Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း- ၁၀

အခမ်းအနားပြီးသွားတာနဲ့ပွဲကနေ ထွက်လာပြီးနောက် လရိပ် ဓာတ်လှေကားထဲ ဝင်လိုက်ပြီးမှ

အသက်ဝဝရှူချလိုက်သည်။

အဲဒီအချိန်မှာပဲ ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့ လွှမ်းဖြစ်နေသည်။

သူမ ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်ကထွက်လာတဲ့ သူ့အသံက ပုံမှန်အတိုင်း နက်ရှိုင်းပြီး နူးညံ့နေသည်။

"ဟယ်လို အချစ် ဒီနေ့အခမ်းအနားက အဆင်ပြေပြေပြီးသွားလား..ကိုယ်အချစ်စာပို့ထားတာတွေ့ပြီးထဲက ဖုန်းဆက်နေတာ.."

"ဟုတ်..သိပါတယ်"

"ဘာလို့ ဖုန်းပြန်မခေါ်တာလဲ.."

သူ့အသံက တော့စိတ်ဆိုးနေတဲ့ပုံစံမျိုးမပေါ်ပဲ ပုံမှန်အသံပင်။

"အထဲမှာ လူတွေများပြီး ဆူနေလို့..အာကြောင့်ပြန်မဆက်လိုက်တာ.."

"ဟုတ်ပါပြီဗျာ..အခု‌ တော့ ကိုယ်မင်းကို လာကြိုဖို့လမ်းတစ်ဝက်‌ရောက်နေပြီ အောက်မှာ ကိုယ်ကို စောင့်နေနော် ကိုယ်ရောက်တော့မယ်.."

"ဟုတ်ကဲ့ပါ....‌ဂရုစိုက်မောင်းအုံးနော်"

လရိပ် အပြင်ဘက်မှာစောင့်နေရင်းခဏလောက်ကြာတော့ သူမ ရင်းနှီးနေတဲ့

အနက်ရောင် Rolls-Royce ကားလေးက

အနားမှာ ရပ်လာကာလွှမ်းက ကားပေါ်က‌နေဆင်းလာပြီး သူမအတွက်ကားတံခါးဖွင့်ပေး

လာသည်။

"ပင်ပန်းနေပြီလား.. နည်းနည်းအနားယူလို့ရအောင် ကိုယ် နေရာတစ်ခု ခေါ်သွားပေးမယ်လေ.."

သူက ထိုင်ခုံခါးပတ်ပတ်ရင်းပြောလာသည်။

လရိပ် သိပ်မသွားချင်ပေမယ့် သူမ လွှမ်း

ကို ဘယ်တုန်းကမှ မငြင်းနိုင်ခဲ့ဘူးမလား..

ဒါကြောင့် ဘာမှမပြောဘဲ ခေါင်းသာပြန်ညိမ့်

ပြလိုက်သည်။

Rolls-Royceကားလေး က မြို့ထဲက မီးရောင်တွေကို တဖြည်းဖြည်း ကျော်ဖြတ်ပြီး မြစ်ကမ်းဘက်ကို ရောက်လာကာ...နောက်ဆုံးမှာတော့ နှစ်ချို့သစ်ပင်ကြီးတွေ တန်းစီနေတဲ့ တောင်လမ်းလေးထဲကို ဝင်လာသည်။

လမ်းဆုံးရောက်တော့စိမ်းလန်းနေတဲ့ ဝါးပင်တွေကြားမှာ အဆောက်အအုံလေးတွေ ကိုမြင်လိုက်ရသည်။

လွှမ်း ကားရပ်လိုက်တာနဲ့ ခြံစောင့်ဦးလေးကြီးက ချက်ချင်းတံခါးလာဖွင့်ပေးကာ..

"အကိုလေးတို့ ကြွပါခင်ဗျ.."

"အကိုလေးခွန်းသစ်မင်းက ‌ဟိုဘက်မှာ စောင့်နေပါတယ်ဗျ.."

