Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၆၆)

Night dress အစွမ်းထက်တယ်ပြောရမည်။

သူကတော့ ချက်ချင်း စိတ်ကောက်ပြေသွားပေမယ့် ရှင်ငြိမ်းမှာတော့ မလှုပ်နိုင်အောင် ဖြစ်နေရသည်။

ဒါပေမယ့် သူကတော့ ရှင်ငြိမ်းနှင့်ခြားနားစွာ အားအင်တွေ တအားပြည့်နေသလိုပင်။

"ရှင်ငြိမ်း... မိန်းမ... ပူတူတူးလေး ... အချစ်ကလေး။ "

လူက အတင်းဆွဲဖက်ကာ တရှုံ့ရှုံ့နမ်းနေပြီး နားနားကပ်ကာ အမျိုးစုံအောင်ခေါ်နေလေသည်။

"အင်း... တိတ်တိတ်နေ ... ငါ အိပ်ချင်သေးတယ်။"

ရှင်ငြိမ်း မျက်လုံးမဖွင့်ပဲ ညည်းတွားလိုက်လျှင် သန့်ဇင်လင်း သဘောတကျ ရယ်လိုက်ပြီး သူမ လည်တိုင်လေးကို ပြွတ်ခနဲ အသံမည်အောင် နမ်းပစ်လိုက်သည်။

"ထတော့လေ... ဒီနေ့ ကျွန်တော်တို့ အပြင်သွားမယ်။ ဒိတ်လုပ်ကြမယ်။"

"ဟင်..."

သူ့စကားကြောင့် ရှင်ငြိမ်း မျက်လုံးများ ပွင့်သွားပြီး မော့ကြည့်လိုက်လျှင် သူက ရှင်ငြိမ်းကို ပြုံးပြုံးကြီး ငုံ့ကြည့်နေလေရဲ့။

အရင်နေ့က စိတ်ကောက်နေတဲ့ ကလေးဆိုးကြီးက ဘယ်ရောက်သွားပါလိမ့်။

"ဘာဒိတ်လုပ်မှာလဲ။ လူတောင် ကောင်းကောင်း မလှုပ်နိုင်တာကို..."

ရှင်ငြိမ်း နှုတ်ခမ်းလေး စူကာ ပြောလိုက်တော့ သန့်ဇင်လင်း သူမ နှုတ်ခမ်းဖူးဖူးလေးကို ငုံ့၍ တစ်ချက် စုပ်နမ်းလိုက်ပြီး...

"အဲ့ဒါကြောင့် အပြင်ခေါ်သွားမလို့လေ... သွားမယ် ထ။ ရေချိုးပေးမယ်။"

"အို... တော်ပြီ တော်ပြီ။ ငါ့ဟာငါ ချိုးမယ်။

ဘာမှ ထပ်လုပ်မယ် မကြံနဲ့နော်။ "

ရှင်ငြိမ်း မျက်စောင်းလေးထိုးကာ ခုတင်ပေါ်မှ အမြန် ထပြေးရတော့သည်။

ဒါပေမယ့် ညက အရှိန် ယကြောင့် ခြေထောက်က ခွင်သွားကာ သူက လာပွေ့ချီမယ်လုပ်လျှင် ရှင်ငြိမ်း အမြန်တားလိုက်ရသည်။

ဒါမျိုးတွေ ရှင်ငြိမ်းတို့က ရိုးနေပါပြီ။

ပြီးရင် အသားချင်းထိလိုက်ရလို့ မနေနိုင်တော့ပါလို့ပါဆိုပြီး လူကို အနိုင်ကျင့်ပြန်ဦးမည်။

ရှင်ငြိမ်း အောင့်သက် အောင့်သက်နဲ့ ရေချိုးခန်းထဲ ရောက်မှပဲ သက်ပြင်းချနိုင်တော့၏။

လူယုတ်မာကြီးတော့ သူများကို ကြည့်ပြီး ရယ်နေလေရဲ့။

ဟွန့် ... အမြင်ကတ်ချင်စရာလေး။

_________________

လူကို ဒိတ်လုပ်မယ်ဆိုပြီး ပန်းခြံထဲ အတင်းခေါ်လာကာ ရောက်လာတော့လည်း လူက တော်တော်လေး လန်းသွား၏။

လတ်ဆတ်တဲ့လေနှင့်အတူ ပျံ့လွင့်လာတဲ့ ပန်းပေါင်းစုံတို့ရဲ့ အနံ့သင်းသင်းလေးကို တဝကြီးရှူရှိုက်ရင်း ရှင်ငြိမ်း ပြုံးလိုက်မိ၏။

"ရာသီဥတုလေးက ကောင်းလိုက်တာ။ "

"ရာသီဥတုက ကောင်းတာထက် ကျွန်တော့်မိန်းမ လေးက ပိုလှနေတာ..."

