ကနေအော်ပြောလိုက်သည်။

လုံခြုံရေးဝန်ထမ်းများက အတူတကွ တစ်ယောက်က ခွေးရဲ့နောက်ခြေများကို ဆွဲထားပြီး နောက်တစ်ယောက်က ပါးစပ်ကို ဖွင့်ရန် ကြိုးစားသည်။

ဒိုဘာမင်က ဒေါသတကြီး ဟောင်နေပြီး နောက်ဆုံး လုံခြုံ‌ ရေး ငါးယောက်လောက်

အားနဲ့ ဝိုင်းထိန်းမှ ထိန်းချုပ်နိုင်သွားသည်။

လရိပ် ရင်ခွင်ထဲမှာ သေလုမျောပါးဖြစ်နေသော နှင်းလုံးကို တုန်ယင်နေသောလက်များဖြင့် ပွတ်သပ်လိုက်သည်။

သူမရဲ့ မျက်ရည်များက သွေးစွန်းနေတဲ့နှင်းလုံးရဲ့ အမွေးပေါ်ကို တစက်ပြီးတစက် ကျနေပြီး

သူမ ဝမ်းနည်းလွန်းလို့ အသက်ပင် ရှူမရတော့သလို ခံစားလာရသည်။

အဲ့အချိန်တွင် နန်းသစ္စာရဲ့ ဒေါက်မြင့်ဖိနပ်သံ တဒေါက်ဒေါက်နဲ့ဝင်လာကာသူ့မျက်နှာတွင် အလွန်ဝမ်းနည်းနေသည့်ပုံစံနဲ့...

"အို ဘုရားရေ... ဒီလောက်ချစ်စရာကောင်းတဲ့ ကြောင်လေး သေသွားတာ တကယ်နှမြောစရာပဲ"

လရိပ် ချက်ချင်း ခေါင်းမော့ကြည့်လိုက်တော့

သူမမျက်ရည်များကြောင့် အမြင်ဝေဝါးနေသော်လည်း နန်းသစ္စာရဲ့နှုတ်ခမ်းထောင့်မှာ ခဏတာ ပေါ်လာသည့် အပြုံးကိုတော့ သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"မသေသေးဘူးးး"

လရိပ် နှင်းလုံးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း အသံနိမ့်နိမ့်နဲ့ ခိုင်မာစွာ ပြောလိုက်သည်။

"သူမသေသေးဘူးးး"

နန်းသစ္စာက သူမကို အပေါ်စီးကနေ ကြည့်လာပြီး မဖုံးကွယ်နိုင်လောက်အောင် ကျေနပ်နေသည့်တဲ့အကြည့်ဖြင့် ပြုံးလိုက်ကာ...

"အဲလိုဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ် ဒါပေမဲ့ ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာနဲ့ဆို..."

သူမက တမင်တကာ စကားခဏရပ်ပြီး လရိပ်ရဲ့ နာကျင်နေသည့်မျက်နှာကို ကြည့်လိုက်ပြီး အသံကို နူးညံ့စွာ လျှော့ချလိုက်ကာ...

"ဘယ်သူက ဒီလိုခွေးတစ်ကောင် ရုတ်တရက် ရိုက်ကွင်းထဲ ပြေးဝင်လာမယ်လို့ ထင်ထားမှာလဲ.. အကြီးအကျယ် မတော်တဆမှုကြီးပဲနော်...""

« ရှေ့အခန်း - အခန်း-၁၇ နောက်အခန်း - အခန်း -၁၉ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