ပြောပြီး ဦးလေးကြီးက သူတို့နှစ်ယောက်ကို ရှေ့ကနေ ဦးဆောင်ပြီး ခေါ်သွားသည်။

ခြံထဲကလမ်းတစ်လျှောက်မှာတော့ လှပတဲ့ ကျောက်တုံးတွေ၊ သစ်ပင်တွေ၊ နဂါးပုံစံ

ရေပန်းတွေနဲ့ အလှဆင်ထားသည်။

သူမတို့ လျှောက်လမ်းလေးအတိုင်းလျှောက်လာရင်း လမ်းအဆုံးမှာတော့ မြက်ခင်းပြင်လေးပေါ်မှာ သပ်သပ်ရပ်ရပ်ခင်းထားတဲ့ ကော်ဖီဝိုင်းမှာ

ရင်းနှီးနေတဲ့လူတချို့ကထိုင်ကာ စကားပြောရယ်မောနေကြသည်။

လင်းမြတ်ပိုင်၊..ခွန်းသစ်မင်းနဲ့ တခြားသူတွေကလည်း သူတို့ရဲ့ မိန်းကလေးတွေကို ခေါ်လာကြသည်။

ပြီးတော့...နန်းသစ္စာ ပါရှိနေသည်။

ဦးလေးကြီးကတော့ သူမတို့နှစ်ယောက်ကို လိုက်ပို့ပြီးတာနဲ့ ပြန်လှည့်ထွက်သွားပြီဖြစ်သည်။

သူမတို့ နှစ်ယောက် ရောက်တာနဲ့ နန်းသစ္စာကပြုံးပြလာပြီး...

"လွှမ်း.. နောက်ဆုံးတော့ ရောက်လာပြီပေါ့..."

ခွန်းသစ်မင်းကလည်း ချက်ချင်းထရပ်လာကာ...

"လရိပ်လည်းပါတာပဲ လာ! လာထိုင်..."

လွှမ်းက လူတိုင်းကို ခေါင်းညိတ်ပြကာနှုတ်ဆက်လိုက်ပြီး သူမအတွက်ခုံထုတ်ပေး

ကာ အရင်ထိုင်ခိုင်းလာသည်။

သူခုံထုတ်ပေးတဲ့ နေရာက နန်းသစ္စာနဲ့ မျက်နှာချင်းဆိုင်ကွတ်တိပင်ဖြစ်နေသည်။

သူမတို့နှစ်ယောက်လုံးထိုင်ပြီးတာနဲ့

လင်းမြတ်ပိုင်က စကားစပြောလာသည်။

"ဟေ့ရောင်..ခွန်းသစ် မင်းတို့ အိမ်မှာ ကိုယ်ပိုင်ရေပူစမ်းအသစ်လုပ်ထားတယ်လို့ ငါကြားထားတယ် အဲဒီမှာ စိမ်လိုက်ရင် သုံးနှစ်‌လောက်နုပျိုသွားမှာဆို ! ဒီညတော့ ငါမဖြစ်မနေ စမ်းရမယ်..."

"မင်းလိုပြုတ်မနူးရင့်ထော် ကြမ်းတမ်းနေတဲ့အသားအရေအတွက်တော့ တစ်နှစ်လောက်စိမ်ရင်တောင် အသုံးမဝင်ဘူး.."

ခွန်းသစ်မင်း ပြန်ပြောလိုက်တဲ့ စကားကြောင့် အကုန်လုံးထရီကြတော့သည်။

"ဟာ ..မင်း..ခွန်းသစ်မင်း အေးမင်းနဲ့ငါ နောက်မှတွေ့မယ်..."

"လင်းမြတ်ရာ အမှန်တရားကတော့နည်းနည်းခါးတယ်ဟ...လာပါ ငါ့အိမ်ကရေပူစမ်းစိမ်လို့ မင်းကို ငါ နုပျိုအောင်မလုပ်ပေးနိုင်ပေမဲ့ .. မင်းဗိုက်ပြည့်အောင်တော့ ညစာ အဝကျွေးနိုင်ပါတယ်ကွာ..ညစာသွားစားရအောင်.."

"ကဲ...အကုန်လုံးပဲ ညစာသွားစားရအောင်လေ..."