သန့်ဇင်လင်း လမ်းလျှောက်နေရင်းမှ ရပ်လိုက်ပြီး သူမဘက်သို့ လှည့်ကာ ပါးပြင်လေးကို ခပ်ဖွဖွ လာပွတ်သပ်လိုက်၏။

"အပိုတွေ ပြောပြန်ပြီ။ "

ရှင်ငြိမ်း ရှင်မျက်စောင်းလေးခဲရင်း တစ်ဖက်သို့ လှည့်လိုက်လျှင် ...

"ပြွတ်စ်..."

"ဟင်... "

ပါးပြင်ပေါ်သို့ ရုတ်တရက် ကျရောက်လာသော အနမ်းကြောင့် ရှင်ငြိမ်း လန့်သွားပြီး ဘေးဘီဝဲယာသို့ အမြန် ဝေ့ကြည့်လိုက်မိသည်။ ပန်းခြံထဲတွင် လမ်းလျှောက်နေသော လူတချို့က ပြုံးစိစိဖြင့် လှမ်းကြည့်သွားကြတာကြောင့် ရှင်ငြိမ်း မျက်နှာလေး ဖျင်းခနဲဖြစ်သွားရသည်။

"လူတွေနဲ့ကို ... ဘာလို့ အဲ့လို လုပ်ရတာလဲ။"

ရှင်ငြိမ်း သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ခပ်ဖွဖွ ထုကာ အသံတိုးတိုးလေးဖြင့် ဆိုလိုက်လျှင် ...

"အဟက်... ကိုယ့်မိန်းမကိုယ် နမ်းတာ ဘယ်သူ့ဂရုစိုက်ရမှာလဲ။"

သူက မျက်ခုံးတစ်ချက် ပင့်ပြကာ ညစ်ကျယ်ကျယ် ပြုံးရင်း ပြန်ဖြေလေသည်။ ထို့နောက် ရှင်ငြိမ်း ခါးလေးကို ဆွဲဖက်ကာ သူ့ရင်ခွင်ထဲ ထည့်ပစ်လိုက်၏။

"အာ့ ဘာလုပ်တာလဲ...လွှတ် လူတွေ ကြည့်နေတယ်လို့ ဆိုနေ။"

"ကြည့်ပါစေပေါ့။ "

ပြောပြောဆိုဆိုနှင့် သူက ရှင်ငြိမ်း နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်ပြန်၏။

"ပြွတ်စ် ..."

"အွန်း... ဟင့်..."

ရှင်ငြိမ်းက ရုန်းတော့ ရှင်ငြိမ်းကိုယ်လုံးလေးကို ချုပ်ကာ ဆက်နမ်းလေသည်။

လူကြားသူကြားလည်းမရှောင်ပါ။

"အွန့် ... ပြွတ်စ် ပြွတ် "

သန့်ဇင်လင်း သူမ နှုတ်ခမ်းလွှာနုနုလေးတွေအား တရှိုက်မတ်မတ်

နမ်းရှိုက်နေမိကာ ပန်းခြံတစ်ခုလုံးမှာ သူတို့နှစ်ဦးသာ ရှိတော့သည့်အလား ပျော်ဝင်နေမိတော့သည်။

အရှက်သည်းလွန်းတဲ့ သူ့မိန်းမလေးက ရုန်းနေတာသိပေမယ့် ... ဟင့်အင်း သူမလွှတ်ပေးချင်တော့ဘူး။

သူမ နှုတ်ခမ်းလေးအား ကြာရှည်စွာ ယစ်မူးပစ်လိုက်တော့သည်။

စိတ်ဆိုးရင်လည်း နောက်မှ ချော့ပါမယ်။

အတော်ကြာသည်အထိ ယစ်မူးပြီးမှ နှုတ်ခမ်းလွှာလေးကို လွှတ်ပေးလိုက်တော့ သူမက အံလေးကြိတ်ပြကာ ဗိုက်ခေါက်ကို ဆွဲလိမ်လာ၏။

"အာ့ ... "

"တိတ်တိတ်နေ ...အရှက်ကို မရှိဘူး။ "

"ဟား ဟား ... လာ ကော်ဖီဆိုင်ထိုင်ရအောင်။ "

ခဏလောက် လမ်းလျှောက်ပြီး သူမပခုံးလေးအား ဖက်ကာ ကော်ဖီဆိုင် တစ်ဆိုင်သို့ ဝင်ထိုင်လိုက်ကြသည်။ ဆိုင်လေးက အေးချမ်းပြီး သီချင်းသံ ငြိမ့်ငြိမ့်လေး ဖွင့်ထားကာ အတွဲတွေ ဒိတ်လုပ်လို့ ကောင်းမယ့် vibe အပြည့်ပင်။

မှာထားတဲ့ ကိတ်မုန့်နှင့် ကော်ဖီ ရောက်လာလျှင် သန့်ဇင်လင်း ကိတ်မုန့်ကို ခက်ရင်းဖြင့် ဖဲ့ကာ သူမ ပါးစပ်နားသို့ တေ့ပေးလိုက်၏။

"ရော့... စားကြည့်။"

"ငါ့ဟာငါ စားလို့ ရပါတယ်... ပေး။"

