ညက သူက အိမ်ပြန်မလာတာေကြာင့် ရှင်ငြိမ်း သူ့ကိုစောင့်ရင်း အိပ်ပျော်သွားကာ မနက်နိုးလာတော့ ဘယ်ကတည်းက ရောက်နေမှန်းမသိတဲ့သူက သူမကို ကျောပေးအိပ်နေလေရဲ့။ ရှင်ငြိမ်း သူ့ကျောပြင်ကျယ်ကြီးကို ငေးကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
မနေ့က စကားတွေ တအားလွန်သွားလား။
သူက ရှင်ငြိမ်းကို ချစ်လို့ သဝန်တိုတယ်ဆိုတာကို သိရဲ့နဲ့ စကားတွေက အထိန်းအကွပ်မရှိ ထွက်သွားမိတာပင်။
ရှင်ငြိမ်း အခုမှ စိတ်ထဲ နောင်တရသလို ခံစားလာရ၏။ ထို့ကြောင့် သူ့ကို ချော့ဖို့ သူကြိုက်တဲ့ ဟင်းလေးတွေ ချက်ကျွေးရန် ဆုံးဖြတ်လိုက်ပြီး ကုတင်ပေါ်မှ အသာ ဆင်းကာ ဈေးခြင်းတောင်းလေးဆွဲ၍ ဈေးဘက် ထွက်ခဲ့လိုက်သည်။
အိမ်နားမှာ super market တွေရှိပေမယ့် ဈေးက တော်တော်ကွာတာကြောင့် ဈေးမှာ အမြဲသွားဝယ်ပါသည်။
ဒါက မေမေကိုယ်တိုင် လုပ်ခဲ့တဲ့ အကျင့်တစ်ခုပင်။
မိန်းမဆိုတာ ဘယ်လောက်ပိုက်ဆံရှိရှိ စစ်စီတတ်ရမယ်တဲ့။
ယောက်ျားက ဘယ်လောက်ငွေရှာကောင်းကောင်း
မိန်းမက စီးတဲ့ရေ ဆည်တဲ့ ကန်တင်းမလုက်ရင် အလကားပဲတဲ့။
နေရာတိုင်း နှမြောခိုင်းတာမဟုတ်ပဲ ခြွေသင့်တဲ့နေရာမှာတော့ ခြွေကာ စိစစ်တတ်ဖို့ ရှင်ငြိမ်းကို အမြဲသင်ပေးတာကြောင့် ရှင်ငြိမ်းကလည်း မေမေ့အတိုင်း တသွေမသိမ်းလိုက်လုပ်ပါသည်။
မိသားစုတစ်စုမှာ မီးဖိုချောင်က အဓိကပဲတဲ့။
_________________
"ရှင်ငြိမ်း..."
သန့်ဇင်လင်း နိုးနိုးချင်း ဘေးကို လက်ဖြင့် စမ်းလိုက်ရယ ဟာလာဟင်းလင်း ဖြစ်နေတာကြောင့် မျက်လုံးများ ဆတ်ခနဲ ပွင့်သွားရသည်။
"ရှင်ငြိမ်း... ရှင်ငြိမ်း..."
သူ အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သော်လည်း တစ်အိမ်လုံးက တိတ်ဆိတ်နေတာကြောင့် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး ကုတင်ပေါ်မှ အမြန်ဆင်းကာ ရေချိုးခန်းထဲသို့ ဝင်ကြည့်လိုက်သည်။ မရှိတော့ တစ်အိမ်လုံး လိုက်ရှာ၏။
"ကျစ် ရှင်ငြိမ်း "
တစ်နေရာမှ ရှာလို့မတွေ့တော့ ကားသော့ကို ကပျာကယာ ကောက်ဆွဲလိုက်ပြီး အိမ်အပြင်သို့ အရူးတစ်ပိုင်း ပြေးထွက်လာမိတော့သည်။
အိမ်တံခါးကို အတင်း ဆွဲဖွင့်လိုက်ချိန်မှာတော့ ...
