စံအိမ် ရေချိုးပြီးကတည်းက တဲထဲဝင်သွားပြီး သူ့ကိုလည်း ပေးမဝင်ပဲ တံခါးပိတ်ထားကာ အတန်ကြာနေပြီ ဖြစ်တာကြောင့် သခင်
စိတ်တွေပူလာရသည်။
တော်ကြာ သူမကိုယ်သူမ တစ်ခုခု လုပ်လိုက်မှ သူရင်ကျိုးရလိမ့်ဦးမည်။
သူ့မှာ တဲထဲ လှမ်းကြည့်ကာ ရင်တွေပူလာပြီး မနေနိုင်သည့်အဆုံး လှမ်းခေါ်မည်အလုပ် ပါးစပ်ပြင်ကာရှိသေး တဲတံခါးက ပွင့်လာကာ
ထွက်လာတဲ့ သူမကို မြင်လိုက်ရချိန် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ပန်းရောင်ဖျော့ဖျော့ ဂါဝန်လေးနှင့် သူမရဲ့ ဖြူဝင်းသော အသားအရေနှင့် လိုက်ဖက်ညီလွန်းနေ၏။ရေစိုနေသော ဆံနွယ်ရှည်များကို တဘက်ဖြင့် သုတ်ရင်း ထွက်လာသော သူမပုံစံလေးက
သူ့မျက်လုံးထဲတွင် နတ်သမီးလေးတစ်ပါး လမ်းလျှောက်လာသလို ထင်မှတ်ရသည်။
သူ့မိန်းမ လှတာသိပေမယ့် ... အင်း။
သခင်က ကွပ်ပျစ်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေရင်း စံအိမ့်ကို စိုက်ကြည့်နေမိကာ သူ့အကြည့်တွေက မျက်နှာမှသည် လည်တိုင်ကျော့ကျော့၊ ထိုမှတဆင့် ခါးသိမ်သိမ်လေးဆီသို့ ရောက်ရှိသွားပြီး တစ်ထစ်ထပ်လျှောကာ ကြည့်ဖို့လုပ်လျှင် ...
"ကြည့်မနေနဲ့... မျက်လုံးကို ဖောက်ထုတ်ပစ်မယ်"
စံအိမ့်ရဲ့ ရှက်ရမ်းရမ်းပြီး ငေါက်လိုက်သံကြားမှ သခင်က ခပ်ဟဟ ရယ်လိုက်ပြီး ထလိုက်သည်။
"ကိုယ့်မိန်းမ ကိုယ်ကြည့်တာ ဘာဖြစ်လဲ...ဒါနဲ့ ဂါဝန်က နည်းနည်းတော့ ကြပ်နေသလိုပဲ"
သခင်က ပြောပြောဆိုဆိုနှင့် စံအိမ့်အနားသို့ လျှောက်လာပြီး ခါးလေးကို ဆွဲဖက်လိုက်သည်။
"ဟင်... ဘာလုပ်တာလဲ ဖယ်"
"ငြိမ်ငြိမ်နေစမ်းပါ... ဆိုဒ်မှန်မမှန် ကြည့်မလို့"
သခင့်လက်ဖဝါးကြီးများက စံအိမ့် ခါးအထက်နားကို ရစ်ပတ်ကိုင်လိုက်ပြီး လက်ချောင်းများဖြင့် ခါးသားအိအိလေးကို မနာအောင် ဆွဲညှစ်လိုက်၏။
"အွန်း... ယားတယ် ... လွှတ်လို့ ပြောနေတယ်နော်"
စံအိမ် ကိုယ်လေး လိမ်သွားကာ သခင်က မလွှတ်သည့်အပြင် လက်တစ်ဖက်ကို အပေါ်သို့ ပို့လိုက်ပြီး စံအိမ့် ခေါင်းလေးကို ပုတ်လိုက်သည်။
"စွာလိုက်တာ။ "
"ကျွန်မ ခေါင်းကို လာမထိနဲ့ "
"အဟက်... စိတ်ကြီးပဲ"
သခင်က ပခုံးတွန့်ပြပြီး ချောင်းနားသို့ ထွက်သွားလျှင် စံအိမ်ကတော့ ဒေါသတကြီးဖြင့် ဆံပင်များကို ပြန်သပ်တင်ရင်း ကျန်ရစ်ခဲ့သည်။
______________
စံအိမ် ထမင်းစားပြီး ပန်းကန်ဆေးရန် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။
သခင်က တောထဲကနေ ဝါးတွေသွားခုတ်ပြီး သူ့ဟာသူ မီးဖိုချောင် အသေးစားလေးလုပ်ထားကာ တဲကိုလည်း ပြန်ပြင်ထား၏။
ဒီတောထဲမှာ တစ်သက်လုံးနေဖို့များ စိတ်ကူးထားလေသလားမသိ။
စံအိမ် မီးဖိုချောင်ထဲရောက်တော့ သူက ဟင်းအိုးတည်နေကာမီးဖိုချောင်က ကျဉ်းကျဉ်းလေးမို့ နှစ်ယောက်ဝင်လိုက်လျှင် လူချင်းပူးကပ်လုနီးပါး ဖြစ်နေသည်။
"ဖယ်... ကျွန်မ ပန်းကန်ဆေးမလို့"
စံအိမ်က သူ့ကျောဘက်မှ တိုးဝင်ပြီး ပန်းကန်ေဆးစင်ဘက်သို့ သွားရန် ပြင်လိုက်လျှင် လမ်းက ကျဉ်းတာကြောင့် သခင့်ကျောပြင်နှင့် စံအိမ့် ရင်ဘတ်တို့ ပွတ်တိုက်မိသွားသည်။
"ခွတိုးမနေနဲ့လေကွာ... နေဦး"
သခင်က ပြောရင်းဆိုရင်း စံအိမ့်ကို ဘေးသို့ အသာတွန်းလိုက်သည်။ သို့သော် ရိုးရိုးမတွန်းဘဲ စံအိမ့် တင်ပါးအိအိလေးကို "ဖြောင်း" ခနဲနေအောင် ရိုက်ပစ်လိုက်သေး၏။
"အ "
စံအိမ် မျက်လုံးလေးပြူးပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားရကာ အသံထွက်အောင် ရိုက်လိုက်တာကြောင့် နာတာထက် ရှက်စိတ်က ပိုများသွား၏။
"ရှင်... ရှင်..."