"အာ... လုပ်ပါ... မောင် ခွံ့ကျွေးချင်လို့ပါ။ ပါးစပ်ဟ... မြန်မြန် ... အာ "

သူက မရမက အတင်း ခွံ့ကျွေးနေသဖြင့် ရှင်ငြိမ်းလည်း ရှက်ရှက်နှင့်ပင် ပါးစပ်လေးဟကာ စားလိုက်ရတော့သည်။

ထိုအခါ ကိတ်မုန့်က ခရင်မ်တချို့က ရှင်ငြိမ်း နှုတ်ခမ်းထောင့်တွင် ပေသွားကာ သန့်ဇင်လင်း လက်လှမ်းကာ သူမ နှုတ်ခမ်းထောင့်မှ ခရင်မ်များကို လက်မဖြင့် သုတ်ပေးလိုက်ပြီး ထိုလက်မကို သူ့ ပါးစပ်ထဲသို့ ထည့်ကာ နှုတ်ခမ်းဖြင့် ငုံစုပ်လိုက်လေသည်။

"ဟဲ့ ..."

ရှင်ငြိမ်း မျက်လုံးလေး ပြူးသွားရပြန်သည်။ သူကတော့ ဘာမှမဖြစ်သလို ခပ်တည်တည်နှင့်...

"ချိုလိုက်တာ... ကိတ်မုန့်က ချိုတာလား ခင်ဗျား နှုတ်ခမ်းလေးကပဲ ချိုတာလား မသိဘူး။ "

"..."

တအားတွေ ကဲကဲသည်းသည်းဖြစ်နေတဲ့ အရှေ့ကလူကြောင့် ရှင်ငြိမ်း မျက်စောင်းလေးထိုးပစ်လိုက်၏။

သူနဲ့ တော့ ရင်ခုန်ရလွန်းလို့ ရူးတော့မှာပဲ။

သူမ ချစ်ရတဲ့လူသားလေးက သိပ်ကို ...

အရမ်း အရမ်း ချစ်ဖို့ကောင်းလွန်းနေတာလေ။

ရှင်ငြိမ်း စိတ်ထဲမှ တွေးရင်း ပြုံးမိသွားရသည်။

တခြားမိန်းကလေးတွေရဲ့ crush က သူတို့ထက် အသက်ကြီးတဲ့ ကိုကိုတွေ၊ကိုကြီးတွေ ဖြစ်ခဲ့ပေမယ့် သူမကတော့ သူမထက်ငယ်တဲ့ ဒီလူသားလေးကိုမှ မြင်မြင်ချင်း ချစ်ခဲ့မိသတဲ့။

"ဘာတွေ သဘောကျနေတာလဲ။"

"ဟင်... ဘာမှ မဟုတ်ပါဘူး။"

ရှင်ငြိမ်း ခေါင်းလေး ရမ်းပြလိုက်လျှင် သူက ရှင်ငြိမ်း လက်ကလေးကို ဆွဲယူကာ လက်ဖမိုးလေးကို ဖွဖွလေး နမ်းရှိုက်လိုက်ပြန်သည်။

"ညက ကျွန်တော် နည်းနည်း ကြမ်းသွားတယ်။ အရမ်း နာသွားလားဟင်။"

ရုတ်တရက် ရှင်ငြိမ်းအနား တိုးကပ်ကာ ခပ်တိုးတိုးပြောလာတဲ့ သူ့စကားကြောင့် ရှင်ငြိမ်း ရင်တွေ ဆောင့်ခုန်သွားရကာ ဆိုင်ထဲက လူတွေကို ကြည့်လိုက်မိသည်။ တော်သေးသည်က သူမတို့ဝိုင်းနှင့် တခြားဝိုင်းများက နည်းနည်း ကွာနေတာကြောင့်

မကြားလောက်ဘူး‌ေတာ့ ထင်တာပါပဲ။

"ဘာတွေ လာမေးနေတာလဲ။"

ရှင်ငြိမ်း အံကြိတ်ကာ ပြောပြီး စားပွဲအောက်ကနေလည်း သူ့ခြေထောက်ကို လှမ်းကန်ပစ်လိုက်၏။

"အာ့... နာတယ်လေ မိန်းမရဲ့။"

"နာပါစေ... ပြောလေ ကဲလေ လုပ်နေတာကိုး။"

"အေးပါ ... လုပ်ထားပါ။

အိမ်ရောက်မှ တွေ့မယ် ခင်ဗျား။ "

မျက်လုံးတွေကို မှေးကျဉ်းကာ လျှာကို ပါးစောင်းကပ်ရင်းပြောလိုက်တော့ သူမက နှုတ်ခမ်းတောင်

လာမဲ့ပြနေသေးသည်။

မခန့်တာ။

ညက ကြမ်းတာ နည်းနည်းလျှော့လိုက်မိလို့ထင်တယ်။

__________

အပိုင်း (၆၇) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၆၅) နောက်အခန်း - အပိုင်း (၆၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