ခွန်းသစ်က အကုန်လုံးကို ပြောပြီး ညစာစားမဲ့ နေရာဆီသူက ဦးဆောင်ကာခေါ်သွားသည်။

လရိပ်ကတော့စားချင်စိတ်မရှိဘဲ ညစာစားနေတဲ့တစ်လျှောက်လုံးစိတ်က တခြားနေရာရောက်နေသည်။

ညစာစားပြီးတဲ့နောက် အားလုံးက ရေပူစမ်း

ကို သွားကြတာမို့ သူမပါလိုက်သွားရသည်။

ယောက်ျားလေးတွေရဲ့ ရေပူစမ်းနဲ့ မိန်းကလေးတွေရဲ့ ရေပူစမ်းကိုကြားထဲမှာ အကာအရံနား ခြားပြီးဆောက်ထားသည်။

လရိပ် လူတွေနဲ့ အဝေးဆုံးထောင့်ကို ရွေးလိုက်ပြီးရေပူထဲမှာ ထိုင်ကာ ဘယ်သူနဲ့မှ စကားမပြောချင်တာမို့ မျက်လုံးမှိတ်ထားလိုက်သည်။

နန်းသစ္စာက သူမနဲ့ သိပ်မဝေးတဲ့နေရာမှာ လာထိုင်ပြီး...

"ဒီနေ့ ပွဲမှာရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို အရမ်းအဆင်ပြေပြေ ဆွေးနွေးနိုင်ခဲ့တာပဲ.."

နန်းသစ္စာက စပြောလာမို့...

"ကျေးဇူးတင်ပါတယ်.."

လရိပ် စကားဆက်မပြောချင်ပေမဲ့ မကောင်းတတ်တာမို့ တိုတိုတုတ်တုတ်သာပြန်ပြောလိုက်သည်။

နန်းသစ္စာကတော့ ရေထဲက ပန်းဖတ်လေးတွေကို ဖြည်းဖြည်းချင်း ထိတွေ့နေရင်း တစ်ခါထပ်ပြောလာပြန်သည်။

"မလရိပ်မြူရဲ့ ဇာတ်လမ်းကို ကျွန်မတကယ်သဘောကျတယ်.."

"အထူးသဖြင့် အဓိကမင်းသမီးလေးက အချစ်အတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့ပေမယ့် တကယ်တမ်းတော့ ဘယ်တော့မှ အရေးတယူ

မခံခဲ့ရတဲ့အကြောင်းပေါ့..."

နန်းသစ္စာ ကသူမကို စိုက်ကြည့်ပြီးပြောလာသည်။

"တကယ်ဖြစ်နေသလို ရေးထားတာပဲ..."

" မင်းတို့လိုလူတွေက ရှေ့မှာ ဘယ်လောက်ခက်ခဲခက်ခဲ မျှော်လင့်ချက်အမြဲရှိတတ်ကြတယ်မလား.."

နန်းသစ္စာ‌ ပြောနေတာကိုခဏရပ်ပြီးမှဆက်‌ ပြောလာသည်။

"လွှမ်းက မင်းကို တကယ်ဂရုစိုက်တယ်.. ဒါပေမယ့် သူက Sun မိသားစုဝင်တစ်ယောက် ဖြစ်နေတုန်းပဲ.. တချို့လမ်းတွေကို အချစ်တစ်ခုတည်းနဲ့ လျှောက်လို့မရဘူး.."

ရေပူငွေ့တွေကြောင့် လရိပ် အသက်ရှူရတာတောင် ခက်လာသလို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်က မြူငွေ့တွေက နန်းသစ္စာရဲ့ မျက်နှာအမူအရာကိုတောင် သေချာမမြင်ရအောင် ဖုံးကွယ်နေပေမဲ့...သူမရဲ့အသံကိုတော့ ရှင်းရှင်းကြားနေရသည်။

လရိပ် အေးဆေးတဲ့အသံနဲ့ပဲ...

"မနန်းသစ္စာက ကျွန်မကို သတိပေးနေတာလား.."

သူမမေးလိုက်တော့ နန်းသစ္စာက ခေါင်းခါပြလာပြီး....

"မဟုတ်ပါဘူး...အမှန်အတိုင်း ပြောပြနေတာပါ.."

"လွှမ်းက တကယ်ကောင်းတဲ့လူပါ.."