"အို... အမေ့ "
ဈေးခြင်းတောင်းလေးဆွဲကာ ဝင်လာသော ရှင်ငြိမ်းနှင့် ပက်ပင်းတိုးသွားတော့သည်။ ရှင်ငြိမ်းမှာ အလန့်တကြားဖြစ်သွားရပြီး...
"ဘယ်သွားမလို့လဲ ... ဘာဖြစ် ..."
ရှင်ငြိမ်း စကားပင် မဆုံးလိုက်။ သန့်ဇင်လင်း သူမ ကိုယ်လုံးလေးကို ဆွဲဖက်လိုက်ေတာ့သည်။ ရုတ်တရတ် ဆွဲဖက်လိုတဲ့ အရှိန်ကြောင့် ရှင်ငြိမ်း လက်ထဲမှ ဈေးခြင်းတောင်းလေးပင် ပြုတ်ကျသွားရ၏။
ရှင်ငြိမ်း ကိုယ်လုံးလေးကို အရိုးတွေ ကျိုးကြေသွားမတတ် တင်းကျပ်စွာ ဖက်ထားကာ သူ့တစ်ကိုယ်လုံးက သိသိသာသာ တုန်ယင်နေသည်ကို ရှင်ငြိမ်း အထင်းသား ခံစားလိုက်ရသည်။ ထို့ထက် ပိုဆိုးသည်က... ရှင်ငြိမ်း ပခုံးစွန်းလေးပေါ်သို့ ကျဆင်းလာသော ပူနွေးစိုစွတ်သည့် မျက်ရည်စက်များပင် ဖြစ်သည်။
"သန့်ဇင်လင်း... နင်... နင် ငိုနေတာလား။"
"ခင်ဗျား... ခင်ဗျား ကျုပ်ကို ထပ်ပြီး ထားခဲ့ပြီ ထင်နေတာ... ဟင့်...။"
"ကျုပ် တောင်းပန်ပါတယ်။ မနေ့က ကျုပ် လွန်သွားတယ်။ ကျုပ် ဒေါသကို မထိန်းနိုင်ဖြစ်သွားတယ်။ ခင်ဗျား ကြိုက်တဲ့သူနဲ့ စကားပြောပါ... ခင်ဗျား လွတ်လပ်ခွင့်ကို ကျုပ် ဘာမှ ဝင်မစွက်ဖက်တော့ပါဘူး။ အဲ့ဒီအစား ကျုပ်ကိုတော့ ထပ်ပြီး ထားမသွားပါနဲ့တော့ ရှင်ငြိမ်းရယ်... နော်။ ခင်ဗျား မရှိရင် ကျုပ် တကယ် ရူးသွားလိမ့်မယ်။"
သူ့ရဲ့ ရှိုက်သံပါပါ တောင်းပန်စကားများကြောင့် ရှင်ငြိမ်း ဆို့နင့်ကာ မျက်ရည်များ ကျဆင်းလာရတော့သည်။
သူ့ ကျောပြင်ကြီးကို လက်နှစ်ဖက်ဖြင့် ပြန်လည် ဆွဲဖက်လိုက်ပြီး ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်ကာ ...
"ဘယ်သူက ထားသွားမယ် ပြောလို့လဲ။ ငါက နင့်အတွက် မနက်စာ ဟင်းချက်ကျွေးမလို့ ဈေးခဏ သွားတာပါ။ ဘယ်တော့မှ ထားမသွားဘူးနော်။
ရှင်ငြိမ်းက ချော့သလိုလေး ဆိုလိုက်တော့မှ သူ့ဆီက ရှိုက်သံလေးတွေ တဖြည်းဖြည်းစဲသွားတော့သည်။
__________________
"ရှင်ငြိမ်း..."