"ဘာဖြစ်လဲ... လမ်းဖယ်ခိုင်းတာလေ"
သခင် မသိချင်ယောင်ဆောင်ပြီး ဟင်းအိုးကို မွှေနေလျှင် စံအိမ် မျက်နှာတစ်ခုလုံး နီရဲလာကာ ဒေါသက ငယ်ထိပ်ထိ ဆောင့်တက်လာတော့သည်။
"ရှင်... ရှင် တော်တော်ကို အောက်တန်းကျတဲ့ လူယုတ်မာပဲမိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဒီလိုလုပ်ရလား"
"ဘာလုပ်လို့လဲ... ကိုယ့်မိန်းမ ဖင် ကိုယ်ပုတ်တာ ဘာဖြစ်လဲ။ အသားပဲ့ပါသွားလို့လား"
"ဘာ... ဘယ်သူက ရှင့်မိန်းမလဲ။ ရှင် ကျွန်မကို အနိုင်ကျင့်ပြီး ခေါ်လာတာ...ရှင်က မုဒိမ်းကောင်၊ လူလိမ်၊ လူညစ်ပတ်"
စံအိမ် လက်ထဲရှိရာ ဇွန်းတစ်ချောင်းကို ကောက်ကိုင်ပြီး သခင့်ကျောကို ပစ်ပေါက်လိုက်သည်။
"ဒေါက်"
ထိုအခါ သူ့မျက်နှာထားက တည်တင်းသွားကာ ...
"မင်း ငါ့ကို ဘာနဲ့ ပေါက်လိုက်တာလဲ စံအိမ်..."
"ပေါက်တယ်... ပေါက်တော့ ဘာဖြစ်လဲ ... တစ်ခါတည်းပြောထားမယ် ရှင် ကျွန်မကို ဟိုကိုင် ဒီကိုင်မလုပ်နဲ့ မကြိုက်ဘူး။
ကျွန်မက ရှင် လိုချင်တိုင်း နှိုက်လို့ရတဲ့ ကောင်မ မဟုတ်ဘူး"
စံအိမ် အော်ဟစ်ရင်း လက်ထဲက ပန်းကန်ပြားကို မြှောက်ပြလိုက်ကာ ...
" နောက်တစ်ခါ လာထိရင် ဒီပန်းကန်နဲ့ ရှင့်ခေါင်းကို ရိုက်ခွဲပစ်မယ်"
စံအိမ် တစ်ကိုယ်လုံး တုန်ယင်နေကာ မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာသည်။
သခင်က ခြေလှမ်းကျဲကြီးများဖြင့် စံအိမ့်ရှေ့သို့ ရောက်လာကာ ...
"ရိုက်လေ... ရိုက်စမ်း ... မင်း မရိုက်ရဲရင် ငါလုပ်မှာ"
"ခွမ်း ..."
တဖြည်းဖြည်းရှေ့တိုးလာတဲ့ သခင့်ကြောင့် စံအိမ် ပန်းကန်ပြားဖြင့် ရွယ်လိုက်သော်လည်း သခင်က သူမ လက်ကောက်ဝတ်ကို ဖမ်းချုပ်လိုက်ရာ ပန်းကန်ပြားက ကြမ်းပြင်ပေါ်သို့ "ခွမ်း" ခနဲ ကျကွဲသွား တော့သည်။
"လွှတ်... လွှတ်စမ်း..."