"ဒါပေမယ့် လူတိုင်းမျှော်လင့်ထားသလို ဖြစ်လာအောင်တော့ သူလုပ်ပေးနိုင်မှာ မဟုတ်ဘူး.."

လရိပ် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ဘာမှပြန်မပြောပဲနေနေလိုက်သည်။

ရေပူငွေ့တွေ တဖြည်းဖြည်း တက်လာတာနဲ့အမျှ သူမအသက်ရှူရတာ ပိုလေးလာသည်။

တစ်ဖက်က အမျိုးသမီးတွေ ရယ်မောစကားပြောနေကြပေမယ့် သူမအတွက်တော့ အသံတွေက ဝေးဝေးကနေ ကြားရသလို ဝိုးတဝါးဖြစ်နေသည်။

ဒီအမျိုးသမီးလူချမ်းသာတွေရဲ့ လောကထဲမှာ

သူမဟာ ဟာသတစ်ခုလို ဖြစ်နေသလိုခံစားလာရသည်။

သူမ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့လူတစ်ယောက်လို မြင်ရအောင် အတတ်နိုင်ဆုံး ကြိုးစားနေပေမယ့် လူတိုင်းက သူမရဲ့နောက်ခံကို သိပြီးသားဖြစ်နေသည်။

ရေပူစမ်းထဲမှာ မွှေးပျံ့နေတဲ့ အမွှေးနံ့လေးတွေနဲ့

အသားအရေကောင်းဖို့ တန်ဖိုးကြီးဆေးဖက်ဝင်အပင်တွေ.. ပန်းဖတ်တွေ ထည့်ထားပေမယ့်

လရိပ်အတွက်တော့.ဒီရေကန်ထဲမှာ ပိတ်မိနေသလို ခံစားနေရသည်။

ခဏအကြာတစ်ဖက်က ရေသံကြားလိုက်ရတာမို့နန်းသစ္စာ ရေထဲကနေ ထသွားပြီမှန်းသိလိုက်

ပေမယ် လရိပ် မျက်လုံးမဖွင့်ရဲပေ။

သူမရဲ့မျက်နှာပေါ်က အားနည်းမှုတွေကို

နန်းသစ္စာ မြင်သွားမှာစိုးလို့ပင်။

ရေပူစမ်းစိမ်ပြီးတဲ့နောက်မှာ အားလုံးက အိမ်ရဲ့အနောက်ဘက် ဥယျာဉ်ထဲမှာ စုကြပြန်သည်။

ဖယောင်းတိုင်မီးတွေအောက်မှာ စားပွဲပေါ်က အချိုပွဲတွေက ပုံစံအမျိုးမျိုးနဲ့ အလွန်လှပနေသည်။

လရိပ် ထောင့်တစ်နေရာမှာ ပဲထိုင်လိုက်ပြီး လူတိုင်းကို တိတ်တိတ်လေး ကြည့်နေမိသည်။

အဲ့အချိန် နန်းသစ္စာက စားပွဲပေါ်က ကိတ်မုန့်ကို သူမကိုယ်တိုင် ယူပြီး ဖြည်းဖြည်းချင်း စားနေသည်။

ဆယ်မိနစ်လောက်အကြာမှာတောနန်းသစ္စာ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲ

သွားကာသူမရဲ့ ဖြူဖွေးတဲ့လည်ပင်းမှာ

အနီစက်တွေ ပေါ်လာသည်။

အဲဒီအနီစက်တွေက မျက်စိရှေ့မှာတင် ပါးပေါ်အထိ မြန်မြန်ပြန့်လာပြီး...

"သမီး..သစ္စာ ! ဘာဖြစ်တာလဲ!.."

အဲ့တာကို မြင်လိုက်တဲ့ ခွန်းသစ်မင်းရဲ့ အမေက စိုးရိမ်တကြီး အော်လိုက်တာနဲ့လွှမ်းထိုင်နေရာကနေ ချက်ချင်းထရပ်ပြီး သူမလက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ကာ...

"အလတ်ဂျစ်..ဖြစ်တာလား.."

သူမေးလိုက်တော့ နန်းသစ္စာက က အသံတိုးတိုးနဲ့...