သန့်ဇင်လင်း ဆိုဖာပေါ်မှာ ထိုင်ကာ လက်တော့ပ်တစ်လုံးနှင့် အလုပ်လုပ်နေရင်းမှ ကုတင်ပေါ်တွင် အဝတ်တွေခေါက်နေသော ရှင်ငြိမ်းအား လှမ်းခေါ်လိုက်လျှင် ချက်ချင်းလှည့်ကြည့်လာ၏။
"အင်း... ဘာလိုချင်လို့လဲ... ကော်ဖီ ဖျော်ပေးရမလား။"
"ခဏ "
လူကိုလက်ယပ်ခေါ်နေတာကြောင့် ရှင်ငြိမ်း အဝတ်ခေါက်တာ ခဏရပ်ကာ သူ့အနားထသွားလိုက်၏။
"ပြော ... ဘာလဲ ။ "
ရှင်ငြိမ်း သူ့အနားရောက်သွားကာ မေးသံအဆုံး သူက ဘာမှမပြောသလို မော့လည်းကြည့်မလာပဲ ရှင်ငြိမ်း ခါးကို ဆွဲဖက်ခြင်းခံလိုက်ရလေသည်။
"အို... အမေ့..."
ရှင်ငြိမ်း ကိုယ်လုံးလေးမှာ သူ့ပေါင်ပေါ်သို့ ဘေးတစောင်း အနေအထားဖြင့် ထိုင်လျက်သားလေး ကျသွားလေတော့၏။
"ဘာလုပ်တာလဲ လန့်သွားတာပဲ... ဖယ် ငါ အဝတ်တွေ ခေါက်ရဦးမယ်။"
"မဖယ်ဘူး... ဒီတိုင်းလေး နေပေး။ ခင်ဗျား အနားမှာရှိရင် ကျွန်တော် အလုပ်ပိုတွင်လို့။"
"အို... အလုပ်တွင်ချင်ရင် အလုပ်ကို သေချာလုပ်လေ။ အခုက လူကို လာဖက်ထားပြီးတော့..."
ရှင်ငြိမ်း စကားပင် ဆုံးအောင် မပြောလိုက်ရ။ သူမ ခါးကို ဖက်ထားသော သူ့လက်က အပေါ်သို့ တဖြည်းဖြည်း ရွေ့လျားလာပြီး အင်္ကျီပါးပါးလေးအောက်မှ ရင်သားအိအိလေးများကို အုပ်ကိုင်ကာ ခပ်ဖွဖွ ဆုပ်နယ် ညှစ်ယူလိုက်လေသည်။
"အာ့... အို..."
ရုတ်တရက် ဝင်ရောက်လာသော အထိအတွေ့ကြောင့် ရှင်ငြိမ်း ခေါင်းလေး မော့တက်သွားကာ နှုတ်ခမ်းဖျားမှ ညည်းသံလေး ထွက်သွားရသည်။ ထိုလက်က အင်္ကျီပေါ်ကနေတင်မကပဲ အင်္ကျီအောက်ထဲအထိ တဖြည်းဖြည်း တိုးဝင်လာပြီး ရင်အုံလေးများကို စိတ်ကြိုက် ခြယ်လှယ်နေတော့သည်။
"အာ့ အင့် ... အာ့ဟာ့ လက်က ဘာလို့ ငြိမ်ငြိမ်မနေတာလဲ။ ဖယ် ... လွှတ်ပေး။ "
လပ်ဆော့ကနေ အကြည့်တစ်စက်မှ မခွာတဲ့ ရုပ်တည်ကြီးနဲ့ လူကို လုပ်ချင်တိုင်းလာလုပ်နေတဲ့
နှာဘူးကြီး။ အလုပ်လုပ်နေတုန်းကို လူကို အနားမပေးချင်ဘူး။
မျက်နှာကတော့ သူဘာမှမလုပ်ထားသလို ခပ်တည်တည်ပင်။
"အာ့ ဟာ့ ... ဖယ်ဆိုနေ..."