သူမ ဘယ်လိုရုန်းရုန်း သခင် စံအိမ့် လက်နှစ်ဖက်ကို ဖမ်းချုပ်ပြီး ခါးကို သိမ်းဖက်ကာ မီးဖိုချောင် စားပွဲခုံပေါ်သို့ ပွေ့တင်ပစ်လိုက်လေသည်။
"အ... ဖယ်... လူယုတ်မာကြီး ဖယ်"
စံအိမ် ခြေထောက်တွေနှင့် ကန်ကျောက်သော်လည်း သခင်က သူမ ပေါင်နှစ်ချောင်းကြားသို့ ကိုယ်ကို တိုးဝင်လိုက်ပြီး မလှုပ်နိုင်အောင် ပိတ်ဆို့ထားလိုက်၏။ သူ့လက်တစ်ဖက်က စံအိမ့် မေးစေ့ကို အတင်း ညှစ်ကိုင်လိုက်ကာ။ ...
"နားထောင်စမ်း ... မင်းက ငါ့အပိုင်ပဲ။
ငါ ကိုင်ချင်တဲ့နေရာကို ကိုင်မယ် ... နမ်းချင်တဲ့နေရာကို နမ်းမယ်။
လုပ်ချင်ရင်လုပ်မယ် ... မင်းမှာ ငြင်းဆန်ခွင့် မရှိဘူး"
"မပိုင်ဘူး... ရှင် ဘာမှမပိုင်ဘူး ... ရှင့်ရဲ့ ညစ်ပတ်တဲ့ လက်တွေနဲ့ ကျွန်မကို မထိနဲ့... ရွံတယ်... "
စံအိမ် သခင့်မျက်နှာကို တံတွေးနှင့် ထွေးရန် ပြင်လိုက်သော်လည်း သခင်က ပါးစပ်ကို လက်ဝါးဖြင့် အုပ်ပစ်လိုက်သည်။
"မင်း ပါးစပ်က တော်တော် ဆိုးနေပါလား... ငါ့ကို ရွံတယ်ပေါ့လေဟုတ်လား..."
သခင့်မျက်လုံးများ အရောင်ပြောင်းသွားကာ ခနိုးခနဲ့ တစ်ချက်ပြုံးလိုက်ပြီး ပါးစောင်ထဲသို့ လျှာကို ထိုးလိုက်ကာ ...
"ရွံတယ်ဆိုရင်လည်း... အဲ့ဒီ ရွံစရာကောင်းတဲ့ အရာတွေနဲ့ပဲ မင်းကို ပြုစုပေးရတာပေါ့"
သူမ ပါးစပ်ကို အုပ်ထားသော လက်ကို ဖယ်လိုက်ပြီး သူမ လည်တိုင်ကျော့ကျော့ကို နှာခေါင်းဖြင့် အတင်း ထိုးနှစ်ပစ်လိုက်သည်။
"အ... မလုပ်နဲ့... အီး... ဟီး..."
စံအိမ် ရုန်းကန်သော်လည်း သခင့်လက်တစ်ဖက်က သူမ ကျောပြင်ကို ပွတ်သပ်နေပြီး ကျန်လက်တစ်ဖက်က သူမ တင်ပါးအိအိလေးကို ထပ်မံ ဆုပ်နယ်လိုက်ပြန်သည်။
"ဘယ်လိုလဲ... ရွံသေးလား... ဟမ်"
သခင်က မေးရင်း စံအိမ့် နားရွက်ဖျားလေးကို ကိုက်လိုက်ရာ
စံအိမ် ကြက်သီးမွေးညှင်းများ ထလာပြီး အားကုန်သုံးကာ တွန်းထုတ်ပစ်လိုက်သည်။
"သွား... သွားစမ်း... ရှင့်ကို မုန်းတယ်"
စံအိမ် ငိုသံပါကြီးဖြင့် အော်လိုက်မှ သခင် လှုပ်ရှားမှုကို ရပ်လိုက်ကာ သူမ မျက်နှာလေးက နီရဲပြီး မျက်ရည်များဖြင့် ပေပွနေသည်။
ထိုအခါမှ သခင် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူမမျက်ရည်များကို လက်မဖြင့် သုတ်ပေးလိုက်ကာ ...
"မငိုနဲ့... ငါ စတာပါကွာ။ "
" လာမထိနဲ့"
စံအိမ်က သခင့်လက်ကို ပုတ်ထုတ်လိုက်ပြန်သည်။
ထိုအခါသခင်က လက်မြှောက်ပြလိုက်ကာ ...
"အေးပါ... မထိတော့ဘူး။ "
သူမကို စားပွဲပေါ်မှ အသာပြန်ချပေးလိုက်လျှင် စံအိမ်ကတော့ နှာခေါင်းရှုံ့ရင်း သခင့်ကို ရှောင်ကွင်းကာ ထွက်သွား တော့သည်။
သခင်ကတော့ ကျန်ရစ်ခဲ့သော ကွဲသွားသည့် ပန်းကန်ကွဲစများကို ကြည့်ရင်း ခေါင်းခါလိုက်မိ၏။
"အသည်းကိုခွဲရတာ အားမရလို့ ... ပန်းကန်တွေပါ လိုက်ခွဲနေတာပဲ။ "
အပိုင်း (၂၁) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)