"နည်းနည်းယားတယ်…"

လွှမ်း လင်းမြတ်ပိုင်ဘက်ကို လှည့်ကြည့်ပြီး...

"ဆရာဝန်ခေါ်! အခုချက်ချင်း!.."

သူက အရေးတကြီးအော်ပြောလိာက်ကာ

နန်းသစ္စာရဲ့ ပခုံးကို ဖက်ပြီး သူ့ကိုယ်ပေါ် မှီ

ထားစေသည်။

လက်တစ်ဖက်နဲ့ စားပွဲပေါ်က ရေခွက်ကို ကောက်ယူကာ...

"ရေသောက်လို့ရသေးလား.."

မေးပြီး လွှမ်းက သူမရဲ့လည်ပင်းကနောက်ဘက်ကို ညင်သာစွာ ထိန်းကိုင်ကာ ရေကို ဖြည်းဖြည်းချင်း သောက်စေသည်။

"ဘာနဲ့ ဓာတ်မတည့်တာလဲ.."

သူက စိုးရိမ်တကြီးနဲ့ မေးပြန်သည်။

အဲ့အချိန် လင်းမြတ်ပိုင်က ကိတ်မုန့်ပန်းကန်ကို ကောက်ယူပြီး အနံ့ခံကြည့်လိုက်ကာ...

"ဟာ… သရက်သီး! သူက သရက်သီးစားလို့မရဘူး!"

"စိတ်မပူနဲ့...ဒီနားမှာ ဆရာဝန်တစ်ယောက်ရှိတယ်..မကြာခင် ရောက်လာမှာပါ သွားခေါ်နေပါပြီ.."

လွှမ်းရဲ့ မျက်နှာက တော့ လုံးဝမှောင်ကျ‌ နေကာ...

"သရက်သီးကိတ်ကို ဘယ်သူမှာတာလဲ..."

နေရာတစ်ခုလုံးသူ့အသံကြောင့် တိတ်ဆိတ်သွားသည်။

နန်းသစ္စာကလည်း လည်ချောင်းကို ကိုင်ထားရင်း ချောင်းဆိုးလာကာအောက်စီဂျင်မရသလို ဖြစ်လာတာကြောင့် မျက်နှာကပါ နီရဲလာသည်။

အဲဒီအချိန်မှာပဲ ဆရာဝန်ရောက်လာသည်။

"ဒီက ညီလေး လူနာကို လှဲထား‌လိုက်ပါ ဆေး ထိုးပေးရမှာမို့.."

နန်းသစ္စာကို ခုံတန်းပေါ် လှဲစေပြီး ဆရာဝန်က အရေးပေါ်ဆေးထိုးပေးလိုက်မှမိနစ်အနည်းငယ်ကြာတဲ့အခါ...

သူမရဲအသက်နှုန်းကတဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။

ဒါပေမယ့် မျက်နှာပေါ်က အနီစက်တွေကတော့ အတော်လေး ကြောက်စရာကောင်းနေသေးသည်။

လွှမ်းက သူ့လက်ကိုင်ပဝါနဲ့ နန်းသစ္စာရဲ့ နဖူးပေါ်က ချွေးတွေကို ညင်သာစွာ သုတ်ပေးနေသည်။

လင်းမြတ်ပိုင်ကတော့ လွှမ်းရဲ့ ပခုံးကို ပုတ်လိုက်ပြီး....

"အဆင်ပြေပါတယ်ကွာ.. ဒီလောက်ကြီး မျက်နှာတင်းမထားပါနဲ့...သစ္စာက ဒီပြဿနာကို နှစ်နှစ်ဆယ်လောက် ကြုံလာတာပဲ အကြိမ်တိုင်းလည်း အကြီးအကျယ်မဖြစ်ခဲ့ပါဘူးဟုတ်တယ်မလား"

လရိပ်ကတော့အဖြစ်အပျက်တွေအကုန်လုံးကို အဲဒီနေရာမှာ ပဲ ရပ်ကြည့်‌နေမိသည်။

ဆယ်မိနစ်လောက်ကြာပြီးမှလရိပ် အိမ်အကူကောင်မလေးကိုမေးကာ သန့်စင်ခန်းဘက်ကို ထွက်ခဲ့လိုက်ပြီး ရေအေးနဲ့ မျက်နှာသစ်ချလိုက်ပြီးသူမ မှန်ထဲကို မော့ကြည့်လိုက်တော့