"ရှူး... ငြိမ်ငြိမ်နေလေ ... ကျုပ် အလုပ်ကို အာရုံစိုက်နေတာ... ခင်ဗျား အဲ့လိုလေး လူးလွန့်နေရင် ကျုပ် စိတ်တွေ ပိုထလာလိမ့်မယ်နော်။"
ရှင်ငြိမ်းကို တစ်ချင်စိုက်ကြည့်ကာ ပြောလာပြီး လပ်တော့ပ်ဆီသို့ သူ့အကြည့်တွေက ပြန်ရောက်သွား၏။ ထို့နောက် ရင်သားများကို ညှစ်နယ်နေသော လက်က အောက်သို့ ပြန်ဆင်းသွားပြီး ရှင်ငြိမ်း ဝတ်ထားသော ဘောင်းဘီတိုလေးအောက်မှ ပေါင်တံ ဖြူဖြူလေးများကို ပွတ်သပ်လာပြန်သည်။
"အင်း..."
သူ့ လက်ချောင်းများက ပေါင်တွင်းသား နုနုလေးများကို ပွတ်ဆွဲသွားတိုင်း ရှင်ငြိမ်း တစ်ကိုယ်လုံး လျှပ်စစ်စီးသွားသလို ကြက်သီးမွေးညင်းများ ထသွားရသည်။
" နင် အလုပ်လုပ်ရင်လည်း သေချာလုပ်လေ... ဘာလို့ လူကို လာကလိနေတာလဲ။ "
ရှင်ငြိမ်း မျက်နှာလေး ရှုံ့မဲ့ကာ သူ့ပေါ်မှ အတင်ဆင်းရန် ပြင်လိုက်လျှင် သူ့မျက်နှာက ရှင်ငြိမ်း မျက်နှာလေးဆီသို့ ငုံ့ချလာကာ ...
"ဘယ်သူက ကလိလို့လဲ။ ကိုယ့်မယားကိုယ် ပွတ်တာပဲ... ခင်ဗျားက ကျုပ်အတွက် စွမ်းအင်တွေလေ။ အလုပ်လုပ်ရင်း ပင်ပန်းလာရင် ဒီလိုလေး အားဖြည့်ရတာပေါ့။"
သန့်ဇင်လင်း ညစ်ကျယ်ကျယ် ပြုံးကာ ပြောလိုက်ပြီး သူမ လည်တိုင်လေးကို နှာခေါင်းဖြင့် ပွတ်သပ်ကာ ခပ်ဖွဖွ နမ်းရှိုက်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် ကီးဘုတ်ကို ဆက်ခေါက်နေပြီး ကျန်လက်တစ်ဖက်ကတော့ သူမ ပေါင်တံလေးများကို ဆုပ်နယ်လိုက် ရင်သားများကို ပြန်လည် အုပ်ကိုင်လိုက်ဖြင့် စိတ်ကြိုက် ကစားနေတော့သည်။
"အာ့... အင်း... ဟင်း..."
အပေါ်ယံ အထိအတွေ့လေးများ ဖြစ်သော်လည်း
သူ့ရဲ့ကျွမ်းကျင်လှသော နှိုးဆွမှုများအောက်တွင် ရှင်ငြိမ်း အသိစိတ်များ တဖြည်းဖြည်း လွင့်စင်လာရကာ သူ့ကို မှီချလိုက်ရင်း မျက်လွှာလေးများ မှေးကျင်းလာကာ နှုတ်ခမ်းဖျားမှ ညည်းသံသဲ့သဲ့လေးများသာ အခန်းထဲတွင် ထွက်ပေါ်လာတော့သည်။
အပိုင်း (၆၃) ဆက်ရန် ...(ဖတ်ရတာ အီနေပြီမလား။
သိပ်မလိုတော့ဘူးနော်။
အီကုန်မှာစိုးလို့ ရေးဖို့ ကျန်တဲ့ romance ခန်း တစ်ဝက်လောက်ကိုတော့ ဖြုတ်လိုက်ပါပြီ။
အဲ့တာကြောင့် ဇာတ်သိမ်းဖို့က သိပ်မလိုတော့ပါဘူးနော်။ )
Author -Anna Lynn
အခန်းမှတ်ချက်များ (0)