မျက်လုံးတွေ နီရဲနေသည်။

မျက်နှာကလည်း ရေပူစမ်းကြောင့် ပူနေဆဲပင်။

အဲဒီအချိန်မှာ သန့်စင်ခန်းခန်းတံခါး ရုတ်တရက်ပွင့်လာပြီး နန်းသစ္စာ ဝင်လာသည်။သူ့ မျက်နှာက ဖြူဖျော့နေသေးပေမယ့် အမူအရာကတော့ တည်ငြိမ်နေသည်။

အနီစက်တွေကလည်း တော်တော်လေး

လျော့သွားပြီဖြစ်သည်။လည်ပင်းမှာတော့ အနည်းငယ် ကျန်နေသေးသည်။

နန်းသစ္စာက မှန်ရှေ့မှာ ရပ်လိုက်ပြီး နှုတ်ခမ်းနီကို ထုတ်ကာ မိတ်ကပ်ပြန်ပြင်ရင်း မှန်ထဲကနေ ပြုံးပြလာပြီး...

"လွှမ်းက တို့ကို လှဲနေရမယ်လို့ ပြောတယ်

ဒါပေမယ့် တို့က သန့်စင်ခန်းသွားချင်တယ်လို့ ပြောပြီး ထွက်လာခဲ့တာ.."

ပြောပြီး သူမက လရိပ်ဘက်ကို လှည့်ကြည့်ကာ...

"ဒီကိတ်ထဲမှာ သရက်သီးပါနေတာကို ကျွန်မ

တကယ်မသိဘူးလို့ မင်းထင်နေတာလား.."

ပြောရင်း လရိပ်နားကို တိုးလာကာအသံကို တိုးလိုက်ပြီး...

"ကျွန်မက သရက်သီးနဲ့ ဓာတ်မတည့်တာ ငယ်ငယ်ထဲမို့ ..သရက်သီးဆို နည်းနည်းလေးပါ ပါရင်တောင်တန်းသိတယ်.."

လရိပ်‌ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး...

"ဒါဆို… ရှင်အဲဒါကို တမင်လုပ်ခဲ့တာလား.."

"ဟုတ်တာပေါ့.."

နန်းသစ္စာရဲ့ နှုတ်ခမ်းမှာ အနိုင်ရသူတစ်ယောက်ရဲ့ အပြုံး တွေပေါ်လာပြီး...

"မင်းမြင်တယ်မဟုတ်လား..လွှမ်း ကျွန်မအတွက် ဘယ်လောက်တောင် စိုးရိမ်သွားလဲဆိုတာ.."

ပြောရင်းသူမက လည်ပင်းက ကျန်နေတဲ့အနီစက်တွေကို ကော်လာနဲ့ ဖုံးလိုက်ပြီးတော့ လရိပ်ကို တည့်တည့်ကြည့်လာကာ...

"လရိပ်မြူ နင်နဲ့ငါကြားက ကွာဟချက်က ငွေနဲ့ အဆင့်အတန်းတင် မဟုတ်ဘူး.."

"ငယ်ငယ်ကတည်းက အတူကြီးပြင်းလာခဲ့တဲ့ သံယောဇဉ်‌တွေ...နှစ်နှစ်ဆယ်ကြာ ချည်နှောင်မှု‌ တွေ..အဲဒီအရာတွေကို နင်ဘယ်တော့မှ လိုက်မီနိုင်မှာမဟုတ်ဘူး..."

အဲဒီစကားကို ပြောပြီး တာနဲ့ နန်းသစ္စာက သူမကို တစ်ယောက်တည်းထားခဲ့ကာ ရေချိုးခန်းထဲကနေ တန်းထွက်သွားတာမို့လရိပ်ကတော့ အဲဒီနေရာမှာ တစ်ယောက်တည်းရပ်ကျန်နေခဲ့သည်။

« ရှေ့အခန်း - အခန်း ၉ နောက်အခန်း - အခန်း-၁၁ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